အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁)
လီတာ့ရှန်းသည် ဒေါသအလိပ်လိပ် ထွက်နေကာ၊ သူသည် တံမြက်စည်းကို ရမ်းခါပြီး တရကြမ်း ရိုက်နှက်ရင်း အော်ဟစ်နေတော့သည်။
"မင်းတို့လို ယုတ်မာတဲ့ ကောင်တွေ... လူစိတ်မရှိတဲ့ ကောင်တွေ... ငါ့သမီးရဲ့ သိက္ခာကို ဒီလိုမျိုး စုတ်ပြတ်သတ်အောင် ဖျက်ဆီးကြတယ်ပေါ့လေ... သူ လူတောထဲ ဘယ်လိုမျက်နှာပြပြီး နေတော့မလဲ... မင်းတို့တွေက တကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်တွေ၊ ယုတ်မာပြီး အရှက်မရှိတဲ့ကောင်တွေ... တိရစ္ဆာန်ထက်တောင် ယုတ်ညံ့သေးတယ်..."
မည်သူမှ ဘေးကို မရှောင်ရဲကြကာ လီတာ့ရှန်း၏ လိုက်လံရိုက်နှက်ခြင်းကို ခံနေရသော်လည်း နှုတ်မှ အရှုံးမပေးဘဲ ဤသို့သူတို့ပြောခဲ့ခြင်းမဟုတ်ကြောင်း ဇွတ်ငြင်းနေကြ၏။
ကျန်းရှင်းဖှ : "ကျွန်တော်တို့က တိရစ္ဆာန်ထက် ယုတ်ညံ့ရအောင် ဒါတွေ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး… ကျွန်တော်တို့ခေါင်းပေါ် လာမပုံနဲ့… ခင်များ သမီးလုပ်တာဆိုတာ လူတိုင်းသိတယ်၊ ခင်များရဲ့ သမီးလင်ကိုယ်တိုင် ဖွင့်ပြောတာ၊ ဘာလဲ... ဒါကို ကျွန်တော်တို့ ပြောတာ မဟုတ်ဘူး.. ကျွန်တော်တို့က ပြန်ပြီး စကားဝိုင်းဖွဲ့ရုံလေးတောင် မရဘူးလား..."
"ဟုတ်ပဗျာ၊ မင်းကလည်း ဒီလောက်အထိ အကျိုးအကြောင်းမရှိ မိုက်မဲမနေနဲ့ဦး... ဒါက ဘာလို့ ငါတို့အပြစ် ဖြစ်ရမှာလဲ... ငါတို့ ဘာမှအမှားမလုပ်ထားဘူး၊ ငါတို့ပြောချင်တာ ပြောလို့မရဘူးလား... ဟေ့... လိုက်မထုနဲ့လေ..."
"ဟုတ်တယ်၊ အဲဒီတံမြက်စည်းက အိမ်သာလှည်းထားတဲ့ တံမြက်စည်းကြီး၊ ဘာတွေလှည်းထားမှန်းလည်း မသိဘူး၊ နေဦး... ငါတို့က ပြန်မချလို့ မင်းကို ကြောက်နေတယ်လို့ မထင်နဲ့နော်"
တံမြက်စည်းပေါ်တွင် တစ်ခုခုသော "မသန့်ရှင်းတဲ့အရာ" ကပ်ပါလာမည်ကိုသာ မစိုးရိမ်လျှင် သူတို့မှာ ရှေ့တိုးပြီး တံမြက်စည်းကို လုယူလိုက်ကြကြာပြီဖြစ်သည်။ သို့သော် လောလောဆယ်တွင်မူ သူတို့ တကယ်ကို အနားမကပ်ရဲကြပေ။ မည်သို့ဆိုစေ… လီတာ့ရှန်သည် တစ်ချိန်က မစင်တွင်းထဲအထိ ခုန်ချခဲ့ဖူးသည့် ဂန္ထဝင်လူသား ဖြစ်နေ၍ပင်…
သူ့ကို သွားမရှုပ်ရဲကြတာ အမှန်ပဲ…
သာမန်လူတွေအနေနဲ့ သူ့ကို တကယ်ကို မဆွရဲကြတာပါ…
ဒါက ရိုက်နိုင်၊ မရိုက်နိုင်တာရဲ့ ပြဿနာမဟုတ်ဘူး… အဓိကက ရွံရှာစက်ဆုပ်ဖို့ ကောင်းလွန်းတဲ့ ပြဿနာ…
သူတို့က သာမန်လူတွေပဲလေ...
ချီးတွင်းထဲဆင်းဖို့တောင် ဝန်မလေးတဲ့ အဲ့လိုလူမျိုးနဲ့ ပြိုင်မချရဲပါဘူး…
"အနားမလာနဲ့ဦး..."
"ဗုဒ္ဓေါ… အဲဒီတံမြက်စည်းကို အခုချက်ချင်း လွှင့်ပစ်လိုက်ပါတော့..."
"အာ... ကျွန်တော်တို့ကို လာမရှာနဲ့၊ ကျန်းရှင်းဖှကိုပဲ သွားရှာ... သူက လာပြောတာ၊ ကျွန်တော်တို့ ပြောတာ မဟုတ်ဘူး..."
"တောက်... မင်းလို ကျေးဇူးကန်းတဲ့ ကောင်..."
...
လူတိုင်း ရှောင်ဖယ်ပြေးကြလေလေ လီတာ့ရှန်းမှာ တံမြက်သည်းကို ပို၍ပင် လွှင့်မပစ်ချင်လေပင်…
"ငါက ဘာလို့ လွှင့်ပစ်ရမှာလဲ... ဘာလို့လဲ..."
သူသည် အကြီးအကျယ် ဒေါသထွက်ကာ ဆဲဆို၍
"မင်းတို့ မျက်စိနဲ့ တပ်အပ်မြင်လို့လား... လျှောက်ပြီး လျှာရှည်နေကြတာ၊ အရှက်မရှိတဲ့ အကောင်တွေ... မင်းတို့အားလုံး တစ်ကောင်မှ မကောင်းဘူး..."
"ငါတို့ကမကောင်းဘူး ဟုတ်လား... ဟဲဟဲ... မင်းတို့ကမှ တကယ်မကောင်းတာ... မင်းတို့မိသားစုကသာ လူကောင်းတွေဆိုရင် ဒါမျိုးတွေ ဘာလို့လုပ်မလဲ... ငါတို့ကို လူအလို့များ ထင်နေတာလား… ငါတို့ မျက်စိနဲ့ တပ်အပ်မမြင်ရပေမဲ့ မြင်တဲ့လူတွေ အများကြီးရှိတယ် တကယ်..."
"ဟုတ်ပဗျာ..."
လူစုကြီးသည် အော်ဟစ်ဆူညံရင်း၊ ငြင်းခုံရိုက်နှက်ရင်း ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသည်နှင့် တပြိုင်နက် ထောက်ပံ့ရေးဌာနမှ ဝန်ထမ်းများ သိရှိသွားကြတော့၏။
သူတို့ အလုပ်ခိုကပ်နေခြင်း မဟုတ်ပေ။ သူတို့အလုပ်သည် စက်ရုံအလုပ်ရုံများကဲ့သို့ ပုံသေလုပ်ရသည့် အလုပ်မျိုးမဟုတ်ဘဲ၊ ထောက်ပံ့ရေး မီးဖိုချောင်အလုပ် ဆိုသည်မှာ ပစ္စည်းသယ်ခြင်း၊ ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက် လှီးဖြတ်ခြင်း၊ ရေခတ်ခြင်းနှင့် ကူညီပေးခြင်း စသည့် အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြရင်းဖြင့် သတင်းအချက်အလက်များကို အလိုအလျောက် အမြန်ဆုံး သိရှိသွားကြခြင်း ဖြစ်၏။
ထိုအချိန်တွင် အဘွားကြီးကျောက်နှင့် အခြားသူများသည် နေ့လယ်စာ ပြင်ဆင်ရန် အလုပ်ရှုပ်နေကြစဉ်၊ အလုပ်သမားတစ်ယောက် အပြေးအလွှား ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလေသည်။
"မြန်မြန်၊ လာကြည့်ကြဦး ဘာတွေဖြစ်နေလဲဆိုတာ... အိမ်သာအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ... လီတာ့ရှန်းက အတင်းအဖျင်းပြောတဲ့ မိန်းမလိုမိန်းမရတစ်ယောက်နဲ့ ရိုက်နှက်နေကြပြီ..."
"ဝိုး... စိတ်လှုပ်ရှားစရာပဲ... နေဦး... အတင်းအဖျင်းပြောတဲ့ မိန်းမလိုမိန်းမရဆိုတာ ဘယ်သူလဲ..."
"ယောက်ျားကြီးက အတင်းအဖျင်း ပြောတာကို ပြောတာ"
သောက်ကျိုးနည်း… တင်စားချက်ပါလားကွာ…
လူတိုင်း ဆွံ့အသွားကြသော်လည်း အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားကြ၏။
အဘွားကြီးကျောက်သည် ဥဒါန်းကြူးလေကာ
"ဘုရားရေ... လီတာ့ရှန်းတို့အိမ်က ဒီလိုပွဲကြမ်းတာမျိုးကိုတော့ ငါ အလွတ်မခံနိုင်ဘူး..."
သူမသည် ပျံသန်းမတတ် ပြေးထွက်သွားတော့သည်။
"ဟေး... နေဦးဦး၊ သူတို့မိသားစုက ညည်းတို့ဆီကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်တွေ လာပေးတယ်လို့ ကြားတယ်နော်"
"ပေးတော့ ပေးတာပေါ့၊ ဒါပေမဲ့ တစ်ခုခု ပေးလိုက်ရုံနဲ့ ခွင့်လွှတ်ရမယ်လို့ ဘယ်သူက ဥပဒေထုတ်ထားလို့လဲ... အဲဒီလို ပစ္စည်းအသေးအဖွဲလေးနဲ့ ငါတို့ကို သိမ်းသွင်းလို့ရမယ် ထင်နေလား..."
အဘွားကြီးကျောက်သည် ပြောပြောဆိုဆို ပြေးထွက်သွားပြီး အခြေအနေကို မြင်လိုက်ရသောအခါ ဟားတိုက်၍ ရယ်မောတော့၏။
တွေ့လား... လူတွေ ပြောလေ့ရှိကြတဲ့အတိုင်းပဲ... သိပ်ပြီး ဘဝင်မြင့်မနေနဲ့၊ မဟုတ်ရင် ဝဋ်လည်တတ်တယ်ဆိုတာ ဒါမျိုးပဲ…
မမျှော်လင့်ဘဲ၊ အရိုက်ခံနေရသည့် လူအုပ်ထဲတွင် ကျန်းမိသားစုဝင် သားအဖနှစ်ယောက်လည်း ပါဝင်နေသည်။
လီတာ့ရှန်းသည် ကျန်းရှင်းဖှနောက်ကို လိုက်လံရိုက်နှက်နေသဖြင့် အဘွားကြီးကျောက်
ပျော်ရွှင်မြူးတူးစွာ မေးလိုက်၏။
"ဘာလို့ ကျန်းရှင်းဖှနောက်ပဲ လိုက်နေတာလဲ..."
"ဒီကောလာဟလတွေကို ကျန်းရှင်းဖှက အရင်ဆုံး စပြီး ဖြန့်တာလို့ ပြောကြတာပဲ..."
အဘွားကြီးကျောက်: "ဪ... ဪ... ဪ..."
တကယ်တမ်း ထိုစကားမှာ မမှားပေ။
သူတို့သည် မနေ့ညကတည်းက လက်ဦးသတင်းထူးကို ကြားထားခဲ့ကြပြီး၊ ယနေ့ စက်ရုံကိုလာကာ သတင်းဖြန့်ကြသည်မှာ မဆန်းပေ။
သူမကိုယ်တိုင်ပင် ထိုအကြောင်းကို ပြောခဲ့သေးသည်သာ…
သို့သော် ကျန်းရှင်းဖှမှာမူ လက်ပူးလက်ကျပ် မိသွားခဲ့၏။
ကျန်းရှင်းဖှ: "ခင်များလို အဘိုးကြီးက ဘာလို့ ကျုပ်နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ... ဘာသဘောလဲ... ကျုပ်က ခင်များသမီးနဲ့ အိပ်ခဲ့တာကျနေတာပဲ… ခင်များတို့မိသားစုကမှ မရိုးမသားလုပ်နေတာကို ကျုပ်တို့က အမှန်အတိုင်း ပြောလို့မရဘူးလား... ကျုပ် ပြောလိုက်မယ်... ခင်များက အသက်ကြီးနေလို့သာ ကျုပ် ပြန်မချတာ၊ ကျုပ်ကို စိတ်သဘောထားကောင်းနေတယ်လို့ မထင်နဲ့.. အဲဒီ တံမြက်စည်းစုတ်ကို အခုချက်ချင်း သိမ်းလိုက်တာ အကောင်းဆုံးပဲ… မဟုတ်ရင် ခင်များကို ကျုပ် ခွင့်လွှတ်... အား..."
