အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း ၄၉ နင်နဲ့ငါ့ကိစ္စကို ဘယ်သူ့မှ မပြောရဘူး
"ကျွိ.."
ရုတ်တရက် ဘရိတ်အုပ်သံနှင့်အတူ မုရှောင်ဝမ်တစ် ယောက် ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။
ထို့နောက် သူမသည် ယန်ကွမ်းဘက်သို့ ခေါင်းလှည့် ကြည့်ကာ သွားများကို တင်းတင်းကြိတ်ထားပြီး ရင် ဘတ်တစ်ခုလုံး ဒေါသတကြီး နိမ့်ချည်မြင့်ချည် ဖြစ် နေပေသည်။
"နင် လိမ်နေမှန်း သိသားပဲ..အခုကျမှ လာပြီး မသိ ချင်ယောင်ဆောင်မနေနဲ့.."
"..."
ယန်ကွမ်းလည်း စကားပြောပြီးခါမှ နောင်တရ သွား သော်လည်း ပြောပြီးသားစကားကို ပြန်ရုပ်သိမ်း၍ မရတော့သဖြင့် လည်ပင်းကို ဆန့်ကာ ဇွတ်မှိတ်၍ သာ ပြောလိုက်ရသည်။
"ဒါတော့ ဒါပေါ့..ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မြင်လိုက်ရပြီလေ..ခဗျားက ကျွန်တော့်ရဲ့မျက်လုံး တွေကို ကလော်ထုတ်ပစ်မလို့လား..”
"အေး နင် မပြောရင် ငါ မေ့နေတော့မလို့ ဒါဆိုလည်း န့င့်မျက်လုံးတွေကို ကလော်ထုတ်ပစ်မယ် ကဲဟာ"
မုရှောင်ဝမ်တစ်ယောက် ဒေါသကြောင့် တစ်ကိုယ်လုံ း တုန်ရင်နေပြီး လက်နှစ်ဖက်ဖြင့် ရှေ့သို့ အတင်း လှမ်းဆွဲလိုက်၏။ယန်ကွမ်းမှာ အခြေအနေကို ကြို တင် ရိပ်မိသဖြင့် ရှောင်ရန် ကြိုးစားသော်လည်း ရှေ ာင်စရာ နေရာမရှိသောကြောင့် မုရှောင်ဝမ်ကို တွန်း ထုတ် ရန် လက်လှမ်းလိုက်ရာ သူမ၏ ရင်ဘတ်ကို တည့်တည့်ကြီး သွားဖိမိပေသည်။
တစ်ချိန်တည်းမှာပင် မုရှောင်ဝမ်၏ လက်မနှစ်ဖက် ကလည်း သူ၏ မျက်လုံးများကို လာရောက် ဖိထား မိပြီးသား ဖြစ်နေ၏။
မုရှောင်ဝမ်တစ်ယောက် မျက်နှာတစ်ခုလုံး နီမြန်းက ာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လွှတ်စမ်း မလွှတ်ရင် နင့် မျက်လုံးတွေကို ငါ တ ကယ် ကလော်ထုတ်ပစ်မှာနော်.."
ယန်ကွမ်းကလည်း အလျှော့မပေးဘဲ အသံကျယ် ကျယ်ဖြင့် ပြန်ပြောလိုက်သည်။
"ခဗျား အရင်လွှတ်.. မလွှတ်ရင် ကျုပ်ကလည်း ည စ်ပစ်မှာ.."
သူ၏ မျက်လုံးအိမ်များ ဖိညှစ်ခံထားရသည်ကိုမူ ယ န်ကွမ်း ခံစားနေရသည်။ဤမိန်းကလေးသည် တက ယ်ကြီး လုပ်မည့်ပုံပေါ်နေပြီး အကယ်၍ သူမသာ အ ားနည်းနည်း ထပ်စိုက်လိုက်ပါက သူ့ မျက်လုံးနှစ် လုံးစလုံး ကန်းသွားပေလိမ့်မည်။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မလျှော့ဘဲ တင်းခံနေကြပြီး မုရှောင်ဝမ်သည် သူမ၏ ရင်ဘတ် ကို ဖမ်းကိုင်ထားသော လက်ဖဝါးကြီးများကို ခံစား မိကာ ယန်ကွမ်း၏ မျက်လုံးများကို တကယ်ကြီး က လော်ထုတ်ပစ်ချင်စိတ် ပေါက်သွားသည်။
သို့သော်လည်း သူမ အားစိုက်လိုက်သည်နှင့် တစ်ပြို င်နက် ယန်ကွမ်းကလည်း အလျှော့မပေးဘဲ လက်နှ စ်ဖက်စလုံးဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိလို က်၏။
ထိုအထိအတွေ့ကြောင့် မုရှောင်ဝမ်တစ်ယောက် တ စ်ကိုယ်လုံး ထုံကျင်အေးစက်သွားပြီး ချက်ချင်းပင် ခွန်အားများ ဆုတ်ယုတ်သွားရပေသည်။
ပြာပြာသလဲနှင့် သူမသည် လက်ကို အမြန်လွှတ်လို က်ပြီး အမြန်ပြောလိုက်၏။
"ကောင်းပြီ ကောင်းပြီ... ငါလွှတ်လိုက်ပြီ နင်လည်း လွှတ်တော့.."
ယန်ကွမ်းမှာမူ စိတ်ထဲတွင် ခိုးပြီး သဘောကျနေမိ သည်။ ဤအထိအတွေ့က တကယ်ကို ခံစားလို့ ကေ ာင်းလှသည်မဟုတ်ပေလော။
ထို့ကြောင့် မုရှောင်ဝမ်က လက်ကို ရုတ်သိမ်းလိုက် ပြီ ဖြစ်သော်လည်း သူကမူ အားရပါးရ တစ်ချက်ထ ပ်ညှစ်ပြီးမှသာ ကျေနပ်အားရစွာဖြင့် လွှတ်ပေးလို က်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြန် ကြည့်မိကြစဉ် မုရှောင်ဝမ်၏ မျက်နှာတစ်ပြင်လုံး နီမြန်းနေသည်ကို မြင်ရသဖြင့် သူမ ဒေါသထွက်နေ သည်လား သို့မဟုတ် ရှက်နေသည်လားဆိုသည်ကို ယန်ကွမ်း မခွဲခြားနိုင်တော့ဘဲ အပြစ်ကင်းစင်သည့် ပုံစံဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
"ခဗျားကပဲ ကျွန်တော့် မျက်လုံးကို အရင် ကန်း အောင်လုပ်တာလေ.."
