← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၉၅

ထျဲလန်ယန်သည် စုန့်ပိုင်ယွမ်နှင့်အတူ စုန့်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် လိုက်ပါလာခဲ့သည်။

စုန့်အိမ်ဝင်းထဲသို့ ရောက်သည်နှင့် စုန့်ရွှယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာတော့သည်။

"မမယန် ပြန်လာပြီပဲ၊ မမလက်ထဲမှာ ဘာလဲဟင်၊ ယုန်ဖြူကး သကြားလုံးလား။"

မိန်းကလေး၏ မျက်လုံးများမှာ တောက်ပနေပြီး မုန့်အလွန်စားချင်နေသည့် ပုံစံလေး ဖြစ်နေသည်။

ထျဲလန်ယန်က ပြုံးလျက် သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ဟုတ်တယ်၊ မမက ညီမလေးအတွက် သီးသန့်ဝယ်လာတာ။"

"ဝါး... မမယန်က ညီမလေးအပေါ် အကောင်းဆုံးပဲ၊ အရမ်းပျော်တာပဲ။"

စုန့်ရွှယ်သည် သကြားလုံးထုပ်ကို ပွေ့ဖက်ကာ ပျော်ရွှင်စွာဖြင့် ပတ်ချာလည်ခုန်နေတော့သည်။

စုန့်ပိုင်ယွမ်မှာတော့ လုံးဝ အဖက်လုပ်ခြင်း မခံရပေ။

စုန့်ပိုင်ယွမ် - .....

ဒီညီမလေးကတော့ သကြားလုံးရသွားတာနဲ့ အစ်ကိုဖြစ်သူကို မျက်စိထဲတောင် မထည့်တော့ဘူး၊ တကယ်ပဲ တော်ပါပေ့။

စုန့်ပိုင်ယွမ်က သူ့အိတ်ထဲမှ ကလစ်ပန်းပွင့်လေးကို ထုတ်ပေးလိုက်သောအခါမှ စုန့်ရွှယ်က ချက်ချင်းဆိုသလို ချိုသာစွာ အော်ပြောတော့သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီးက ကမ္ဘာပေါ်မှာ အချောဆုံး အစ်ကိုပဲ။"

စုန့်ပိုင်ယွမ်သည် ကျေနပ် အားရစွာဖြင့် ပြုံးလိုက်မိသည်။

"သားကြီး... ရှောင်ယန်ကို ဧည့်ခန်းထဲ အမြန်ခေါ်သွားလေ၊ အပြင်မှာ အေးတယ်၊ အအေးမမိစေနဲ့။"

"အမေ သားတို့အတွက် သကြားညိုရည် နှစ်ခွက် ဖျော်ထားတယ်၊ နွေးသွားအောင် ပူတုန်းလေး သောက်လိုက်ကြ။"

"ကျေးဇူးတင်ပါတယ် အဒေါ်" ထျဲလန်ယန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဟဲချွန်းဟွာ - "ကိစ္စမရှိပါဘူးအေ၊ အဒေါ် ဟင်းတွေ သွားချက်လိုက်ဦးမယ်၊ ခဏနေရင် ထမင်းစားလို့ ရပြီ။"

ပြောပြောဆိုဆိုဖြင့် သူမသည် မီးဖိုချောင်ထဲသို့ ကပျာကယာ ဝင်သွားခဲ့သည်။

စုန့်ရွှယ်သည် သကြားလုံးထုပ်ကို ဖောက်ပြီး ၄ လုံး ထုတ်လိုက်ပြီ ဖြစ်သည်။

သူမသည် မီးဖိုချောင်ထဲသို့ အပြေးဝင်ကာ ဟဲချွန်းဟွာကို တစ်လုံး အရင်ခွံ့လိုက်သည်။ "မေမေ... ပင်ပန်းနေပြီ၊ ပါးစပ်ထဲ ချိုသွားအောင် သကြားလုံးလေး စားလိုက်ဦး။"

ဟဲချွန်းဟွာသည် သကြားလုံးကို စားရင်း ရင်ထဲတွင်လည်း ချိုမြိန်သွားရသည်။ "ငါ့သမီးလေးက တကယ့်ကို သိတတ်တာပဲ။"

ထို့နောက် စုန့်ရွှယ်သည် ဧည့်ခန်းသို့ ပြေးလာပြီး ထျဲလန်ယန်၏ လက်ထဲသို့ သကြားလုံးတစ်လုံး ထည့်ပေးသည်။

"မမယန်... သကြားလုံး စားပါဦး။"

ပြီးနောက် သူမသည် စုန့်ပိုင်ယွမ်၏ ပါးစပ်ထဲသို့ သကြားလုံးတစ်လုံးကို အတင်း ထိုးထည့်ပေးလိုက်ပြန်သည်။

"အစ်ကိုကြီးလည်း စား၊ အားလုံးတူတူ စားကြမယ်။"

