← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း။ ၃၅၇

"ဒီဓားရဲ့ နာမည်က..."

"ရှုပ်ထွေးခြင်းကို ဖောက်ထွင်းခြင်း"

ချန်ကျီရှင်း၏ ဖြူစင်သွယ်လျသော လက်ချောင်းငါးချောင်းက ခါးတွင်ချိတ်ထားသည့် အစိမ်းရောင်ရှေးဟောင်းဓားကို ဆွဲထုတ်လိုက်သောအခါ။

ဘုန်း

လောကကြီးတစ်ခုလုံး တုန်လှုပ်သွားမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏လက်ထဲတွင် သံချေးများ တက်နေသော ရှေးဟောင်းဓား၏ ဓားသွားမှာ အနက်ရောင် သံချေးများ တစ်စချင်းစီ ကွာကျသွားသည်။

အချိန်ကာလကို ကျော်လွန်ပြီး ထာဝရအသက်ရှည်ခြင်းကာလကို လွှမ်းမိုးထားနိုင်သည့် နတ်ဘုရားဓားတစ်လက်မှာ စကြဝဠာတစ်ခုလုံးကို တောက်ပသွားစေသည်။

ဤဓားသည် ရှေးယခင်ခေတ်အခါက မသေမျိုးလက်နက်တို့၏ ထိပ်တန်း အမှတ်အသားဖြစ်ခဲ့သော အစိမ်းရောင်ရှေးဟောင်းဓား၏ စစ်မှန်သော ရုပ်သွင်ပင်။

နောက်တစ်ခဏတွင် အဆုံးမရှိသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းများ ပေါ်ထွက်လာသည်။

ဓားအလင်းတန်း တစ်ခုစီတိုင်းမှာ အဆုံးမရှိသော ရှုပ်ထွေးခြင်း စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး ကြယ်တာရာတစ်ခုကိုပင် အားစိုက်ထုတ်စရာမလိုဘဲ နှစ်ပိုင်းပိုင်းနိုင်ကာ အရာအားလုံးကို အပျက်အစီးများအဖြစ် ပြောင်းလဲနိုင်သည်။

ဓားအလင်းတန်းများမှာ တရိပ်ရိပ် ထွက်ပေါ်လာပြီး ၎င်းတို့၏ စွမ်းအားမှာ ပြင်းထန်လှသဖြင့် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရိုက်ခတ် ယှက်နွယ်နေသည်။

ချန်ကျီရှင်းကို ဗဟိုပြု၍ မိုင်ပေါင်း တစ်သောင်းကျော်ရှိ ကောင်းကင်ယံမှာ ဓားများဖြင့် ဆူပွက်နေသော ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ချန်ကျီရှင်းမှာ ထိုဓားပင်လယ်၏ ဗဟိုတွင် ရပ်တည်နေသည်။ သူသည် ကြယ်တာရာများကိုပင် ဖြတ်တောက်နိုင်သည့် အတုမရှိသော ဓားနတ်ဘုရားအလားပင်။

သူ၏ ရှုပ်ထွေးခြင်း ဓားအလင်းတန်းများမှာ ကောင်းကင်ဘုံနှင့် နယ်ပယ်ပေါင်းစုံကိုပင် တားဆီး၍မရနိုင်အောင် လွှမ်းခြုံသွားတော့သည်။

ရှူး

ဤအခိုက်အတန့်တွင် အစိမ်းရောင်နတ်ဘုရားဓားမှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါသံများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

ရှေးယခင်ကတည်းက တံဆိပ်ခတ်နှိပ် ခံထားခဲ့ရပြီး ယခုကဲ့သို့ ကမ္ဘာလောကကို ပြန်လည် ထွန်းလင်းတောက်ပရမည့် အချိန်ကို စောင့်မျှော်ခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ဤကမ္ဘာလောကကြီးတွင် သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပြသရန် သူ စိတ်မရှည်တော့ပေ။