သူသည် ပြေးလွှားရင်း ခြေချော်သွားကာ အဘွားကြီးကျောက်၏ ဘေးနားသို့ ရောက်သွားစဉ်၊ အဘွားကြီးကျောက်သည် သူ့ကို တွန်းလွှတ်လိုက်သည်။
ကျန်းရှင်းဖှသည် အော်ဟစ်ရင်း ရှေ့သို့ ငိုက်စိုက်ကျသွားရ၏။
အဘွားကြီးကျောက်: "မင်းကလည်း ယောက်ျားတန်မဲ့ ဒီလောက်တောင် သတ္တိကြောင်ရလား... တိုးတော့လေ..."
ကျန်းရှင်းဖှ: "အား... အမေ-ိုးမသား..."
သူသည် ရှေ့သို့ ငိုက်စိုက်ကျလာသဖြင့် လီတာ့ရှန်းလည်း လန့်ဖျန့်သွားပြီး မိမိကိုယ်ကို ကာကွယ်ရန် တံမြက်စည်းကို ချက်ချင်း မြှောက်လိုက်သည်...
ကျန်းရှင်းဖှ : "အို့..."
တံမြက်စည်းသည် သူ့ကို ထိမှန်သွားသဖြင့် ကျန်းရှင်းဖှခမျာ တစ်ချက် အန်ချင်သည့်အလား ဖြစ်သွား၏။
အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အဲဒီတံမြက်စည်းနဲ့ အိမ်သာလှည်းထားတာလား... မစင်တွေ ကပ်နေလား..."
အိမ်သာသန့်ရှင်းရေးသမားများနှင့် ထမင်းချက်ဝန်ထမ်းများသည် ထောက်ပံ့ရေးဌာနအောက်တွင် ရှိကြသည်ကို လူတိုင်းသိသဖြင့် တစ်ယောက်မှာ ချက်ချင်း ဝင်ပြောလိုက်၏။
"မရှိပါဘူး၊ သူတို့ အိမ်သာလှည်းတာ မှန်ပေမဲ့ အိမ်သာကျင်းကို ဆေးတာမှ မဟုတ်တာ… မစင်တွေ မရှိပါဘူး၊ သူတို့ဘာသာသူတို့ လန့်နေကြတာ"
"အဲဒီ မစင်တွေကို မြို့ပြင်က ဟင်းသီးဟင်းရွက်ခင်းတွေဆီ ရေလောင်းဖို့ သယ်သွားကြတာ၊ ဒီအတိုင်း ဖြုန်းတီးပစ်မလား.. အိပ်မက်မက်နေလိုက်"
အဘွားကြီးကျောက် : "...ဪ"
အခြားသူများ : "ညည်းအသံက နည်းနည်း စိတ်ပျက်သွားတဲ့ ပုံစံပဲနော်"
အဘွားကြီးကျောက် : "ဟုတ်တယ်လေ၊ ငါက ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် အောက်မေ့လို့"
ကျန်းရှင်းဖှမှာ အကြီးအကျယ် စိတ်နာသွားပြီး လှည့်၍ အော်ဟစ်တော့သည် ။
"ဘာသဘောလဲ... ခင်ဗျား ... ရူးနေတာလား... ကျုပ်ကို ဘာလို့ တွန်းတာလဲ... ခင်များက တကယ်ပဲ မကောင်းတဲ့ စိတ်ပုပ်မကြီး"
အဘွားကြီးကျောက်မှာလှောင်ပြောင်သရော်သံဖြင့် ရယ်မောလိုက်ပြီး တုံ့ဆိုင်းမရှိ ပြန်အော်ပြောတော့သည်။
"နင်က ယောက်ျားကြီးတန်မဲ့ ငါ့ဆီ ပြေးလာတာလေ၊ ငါက နင့်ကြောင့် ဒီပြဿနာထဲ ပါသွားမှာ မကြောက်ရဘူးလား... နောက်ပြီး ဒီတံမြက်စည်းပေါ်မှာလည်း မစင်တွေ ကပ်မနေပါဘူး၊ တစ်ချက်နှစ်ချက် အထုခံရတာ ဘာဖြစ်သွားလို့လဲ... နင်က ယောက်ျားကြီးဖြစ်ပြီး ဒါလေးကို ကြောက်နေတာလား... ဒါတင်မကသေးဘူး၊ ယောက်ျားကြီးတန်မဲ့ အဘိုးကြီးတစ်ယောက်ကိုတောင် မနိုင်ဘဲနဲ့ နင့်ကိုယ်နင် သိပ်တော်လှပြီ ထင်နေလား... ငါတော့ နင့်ကို အထင်သေးတယ်ဟေ့"
သူမသည် ခါးထောက်ကာ ဆက်ပြီး အော်ဆဲလေ၏။
"နင်က တကယ့်ကို အသုံးမကျတဲ့ အမှိုက်ကောင်ပဲ..."
"ခင်များကကီး တကယ်ကို ရူးနေတာပဲ၊ ကျုပ်က ခင်များကို အလျော့ပေးထားမိလို့..."
သူသည် အဘွားကြီးကျောက်ကို ပညာပေးရန် ဝုန်းကနဲ ပြေးဝင်လာတော့သည်။ သူကဲ့သို့ အရွယ်ရောက်ပြီး အမျိုးသားတစ်
ယောက်သည် အဘွားကြီးတစ်ယောက်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်မှာ အဘယ် မျက်နှာပြစရာ ကျန်တော့မည်နည်း။ သူသည် လီတာ့ရှန်းကို ပြန်မချရဲခြင်း မဟုတ်ဘဲ၊ ကိုယ်ပိုင်အတွင်းရေး အကြံအစည် ရှိနေခြင်း ဖြစ်၏။
ပထမအချက်မှာ ထိုတံမြက်စည်းသည် တကယ်ပဲ တစ်ခုခုနှင့် ထိထား၊ မထိထားဆိုသည်မှာ ပြောရခက်ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ချဲယုံဖုန်းကို လမ်းဆုံးရောက်အောင်ထိ မဆွချင်သောကြောင့် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ချဲယုံဖုန်းမှာက ရာထူးကြီး လူကြီးပိုင်းဖြစ်တဲ့ ယောက္ခမတစ်ယောက် ရှိနေတာ မဟုတ်လား… ပြီးတော့ လီတာ့ရှန်းက ဘယ်လိုပဲဖြစ်ဖြစ် ချဲယုံဖုန်းရဲ့ ဆွေမျိုးပဲလေ…
ကျန်းရှင်းဖှသည် တွက်ကိန်းမရှိသည် မဟုတ်ပေ၊ သို့သော် အဘွားကြီးကျောက်ကဲ့သို့ နောက်ခံနောက်လိုက် မရှိသည့်လူမျိုးကိုမူ သူ လုံးဝမကြောက်ပေ။
"ဒီအဘွားကြီးက ကျုပ်ကို ဆဲရဲတယ်ပေါ့လေ... ကျုပ် ခင်များကို သင်ခန်းစာပေးရမယ်... ကျုပ် ခင်များကို သည်းခံလာတာ ကြာပြီ..."
ကျန်းရှင်းဖှသည် ရှေ့သို့ အဟုန်ပြင်းပြင်း တိုးဝင်လာပြီး အဘွားကြီးကျောက်၏ ပါးကို ရိုက်ရန် လက်မောင်းကို မြှောက်လိုက်သည်။
အဘိုးကြီးကျန်းသည် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ချက်ချင်း ရိပ်မိလိုက်၏။ သူ စကားပင် မဟရသေးခင်မှာပင် အဘွားကြီးကျောက်သည် နှာခေါင်းရှုံ့ကာ လျှပ်စီးလက်သည့်အလား လျင်မြန်သော အရှိန်ဖြင့်၊ တစ်ချက်လေးမှ တုံ့ဆိုင်းမရှိဘဲ လေအဟုန်အတိုင်း လှုပ်ရှားလိုက်သည်။ သူမသည် သူ၏ အားနည်းဆုံးသော နေရာကို တည့်တည့်ကြီး ကန်ထည့်လိုက်တော့သည်…
“နင်လို သတ္တိကြောင်တဲ့ကောင်၊ အဲဒီအဘိုးကြီးကိုတော့ ပြန်မချရဲဘဲ ဘေးကနေ ဒီအတိုင်း ကြည့်နေတဲ့ ငါ့လို အပြစ်မဲ့တဲ့သူကို ကျတော့ လာပြီး အနိုင်ကျင့်ချင်နေတယ်ပေါ့လေ… နင်လို ပျော့ညံ့ပြီး အနိုင်ကျင့်တတ်တဲ့ကောင်ကို ငါ့ကကြောက်လိမ့်မယ် ထင်နေလား...”
အဘွားကြီးကျောက်၏ ကန်ချက်သည် သူ၏ ပေါင်ကြားထဲသို့ ကွက်တိ ကျရောက်သွားပြီး ကျန်းရှင်းဖှသည် ထိုနေရာကို ဆုပ်ကိုင်၍ နာကျင်လွန်းသဖြင့် ကွေးကောက်သွားကာ အသံကုန် အော်ဟစ်ညည်းတွားတော့သည်။
"အား........."
စူးရှသော အော်ဟစ်သံသည် လေထုထဲသို့ ပျံ့လွင့်သွား၏။
အဘွားကြီးကျောက်သည် ထိုအရာကို ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့ကာ
"နင်က အော်တောင် အော်ရဲသေးတယ်ပေါ့... နင်ကိုယ်နင် သိပ်သန်မာလှပြီ ထင်နေလား... ငါ့ကို ရိုက်ချင်တယ် ဟုတ်လား..."
သူမသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။ တစ်နေ့ခင်းလုံး သူများမယားများကို လိုက်ငေးနေသည့် ဤကဲ့သို့သော လူမိုက်ကောင်မျိုးကိုမူ သူ၏ "အသုံးအဆောင်ပစ္စည်း" ကို သိမ်းဆည်းပစ်လိုက်ခြင်းသည် အထိုက်တန်ဆုံးပင်။
ဒီကန်ချက်က နည်းတောင် နည်းသေးတယ်…
အဘွားကြီးကျောက်သည် ခြေထောက်ကို ထပ်မြှောက်ကာ ကျန်းရှင်းဖှ၏ ပခုံးကို ကန်ချလိုက်ပြန်သည်။ ကျန်းရှင်းဖှသည် လက်ကိုလွှတ်ကာ မြေကြီးပေါ်သို့ ဘုန်းကနဲ လဲကျသွား၏။ အဘွားကြီးကျောက်၏ တတိယမြောက် ကန်ချက်သည် ဘုန်းကနဲ တည့်တည့်ကြီး ထပ်မံ ကျရောက်သွားပြန်သည်…
"အားဟားဟား........."
"သားကြီး..."
အဘိုးကြီးကျန်းသည် စိတ်ဆင်းရဲကြီးစွာဖြင့် အော်ဟစ်လိုက်ကာ
"ဒေါ်ကြီးကျောက်၊ ခင်များ ဘာလုပ်နေတာလဲ... အား... ကျုပ်သားက သားတောင် မရသေးဘူးဟ..."
ကျန်းရှင်းဖှမှာ နာကျင်လွန်းသဖြင့် မလှုပ်ရှားနိုင်တော့ပေ။
ချွေးစေးကြီးများ သူ့မျက်နှာပေါ်မှ တပေါက်ပေါက် ကျလာနေ၏။
အဘွားကြီးကျောက်သည် ခါးထောက်လျက် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပက်လိုက်သည်။
"ဘာလဲ... သူ သားရတာ၊ မရတာ ငါ့ကိစ္စမဟုတ်ဘူး… သူသာ လူယုတ်မာလို လာမလုပ်ရင် ငါက သူ့ကို ရိုက်ပါ့မလား..."
သူမသည် ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့်
"လူအပေါင်းတို့ ပြောကြပါဦး၊ သူက ငါ့ကို အရင် ပါးရိုက်ဖို့ လုပ်တာ မဟုတ်ဘူးလား... သူက ငါ့ကို ရိုက်လို့ရပြီး ငါက ပြန်မချရဘူးလား... အဲဒါ ဘယ်ကလာတဲ့ ယုတ္တိလဲ... ငါက ပွဲလာကြည့်တာ၊ သူက ငါ့ဆီ တည့်တည့်ကြီး ဦးတည်လာတာ… ငါနဲ့ လီတာ့ရှန်းနဲ့ အာဃာတရှိတာကို သူ သိရက်သားနဲ့ ငါ့ဆီကို တမင်တိုးလာတာ၊ ဒါက သိသာထင်ရှားတဲ့ လွှဲချချင်တဲ့ သဘောပဲ... သူ ငါ့ဆီ တန်းတန်းမတ်မတ် လာနေတာကို ငါက တွန်းလွှတ်လိုက်တာ ဘာအမှားလဲ... ဪ... အကြံအစည် ပျက်သွားတော့မှ ငါ့ကို ပါးလာရိုက်တာလား... အဲဒါကို ငါက ဒီအတိုင်း ငြိမ်ခံနေရမှာလား... သူက ငါ့ကို လူအ အောက်မေ့နေလား... ငါသာ ဒီလောက် အနိုင်ကျင့်ရလွယ်ရင် အစောကြီးကတည်းက အနိုင်ကျင့်ခံရလို့ သေလောက်ပြီ... နင်တို့ ဘာပဲပြောပြော ငါမကြောက်ဘူး... ငါ့ဘက်က အမှန်ပဲ... အကြောင်းပြချက် ရှိရင် ဘယ်နေရာမဆို သွားလို့ရတယ်၊ အကြောင်းပြချက် မရှိရင်တော့ တစ်လက်မတောင် ရွေ့လို့မရဘူး... နင် ဒဏ်ရာရသွားတာက နင် ညံ့လို့ပဲ၊ နင်က လူကောင်းမို့လို့ မဟုတ်ဘူး..."