စုန့်ပိုင်ယွမ် နွေးထွေးစွာ ပြုံးလိုက်သည်။ "ကောင်းပါပြီ။"

သကြားလုံးစားရင်းဖြင့် အတင်းအဖျင်းစပ်စုတတ်သော စုန့်ရွှယ်လေးက ယနေ့အကြောင်းများကို စတင်မေးမြန်းတော့သည်။

"မမယန်... ဒီနေ့ မမနဲ့ အစ်ကိုကြီး ခရိုင်ထဲမှာ ဘာသွားလုပ်ကြတာလဲဟင်၊ ပျော်စရာကောင်းတာတွေ ရှိလား။"

ထျဲလန်ယန် - "ပျော်စရာကြီးတော့ မဟုတ်ပါဘူး၊ ထမင်းစားပြီး ရုပ်ရှင်သွားကြည့်ကြတာ။"

"ရုပ်ရှင်ကြည့်တယ်ဟုတ်လား။"

စုန့်ရွှယ်၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားခဲ့သည်။ "ညီမလေးတစ်ခါမှ ရုပ်ရှင်မကြည့်ဖူးဘူး၊ မမယန်... ရုပ်ရှင်က ကြည့်လို့ကောင်းလားဟင်။ နောက်တစ်ခါကြရင် ညီမလေးကိုပါ အတူခေါ်သွားပေးမလား။"

ထျဲလန်ယန် စကားပြန်ပြောရန် ပြင်လိုက်စဉ် ဟဲချွန်းဟွာက ဟင်းပွဲများကို သယ်လျက် ထွက်လာခဲ့သည်။ "ဘာရုပ်ရှင်ကြည့်ရမှာလဲ၊ နင်လို ကလေးမလေးက ကြည့်လည်း နားလည်မှာမဟုတ်ဘူး၊ နင့်အစ်ကိုကြီးနဲ့ ရှောင်ယန်ကို အနှောင့်အယှက် မပေးနဲ့။"

"အို... ဟုတ်ကဲ့ပါ။"

စုန့်ရွှယ်လေးသည် နှုတ်ခမ်းစူကာ မျက်နှာလေး ညှိုးငယ်သွားသည်။

ထျဲလန်ယန်က သူမအနားသို့ ခပ်နောက်နောက်လေး ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "အခွင့်အရေးရရင် နောက်တစ်ခေါက် မမ ညီမလေးကို ခေါ်သွားပေးမယ်နော်။"

"ဟုတ်။" စုန့်ရွှယ်၏ မျက်လုံးများ ချက်ချင်းပင် ပြန်လည်ဝင်းပလာတော့သည်။

သူတို့နှစ်ဦး၏ ချစ်စရာကောင်းသော အပြုအမူလေးများကို ကြည့်ပြီး စုန့်ပိုင်ယွမ် တစ်ဖန် ပြုံးမိပြန်သည်။

ထိုည၏ ညစာမှာ ဟင်းလေးပွဲနှင့် ဟင်းချိုတစ်ခွက်ဖြင့် အလွန်စုံလင်လှသဖြင့် အားလုံးပင် မြိန်ရေယှက်ရေ စားသောက်ခဲ့ကြသည်။

ထျဲလန်ယန် ပြန်ရန် ပြင်သောအခါ ဟဲချွန်းဟွာက ကိတ်မုန့်ကို သူမနှင့်အတူ ပြန်သယ်သွားရန် အတင်းအကျပ် တိုက်တွန်းလေသည်။

"ညည်းက ရှောင်ရွှယ်အတွက် သကြားလုံးတစ်ထုပ်တောင် ဝယ်ပေးပြီးပြီပဲ၊ ဒီကိတ်မုန့်ကိုတော့ မပေးပါနဲ့တော့၊ ဒါက အရမ်းဈေးကြီးတယ်၊ ညည်းပဲ သိမ်းထားပြီး ဖြည်းဖြည်းချင်း စားလိုက်ပါ။"

ထျဲလန်ယန်က လက်မခံဘဲ ယခင်အတိုင်းပင် ခြိမ်းခြောက်လိုက်သည်။ "အဒေါ်က ဒီလောက်အထိ အားနာနေမယ်ဆိုရင်တော့ နောက်ခါ ကျွန်မ မလာတော့ဘူးနော်။"

ထိုသို့ပြောလိုက်သည်နှင့်ပင် ဟဲချွန်းဟွာသည်လည်း ဆက်၍ မတိုက်တွန်းရဲတော့ပေ။

ထျဲလန်ယန် ပြန်သွားသည်နှင့် ဟဲချွန်းဟွာက စုန့်ပိုင်ယွမ်ကို ချီးမွမ်းစကားဆိုတော့သည်။ "သားကြီး... ကြည့်စမ်း၊ ရှောင်ယန်က တကယ့်လူကောင်းလေး၊ သားဘက်က မြန်မြန်လေး ကြိုးစားပြီး လိုက်တော့၊ မဟုတ်ရင် နောက်မှ နောင်တရနေဦးမယ်။"

