← Chapters

အခန်း ၈၁၆

Vol. 77 Ch. 816

အခန်း ၈၁၆

Vol. 77 Ch. 816

အခန်း (၈၁၆) - ကံကြမ္မာသားတော်များ ရွှမ်ဟွမ်တွင် စုဝေးခြင်း၊ ဖုန်းရှီးမြို့တော်၏ နှစ်တစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖုန်းရှီးကျွန်းအား တစ်ပါးတည်းအုပ်စိုးခြင်း(၁)။

အမှန်တိုင်းဆိုရလျှင် ရွှမ်ဟွမ်ဘိုးဘေးသည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားခဲ့ရသည်။

ဤသူသည် အနှေးနှင့်အမြန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာမည်ကို သူ ကြိုတင်သိရှိထားသော်လည်း ယခုကဲ့သို့ လျင်မြန်လိမ့်မည်ဟု မည်သို့ တွေးထင်ထားပါမည်နည်း။ ၎င်းမှာ သူ၏စိတ်ကူးထက် ကျော်လွန်နေခဲ့ရာ မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။

"ဂိုဏ်းချုပ်ကြီးက ကျင့်ကြံမှုအဆင့် နက်နဲရုံလောက်တင် မဟုတ်ဘူးဗျ။ အစီအရင်ကျင့်ကြံမှုအဆင့်ကပါ တော်တော်လေး အံ့မခန်းနိုင်စရာပဲ။ မူလက ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်ကာကွယ်ရေးအစီအရင်က ပဉ္စမအဆင့် အဆင့်မြင့်အစီအရင်လောက်ပဲ ရှိတာလေ။ ဒါပေမဲ့ အခုတော့ သတ္တမအဆင့် အစီအရင်တောင် ဖြစ်နေပြီ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တွေ လာတိုက်ခိုက်ရင်တောင်မှ ဂိုဏ်းရဲ့အစီအရင်ကို ချိုးဖျက်နိုင်ဖို့ မသေချာဘူးထင်တယ်...”

စုန့်ဖျင်အန်းက အလွန်တရာ သက်ပြင်းချရင်း ပြောလိုက်၏။

အမှန်တိုင်းဆိုရလျှင် သတ္တမအဆင့် အစီအရင်၏ အစွမ်းထက်မှုကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။

၎င်းသည် သီးခြားကမ္ဘာငယ်လေးတစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး အခြားကျင့်ကြံသူများ မည်သို့ပင် တိုက်ခိုက်စေကာမူ သတ္တမအဆင့် အစီအရင် အကာအကွယ်၏ အမွေးအမျှင်တစ်မျှင်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ချေ။

ထို့ထက်မက အစီအရင်ကြီး စတင်လည်ပတ်သွားပါက ကျင့်ကြံသူများစွာကို ချက်ချင်းပင် သန့်စင်ပစ်နိုင်ပြီး အလောင်းပင်မကျန်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သေးသည်။

ရွှမ်ဟွမ်ဂိုဏ်းသည် အစီအရင်၏ အကာအကွယ်ရရှိထားသဖြင့် ထိုက်ရှမ်းတောင်ကြီးကဲ့သို့ ခိုင်မာတည်ငြိမ်နေမည်မှာ သဘာဝပင် ဖြစ်လေသည်။

"အစီအရင်ကျင့်ကြံမှုအဆင့်က တကယ်ကို နက်နဲသိမ်မွေ့ပါတယ်။ ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းမှာ သတ္တမအဆင့်အစီအရင် မရှိတော့ရင် အန္တရာယ်ရှိသွားမယ်လို့ မင်းက ထင်နေတာလား။ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ဒီနေရာမှာ ရှိနေမှတော့ ဘယ်သူလာလာ သေလမ်းပဲရှိတာမို့ ဘယ်မှာသွားပြီး အန္တရာယ်ရှိနိုင်မှာလဲ…”

“ဒါ့အပြင် အခု ရွှမ်ဟွမ်ကမ္ဘာမှာ အသန်မာဆုံးကျင့်ကြံသူဆိုတာ လေဟာနယ်သန့်စင်ခြင်းအဆင့်လောက်ပဲ ရှိတာ။ ပြင်ပကမ္ဘာက ကျူးကျော်တာမျိုး မကြုံရသရွေ့ ရွှမ်ဟွမ်ဂိုဏ်းက ထိုက်ရှမ်းတောင်ကြီးလို ခိုင်မာနေတာပဲ...”