ငါ့ကိုလာပြီး အနိုင်ကျင့်ချင်တယ်ပေါ့… ရမယ်ထင်နေတာလား.. ဟာသပဲ.. ဟဲဟဲ…
မကြာသေးမီအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာရှာသည့် ကိစ္စရပ်များမှ သူမ တော်တော်လေး သင်ခန်းစာ ရထားခဲ့သည်။
ဟာ့… ချန်ချင်းယွီ ပြောတာ တကယ်မှန်တယ်… ဘာပဲဖြစ်ဖြစ် အဓိကသော့ချက်က ကိုယ်ဘက်က အချက်အလက် အသာစီးကို အမိအရ ဆုပ်ကိုင်ထားဖို့ပဲ… အကြောင်းပြချက် မရှိရင်တောင် အကြောင်းပြချက် တစ်ခုခု ရှာရမယ်… အကြောင်းပြချက် ရှိနေသရွေ့တော့ တစ်ဖက်လူကို ရိုက်နှက်လိုက်ရင်တောင် လူတိုင်းက စေ့စပ်ပေးဖို့ပဲ ကြိုးစားကြလိမ့်မယ်… ကိုယ့်အမှားလို့ ဘယ်သူမှပြောမှာ မဟုတ်ဘူး…
အဘွားကြီးကျောက်သည် ဤအချက်ကို သေချာစဉ်းစားကြည့်ပြီး အလွန်ယုတ္တိရှိသည်ဟု မြင်၏။
သူမသည် ယခင်၌ ဇွတ်တရွတ်နိုင်သည့် မိန်းမတစ်ယောက် ဖြစ်ခဲ့သော်လည်း၊ ယခုမူ တော်ရုံတန်ရုံ ကိစ္စဖြင့် အရှုံးမခံတော့သည့် တော်ကီလန်းသော အဘွားကြီး ဖြစ်နေပြီဖြစ်သည်။
အဘွားကြီးကျောက် : "ဘာလဲ... နင်က ငါ့ကို ဘာလို့ အဲဒီလို စိုက်ကြည့်နေတာလဲ... နင်ကိုယ်တိုင် လီတာ့ရှန်းကို ရှောင်နေပြီးတော့ ငါ့ဆီကို တမင်တကာ ဒီဘက် လမ်းပြခေါ်လာတာ မဟုတ်ဘူးလား... ပြောစမ်း၊ ငါက ပြန်မချရဘူးလား..."
"ဒေါ်လေးကျောက် ပြောတာ မှန်တယ်ဗျ”
"အဲဒါတော့ ဟုတ်တယ်၊ ဒေါ်ကြီးကျောက်နဲ့ လီတာ့ရှန်းက အဆင်မပြေကြတာ၊ ပြီးတော့ ကျန်းရှင်းဖှက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာ"
"ဒီကောင်က အလုပ်ရုံထဲမှာ အမြဲတမ်း အပါးခိုနေကျ၊ တကယ့်ကို ကောက်ကျစ်တဲ့ကောင်… ကြက်သူခိုးက သားစားခွင့်မရဘဲ အကွက်ဆင်တာ လွဲသွားတာပေါ့... သူက ပြန်မချရဲဘဲ တခြားလူကို သွားရိုက်တာ၊ ခံရတာ ထိုက်တန်ပါတယ်..."
အဘွားကြီးကျောက်သည် စိတ်ထဲတွင် ကျေနပ်ပီတိ ဖြစ်နေသည်။
ဘုရားရေ... အချင်အလက် အသာစီးကို ယူထားတာ တကယ်ကို လုပ်ငန်းတွင်တာပဲ...
အခွင့်အရေးရတိုင်း မိမိကိုယ်မိမိ အမှန်တရားဘက်တော်သားအဖြစ် ဆိုင်းဘုတ်တင်လိုက်ခြင်းသည် တကယ်ကို ထိရောက်မှု ရှိလှပေ၏။
အဘွားကြီးကျောက်သည် စိတ်ထဲတွင် ကျေနပ်နေသော်လည်း အပြင်ပန်းတွင်မူ တရားမျှတမှုအတွက် ဒေါသထွက်နေသည့် ပုံစံဖြင့်
"ငါ နင်တို့ကို ပြောလိုက်မယ်၊ နင်တို့အကွက်ကို ငါ အစောကြီးကတည်းက မြင်ပြီးသား... နင်တို့က ပျော့တဲ့သူကို အနိုင်ကျင့်ပြီး မာတဲ့သူကို ကြောက်တဲ့ကောင်တွေ၊ ပြီးတော့ ငါလို အဘွားကြီးကိုတောင် လက်ပါချင်သေးတယ်၊ ငါက ပြန်ချတာကိုတော့ လာမပြစ်တင်နဲ့..."
ကျန်းရှင်းဖှမှာ နာကျင်လွန်းသဖြင့် မျက်နှာ ပျက်နေသည်၊ သူ အပြေးအလွှား လာစဉ်က ဘာကိုမျှ သိပ်မစဉ်းစားခဲ့မိပေ…
ဒီအဘွားကြီးကတော့ တကယ်ကို လျှောက်တွေးနေတော့တာပဲ…
"ခင်များလို အပျက်မကြီး..."
အဘွားကြီးကျောက်၏ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားကာ
"နင်က ငါ့ကို ဆဲတယ်ပေါ့လေ..."
သူမသည် ရှေ့သို့ ထပ်လှမ်းရန် ပြင်စဉ် အဘိုးကြီးကျန်းသည် သူမကို လှမ်းဆွဲလိုက်ပြီး
"အစ်မကြီ… စိတ်လျှော့ပါ၊ စိတ်လျှော့ပါ..."
အဘွားကြီးကျောက် : "ဖယ်စမ်း၊ ငါ့ကို လာမကိုင်နဲ့… နင် ငါ့အပေါ် စိတ်ကူးရှိနေတာ ငါသိတယ်၊ ဒါပေမဲ့ ငါ့ကို လာမထိနဲ့"
အဘိုးကြီးကျန်း: "တောက်... ငါ ကျိန်ဆဲလိုက်ချင်တယ်........."
သူသည် ဒေါသထွက်လွန်းသဖြင့် အသက်ပင် ရှူမဝချင်တော့ပေ… သူသည် အသက် သုံးဆယ်၊ လေးဆယ်အရွယ်၊ ဆွဲဆောင်မှုရှိပြီး အချိုးအစား ပြေပြစ်သည့် မိန်းမများကိုသာ သဘောကျခြင်းဖြစ်သည်။
အဘွားကြီးကျောက်က ကျုပ်အတွက် ဘာမှမဟုတ်ပါ... လုံးဝကို ဘာမှမဟုတ်တာပါ…
ကျုပ် မျက်စိမကန်းသေးပါဘူးဗျာ…
အဘွားကြီးကျောက်က ကျုပ် ဇနီးဟောင်း အဘွားကြီးဟွမ်လောက်တောင် ရုပ်မရှိတာကြီးကို…
ကျုပ် လုံးဝ လှည့်တောင်မကြည့်ပါဘူး… ဘယ်လိုမှ မကြည့်တာပါဗျာ…
အဘိုးကြီးကျန်း: "မင်း... မင်း... မင်း... ငါ့ရဲ့ အပြစ်မဲ့တဲ့ သိက္ခာကို လာပြီး မညစ်နွမ်းစေနဲ့..."
အဘွားကြီးကျောက်သည် စိတ်မရှည်စွာဖြင့် ပြန်ပက်လိုက်၏။
"ရှင့်မှာ ဘာသိက္ခာမှ မရှိဘူး... ဖယ်စမ်း..."
အဘိုးကြီးကျန်း : "ဒီအဘွားကြီး...ကျုပ်က မျက်စိကန်းနေလို့လား... ကျုပ်က ဘယ်လိုလုပ် ခင်များကို စိတ်ဝင်စားမှာလဲ၊ ကျုပ်..."
"နင် ငါ့ကို မကြိုက်ရင် ဘာလို့ ငါ့ကို အမြဲတမ်း လာဆွဲနေရတာလဲ..."
အဘွားကြီးကျောက် : "ငါသိပါတယ်၊ ငါလို တက်ကြွလှုပ်ရှားတဲ့ အဘွားကြီးက အဘိုးကြီး အများစုရဲ့ စိတ်ကူးယဉ် အိမ်မက်ဆိုတာ… ဒါပေမဲ့ နင်က ငါ့ကို ကြိုက်ချင်ကြိုက်မယ်၊ ငါက နင့်ကို မကြိုက်ဘူး… နင့်ဘာသာနင်အထင်ကြီးမနေနဲ့”
အဘိုးကြီးကျန်း : "ဟူး... ဟူး... ဟူး..."
သူ ရင်ဘတ်ထဲ မွန်းကြပ်ကာ မေ့လဲတော့မလို ခံစားလိုက်ရသည်…
အခြားသူများအားလုံးမှာ အဘွားကြီးကျောက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီး၊ သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပုံကို ကြည့်ကာ လုံးဝ ဆွံ့အပြီး မှင်တက်နေကြတော့၏။
ပြောရဲလိုက်တာ… ယုံကြည်ချက်မြင့်မားလိုက်တာ…
သူမက တကယ်ကို ရုပ်မချောပါဘူးဗျာ...
ဒေါ်လေးကျောက်သာ ရုပ်ချောတယ်ဆိုရင်… ကမ္ဘာပေါ်မှာ ရုပ်ဆိုးတဲ့သူ ရှိတော့မှာ မဟုတ်ဘူး…
သူမသည် ပိန်လှီပြီး အရိုးငေါငေါနှင့် ဖြစ်ကာ၊ သူမ၏ မျက်နှာသွင်ပြင်သည် အထူးသဖြင့် ခက်ထန်ကြမ်းတမ်းလွန်းလှသည်။ သူမသည် ပါးစပ်သရမ်းသည့် အဘွားကြီးဇာတ်ရုပ်ကို မိတ်ကပ် လုံးဝပြင်စရာမလိုဘဲ ကွက်တိ သရုပ်ဆောင်နိုင်သည့် အသွင်မျိုး ရှိ၏။
အဲ့ဒါ သူမပုံစံပဲ… သူမပုံစံလို့… တစ်စက်မှ မလှတာပါ.. တကယ်ပါ..
"သူ့ကို ဘယ်သူကမှ လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။ မိန်းမမယူနိုင်လောက်အောင် မွဲပြာကျနေတဲ့ လူဆိုရင်တောင် သူ့ကို ထည့်စဉ်းစားမှာ မဟုတ်ဘူး..."
အဘိုးကြီးကျန်းသည် အော်ဟစ်ငိုယိုပြီး
"ငါကျိန်ရဲတယ်၊ ငါကျိန်ရဲတယ်... ဘုရားရေ... ငါ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ရဲတယ်။ ငါ သူ့ကို တကယ်မကြိုက်ပါဘူးဆို..."
အဘိုးကြီးကျန်းသည် အော်ဟစ်ရင်းဖြင့် ထိုနေရာတင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကာ အော်ဟစ်လေ၏။
"ငါကျိန်ရဲတယ်၊ ငါသူ့ကို မကြိုက်ဘူး..."
အဘိုးကြီးကျန်းခမျာ အဆင့်အတန်းရှိတဲ့ အဖော်အဖက်ကောင်းတစ်ယောက် ရှာဖို့ မျှော်လင့်နေတာပါ…
အကယ်၍သာ အဘွားကြီးကျောက်နဲ့ ပတ်သက်သွားရင် လူတွေက သူ့မျက်စိကို ဘယ်လောက်တောင် အောက်တန်းကျလဲလို့ ထင်ကြတော့မှာ… သူ လူတောထဲ ဘယ်လို မျက်နှာပြပြီး နေတော့မလဲ...
အဘိုးကြီးကျန်းခမျာ အသည်းအသန် ခံပြင်းလွန်း၍ ငိုတောင် ငိုချင်နေပြီ ဖြစ်သည်။
ဘဝကြီးက တကယ့်ကို စိတ်ပျက်စရာကောင်းလှသည်ဟု သူခံစားနေရ၏။
"ငါသာ သူ့အပေါ် စိတ်ကူးရှိခဲ့ရင် မိုးကြိုးပစ်လို့ သေပါစေဗျာ..."
သူ အော်ဟစ်လိုက်သည်။ အဘိုးကြီးကျန်းကို ကြည့်ပြီး လူတိုင်းလည်း သူ့၏နာကျင်မှုကို အထိုက်အလျောက် နားလည်ပေးနိုင်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒေါ်လေးကျောက်က တကယ်ကို ရုပ်မချောတာပဲလေ…
"ဦးလေးကျန်း၊ ထပါဦး... ဘာလုပ်နေတာလဲ..."
"ဟုတ်ပဗျာ၊ စက်ရုံထဲမှာ ဒါမျိုးလာမလုပ်ပါနဲ့..."
