အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၀၇
စုန့်ပိုင်ယွမ်သည် သူမ၏ စိတ်ကောက်နေသော ပုံစံကို မြင်သောအခါ ဘာဖြစ်နေသည်ကို မသိဘဲ ပြောလိုက်သည်။ "လန်ယန်... ဘာဖြစ်လို့ မပျော်သလို ဖြစ်နေတာလဲ။"
ပြီးခဲ့သည့်အကြိမ် သူလျှိုဖမ်းဆီးရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးကတည်းက သူတို့၏ ဆက်ဆံရေးမှာ ပိုရင်းနှီးလာခဲ့သည်။
ထို့ကြောင့် စုန့်ပိုင်ယွမ်သည် သူမအား ရဲဘော်ထျဲလန်ယန် ဟု မခေါ်တော့ဘဲ နာမည်ကို တိုက်ရိုက် ခေါ်ဆိုခြင်းဖြစ်သည်။
"ဟွန်း။"
ထျဲလန်ယန်က နှာမှုတ်လိုက်ရာ သူမ၏ ဆံပင်ကျစ်ဆံမြီး နှစ်ချောင်းမှာ လှုပ်ခါသွားသည်။
စုန့်ပိုင်ယွမ် - ......
ဒီလို စိတ်ကောက်နေတဲ့ ပုံစံလေးက တော်တော်လေး ချစ်စရာကောင်းသားပဲ။
"စိတ်မဆိုးပါနဲ့တော့... သကြားလုံးစားမလား။"
စုန့်ပိုင်ယွမ်က သူ၏အိတ်ကပ်ထဲမှ နို့သကြားလုံး အတုံးကြီးတစ်ခုကို ထုတ်ပေးလိုက်သည်။
ဤသည်မှာ ညီမလေး စုန့်ရွှယ်က သူ့ကို ပေးထားခြင်းဖြစ်ပြီး ယခုအခါ အသုံးဝင်သွားရသည်။
ထျဲလန်ယန် - .....
"မစားဘူး" သူမတွင် စားစရာ သကြားလုံး မပြတ်လပ်နေပါ။
သူမ၏နေရာလွတ်အတွင်းရှိ သီးနှံများက စဉ်ဆက်မပြတ် ထွက်ရှိလာပြီးနောက်ပိုင်း သူမ၏ စုဆောင်းငွေများနှင့် ရိက္ခာကူပွန်များမှာ နေရာလွတ်ထဲ၌ ပုံနေခဲ့ပြီဖြစ်သည်။
သူမသည် အစားအသောက်၊ စည်းစိမ် ဥစ္စာနှင့် မုန့်ပဲသရေစာများအထိ အပြည့်အဝ လွတ်လပ်မှုကို ရရှိထားပြီးဖြစ်သည်။
တစ်ခါတရံတွင် သူမသည် အမာရွတ်လျိုနှင့် ကျန်တဲ့သူများကို နှံစားသီးနှံအချို့ ရောင်းချခိုင်းပြီး နည်းလမ်းအမျိုးမျိုးဖြင့် အစားအသောက်များကို ပြန်လည်ဝယ်ယူခိုင်းလေ့ရှိသည်။
မြေပဲ၊ ဖရုံစေ့၊ ဇီးသကြားလုံး၊ ယုန်ဖြူကြီးနို့သကြားလုံး၊ မုန့်အမျိုးမျိုး၊ စည်သွပ်ဘူးများ၊ ပြောင်းဖူးပေါက်ပေါက်၊ မြေပဲနဂတ်မုန့်၊ ရေခဲချောင်း၊ အအေးမျိုးစုံ... ပြီးတော့ ကြက်၊ ဘဲ၊ ငါး၊ ဥအမျိုးမျိုး၊ ဝက်သား၊ အမဲသား စသည်ဖြင့် နေရာလွတ်တစ်ခုလုံးတွင် အရသာရှိသော စားစရာများ ပြည့်လျှံနေတော့သည်။
ပစ္စည်းတွေ အလွန်များပြားလွန်းခြင်း၏ ဒုက္ခမှာ နေ့တိုင်း ဘာစားရမှန်း မသိတော့ခြင်းပင် ဖြစ်သည်။ သူမသည် ယုန်ဖြူကြီးသကြားလုံးများကိုပင် ငြီးငွေ့နေပြီဖြစ်သည်။
ထျဲလန်ယန်က သကြားလုံးကို ငြင်းပယ်သည်ကို မြင်သောအခါ စုန့်ပိုင်ယွမ်သည် သူမ တကယ်ပဲ စိတ်ဆိုးနေသည်ဟု ထင်သွားသည်။ "ရဲဘော်လန်ယန်... ကျွန်တော် ဘာလုပ်မိလို့ မင်းစိတ်ဆိုးသွားလဲဆိုတာ မသိဘူး၊ မင်း ကျွန်တော့်ကို ရိုက်ချင်ရင်ရိုက်၊ ဆဲချင်ရင်ဆဲပါ၊ ဒါပေမယ့် ကျွန်တော့်ကို စကားမပြောဘဲတော့ မနေပါနဲ့။"
စုန့်ပိုင်ယွမ်သည် မိမိကိုယ်တိုင် ဤကဲ့သို့သော ချိုသာနူးညံ့သည့် စကားမျိုး ပြောမိလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ယခင်ကမူ ချစ်သူအချင်းချင်း ဤမျှအထိ သံယောဇဉ်ကြီးမားပြနေကြသော လူများကို အရူးများဟု ထင်ခဲ့မိသည်။