အရက်တာအိုအရှင်က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

ရွှမ်ဟွမ်ဂိုဏ်းတွင် မည်သို့သော အန္တရာယ်ရှိနိုင်မည်ကို သူ စဉ်းစား၍ပင် မရချေ။ လက်ရှိအခြေအနေများအရ ရွှမ်ဟွမ်ဂိုဏ်းသည် လောကကြီးတစ်ခုလုံးကို တစ်ပါးတည်း ကြီးစိုးထားခြင်းပင် ဖြစ်၏။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရွှမ်ဟွမ်ဂိုဏ်း၏ စွမ်းအားမှာ ပိုမိုကြီးမားလာရန်သာ ရှိလေသည်။

ဝိညာဉ်လောကရှိ လူသားမျိုးနွယ်တွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိသည်ကို သိထားရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်မှာ ဝိညာဉ်လောက၌ ရှင်သန်နိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရခြင်း ဖြစ်ပေသည်။

အကယ်၍ ဤအတိုင်းသာ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည်ဆိုပါက ရွှမ်ဟွမ်ကမ္ဘာမှ လူသားမျိုးနွယ်သည် မည်မျှအထိ အစွမ်းထက်လာမည်ကိုပင် မသိနိုင်တော့ချေ။

မဟာယာနအဆင့် ကျင့်ကြံသူ အမြောက်အမြားပင် မွေးဖွားလာနိုင်ပေသည်။ ထိုအချိန်သို့ရောက်လျှင် ရွှမ်ဟွမ်ကမ္ဘာမှနေ၍ ဝိညာဉ်လောကသို့ ကူးဖြတ်ကာ ဝိညာဉ်လောက၏ နယ်မြေများကိုပါ လုယူနိုင်မည် ဖြစ်၏။

ဤသည်ကို တွေးမိသောအခါ သူ အလွန် မျှော်လင့်မိသွားလေသည်။ သူကိုယ်တိုင်လည်း တစ်နေ့တွင် ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည်ပုံဖော်ကာ တစ်ဖန်ပြန်လည်မွေးဖွားလာပြီး ကျင့်ကြံခွင့်ရရှိရန် အထူးပင် မျှော်လင့်နေမိတော့သည်။

"အခု မင်းအနေနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်ဖို့က အဓိကပဲ။ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ဖြစ်လာမှသာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို တကယ်တမ်း ခြေချနိုင်တာ။ သာမန် ဝိညာဉ်သန္ဓေသားအဆင့်ဆိုတာ အခုမှ စတင်ရုံလေးပဲ ရှိသေးတယ်...”

အရက်တာအိုအရှင်က စုန့်ဖျင်အန်းအား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

"ဘယ်မှာ ဒီလောက် လွယ်ကူမှာလဲဗျာ။ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအဖြစ် အဆင့်တက်တာက နည်းနည်းလေး လွယ်ကူချင်လွယ်ကူမယ်။ ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ဖြစ်ဖို့ဆိုတာ ခက်ခဲတာထက် ပိုပြီးတော့ကို ခက်ခဲသေး။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် အရည်အချင်းရှိနေရင်တောင် ရာနှုန်းပြည့် အောင်မြင်နိုင်မယ်လို့ မသေချာဘူး...”

စုန့်ဖျင်အန်းက အနည်းငယ် ကူကယ်ရာမဲ့ဟန်ဖြင့် ဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းလိုပါက အဆင့်သုံးဆင့်ကို ဖြတ်ကျော်ရမည်ဖြစ်ပြီး မူလဝိညာဉ်ကို စုစည်းကာ ကောင်းကင်မိစ္ဆာကပ်ဘေးနှင့် နတ်ဘုရားအသွင်ပြောင်း မိုးကြိုးကပ်ဘေးတို့ကိုပါ ဖြတ်ကျော်ရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် အဆင့်တိုင်းမှာ ဖြတ်ကျော်နိုင်ရန် ခက်ခဲလှသည်။ ရွှမ်ဟွမ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်နေလျှင်ပင် မိမိကိုယ်ကိုယ် ရာနှုန်းပြည့် အောင်မြင်မည်ဟု မပြောရဲချေ။