"ခုတ်စမ်း"

ချန်ကျီရှင်း၏ ဆံပင်နက်များမှာ လေထဲတွင် ဝဲပျံနေပြီး ချဉ်းကပ်လာသော နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး ငါးဦးဆီသို့ ဓားကို ခုတ်ချလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ထောင်ပေါင်းများစွာသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီများမှာ ရှေ့ဆုံးမှ တိုးဝင်လာသော ချီလင်အရှင်နှင့် ရွှမ်းကူအရှင်တို့ဆီသို့ ချက်ချင်းပင် ခုတ်ချလိုက်သည်။

၎င်းတို့သည် စကြဝဠာကို အပျက်အစီးများအဖြစ် ပြောင်းလဲကာ ကမ္ဘာမြေကို ဖျက်ဆီးရန် ရည်ရွယ်ထားခြင်းပင်။

ထိုဓားချီများထဲတွင် မိုးခြိမ်းသံများ၊ ရေနှင့်မီးတို့၏ ပေါင်းစပ်မှု၊ နွားနတ်ဘုရား၏ ဟိန်းဟောက်သံ၊ ဗုဒ္ဓ၏ စူးရှသော အကြည့်နှင့် ကမ္ဘာမြေ၏ ဆွဲငင်အား၊ အသက်သေခြင်း စက်ဝန်းတို့ ပါဝင်နေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဓားချီများမှာ ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်၊ အသက်စွမ်းအားနှင့် သက်တမ်းကိုပါ ဖြတ်တောက်နိုင်စွမ်းရှိသည်။

"ဒီ"

နိဗ္ဗာနနယ်ပယ် ပုဂ္ဂိုလ်ကြီး ငါးဦး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏ နှလုံးသားထဲတွင် ယခင်က မကြုံဖူးသော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာသည်။

ဓားပင်လယ်ထဲတွင် သူတို့မှာ မုန်တိုင်းထန်သော ပင်လယ်ပြင်ရှိ သစ်ရွက်ခြောက်ကဲ့သို့ ဖြစ်နေပြီး ဧရာမ လှိုင်းလုံးကြီးများ၏ ဝါးမြိုခြင်းကို ခံရတော့မည့်အခြေအနေပင်။

ယခင်က တည်ငြိမ်နေခဲ့သော ထျန်းလော့အရှင်ပင်လျှင် အသားအရေမှာ ဖျော့တော့သွားပြီး သူ၏မျက်ဝန်းထဲတွင် ယခင်က မရှိခဲ့ဖူးသော ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။

"အာ"

ရှေ့ဆုံးတွင်ရှိသော ချီလင်အရှင်မှာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

သူ၏ နိဗ္ဗာနနယ်ပယ် အဆင့်ကိုး စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်သုံးကာ သူ၏ ပတ်လည်တွင် ချီလင် နတ်ဘုရား မီးတောက်များကို ပေါက်ကွဲထွက်စေပြီး ကြယ်တာရာကိုပင် ဖြတ်တောက်နိုင်သည့် ဓားချီများကို တားဆီးရန် အစွမ်းကုန် ကြိုးစားသည်။

သို့သော်လည်း အားလုံးက အလကားပင်။

ဓားချီများမှာ ရေလွှမ်းမိုးသကဲ့သို့ အဆုံးမရှိ စီးဆင်းလာပြီး သူ၏ ချီလင်ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာများကို တစ်ခုပြီးတစ်ခု ထွင်းထုသွားသည်။

ချီလင်၏ ရွှေရောင်သွေးများမှာ သူ၏ခန္ဓာကိုယ်ရှိ ချွေးပေါက်ပေါင်း သန်းပေါင်းများစွာမှတစ်ဆင့် ရူးသွပ်စွာ ပန်းထွက်လာပြီး စကြဝဠာတစ်ခုလုံးကို သွေးစွန်းစေသည်။