"နင်လဲ မနေ့ညက ငါ့ကို ခိုးကြည့်တာပဲလေ.."
မုရှောင်ဝမ်က သွားခဲကြိတ်ကာ ပြန်ပြောသည်။ယန် ကွမ်းမှာ ဘာတတ်နိုင်တော့မည်နည်း။
"အပြင်မှာ ငါရှိနေတာကို မင်းဘာသာမေ့ပြီး သတိမ ထားပဲ ထွက်လာတာလေ.. အဲဒါ ငါ့အပြစ်လား.."
မခါးကို လက်နှစ်ဖက်ဖြင့် ထောက်ပြီး မုရှောင်ဝမ်က ပြန်ပြောလိုက်သည်။
"ဒါဆို... ဒါဆိုလည်း နင်ဘာလို့ ငါ့ကို မူးအောင်တို က်ရတာလဲ..”
ယန်ကွမ်းက မျက်ခုံး ပင့်ကာ ပြန်ပြောလိုက်၏။
"အမ် ခဗျားပဲ ပြိုင်သောက်မယ် ဆိုလိုလေ..”
"နင်... နင်.."
မတတ်နိုင်တော့သည့်အဆုံး မုရှောင်ဝမ်၏ နှုတ်ခမ် းလေးများမှာ ဒေါသကြောင့် တုန်ရီလာပြီး နောက် ဆုံးတွင်မူ နှုတ်ခမ်းလေးစူကာငိုချပစ်လိုက်သည်။
"နင်က ငါ့ကို အလျှော့ပေးရမယ်ဆိုတာ မသိဘူးလာ း .အဟင့်အဟင့်...."
ယန်ကွမ်းတစ်ယောက် ဆွံ့အသွားရသည်။
"အမ်..."
ဤမိန်းကလေး ငိုချလိုက်သည်ကို မြင်မှ သူ ခုနက ဇွတ်ပြိုင်ငြင်းမိတာ နည်းနည်းလွန်သွားမှန်း ယန်ကွ မ်း သတိပြုမိလိုက်၏။သူ့ဘက်က စနောက်လိုက်သ ည် ဆိုသော်ငြားလည်း တစ်ဖက်လူမှာ တကယ်ကြီး နစ်နာသွားရသည်ဖြစ်ရာ ဤမျှအထိ အတင်း မငြင်း ခဲ့သင့်ပေ။
ထို့အပြင် သူက မိန်းကလေးတစ်ယောက်ကို ငိုအော င်လုပ်မိလိုက်သဖြင့် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိသလို ခံစားလိုက်ရကာ ယန်ကွမ်းတစ် ယောက် ချက်ချင်းပင် ပြာပြာသလဲ တောင်းပန်လို က်၏။
"ဟုတ်ပါတယ်..ကျွန်တော်တောင်းပန်ပါတယ်ဗျာ..အားလုံးက ကျွန်တော့် အပြစ်တွေပါဗျာ.. မငိုပါနဲ့ တော့လား.. နော်.."
ယန်ကွမ်းက ဘာမှမပြောလျှင် တော်သေးသည် အခု လို ပြောလိုက်တော့မှ မုရှောင်ဝမ်က ပို၍ပင် ဝမ်းန ည်းလာပုံရပြီး ကားစတီယာရင်ပေါ် မှောက်ချကာ ပု ခုံးလေးများ တုန်ရင်သည်အထိ ရှိုက်ကြီးတငင် ငိုနေ ပေသည်။
"အာ..ဒါ... ဒါကို ငါ ဘယ်လိုလုပ်ရပါ့မလဲ.."
ယန်ကွမ်းတစ်ယောက် လုံးဝကို ဗျာများသွားပြီး သူ မကို ကြည့်ကာ ဘာပြောရမှန်းမသိသလို ဘယ်လို ချော့ရမှန်းလည်း သူ မသိတော့ပေ။
နောက်ဆုံးတွင်မူ အခြားရွေးချယ်စရာ မရှိတော့ သ ဖြင့် ယန်ကွမ်းက တံတွေးမျိုချကာ ပြောလိုက်၏။
"ဟူး.. အားလုံးက ငါ့အပြစ်တွေမို့လို့ နောက်ဆို..ခဗျ ားကို ကျုပ်ပဲ တာဝန်ယူပေးပါ့မယ်ဗျာ.."
"..."
မုရှောင်ဝမ်က ငိုနေရာမှ ရပ်သွားပြီး မျက်ရည်ပြည့် နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြန်မေး လိုက်သည်။
"နင်က ဘာတာဝန်ယူမှာလဲ..”
"ဒါကတော့... တကယ်လို့ ခဗျားသာ နောက်ဆိုရင် ယောက်ျား မရတော့ဘူးလို့ တွေးနေရင် ကျွန်တော်ပဲ ခဗျားကို လက်ထပ်ပါ့မယ်ဗျာ...."
မုရှောင်ဝမ်တစ်ယောက် ခဏမျှ ကြောင်အသွားပြီး နောက် မျက်ရည်များကို သုတ်ရင်း ခနဲ့လိုက်၏။
"အဟက်... နင့်စိတ်ကူးက သိပ်လှနေတာပဲ..”
မျက်ရည်တွေကို သုတ်ပြီးနောက် မုရှောင်ဝမ်က ဒေါ သတကြီးဖြင့် အမိန့်ပေးလိုက်သည်။
"နင် အခု ကားပေါ်က ဆင်း..ဆင်းစမ်း.."
"ဘာ..."
ယန်ကွမ်း ဆွံ့အသွားပြီး သူမကို ကြည့်ကာ ပြန်မေး လိုက်၏။
“ဘာလို့လဲဗျ..”