"ဘာကိုကြောက်နေတာလဲ၊ အရင် ကျင့်ကြံခြင်းလောကမှာဆိုရင်တော့ ခက်ခဲချင် ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အခု ခေတ်ကြီးက ပြောင်းလဲသွားခဲ့ပြီလေ။ မင်း မမြင်ဘူးလား။ အရင်တုန်းက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေဖြစ်တဲ့ ဝူကျိတာအိုအရှင်ဦ ရွှမ်ချန်တာအိုအရှင်၊ ရွှီယွင်တာအိုအရှင်တို့လို လူတွေတောင် ဒီနှစ်တွေအတွင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီး သက်တမ်းနှစ် ခြောက်ထောင်ကို ရရှိခဲ့ကြတယ်။ ဒီလို ခေတ်ဟောင်းကလူတွေတောင် လုပ်နိုင်သေးတာပဲ၊ မင်းက ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ...”

အရက်တာအိုအရှင်က ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်ပြန်သည်။

မူလက ဤခေတ်ဟောင်းမှ လူအိုကြီးများသည် စောစီးစွာပင် ဖယ်ကျဉ်ခံရသင့်ပြီး ၎င်းတို့၏ သက်တမ်းမှာလည်း မကြာမီ ကုန်ဆုံးတော့မည် ဖြစ်၏။

သို့သော် ခေတ်ကြီးသည် ရုတ်တရက် ပြောင်းလဲသွားမည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။ ၎င်းတို့မှာ တစ်ဖန်ပြန်လည်၍ အသက်ဝင် နုပျိုလာခဲ့ကြလေသည်။

ရွှမ်ဟွမ်ဂိုဏ်း၏ အစွမ်းကုန် ထောက်ပံ့ကူညီမှုများကို ရရှိပြီးနောက်တွင် တစ်ဦးချင်းစီ၏ ကျင့်ကြံမှုအဆင့်များမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြသည်။ အမျိုးမျိုးသော ကပ်ဘေးများကို အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ကြပြီး ရွှမ်ဟွမ်ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်အသစ်များ ဖြစ်လာခဲ့ကြသဖြင့် လူတိုင်း၏ အဆင့်အတန်းမှာ ကြီးမားစွာ မြင့်တက်လာခဲ့လေသည်။

"ဟူး... ဝူကျိတာအိုအရှင်က ဂိုဏ်းချုပ်ကြီးရဲ့ ယောက္ခမလေ၊ အစွမ်းကုန် ထောက်ပံ့ခံရတာ ယုတ္တိမတန်ဘူးလား...”

စုန့်ဖျင်အန်းက သက်ပြင်းချရင်း ပြောလိုက်လေသည်။

"အဲဒီ ရွှမ်ဟွမ်ဘိုးဘေးက ဒီလောက် ကပ်စေးနှဲတဲ့သူမျိုး မဟုတ်ပါဘူး။ ပြီးတော့ အခု ရွှမ်ဟွမ်ဂိုဏ်းမှာ အရင်းအမြစ်တွေ အများကြီးရှိနေတာ၊ မင်းတစ်ယောက်စာ အရင်းအမြစ်လေးကို လိုအပ်နေမှာမဟုတ်ဘူး။ သိထားရမှာက အဲဒီ ရွှမ်ဟွမ်ဘိုးဘေးဟာ ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးတဲ့နေရာမှာ အင်မတန် ကျွမ်းကျင်တာပဲ…”

“အခု ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဆေးဘက်ဝင်အပင်တွေက ပိုက်ဆံမပေးရသလိုပဲ၊ စတုတ္ထအဆင့် ဆေးဘက်ဝင်အပင်တွေ၊ ပဉ္စမအဆင့် ဆေးဘက်ဝင်အပင်တွေ အမျိုးမျိုးကို အစုလိုက်အပြုံလိုက် စိုက်ပျိုးထုတ်လုပ်နေကြတာ…”

“အကယ်လို့ ဝိညာဉ်လောကက လူသားမျိုးနွယ်မှာသာ ဒီလိုစွမ်းရည်မျိုး ရှိနေမယ်ဆိုရင် အစောကြီးကတည်းက မဟာမျိုးနွယ်စုကြီးတစ်ခု ဖြစ်နေလောက်ပြီ။ အခုချိန်ထိ ထောင့်တစ်နေရာမှာပဲ ခိုအောင်းနေရတဲ့အထိ ဖြစ်လာစရာအကြောင်းကို မရှိဘူး...”

