← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း။ ၃၅၄

ကောင်းကင်ဘုံပြင်ပ၌….

ကြယ်တာရာ ပင်လယ်ပြင်မှာ အဆုံးအစမဲ့ ကျယ်ပြောလှပြီး နို့နှစ်ရောင်လမ်းမကြီးမှာလည်း ဖြန့်ကျက်လျက်ရှိသည်။

အနက်ရောင် တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် လက်ကို နောက်ပစ်လျက် တစ်ဦးတည်း ရပ်တည်နေသည်။ သူ၏ မျက်ဝန်းရှည်တို့တွင် အေးစက်သော လျစ်လျူရှုမှုတို့ဖြင့် ပြည့်နှက်နေသည်။

စကြဝဠာ အနက်ရှိုင်းဆုံးနေရာမှ လေအဝှေ့တွင် ထိုလူငယ်၏ ဆံပင်နက်တို့မှာ ဝဲပျံနေသည်။ သူ၏ ပတ်လည်တွင်မူ တိတ်ဆိတ်ခြင်းတို့က အချိန်ကြာမြင့်စွာ လွှမ်းမိုးထားသည်။

စီကုံးရွှမ်းကျီမှာ ကြီးမားသော ကြယ်တာရာတစ်ခုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏ လက်တို့မှာ တုန်ယင်လျက် သွေးတို့ စီးကျနေပြီး သူ၏ အသက်စွမ်းအား နိဗ္ဗာနလက်နက် ပင် လက်ထဲမှ လွတ်ကျသွားကာ အဝေးတစ်နေရာတွင် လှံတံမှာ ပြင်းထန်စွာ တုန်ခါနေသည်။

ရွှမ်းကူအရှင်မှာ သွေးများ ပန်းထွက်အောင် ချောင်းဆိုးနေပြီး သူ၏မျက်နှာမှာ ရွှေရောင်စက္ကူကဲ့သို့ ဖျော့တော့နေသည်။

အဝေးတစ်နေရာတွင် ချင်းလုံအရှင်၏ အရိုးစုတစ်ခုလုံးမှာ အပိုင်းပိုင်း ကျိုးပဲ့သွားပြီး ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာသို့ ပစ်ချခံလိုက်ရသည်။

သို့သော် အဆိုးရွားဆုံးမှာမူ တာအိုကို ရှာဖွေရန် ချီလင်ရုပ်သွင်ကို ပုံဖော်ခဲ့သော ချီလင်အရှင်ပင်။

သူသည် အကြိမ်ပေါင်းများစွာ ကျိုးပဲ့ပြီး ပြန်လည်ဖြစ်တည်ခဲ့ရကာ ယခု ပြန်လည်ဖြစ်

တည်လာချိန်တွင် သူ၏ပုံစံကိုပင် မထိန်းနိုင်တော့ပေ။

သူ၏ ချီလင်ချိုမှာ ကျိုးပဲ့လျက်၊ နဖူးရိုးမှာ ကွဲအက်ကာ သွေးတို့မှာ အဆက်မပြတ် စီးကျနေသည်။ သူ၏ ရင်ဘတ်တွင်လည်း ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်နေပြီး ရှေ့မှနောက်သို့ ဖောက်ထွင်းသွားသည်။

သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး သူ၏မျက်ဝန်းများတွင် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

အချိန်ခဏလေးအတွင်းမှာပင် ချန်ကျီရှင်းသည် လေးဦးကို တစ်ဦးတည်းဖြင့် ရင်ဆိုင်ကာ အရပ်မျက်နှာအားလုံးကို ဖိနှိပ်ထားနိုင်သည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည့် အင်အားစုကြီးများမှ ပုဂ္ဂိုလ်ကြီးများမှာလည်း သူတို့၏ လည်ချောင်းကို ဧရာမ လက်တစ်ဖက်ဖြင့် ညှစ်ထားသကဲ့သို့ ခံစားနေရပြီး အသံတစ်စုံတစ်ရာ မထွက်နိုင်ကြပေ။

သူတို့သည် ဤတိုက်ပွဲ၏ မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်ခဲ့ကြသည်။