မုရှောင်ဝမ်က ဒေါသတကြီး ထပ်ပြောသည်။
"ငါက နင့်ကို လိုက်မပို့ချင်တော့လို့ပဲ.. နင် ကိုယ့်ဘာ သာကိုယ် ပြန်တော့..ခု ကားပေါ်က ဆင်းဟာ.."
"ကောင်းပြီလေ.ယဒါဆိုလည်း ငါဆင်းပါ့မယ်.."
ယန်ကွမ်းလည်း အခြားရွေးချယ်စရာမရှိသဖြင့် တံ ခါးဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်ရသည်။ မျက်နှာ ပြောင်တိုက်ရာတွင်လည်း အတိုင်းအတာရှိသည်မို့ ကားပေါ်တွင်လည်း သူ ဇွတ်မှိတ်ပြီး ဆက်မနေချင် တော့ပေ။
“ဝူး.ဝူး..”
ထို့နောက် မုရှောင်ဝမ်က ကားခေါင်းကို အမြန်လှည့် ကာ လီဗာကို စောင့်နင်းကာ မြိုဘက်သို့ မောင်းထွ က်သွားသည်ကိုသာ ယန်ကွမ်း ငေးကြည့်နေမိသည်။
ကားလေးကို မမြင်ရတော့သည့်တိုင်အောင် ယန်ကွ မ်းတစ်ယောက် ခေါင်းကုတ်ရင်း စိတ်ထဲမှ ရေရွတ် လိုက်သည်။
"ဒုက္ခပဲ.. သူသာ အစ်မချင်းရွှေကို တိုင်ပြောလိုက်ရ င် ငါတော့ သွားပြီ မဟုတ်လား."
ထိုနောက် ရွာအပြန် လမ်းခရီးက ကီလိုမီတာ ၃၀ ကျော် (မိုင် ၂၀ ခန့်) လောက် ကျန်သေးသည်ကို ယ န်ကွမ်းတစ်ယောက် သတိရကာ သက်ပြင်းတစ်ချက် ချလိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကျိန်ဆဲနေမိသ ည် ။
"တောက်စ် ဒီ ပါးစပ်ကွာ မင်းကို စကားတွေ အများ ကြီး ပြောခိုင်းလို့လား..မနေ့ညကကိစ္စကို ထုတ်မ ပြောရင် အားလုံးအဆင်ပြေနေတာကိုကွာ.."
သူ့ လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း ရန်ကွမ်းက ဆက် ပြီး ကျိန်ဆဲနေမိသည်။
"ပြီးတော့ မင်းတို့ကကော ဘာဖြစ်နေကြတာလဲ ကိုင် လို့ကောင်းတာနဲ့ ကိုင်လိုက်ပြီး အခုတော့ အားနေပြီ မို့လား..ဟမ့်..”
အကူအညီမဲ့နေသည့်အဆုံး ယန်ကွမ်းက စိတ်ပျက် လက်ပျက်ဖြင့် လမ်းမကြီးအတိုင်း ခြေကျင် လျှော က်လာခဲ့ရသည်။
သို့သော်လည်း သိပ်မကြာလိုက်ပေ။နောက်ကနေ ကားအင်ဂျင်သံ ကြားလိုက်ရပြီး မုရှောင်ဝမ်၏ ကား လေးမှာ နောက်ပြန်လှည့်လာခဲ့၏။
ကားရပ်သွားသည်ကို မြင်လျှင် မြင်ချင်း ယန်ကွမ်း တစ်ယောက် ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။
"ထင်သားပဲ....ခဗျားက ကျွန်တော့်ကို ဒီအတိုင်း ပစ် မထားပါဘူးလို့..ဟဲဟဲ.."
မုရှောင်ဝမ်က မည်သည့်ခံစားချက်မျှမရှိသည့် မျက် နှာပေးဖြင့် ပြောလိုက်သည်။
"နင့် ပါးစပ်ပိတ်ထားစမ်း..နင့်ရဲ့ စုတ်ပြတ်သတ်နေ တဲ့ မှိုတွေ ကားပေါ်မှာ ကျန်ခဲ့လို့ အမြန်လာယူ.."
"အာ.."
ယန်ကွမ်းတစ်ယောက် ခုနက ပြုံးရွှင်နေသမျှ ယခုမူ အကြီးအကျယ် မျက်နှာပူသွားရ၏။
မုရှောင်ဝမ်က သူ့ကို ဂရုမစိုက်ချင်မှန်း မြင်သဖြင့် ယန်ကွမ်းလည်း သက်ပြင်းချကာ ကားနောက်ဖုံးသို့ လျှောက်လာရင်း ညည်းတွားလိုက်သည်။
"ဟူး..ဒီသေတ္တာက ကီလိုဂရမ် တော်တော်များများ လေးတာ..ဒါကို ပခုံးပေါ်ထမ်းပြီး ရွာအထိ လမ်း လျှောက်ပြန်ရမယ်ဆိုရင် ငါ ညအထိ အိမ်ရောက်ပါ့ မလား မသိဘူးကွာ.."
မုရှောင်ဝမ်ကမူ ဘာမှမကြားလိုက်သည့်အတိုင်း တိ တ်ဆိတ်နေဆဲပင်။
ယန်ကွမ်းက ဆက်ပြီး တိုးတိုးလေး ရေရွတ်လိုက်ပြ န်သည်။
"မိုးချုပ်ရင်တော့ တောင်ပေါ်က ဝံပုလွေတွေသာ ဆ င်းလာရင်တော့ ငါသွားပြီပဲ.. ဒီနေ့ သူတို့စားတာ ခံ လိုက်ရရင် မနက်ဖြန်ကျရင် ငါတော့ ဝံပုလွေချေးတုံ း ဖြစ်နေတော့မှာပဲကွာ.."
မုရှောင်ဝမ်တစ်ယောက် အောင့်ထားရာမှ မထိန်းနိုင် တော့ဘဲ ဘုန်းခနဲ အော်ရယ်မိသွားသည်။
"ခွီး..ခစ်ခစ်ခစ်.."
