← Chapters

အခန်း ၈၁၃

Vol. 77 Ch. 813

အခန်း ၈၁၃

Vol. 77 Ch. 813

အခန်း (၈၁၃) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ အလယ်အလတ်ကမ္ဘာငယ်များစွာကို ဖမ်းယူခြင်းနှင့် ဂိုဏ်း၏ကံကြမ္မာစွမ်းအားများ ကောင်းကင်ထိတိုင် ထိုးတက်သွားခြင်း(၃)။

"ကောင်းပါပြီ၊ ဂိုဏ်းချုပ်ကြီး...”

ရွှမ်ဟွမ်ဂိုဏ်းတပည့်များက ချက်ချင်းပြန်ဖြေလိုက်ကြပြီး နေရာအနှံ့ လူစုခွဲကာ ယင်ရှားဂိုဏ်း၏ အကြွင်းအကျန်များကို စတင်ရှင်းလင်းကြလေသည်။

ယခုလေးတင် ဂိုဏ်းချုပ်က ကိုယ်တိုင်လှုပ်ရှားကာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကျင့်ကြံသူ အမြောက်အမြားကို ဖျက်ဆီးပစ်ခဲ့သောကြောင့် ကျန်ရစ်နေသော အကြွင်းအကျန်များကို သူတို့ကိုယ်တိုင် ရှင်းလင်းရမည်မှာ သဘာဝပင် ဖြစ်၏။ အရာအားလုံးကို ဂိုဏ်းချုပ်ချည်းသာ လှုပ်ရှားခိုင်း၍ မဖြစ်နိုင်ချေ။

ရွှစ်… ရွှစ်… ရွှစ်…။

ခဏအကြာတွင် ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ဖြာထွက်လာတော့သည်။ ထွက်ပြေးချင်နေသော ယင်ရှားဂိုဏ်း ကျင့်ကြံသူများစွာမှာ ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရပြီး အသက်ပျောက်ကာ တာအိုလမ်းစဉ် ပျက်စီးသွားကြ၏။

စိတ်ဝိညာဉ်စိုက်ခင်းကို စောင့်ကြပ်နေပြီး မိုးမမြင်လေမမြင် မောက်မာနေခဲ့သော ယင်ရှားဂိုဏ်း အတွင်းစည်းတပည့်ပင်လျှင် ဓားအလင်းတန်းတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သွေးအိုင်ထဲတွင် လဲကျသွားကာ မျက်စိပင်မမှိတ်နိုင်ဘဲ သေဆုံးသွားပုံရ‌သည်။

"ဒါ... ဒါက..."

ဤမြင်ကွင်းကို ကြည့်ပြီး ကျိချွမ်းမှာ မည်သို့ပြောရမှန်းမသိဘဲ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေမိတော့သည်။

မူလက ဤအတွင်းစည်းတပည့်သည် သူ၏မိဘများကို သတ်ခဲ့သော ရန်သူဖြစ်ပြီး ယခုမူ အခြားသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရချေပြီ။ ဆိုလိုသည်မှာ သူ၏ရန်သူလည်း မရှိတော့ပေ။ ယခုအခါ သူ မည်သို့လုပ်ရမည်ကိုပင် မသိတော့ချေ။

ဝှစ်...

ထိုအခိုက်တွင် လူရိပ်တစ်ခု ချက်ချင်း ပျံသန်းလာပြီး ကျွန်လယ်သမားများစွာ၏ ရှေ့သို့ ရောက်ရှိလာလေသည်။ ချက်ချင်းပင် ကျွန်လယ်သမားများမှာ သေလုမတတ် ကြောက်လန့်သွားကြပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ အသေအလဲ တောင်းပန်ကြတော့၏။

သူတို့မှာလည်း ဤရက်စက်သော ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းခံရမည်ကို အလွန်ကြောက်ရွံ့နေကြသည်။

"မကြောက်ကြနဲ့။ ငါတို့က ရွှမ်ဟွမ်ဂိုဏ်းတပည့်တွေပဲ...”

