← Chapters

ယွင်ဖေးအား ထိန်းချုပ်ခြင်း

Vol. 005 Ch. 222

ယွင်ဖေးအား ထိန်းချုပ်ခြင်း

Vol. 005 Ch. 222

ယွင်ဖေးက ထိုအဖြစ်အပျက် များကို တွေ့မြင်လိုက်သော အခါ သူမမျက်နှာက ပိုမို ဖျော့တော့သွား၏။ သူမက နောက်သို့ အလိုအလျောက် ဆုတ်မိသွားမိသည်။ သူမ အမြင်၌သည် ဆံပင်အဖြူရောင်နှင့် လူငယ်လေး၏ ကျင့်ကြံမှုအဆင့်သည် အလွန် နက်ရှိုင်းသည်ဟု ထင်မိသည်။

အထူးသဖြင့် အံ့ဖွယ် ရတနာများကို အသုံးပြုလိုက်သည့် အချိန်မှာပေါ့။ သူမက သည်လူငယ်လေးအား စဦးစိတ်ဝိညာဉ် အဆင့်လို့တောင် ထင်မိလေသည်။ သို့သော် ဝမ်လင်းအပေါ် သူမ၏ ထင်မြင်ချက်သည် မှားယွင်းနေပေ၏။ တကယ်တော့ ဝမ်လင်းက အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သာ ရှိသေးပေသည်။ ပို၍ အရေးကြီးသည်မှာ ဝမ်လင်းသည် စိတ်ဝိညာဉ် အမြုတေကို ပိုင်ဆိုင်ထားခြင်းပင်။ သို့သော် ထိုစိတ်ဝိညာဉ် အမြုတေက ဝိညာဉ်စားသုံးသူ တစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို မတိုးမြှင့်ပေး နိုင်သော်လည်း လေ့လွင့်ဝိညာဉ် များကိုတော့ ဖန်တီးနိုင်စွမ်း ရှိနေ၏။ ထို့အပြင် ထိုစိတ်ဝိညာဉ် အမြုတေက လေ့လွင့်ဝိညာဉ်များအား ထိန်းချုပ်နိုင်သော အကျိုးကျေးဇူး ကိုလည်း ပေးစွမ်း၏။

ဝမ်လင်းက ချန်ခွမ်းကို သတ်ပစ်လိုက်ခြင်းမှာ သူအပျက်အစီး ကြယ်များအတွင်းမှ ထွက်လာသော သတင်းကို မပျံ့နှံ့၊ မသိရှိစေချင် သောကြောင့်ပင်။

ယွင်ဖေးသည် ဝမ်လင်းက အမြုတေကို မျိုချလိုက်သည်ကို တွေ့လိုက်ရသောအခါ အလွန်တုန်လှုပ် မိသွားစေ၏။ အဆိပ်ဘုရင် မှော်နန်းတော်၏ ခေါင်းဆောင်ပင် အမြုတေတစ်ခုကို အခြားဆေးများနှင့် သန့်စင်ခြင်းမရှိဘဲ မျိုချနိုင်လိမ့်မည် မဟုတ်ပေ။ သူမက အခုလို မြင်ကွင်းအား ဘယ်တုန်းကမှ မြင်ဖူးခဲ့ခြင်း မရှိပေ။ ဝမ်လင်းက ယွင်ဖေးအား လှမ်းကြည့် လိုက်သောအခါ သူမ တစ်ကိုယ်လုံးသည် တုန်ရီသွားမိသည်။ သူမက ဝမ်လင်းကို စေ့စေ့တောင် မကြည့်ရဲ ဖြစ်နေ၏။ ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။

“ငါကချန်ခွန်းကို သတ်ပြီး မင်းကို ကူညီခဲ့တယ်…မင်းငါ့ကို ဘာပြန်ပေးမှာလဲ…”

ယွင်ဖေးက သူမကိုယ်သူမ မနည်း တည်ငြိမ်အောင် လုပ်ကာ အားတင်းပြုံး၍ တုန်ရီစွာ ပြန်ဖြေလိုက်သည်။

“စီ … စီနီယာ … ဂျူနီယာက ချန်ခွန်းနဲ့ မသိပါဘူး…”

ဝမ်လင်းက စကားတစ်လုံးမှ မပြောဘဲ တည်ငြိမ်စွာ ဆက်ကြည့် နေလိုက်သည်။

ယွင်ဖေးက ဝမ်လင်း၏ အေးစက်စက် အကြည့်များကို တွေ့လိုက်သောအခါ သူမက ကြောက်ဒူးတုန် သွားပြန်သည်။ သည်လူငယ်လေးက သူမကို မိန်းကလေးဟူ၍ သက်ညှာပေးမည်ဟု မရှိပေ။ သူမက သည်လို လူမျိုးတွေက စိတ်မရှည် တတ်သည်ကို သိ၏။ သူမက သူစိတ်ဝင်စား စေမည့် အကြောင်းတစ်ခုခု မပြောနိုင်ဘူးဆိုလျှင် သေရန် တစ်လမ်းသာ ရှိသည်။