အရက်တာအိုအရှင်က ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်လေသည်။

အမှန်တိုင်းဆိုရလျှင် ရွှမ်ဟွမ်ဘိုးဘေး၏ ဆေးဘက်ဝင်အပင်များ စိုက်ပျိုးသည့် နည်းလမ်းအပေါ် သူ ပို၍ပင် တုန်လှုပ်မိလေသည်။ ကျင့်ကြံမှုအမြန်နှုန်း မြန်ဆန်သောသူများကို သူ မမြင်ဖူးခဲ့သည်တော့ မဟုတ်ချေ။

အတိတ်က ဝိညာဉ်လောကရှိ လူသားမျိုးနွယ်၏ ပထမမျိုးဆက် လူသားဧကရာဇ်သည် နှစ်တစ်ထောင်အတွင်းမှာပင် မဟာယာနအဆင့်ကျင့်ကြံသူ ဖြစ်လာခဲ့၏။ ထိုသို့ဖြစ်လင့်ကစား လူသားမျိုးနွယ်အား ဝိညာဉ်လောက၏ မဟာမျိုးနွယ်စု အဆင့်အတန်းသို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိခဲ့ပေ။

မှန်ပေသည်၊ ဤသည်မှာ တစ်ဖက်လူက အင်မော်တယ်လောကသို့ စောစီးစွာ တက်လှမ်းသွားချင်သည်နှင့်လည်း သက်ဆိုင်နေပေသည်။ တစ်ဖက်လူသည် အဋ္ဌမအဆင့် အစီအရင်ကြီးတစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြီး အင်မော်တယ်လောကသို့ တိုက်ရိုက် တက်လှမ်းသွားခဲ့၏။

သို့ဖြစ်လင့်ကစား တစ်ဖက်လူ ချန်ထားရစ်ခဲ့သော အဋ္ဌမအဆင့် အစီအရင်ကြီးသည် လူသားမျိုးနွယ်အတွက် နှစ်သန်းပေါင်းများစွာ တည်တံ့မည့် ကြီးပွားချမ်းသာခြင်း အုတ်မြစ်ကို ချပေးနိုင်ခဲ့လေသည်။

၎င်းက ဝိညာဉ်လောကရှိ လူသားမျိုးနွယ်အား မည်သို့သော အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရသည်ဖြစ်စေ အမြဲတမ်း မယိမ်းမယိုင် ရပ်တည်နိုင်စေခဲ့သည်။

သို့သော် အကယ်၍ ဤရွှမ်ဟွမ်ဘိုးဘေး၏ ဆေးဘက်ဝင်အပင်များ ကြီးထွားသည့်အချိန်ကို လျင်မြန်စွာ တိုတောင်းစေနိုင်သော နည်းလမ်းသာ ဝိညာဉ်လောကရှိ လူသားမျိုးနွယ်ထံသို့ ရောက်ရှိသွားမည်ဆိုပါက ဝိညာဉ်လောက လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအထောက်အကူ ဖြစ်စေမည်ကို တွေးကြည့်၍ပင် သိနိုင်သည်။

၎င်းသည် ဧရာမ အထောက်အပံ့ကြီးတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။

နှမြောစရာကောင်းသည်မှာ ဤသည်က မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်နေခြင်းပင်။

အားလုံးက လူသားမျိုးနွယ်များ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးမှာ မတူညီသော ကမ္ဘာများ၊ မတူညီသော နေရာဒေသများမှ ဖြစ်ကြလေသည်။ ရွှမ်ဟွမ်ဂိုဏ်းက ဤကဲ့သို့သော သီးသန့်နည်းလမ်းကို အခြားသူများအား မည်သို့လုပ်၍ သင်ကြားပေးမည်နည်း။

ထို့အပြင် ယခုအချိန်အထိ ဤနည်းလမ်းကို ရွှမ်ဟွမ်ဘိုးဘေး တစ်ဦးတည်းသာ တတ်မြောက်ထားခြင်း ဖြစ်၏။ ရွှမ်ဟွမ်ဂိုဏ်းမှ အခြားလူများမှာ ဤနည်းလမ်းများကို နားမလည်ကြပေ။

"ဂိုဏ်းချုပ်ကြီးရဲ့ ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးတဲ့နည်းလမ်းက တကယ်ကို ထူးခြားဆန်းကြယ်တယ်။ နှမြောစရာကောင်းတာက အခုအချိန်အထိ ဂိုဏ်းချုပ်ကြီးအနေနဲ့ ပဉ္စမအဆင့် ဆေးဘက်ဝင်အပင်တွေကိုပဲ စိုက်ပျိုးနိုင်သေးတာ။ ဆဋ္ဌမအဆင့် ဆေးဘက်ဝင်အပင်တွေကျတော့ ရှားပါးနေတုန်းပဲ…”