ချန်ကျီရှင်း အနိုင်ရကောင်း ရနိုင်မည်ဟု ယူဆခဲ့ကြသော်လည်း ဤမျှလောက် သွေးထွက်သံယိုများသော တိုက်ပွဲမျိုး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ချန်ကျီရှင်းမှာ မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်လာပြီး အရှင် လေးပါးလုံးကို အသက်လု၍ ထွက်ပြေးစေရမည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

"အရမ်း... အရမ်းကို ကြောက်ဖို့ကောင်းတယ်"

"ကောင်းကင်ဘုံရေ ချန်ကျီရှင်းက ၁၆ နှစ်ပဲ ရှိသေးတယ်။ နိဗ္ဗာနနယ်ပယ် အဆင့်သုံးပဲ ရှိသေးတာကို ထိပ်တန်း နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး လေးဦးကို အနိုင်ယူနိုင်တယ်ပေါ့"

"ဒဏ္ဍာရီပဲ ချန်ကျီရှင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကစလို့ သူရဲ့ ဒဏ္ဍာရီကို ထပ်ပြီး ချဲ့ထွင်တော့မှာပဲ"

"ကောင်းကင်တစ်ခွင် မြေတစ်ပြင်လုံးမှာ ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းနေတာပဲ သူက တကယ်ကို မရှုံးနိမ့်သူပဲ"

"ချန်ကျီရှင်းသာ ဒီထက်ပိုပြီး နိဗ္ဗာနနယ်ပယ်မှာ နှစ်အနည်းငယ်လောက် ဆက်လေ့လာရင် ဘယ်သူက သူ့ကို ဖိနှိပ်နိုင်တော့မှာလဲ"

"ချန်ကျီရှင်းရဲ့ စွမ်းအားက... အရင်က နဂါးနှင့်ကျားလို့ တင်စားခံရသော ချန်တောက်ယန်ရဲ့ စွမ်းအားကိုတောင်မှ လိုက်မီနေပြီ"

အင်အားစုအသီးသီးမှ ခေါင်းဆောင်များမှာ နှလုံးသားထဲတွင် တုန်လှုပ်နေကြသည်။

တစ်ချိန်တည်းမှာပင်။

ရှူး ရှူး ရှူး ရှူး

စီကုံးရွှမ်းကျီမှာ ထပ်မံထရပ်ရန် ရုန်းကန်လိုက်ပြီး သူ၏မျက်လုံးများမှာ အမြဲတမ်း စောင့်ကြည့်နေသော ထျန်းလော့အရှင်ထံသို့ စူးရှစွာ ပြောင်းလဲသွားသည်။

"ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်"

စီကုံးရွှမ်းကျီက လေးစားသမှုဖြင့် ပြောလိုက်သည်။

ယခင်က မရှိခဲ့ဖူးသည့် ရိုသေလေးစားမှုကို ပြသလိုက်ခြင်းပင်။

ထျန်းလော့အရှင်မှာ စကားဖြင့် တုံ့ပြန်ခြင်းမရှိဘဲ ခေါင်းကိုသာ ညိတ်ကာ ညင်သာစွာ သက်ပြင်းချလိုက်ပြီး အဝေးမှ ရှေ့သို့ တိုးလာသည်။

သူ၏ မသေမျိုးချီမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆုံးမရှိသော မသေမျိုး အလင်းတန်းများဖြင့် ရေချိုးထားသကဲ့သို့ ဖြစ်နေပြီး ခြေလှမ်းတစ်လှမ်းတိုင်းတွင် လောက၏ အရပ်ဆယ်မျက်နှာကို တုန်လှုပ်သွားစေသည်။

နိဗ္ဗာနနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အရောင်အဝါများမှာ ဖြာထွက်နေပြီး ကောင်းကင်ကိုပင် ရှုပ်ထွေးခြင်း အဖြစ် ပြန်လည်ပုံဖော်ရန် နှိုးဆွနေသယောင် ရှိသည်။

"ဟင်"

ချန်ကျီရှင်းက မျက်ခုံးကို ပင့်ကာ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့ဝင်သွားသည်။