ဝမ်လင်းက အပျက်အစီး ကြယ်များထဲမှ သူထွက်လာသော သတင်းကို မပျံ့နှံ့စေချင်ပေ။ ထို့အတွက်လည်း ချန်ခွမ်းက အသက်ခံလိုက်ရပြီး ဖြစ်ကာ သူမသာ ကျန်တော့သည်။

သူမက အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆုံးဖြတ်လိုက်ဟန်ဖြင့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ဝမ်လင်းအား ပေးလိုက်သည်။

“စီနီယာ … ဒီကျောက်စိမ်းပြားထဲမှာ အဖိုးတန်‌ဆေး နည်းပါတယ် … ဒါကငါတို့ ချီဟောင်ကလန်ရဲ့ အကောင်းဆုံး ရတနာတစ်ခုလည်း ဖြစ်ပါတယ်…”

ဝမ်လင်းက ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူ့နတ်ဘုရား စိတ်အာရုံဖြင့် စစ်ကြည့်လိုက်ကာ ယွင်ဖေးအား ကြည့်လိုက်သည်။

ယွင်ဖေးက သည်ကျောက်စိမ်းပြားသည် ဝမ်လင်းကို စိတ်လှုပ်ရှားရန် မလုံလောက်ကြောင်း သိသောကြောင့် အနည်းငယ် စိုးရိမ်စိတ် ရှိသေး၏။ သည်အတွက်ကြောင့် သူမက သူ့စိတ်ကို အလျင်အမြန် အလုပ်ပေးလိုက်ပြီး ဝမ်လင်းအား ပြောလိုက်သည်။

“စီနီယာ … ကျွန်မက ချီလင်မြိုမှာ ကြီးပြင်းခဲ့ပြီး အဲဒီ နေရာအကြောင်းကို ကောင်းကောင်း သိပါတယ်…။ အဲဒီမှာ အိမ်လည်း ရှိပါတယ် … စီနီယာ တစ်ခုခု အလိုရှိရင် ကျွန်မ ကူညီပေးနိုင်ပါတယ်…”

ထို့နောက်သူမက ဆက်ပြော လိုက်ပြန်သည်။

“စီနီယာ ... ချီလင်မြိုက နယ်ခံမရှိဘူးဆိုရင် သုံးရက်ပဲ နေလို့ရတာကို စီနီယာသိလား … နောက်ထပ် ထပ်နေမယ်ဆိုရင် ဆယ်ရက်တာ အတွက် အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံးပေးရတယ်…။ ဂျူနီယာနဲ့ နေမယ်ဆိုရင်တော့ စီနီယာ ကြိုက်သလောက် နေလို့ရတယ်..”

“ဒါ့အပြင် ဂျူနီယာက နတ်ဆိုး ပင်လယ်မှာရှိတဲ့ မြို့တွေရဲ့ တည်နေရာတွေ၊ ကျင့်ကြံသူတွေရဲ့ အဆင့်တွေ အကြောင်းကိုလည်း သေချာသိတယ် … တကယ်တော့ ဂျူနီယာက ချန်ခွန်းရဲ့နောက်က လိုက်ဖမ်းတာကို မခံရဘူးဆိုရင် ဒီအပျက်အစီး ကြယ်တွေနား ရောက်လာဖြစ်မှာ မဟုတ်ပါဘူး…”

ယွင်ဖေးက သည်စကားများကို တရစပ်တည်း ပြောသွားပြီး သူမက ဝမ်လင်းအား ကြောက်ရွွှံ့စွာ ကြည့်လိုက်ပြန်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက်သူက လက်ရှေ့ ထုတ်လိုက်ရာ ယွင်ဖေးက အလိုအလျောက် နောက်ဆုတ်မိသွား၏။ တစ်ချိန်တည်းမှာပဲ ဝမ်လင်းက သူ့လက်ဖြင့် ပုံရိပ်ယောက် စက်ဝိုင်းတစ်ခု ဖော်ထုတ်လိုက်ပြီး ယွင်ဖေး၏ မျက်ခုံးကြားထဲသို့ ပို့လွှတ်လိုက်သည်။

“ဒီအတားအဆီးက သုံးရက်တစ်ကြိမ် အသက်ဝင် လာလိမ့်မယ်…။ ဒါအသက်ဝင် တိုင်းလည်း နင့်တစ်ကိုယ်လုံးက သွေးတွေက ပြောင်းပြန်စီးဆင်း စေလိမ့်မယ် … နင်ကျင့်ကြံမှု အဆင့်ကလည်း ကသောင်းကနင်း ဖြစ်သွာမယ် … နင်ကိုယ်ထဲမှာလည်း မီးကြယ်ငါးခုက တောက်လောင် လာလိမ့်မယ်…။ ငါသာ ဒါကို ရပ်တန့်အောင် မလုပ်ပေးဘူးဆိုရင် နင့်တစ်ကိုယ်လုံးက သွေးကန်တစ်ခုလို ဖြစ်သွားလိမ့်မယ်…”