"ဘယ်သူက တခြားပြောလို့လဲ... တော်သေးတာပေါ့၊ ဒီစကားတွေက အရေးမကြီးလို့၊ မဟုတ်ရင် လူတွေက အထင်လွဲပြီး ခင်များကို အယူသည်းတဲ့သူလို့ ထင်ကုန်ကြဦးမယ်..."
"ဟုတ်တယ်... ဒါမျိုးမလုပ်ပါနဲ့"
အဘိုးကြီးကျန်း : "ငါသာ အခု ထုတ်မပြောရင် ဒီစွပ်စွဲချက်ကြီးကနေ ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ဘူး... ငါ သူ့ကို မကြိုက်ဘူး၊ လုံးဝမကြိုက်ဘူး..."
အဘွားကြီးကျောက်မှာ ခပ်အေးအေးပင်…
"ရှင်းပြတာက ဖုံးကွယ်တာပဲ၊ ဖုံးကွယ်တယ်ဆိုကတည်းက အဲဒါ အမှန်ပဲပေါ့"
အယ်...
အဘိုးကြီးကျန်းမှာ လည်ပင်းညှစ်
ခံထားရသော ကြက်မအိုကြီးလိုဖြစ်သွားပြီး ပါးစပ်အဟောင်းသားနှင့် စကားပင် မဟနိုင်တော့ကာ မျက်နှာတစ်ခုလုံး မျှော်လင့်ချက်မဲ့သွားတော့သည်...
ရုပ်ဆိုးတဲ့ အဘွားကြီးတစ်ယောက်နဲ့ ကောလာဟလအပုပ်နံ့ ထွက်ချင်တဲ့သူ ဘယ်သူရှိမလဲ...
ဘေးနားမှာ ရပ်နေသော လီတာ့ရှန်းလည်း ဆွံ့အသွား၏။
သူသည် တံမြက်စည်းကို တိတ်တဆိတ် သိမ်းလိုက်ပြီး ရှေ့သို့ မတိုးရဲတော့ပေ။
သူသာ ရှေ့ကို တစ်လှမ်းတိုးမိရင် နောက်ထပ် ဒေါ်လေးကျောက်ကို စိတ်ကူးယဉ်တဲ့သူ ဖြစ်သွားမှာကို စိုးရိမ်နေ၍ပင်…
လူတိုင်း တစာစာ ပြောဆိုနေကြပြီး ကျန်းရှင်းဖှမှာ သူ့ကိုယ်သူ ကြေမွပျက်စီးတော့မတတ်၊ တကယ်ကို ကြေမွတော့မတတ် ခံစားနေရသည်။
သူသည် ချွေးစေးများ တပြိုက်
ပြိုက်ကျလျက်
"အဖေ၊ ကျွန်တော့်ကို... ကျွန်တော့်ကို ဆေးပေးခန်း ပို့ပေးဦး... ငါ မခံနိုင်တော့ဘူး... ငါ့ကိုလည်း ကြည့်ပါဦး..."
အဘိုးကြီးကျန်း: "ဟင်... ဪ... ဪ... ဪ..."
သူသည် မိမိ၏ အပြစ်မဲ့မှုကို သက်သေပြဖို့သာ အာရုံရောက်နေသဖြင့် သားဖြစ်သူကို မေ့သွားခြင်း ဖြစ်သည်။
ဒါပေမဲ့ သားရဲ့ ကျန်းမာရေးက မိမိရဲ့ အပြစ်မဲ့မှုထက် ပိုအရေးကြီးပါ့မလား...
အဘိုးကြီးကျန်းမှာ မိမိအပြစ်ကင်းမှုထက် ပိုအရေးမကြီးနိုင်ဘူးဟု သတ်မှတ်ထား၏။ သို့သော်လည်း သားဖြစ်သူကို အမြန်ခေါ်သွားပေးရမည်။
"မိတ်ဆွေတို့၊ သူ့ကို ဆေးပေးခန်းအထိ ဝိုင်းသယ်ပေးကြပါဦး..."
"ဟင်... ထပ်သယ်ရပြန်ပြီလား..."
လူတိုင်း ကျန်းရှင်းဖှ၏ ဘောင်းဘီဆီသို့ လှည့်ကြည့်လိုက်ကြသည်။
လူတိုင်း ဤသို့ တုံ့ပြန်ကြသည်မှာလည်း မဆန်းပေ၊ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတစ်ခေါက် ဆေးပေးခန်းကို ထမ်းသွားရသည့်သူမှာ ချဲယုံဖုန်း ဖြစ်နေသောကြောင့်ပင်…
သူလည်း အောက်ပိုင်းကိစ္စပဲလေ… အင်း… ဘယ်လိုပြောရမလဲ… တိုက်ဆိုင်နေသလိုပဲနော်…
"သယ်ကြ၊ သယ်ကြစို့"
"အမလေး ဘုရားရေ၊ ဘောင်းဘီကြီးနဲ့ သယ်ရတာ နည်းနည်းတော့ စိတ်ထဲ အနေရခက်သားပဲ"
"ဖူးးး..."
လုံခြုံရေးဝန်ထမ်း အချို့ ကူညီရန် အလိုအလျောက် ရှေ့ထွက်လာကြသည်။ သူတို့ ရောက်နေသည်မှာ ကြာပြီဖြစ်ပြီး ပွဲကြီးကို သဘောတကျ အားပေးကြည့်ရှုနေကြခြင်း ဖြစ်၏။
သူတို့စက်ရုံကတော့ ဝန်ထမ်းထောင်သောင်းချီရှိတဲ့ စက်ရုံကြီးပီပီ တကယ်ကို နာမည်နဲ့လိုက်ဖက်ပါပေတယ်… တခြားစက်ရုံတွေထက်စာရင် ဒီလို ထူးထူးဆန်းဆန်း ကိစ္စရပ်တွေက ဒီမှာပဲ ပိုအဖြစ်များတာ… ဒါ သူတို့စက်ရုံပဲ ဖြစ်ရမယ်...
လုံခြုံရေးဝန်ထမ်း အချို့သည် ကျန်းရှင်းဖှကို မချီလိုက်ကြသည်။
အဘွားကြီးကျောက်မှာ ကျန်းရှင်းဖှကို အထင်သေးဟန် စိုက်ကြည့်လိုက်ရာ သူတို့မျက်လုံးချင်း ဆုံသွားကြ၏။ အဘွားကြီးကျောက် သူ့ကို အေးစက်စက် စိုက်ကြည့်ပြီး နှုတ်ခမ်းလေးလှုပ်ကာ ပြောလိုက်လေသည်။
"နင်သာ ငါ့ချွေးမကို ဆက်ပြီး မျက်စိကစားနေရင် နင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်"
ကျန်းရှင်းဖှ : "........."
ထိုခဏချင်းမှာပင် အဘွားကြီးကျောက် ယနေ့ အဘယ်ကြောင့် ဤမျှအထိ ရက်စက်နေရသည်ကို သူ ဒက်ခနဲ သဘောပေါက်သွား၏။
မနေ့က သူ ချန်ချင်းယွီကို စိုက်ကြည့်နေမိတာကို အဘွားကြီးကျောက် မြင်သွားခဲ့တာ ဖြစ်မယ်…
"ခင်များ... ခင်များလို အဘွားကြီးက တမင် ကလဲ့စားချေတာပေါ့..."
သူ စကားပင် မဆုံးသေးခင်မှာပင် အဘွားကြီးကျောက်၏ မျက်လုံးများထဲ၌ အကြံဆန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။ သူမသည် ရုတ်တရက် ခြေထောက်ကို မြှောက်ကာ သူ့ဖင်ကို တည့်တည့်ကြီး လှမ်းကန်လိုက်
တော့သည်။ လုံခြုံရေး ဝန်ထမ်းတစ်ယောက်မှာ လှမ်းတားလိုက်ကာ
"ဟေး... ဒေါ်ကြီးကျောက်၊ လူကို အဲဒီလို လိုက်မရိုက်ပါနဲ့... အဲဒီလို ရိုက်လို့မရဘူးလေ။ ယဉ်ယဉ်ကျေးကျေး နေပါဦး"
သူမ ကန်ချက်သည် သိပ်မပြင်းဘဲ ခပ်ဖွဖွလေး တို့လိုက်ရုံသာ ဖြစ်သဖြင့် ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေပေ။
လုံခြုံရေးဝန်ထမ်းသည်လည်း သိပ်အလေးအနက်မထားကာ စကားအနည်းငယ် ပြော၍ ဆက်လျှောက်သွား၏။
အဘွားကြီးကျောက် : "ဒီဖင်က တော်တော်လေး တင်းတာပဲဟေ့..."
"အားးးး..."
ကျန်းရှင်းဖှ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားတော့သည်။
“ခင်များလို အဘွားကြီး နှာဘူးမ..."
အဘွားကြီးကျောက် : "လျှောက်မပြောနဲ့... ငါ့သားက မင်းအရွယ်လောက် ရှိတာ၊ မင်းထက် သိပ်မငယ်ဘူး..ငါကန်တာ ဘာကိစ္စ သိက္ခာမဲ့ရမှာလဲ..."
ကျန်းရှင်းဖှ : "ခင်များ... ခင်များ... ခင်များ… ကျုပ် ဖင်ကို ဘာလို့ လာကန်ရတာလဲ... အားးးး... ငါ ညစ်ပတ်သွားပြီ၊ ငါ ညစ်ပတ်သွားပြီ၊ ငါ တကယ်ကို ညစ်ပတ်သွားပြီဗျာ... ခင်များကြီး ရူးနေတာလား......"
ဘေးမှ ကြည့်နေသူများ: ‘ဘာဖြစ်တာလဲ.. သောက်ခွေး… ခွေးရူးပြန်ကုန်ပြီလား’
ခဏမျှ လူတိုင်း ဆွံ့အသွားကြပြီး လုံးဝကို ဝေခွဲမရ ဖြစ်သွားကြသည်။
အဘွားကြီးကျောက်: "နင်ကမှ ရူးနေတာလား... ဒါက ဒီလောက်အထိ အရေးကြီးလို့လား..."
"အားးးး..."
ကျန်းရှင်းဖှ မျက်နှာကို အုပ်ထားပြီး တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲကာ ကြက်သီးများ ထနေရှာ၏။
လူတွေက မိမိတို့ရဲ့ စရိုက်အတိုင်း တခြားလူတွေကိုလည်း ကိုယ့်လိုပဲ ထင်တတ်ကြတာဆိုတော့……
အချို့လူများအတွက် အဘွားကြီးကျောက်၏ အသက်အရွယ်ကြောင့် ဤအပြုအမူကို သိပ်အရေးမထားကြကာ၊ ကန်လိုက်သည်မှာလည်း သာမန်သာဟု တွေးကောင်း တွေးနိုင်သော်လည်း ကျန်းရှင်းဖှမှာ မတူပေ။ သူကိုယ်တိုင်မှာ မရိုးသားဘဲ အမြဲတမ်း မျက်စိကစားတတ်သူ ဖြစ်သဖြင့် ဤကိစ္စမျိုးကို အထူး တုံ့ပြန်လွယ်ခြင်း ဖြစ်သည်။ သူသည် သူမနေရာမှ ကိုယ်ချင်းစာ စဉ်းစားကြည့်ပြီး... အကယ်၍ သူသာ မိန်းမတစ်ယောက်ကို ဤအပြုအမူ စကားမျိုး ပြောခဲ့လျှင် မကောင်းသော ရည်ရွယ်ချက် ရှိနေမည်မှာ အသေအချာဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
ထို့ကြောင့် အဘွားကြီးကျောက်မှာ သူ့အပေါ် မရိုးသားသည့် အတွေးအကြံ ရှိနေသည်ဟု သူ အခိုင်အမာ ယုံကြည်သွားတော့သည်။
အဘွားကြီးကျောက်က ဆဲလည်းဆဲနိုင်တယ်၊ ရိုက်လည်းရိုက်နိုင်တယ်၊ ဒါပေမဲ့ သူ့ကိုတော့ လာပြီး စိတ်မကူးသင့်ဘူးလေ...
ကျန်းရှင်းဖှ : "ဘုရားရေ... ကယ်တော်မူပါဦး... ငါ့နားကို မလာနဲ့... ငါ့ကို လာပြီး စိတ်ကူးဖို့ စိတ်တောင်မကူးနဲ့..."
ဘေးက ကြည့်နေသူများ: "..."
အာ...
လူတိုင်း အဘွားကြီးကျောက်ကို စိုက်ကြည့်နေကြသော်လည်း သူမမှာ တည်ငြိမ်နေဆဲပင်။
သူမ နှာခေါင်းရှုံ့ကာ
"ငါက ရူးနေလို့လား... ငါက သူ့ကို စိတ်ဝင်စားရအောင်..."
ကျန်းရှင်းဖှ : သူမ ဟန်ဆောင်နေတာ၊ ဟန်ဆောင်နေတာ...
သူကိုယ်တိုင်လည်း ဤအခြေအနေမျိုးဆိုရင် အမြဲတမ်း တရားသဖြင့်လိုလို ဘာလိုလိုနှင့် နေပြနေကျ ဖြစ်၏။
အဘွားကြီးကျောက်က သူ့ကို တကယ်ပဲ မျက်စိကျနေတာပဲ... ဘယ်လိုလုပ်ရပါ့မလဲ... ဒါကတော့ လုံးဝကို မျှော်လင့်ချက် မရှိတော့ဘူး...