သူမ ရယ်သွားသည်ကို မြင်လျှင်မြင်ချင်း ယန်ကွမ်း တစ်ယောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွား ကာ မေးလိုက်သည်။
"ခဗျား ရယ်နေ ပြီဆိုတော့ ဒေါသ မရှိတော့ဘူးပေါ့ ဟုတ်တယ်မို့လား.."
"တော်စမ်းပါ နင့်လို လူမျိုးတစ်ခါမှ ငါ မမြင်ဖူးဘူး"
မုရှောင်ဝမ်က ယန်ကွမ်းကို စောင်းမြောင်းကြည့်ကာ မျက်နှာကို ဇွတ်ပြန်တည်လိုက်ရင်း ပြောလိုက်၏။
"နင်က သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ ဒါပေမဲ့ နင့်ကို ဒီအတိုင်း ပစ်ထားခဲ့ဖို့ကျတော့လည်း ငါ မရက်စက် နိုင်ဘူး လာလာ ကားပေါ်တက်..”
"အာ.. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.."
ထိုစကားကို ကြားကြားချင်း ယန်ကွမ်းလည်း ကား ပေါ်သို့ ပြေးတက်လိုက်ပေသည်။
သို့သော်လည်း မုရှောင်ဝမ်က ကားကို ချက်ချင်း မေ ာင်းမထွက်သေးဘဲ ယန်ကွမ်း၏ မျက်လုံးများကို စိုက်ကြည့်ကာ တည်တည်တံ့တံ့ ပြောလိုက်သည်။
"ကြိုတော့ ပြောထားရမယ်.. ငါ ဒေါသမရှိတော့တာ မဟုတ်ဘူးနော်၊ အမှန်အတိုင်းပြောရရင် အခုထိ စိ တ်တိုနေတုန်းပဲနော်.."
ယန်ကွမ်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။
"အာ..ကျွန်တော်.သိပါပြီဗျာ.. “
"ပြီးတော့ ငါနဲ့နင်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်သူ့ကို မှ နင် သွားမပြောရဘူး..နင် အားနေတဲ့အချိန်ကျရင် လည်း ဒါကို စိတ်ထဲကနေ ခိုးပြီး မတွေးရဘူး ကြား လား"
န်ကွမ်းကလည်း ခေါင်းညိတ်ကာ အမြန်သဘောတူ လိုက်သည်။
"အင်းပါ..ပြဿနာမရှိပါဘူး.."
"တတိယအချက်လည်း ရှိသေးတယ်.."
.
မုရှောင်ဝမ်က အံကြိတ်ရင်း ဆက်ပြောလိုက်သည်။
"နင် ငါ့ကို အသားယူခဲ့တာ အကြိမ်ကြိမ်ပဲ..အဲဒါ နင် ငါ့ကို အကြွေးတင်သွားတာမို့လို့ နောက်ကျရင် နင် ပြန်ပေးဆပ်ရမယ်…"
"အိုခေပါ..ကတိပေးပါတယ်..”
ယန်ကွမ်းမှာမူ အခုအချိန်တွင် ငြင်းပယ်ပိုင်ခွင့် ဘ ယ်မှာ ရှိတော့မည်နည်း။သူမ ဘာပြောပြော မျက်လုံ း ဇွတ်မှိတ်ပြီး သဘောတူလိုက်ရုံသာရှိတော့သည်။
ယန်ကွမ်းက သဘောတူနေသည်ကို မြင်တော့ မုရှော င်ဝမ်က မကျေနပ်သလို စောင်းငဲ့ကြည့်ပြီးနောက် ကားစက်နှိုးကာ ချုံရှန်းရွာသို့ ဆက်လက် မောင်းနှင် လာခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင်မူ ယန်ကွမ်းတစ်ယောက် စကားစမြည်ပြောဖို့ အကြောင်းအရာ ရှာဖွေခဲ့သော် လည်း ခုနက ဖြစ်ပျက်ခဲ့သည့် အရှက်ရစရာ ကိစ္စအ ား တွေးမိတိုင်း ဘာစကားမှ သူ ဆက်မပြောရဲတေ ာ့ပေ။
ဤသို့ဖြင့် ကားလေးသည် ချုံရှန်းရွာ၏ အဝင်ဝသို့ ရောက်လာခဲ့ပေသည်။
ရွာအဝင်တွင် ဆေးခန်းဆိုင်းဘုတ်ကို မြင်လိုက်ရသ ဖြင့် မုရှောင်ဝမ်က မေးလိုက်၏။
"ဒါ ရှင် အလုပ်လုပ်တဲ့နေရာလား…”
"ဟုတ်တယ်..ဝင်ကြည့်ဦးမလား.."
မုရှောင်ဝမ်၏ ခေါင်းခါကာ ခတ်ပြတ်ပြတ်ပင် ပြန် ပြောလိုက်သည်။
"မကြည့်တော့ဘူး..နင့်မှာ အကြံဆိုးတွေ ရှိနေမှာ ငါ ကြောက်တယ်.."
အခန်း ၅၀ အူအတက်ရောင်ရောဂါ ဖြစ်နေတာပဲ
ယန်ကွမ်းတစ်ယောက် ဘာပြန်ပြောရမှန်းမသိတော့ ဘဲ သက်ပြင်းချကာ ပြန်ပြောလိုက်ရသည်။
"ဟူး အစ်မကြီးရယ်..ကျွန်တော်က လူကောင်းပါဗျ ာ”
"ဟွန့်... လူဆိုးတွေအားလုံးလည်း ဒီလိုပဲ ပြောကြတ ာပဲ.."
မုရှောင်ဝမ်က မျက်စိစောင်းပြလိုက်ပြီး ရွာထဲသို့ ကားမောင်းဝင်ရန် ပြင်လိုက်၏။
ထိုအချိန်တွင်မူ ရွာထဲမှ လူတစ်ယောက်သည် အပြေ းအလွှား ရောက်လာကာ ဆေးခန်းတံခါး ပိတ်ထား သည်ကို မြင်သောအခါ ခြေဆောင့်ရင်း စိတ်ပျက်သွ ားပေသည်။
ထိုသူမှာ ရွာထဲမှ ဒေါ်လေးလီဖြစ်မှန်း ယန်ကွမ်း မှတ် မိသွားသဖြင့် ကားပြတင်းပေါက်မှ ခေါင်းပြူးကာ အမြန်လှမ်းခေါ်လိုက်၏။
"ဗျို့ ဒေါ်လေးလီ... ကျွန်တော့်ကို ရှာနေတာလား.."