စုန့်ပိုင်ယွမ် - "အမ်း…။"

ထျဲလန်ယန်က သူငယ်ချင်းအဖြစ် စမ်းတွဲရန် သဘောတူထားသည်ကို သူ မိခင်နှင့် ညီမဖြစ်သူအား မပြောပြသေးပေ။

အကယ်၍သာ ပြောပြလိုက်လျှင် သူတို့က ဒီနေ့စေ့စပ်ပြီး မနက်ဖြန် လက်ထပ်ခိုင်းရန် အတင်းတိုက်တွန်းကြလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ထျဲလန်ယန်သည် နေဝင်ချိန်၌ ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်လာခဲ့သည်။

သူမတစ်နေ့ကုန် အပြင်ထွက်နေသည်ကို မြင်သဖြင့် ဝမ်ကျွင်းကျွင်းက စပ်စုတော့သည်။ "အစ်မယန်... တစ်နေ့လုံး ဘာသွားလုပ်နေလို့ ဒီလောက်တောင် နောက်ကျမှ ပြန်ရောက်တာလဲ။"

ထျဲလန်ယန်က ပြီးစလွယ်သာ ဖြေလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ခရိုင်မြို့ထဲ သွားပြီး လျှောက်လည်နေတာ။"

သူ့ကို အမှန်အတိုင်း ပြောပြ၍မရပေ၊ မဟုတ်လျှင် သူ၏ ပါးစပ်ဖျားမှတစ်ဆင့် ပညာတတ်လူငယ်ဝင်းတစ်ခုလုံး ပျံ့နှံ့သွားလိမ့်မည်။

"ကျွန်တော် မယုံပါဘူး" ဝမ်ကျွင်းကျွင်းက သံသယမျက်လုံးများဖြင့် ကြည့်ခဲ့သည်။

ထျဲလန်ယန်က မြေပဲတစ်ဆုပ်ကို သူ့ထံ လှမ်းပစ်ပေးလိုက်သည်။ "စားစရာရှိတာစား၊ စပ်စုမနေနဲ့။"

တောထဲတွင် တောဝက်နှင့် တိုးခဲ့သည့် ဖြစ်ရပ်ပြီးကတည်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အေးစက်ခဲ့ဖူးသည်။

သို့သော် နောက်ပိုင်းတွင် ဝမ်ကျွင်းကျွင်းက အရှက်မရှိဘဲ သူမအနားသို့လာကာ စကားလာပြောလေ့ရှိပြီး သူတစ်ပါးရှေ့တွင်လည်း သူမဘက်မှ အကြိမ်ကြိမ် ကာကွယ်ပြောဆိုပေးခဲ့သည်။

ဝမ်ကျွင်းကျွင်း၏ မိသားစုမှာ ချမ်းသာသဖြင့် အစားအသောက် အထုပ်အပိုးများ ပို့ပေးလေ့ရှိရာ သူသည် ထိုမုန့်များကို ထျဲလန်ယန်အား အမြဲတမ်း အရင်ဆုံး လာပေးတတ်သည်။

ထျဲလန်ယန်လည်း ရံဖန်ရံခါ ပစ္စည်းများ ပြန်လည်ပေးကမ်းတတ်သဖြင့် ယခုအခါ သူတို့၏ ဆက်ဆံရေးမှာ များစွာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အစ်မယန်" ဝမ်ကျွင်းကျွင်းသည် မြေပဲကို ဝါးရင်း ပျော်ရွှင်လွန်းသဖြင့် မျက်လုံးလေးများပင် မှေးသွားတော့သည်။

နောက်ရက်အနည်းငယ်အတွင်း စုန့်ပိုင်ယွမ်သည် အလုပ်ရှုပ်နေသဖြင့် လူရှေ့သူရှေ့သိပ်မထွက်ပေ။ သူသည် ညနေခင်းပိုင်းများတွင်သာ ခဏတဖြုတ် ရောက်လာတတ်သည်။

သူ ရောက်လာတိုင်းလည်း သယ်ဆောင်လာသော ပစ္စည်းများမှာ တစ်ခေါက်နှင့်တစ်ခေါက် မတူပေ။

တစ်ခါတရံတွင် တောကြက်၊ တစ်ခါတရံတွင် တောသီးများနှင့် တစ်ကြိမ်တွင်မူ တောယုန်တစ်ဝက်ကိုပင် ယူဆောင်လာခဲ့သည်။

ထျဲလန်ယန် အနည်းငယ် အံ့အားသင့်မိသည်။ ဒီလူတစ်ယောက် တစ်နေ့ကုန် တောထဲတောင်ထဲ ဘာတွေလျှောက်လုပ်နေတာလဲ၊ အမဲလိုက်နေတာလား။