တကယ်ကို ဆိုးရွားလွန်းလှတယ်...
တကယ်တမ်းတွင် အဘွားကြီးကျောက်မှာ ကျန်းရှင်းဖှကို ဤအပြုအမူသည် အဘယ်မျှ ရွံစရာကောင်းကြောင်း တန်ပြန်ခံစားမိစေချင်၍ တမင်တကာ ပြောလိုက်ခြင်း ဖြစ်၏။
သို့သော် ကျန်းရှင်းဖှ တကယ်ပဲ ဤမျှအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
အဘွားကြီးကျောက်: "..."
အခြေအနေကို သေချာမသိတဲ့ လူဆိုရင်တော့ သူမက ကျန်းရှင်းဖားကို တစ်ခုခု လုပ်လိုက်ပြီလို့ ထင်ကုန်ကြတော့မယ်…
ကျန်းရှင်းဖှမှာ အနိုင်ကျင့်ခံရသည့် ဇနီးငယ်လေးနှယ် ပြုမူနေသဖြင့် အဘွားကြီးကျောက်လည်း သွားကျိန်းမိကာ၊ ဘေးမှ ကြည့်နေသူများလည်း ထို့အတူ ခံစားရသည်။
‘ဘာတွေ ဖြစ်ကုန်တာလဲ... တကယ်တော့ အဘွားကြီးကျောက်က ကျန်းရှင်းဖှကို စိတ်ကူးယဉ်လိမ့်မယ်လို့ ဘယ်သူမှ မတွေးဘူး… သူ့ဘာသာ လျှောက်တွေးနေတာပါဗျာ…
အသက်ကြီးတဲ့ အဘွားကြီးတစ်ယောက်က လူငယ် မောင်မယ်တွေကို စနောက်ကျီစယ်တာက သဘာဝပဲလေ...
ဘာလို့ ဒီလောက်အထိ ပြင်းထန်တဲ့ စကားလုံးတွေ သုံးနေရတာလဲ...’
‘ကျန်းရှင်းဖှကို ကြည့်ရတာ သူကိုယ်သူ တော်တော်လေး အထင်ကြီး ဘဝင်မြင့်နေပုံရတယ်…’
‘သူ လျှောက်တွေးနေပဲ…’
‘ခုနတင်ပဲ သူ့အဖေက အဘွားကြီးကျောက်က သူ့ကို စွပ်စွဲတယ်လို့ ပြောခဲ့ပြီး၊ အခုကျတော့ သားဖြစ်သူက အဘွားကြီးကျောက်က သူ့ကို စိတ်ကူးယဉ်နေပြန်တယ်လို့ လာပြောနေပြန်ပြီ… ဘာတွေ ဖြစ်နေကြတာလဲ... ဒါက တကယ်ကို အချစ်နဲ့ အမုန်းတွေ ရောယှက်နေတဲ့ အရှုပ်ထုပ်ကြီးပါပဲ… နားမလည်နိုင်စရာ၊ လုံးဝကို နားမလည်နိုင်စရာကြီးပါပဲ..’
အဘွားကြီးကျောက်ကိုယ်တိုင်လည်း ရွံရှာစက်ဆုပ်စွာ နှုတ်ခမ်းမဲ့၍ ဆိုလိုက်မိ၏။
"ကံဆိုးလိုက်တာ..."
အမှန်အတိုင်းပြောရလျှင် အဘိုးကြီးကျန်းပင် သားဖြစ်သူ၏ တုံ့ပြန်မှုသည် လွန်လွန်းနေပြီဟု ထင်မိသည်။ သူသည် စိတ်မသက်မသာဖြင့် အနောက်က လိုက်လာရင်း
"ကဲပါ... သွားကြစို့၊ ဆေးပေးခန်း သွားရအောင်… ဒီအသုံးမကျတဲ့ အကြောင်းအရာတွေကို ဘာလို့ လျှောက်ပြောနေရတာလဲ..."
‘ဒါက သူတို့မျက်နှာကို သူတို့ ပြန်အိုးမည်းသုတ်နေသလိုပဲ…’
ကျန်းရှင်းဖှသည် သူ၏ အရေးကြီးသော နေရာကို ဆုပ်ကိုင်ကာ ညည်းတွားရင်း အဘွားကြီးကျောက်ကို သံသယမျက်လုံးများဖြင့် သတိကြီးစွာ လှည့်ကြည့်နေသည်။
အဘွားကြီးကျောက်: "ချီးပဲ..."
"ဒေါ်ကြီးကျောက်၊ သူ့ကို လိုက်မကြည့်ပေးဘူးလား..."
အဘွားကြီးကျောက်: "ငါက ဘာလို့ သွားကြည့်ရမှာလဲ... သူက ဒီလောက်အထိ အသုံးမကျတာ ဘယ်လိုယောက်ျားလဲ..."
သူမသည် လက်ကိုခါပြီး လှည့်ထွက်သွားတော့သည်။
"ငါ ထမင်းချက်ဆောင်ကို အလုပ်ပြန်လုပ်ဖို့ သွားရဦးမယ်”
အဘွားကြီးကျောက်
မသွားသော်လည်း အခြားသူများမှာမူ သွားကြည့်လေသည်။
ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ စပ်စုချင်တဲ့ စိတ် ရှိကြတာပဲ မဟုတ်
လား...
ခဏအကြာတွင် မီးဖိုချောင်မှ အဘွားကြီးစွန်းသည် အဘွားကြီးကျောက်နားသို့ ကပ်ကာ တိုးတိုးလေး လာပြော၏။
"ဟေး... ကျန်းရှင်းဖှက ဘာမှမဖြစ်ပါဘူး၊ ညည်း စိတ်အေးအေးထားပါ၊ ဒဏ်ရာမရသွားဘူး"
အဘွားကြီးကျောက်: "ငါက အားသိပ်မသုံးလိုက်ပါဘူး… သူက နုဖတ်လွန်းလို့ပါ၊ ဒီလောက်အထိ အော်ဟစ်နေတာက ငါကပဲ သူ့ကို အကြီးအကျယ် လုပ်လိုက်သလိုလိုနဲ့"
တကယ်တမ်း သူမ တော်တော်လေး ပြင်းပြင်းထန်ထန် ကန်လိုက်ခြင်းဖြစ်သော်လည်း၊ ကျန်းရှင်းဖှ ထိုလောက်အထိ ခံနိုင်ရည်ရှိပြီး ဘာမျှမဖြစ်ဟု မထင်ထားမိပေ။
"ဆရာဝန်က ပြောတယ်၊ အဲဒီလို အကဲဆတ်တဲ့ နေရာဆိုတော့ နာတော့ နာလိမ့်မယ်၊ ဒါပေမဲ့ မပျက်စီးသွားပါဘူးတဲ့.. နည်းနည်းလောက် အနားယူပြီးရင် ပြန်သုံးလို့ ရပါတယ်တဲ့၊ ဒါပေမဲ့ အများကြီး အနားယူပြီး အာဟာရရှိတာတွေ စားပေးဖို့တော့ လိုတာပေါ့”
အဘွားကြီးကျောက် နှုတ်ခမ်းစူကာ
"တွေ့လား... ဆရာဝန်ကိုယ်တိုင်က မစိုးရိမ်ရဘူး၊ မပျက်စီးဘူးလို့ ပြောတာပဲ။ နောက်ပိုင်း တစ်ခုခုဖြစ်လာရင်တော့ ငါ့ကို လာမပြစ်တင်နဲ့”
"အသေအချာပေါ့"
အဘွားကြီးကျောက်မှာ အားကုန်မကန်မိလိုက်မိသည်ကို နောင်တရနေမိသော်လည်း၊ သူမသည် ချက်ချင်းပင် ထိုကိစ္စမှ မိမိကိုယ်ကို ကင်းရှင်းအောင် လုပ်လိုက်တော့သည်။
နှမြောစရာကောင်းလိုက်တာ...
သူမ ကန်လိုက်တာ နည်းတောင် နည်းသေးတယ်… ဒီအမှိုက်ကောင်ကော သင်ခန်းစာ ရသွားပါ့မလား...
သူမသည် ဤကောင်စုတ်ကို အလွန်ပင် သင်ခန်းစာ ကောင်းကောင်း ပေးချင်နေမိသည်။ သူတို့မိသားစုကို လာပြီး ဆွ၍မရကြောင်း ပညာပြချင်မိ၏။
သူက ဒါမျိုးဖြစ်နေတာ အကြိမ်ကြိမ်ရှိပြီ၊ ဒဏ်ရာပျောက်တာနဲ့ နာခဲ့တာကို မေ့မေ့သွားတတ်တာပဲ…
သူ့အမေတောင် ပြဿနာမရှာရဲတော့ဘူးဆိုတာ သိနေတာကို၊ သူကတော့ ချန်ချင်းယွီကို စိုက်ကြည့်ရဲသေးတယ်ပေါ့… သူက အရိုက်ခံရတာ နည်းသေးတယ်လို့ ထင်နေတာလား...
တကယ့်ကို အမှိုက်ကောင်ပဲ…
"ဟေး... မင်းပဲ ဒီနေ့ တိုင်ဖွန်းမုန်တိုင်း ဝင်မယ်ဆို... အခုတော့ ထုံးစံထက် လေနည်းနည်း ပိုတိုက်နေရုံတင် ရှိတာကို"
"မုန်တိုင်းက မရောက်သေးလို့ ထင်ပါရဲ့..."
"ဘယ်သူသိမှာလဲ..."
အဘွားကြီးကျောက် : "ဟေး... ညည်းတို့ ဘယ်လိုထင်လဲ... ချဲယုံဖုန်း မှောင်ခိုဈေးမှာ အဖမ်းခံရတာဆိုတော့ သူ့ကို အရေးယူလို့ ရမလား..."
"ဘယ်လိုမှ အရေးယူလို့ မရနိုင်ပါဘူး၊ ဘယ်လိုလုပ် အရေးယူလို့ ရမှာလဲ... မှောင်ခိုဈေး သွားတဲ့လူတွေ အများကြီးပဲဥစ္စာ၊ တစ်ယောက်ချင်းစီ လိုက်ပြီး အရေးယူလို့ ဘယ်ဖြစ်မလဲ”
"အဲဒါလည်း ဟုတ်သားပဲ"
အဘွားကြီးကျောက် သက်ပြင်းကို ထပ်မံချလိုက်ပြီး တွေးမိသွား၏။
‘ဒီလို လူဆိုးတွေကျတော့ ဘာလို့ တကယ့် ဝဋ်လိုက်တာမျိုး မရှိရတာလဲ... သူကတော့ လွယ်လွယ်လေး လွတ်သွားတာပဲ….’
အဘွားကြီးကျောက်
စိတ်ပျက်နေသော်လည်း ချဲယုံဖုန်း တစ်ယောက် အကြီးအကျယ် ဒေါသပေါက်ကွဲနေသည်ကို သူမ မသိပေ။ သူသည် မိမိကိုယ်ကို ဤမျှအထိ ကံဆိုးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ပထမတစ်ခါ အရိုက်ခံရပြီး၊ နောက်တွင် အဖမ်းခံရသည်။
သိက္ခာတွေလည်း အဖတ်မတင်အောင် ကွဲခဲ့ရပြီ…
အဆုံးတွင် အတွင်းရေးမှူးကျန်း စီစဉ်ပေးလိုက်သည့် လူတစ်ယောက် သူ့ကို ခေါ်ထုတ်လာခဲ့ပြီး သူတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေ၏။
အတွင်းရေးမှူးပိုင်သည် ထိုညီအစ်ကိုနှစ်ယောက် အသက်ထွက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ဆေးရုံသို့ တန်းခေါ်သွားတော့သည်။
သူတို့မှာ ရွေးချယ်စရာမရှိပေ၊ ဒဏ်ရာများသည် တကယ်ကို ပြင်းထန်လွန်းနေ၍ ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် သူတို့ ဤသို့ဖြစ်သွားရခြင်းမှာ ကျူးလောင်တထံမှ အရိုက်ခံရ၍ မဟုတ်ဘဲ၊ လူအုပ်ကြီး၏ တက်နင်းခြင်းကို ခံလိုက်ရ၍ ဒဏ်ရာပြင်းထန်သွားခြင်း ဖြစ်သည်။
လူများ အလုအယက် ထွက်ပြေးကြစဉ် သူတို့နှစ်ယောက်လုံးသည် မြေကြီးပေါ်မှာ လဲနေခဲ့သဖြင့် လူအုပ်ကြီး၏ တက်နင်းခြင်းကို ခံလိုက်ရခြင်းပင်...