"ဒီတစ်ခေါက် လာခဲ့တာက မိစ္ဆာဂိုဏ်းဖြစ်တဲ့ ယင်ရှားဂိုဏ်းကို ရှင်းလင်းဖို့ပဲ...”

"မင်းတို့က အပြစ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွှမ်ယင်ဂိုဏ်းရဲ့ မိစ္ဆာကျင့်ကြံသူတွေ မဟုတ်ဘူး။ ဒါကြောင့် ရှင်းလင်းမယ့်စာရင်းထဲမှာ မပါဘူး...”

"ဒါပေမဲ့ မင်းတို့ မဆင်မခြင်တော့ မလုပ်ကြနဲ့...”

"အကယ်လို့ မင်းတို့တွေ ယင်ရှားဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေကို ဝှက်ထားတာ၊ ပြီးတော့ ငါတို့ကို ဆန့်ကျင်ဖို့ ကြိုးစားတာမျိုး တွေ့ရင်တော့ သက်ညှာမှာ မဟုတ်ဘူး...”

စကားပြောလိုက်သူမှာ ဝူဝူပင်း ဖြစ်သည်။

သူသည် လွန်ခဲ့သော နှစ်နှစ်ရာကျော်က ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ အချိန်များစွာမယူရဘဲ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်မည်ဟု ခန့်မှန်းရပေသည်။

ဤကာလအတွင်း ကမ္ဘာအမြောက်အမြားသည် ရွှမ်ဟွမ်ကမ္ဘာအတွင်းသို့ ပေါင်းစည်းဝင်ရောက်လာခဲ့သောကြောင့် သူတို့ကဲ့သို့သော ရွှမ်ဟွမ်ဂိုဏ်းတပည့်များမှာ ရွှမ်ဟွမ်ကမ္ဘာတစ်ခွင်သို့ စေလွှတ်ခံရပြီး ထိုအသစ်ပေါင်းစည်းလာသော ကမ္ဘာများမှ သက်ရှိများက ရွှမ်ဟွမ်ကမ္ဘာကို မငြိမ်မသက်ဖြစ်အောင် မလုပ်နိုင်စေရန် ထိုပုန်ကန်မှုများကို နှိမ်နင်းရလေသည်။

မှန်ပေသည်၊ တာဝန်ပြီးဆုံးပါက ရွှမ်ဟွမ်ဂိုဏ်းထံမှ များပြားလှသော တာဝန်ဆုလာဘ်များကိုလည်း ရရှိမည် ဖြစ်သည်။ ၎င်းအပြင် အသစ်ပေါင်းစည်းလာသော ဤကမ္ဘာများသည်လည်း ထူးခြားသော ရတနာအချို့ကို ဖန်တီးပေးနိုင်သေးသည်။

အကယ်၍ ၎င်းတို့ကိုသာ ရရှိနိုင်ပါက အမြတ်ကြီးကြီးမားမား ရနိုင်ပေလိမ့်မည်။ ထို့ကြောင့် အခြေခံအားဖြင့် ရွှမ်ဟွမ်ဂိုဏ်းတပည့်တိုင်းသည် ထိုကဲ့သို့သော တာဝန်မျိုးကို လက်ခံရယူရန် အလုအယက် ဖြစ်နေတတ်ကြသည်။

သူတို့အတွက် ဤကမ္ဘာသစ်များကို သိမ်းပိုက်ခြင်းသည် အကျိုးအမြတ်များ ရရှိရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်လေသည်။

"ဟုတ်ကဲ့ပါ၊ သခင်ကြီး...”