ထျဲလန်ယန်၏ အတွေးမှာ တစ်ဝက်ခန့် မှန်ပါသည်။

စုန့်ပိုင်ယွမ်သည် တောထဲတွင် ပုန်းအောင်းနေသော ရန်သူ့သူလျှို၏ နောက်ကြောင်းကို ခြေရာခံမိထားသဖြင့် လွန်ခဲ့သော ရက်ပိုင်းကတည်းက လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

သူ တောထဲမှ ပြန်လာတိုင်း အမဲလိုက်ရသည့် သားကောင်များနှင့် တောသီးအချို့ကို ယူလာတတ်သည်။

စုန့်ပိုင်ယွမ်၏ မိခင် ဟဲချွန်းဟွာက ရလာသမျှပစ္စည်းများ၏ တစ်ဝက်ကို အိမ်တွင်ထားပြီး ကျန်တစ်ဝက်ကို ထျဲလန်ယန်အား သွားပေးရန် အမြဲတမ်း မှာကြားလေ့ရှိသည်။

"သားကြီး... မိန်းကလေးတစ်ယောက်ကို လိုက်ရင် အသေးစိတ်ကအစ ဂရုစိုက်ရတယ်၊ စကားကို နည်းနည်းပြောပြီး အလုပ်ကို များများလုပ်ပြ၊ ဒါမှ သားရဲ့ စိတ်ရင်းအမှန်ကို သူ မြင်မှာ။"

စုန့်ပိုင်ယွမ်သည်လည်း မိခင်၏ စကားမှာ မှန်ကန်သည်ဟု ထင်မြင်သဖြင့် အချိန်ရတိုင်း ပညာတတ်လူငယ်ဝင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယခုအခါ ပညာတတ်လူငယ်ဝင်းရှိ လူတိုင်းက စုန့်ပိုင်ယွမ်သည် ထျဲလန်ယန်ကို လိုက်နေသည်ဟူသောအချက်ကို သိရှိသွားကြပြီ ဖြစ်သည်။

သူ၏ အပြုအမူများမှာ အလွန်ပင် သိသာလွန်းလှသဖြင့် မျက်စိကန်းသူပင် သိမြင်နိုင်သည်။

ထျဲလန်ယန်၏ နောက်လိုက်ဖြစ်သော ဝမ်ကျွင်းကျွင်းမှာတော့ အပျော်ဆုံးပင် ဖြစ်သည်။

"ဝါး... ကျွန်တော်ဖြင့် ရင်တွေခုန်လိုက်တာ။ အစ်ကိုစုန့်ကလည်း အရမ်းချောသလို အစ်မယန်ကလည်း တကယ့်ကို တော်တာ၊ နှစ်ယောက်သားက တကယ့်ကို နတ်ဖက်တဲ့စုံတွဲပဲ။"

ထျဲလန်ယန်သည် ခြေထောက်ချိတ်ထိုင်ကာ တောသီးများကိုစားရင်း ဖရဲစေ့ကို ဝါးလျက် ပြောလိုက်သည်။ "နင် စကားပြောတာ စောလွန်းသေးတယ်၊ ငါတို့ကိစ္စက အတည်မဖြစ်သေးပါဘူး။"

ဝမ်ကျွင်းကျွင်းက သူမကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်သည်။ "အစ်မယန်... ကျွန်တော် ကြည့်ရသလောက်တော့ နှစ်ယောက်သား အဆင်ပြေသွားမှာ သေချာပါတယ်။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။ "ဘာလို့လဲ။"

ဝမ်ကျွင်းကျွင်းက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။"အစ်မယန် စဉ်းစားကြည့်လေ၊ အစ်ကိုစုန့်မှာ ကြွက်သားတွေအများကြီးနဲ့ ခွန်အားတွေအပြည့်ပဲ၊ သူ့ရဲ့ ခါးအားကလည်း အတော်လေး ကောင်းမှာ သေချာတယ်၊ ဟီးဟီးဟီး..."

ထျဲလန်ယန် မျက်နှာနီမြန်းသွားကာ သူ့ဖင်ကို လှမ်းကန်လိုက်တော့သည်။

"သွား... ငါ့ကို ရေနွေးတစ်ခွက် သွားခပ်ပေးအေ၊ ရေငတ်လို့။"

ဝမ်ကျွင်းကျွင်း ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။"

သူသည် သစ္စာရှိသော ခွေးလိမ္မာလေးတစ်ကောင်ကဲ့သို့ မီးဖိုချောင်ထဲ အပြေးအလွှား ဝင်သွားခဲ့တော့သည်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၉၆

မဝေးသည့်နေရာရှိ ပိုင်ရန်ရန်၏ မျက်ဝန်းများထဲတွင် မုန်းတီးနာကျည်းမှုများ ပြည့်နှက်နေတော့သည်။