အဲ့ဒီ အသည်းနှလုံးမရှိတဲ့ ကောင်တွေက ဘယ်ကို နင်းလို့နင်းမိမှန်း မကြည့်ဘဲ ပြေးကြလို့ သူတို့နှစ်ယောက်မှာ သေလုမတတ် နင်းချေခံခဲ့ရတာ…
အကယ်၍သာ ဒဏ်ရာ အပြင်းအထန်ရပြီး ထမရလောက်အောင် ဖြစ်မသွားခဲ့လျှင် သူတို့ အဖမ်းခံရမည် မဟုတ်ပေ။ မှောင်ခိုဈေး နှိမ်နင်းမှုအတွင်း သူတို့နှစ်ယောက်တည်းသာ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ချဲယုံဖုန်း၏ မျက်နှာသည် ပုပ်သိုး မှုန်ကုပ်နေပြီး၊ သူ့ညီ ချဲယုံချန်းမှာ စကားတစ်ခွန်းမှ မဟရဲဘဲ ပုခုံးလေး ကျုံ့ထားရှာ၏။ သူသည် ထောင်ထောင် ထောင်ထောင်နှင့် ဦးနှောက်မရှိသော်လည်း၊ မိမိ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် အစ်ကိုဖြစ်သူအား အကာအကွယ်ပေးဖို့ လိုအပ်သည်ကိုသိနေသည်။ အကယ်၍ အစ်ကိုဖြစ်သူကို စိတ်ကူးလွဲအောင် လုပ်မိလျှင် သူ့မိသားစုပါ ဒုက္ခရောက်သွားလိမ့်မည်။
ထိုနှစ်ယောက်ကို ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားခဲ့၏။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ဒဏ်ရာသည် ပြင်းထန်သဖြင့် ဆေးရုံတက်လိုက်ရတော့သည်။
အတွင်းရေးမှူးပိုင်: "..."
အတွင်းရေးမှူးကျန်းလို လည်ရှုပ်တဲ့ လူတစ်ယောက်က ဘာလို့ ဒီလောက်အထိ အူတူတူနိုင်တဲ့ သားမက်မျိုး ရထားရတာလဲ... သူ့မျက်စိကတော့ တကယ်ကို အားကိုးမရဘူးပဲ...
အတွင်းရေးမှူးပိုင် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း နှုတ်ကမူ ယဉ်ယဉ်ကျေးကျေးပင်
ပြောလိုက်၏။
"ကျွန်တော် ဆေးရုံတက်ဖို့ အားလုံး စီစဉ်ပေးထားပြီးပါပြီ.. ခင်ဗျားတို့ အဆင်ပြေသလို နေနိုင်ပါတယ်.. စပေါ်ငွေလည်း တင်ပေးထားတယ်၊ ခင်ဗျားတို့ မိသားစု ရောက်လာတဲ့အခါကျမှ ဘယ်နှစ်ရက် နေမလဲဆိုတာ ဆက်ဆွေးနွေးကြတာပေါ့"
သူသည် သုံးရက်စာအတွက် ပိုက်ဆံတင်ပေးထားခြင်း ဖြစ်ပြီး၊ အကယ်၍ ထိုထက်ပိုပြီး နေချင်လျှင် သူတို့ဘာသာသူတို့ ပိုက်ဆံပေးရမည် ဖြစ်သည်။
သူသာ် ပြုံးလိုက်ပြီး
"မစိုးရိမ်ပါနဲ့၊ ကျွန်တော် မမကြီးကျန်းကို အကြောင်းကြားလိုက်ပါ့မယ်"
ချဲယုံဖုန်း နည်းနည်း စိုးရိမ်သွားပြီး မေးလိုက်မိ၏။
"ငါ့မိန်းမ စိတ်ဆိုးနေလား..."
အတွင်းရေးမှူးပိုင် : "ခင်ဗျားကော ဘယ်လိုထင်လဲ... ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ မိန်းမတွေဆိုတာ အသည်းနုကြပါတယ်… ခင်ဗျားက စကားချိုချိုလေး ပြောလိုက်ရင် သူ ခင်ဗျားကို ဘယ်လိုမှ အပြစ်တင်မှာ မဟုတ်ပါဘူး"
သောက်ပေါက်ကရတွေ…
မမကြီးကျန်းဆိုတာ တကယ့် ဘီလူးမကြီးပဲဥစ္စာ…
အတွင်းရေးမှူးပိုင်သည် အမှန်
အတိုင်း ထုတ်မပြောရဲဘဲ
"ကဲ သွားကြစို့၊ လူနာဆောင်ထဲ သွားရအောင်"
ချဲယုံဖုန်းမှာ စိုးရိမ်စိတ်လွန်ကဲနေသဖြင့် အတွင်းရေးမှူးပိုင်၏ နှစ်သိမ့်စကားများကို လုံးဝ မကြားနိုင်ပေ၊ ထိုသို့သော နှစ်သိမ့်မှုသည် သူ့အတွက် အသုံးမဝင်ပေ။ သို့သော် အတွင်းရေးမှူးပိုင်က ထိုအရာများကို ဂရုမစိုက်ေချေ၊ လူကို လိုက်ပို့ပေးပြီး ဆေးရုံ ရောက်အောင် ပို့ပေးခဲ့ခြင်းသည် သူ့တာဝန် ဖြစ်၏။ ထိုနောက်ပိုင်း ကိစ္စရပ်များသည်ကား မိသားစုရေးရာသာ ဖြစ်သည်။
အတွင်းရေးမှူးပိုင်: "ဒီဘက်ကို... ဟင်... ဝမ်ကျန့်ကော်ပါလား..."
တိုက်ဆိုင်လိုက်တာ...
ချဲညီအစ်ကိုနှစ်ယောက် ရောက်သွားသည့် လူနာဆောင်သည် ဝမ်ကျန့်ကော် ရှိနေသည့် လူနာဆောင် ဖြစ်နေ၏။
ဝမ်ကျန့်ကော်လည်း ခဏမျှ အံ့အားသင့်သွားပြီး နှုတ်ဆက်ကာ
"အတွင်းရေးမှူးပိုင်၊ ဘာဖြစ်လို့လဲဗျာ... ဒါရိုက်တာချေ၊ တိုက်ဆိုင်လိုက်တာနော်"
ချဲယုံဖုန်းသည် ဒါရိုက်တာ မဟုတ်တော့သော်လည်း ဝမ်ကျန့်ကော်မှာ လူမှုရေး နောကျေသူ ဖြစ်သည်။ သူ စိတ်ထဲတွင် ဘာပဲတွေးနေပါစေ မျက်နှာပေါ်တွင်မူ ထုတ်ပြမည် မဟုတ်ပေ။ သူနှင့် အတွင်းရေးမှူးပိုင်သည် လူစားတစ်မျိုးတည်း ဖြစ်၏။ နှစ်ယောက်လုံးက အကွက်မြင်ပြီး လူရည်လည်ကြသူများ ဖြစ်သည်။
ချဲယုံဖုန်း စိတ်မသက်မသာဖြင့် ခေါင်းညိတ်ပြလိုက်၏။
အတွင်းရေးမှူးပိုင် : "မင်းလည်း ဆေးရုံတက်နေရလိမ့်မယ်လို့ ငါ မထင်ထားဘူး..ဘာဖြစ်တာလဲ..."
ဝမ်ကျန့်ကော်က ခဏမျှ အိုးတိုးအမ်းတမ်း ဖြစ်သွားပြီးမှ
"အရင်က ကျွန်တော်တို့ ဝင်းထဲကို သူခိုးဝင်လို့၊ အဲဒီသူခိုးကြောင့် ဒဏ်ရာရသွားတာပါ"
"ဪ~ မင်းအကြောင်း ငါကြားဖူးသားပဲ၊ ကြားဖူးသားပဲ.. သူခိုးကြောင့် ဒဏ်ရာရသွားတဲ့လူက မင်းကိုး"
ချဲယုံချန်းသည် ဖူးရောင်နေသည့် မျက်နှာကြီးဖြင့် မိမိသိကြောင်း ဝင်ပြောလိုက်သည်။
အခြားသူများ: "..."
မင်းကတော့ တကယ်ကို စကားပြောမတတ်တဲ့ကောင်ပဲ… မပြောတတ်ရင်လည်း ပါးစပ်ထားရတယ်ကွ…
ဝမ်ကျန့်ကော်နှင့် အတွင်းရေးမှူးပိုင်တို့ မျက်လုံးချင်း ဆုံသွားကြသည်။
အတွင်းရေးမှူးပိုင် : "မြန်မြန် ဝင်လာကြ၊ ကောင်းကောင်း အနားယူဖို့ လိုတယ်၊ ဆေးရုံဝတ်စုံ လဲလိုက်ကြဦး..လာ... ငါ ကူညီပေးမယ်"
ဝမ်ကျန့်ကော်: "ကျွန်တော် ကူညီပေးပါ့မယ်"
"မလိုပါဘူး၊ မလိုပါဘူး၊ မင်းအနားယူပါ"
အတွင်းရေးမှူးပိုင်သည် ဝမ်ကျန့်ကော်ကို သိ၏။ ဝမ်ကျန့်ကော်ကို အဘွားကြီးကျောက်တို့ မိသားစုအပေါ် အကွက်ဆင်ဖို့ အရိပ်အမြွက် ပေးခဲ့သည်မှာ အတွင်းရေးမှူးပိုင်ပင် ဖြစ်သည်။
ဒါပေမဲ့ တောက်... အဘွားကြီးကျောက်တို့က ဒဏ်ရာပြင်းပြင်းထန်ထန် မရသေးခင်မှာပင် ဝမ်ကျန့်ကော်က ဆေးရုံ အရင်ရောက်နေနှင့်ပြီ… သူကတော့ တကယ်ကို ကံဆိုးလှချည်လား…
ဒါမျိုး ဒဏ်ရာရတဲ့လူကို တစ်ခါမှ မမြင်ဖူးပါဘူး…
အတွင်းရေးမှူးပိုင် : "မင်းတို့ဝင်းထဲကို သူခိုးဝင်တယ်လို့ ငါ ကြားတယ်၊ အဆင်ပြေရဲ့လား..."
သူ့စကားသည် အဓိပ္ပာယ် အများကြီး ပါဝင်နေသည်။
ဝမ်ကျန့်ကော်သည်လည်း သူ ဘာကို ဆိုလိုသည်ဆိုတာကို သဘာဝကျကျ ရိပ်မိသဖြင့် ချက်ချင်းပင်
“တကယ့်ကို ရှုပ်ထွေးနေတာပဲဗျာ... အူတူတူ သူခိုးနှစ်ယောက် ဝင်လာတာ၊ တကယ့် ငတုံးနှစ်ကောင်ပဲ။ သူတို့က အမိုးပေါ်ကနေ ဆင်းလာပြီး ကျွန်တော့်ကို အရိုးအောင် လုပ်သွားတာ၊ တကယ့် ကံဆိုးမှုပဲ"
"အာ... အဲဒီ ငတုံးသူခိုးတွေက မင်းအရိုးတွေကို ကျိုးအောင် လုပ်နိုင်တယ်ဆိုတော့ မင်းက အဲဒီသူခိုးတွေထက်တောင် ပိုပြီး ငတုံးကျနေတာ မဟုတ်ဘူးလား..."
ချဲယုံချန်း ထပ်ပြီး မြည်တွန်တောက်တီးပြန်၏၌
အတွင်းရေးမှူးပိုင်မှာ ဆွံ့အသွားတော့သည်။
မင်းကတော့ စကားကို လျှောက်ပြောတော့တာပဲ...
မင်း စကားမပြောရင် လူတွေက ဆွံ့အနေတယ်လို့ ထင်ကြမှာ စိုးလို့လား...
အတွင်းရေးမှူးပိုင် မကြားချင်ယောင်ဆောင်ကာ
"မင်းတို့ဝင်းက ပြဿနာ တော်တော်များသားပဲ။ အဲဒီသူခိုးက ဘာမှမခိုးသွားဘူးဆိုတော့ သူ နောက်တစ်ခေါက် ထပ်မလာဘူးလို့ မပြောနိုင်ဘူးနော်... အဲဒါက ခင်ဗျားတို့ကို သေလုမတတ် လန့်သွားစေမှာ အသေအချာပဲ မဟုတ်လား..."
ဝမ်ကျန့်ကော်သည် သူ၏အရိပ်အမြွက်ကို ရိပ်မိသွားပြီး ချက်ချင်းပင် သတင်းပို့သည့် သဘောဖြင့်
"မစိုးရိမ်ရပါဘူး၊ ကျွန်တော်တို့ဝင်းထဲမှာ ခိုးမှု သိပ်မရှိပါဘူး"
"အတွင်းရေးမှူးပိုင်လည်း ယွမ်ရှောင်ချွေအကြောင်း ကြားဖူးမယ် ထင်တယ်၊ ဟို... ကျေးလက် ဆင်းခါနီးမှာ မိဘတွေကို ပြဿနာရှာပြီး မီးရထားဘူတာရုံမှာ ရန်ဖြစ်ခဲ့တဲ့ မိန်းကလေးလေ.. သူက ကျွန်တော်တို့ဝင်းထဲကပဲ၊ သူက မထွက်ခွာခင်မှာ သူ့ရဲ့ အဖေရင်းနဲ့ မိထွေးဖြစ်သူဆီမှာ အကြွေးတောင်ပုံရာပုံ ထားခဲ့တာ၊ ကျွန်တော်တို့ဝင်းထဲက မိသားစု အတော်များများဆီကနေ ပိုက်ဆံနဲ့ လက်မှတ်တွေ လိုက်ချေးသွားတာလေ၊ ကြားတာတော့ ယွမ်ရှောင်ချွေက ကျွန်တော်တို့ဝင်းထဲက ဒေါ်ကြီးကျောက်တို့ မိသားစုဆီကနေလည်း ကျေးလက်သွားရင် ပစ္စည်းဝယ်ဖို့အတွက် လက်မှတ်တွေ အများကြီး ချေးသွားတယ်လို့ ကြားတယ်ဗျ”
ကြားလိုက်ရဲ့လား...