"ဟယ်..ယန်ကွမ်း...နင် ရှိနေတာ တော်သေးတာ ပေါ့ ဟာ.."
ဒေါ်လေးလီက ယန်ကွမ်း အနားသို့ ခပ်သွက်သွက် လျှောက်လာပြီးနောက် အလောတကြီး ပြောလိုက် သည်။
"နင် မရှိဘူးထင်လို့.. မြန်မြန် ငါ့အိမ်ကို လိုက်ခဲ့ပါဦး ဟူဇီ ဗိုက်တွေ အရမ်းအောင့်နေလို့ပါဟာ..”
"ဟုတ်..အခုချက်ချင်း သွားကြမယ်..”
ယန်ကွမ်းလည်း ကြားကြားချင်း တံခါးဖွင့်ကာ ကား ပေါ်မှ အမြန် ခုန်ဆင်းလိုက်၏။
ထိုအခြင်းအရာကို မြင်သဖြင့် မုရှောင်ဝမ်က အလေ ာတကြီး လှမ်းမေးလိုက်သည်။
"ဟေး... နင် ထွက်သွားတော့ ငါက ဘယ်လို လုပ်ရ မှာလဲ.."
"အာ ကျွန်တော်နဲ့အတူ လိုက်ခဲ့လေ ဒေါ်လေးလီတို့ အိမ်က ရှေ့နားတင်ပဲ.."
ထိုသို့လှမ်းပြောပြီးနောက် ယန်ကွမ်းက ရွာထဲသို့ အ ပြေးအလွှား ဝင်သွားပေသည်။မုရှောင်ဝမ်က သူ့ ကျောပြင်ကို ကြည့်ကာ ပြောစရာ စကားမရှိတော့ သည့် အလား ခေါင်းခါရင်း ရေရွတ်မိလိုက်၏။
"ဒီအကောင်ကတော့... ကားမောင်းသွားတာက လမ် းလျှောက်တာထက် ပိုမြန်တယ်ဆိုတာ မသိဘူးလာ း.."
သို့သော်လည်း မီတာအနည်းငယ်သာ ဝေးတော့သဖြ င့် သူမလည်း စကားအရှည်ကြီး မပြောတော့ဘဲ ကာ းကိုသာ ဖြည်းဖြည်းချင်း မောင်းပြီး နောက်ကနေ လိုက်လာခဲ့သည်။
မကြာမီ ဒေါ်လေးလီ၏ အိမ်ရှေ့သို့ ရောက်လာကာ ယန်ကွမ်းနှင့် ဒေါ်လေးလီတို့သည် ခြံထဲသို့ အမြန် ဝင်လာခဲ့ကြသည်။
နောက်မှ ကောင်းမောင်းရင်း လိုက်ပါလာသည့် မုရှေ ာင်ဝမ်က ခဏမျှ စဉ်းစားလိုက်ပြီး စိတ်ထဲမှ ရေရွ တ်လိုက်၏။
"မနေ့က မမချင်းရွှေ ပြောတာတော့..ဒီကောင်လေး ရဲ့ ဆေးပညာက သိပ်တော်တယ်ဆိုပဲ.. တကယ် ဟု တ်မဟုတ် ငါလိုက်ကြည့်ကြည့်မယ်..”
ထို့ကြောင့် သူမသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ က ားပေါ်မှဆင်းကာ ခြံထဲသို့ လိုက်ဝင်လာခဲ့သည်။
အိမ်ထဲသို့ ရောက်သွားသောအခါ အသက် ၁၄၊ ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် အိပ်ရာ ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေသည်ကိုမူ ယန်ကွ မ်း မြင်လိုက်ရ၏။
“အား…အမေ့ရေ..ဗိုက်ထဲက နာလှပြီဗျ..အားယိုး.. ကယ်ကြပါ အုံးဗျာ..”
၎င်းကို မြင်သည်နှင့် ယန်ကွမ်းလည်း အရှေ့သို့ လှ မ်းတက်လိုက်ပြီး ဟူဇီ၏ လက်ကောက်ဝတ်ကို ကိုင် ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ဒေါ်လေးလီမှာမူ စိုးရိမ်လွန်းသဖြင့် ချွေးစေးများပြန် ကာ စကားပင် မပြောရဲရှာဘဲ ခြေထောက်များပင် တုန်ယင်နေသည်။
မုရှောင်ဝမ်သည်လည်း စူးစမ်းလိုစိတ်များ ပြည့်နှက် နေပြီး ယန်ကွမ်း၏ တည်ကြည်လေးနက်နေသော မျ က်နှာပေးကို ကြည့်ကာ ဘာမှဝင်မပြောဘဲ ညိမ်ညိမ် လေးနေမိသည်။
ခဏအကြာတွင် ယန်ကွမ်းက လက်လွှတ်ကာ မေး လိုက်သည်။
"ဒေါ်လေး... ဟူဇီ မနေ့ညက ထမင်းအေးတွေ စားမိ သေးလား.."
ဒေါ်လေးလီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"အင်း... ဟုတ်တယ်..သူ မွန်းလွဲပိုင်းတစ်ပိုင်းလုံး အ ပြင်မှာ ဆော့လာပြီး အိမ်ပြန်ရောက်တော့ ငါထမင်း မချက်ရသေးခင် ဗိုက်ဆာတယ်ဆိုတာနဲ့ မွန်းတည့် က ကျန်တဲ့ ထမင်းဟင်းအကျန်တွေကို စားလိုက်မိ တာ"
ယန်ကွမ်းက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
"ဒါဆို ဟုတ်ပြီ..ဟူဇီက အူအတက်ရောင်ရောဂါ ဖြစ် နေတာပဲ..”
"ဘာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဒေါ်လေးလီက ဆွံ့အသွားရသည်။ဤကဲ့သို့သော ရောဂါမျိုးသည် ခွဲစိတ်ကုသမှု ခံယူရမည်ဟူ၍ သူမက ကြားဖူးထား သောကြောင့် ဖြစ်၏။
ထို့ကြောင့် သူမမှာ ချက်ချင်းပင် မျက်စိပျက်မျက်နှ ာပျက်လာကာ နှုတ်ခမ်းများ တုန်ရီလျက် မေးလို က်သည်။
"ဒါ... ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ ရှောင်ကွမ်းရယ်”
သားဖြစ်သူ၏ ရောဂါက ပြင်းထန်နေသလို တစ်ဖ က်တွင်လည်း ခွဲစိတ်ဖို့အတွက် ငွေကြေး လုံးဝမရှိသ ဖြင့် သူမမှာ အကျပ်ရိုက်ကာ အလွန် စိုးရိမ်နေမိသ ည်။
ဒေါ်လေးလီ၏ မျက်နှာ ဖြူလျော်သွားသည်ကို မြင် သောအခါ ယန်ကွမ်းက အမြန် နှစ်သိမ့်စကား ပြော လိုက်၏။
"ဒေါ်လေး မစိုးရိမ်ပါနဲ့..စိတ်မပူနဲ့နော်..ဆေးရုံ သွား စရာမလိုဘဲ ဟူဇီ့ကို ကျွန်တော် ကုပေးနိုင်ပါတယ် ပို က်ဆံလည်း အများကြီးမကုန်ပါဘူးဗျာ..”
စကားပြောပြီးသည်နှင့် ယန်ကွမ်းသည် ဟူဇီ၏ ဆီး စပ်အောက်ပိုင်းကို လက်ဖြင့် အသာအယာ ပုတ်လို က်ပြီး နာကျင်မှုဝေဒနာကို တားဆီးရန်နှင့် ဝေဒနာသ က်သာစေရန်အတွက် သူ့ ခန္ဓာကိုယ်ထဲ ချီစွမ်းအင် ကို အသုံးပြုလိုက်သည်။
အူအတက်ရောင် ရောဂါဖြစ်သော်လည်း ချက်ချင်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုး မ ဟုတ်သဖြင့် အချိန်လုံလောက်စွာ ရသေး၏။နာကျ င်မှုဝေဒနာ ရပ်တန့်သွားပြီးနောက် ယန်ကွမ်းက ဆ က်ပြောလိုက်သည်။
"ကျွန်တော် အခု ဆေးသွားယူလိုက်ဦးမယ်..ပြီးရင် ချက်ချင်းပြန်လာခဲ့ပါ့မယ် ဒေါ်လေးလီ.."
ပြောပြောဆိုဆိုဖြင့် ယန်ကွမ်းက လှည့်ထွက်လာကာ မုရှောင်ဝမ်အား လုံးဝပင် ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း မုရှောင်ဝမ်မှာ ပါးနပ်သူဖြစ်သဖြင့် တုံ့ဆိုင်းမနေဘဲ ယန်ကွမ်း နောက်ကနေ လိုက်လာခဲ့ သည်။
ယန်ကွမ်းက အိမ်ထဲမှ ထွက်လာပြီး ဆေးခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာစဉ် မုရှောင်ဝမ်က အမှီလိုက်ကာ ယန်ကွမ်း၏ မျက်မှောင်ကုတ်ပြီး အ လောတကြီး လျှောက်နေသော မျက်နှာကို ကြည့်လျ က် မေးလိုက်၏။
"နင်..နင်က တကယ်ပဲ အူအတက်ရောင်တာကို ခွဲ စိတ်စရာမလိုဘဲ ကုနိုင်လို့လား.."
လမ်းလျှောက်နေရင်း ယန်ကွမ်းက ပြန်ပြောလိုက် သည်။
"၁၀၀ ရာခိုင်နှုန်းတော့ မသေချာဘူး.. ဒါပေမဲ့ ခွဲစိတ် စရာမလိုဘဲ ကုလို့ရရင် မခွဲတာက အကောင်းဆုံးပဲ လေ..ဒေါ်လေးလီတို့ မိသားစုမှာ ပိုက်ဆံအများကြီး မရှိရှာဘူး.. အဲဒီလောက်များတဲ့ ခွဲစိတ်စရိတ်ကို သူ တို့ ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူးဗျ.."
မုရှောင်ဝမ်က “အင်း…” ဟုသာ ရေရွတ်လိုက်ပြီး ဘာမှထပ်မမေးတော့ပေ။
သူ့နောက်ကနေ ဆေးခန်းထဲ လိုက်ဝင်လာပြီးနောက် ယန်ကွမ်းတစ်ယောက် ဆေးဗီရိုထဲတွင် ဆေးမြစ်မျ ားနှင့် ဆေးဥများကို ဟိုမွှေသည်မွှေ ရှာဖွေနေသည် ကို ကြည့်ရင်း မုရှောင်ဝမ်က ပတ်ဝန်းကျင်ကို စူးစမ် းလိုစိတ်ဖြင့် ဝေ့ဝဲကြည့်နေမိသည်။
“ဒီဆေးခန်းလေးက တကယ်ကို ရိုးရှင်းလွန်းတာပဲ..”
၎င်းမှာ ဤနေရာအပေါ် ထားရှိမိသည့် သူမ၏ ပထ မဆုံး အထင်အမြင်ပဲ ဖြစ်၏။တိုင်းရင်းဆေးဖက်ဝင် အပင် ခုနစ်မျိုး ရှစ်မျိုးခန့်ကို စုဆောင်းပြီးနောက် ယန်ကွမ်းသည် အနောက်ဘက်ခန်းထဲသို့ အပြေးအ လွှား ဝင်သွားရင်း မုရှောင်ဝမ်အား လှမ်း၍ သတိပေ း လိုက်သည်။
“ကျွန်တော် ဆေးဖော်စပ်ရဦးမှာမို့လို့ ခဗျား အထဲကို လုံးဝ လိုက်မလာနဲ့ဦးနော်.."