စုန့်ပိုင်ယွမ်က ထျဲလန်ယန်ကို ဒီလောက်အထိ ဗြောင်ကျကျ လိုက်နေလိမ့်မည်ဟု သူမ မယုံနိုင်အောင် ဖြစ်နေရသည်။

ယခင်က ကျန်းကျစ်ချင်း၏ နားထဲတွင် သူမ တီးတိုးပြောခဲ့သမျှ စကားလုံးများမှာ ယခုအခါ ဟာသတစ်ခုလို ဖြစ်သွားခဲ့ပြီပင်။

တော်သေးသည်မှာ သူမ ထိုစကားများကို လူတကာ လျှောက်မပြောခဲ့မိခြင်းပင်၊ မဟုတ်လျှင် အရှက်ကွဲပြီး ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်မိသလို ဖြစ်နေလိမ့်မည်။

ဒါပေမယ့် ဒီထျဲလန်ယန်ကလည်း ငြိမ်ငြိမ်နေတတ်တဲ့ မိန်းကလေးမျိုးထဲက မဟုတ်ပေ။

စုန့်ပိုင်ယွမ်လို ထူးချွန်ထက်မြက်တဲ့လူက လိုက်နေတာတောင်မှ သူမက ဝမ်ကျွင်းကျွင်းလို လူပျိုကြီးတစ်ယောက်နဲ့ အခုထိ တပူးပူးတတွဲတွဲ လုပ်နေသေးသည်။

သူမ စုန့်ပိုင်ယွမ်၏ ခံစားချက်ကို လုံးဝ ထည့်မတွေးပေးတာပဲ။

အကယ်၍ စုန့်ပိုင်ယွမ်သာ ဒါကို မြင်သွားရင် ထျဲလန်ယန်အပေါ် ထားတဲ့စိတ်တွေ ပြောင်းလဲသွားမှာ သေချာသည်။

မဖြစ်သေးဘူး၊ သူမဘက်က တစ်ခုခု သွားပြောမှ ရတော့မည်။

ထိုနေ့ညနေတွင် ပိုင်ရန်ရန်သည် ပညာတတ်လူငယ်ဝင်း၏ အပြင်ဘက်တွင် တမင်တကာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီမှာပင် အရပ်ရှည်ရှည်နှင့် ရင်းနှီးနေသော လူရိပ်တစ်ခု သူမဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ရဲဘော်စုန့်... ကျွန်မ ရှင့်ကို ပြောစရာလေးရှိလို့ပါ၊ ခဏလောက် စကားပြောလို့ ရမလားဟင်။"

အခြားသူများ အတင်းပြောကြမည်စိုးသဖြင့် ဝင်ပေါက်ဝတွင် လူမြင်ကွင်း၌ စကားမပြောလိုခြင်း ဖြစ်သည်။

စုန့်ပိုင်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ပိုင်ကျစ်ချင်း... ပြောစရာရှိတာကို ဒီမှာတင် ပြောပါ၊ တခြားနေရာ သွားနေဖို့ မလိုပါဘူး။"

ပိုင်ရန်ရန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လူသူကင်းရှင်းနေသည်ကို တွေ့မှ အမြန်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ရက်ပိုင်းက ရှင် ထျဲလန်ယန်ဆီ လာနေတာတွေကို ကျွန်မ တွေ့ပါတယ်၊ ဒါပေမယ့် ထျဲလန်ယန်က ထင်သလောက် မရိုးသားဘူးနော်။"

"သူမက ကွယ်ရာမှာ တခြားအမျိုးသား ပညာတတ်လူငယ်တွေနဲ့ အမြဲတမ်း နောက်ပြောင်ကျီစယ်နေတာ၊ သူမရဲ့ အပြုအမူတွေက သိပ်မကောင်းဘူး၊ ဒါကြောင့် ရှင့်ကို ကျွန်မ အကြံပေးချင်တာက..."

"ဟင်း။" စုန့်ပိုင်ယွမ်၏ မျက်ဝန်းများ အေးစက်သွားပြီး သူမ၏ဘစကားကို ဖြတ်ပြောလိုက်သည်။ "ပိုင်ကျစ်ချင်း... သူတစ်ပါးကွယ်ရာမှာ အတင်းအဖျင်း ပြောတာက ကိုယ်ကျင့်တရားမရှိတဲ့ လုပ်ရပ်ဆိုတာ မင်းကို ဘယ်သူမှ မပြောဖူးဘူးလား။"

ပိုင်ရန်ရန် မျက်နှာတစ်ခုလုံး ရဲတက်သွားကာ အလောတကြီး ရှင်းပြသည်။ "ကျွန်မ ဆိုလိုတာက အဲဒီသဘော မဟုတ်ပါဘူး၊ ရှင့်ကို သတိပေးချင်ရုံသက်သက်ပါ။"