သို့သော် ယခုအခါ မိမိကိုယ်တိုင် ကြုံတွေ့ရသောအခါမှသာ သူ ရုတ်တရက် နားလည်သွားရသည်။
မိန်းကလေးတစ်ယောက်ကို သဘောကျခြင်း၏ ခံစားချက်မှာ ဤသို့ပင်ဖြစ်သည်။ သူမကို ကာကွယ်ပေးချင်သည်၊ ပျော်ရွှင်အောင် ထားချင်သည်၊ သူမ၏ဘေးတွင် အမြဲရှိနေချင်သည်။
သူမ မျက်မှောင်ကြုတ်လိုက်တိုင်း သူ၏နှလုံးသားမှာ လှုပ်ခတ်သွားရပြီး ဘာလုပ်ရမှန်း မသိဖြစ်ရသည်။
"ရဲဘော်လန်ယန်... စိတ်မဆိုးပါနဲ့တော့၊ ကျွန်တော့်ကိုပဲ ရိုက်လိုက်ပါ။"
သူမက ဟားတိုက် ရယ်မောလိုက်သည်။ "ကဲပါ... ကျွန်မ စိတ်မဆိုးပါဘူး။"
သူမက ထိုမျှအထိ စိတ်သဘောထား သေးသိမ်သူမဟုတ်ပေ၊ သူ့ကို တမင် စနောက်နေခြင်းသာ ဖြစ်သည်။
ထျဲလန်ယန် နောက်ဆုံးတွင် ပြုံးပြသည်ကို မြင်ရမှသာ စုန့်ပိုင်ယွမ် စိတ်အေးသွားရတော့သည်။
ဤသည်မှာ သူ မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် လိုက်ဖူးခြင်းဖြစ်ပြီး အတွေ့အကြုံ သိပ်မရှိပေ။ ထို့ကြောင့် သူ ပိုလေ့လာရန် လိုအပ်သည်ဟု တွေးမိလိုက်သည်။
စစ်တပ်ထဲမှ သူ၏ရဲဘော်တစ်ဦးသည် ဇနီးဖြစ်သူနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ရာ နောက်ပိုင်းကြလျှင် ထိုလူ့ထံမှ အကြံဉာဏ် တောင်းရမည်ဟု ဆုံးဖြတ်လိုက်သည်။
စုန်မိသားစုအိမ်သို့ ရောက်ရှိသောအခါ စုန့်၏မိခင်ဖြစ်သူ ဟဲချွန်းဟွာသည် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ထားပြီးဖြစ်သည်။
ထျဲလန်ယန်၏ ပြင်ဆင်လာမှုကို မြင်သောအခါ ဟဲချွန်းဟွာ၏ မျက်ဝန်းများမှာ ဝမ်းသာအားရဖြင့် တောက်ပသွားပြီး မျက်နှာတစ်ခုလုံး ဂန္ဓမာပန်းပွင့်ကြီးလို ပွင့်လန်းသွားရသည်။
"လန်ယန်ရယ်... ဒီနေ့တော့ တကယ့်ကို လှချင်တိုင်းလှနေတာပဲ၊ ပုံပြင်စာအုပ်ထဲက နတ်သမီးလေးအတိုင်းပဲ။"
စုန့်ရွှယ်ကလည်း ပြေးလာပြီး ချိုသာစွာ ပြုံးပြခဲ့သည်။ "အစ်မယန်က အရင်ကထက်တောင် ပိုလှလာသေးတယ်။"
ဟဲဟဲ... အစ်မယန်က နောက်ဆုံးတော့ ရှေ့ဆံမြိတ်ကို အပေါ်လှန်တင်လိုက်ပြီ၊ အရမ်းလှတာပဲ။
ထျဲလန်ယန်က စုန့်ရွှယ်၏ နီမြန်းသော ပါးပြင်လေးကို ဆွဲညှစ်လိုက်ရင်း ပြောလိုက်သည်။ "တို့တွေရဲ့ ရွှယ်ယလေးကလည်း လှပါတယ်နော်။"
သူတို့နှစ်ဦး ချစ်ချစ်ခင်ခင် ရှိနေကြသည်ကို မြင်ရသောအခါ စုန့်ပိုင်ယွမ်လည်း စိတ်ထဲတွင် ပျော်ရွှင်သွားပြီး နှုတ်ခမ်းဖျား၌ အပြုံးတစ်ခု ပေါ်လာရသည်။
ထျဲလန်ယန် လက်ဆေးရန် မီးဖိုချောင်သို့ သွားသည့်အချိန်တွင် စုန့်ရွှယ်က စုန့်ပိုင်ယွမ်အနားသို့ ပြေးသွားကာ ညည်းတွားလိုက်သည်။ "အစ်ကိုကြီးနော်... အမေနဲ့ ညီမလေးကတော့ အစ်မယန်ကို ချီးမွမ်းနေကြတာကို အစ်ကိုကြီးကတော့ ဘာတစ်ခွန်းမှ မပြောဘူး၊ တကယ့်ကို စကားပြောတာ ညံ့ဖျင်းလွန်းတယ်။"
စုန့်ပိုင်ယွမ် - ......