ကျွန်လယ်သမားများစွာမှာ သေလုမတတ် ကြောက်ရွံ့နေကြသည်။ တစ်ဖက်လူ၏ စကားများက မည်သည့်အဓိပ္ပာယ်မှန်း နားမလည်ကြသော်လည်း သူတို့ကို ဒုက္ခပေးရန် မရည်ရွယ်ကြောင်းနှင့် မသတ်ချင်ကြောင်းကို သိရုံမျှဖြင့် လုံလောက်နေပြီ မဟုတ်ပါလော။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိချွမ်းလည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အပြင်ပန်းအားဖြင့် အလွန်သဘောကောင်းပုံရသော ဤတာအိုကျင့်ကြံသူများသည် ယင်ရှားဂိုဏ်းမှ ကျင့်ကြံသူများနှင့် လုံးဝ ကွာခြားနေပုံရပြီး သူတို့ကဲ့သို့သော ကျွန်လယ်သမားများကို အန္တရာယ်ပြုမည် မဟုတ်ပေ။

သို့သော် သူသည် ယင်ရှားဂိုဏ်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် သူစိမ်းများကို အလွယ်တကူ ယုံကြည်မည် မဟုတ်ချေ။ တစ်ဖက်လူက မည်မျှပင် ရင်းနှီးဖော်ရွေပုံရသည်ဖြစ်စေ သူ၏သတိကိုမူ လျှော့ချမည် မဟုတ်ပေ။

ရွှစ်...။

ထိုအချိန်တွင် ဝူဝူပင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး တစ်ခုခုကို အာရုံခံမိသွားသကဲ့သို့ ကျိချွမ်း၏ရှေ့သို့ ချက်ချင်း ရောက်လာလေသည်။

ဘာ...။

ချက်ချင်းပင် ကျိချွမ်းမှာ သေလုမတတ် ကြောက်ရွံ့သွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ ဘာတွေဖြစ်နေမှန်း လုံးဝမသိတော့ချေ။

"ကောင်လေး၊ မင်းရဲ့ ပါရမီအခံက မဆိုးဘူးလို့ ငါမြင်တယ်...”

"ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ချင်လား...”

ဝူဝူပင်းက အနည်းငယ် ပြုံးလိုက်သည်။

ယခုလေးတင် ဂိုဏ်းချုပ်ကြီး၏ အသံလွှင့်စကားကို သူ ကြားလိုက်ရသည်။ အနီးအနားတွင် ကောင်းကင်အထိ ထိုးတက်နေသော ကံကြမ္မာစွမ်းအားများ ပိုင်ဆိုင်ထားသည့် မျိုးစေ့ကောင်းအချို့ကို တွေ့ရှိထားပုံရသောကြောင့် အနီးနားရှိ ရွှမ်ဟွမ်ဂိုဏ်းတပည့်များကို ၎င်းတို့အား ဂိုဏ်းသို့ ပြန်ခေါ်သွားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။

သူ့ရှေ့မှ ဤကျိချွမ်းသည် ၎င်းတို့ထဲမှ တစ်ဦးပင်။ ဝူဝူပင်း၏ကံမှာ အလွန်ကောင်းမွန်လှပြီး ကျိချွမ်းက သူ၏အနီးအနားတွင် ရှိနေလေရာ၊ ဤတစ်ကြိမ် တပည့်သစ် စုဆောင်းမှုတွင် သူ၏ပံ့ပိုးမှု ပါဝင်သွားပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။

ဤသည်မှာ သေးငယ်သော အကျိုးအမြတ်တစ်ခု မဟုတ်ပေ။

"ဒါက..."