စုန့်ပိုင်ယွမ် အေးစက်စွာဖြင့် ပြောလိုက်သည်။ "မင်းရဲ့ သတိပေးချက်ကို ငါမလိုပါဘူး၊ ထျဲလန်ယန်အကြောင်းကို ငါ အသိဆုံးပဲ၊ နောက်ခါ ကောလာဟလတွေ လျှောက်မလွှင့်ပါနဲ့။"

ပြောပြီးသည်နှင့် သူ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ပိုင်ရန်ရန်၏ မျက်နှာ ပုပ်သိုးသွားခဲ့သည်။

'ထျဲလန်ယန်... နင်ကတော့ မြေခွေးမလေးအတိုင်းပဲ၊ စုန့်ပိုင်ယွမ်ကို ပြုစားထားလိုက်တာ သူ အမှားအမှန်တောင် မခွဲခြားနိုင်တော့ဘူး။'

'သူမက ငါ့လောက်တောင် မလှဘဲနဲ့ မြေခွေးကောင်မလေးလို ပြုစားတတ်လိုက်တာ။'

ပိုင်ရန်ရန် ရင်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်သွားရသည်။

ထိုစဉ် ရေခပ်ရာမှ ပြန်လာသော အမျိုးသားပညာတတ်လူငယ် ဟွမ်ဟဲကို လှမ်းမြင်လိုက်ရသဖြင့် ပိုင်ရန်ရန် စိတ်ကူးတစ်ခု ရသွားခဲ့သည်။

သူမ တစ်ဖန် ပြန်ပေါ်လာသောအခါ လက်ထဲတွင် ရေနွေးတစ်ခွက်ကို ကိုင်ဆောင်ထားသည်။

"ဟွမ်ကျစ်ချင်း... ဒီလောက်ဝေးတဲ့နေရာကနေ ရေသွားခပ်ရတာ အတော်အေးမှာပဲ၊ ရေနွေးလေး သောက်လိုက်ပါဦး..."

(ထျဲလန်ယန် - ဒီရေတစ်ခွက်ပဲတိုက်နေတဲ့ ပြကွက်က သုံးခါတောင် ရှိပြီ၊ နည်းနည်းလောက် ဆန်းသစ်အောင် လုပ်ပါဦး ပိုင်ရန်ရန်ရယ်။)

စုန့်ပိုင်ယွမ် ဝင်းထဲသို့ ဝင်လာခဲ့သည်။

ဝမ်ကျွင်းကျွင်းက တံမြက်စည်းလှည်းနေရာမှ သူ့ကို မြင်သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်တော့သည်။ "အစ်ကိုစုန့် ရောက်လာပြီပဲ၊ အစ်မယန်က နောက်ဖေးဝင်းထဲမှာ ရှိတယ်။"

ပညာတတ်လူငယ်ဝင်း၏ နောက်ဖေးတွင် လူတိုင်း ဝိုင်းဝန်းစိုက်ပျိုးရသော ဟင်းသီးဟင်းရွက်စိုက်ခင်း ရှိပြီး အားသည့်သူက သွားရောက် ပြုစုပျိုးထောင်ကြရသည်။

စုန့်ပိုင်ယွမ်က ဝမ်ကျွင်းကျွင်းကို ခေါင်းညိတ်ပြကာ နောက်ဖေးဝင်းဆီသို့ လျှောက်သွားခဲ့သည်။

မကြာမီမှာပင် သေးသွယ်သော မိန်းကလေးတစ်ဦးကို သူ တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် ကြက်သွန်မြိတ်ခင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပေါင်းမြက်များကို နှုတ်နေခြင်း ဖြစ်သည်။

ခြေသံကြားသဖြင့် သူမ လှည့်ကြည့်လိုက်ရာ၊ သူ့ကို မြင်သည်နှင့် တောက်ပစွာ ပြုံးပြလိုက်သည်။ "ရောက်လာပြီပဲ။"

သူမ၏ အပြုံးလေးကို မြင်လိုက်ရုံမျှဖြင့် စုန့်ပိုင်ယွမ်၏ တစ်နေ့တာပတ်လုံး ပင်ပန်းသမျှသည် ထိုခဏလေးအတွင်းမှာပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရတော့သည်။

သူလည်း ညင်သာစွာ ပြုံးလျက် ဖြေလိုက်သည်။ "ဟုတ်တယ်... ရောက်ပြီ။"

သူက ဖက်ရွက်ဖြင့် ထုပ်ထားသော အထုပ်လေးတစ်ထုပ်ကို သူမထံ ကမ်းပေးလိုက်သည်။

ထျဲလန်ယန် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါက ဘာလဲဟင်။"

စုန့်ပိုင်ယွမ် ပြောသည်။ "ဖွင့်ကြည့်လိုက်လေ။"