သူမ ဘာဖြစ်လို့ စိတ်ကောက်သွားလဲဆိုတာ အခုမှ သဘောပေါက်သွားပုံရသည်…
ထမင်းစားပွဲတွင် ဟဲချွန်းဟွာသည် ထျဲလန်ယန်၏ ပန်းကန်ထဲသို့ အစားအသောက်များကို မနားတမ်း ထည့်ပေးနေခဲ့သည်။ "လန်ယန်... ဒါလေး မြည်းကြည့်ဦး၊ ဒါက အဒေါ်ကိုယ်တိုင် အထူးချက်ထားတဲ့ ဝက်သားနီချက်လေး။"
"ပြီးတော့ ဒီတောယုန်သားကလည်း ပိုင်ယွမ်က သမီးအတွက်ဆိုပြီး တောင်ပေါ်မှာ နှစ်ရက်တောင် ကြိုးစားပမ်းစား သွားဖမ်းလာတာ၊ တကယ့်ကို အရသာရှိတယ်။"
ထျဲလန်ယန်က ပြုံးလျက် ဟဲချွန်းဟွာ၏ ပန်းကန်ထဲသို့ တောယုန်သားတစ်တုံး ပြန်ထည့်ပေးလိုက်သည်။ "အဒေါ်လည်း စားပါဦး၊ ဒီနေ့ ဟင်းတွေအများကြီးကို တစ်နေကုန် အပင်ပန်းခံချက်ပေးတာ ကျေးဇူးတင်ပါတယ်နော်။"
ဟဲချွန်းဟွာ ပြုံးလိုက်သည်။ "မပင်ပန်းပါဘူး... မပင်ပန်းပါဘူး၊ သမီး လာတာကိုပဲ အန်တီက အရမ်းဝမ်းသာနေတာ။"
စုန့်ရွှယ် - "ဟုတ်တယ် အစ်မယန်... အစ်မယန် သမီးတို့အိမ်မှာ ထမင်းလာစားတိုင်း အမေက ဟင်းကောင်းတွေ အမြဲချက်ပေးတာ၊ အစ်မယန် သမီးတို့အိမ်ကို နေ့တိုင်း လာစားရင် သိပ်ကောင်းမှာပဲ။"
သူမ၏ စကားကြောင့် ထျဲလန်ယန်၊ စုန့်၏မိခင်နှင့် စုန့်ပိုင်ယွမ်တို့ အားလုံး ရယ်မောလိုက်ကြရသည်။ ဟဲချွန်းဟွာက သမီးဖြစ်သူ၏ နှာခေါင်းလေးကို တို့လိုက်သည်။ "ဒီကောင်မလေးကတော့... နင့်အမေမှာ အစားအသောက်တွေ ရှားပါးနေလို့လား ဟမ်။"
စုန့်ရွှယ်က ကြက်ပေါင်သားကို ပါးစပ်အပြည့် ကိုက်ဝါးရင်း တဟဲဟဲ ရယ်မောနေခဲ့သည်။
စုန့်ပိုင်ယွမ်က ငါးဟင်းတစ်တုံးကို ယူ၍ ထျဲလန်ယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "မင်း ငါးကြိုက်တတ်တာမို့လို့ ပိုစားပါဦး။"
ထျဲလန်ယန် - "ကျေးဇူးတင်ပါတယ်။"
စုန့်ပိုင်ယွမ် - "မလိုပါဘူး... ပြီးတော့ ဒီနေ့ မင်း တကယ့်ကို လှတယ်။"
မေမေစုန့်နှင့် စုန့်ရွှယ် - ဘာလဲ... ဘာလဲ။ တို့တွေ နားကြားမှားတာလား။
မေမေစုန့် - "သား... အမေ သေသေချာချာ မကြားလိုက်ရဘူး၊ နောက်တစ်ခေါက်လောက် ထပ်ပြောပါဦး။"
စုန့်ရွှယ် - "ဟုတ်တယ် အစ်ကိုကြီး... ခုနက ဘာပြောလိုက်တာလဲ၊ အသံက အရမ်းတိုးလွန်းတယ်။"
စုန့်ပိုင်ယွမ်က ထျဲလန်ယန်ကို လှမ်းကြည့်လိုက်သည်။
ထျဲလန်ယန်ကမူ သူ့ကို ဂရုမစိုက်ဟန်ဖြင့် အစားအသောက်ကိုသာ အာရုံစိုက် စားနေခဲ့သည်။
စုန့်ပိုင်ယွမ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ "စားကြရအောင်အမေ... ဟင်းတွေ အေးကုန်လိမ့်မယ်။"
မေမေစုန့်က နှာမှုတ်လိုက်သည်။ "မင်းအတွက်တော့ တကယ်ကို မျှော်လင့်ချက်မရှိနိုင်တော့ဘူးပဲ။"
စုန့်ရွှယ်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြခဲ့သည်။
စုန့်ပိုင်ယွမ် - ......