ဘုန်း

ချီလင်အရှင်မှာ ဦးခေါင်းမှစ၍ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားပြီး အဆုံးမရှိသော ဓားအလင်းတန်းများ၏ အပိုင်းပိုင်းခုတ်ထစ်ခြင်းကို ခံလိုက်ရသည်။

ချီလင်၏ သွေးများမှာ အာကာသထဲသို့ ပြန့်ကျဲသွားပြီး ဥက္ကာပျံများကို မီးတောက်နေသော အနီရောင်အဖြစ် ပြောင်းလဲစေသည်။

သူသည် ပြန်လည်ဖြစ်တည်ရန် ကြိုးစားသော်လည်း အဆုံးမရှိသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

အသက်ရှူချိန် သုံးချက်အတွင်းမှာပင်

ဘုန်း

ကောင်းကင်ယံအစွန်းတွင် မီးတောက်နေသော နေနီကြီးတစ်ခု ကြွေကျသွားသည်။

နေဝင်သွားသည်နှင့်အတူ ရှေးဟောင်း ချီလင်တစ်ကောင်၏ ကြေကွဲဖွယ် ဟိန်းဟောက်သံကို အနည်းငယ် ကြားလိုက်ရသည်။

ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးတို့က ဝမ်းနည်းပူဆွေးကြပြီး မဟာတာအိုတို့ တုန်လှုပ်ကာ ကြေကွဲဖွယ် သီချင်းတစ်ပုဒ်ကို သီဆို လိုက်သည်။

ထိုသည်မှာ နိဗ္ဗာနနယ်ပယ် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ ကျဆုံးခြင်းဖြစ်ပြီး ကမ္ဘာလောကကြီးက သူ၏လမ်းခရီး ပို့ဆောင်ပေးနေခြင်းပင်။

ဤသည်ကလည်း မြောက်ပိုင်းလွင်ပြင်မှ ထွက်ပေါ်လာပြီး ထောင်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ချီလင်အရှင်မှာ ခန္ဓာကိုယ်နှင့် တာအိုတို့ လုံးဝ ပျက်သုဉ်းသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ရှူး ရှူး ရှူး

ဓားပင်လယ်၏ ဗဟိုတွင် ရပ်တည်နေသော ချန်ကျီရှင်းသည် သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ခါယမ်းလိုက်သည်။

ထိုအခါ အဆုံးမရှိသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းတို့သည် လှိုင်းလုံးကြီးများအလား ထပ်မံပေါက်ကွဲထွက်လာပြီး ကျန်ရှိနေသော ထိပ်တန်း နိဗ္ဗာနပုဂ္ဂိုလ် လေးဦးထံသို့ ခုတ်ချလိုက်သည်။

"မလုပ်နဲ့"

အလွန်အမင်း မကျေနပ်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ရွှမ်းကူအရှင်၏ နဖူးမှာ ကွဲအက်သွားပြီး ရှုပ်ထွေးခြင်း ဓားအလင်းတန်းတို့က သူ၏ အသိစိတ်ပင်လယ်ကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။

သူ၏ နတ်ဘုရားအာရုံကို ထိန်းသိမ်းထားသော ရှီးယီ နယ်ပယ်မှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။

သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ဖျက်ဆီးခံနေရပြီး သူ၏ အသိစိတ်ပင်လယ်မှာလည်း လျင်မြန်စွာ ပြိုလဲနေသည်။

ချီလင်အရှင် ကျဆုံးသွားသည့် အချိန်နှင့် တစ်ပြိုင်နက်နီးပါးပင်။

ဘုန်း

ကောင်းကင်ယံအစွန်းတွင် မကောင်းဆိုးဝါး စွမ်းအားတို့ဖြင့် တောက်ပနေသော ဦးခေါင်းခွံနှင့်တူသည့် အရောင်ဖျော့ နေလုံးကြီးတစ်ခု ထပ်မံကျရောက်သွားသည်။