ထျဲလန်ယန် ဖွင့်ကြည့်လိုက်ရာ ၎င်းတို့မှာ ငှက်ဥလေးများ ဖြစ်နေပြီး စုစုပေါင်း ၇ လုံး သို့မဟုတ် ၈ လုံးခန့် ရှိသည်။

သူမ မေးလိုက်သည်။ "ရှင် သစ်ပင်တက်လာတာလား"

စုန့်ပိုင်ယွမ် - "အင်း။"

ထျဲလန်ယန် နှုတ်ခမ်းကို မဲ့လိုက်မိသည်။

စုန့်ရွှယ်လေးက သစ်ပင်တက်ပြီး ငှက်ဥခိုးရတာ ဝါသနာပါသလို ဒီလူကြီးကလည်း အတူတူပင် ဖြစ်သည်။

တောထဲက ငှက်တွေတော့ သူတို့မိသားစုကို မြင်ရင် ပြေးကြရတော့မည် ထင်သည်။

(ငှက်များ - ငါတို့ဖြင့် ရင်ကျိုးရပါပြီ၊ မနည်းမွေးထားရတဲ့ ရင်သွေးလေးတွေက အခိုးခံရပြန်ပြီ။)

ထျဲလန်ယန်က ပြုံးလျက် ကြက်သွန်မြိတ်အချို့ကို ခူးရင်း ပြောလိုက်သည်။ "ငှက်ဥတွေအတွက် ကျေးဇူးပဲ၊ ဒီည ကြက်သွန်မြိတ် ငှက်ဥကြော် လုပ်စားဖို့ အကွက်ဆင်ပြေသွားတာပေါ့။"

"ရှင် ထမင်းစားပြီးပြီလား၊ မစားရသေးရင် အစ်မလျိုကို ကျွန်မရဲ့ရိက္ခာထဲကနေ ချက်ခိုင်းလိုက်မယ်၊ အတူတူ စားကြတာပေါ့။"

"ကိုယ် စားပြီးပါပြီ၊ မလိုတော့ဘူး။" စုန့်ပိုင်ယွမ်က ပြောပြီးနောက် စောစောက ဖြစ်ပျက်ခဲ့သည်များကိုပါ ထည့်ပြောလိုက်သည်။ "ဟိုတသ်ခေါက်က လမ်းမှာ ကျန်းကျစ်ချင်းက ကိုယ့်ကို တားပြီး ထူးထူးဆန်းဆန်းတွေ လာပြောတယ်၊ အခုတင်ပဲ ပိုင်ကျစ်ချင်းကလည်း အဲဒီလိုမျိုး လာပြောပြန်ပြီ၊ မင်း သတိထားဦးနော်။"

ထျဲလန်ယန်၏ မျက်ဝန်းများ မှေးမှိန်သွားခဲ့သည်။

ဒါဆို ပိုင်ရန်ရန်က ကွယ်ရာမှာ ကုန်းတိုက်နေတာပေါ့။

သူမကို အထင်သေးမိသွားသည်။

"ကျွန်မလည်း ပိုင်ရန်ရန်က ကျန်းကျစ်ချင်းနဲ့ ရှင့်အကြောင်း ပြောနေတာ ကြားခဲ့သေးတယ်။"

စုန့်ပိုင်ယွမ် အံ့အားသင့်သွားသည်။ "သူမက ဘာပြောလို့လဲ။"

ထျဲလန်ယန် ခပ်အေးအေး ပြုံးလိုက်သည်။ "သူမက ရှင်နဲ့ သူမကြားမှာ ရင်းနှီးတဲ့ပတ်သက်မှု ရှိတယ်လို့ ပြောတယ်၊ ပြီးတော့ တောထဲမှာ ရှင် ကျွန်မကို ကယ်ခဲ့တာကလည်း သူမမျက်နှာကြောင့်လို့ ပြောနေတာ။"

စုန့်ပိုင်ယွမ် - .....

"အဲဒါ မဟုတ်ပါဘူး၊ ကိုယ် သူမမျက်နှာကိုတောင် မမှတ်မိတော့ဘူး၊ ကိုယ် သူမနဲ့ ဘာမှမပတ်သက်ဘူး၊ မင်း ကိုယ့်ကို ယုံရမယ်နော်။"

စုန့်ပိုင်ယွမ်မှာ ပျာပျာသလဲဖြင့် အသည်းအသန် ရှင်းပြတော့သည်။

သူ့ပုံစံကို ကြည့်ပြီး ထျဲလန်ယန် ရယ်ချင်စိတ် အနည်းငယ် ဖြစ်မိသွားသည်။

"စိတ်အေးအေးထားပါ၊ ကျွန်မ ရှင့်ကို ယုံပါတယ်၊ ပိုင်ရန်ရန်က လိမ်ညာနေတာပဲဥစ္စာ။"