ဤစကားကို ကြားသောအခါ ကျိချွမ်းမှာ မျက်တောင်တဖျတ်ဖျတ် ခတ်သွားရ၏။ သူသည် အနိမ့်ဆုံးအဆင့် စိတ်ဝိညာဉ်အမြစ်ပါရမီရှိသော ကျင့်ကြံသူတစ်ဦးဖြစ်မှန်း သူသိထားလေသည်။ ထို့ကြောင့်သာ ယင်ရှားဂိုဏ်းမှ ကျင့်ကြံသူများ၏ အထင်သေးခြင်းကို ခံရကာ လယ်ကျွန်တစ်ဦးသာ ဖြစ်လာခဲ့ရခြင်းပင်။

သို့သော် သူ့ရှေ့မှ ဤရွှမ်ဟွမ်ဂိုဏ်းတပည့်က သူ့အား ဂိုဏ်းတပည့်အဖြစ် စုဆောင်းလိုနေချေသည်။

ရိုးရိုးသားသားပြောရလျှင် ဤကမ္ဘာပေါ်တွင် ဤမျှကြီးမားသော အခွင့်ကောင်းကြီး ကျလာလိမ့်မည်ကို သူလုံးဝမယုံကြည်ပေ။ ဤသည်မှာ ထောင်ချောက်တစ်ခု ဖြစ်နိုင်ပေသည်။

သို့ရာတွင် သေချာစဉ်းစားကြည့်ပါက် ထောင်ချောက်ဖြစ်နေလျှင်ပင် ဘာဖြစ်မည်နည်း။

သူ့ရှေ့မှ ဤရွှမ်ဟွမ်ဂိုဏ်းသည် တစ်ချက်လှုပ်ရှားရုံဖြင့် ယင်ရှားဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ခဲ့ရာ ယင်ရှားဂိုဏ်းထက် မည်မျှပို၍ ကြောက်မက်ဖွယ်ကောင်းမှန်းပင် မသိနိုင်တော့ချေ။

လယ်ကျွန်တစ်ယောက်ဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာဖြစ်သော သူ့အနေဖြင့် အစွမ်းထက်သူတစ်ဦး၏ စေတနာကို မည်သို့လျှင် ငြင်းဆန်ရဲမည်နည်း။

အကယ်၍ ငြင်းဆန်လိုက်ပါက သူ၏အသက်ကလေးကိုပင် ကာကွယ်နိုင်မည်လား မသေချာတော့ပေ။ ထို့ကြောင့် ဤအရာသည် ထောင်ချောက်ဖြစ်စေ၊ အမှန်တကယ် အခွင့်အရေးဖြစ်စေ သူငြင်းဆန်၍ မရနိုင်ချေ။

"ကျုပ်... ကျုပ် သဘောတူပါတယ်...”

ကျိချွမ်းက ချက်ချင်း ပြောလိုက်၏။

ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ သူသည် ဤလမ်းအတိုင်း အဆုံးထိလျှောက်ရန်သာ ရှိတော့သည်။ သူမျှော်လင့်နိုင်သည်မှာ ဤရွှမ်ဟွမ်ဂိုဏ်းသည် ယင်ရှားဂိုဏ်းကဲ့သို့ သူ့အား ကျွန်တစ်ယောက်အလား မဆက်ဆံရန်ပင် ဖြစ်၏။

"ကောင်းပြီလေ။ ဒီလိုမှတော့ ဒီကစပြီး မင်းက ကျုပ်ရဲ့ ဂိုဏ်းတူညီငယ်ဖြစ်သွားပြီပဲ...”

ဝူဝူပင်းက ဟားတိုက်ရယ်မောလိုက်လေသည်။

အခြားသော လယ်ကျွန်များက ထိုစကားကို ကြားသောအခါ အားကျကာ မနာလိုဖြစ်နေသော အမူအရာများကိုယ်စီ ပြသလာကြ၏။ မျက်စိရှေ့ရှိ ဤကောင်လေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်မုဟုတ်ချင်း တိုးတက်သွားလိမ့်မည်ဟု သူတို့ထင်မှတ်မထားခဲ့ကြပေ။

သို့ရာတွင် ဤသည်က တစ်ဖက်လူ၏ ကံကြမ္မာအခွင့်အရေးဖြစ်လေရာ မည်မျှပင် အားကျနေစေကာမူ ခိုးယူနိုင်မည် မဟုတ်ချေ။

ဝှစ်…။

ထိုခဏတွင် ဝူဝူပင်းက လက်ဖြင့် လှမ်းဆွဲလိုက်ပြီး ကျိချွမ်းကို ချက်ချင်း ခေါ်ဆောင်ကာ လေဟာနယ်ထဲရှိ ပျံသန်းရေးသင်္ဘောဆီသို့ ပျံသန်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပျံသန်းရေးသင်္ဘောအတွင်းသို့ ရောက်ရှိသွား၏။

"အိုး... ဂိုဏ်းတူအစ်ကိုဝူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ...”