ချီလင်အရှင်ပြီးနောက် ရွှမ်းကူအရှင်မှာလည်း ကျဆုံးသွားခဲ့သည်။

သို့သော် မည်သူမျှ သူတို့၏ အသက်သေဆုံးခြင်းကို ဂရုမစိုက်ကြတော့ပေ။

"အား ဖျက်ဆီးပစ်စမ်း"

ချင်းလုံအရှင်မှာ ကြယ်တာရာ ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဧရာမ နဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

သူသည် ခန္ဓာကိုယ်ကို အဆက်မပြတ် လိမ်ကောက်နေပြီး သူ၏ခေါင်း၊ အမြီးနှင့် လက်သည်းများဖြင့် သူ့ကို တိုက်ခိုက်နေသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းများကို တားဆီးရန် ကြိုးစားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဓားဒဏ်ရာများမှာ အဆက်မပြတ် ပေါ်ထွက်နေသည်။

အသားစများ လွင့်စဉ်သွားပြီး နဂါးသွေးများမှာ အသားစများနှင့် ရောနှောကာ ကောင်းကင်ဘုံပြင်ပမှ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ကျရောက်လာသည်။

ခဏလေးအတွင်းမှာပင် စီကုံးမျိုးနွယ်စုကို ထောင်စုနှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သည့် ဤအစွမ်းထက်သတ္တဝါမှာ အသားများ အကုန်အစင် ကွာကျသွားပြီး အရိုးဖြူစုအဖြစ်သာ ကျန်ရစ်တော့သည်။

အကြောက်မက်ဖွယ်ကောင်းဆုံးမှာ ရှုပ်ထွေးခြင်း ဓားချီထဲတွင် ပါဝင်နေသည့် အသက်သေခြင်း စွမ်းအားဖြစ်သည်။

၎င်းက သူ၏ အသက်စွမ်းအားကို လုံးဝ ပျက်သုဉ်းစေသဖြင့် နိဗ္ဗာနနယ်ပယ် ပြန်လည်ဖြစ်တည်ခြင်းကို လုံးဝ မလုပ်ဆောင်နိုင်တော့ပေ။

"မဖြစ်ဘူး..... ချန်ကျီရှင်း ငါ့ရဲ့ ကျင့်ကြံမှု ဒီအဆင့်အထိ ရောက်အောင် ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ မင်းသိလား"

"ငါ့ကို မသတ်ပါနဲ့ မင်းရဲ့ မြင်းလိုပဲ ဖြစ်ဖြစ် မင်းအတွက် တိုက်ပေးပါ့မယ်"

သူ၏ အသက်စွမ်းအား မီးတောက်များ ငြိမ်းသတ်ခါနီးတွင် ချင်းလုံအရှင်သည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် ချန်ကျီရှင်းကို ကြည့်ကာ အော်ဟစ်လိုက်သည်။

သူသည် ယခင်က ဘယ်သောအခါမျှ မခံစားခဲ့ရဖူးသော ကြောက်ရွံ့မှုကို ခံစားနေရသည်။

သူကဲ့သို့သော သတ္တဝါမျိုးမှာ ချီလင်အရှင်ကဲ့သို့ မွေးရာပါ အစွမ်းထက်သူ မဟုတ်ပေ။ မြွေတစ်ကောင်မှသည် စပါးအုံမြွေအဖြစ်၊ ထိုမှတစ်ဆင့် နဂါးအဖြစ်သို့ အဆင့်ဆင့် ရုန်းကန်လာခဲ့ရသူဖြစ်သည်။

သူခံစားခဲ့ရသော ဒုက္ခများမှာ သူတစ်ပါးတို့ နားလည်နိုင်စွမ်းမရှိပေ။

သူသည် ထိုနေရာတွင် လုံးဝ မသေဆုံးချင်ပေ။

သို့သော်လည်း…

"နောက်ကျသွားပြီ"

ချန်ကျီရှင်း၏ ဆံပင်နက်များမှာ လေထဲတွင် ဝဲပျံနေသည်။

သူ၏အကြည့်မှာ ရေကဲ့သို့ အေးစက်နေပြီး လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ညှစ်လိုက်သည်။

ဖူး….