ငါပြောတာကို ကြားလိုက်ရဲ့လား...
အခုအချိန်မှာ သွားပြီး ပြဿနာရှာဖို့ ကြိုးစားနေလည်း အပိုပဲ ဖြစ်
လိမ့်မယ်…
အဘွားကြီးကျောက်သည် လက်မှတ်ကို မှောင်ခိုဈေးတွင် သွားရောင်းတော့မည် မဟုတ်ဘဲ၊ အကုန်လုံးကို ချေးပစ်လိုက်ပြီ ဖြစ်သဖြင့် သူမတွင် ဘာမှမကျန်တော့ပေ။
အတွင်းရေးမှူးပိုင်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ကိစ္စရပ်များသည် ဤသို့ ဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
"သူက လူကောင်းတစ်ယောက်လိုပါလား"
ဝမ်ကျန့်ကော် ဆက်ပြောလိုက်ကာ
"ဒါပေမဲ့ ထူးတော့ ထူးဆန်းသားဗျ.. ကျွန်တော်တို့ဝင်းထဲက လူအတော်များများက အဲ့ကလေးမကို ပိုက်ဆံတွေကော လက်မှတ်တွေကော ချေးထားကြတာ… ကျွန်တော့်အထင်တော့ သူတို့ကို တစ်ခုခု အကျိုးအမြတ် ပေးလိုက်လို့ ဖြစ်မှာပါ၊ မဟုတ်ရင် ဒီလောက်အလွယ်တကူ ဘယ်လိုလုပ် ချေးပေးမလဲ..."
"မင်းပြောတာ ဟုတ်နိုင်တယ်"
"အခုခေတ်ကြီးမှာ ပိုက်ဆံချေးတဲ့လူ ရှိသေးလို့လား... ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်ရင် ဘာဖြစ်မှာမို့လို့လဲ..."
ချဲယုံချန်း တိုးတိုးလေး ဝင်မြည်တွန်တောက်တီးသည်။ သူကိုယ်တိုင်လည်း သူ့ယောက္ခမထံမှ ပိုက်ဆံချေးပြီး တစ်ခါမှ ပြန်မဆပ်ခဲ့ဖူးပေ။
ကျန်သုံးယောက်သည် သူ့ကို လုံးဝ အဖက်မလုပ်ကြချေ၊ သူတို့ချင်းပင် အရှက်ရလွန်းသဖြင့် မခံစားနိုင်ေတော့ပေ။
တကယ့် လူနုံလူဖျင်းပဲ…
သို့သော် အတွင်းရေးမှူးပိုင် နည်းနည်း စိုးရိမ်နေမိ၏။ အထက်လူကြီးပေးထားသည့် တာဝန်သည် အချိန်မီမပြီးပြတ်ခဲ့သဖြင့် ကြည့်ရသည်မှာ အခြေအနေ မဟန်လှပေ။
အတွင်းရေးမှူးပိုင်၏ စိတ်ထဲတွင် လေးလံနေသော်လည်း၊ ဝမ်ကျန့်ကော်မှာ ထိုအရာကို ဂရုမစိုက်ပေ။
အတွင်းရေးမှူးပိုင် : "မင်း ဒဏ်ရာရထားတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ။ ဆေးရုံကဆင်းဖို့ မလောပါနဲ့။ ဘာပဲဖြစ်ဖြစ် အိမ်မှာလည်း လုပ်စရာ ဘာမှမရှိတာပဲဥစ္စာ"
ဝမ်ကျန့်ကော်: "ဟုတ်ကဲ့၊ ဟုတ်ကဲ့။"
အိမ်မှာ လုပ်စရာ ဘာမှမရှိဘူးဆိုသည်မှာ အဘွားကြီးကျောက်တို့ မိသားစုထံ သွားပြီး ပြဿနာ သွားမရှာနဲ့တော့ဟု ဆိုလိုခြင်း ဖြစ်သည်။
ဝမ်ကျန့်ကော် သဘောပေါက်လိုက်၏။
ဝမ်ကျန့်ကော် : "ဒါနဲ့... ခင်ဗျားတို့ကော ဘာဖြစ်လာကြတာလဲ..."
ချဲယုံဖုန်း: "မတော်တဆ ဖြစ်တာပါ၊ မတော်တဆ ထိခိုက်မိတာ"
ချဲယုံချန်း : "ကျွန်တော်တို့ မှောင်ခိုဈေးမှာ အဖမ်းခံရတာဗျ၊ ဒါပေမဲ့ တော်သေးတာပေါ့၊ ကျွန်တော့်မရီး မိသားစုဘက်က အဆက်အသွယ်ရှိလို့ ကျွန်တော်တို့ကို ပြန်ထုတ်ပေးနိုင်တာ"
သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
အတွင်းရေးမှူးပိုင်ခမျာ ပြုံးသာပြလိုက်ရသည်။
ဘယ်မိသားစုမှာမဆို ဒီလိုလူအူတူတူ ငတုံးမျိုး ရှိနေရင် တကယ်ကို ကိုင်တွယ်ရ ခက်ခဲလှမှာပဲ… ကျန်းမိသားစုက ချဲမိသားစုကို အထင်သေးတာ မဆန်းပါဘူးလေ… ဒါတွေက ဘယ်လိုလူစားမျိုးတွေမို့လို့လဲ...
ချဲယုံဖုန်း : "ဟို... အတွင်းရေးမှူးပိုင်၊ ကျွန်တော်တို့ ဖြစ်ပျက်သမျှကို ကျွန်တော့်အမေဆီ တစ်ချက်လောက် အကြောင်းကြားပေးလို့ ရမလားခင်ဗျာ... မဟုတ်ရင် သူတို့ စိုးရိမ်နေကြမှာ စိုးလို့ပါ"
အတွင်းရေးမှူးပိုင် : "မစိုးရိမ်ပါနဲ့၊ ကျွန်တော် သိပါတယ်"
ချဲယုံဖုန်းသည် ကျန်းမိသားစု၏ ခိုင်းဖတ်နှယ် ဖြစ်နေသော်လည်း အတွင်းရေးမှူးပိုင်မှာမူ အလွန် ယဉ်ကျေးပျူငှာလှသည်။ သူ့အမူအရာသည် တော်တော်လေး နှိမ့်ချမှုရှိသဖြင့် ချဲယုံဖုန်းသည် အတွင်းရေးမှူးပိုင်အပေါ် အထင်ကြီး လေးစားမိသွား၏။
"ဒီတစ်ခေါက်အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ အစ်ကိုပိုင်"
အတွင်းရေးမှူးပိုင် ပြုံးလိုက်ပြီး
"ကြည့်စမ်း၊ ခင်ဗျားကလည်း ဘာတွေပြောနေတာလဲ... ကျွန်တော်တို့က မိသားစုတွေပဲဥစ္စာ၊ အားနာစရာ မလိုပါဘူး… ရဲဘော်ဟောင်းတွေပဲဟာကို"
"ကျွန်တော် စက်ရုံကို ပြန်ပြီး အတွင်းရေးမှူးကျန်းကို သတင်းပို့ရဦးမှာမို့လို့ အခု ပြန်ခွင့်ပြုပါဦး… တစ်ခုခု လိုအပ်တာရှိရင်လည်း လှမ်းပြောပါ၊ ကျွန်တော် အားတဲ့အချိန်ကျရင် ခင်ဗျားတို့အတွက် လာပြီး ကူညီပေးပါ့မယ်"
"ဟုတ်ကဲ့ပါ..."
အတွင်းရေးမှူးပိုင် : "ဝမ်ကျန့်ကော်၊ ငါလည်း ပြန်တော့မယ်နော်..မင်း နေကောင်းသွားတဲ့အခါကျရင် ငါ ထမင်းလိုက်ကျွေးပါ့မယ်"
ဝမ်ကျန့်ကော်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး
"ကျေးဇူးတင်ပါတယ်၊ အတွင်းရေးမှူးပိုင်"
အတွင်းရေးမှူးပိုင် : "မင်းကလည်း အားနာစရာမလိုပါဘူး၊ ဒါ ငါ့တာဝန်ပဲဥစ္စာ"
သူသည် ပြုံးလျက် တံခါးအပြင်သို့ ထွက်လာစဉ်၊ ဝမ်ကျန့်ကော်၏ ဇနီးသည်မှာ တံခါးဝတွင် ရောက်နှင့်နေသည်ကို မြင်လိုက်ရ၏။ သူမ အည်သည့်အချိန်ကတည်းက ရောက်နေသည် မသိပေ။
အတွင်းရေးမှူးပိုင် သူမကို မမှတ်မိသော်လည်း ဝမ်ကျန့်ကော်သည်လှမ်းနှုတ်ဆက်လိုက်ကာ
"မိန်းမ၊ ရောက်လာပြီလား..."
အတွင်းရေးမှူးပိုင်သာ် နှုတ်ဆက်သည့်သဘောဖြင့် ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။
ဝမ်မေ့လန်သည် ပွင့်လင်းပြီး ဖော်ရွေသူ ဖြစ်သော်လည်း၊ သူမသည် စိတ်သဘောထား ဘွင်းဘွင်းရှင်းရှင်း ရှိကြသည့် လမ်းထဲရှိဒေါ်လေးများနှင့်သာ အဆင်ပြေပြေ ပေါင်းသင်းတတ်ပြီး၊ အတွင်းရေးမှူးပိုင်ကဲ့သို့သော လူမျိုးနှင့်မူ လုံးဝ အဆင်မပြေပေ။သူမ စိတ်ထဲတွင် နေရထိုင်ရ ခက်ခဲလှ၏။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားသည့် ဤလူသည် ပညာတတ်တစ်ယောက်နှင့် တူလှသော်လည်း ဝမ်မေ့လန်မှာ တကယ် အသားမကျပေ။
အတွင်းရေးမှူးပိုင် ထွက်သွားပြီးခါမှ ဝမ်မေ့လန်တစ်ယောက် အထဲသို့ ဝင်လာခဲ့၏။
"မင်းက ဒီအချိန်ကြီး ဘာလို့ လာတာလဲ..."
ဝမ်မေ့လန် : "အမေက ကျွန်မကို ကျောက်ရုံဆီ သွားပြီး အကြွေးတောင်းခိုင်းလို့၊ ပြီးတော့ သူ့အတွက် ရိက္ခာအနည်းငယ် ဝယ်ပေးခိုင်းလို့ပါ.. ကျွန်မတို့ မိသားစုရဲ့ လစဉ်ရိက္ခာကို ဝယ်ပြီးပြီဆိုတော့ အိမ်ပြန်ပြီး သွားယူမလို့။ ဒါနဲ့ ရှင် ဘယ်လောက် ပေးလိုက်ရင် သင့်တော်မလဲဆိုတာ လာမေးတာ"
ဝမ်မေ့လန်သည် သူမ၏ ယောက္ခမအပေါ် တကယ်ကို စိတ်ပျက်မိသည်။
သူမ အလုပ်လေး နည်းနည်း လုပ်လိုက်ရရုံဖြင့် ဒါပေးပါ၊ ဟိုဟာပေးပါနှင့် တောင်းဆိုတော့၏။ သူ့သားဖြစ်သူ ဆေးရုံတက်နေရသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ရိက္ခာကို လှမ်းတောင်းနေပြီ ဖြစ်သည်။
ဘယ်ယောက္ခမမှ သူမယောက္ခမလောက် လောဘမကြီးဘူး…
သို့သော် ဝမ်မေ့လန်မှာ ဝမ်ကျန့်ကော်၏ ရှေ့တွင် မကောင်းသည့် စကားလုံးများကို မပြောရဲပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ကျန့်ကော်၏ အမေ အရင်း ဖြစ်နေ၍ပင်။
သူမ နှုတ်ခမ်းကို စူလိုက်ပြီး ဝမ်ကျန့်ကော်ကို စိုက်ကြည့်ကာ မေးလိုက်၏။
"ရှင်ကော ဘယ်လောက်ဆို သင့်တော်မယ် ထင်လဲ..."
ဝမ်ကျန့်ကော် : "မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါ။ ငါတို့မှာလည်း အများကြီး မကျန်တော့ဘူးဆိုတော့ နည်းနည်းပဲဆိုရင်ရော.. ကလေးက အများကြီး မစားနိုင်ဘူး၊ မင်းလည်း ခွင့်တိုင်ထားတာ ရက်တော်တော်ကြာနေပြီဆိုတော့ အလုပ်ပြန်ဆင်းသင့်ပြီ.. ခွင့်တွေ အများကြီး ယူနေတာ မကောင်းဘူး၊ အလုပ်ထက် မိသားစုကိစ္စက ပိုအရေးကြီးတယ်ဆိုပေမဲ့ပေါ့"
ဝမ်မေ့လန် : "ကျွန်မ သိပါတယ်"
သူမ ဆက်ပြီး ပြောလိုက်ကာ
"မစိုးရိမ်ပါနဲ့၊ ကျွန်မ ဘာလုပ်ရမလဲဆိုတာ ကျွန်မဘာသာ သိပါတယ်"
ဝမ်မေ့လန်သည် ရေခဏတာမျှ ထပ်မံ နေထိုင်ခဲ့ပြီး၊ တစ်ဖက်ကုတင်ရှိ လူနာများမှာ ချဲညီအစ်ကိုနှစ်ယောက် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
ဝမ်ကျန့်ကော်: "........."