ချက်ချင်းပင် ပျံသန်းရေးသင်္ဘောအတွင်းရှိ ရွှမ်ဟွမ်ဂိုဏ်းတပည့်များက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ကြသည်။

"အော်... ခုနက ကျုပ် ဂိုဏ်းချုပ်သခင်ရဲ့ အမိန့်ကို ကြားလိုက်ရလို့ပါ။ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်းရှိတဲ့ အလားအလာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်လို့ သူ့ကို ခေါ်လာခဲ့တာ...”

ဝူဝူပင်းက အပြုံးရိပ်ဖြင့် ပြောလိုက်၏။

"ဪ... ဒီလိုကိုး...”

"တကယ်ကို ကံကောင်းတဲ့ ကောင်လေးပဲ...”

"ဒီတစ်ကြိမ် ဂိုဏ်းချုပ်သခင် မျက်စိကျတဲ့သူ စုစုပေါင်း ငါးယောက်ရှိတယ်လို့ ကြားတယ်။ ဒီကောင်လေးက အဲဒီထဲက တစ်ယောက်ဖြစ်မယ်...”

"မဖြစ်နိုင်တာ။ ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ခွင့်ရတဲ့သူ ငါးယောက်တောင် ရှိနေတာလား။ ဒီယင်ရှားကမ္ဘာက အရည်အချင်းရှိတဲ့ ကျင့်ကြံသူ အဲဒီလောက်အများကြီး မွေးထုတ်ပေးနိုင်တာလား...”

"ဘာပဲဖြစ်ဖြစ် ဒီနေရာက အလယ်အလတ်ကမ္ဘာတစ်ခုပဲလေ။ ကံကြမ္မာသားတော် ငါးယောက်ရှိနေတာက တော်တော်လေး ကောင်းမွန်နေပြီပဲ...”

"ဒီစကားကလည်း အမှန်ပဲ။ ဒါက ငါတို့ရွှမ်ဟွမ်ဂိုဏ်းအတွက် ကောင်းတဲ့ကိစ္စဖြစ်ပြီး ငါတို့ဂိုဏ်းက အဆက်မပြတ် ကြီးထွားလာနေတယ်ဆိုတာကို ကိုယ်စားပြုနေတာပဲ...”

"ဒီယင်ရှားကမ္ဘာမှာ ဘယ်လိုရတနာမျိုးတွေ ရှိနေလဲဆိုတာ မသိရသေးဘူး...”

"ဒီကမ္ဘာမှာ မိစ္ဆာရတနာတွေ၊ ယင်ဓာတ်သတ္တုရိုင်းတွေနဲ့ ယင်ဓာတ်ပါဝင်တဲ့ ပစ္စည်းတွေ အများကြီးရှိတယ်လို့ ကြားတယ်။ တကယ်ကို မွေးရာပါ မိစ္ဆာကမ္ဘာတစ်ခုပဲ။ ဒါကြောင့်လည်း ဒီကမ္ဘာမှာ မိစ္ဆာလမ်းစဉ်ကပဲ လွှမ်းမိုးထားနိုင်တာပေါ့...”