ယွင်ဖေးမျက်နှာက ဖျော့တော့သွား၏။ သို့သော် သူမက မကြာခင် အသက်ဝဝ ရှူသွင်းကာ တည်ငြိမ်အောင် လုပ်လိုက်သည်။ အခုတော့ သူမအသက်က လုံခြုံသွားပြီ ဖြစ်၏။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ့ကိုချီလင်မြို့ကို လိုက်ပို့…”

ယွင်ဖေးက ခေါင်းညိတ်လိုက်ကာ ဓားပျံပေါ်သို့တက်၍ သွားလိုက်သည်။ သူမက ဂရုစိုက်၍ ဝမ်လင်းအား ဦးဆောင်လမ်းပြ လိုက်၏။ ဝမ်လင်းအတွက်တော့ ဓားပျံအား စီးနင်းစရာ မလိုချေ။ ဝမ်လင်းက ပျံသန်းရန်အတွက် စွဲငင်အားနည်း စနစ်အား အသုံးချရန်သာ လိုခဲ့၏။ ဤနည်းစနစ်သည် သူနှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ သောကြောင့် ပြီးပြည့်စုံစွာ ကျွမ်းကျင်နေပြီး ဖြစ်၏။ ဝမ်လင်းက ထိုနည်းစနစ်ကို အသုံးပြုရန် အတွက်လည်း စိတ်စွမ်းအင်ပမာဏ အလွန် နည်းပါးစွာသာ အသုံးပြုရန် လိုပေသည်။ ယွင်ဖေးက ဝမ်လင်း၏ ပျံသန်းခြင်း နည်းစနစ်ကို တွေ့လိုက်သောအခါ သူမနှလုံးသားက မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်ရပြန်သည်။

သူတို့ သွားရောက်နေသော မိုင်သုံးသောင်းသည် အလွန်မဝေးကွာ လှသော်လည်း တစ်နေကုန် ပျံသန်းပြီး နောက်မှာတောင် ဝမ်လင်းတို့သည် ချီလင်မြို့ကို မတွေ့မိကြသေးချေ။ ထိုအတွက်ကြောင့် ဝမ်လင်း၏ မျက်နှာက သုန်မှုန်မဲနက်လာ၏။ ယွင်ဖေးက ကြိတ်၍ တုန်လှုပ်မိနေသည်။ သူမက ချီလင်မြို့မှ အပျက်အစီး ကြယ်များဆီသို့ သွားရာလမ်းကို မမှတ်မိ ဖြစ်နေချေ၏။

ယွင်ဖေးက သက်ပြင်းတစ်ချက် ရှိုက်ကာ ဆက်၍ဦးဆောင် သွားလိုက်သည်။ ဝမ်လင်းက စကားများများ ပြောတက်သော လူစားမျိုး မဟုတ်ပေ။ ယွင်ဖေးကလည်း ထိုအတွက်ကြောင့် ဝမ်လင်းအား စကားကောင်းကောင်း မပြောရဲ ဖြစ်နေရ၏။ သည်လိုနဲ့ သူတို့ နှစ်ယောက်သားသည် တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြဘဲ သုံးရက်တာ ကုန်ဆုံးခဲ့ပြီ ဖြစ်၏။

သုံးရက်မြောက် ညနေခင်းမှာ ယွင်ဖေးကိုယ်ထဲရှိ အတားအဆီးက အသက်ဝင် လာခဲ့ကာ သူမက ဝမ်လင်း ပြောခဲ့သော နာကျင်မှုများကို ခံစားရတော့သည်။ သူမက တစ်ကိုယ်လုံး အရည်ပျော်ကျမတတ် ခံစားရ၏။

ယွင်ဖေးက ထိုသို့ ခံစားရပြီးနောက် ပုန်ကန်လိုသော အရိပ်အယောင်လေးပင် လုံးဝ လွင့်ပျောက် သွားတော့၏။ ဝမ်လင်းက သူမ စိတ်ထဲရှိ အတွေးများကို သိပေသည်။ တကယ်တော့ သူက လူများကို ထိန်းချုပ်ခြင်းထက် မကောင်းဆိုးဝါးများကို ထိန်းချုပ်ခြင်းတွင် ပို၍ ကျွမ်းကျင်ပေသည်။ သို့သော် သူအခု ယွင်ဖေးအပေါ် အသုံးပြုခဲ့သော နည်းစနစ်သည် မကောင်းဆိုးဝါးများ အပေါ် အသုံးပြုခြင်းနှင့် ဆင်တူနေခဲ့ပေ၏။

***

All Chapters