ဤထျန်းလော့အရှင်မှာ ကျန်ပုဂ္ဂိုလ်လေးဦးပေါင်းစပ်ထားသည့် စွမ်းအားထက်ပင် ပိုမိုကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

"နောက်ဆုံးတော့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"

သူ့ခါးတွင် ချိတ်ဆွဲထားသော ရှေးဟောင်း အစိမ်းရောင်နတ်ဘုရားဓားမှာ ကျယ်လောင်သော ဓားမြည်သံများကို စတင်ထုတ်လွှတ်နေသည်။

ထိုဓားမှာ ထွက်ပေါ်လာရန် စိတ်အားထက်သန်နေပြီး ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းရန် အသင့်ရှိနေပုံပင်။

တစ်ချိန်တည်းမှာပင် စီကုံးရွှမ်းကျီ၊ ချင်းလုံအရှင်နှင့် အခြားသူတို့မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်တည်ငြိမ်မှု ပြန်လည်ရရှိသွားကြသည်။

ရှူး

စီကုံးရွှမ်းကျီက သူ၏ လက်ဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်ရာ နဂါးပုံဖော်ထားသော လှံရှည်မှာ သူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ချင်းလုံအရှင်နှင့် ရွှမ်းကူအရှင်တို့မှာလည်း နိဗ္ဗာနစွမ်းအားများကို စုစည်းကာ သူတို့၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ပြုပြင်လိုက်ကြသည်။

ချီလင်အရှင်ပင်လျှင် သူ၏စိတ်ကို အနည်းငယ် တည်ငြိမ်စေလိုက်ပြီး တိုးညှင်းစွာ အော်လျက် ရှေ့သို့ တိုးလာသည်။

နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး ငါးဦးတို့သည် ချန်ကျီရှင်း၏ ထွက်ပေါက်လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်ကြသည်။

"ချန်ကျီရှင်း မင်းက မှားယွင်းတဲ့ ခေတ်ကာလမှာ မွေးဖွားလာတာပဲ။ အကယ်၍သာ ခေတ်ကြီးက မပြောင်းလဲခဲ့ရင် လောကကြီးက တာအိုနဲ့ ထာဝရအသက်ရှည်ခြင်းကို ရှာဖွေနေတုန်းသာဆိုရင် မင်းက လူ့လောကမှာ မသေမျိုးအသီးကို အမှန်တကယ် ဆွတ်ခူးနိုင်မှာပဲ"

"ဒါပေမဲ့ ဒီဘဝမှာတော့ မင်းက ဒီနေရာမှာပဲ သွေးစွန်းပြီး အသက်ဆုံးရှုံးဖို့ ကံကြမ္မာပါလာခဲ့တာပဲ"

ထျန်းလော့အရှင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး နောင်တရသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

နောက်တစ်ခဏတွင် မည်သို့မျှ တွန့်ဆုတ်ခြင်း မရှိတော့ဘဲ…

"အခုပဲ အဆုံးသတ်လိုက်တော့မယ်"

ထျန်းလော့အရှင်မှာ လက်ဖြင့် ဓမ္မတံဆိပ်တစ်ခုကို ပုံဖော်လိုက်ပြီး အာကာသထဲသို့ ဆန့်ထုတ်လိုက်သည်။

ဘုန်း

အထွတ်အထိပ်သို့ နီးကပ်နေသည့် နိဗ္ဗာနစွမ်းအားမှာ ကမ်းပါးကို ရိုက်ခတ်နေသည့် လှိုင်းလုံးကြီးများအလား ပေါက်ကွဲထွက်လာသည်။

ထိုအရှိန်အဝါ သက်သက်သည်ပင်လျှင် သာမန် နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုပင် ကြိတ်ခြေ၍ ဖျက်ဆီးပစ်နိုင်လောက်သည်။

ရှူး

ပေပေါင်း တစ်သောင်းမြင့်သော နတ်ဘုရား ရေတံခွန်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ရှုပ်ထွေးသော အပိုင်းအစများ လွင့်ပျံနေပြီး အချိန်စွမ်းအားများမှာ ပြန့်နှံ့နေသည်။