ညစာစားပြီးနောက် စုန့်ပိုင်ယွမ်သည် ထျဲလန်ယန်ကို လိုက်ပို့ခဲ့သည်။
လမ်းတစ်ဝက်သို့ ရောက်သောအခါ စုန့်ပိုင်ယွမ် မေးလိုက်သည်။ "ကျွန်တော် နောက်ရက်အနည်းငယ်အတွင်း စစ်တပ်ကို ပြန်ရတော့မယ်၊ အဲကြောင့် မင်းအနေနဲ့ ကျွန်တော့်ကို ပြောချင်တဲ့ စကားတစ်ခုခု ရှိလား။"
ထျဲလန်ယန်က ခေါင်းညိတ်ပြသည်။ "ရှိတာပေါ့။"
စုန့်ပိုင်ယွမ်၏ မျက်ဝန်းများ ဝင်းပသွားရသည်။
ထျဲလန်ယန် ပြုံးလိုက်သည်။ "လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပါစေနော်။"
စုန့်ပိုင်ယွမ်၏ မျက်ဝန်းမှ အရောင်အဝါများ ကွယ်ပျောက်သွားကာ သူ ခေါင်းငုံ့သွားခဲ့သည်။
ထိုစဉ် မိန်းကလေးငယ်၏ ကြည်လင်ပြတ်သားသော အသံလေး ထပ်မံထွက်ပေါ်လာပြန်သည်။ "ပြီးတော့... ကျွန်မဆီ စာရေးဖို့လည်း မမေ့နဲ့ဦးနော်။"
စုန့်ပိုင်ယွမ် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ နှုတ်ခမ်းပြင်၌ ကျယ်ပြန့်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ "ကောင်းပါပြီ။"
....
နောက်တစ်နေ့တွင်မူ... ပညာတတ်လူငယ်များဝင်းသို့ မမျှော်လင့်ထားသော ဧည့်သည်များ ထပ်မံရောက်ရှိလာခဲ့သည်။
သူတို့မှာ မနေ့က ရောက်လာခဲ့သော သားအမိဖြစ်သူ ဝမ်လိဟုန်နှင့် ချန်ပေါင်ကျူးတို့ပင် ဖြစ်သည်။
ထျဲလန်ယန်က ကြည့်နေရင်း…
သူမသည် သူတို့နှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ရှင်တို့ ဘာလာလုပ်ကြတာလဲ၊ မနေ့က ကျွန်မပြောတာ မရှင်းသေးဘူးလား။"
ဝမ်လိဟုန်က သူမ၏အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ယူကာ မျက်ရည်များကို သုတ်ရင်း ငိုယိုကာ ပြောခဲ့သည်။ "လန်ယန်ရယ်... အမေက သမီးကို ခက်ခက်ခဲခဲ ရှာတွေ့ထားတာပါ၊ အမေနဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါနော်၊ အမေ တောင်းပန်ပါတယ်။"
ချန်ပေါင်ကျူးကလည်း ဝင်ပြောသည်။ "ဟုတ်တယ် အစ်မ... အဖေကလည်း ညီမတို့တွေ မိသားစုစုံစုံလင်လင်နဲ့ ညစာအတူစားဖို့ အိမ်မှာ စောင့်နေတာ။"
ထျဲလန်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ "တကယ်လို့ သူက အဲလောက်တောင် ဂရုစိုက်နေတယ်ဆိုရင် ဘာဖြစ်လို့ ကိုယ်တိုင်မလာခဲ့ရတာလဲ။"
ဝမ်လိဟုန် ပြန်ဖြေသည်။ "နင့်အဖေက နှစ်သစ်ကူးကာလမှာ အချိန်ပိုအလုပ်ဆင်းနေရလို့ လာလို့မရတာပါ၊ ဪ... ဒါနဲ့ တကယ်လို့ သမီးသာ ဒီတစ်ခေါက် အိမ်ပြန်လိုက်ခဲ့ရင် စည်သွပ်ဘူးစက်ရုံမှာ အလုပ်တစ်ခု စီစဉ်ပေးမယ်၊ ကျေးလက်မှာ ဒီလိုမျိုး ဆင်းဆင်းရဲရဲ နေစရာမလိုတော့ဘူးပေါ့။"
ထျဲလန်ယန်က မျက်ခုံးပင့်လိုက်သည်။ "ဘယ်လိုအလုပ်မျိုးလဲ။"
သူမသည် သူတို့ စေတနာကောင်းရှိသည်ဟု မယုံကြည်ပေ။ ယနေ့ သူတို့၏ အပြုံးများမှာ မနေ့ကထက်ပင် ပို၍ ဟန်ဆောင်နေပုံ ပေါက်နေသည်။
ဝမ်လိဟုန် အံ့အားသင့်သွားရသည်၊ ထျဲလန်ယန် ဤမျှအထိ တိုက်ရိုက်မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ "အဲဒါက... စည်သွပ်ဘူးစက်ရုံမှာ သာမန်အလုပ်ကြမ်း လုပ်ရမှာပါ၊ သန့်ရှင်းရေးလုပ်တာတို့၊ ကုန်လှောင်ရုံမှာ ကူညီပေးတာတို့ပေါ့။"
သူမအနေဖြင့် လောလောဆယ်တွင် ဝေဝေဝါးဝါးသာ ဖြေထားလိုက်သည်။ မြို့ပေါ်သို့ ရောက်သွားပြီးမှသာ သူမ စီမံချင်သလို စီမံမည်မဟုတ်ပါလား။
ထိုစကားကို ကြားသောအခါ ထျဲလန်ယန်က ရယ်မောလိုက်သည်။ "ဒါဆိုရင် သန့်ရှင်းရေးသမားပေါ့ ဟုတ်လား။ အဲဒါက အသက် ၅၀၊ ၆၀ အရွယ် အန်တီတွေ ဦးလေးတွေ လုပ်ရမယ့်အလုပ်လေ၊ ရှင်တို့က ကျွန်မလို မိန်းကလေးငယ်တစ်ယောက်ကို အဲဒီအလုပ် ခိုင်းမလို့လား။"
ထိုအခါ ဝမ်လိဟုန်၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။ "ထျဲလန်ယန်... နင်ကတော့ တကယ်ပဲ ကျေးဇူးမသိတတ်တဲ့သူပဲ။ နင့်ကိုယ်နင် သိပ်ပြီး တန်ဖိုးကြီးလှပြီလို့ မထင်နဲ့ဦး။ မြို့ပေါ်က သန့်ရှင်းရေးအလုပ်ပဲဖြစ်ဖြစ် နင် ကျေးလက်မှာ လယ်စိုက်နေရတာထက်စာရင် အများကြီး ပိုကောင်းသေးတယ်။"