သူမက ကွယ်ရာမှာ ကောက်ကျစ်ဖို့ ကြံစည်ရဲမှတော့ ထျဲလန်ယန်ဘက်ကလည်း အင်ပြည့်အားပြည့် ပြန်လည်တုံ့ပြန်ရပေမည်။

စုန့်ပိုင်ယွမ် ပြန်သွားပြီးနောက် ထျဲလန်ယန် မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။

"အစ်မလျို... ကျွန်မကို ကြက်သွန်မြိတ်ဥကြော်လေး ကူကြော်ပေးပါဦး၊ ဒီတောငှက်ဥလေးတွေ သုံးပြီးတော့လေ။"

အစ်မလျိုသည် သူမလက်ထဲက ငှက်ဥများကို ကြည့်ပြီး စနောက်သော အပြုံးဖြင့် ပြောလိုက်သည်။ "အလိုလေး... ဒါတွေက ဘယ်ကရတာလဲ၊ တပ်ရင်းမှူးစုန့် ပို့ပေးလိုက်တာ မဟုတ်လား။"

ထျဲလန်ယန် သက်ပြင်းချဟန်ဖြင့် ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ သူက အစားအသောက်တွေ အမြဲ လာလာပေးနေတာ၊ ကျွန်မက မယူချင်ပါဘူးဆိုတာကို အတင်း လာပေးနေလို့။"

အစ်မလျိုက စနောက်ခဲ့သည်။ "ကျွတ်ကျွတ်ကျွတ်... နင်က တို့တွေကို လာကြွားနေတာလား။ နင့်စကားတွေ ကြားရတာနဲ့တင် ငါ့သွားတွေ ကျိန်းလှပြီ။"

ဘေးနားတွင် ဟင်းချက်နေသော အခြားအမျိုးသမီး ပညာတတ်လူငယ်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။ "ကျွန်မကတော့ သွားမကျိန်းပါဘူး၊ သွားတွေ ခိုင်တုန်းပဲ၊ ဥတွေ ပိုစားနိုင်သေးတယ်။"

အစ်မလျိုက ကျယ်လောင်စွာ ရယ်မောခဲ့သည်။ "ဟားဟားဟား... အစားကြီးမလေး၊ နင်က ဒီငှက်ဥတွေကို မျက်စိကျနေတာကိုး။"

ထျဲလန်ယန်ကလည်း လိုက်ရယ်လိုက်သည်။ "ရပါတယ်၊ စားချင်သလောက် စားကြပါ။"

ထိုအချိန်တွင် ပိုင်ရန်ရန်သည် ပန်းကန်ခွက်ယောက်များ လာယူရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။

လူတိုင်း ရယ်မောနေကြသည်ကို မြင်သောအခါ သူမ ပြုံးလျက် မေးခဲ့သည်။ "အားလုံး ဘာတွေ ပြောနေကြတာလဲဟင်၊ ဘာလို့ ဒီလောက် ပျော်နေကြတာလဲ။"

အစ်မလျိုက တဟီးဟီး ရယ်ကာ ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့်က လန်ယန်ကို ပစ္စည်းတွေ လာပေးတဲ့အကြောင်း ပြောနေကြတာ၊ ဒီကောင်မလေးက တို့တွေကို လာကြွားနေတာလေ၊ အတော်လေးကို ဂုဏ်ဆာနေတာ။"

ပိုင်ရန်ရန် မဲ့ပြုံး ပြုံးလိုက်သည်။ "ထျဲလန်ယန်က အဲလို ကြွားရတာ သဘောကျတာပဲဟာ။"

ထျဲလန်ယန်က သူမကို စောင်းကြည့်ခဲ့သည်။ "အနည်းဆုံးတော့ ငါ့မှာ ကြွားစရာ ရှိသေးတယ်လေ။ မြောင်းထဲမှာ ခိုးကြောင်ခိုးဝှက် လျှောက်သွားနေတဲ့ ကြွက်တချို့ထက်စာရင်တော့ ပိုကောင်းတာပေါ့။"

ပိုင်ရန်ရန်၏ မျက်နှာ ပျက်သွားခဲ့ပြီး ဟန်ဆောင်ကာ ခြောက်ကပ်ကပ် ရယ်မောလိုက်ရသည်။

သူမ ထွက်သွားပြီးနောက် အစ်မလျိုက ထျဲလန်ယန်အနားသို့ တိုးကာ တိုးတိုးလေး မေးခဲ့သည်။ "နင်တို့နှစ်ယောက် ကြည့်ရတာ အဆင်မပြေကြဘူးပဲ၊ ရန်ဖြစ်ထားကြတာလား။"

ထျဲလန်ယန် ပြောလိုက်သည်။ "ဟုတ်တယ်၊ ဒါကြောင့်မလို့ ဒီည ငှက်ဥကြော်ကို သူမအတွက် တစ်ဖဲ့တောင် ကျွေးမှာမဟုတ်ဘူး။"

All Chapters