"ဂိုဏ်းချုပ်သခင်ရဲ့ စကားအရဆိုရင် ပတ်ဝန်းကျင်က တာအိုလမ်းစဉ်ကို ကန့်သတ်ထားတယ်တဲ့။ ဒီကမ္ဘာမှာ သမ္မာလမ်းစဉ် ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်မရှိဘူး။ သမ္မာလမ်းစဉ်က ကျိန်းသေပေါက် ရှုံးနိမ့်မှာပဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုတော့ ငါတို့ရွှမ်ဟွမ်ကမ္ဘာနဲ့ ပေါင်းစပ်သွားပြီဆိုတော့ သဘာဝကျကျ အခြေအနေက ကွာခြားသွားပြီပေါ့...”

"ဒါကြောင့်လည်း ဂိုဏ်းချုပ်သခင်က အပြစ်တွေနဲ့ လွှမ်းခြုံနေတဲ့ ယင်ရှားဂိုဏ်းက တပည့်တွေကို သုတ်သင်ရှင်းလင်းဖို့ အကြီးစားရှင်းလင်းမှုစစ်ဆင်ရေးကို လုပ်ဆောင်ခိုင်းတာပေါ့။

အကယ်၍ ဒီကျင့်ကြံသူတွေကို ငါတို့ရွှမ်ဟွမ်ကမ္ဘာထဲကို ဝင်ခွင့်ပြုလိုက်ရင် သွေးချောင်းစီးမှုတွေ၊ ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဘယ်လောက်တောင် ဖြစ်ပေါ်လာမယ်ဆိုတာ မသိနိုင်ဘူး...”

"မင်းပြောတာ မှန်တယ်။ အရင်တုန်းကလည်း ရွှဲ့ရှားကမ္ဘာလို့ခေါ်တဲ့ ကမ္ဘာတစ်ခုရှိခဲ့တယ်။ အဲဒါကလည်း မိစ္ဆာဂိုဏ်းတွေ အုပ်စိုးတဲ့ကမ္ဘာပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ခဏတာ စိတ်ပျော့သွားပြီး အကြီးစားရှင်းလင်းရေးကို မလုပ်ခဲ့မိဘူး။

အဲဒီတော့ ရွှဲ့ရှားကမ္ဘာက မိစ္ဆာကျင့်ကြံသူတွေ အများကြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့က ငါတို့ရွှမ်ဟွမ်ကမ္ဘာမှာ ဆူပူသောင်းကျန်းပြီး သတ်ဖြတ်မှုတွေ အများကြီးလုပ်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်သခင်ကိုယ်တိုင် ဝင်ပါခဲ့ရပြီး ဗေဒင်ဟောကိန်းထုတ်တဲ့ ပညာရပ်ကို သုံးပြီးမှ ဒီမိစ္ဆာကျင့်ကြံသူတွေကို တစ်ယောက်ချင်းစီ ရှာဖွေပြီး အမြစ်ပြတ် သုတ်သင်နိုင်ခဲ့တာ။ အဲဒီလိုနဲ့မှ ဒီကပ်ဘေးကြီးက ပြီးဆုံးသွားခဲ့ရတာလေ...”

"ဒီမိစ္ဆာကျင့်ကြံသူတွေဟာ ခွေး မစင်စားတာကို ပြင်မပေးနိုင်သလိုပဲ။ သူတို့ရဲ့ အမြင်တွေက အစကတည်းက ပုံသေဖြစ်နေပြီ။ ပြုပြင်ပြောင်းလဲဖို့ မျှော်လင့်ချက် လုံးဝမရှိဘူး။ ဒါကြောင့် သူတို့ကို ဖျက်ဆီးပစ်ဖို့ပဲ ရှိတော့တယ်...”

"ဒါကြောင့် ဒီလိုမိစ္ဆာကမ္ဘာမျိုးနဲ့ ကြုံတွေ့ရတိုင်း အကြီးစားရှင်းလင်းရေးကို မဖြစ်မနေ လုပ်ဆောင်ရတာ။ ဒီမိစ္ဆာတွေက ငါတို့ရွှမ်ဟွမ်ကမ္ဘာကို ဒုက္ခမပေးနိုင်အောင်လို့လေ...”

All Chapters