“ဘာပဲဖြစ်ဖြစ် အရင်တုန်းက ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းလောကဟာ အလယ်အလတ်ကမ္ဘာတစ်ခုသာ ဖြစ်ခဲ့ပြီး အများဆုံးမှ ပဉ္စမအဆင့် ဆေးဘက်ဝင်အပင်တွေကိုသာ မွေးဖွားပေးနိုင်ခဲ့တာလေ…”

“ဆဋ္ဌမအဆင့်အထက် ဆေးဘက်ဝင်အပင်တွေကျတော့ လုံးဝကို မရှိခဲ့တာ။ မျိုးစေ့တောင် မရှိမှတော့ ဆဋ္ဌမအဆင့် ဆေးဘက်ဝင်အပင်ကို စိုက်ပျိုးဖို့ဆိုတာ သဘာဝကျကျပဲ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါက ချက်တတ်ပြုတ်တတ်တဲ့ အိမ်ရှင်မဖြစ်နေရင်တောင် ဆန်မရှိရင် ထမင်းချက်လို့မရဘူး ဆိုသလိုပါပဲ...”

စုန့်ဖျင်အန်းက ညည်းတွားလိုက်လေသည်။

အမှန်တကယ်တွင် ဤသည်က ကမ္ဘာအဆင့်မြင့်တက်ခြင်း၏ အားနည်းချက်တစ်ခုလည်း ဖြစ်၏။

ကမ္ဘာ၏အဆင့်အတန်း မြင့်တက်လာပြီး ဝိညာဉ်ချီ သိပ်သည်းဆများ မြင့်တက်လာခဲ့သော်လည်း အရင်းအမြစ် အမျိုးမျိုးက အမီလိုက်မလာနိုင်ပေ။ ခေတ်ဟောင်း မဟာကမ္ဘာကြီးများကို ယှဉ်နိုင်စွမ်း မရှိချေ။

"ဒီအချက်ကို ဖြေရှင်းဖို့က တကယ်တော့ အရမ်းလွယ်ကူပါတယ်။ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင် ရှိနေရုံနဲ့တင် လုံလောက်ပြီ။ ကျုပ်တို့ ရွှမ်ဟွမ်ကမ္ဘာမှာ ဒီလိုဆေးဘက်ဝင်အပင် မျိုးစေ့တွေ မရှိရင်တောင် အခြားကမ္ဘာတွေမှာ ရှိနေရင် ရပြီလေ…”

“ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ အဋ္ဌမအဆင့်အထိ ဆေးဘက်ဝင်အပင် မျိုးစေ့တွေကို ရရှိသွားတာနဲ့ အလိုအလျောက် စိုက်ပျိုးထုတ်လုပ်နိုင်လာမှာပဲ။ အဲဒီ ရွှမ်ဟွမ်ဘိုးဘေးက သာမန်လူတစ်ယောက်မှ မဟုတ်တာ၊ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်ကိုတောင် အစောကြီးကတည်းက တတ်မြောက်ထားလောက်ပြီလို့ ခန့်မှန်းရတယ်…”

“အဲဒီအချိန်ရောက်ရင် ကမ္ဘာနှစ်ခုကို ဖြတ်ကျော်ပြီး မတူညီတဲ့ အရင်းအမြစ်တွေကို သယ်ယူပို့ဆောင်ရင်း ကမ္ဘာနှစ်ခုကြား ကုန်သွယ်မှုတွေ ပြုလုပ်လာနိုင်မှာပဲ...”

အရက်တာအိုအရှင်က ၎င်း၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်‌၏။

"ဒီလိုဆိုမှတော့ ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်ကို အမြန်ဆုံးမြှင့်တင်မှ ရတော့မယ်။ မဟုတ်ရင် ဝိညာဉ်သန္ဓေသားအဆင့်လောက်နဲ့ အနာဂတ်ရဲ့ အပြောင်းအလဲကြီးတွေထဲမှာ နေရာတစ်နေရာ ရနိုင်မှာမဟုတ်ဘူး...”

စုန့်ဖျင်အန်းက လက်သီးကို တင်းတင်းဆုပ်လိုက်၏။

…

All Chapters