ထိုရေတံခွန်မှာ ကောင်းကင်ဘုံမှ ရေများ မဟုတ်ဘဲ နတ်ဘုရား အလင်းတန်းပေါင်းများစွာ ဖြစ်သည်။

ဤရေတံခွန်ကြီးမှာ ချန်ကျီရှင်းထံသို့ ပြိုကျလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။

"ချန်ကျီရှင်း မင်း တကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ငါတို့ အသိအမှတ်ပြုပါတယ်။ ငါတို့ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်"

"ဒါပေမဲ့ ဒီနေ့တော့ မင်း ရှုံးနိမ့်ဖို့ ကံကြမ္မာပါလာပြီ"

ချင်းလုံအရှင်က ဟိန်းဟောက်လိုက်ပြီး သူ၏ ပါးစပ်မှတစ်ဆင့် ဒဏ္ဍာရီလာ မဟူရာရေနှင့် ဆင်တူသော အနက်ရောင် အဆိပ်ရည်များစွာကို ချန်ကျီရှင်းထံသို့ ပစ်လွှတ်လိုက်သည်။

အနက်ရောင် အဆိပ်ရည် တစ်စက်ချင်းစီမှာ ရာစုနှစ်ပေါင်းများစွာ သွန်းလုပ်ထားခြင်းဖြစ်ပြီး တောင်ပေါင်း တစ်သိန်းကိုပင် လျင်မြန်စွာ အရည်ပျော်စေနိုင်သည့် စွမ်းအားရှိသည်။

ယခုအခါ အဆိပ်ရည်ပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းတို့မှာ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထို့အပြင် စီကုံးရွှမ်းကျီသည်လည်း နဂါးပုံဖော်ထားသော လှံရှည်ကို ဘေးဖယ်လိုက်ပြီး သူ၏ရှေ့တွင် အဖြူအမည်း အရောင်ရှိသော စစ်တုရင်ခုံတစ်ခုကို ပေါ်ထွက်လာစေသည်။

ချန်ကျီရှင်း၏ အကြည့်တို့မှာ ဝေဝါးသွားပြီး သူကိုယ်တိုင် စစ်တုရင်ခုံပေါ်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

ဧရာမ ကျောက်စိမ်းဖြူ လက်တစ်ဖက်က အနက်ရောင် စစ်တုရင်ရုပ်ကို ကောက်ယူလိုက်ပြီး သူ့ထံသို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရသည်။

ရွှမ်းကူအရှင်နှင့် ချီလင်အရှင်တို့မှာလည်း သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ပြီး ချန်ကျီရှင်းကို တိုက်ခိုက်ကြသည်။

ဤအခိုက်အတန့်တွင် နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး ငါးဦးတို့မှာ ဘာကိုမျှ ချန်မထားတော့ဘဲ ချန်ကျီရှင်းကို အသက်သေစေနိုင်သည့် တိုက်ခိုက်မှုများကို ပြုလုပ်လိုက်ကာ သူတို့၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

လောကကြီးတစ်ခုလုံးပင် နှစ်ပိုင်း ပြတ်ထွက်သွားတော့မည့်အလားပင်။

ပထမဆုံးအကြိမ်အဖြစ် ချန်ကျီရှင်း၏ မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာသည်။ ဤ နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး ငါးဦးထဲမှ တစ်ဦးချင်းစီတိုင်းမှာ ထောင်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများဖြစ်ပြီး အဆုံးမရှိသော အခြေခံအုတ်မြစ်များနှင့် ချီစွမ်းအင်တို့ကို ပိုင်ဆိုင်ထားသူများဖြစ်သည်။

တစ်ဦးချင်းစီ ယှဉ်ပြိုင်ရမည်ဆိုလျှင် သူသည် မည်သူ့ကိုမဆို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိသည်။

ချီလင်အရှင်ကဲ့သို့ အစွမ်းထက်သူကိုပင် သူ၏စွမ်းအားဖြင့် ဖိနှိပ်နိုင်လိမ့်မည်ပင်။

All Chapters