ချက်ချင်းပင် စီကုံးရွှမ်းကျီနှင့် ထျန်းလော့အရှင်တို့ကို အနားမပေးဘဲ တိုက်ခိုက်နေသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းများ အားလုံးသည် ချင်းလုံအရှင်ထံသို့ ဦးတည်သွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ကြီးမားလှသည်။

ပေပေါင်း ထောင်သောင်းချီ ရှည်လျားသော ချင်းလုံအရှင်၏ အရိုးစုမှာ ရှုပ်ထွားခြင်း ဓားအလင်းတန်းများဖြင့် အကုန်အစင် ဝါးမြိုခံလိုက်ရသည်။

ဓားအလင်းတန်းများ မြှုပ်နှံထားသည့် နေရာမှ အဆုံးမရှိသော ဟိန်းဟောက်သံများကိုသာ ကြားလိုက်ရသည်။

အသက်ရှူချိန် ခုနစ်ချက်အတွင်းမှာပင်..

ဘုန်း

ကောင်းကင်ယံအစွန်းမှ မိုးပြာရောင် နေလုံးကြီးတစ်ခု ထပ်မံကျရောက်သွားသည်။

ကောင်းကင်ဘုံမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားပြီး ကြေကွဲဖွယ် တေးသီချင်းကို သီဆို လိုက်သည်။

ချင်းလုံအရှင် သေဆုံးသွားပြီ…..

ဓားပင်လယ်၏ ဗဟိုတွင် ချန်ကျီရှင်း၏ နဖူးပေါ်တွင် ကောင်းကင်ပုံစံ အမှတ်အသားတစ်ခု ပေါ်လာသည်။

သူ၏ဦးခေါင်းထက်မှ ရှုပ်ထွေးခြင်းချီများမှာ အဆက်မပြတ် ကျရောက်လာပြီး ရှုပ်ထွေးခြင်း ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ အရာအားလုံးကို ဖျက်ဆီးပစ်သည်။

ဆေးလုံးအစုအဝေးများကို ချန်ကျီရှင်းက အဆက်မပြတ် စားသုံးလိုက်ရာ ၎င်းတို့မှာ အဆုံးမရှိသော ရှုပ်ထွေးခြင်း စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ အင်အားသုံးစွဲမှုကို ပြန်လည်ဖြည့်တင်းပေးသည်။

ဤအရာအားလုံးမှာ ပြောပြရလျှင် နှေးကွေးသော်လည်း တကယ်တမ်းတွင်မူ မျက်စိတစ်မှိတ်အတွင်း၌ပင် ဖြစ်ပျက်သွားခြင်းပင်။

ချီလင်၊ ရွှမ်းကူ၊ ရေနဂါး စသည့် နိဗ္ဗာနပုဂ္ဂိုလ်ကြီး သုံးဦးတို့၏ ကျဆုံးခြင်းမှာ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဖြစ်ပျက်သွားသည်။

"ထပ်ပြီး ထလာစမ်း"

ချန်ကျီရှင်း၏ အကြည့်မှာ လျှပ်စီးအလား တောက်ပနေသည်။

သူသည် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရသော စီကုံးရွှမ်းကျီနှင့် ထျန်းလော့အရှင်တို့ကို ကြည့်ကာ ဓားကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။

ရှူး

ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရှုပ်ထွေးခြင်း ဓားအလင်းတန်းတို့က ပြန်လည် တောက်လောင်လာပြီး စီကုံးရွှမ်းကျီနှင့် ထျန်းလော့အရှင်ထံသို့ ခုတ်ချလိုက်သည်။

All Chapters