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၀၈
ထျဲလန်ယန် ပြောလိုက်သည်။ "ချန်ပေါင်ကျူး... နင်က ငါတို့တွေလို လယ်သမားတွေကို အထင်သေးနေတာလား။"
ချန်ပေါင်ကျူး နှာခေါင်းရှုံ့လိုက်သည်။ "ကျေးလက်မှာ နေရတာ ဘာကောင်းလို့လဲ။ တစ်နေ့ကုန် ရွှံ့တွေဗွက်တွေကြားထဲမှာ ခေါင်းစိုက်၊ မိုးကောင်းကင်ကို ကျောပေးပြီး လယ်ထဲမှာ အလုပ်လုပ်ရတာ... နွားအိုတစ်ကောင်လိုပဲ ပင်ပန်းရတာကို။"
ထျဲလန်ယန် ခေါင်းညိတ်ပြသည်။ "ကောင်းပြီ... ဒါကို ငါမှတ်ထားမယ်။ ပြီးရင် နင့်မိဘတွေရဲ့ အထက်လူကြီးတွေဆီကို ငါ စာတစ်စောင်ရေးလိုက်မယ်။ သူတို့သမီးက ကိုယ့်ကိုယ်ကိုယ် မြို့သားဆိုပြီး ဆင်းရဲတဲ့ ကျေးလက်ကလူတွေကို အထင်သေးကြောင်း၊ ပြီးတော့ သူကပဲ ပိုပြီး မြင့်မြတ်သလိုလို တွေးနေကြောင်း တိုင်စာပို့လိုက်မယ်။"
ထိုစကားကို ကြားရသောအခါ ချန်ပေါင်ကျူး၏ မျက်နှာလေး ချက်ချင်း ပျက်သွားရသည်။ "ငါက အဲဒီလို သဘောနဲ့ ပြောတာမဟုတ်ဘူး၊ ငါ့စကားကို အဓိပ္ပာယ်လျှောက်မကောက်နဲ့။"
ဝမ်လိဟုန်က ဘေးမှ အမြန်ဝင်၍ ဖျန်ဖြေပေးခဲ့သည်။ "လန်ယန်ရယ်... နင့်ညီမက အသက်ငယ်သေးလို့ စိတ်လိုက်မာန်ပါ ပြောမိတာပါ၊ သူမကို နားလည်ခွင့်လွှတ်ပေးပါဦး။"
ထျဲလန်ယန်က ရယ်မောလိုက်သည်။ "ရယ်စရာပဲ... မနေ့ကတင် ကျွန်မတို့နှစ်ယောက်က တစ်ရက်တည်း၊ တစ်နေ့တည်း မွေးတာလို့ ပြောခဲ့တယ်မဟုတ်လား။ သူမက ကျွန်မထက် အသက်ငယ်တယ်လို့ ရှင် သေချာလို့လား။"
ဝမ်လိဟုန်၏ မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့သည်။ "အမေ ဆိုလိုတာက... တို့တွေက တစ်မိသားစုတည်းသားတွေပဲဟာကို၊ ဒီလောက်အထိ စိတ်သဘောထား သေးသိမ်ဖို့ မလိုပါဘူး။"
ဒီကောင်မလေးက အားရှဆိုတဲ့ မိန်းမယုတ်ရဲ့ သမီးပီပီ စကားပြောတာ တကယ့်ကို ရွဲ့တဲ့တဲ့နိုင်လွန်းတယ်။
ထျဲလန်ယန်က သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "ဘယ်သူက ရှင်တို့နဲ့ တစ်မိသားစုတည်းသားမို့လို့လဲ။ ကျွန်မ ခဏခဏ ပြောပြီးပြီပဲ၊ ကျွန်မက မိဘမဲ့တစ်ယောက်ပါ၊ အဲကြောင့် ကျွန်မကို လာပြီး ပတ်သက်ဖို့ မကြိုးစားနဲ့။"
ဝမ်လိဟုန် အံကြိတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ်... နင်က ငါ့သမီးပဲဟာ။ အခု ငါက နင့်ကို မြို့ပေါ် ပြန်ရောက်အောင် ကူညီပေးမလို့ကို... နင်က မပျော်ဘူးလား။"
ထျဲလန်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ "ဟက်... ရှင့်မှာ တခြား မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ။"
ချန်ပေါင်ကျူး ဒေါသထွက်သွားရသည်။ "နင် ငါ့အမေကို ဘယ်လိုတောင် စကားပြောလိုက်တာလဲ။ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်၊ နင့်ကို နင့်မိဘတွေက ဆုံးမမထားဘူးလား။"
ထျဲလန်ယန်၏ မျက်ဝန်းများ အေးစက်သွားကာ ဒေါသတရားများ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာခဲ့သည်။
သူမ နှစ်သစ်ကူးမှာ တစ်ယောက်ယောက်ကို ရိုက်နှက်ချင်တာ မဟုတ်ပေမယ့် တစ်ယောက်ယောက်က ရိုက်နှက်ခံဖို့ ရောက်လာခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း... ငါ့မိဘတွေကို နင်လိုလူမျိုးက စော်ကားတာကို သူတို့ ခွင့်လွှတ်မှာ မဟုတ်ဘူး။"
ထျဲလန်ယန်သည် ချန်ပေါင်ကျူး၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်ပြီးနောက် သူမ၏ အော်ဟစ်သံများနှင့်အတူ တံမြက်စည်းကို ကောက်ကိုင်ကာ ဝှေ့ယမ်းရိုက်နှက်တော့သည်။
ဝမ်လိဟုန်က ဝင်ရောက်ကူညီရန် ပြေးလာသော်လည်း ထျဲလန်ယန်က သူမကိုပါ တစ်ပါတည်း ပညာပေးလိုက်သည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံးသည် အမြီးကုပ်ကာ ရှုံးနိမ့်သွားသော ခွေးအိုများကဲ့သို့ ပြေးကြရတော့သည်။
.....