ပြောပြီးသည်နှင့် ဒုန်းခနဲ အသံနှင့်အတူ တံခါး ပိတ် သွားပေသည်။မုရှောင်ဝမ်တစ်ယောက် လန့်သွားပြီး နှုတ်ခမ်းလေး လှုပ်သွားသော်လည်း ဘာမှထုတ် မ ပြောဖြစ်ခဲ့ပေ။
ခုနက ဖြစ်ပျက်သွားခဲ့သည့် အခြေအနေများကြော င့် သူမသည် ယန်ကွမ်းအား ပိုမိုနက်နက်ရှိုင်းရှိုင်း နား လည်သွားခဲ့ရသည်။
ဒေါ်လေးလီ၏ ပူပန်နေသော မျက်လုံးများကို ကြည့် ပြီး ဒေါ်လေးလီ၏ သောကများကို မျှဝေခံစားပေး ချင်နေသည့် ယန်ကွမ်း၏ စိတ်ရင်းကို မြင်ကာ မုရှေ ာင်ဝမ်တစ်ယောက် စိတ်လှုပ်ရှားမိ၏။
ထို့ကြောင့် သူမ စိတ်ထဲကနေ ထိုသို့ တွေးမိလိုက်သ ည်။
“အင်း..ဒီကောင်ရဲ့ စိတ်ရင်းဗီဇက သိပ်ကို ကြင်နာ တတ်တာပဲ“
မိနစ်အနည်းငယ် ခန့် စောင့်ဆိုင်းပြီးနောက် ယန်ကွ မ်းသည် ဖန်ပုလင်းတစ်လုံးကို ကိုင်ကာ အပြင်သို့ ထွက်လာကာ ပြောလိုက်၏။
"သွားရအောင်.. မြန်မြန်..”
ပြောပြီးသည်နှင့် ယန်ကွမ်းက အပြင်သို့ အမြန်လျှေ ာက်သွားရာ မုရှောင်ဝမ်ကလည်း အမှီလိုက်ရင်း မေးလိုက်မိသည်။
"ဆေးခန်းတံခါးကို သော့မခတ်တော့ဘူးလား..”
ယန်ကွမ်းက လှည့်မကြည့်ဘဲ လှမ်းပြောလိုက်၏။
"ခတ်စရာမလိုပါဘူး.. ရွာသားတွေကို ကျွန်တော် ယုံ တယ်.."
နှစ်ဦးစလုံး တစ်ယောက်နောက်တစ်ယောက် ဒေါ် လေးလီ၏ အိမ်သို့ ပြန်ရောက်လာသောအခါ ဟူဇီ တစ်ယောက် အိပ်ပျော်နေသည်ကို မြင်ရသဖြင့် မု ရှောင်ဝမ်ခဗျာ အံ့အားသင့်သွားရသည်။
“အမ်..ခုနကတင် တောက်လျှောက် အသည်းအသန် အောင့်နေတာကို ယန်ကွမ်းက တစ်ချက်လောက် ပု တ်လိုက်ရုံနဲ့ တကယ်ကြီး မနာတော့တာလားဟ..”
ထို့နောက် ယန်ကွမ်းက ဆေးနှစ်လုံးကို ဟူဇီ၏ ပါးစ ပ်ထဲသို့ တိုက်လိုက်ပြီးနောက် ဒေါ်လေးလီကို ရေနွေး နွေးလေး ယူခိုင်းကာ ဆေးမျိုချနိုင်အောင် တိုက်လို က်သည်အား သူမ မြင်လိုက်ရ၏။
ပြီးနောက် ယန်ကွမ်းသည် ဟူဇီ၏ စွပ်ကျယ်အင်္ကျီ ကို ပင့်တင်လိုက်ပြီး သူ၏ ဆီးစပ်အောက်ပိုင်းကို စ တင်ကာ နှိပ်နယ်ပေးနေသည်။
မုရှောင်ဝမ်နှင့် ဒေါ်လေးလီတို့နှစ်ဦးစလုံးသည် စက ားတစ်ခွန်းမှ မပြော ရဲကြဘဲ မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိကြသည်။၁၀ မိနစ်ခန့် ကြာပြီးနောက် ယန်ကွမ်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ နဖူးမှ ချွေးများကို သုတ်ရင်း ဒေါ်လေးလီအား လှမ်း ပြောလိုက်၏။
"ကဲ... ရပြီ..ရော့. ဒေါ်လေးလီ ဒီမှာ ဆေးလုံး နည်းန ည်း ကျန် သေးတယ်.. ဒီနေ့ညကျရင် တစ်လုံးတိုက် မနက်ဖြန်ကျရင်တော့ မနက်၊နေ့လယ်၊ ညတစ်လုံးစီ တိုက်လိုက်ပါ.. ဒါဆို ဟူဇီ့အတွက် ဘာမှပူစရာမလို တော့ဘူးဗျာ.."
ဒေါ်လေးလီသည် ထိုစကားကို ကြားမှ လုံးဝ စိတ် အေးသွားရပြီး ကျေးဇူးတင်လှသော မျက်နှာပေးဖြ င့် မေးရှာသည်။
"အာ.. ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ကွမ်း ရယ် ဒါနဲ့ ဆေးဖိုးက ဘယ်လောက်ကျလဲကွယ်.."
ယန်ကွမ်းက ရယ်မောကာ ပြောလိုက်၏။
"ထားလိုက်ပါတော့ ဒေါ်လေးရာ.. တိုင်းရင်းဆေးပင် နည်းနည်းပါးပါးပဲဥစ္စာ..ဘာမှတန်ဖိုးမရှိပါဘူးဗျာ..ဟီး ဟီး..”
ဒေါ်လေးလီက အလောတကြီး ပြန်ပြောလိုက်သည်။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ.. မင်းလည်း ဒီ ဆေးတွေကို အပြင်ကနေ ဝယ်ထားရတာပဲလေ.. ငါ့ ကို အများကြီး ကူညီပေးပြီးပြီကို ပိုက်ဆံမယူဘူးဆို ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲဟာ.."