ဝမ်လိဟုန်နှင့် ချန်ပေါင်ကျူးတို့သည် ညစ်နွမ်းစုတ်ပြတ်နေသော ပုံစံဖြင့် တည်းခိုခန်းသို့ ပြန်ရောက်လာကြသောအခါ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"ဝေကောလား။"
"အဖေ၊ အဖေက ဘာလို့ ဒီကို ရောက်နေတာလဲ။"
ဝမ်လိဟုန်နှင့် ချန်ပေါင်ကျူးတို့က သူ့ထံသို့ အပြေးအလွှား သွားရောက်နှုတ်ဆက်ကြသည်။
ချန်ဝေကောသည် သူတို့၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကို မြင်သောအခါ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဘာဖြစ်ကြတာလဲ၊ တစ်ယောက်ယောက်က မင်းတို့ကို ရိုက်လိုက်တာလား။"
"အဲဒီ ထျဲလန်ယန်ဆိုတဲ့ စုန်းမလေ... သူမက ရူးသွားပြီး သမီးနဲ့ အမေကို ဒီလောက်အထိ နာနာကျင်ကျင် ရိုက်နှက်လိုက်တာ။"
ချန်ပေါင်ကျူးက ချက်ချင်းပင် တိုင်တန်းတော့သည်၊ သူမ၏ စကားလုံးတိုင်းတွင် ထျဲလန်ယန်အပေါ် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
သူမသည် တမင်သက်သက် လုပ်ဆောင်ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူက ထျဲလန်ယန်အပေါ် ဘက်လိုက်သွားမည်ကို မလိုလားသဖြင့် သူမကို မကောင်းပြောကာ နာမည်ဖျက်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
သူမ၏ စကားကို ကြားပြီးနောက် ချန်ဝေကော၏ မျက်နှာ ညိုမည်းသွားကာ မေးလိုက်သည်။ "လိဟုန်... အဲဒီကောင်မလေးက တကယ်ပဲ ပေါင်ကျူးပြောသလို ရိုင်းစိုင်းပြီး အကျင့်စာရိတ္တ မကောင်းတာလား။"
"ရှင်က ပေါင်ကျူးပြောတာကို မယုံဘူးလား။"
ဝမ်လိဟုန်က မကျေမနပ်ဖြစ်ရသော အမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်မတို့တွေရဲ့ ဒဏ်ရာတွေကိုပဲ ကြည့်လိုက်ဦးလေ။"
ချန်ဝေကောက သူမကို သံသယစိတ်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ဒါပေမယ့်... သူမက ငါတို့ရဲ့ သမီးအရင်းလို့ မင်းပြောခဲ့တယ်မလား။ အဲဒါကို ဘာဖြစ်လို့ မင်းတို့ကို ဒီလိုမျိုး လုပ်ရတာလဲ။"
"ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ ကျွန်မက သူမကို မြို့ပေါ်ပြန်လိုက်ခဲ့ဖို့၊ ပြီးတော့ အလုပ်တစ်ခု စီစဉ်ပေးမယ်လို့ အကောင်းပြောတာကို... သူမက မကျေမနပ်နိုင် ဖြစ်နေတာ။"
ဝမ်လိဟုန် ဒေါသတကြီးဖြင့် အံကြိတ်မိလုနီးပါး ဖြစ်သွားသည်။
ယခုအချိန်အထိ ချန်ဝေကောက သူမအပေါ် သံသယဝင်နေဆဲပင်။
ချန်ပေါင်ကျူးကလည်း ကြားကနေ ဝင်ပြောသည်။ "ဟုတ်တယ် အဖေ... အဲဒီ ထျဲလန်ယန်က လောဘကြီးပြီး ကျေးဇူးမသိတတ်ဘူး၊ ယာယီအလုပ်လေးကိုတောင် သူမက အထင်သေးနေတာ။"
ချန်ဝေကော ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ငါ သိပြီ။ မနက်ဖြန်ကြရင် ငါကိုယ်တိုင် သွားလိုက်မယ်။ မင်းတို့နှစ်ယောက်လည်း သွားပြီး သန့်ရှင်းရေးလုပ်ကြဦး။ ပြီးရင် ငါတို့တွေ အစိုးရပိုင် စားသောက်ဆိုင်မှာ သွားစားကြမယ်၊ နှစ်သစ်ကူးကာလမို့လို့ မိသားစု စုံစုံလင်လင် ရှိသင့်တာပေါ့။"
ထိုစကားကို ကြားရသောအခါ ဝမ်လိဟုန်၏ ရင်ထဲမှ မကျေနပ်ချက်များ အနည်းငယ် ပြေပျောက်သွားရသည်။
သူက မိသားစုအပေါ် ဂရုစိုက်နေဆဲဖြစ်၍သာ ဤမျှအထိ ဝေးလံသောခရီးလမ်းကို လာရောက်ပူးပေါင်းခြင်း ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်လိုက်သည်။