သူမက ဇွတ်ပေးချင်နေသည်ကို မြင်သဖြင့် ယန်ကွ မ်းက ခဏမျှ စဉ်းစားကာ ပြောလိုက်၏။
"ကဲ... ဒါဆိုလည်း နှစ်ယွမ်ပဲ ပေးပါဗျာ.."
မုရှောင်ဝမ် : "..."
ဒေါ်လေးလီသည် သူမ၏ အိတ်ကပ်ထဲသို့ အမြန်နှို က်ကာ တွန့်ကြေနေသည့် တစ်ယွမ်တန် ငွေစက္ကူ နှစ် ရွက်ကို ထုတ်ပြီး ယန်ကွမ်းထံသို့ ကမ်းပေးလိုက်သ ည်။
ငွေကို လက်ခံရရှိပြီးနောက် ယန်ကွမ်းက မှာခဲ့လိုက် ၏။
"ဒေါ်လေး... ကျွန်တော့်အိမ်မှာ ဧည့်သည်တွေ ရော က်နေလို့ ဒီမှာ ကြာကြာမနေတော့ဘူးနော်.. ဟူဇီက တော့ ဘာမှ စိုးရိမ်စရာမရှိတော့ပါဘူး..သူ နိုးလာရင် အစားအသောက် ပုံမှန်ကျွေးလို့ရပြီ အပြင်ကို လျှေ ာက်မပြေးခိုင်းရင် ရပါပြီဗျာ.."
"အေးပါကွယ်..သူသာ ဒီတစ်ခါ အပြင်ထွက်ရဲရင် ဒေါ်လေး သူ့ ခြေထောက်တွေကို ရိုက်ကျိုးပစ်မယ်."
မုရှောင်ဝမ်မှာမူ ယန်ကွမ်း၏နောက်မှနေ၍ အိမ်ပြင် သို့ လိုက်ထွက်လာခဲ့သည်။နှစ်ဦးသား ကားပေါ်သို့ ရောက်သွားပြီးနောက် သူမသည် ကားကို ချက်ချင်း မောင်းမထွက်သေးဘဲ ယန်ကွမ်းကို စိုက်ကြည့်ကာ ပြောလိုက်၏။
"နင်က ဆေးကုတာ တကယ်တော်တာပဲ.. “
ယန်ကွမ်းတစ်ယောက် ကြောင်အကာ ပြန်မေးလိုက် သည်။
"ဘာဖြစ်လို့လဲ..”
မုရှောင်ဝမ် ရယ်ရင်း ပြန်ပြောလိုက်၏။
"ဆေးရုံသွားရင် အနည်းဆုံး ယွမ် တစ်ထောင်ကျော် လောက်ကုန်မယ့်ရောဂါကို နင်က နှစ်ယွမ်တည်းနဲ့ ကုပေးလိုက်တာလေ..ဒါက တခြားလူတွေရဲ့ အလုပ် အကိုင်ကို လုသလို ဖြစ်မနေဘူးလား.ခစ်ခစ်."
သူမ ပေါ့ပေါ့ပါးပါး ပြုံးရယ်နေသည်ကို မြင်တော့ ယန်ကွမ်းလည်း လိုက်ပြုံးရင်း ပြောလိုက်သည်။
"ကျွန်တော်က အများကြီးမတွေးပါဘူး ..ဒေါ်လေး လီကို ပိုက်ဆံ သက်သာစေချင်လို့ပါဗျာ.."
"အဓိကကတော့ နင့်မှာ အဲဒီလို ကုနိုင်တဲ့ အရည်အ ချင်းရှိလို့ပဲလေ..”.
မုရှောင်ဝမ်က မှတ်ချက်ပေးရင်း ကားကို စက်နှိုးလို က်ကာ လှမ်းမေးလိုက်သည်။
"ဒါနဲ့..အဲဒါ ဘာဆေးမို့လို့ အဲဒီလောက်တောင် စွမ်း ရတာလဲဟ.."
ယန်ကွမ်းက ရယ်ကာ ပြန်ပြောလိုက်သည်။
"ဟီး... ဒါကတော့ လျှို့ဝှက်ချက်ပဲဗျ.."
"ဟွန့်... မပြောရင်လည်း နေပါ..ဆက်လည်း မမေး တော့ဘူး.."
မုရှောင်ဝမ်က မျက်စိစောင်းပြလိုက်ရင်း လီဗာကို နင်းလိုက်၏။ရွာထဲသို့ ကားလေး မောင်းဝင်လာပြီး ခဏအကြာတွင်မူ ယန်ကွမ်း၏ အိမ်ရှေ့သို့ ဆိုက်ဆို က်မြိုက်မြိုက် ရောက်လာခဲ့သည်။
အိမ်ထဲသို့ ဝင်လာသောအခါ ဝူရှောက်လျန်းက ယန် ကွမ်း ခေါ်လာသည့် နောက်ထပ် ချောမောလှပသော မိန်းကလေးတစ်ဦးကို မြင်သဖြင့် အပြေးအလွှား ဆီးကြိုနှုတ်ဆက်ပြီး မေးလိုက်၏။
"အဲ့..ရှောင်ကွမ်း... ဒါက ဘယ်သူလဲ"
ယန်ကွမ်းလည်း မိတ်ဆက်ပေးလိုက်၏။
"မရီး... သူက မုရှောင်ဝမ် တဲ့..ကျွန်တော့်ကို သူ့ကား နဲ့ လိုက်ပို့ပေးတာလေ"
"မရီး... မင်္ဂလာပါရှင်.."
ဝူရှောက်လျန်း၏ ရှေ့တွင်မူ မုရှောင်ဝမ်သည် ရှက် ပြုံးလေးနှင့်အတူ အလွန်ပင် လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးအဖြစ် ချက်ချင်းဆိုသလိုပင် ပြေ ာင်းလဲသွားပေသည်။
၎င်းအား ရန်ကွမ်း မြင်လိုက်ရသောအခါ ခဏမျှ ဆွံ့ အသွားပြီး စိတ်ထဲကနေ ရေရွတ်မိလိုက်၏။
“အမ် ဒီမိန်းကလေးက ငါ့တစ်ယောက်တည်းကိုပဲ အဆိုးမြင်နေတာလား မသိဘူး..”