"ယေး... စားရတော့မယ်။ အမေ... သမီးတို့တွေ သွားပြီး အဝတ်အစား လဲကြရအောင်။"
ချန်ပေါင်ကျူး အလွန်အမင်း ဝမ်းသာသွားပြီး မိခင်ဖြစ်သူကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
သူတို့ ပြန်ထွက်လာသောအခါ နှစ်ဦးစလုံးသည် အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြပြီ ဖြစ်သည်။
ဝမ်လိဟုန်က ချန်ဝေကောကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဝေကော... ခရိုင်ကုန်တိုက်ကနေ ကျွန်မဝယ်လာတဲ့ ဒီကုတ်အင်္ကျီအသစ်လေးက လှရဲ့လား။"
သို့သော်လည်း ချန်ဝေကောသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကိုသာ ကြည့်နေပြီး မော့ပင်မကြည့်ဘဲ အေးစက်စွာ တုံ့ပြန်ခဲ့သည်။ "ရိုးရိုးတန်းတန်း ကုတ်အင်္ကျီတစ်ထည်ပါပဲ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။"
ဝမ်လိဟုန်၏ မျက်နှာ ချက်ချင်း အမှောင်ကျသွားပြီး ဒေါသထွက်ရန် ပြင်လိုက်စဉ် သမီးဖြစ်သူ ချန်ပေါင်ကျူးက သူမ၏ လက်မောင်းကို အမြန်ဆွဲကိုင်ကာ ပြောလိုက်သည်။ "အမေ... သွားကြစို့၊ သွားကြစို့၊ သမီး ဗိုက်အရမ်းဆာနေပြီ၊ အမြန်သွားစားရအောင်။"
သူတို့သည် အစိုးရပိုင် စားသောက်ဆိုင်သို့ ရောက်ရှိပြီး ဟင်းပွဲအချို့ကို မှာယူလိုက်ကြသည်။
ချန်ပေါင်ကျူးက တစ်ဝိုင်းလုံး ပျော်ရွှင်စေရန်အတွက် ပျော်စရာကောင်းသော စကားများကို အဆက်မပြတ် ပြောဆိုပေးခဲ့သည်။
ဤသည်က ဝမ်လိဟုန်၏ မျက်နှာပေါ်တွင် အပြုံးအနည်းငယ် ပေါ်ထွက်လာစေသည်။
"ပေါင်ကျူး... သမီးက အမေ့ရဲ့ ရတနာလေးပါ။ သမီးက အမေ့ရဲ့ သမီးအရင်းဖြစ်ဖြစ်၊ မဖြစ်ဖြစ်... အမေက သမီးကို အမြဲတမ်း ချစ်နေမှာ။"
ဝမ်လိဟုန်က ဤစကားကို စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ခြင်းဖြစ်ရာ ချန်ပေါင်ကျူး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာရသည်။
သူတို့၏ ဘေးတွင်ရှိနေသော ချန်ဝေကောသည် မျက်တောင်နှစ်ချက်ခတ်လိုက်သော်လည်း မည်သည့်စကားမျှ ဝင်မပြောခဲ့ပေ။
ညစာစားပြီးနောက် သူတို့ သုံးဦးစလုံး တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။
ချန်ဝေကောသည် ဇနီးနှင့် သမီးဖြစ်သူတို့၏ ဘေးခန်းတွင် တည်းခိုခြင်းဖြစ်သည်။
အခန်းတံခါးဝသို့ ရောက်သောအခါ ဝမ်လိဟုန်က ယနေ့ညတွင် သူမနှင့်အတူ အခန်းတစ်ခန်းတည်း၌ တည်းခိုရန် စကားစရန် ပြင်လိုက်သော်လည်း ချန်ဝေကောက တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်သည်။
"တကယ်ကို စိတ်တိုဖို့ကောင်းတယ်၊ နင့်အဖေရဲ့ အမူအရာကို ကြည့်ဦး။"
ဝမ်လိဟုန်က ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး ချန်ပေါင်ကျူးမှာလည်း အနေခက်သွားရသည်။
ယခုကဲ့သို့ မိဘနှစ်ပါး ရန်ဖြစ်နေချိန်တွင် သူမအနေဖြင့် မည်သူ့ကိုမျှ ဝင်ရောက်ဖျန်ဖြေရန် မစွမ်းနိုင်ပေ။
နောက်တစ်နေ့တွင်မူ ချန်ဝေကောက ကွေ့ဟွာကျေးရွာသို့ တစ်ဦးတည်း သွားရောက်လိုကြောင်း ပြောသော်လည်း ဝမ်လိဟုန်က ခွင့်မပြုခဲ့ပေ။ "မဖြစ်ဘူး... အဲဒီကောင်မလေးရဲ့ စိတ်ဓာတ်က အရမ်းကြမ်းတမ်းတယ်။ ကျွန်မ ပေါင်ကျူးနဲ့အတူ လိုက်ခဲ့မယ်၊ လူများရင် သူမ ဘာမှ လျှောက်လုပ်ရဲမှာ မဟုတ်ဘူး။"
အဓိကအချက်မှာ ထိုကောင်မလေး၏ ပုံစံသည် မြေခွေးမ အားရှနှင့် အနည်းငယ် တူနေခြင်းပင် ဖြစ်သည်။ အစက သူမ သတိမထားမိခဲ့သော်လည်း မနေ့က သွားရောက်တွေ့ဆုံချိန်တွင် ထိုကောင်မလေးသည် မျက်မှန်မတပ်ထားသည့်အပြင် ရှေ့ဆံမြိတ်ကိုပါ အပေါ်သို့ လှန်တင်ထားခဲ့သည်။ ထိုလှပသော မျက်နှာလေးက သူမအား မနာလိုဝန်တိုစိတ် ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
ဝမ်လိဟုန် ဇွတ် ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း မည်သူမျှ တားဆီး၍မရတော့ပေ။ ချန်ဝေကောလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ရုံသာ ရှိတော့သည်။ "ကောင်းပြီလေ။"
ယနေ့သည် နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့ဖြစ်ပြီး နေရောင်ခြည်မှာ တောက်ပစွာ လင်းထိန်နေခဲ့သည်။ နေ့လယ်စာ စားပြီးနောက် ထျဲလန်ယန်သည် ခြံဝင်းထဲတွင် နေပူဆာလှုံရင်း သူမ စိုက်ပျိုးထားသော ပျိုးပင်ငယ်အချို့ကို ရေလောင်းနေခဲ့သည်။
ချန်ဝေကော ခြံထဲသို့ လျှောက်လှမ်းလာစဉ် သူမ၏ ဘေးတစောင်း ပုံရိပ်လေးကို မြင်လိုက်ရသဖြင့် သူ၏ ခြေလှမ်းများ တန့်သွားရသည်။
ထိုစဉ် ထျဲလန်ယန်က ခြေသံကြားသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ချန်ဝေကော၏ မျက်ဝန်းများ ပြူးကျယ်သွားရတော့သည်။ ထိုမျက်ဝန်းများက... အတိတ်ဘဝကအတိုင်းပင် ခံစားရစေသည်။ တကယ့်ကို တစ်ပုံစံတည်း တူလွန်းလှသည်။
"အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ ဝင်လာခဲ့လေ။"
ချန်ဝေကောသည် စိတ်ထဲတွင် မတတ်သာမှုနှင့် ဒေါသတရားများ ရောပြွမ်းသွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ခေါင်းညိတ်ကာ ဆက်လျှောက်လှမ်းလာခဲ့သည်။
သူတို့ သုံးဦး ခြံဝင်းအလယ်သို့ ရောက်ရှိလာချိန်တွင် ထျဲလန်ယန်၏ လက်ထဲ၌ တံမြက်စည်းတစ်ချောင်း ရောက်ရှိနေပြီဖြစ်သည်။
"တကယ်ပဲလား။ မနေ့က ကောင်းကောင်း အဆော်မခံရသေးလို့ ဒီနေ့ အရိုက်ခံဖို့ ထပ်လာကြတာလား။"
ရှင်တို့တွေက ဘယ်တော့မှ လက်မလျှော့တော့ဘူးလား။ ငါ့ကို လာလာပြီး အနှောင့်အယှက်ပေးနေတာ... တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်။
"ဝေကော... သူမရဲ့ အမူအရာကို ကြည့်ဦး။ ကျွန်မဖြင့် သူမကို ဘယ်လိုမှ ပြောလို့မရတော့ဘူး။"
ဝမ်လိဟုန်က ချန်ဝေကော၏ စိတ်ထဲတွင် ထျဲလန်ယန်အပေါ် အမြင်စောင်းသွားစေရန် တမင် သွေးထိုးပေးနေခြင်းဖြစ်သည်။
ချန်ဝေကောပါ ဤကလေးကို မုန်းတီးသွားမှသာ သူမ၏ အစီအစဉ်များ အဆင်ပြေချောမွေ့မည် ဖြစ်သည်။
ချန်ဝေကောက ဘာမှမပြောဘဲ ထျဲလန်ယန်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ဝမ်လိဟုန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး ရင်ထဲတွင် ဒေါသတရားများ ပေါ်ထွက်လာရသည်။
ထိုမိန်းမယုတ် အားရှနှင့် သူမ၏ မျက်ဝန်းများ တူညီနေခြင်းက ကံကောင်းလှသည်။
အကယ်၍ မျက်နှာတစ်ခုလုံးသာ တူနေပါက ချန်ဝေ့ကောတစ်ယောက် သူမဘေးကနေ ခွာတော့မည် မဟုတ်ပေ။