ထို့နောက် သူနှစ်ယောက်သည် တိုးတိုးတိုးတိုးဖြင့် စကားပြောကြတော့၏။
ဝမ်ကျန့်ကော်: "..."
ဘုရားရေ...
ကျန်းမိသားစုသည် အဘွားကြီးကျောက်ကို မှောင်ခိုမှုဖြင့် အကွက်ဆင်ဖို့ ကြံစည်နေခဲ့ကြသော်လည်း၊ သူတို့ မစရသေးခင်မှာပင် သူတို့မိသားစုဝင်ကိုယ်တိုင် အရင်ဆုံး ပြဿနာတက်သွားခဲ့ပြီ ဖြစ်သည်။
ပိုပြီး ဆိုးရွားသည်မှာ ဤလူသည် အပြင်ပန်းတွင် ကြည့်ကောင်းသော်လည်း၊ သူ့ခယ်မနှင့် ဖောက်ပြန်နေခြင်း ဖြစ်၏။
သူက တကယ်ကို မကောင်းတဲ့လူပဲ…
ဒါပေမဲ့ ဒါကလည်း လျှောက်ပြီး ကပြက်ကချော် လုပ်နေရင် မကောင်းဘူးဆိုတာ သက်သေပြနေတာပဲ…
ဒီကမ္ဘာပေါ်မှာ ဘယ်တော့မှ ဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူးလေ...
ဝမ်ကျန့်ကော်သည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး
"မင်းလည်း အခုတလော တော်တော် ပင်ပန်းနေရှာပြီ.. အိမ်ပြန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ၊ အလုပ်တွေကို အလွန်အကျွံ မလုပ်နဲ့ဦး"
"ကျွန်မ သိပါတယ်"
ဝမ်မေ့လန် ပြုံးလိုက်၏။
တွေ့လား... သူမအပေါ် တကယ်ပဲ အလေးအနက် ထားတာကတော့ သူမရဲ့ ယောက်ျားပဲ …
ဝမ်ကျန့်ကော်သည် သူမ၏ လက်ကို ပုတ်ပေးလိုက်သည်။
သူသည် အပြင်တွင် သွားပြီး မရှုပ်ရဲသဖြင့် သဘာဝကျကျပင် မိမိဇနီးသည်ကို စိတ်ကျေနပ်အောင် ထားရမည် ဖြစ်၏။
"ကဲ... မင်း အခု ပြန်လို့ရပြီ.. ဒီညအတွက် ငါ့ကို ထမင်းလာပို့ဖို့ မလိုဘူးနော်၊ ဆေးရုံ ထမင်းစားဆောင်မှာပဲ ငါ့ဘာသာငါ အဆင်ပြေအောင် စားလိုက်မယ်ခေါက်တုံ့ခေါက်ပြန် သွားနေရတာ တော်တော် ပင်ပန်းလိမ့်မယ်"
"အဲလိုတော့ ဘယ်ဖြစ်မလဲ၊"
ဝမ်မေ့လန် ဆက်ပြောလိုက်ကာ
"ရှင် ဒီလိုဖြစ်နေတာကို ကျွန်မက ဒီအတိုင်း ပစ်ထားလို့ မရပါဘူး"
"မနေ့က ကျောက်ရုံက သိုးဥ (သိုးကပ်ပယ်အိတ်) ဝယ်တာကို ကျွန်မ မြင်လိုက်တယ်.. ရှင်က ခါးဒဏ်ရာရထားတာဆိုတော့ ရှင် အားရှိအောင် ကျွန်မလည်း ရှင့်အတွက် တစ်စုံလောက် ဝယ်ပေးမယ်၊ ဒီညကျရင် ရှင့်ကို အားရှိအောင် အဲဒါလေး ကြော်ကျွေးမယ်လေ"
"ကောင်းပါပြီ"
ချဲယုံဖုန်းသည် တစ်ဖက်ကုတင်ရှိ ဝမ်ကျန့်ကော်၏ ဇနီးသည်ဂရုတစိုက် ပြုစုနေပုံကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ပုပ်သိုးနေတော့သည်။
သူတို့နှစ်ယောက်လုံး အိမ်ထောင်သည်များ ဖြစ်ကြသော်လည်း၊ သူ့မိန်းမသည် မျက်နှာပင် လာမပြသေးပေ။ သူ့ခမျာ သူများ ချစ်ပြနေကြသည်ကို ဒီအတိုင်း ထိုင်ကြည့်နေရုံသာ တတ်နိုင်၏။
သူ့မိန်းမကတော့ တကယ့်ကို အသုံးမကျတဲ့ မိန်းမပဲ…
ကလေးလည်း မမွေးနိုင်၊ သူ့ကိုလည်း လာပြီး မပြုစုနိုင်… သူ တကယ်ကို ရင်ကျိုးရပါတယ်…
ရင်ကျိုးရုံတင်မကဘဲ အခုဆိုသူ့မှာ ကလေးမရနိုင်တဲ့ "မြုံနေသူ" နာမည်ဆိုးကိုပါ တပ်ခံနေရသေးတယ်…သူက အမှန်အတိုင်း ထုတ်ပြီးတော့လည်း မရှင်းပြနိုင်ဘူး…ကောလာဟလတွေက တစ်လောကလုံး ပျံ့နေပြီ …
သူက မရှင်းပြချင်လို့လား... မရှင်းပြရဲတာ… မရှင်းပြရဲတာဗျ…
အကယ်၍ သူသည်သာ အမှန်အတိုင်း ရှင်းပြလိုက်လျှင် သူ့မိန်းမစိတ်ဆိုးပေလိမ့်မည်၊ ဆိုရလျှင် ကလေးမရနိုင်သူမှာ သူ့မိန်းမ ဖြစ်နေ၍ပင်။
သူမမှာ အားလုံးကို ဤကောလာဟလအား ပိုပြီး ဖြန့်ကြဖို့ မျှော်လင့်နေပြီး၊ သူမကိုယ်သူမ အပြစ်ကင်းစင်သူအဖြစ် ပုံဖော်ချင်နေခြင်း ဖြစ်သည်။
ထိုမိန်းမက တကယ့် မိန်းမကောင်း မဟုတ်ပေ။ သူတို့ လက်မထပ်ခင်ကတည်းက သူမသည် လျှောက်ရှုပ်နေခဲ့ပြီး၊ နောက်ဆုံးတွင် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဖြစ်ကာ သေချာ မကုသခဲ့သဖြင့် နောက်ပိုင်း ကလေးမရနိုင်တော့ခြင်း ဖြစ်၏။ ယခုမူ သူသည်သာ ထိုနာမည်ဆိုးကြီးကို ထမ်းပိုးထားရသည်။ ချဲယုံဖုန်းသည် တွေးရင်းတွေးရင်း ပို၍ ဒေါသထွက်လာကာ စောင်ကို မျက်နှာပေါ်အထိ ဆွဲခြုံလိုက်တော့၏။
တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ ဘဝပဲ...
ဝမ်မေ့လန် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်စဉ် သူ့ပုံစံသည် သေလုမတတ် ဖြစ်နေ၏။
ဒါပေမဲ့… ဘာမှမဖြစ်ပါဘူးလေ.. သူက လူကောင်းမှ မဟုတ်တာ။
သူမ လေသံတိုးတိုးလေးဖြင့်
"သူတို့နဲ့ ဝေးဝေးနေနော်၊ သူတို့က မကောင်းတဲ့သူတွေချည်းပဲ"
ဝမ်ကျန့်ကော် ခေါင်းညိတ်ပြပြီး
"မင်းလည်း အိမ်ပြန်တော့လေ"
ချဲယုံဖုန်း ဝမ်မေ့လန်ကို စိုက်ကြည့်နေသည်ကို သူ သတိထားမိသည်။ ဝမ်မေ့လန်သည် ထူးထူးခြားခြား လှပမနေသော်လည်း၊ ချဲယုံဖုန်း သူမကို မျက်စိကျနေ၊ မနေကို မည်သူသိနိုင်မည်နည်း။
အတပ်ပြောလို့ မရဘူး… ဘာပဲဖြစ်ဖြစ် လီရှောင်ယွီကလည်း မျက်နှာကြီးကြီး၊ ကိုယ်လုံးကြီးကြီး မိန်းမတစ်ယောက်ပဲ မဟုတ်လား… ဘယ်သူသိနိုင်မှာလဲ...
ဝမ်ကျန့်ကော်သည် သူ့ခေါင်းပေါ် ဂျိုအပေါက်မခံနိုင်ပေ။ ဤကောင်သည် သူ့ညီအရင်းကိုပင် သစ္စာဖောက် ဖောက်ပြန်ခဲ့သည့်ကောင် ဖြစ်သဖြင့် သူ သတိထားရမည် ဖြစ်သည်။
သူသည် အသံကို နှိမ့်လိုက်ပြီး
"နောက်ဆို ဒီကို ခဏခဏ မလာနဲ့တော့… ရိက္ခာလိုရင် ငါ့အမေကိုပဲ လုပ်ခိုင်းလိုက်၊ ဒီကောင် မင်းကို စိုက်ကြည့်နေတာကို ငါ သတိထားမိလို့ စိုးရိမ်နေတာ"
ဝမ်မေ့လန်မှာ လန့်သွားရသည်... ထို့နောက် သူမ အလေးအနက်ပင် ခေါင်းညိတ်ပြလိုက်၏။
ဤသည်မှာ သူတို့ အတွေးလွန်နေခြင်း မဟုတ်ပေ၊ ချဲယုံဖုန်း၏ နာမည်ဂုဏ်သတင်းမှာ အင်မတန် ဆိုးရွားနေ၍ပင်။
ဘုရားရေ… သူက သူ့ညီအရင်းရဲ့ မိန်းမနဲ့တောင် ဖောက်ပြန်နိုင်တဲ့ကောင်လေ… ဘယ်သူကများ သူ့ရဲ့ စိုက်ခံရတဲ့ အကြည့်အောက်မှာ ကြက်သီးမထဘဲ နေပါ့မလဲ...
ဝမ်မေ့လန်သည် ချန်ချင်းယွီကဲ့သို့ ဖြူဖြူစင်စင် နုနုနယ်နယ် ပန်းကလေးအလား လှပမနေသော်ငြား ယခုခေတ်လူများ သတ်မှတ်ထားကြသည့် မျက်ခုံးကောင်း မျက်လုံးကောင်းနှင့် သားသမီး ထွန်းကားမည့် အိမ်ထောင်ရှင်မပုံစံမျိုး ရှိ၏။
ဒါကြောင့် ဘယ်သူက မကြောက်ဘဲ နေမလဲ...
ဝမ်ကျန့်ကော်သည် မျက်ရိပ်ပြလိုက်ပြီး
"မြန်မြန် သွားတော့"
ဝမ်မေ့လန်သည် ခေါင်းညိတ်ပြကာ အလုအယက် ထွက်ခွာသွားတော့သည်။
ချံယုံချန်း : "မင်းမိန်းမက ဘာလို့ ဒီလောက်အလောတကြီး သွားရတာလဲ..."
ဝမ်ကျန့်ကော် : "သူ အိမ်ပြန်ပြီး ထမင်းချက်ဖို့ လောနေလို့လေ"
အခြား ဘာအကြောင်း ရှိဦးမှာလဲ... မင်းအစ်ကိုကြီးကို ကြောက်လို့ ပြေးတာပေါ့...
ဝမ်မေ့လန်သည် အပြင်သို့ အလောတကြီး ထွက်လာပြီးမှ ရင်ဘတ်ကို ဖိကာ တိုးတိုးလေး ရေရွတ်မိသည်။
"ဒီကမ္ဘာမှာ တကယ့် လူစုံပါလား"
သူမသည် မိမိကိုယ်ကို သာယာပီတိ ဖြစ်နေခြင်းမျိုး လုံးဝမဟုတ်ဘဲ၊ တကယ့်ကို ကံဆိုးမိုးမှောင်ကျပြီး မင်္ဂလာမရှိသလိုသာ ခံစားနေရ၏။
ဝမ်မေ့လန်သည် အိမ်သို့ ပြန်လာစဉ် တစ်လမ်းလုံး၌ နှုတ်မှ တတွတ်တွတ် မြည်တွန်တောက်တီးလာခဲ့သည်။ ချန်ချင်းယွီသည်လည်း အပ်နှံထားသည့် ဂွမ်းကပ်င်္အကျီများ သွားယူပြီး စက်ဘီးစီးကာ ပြန်လာစဉ် အဝေးမှနေ၍ ဝမ်မေ့လန်တစ်ယောက် မျက်မှောင်ကြုတ်နေသည်ကို မြင်သဖြင့် လှမ်းခေါ်လိုက်၏။
"အစ်မဝမ်... ဘာဖြစ်လာတာလဲ..."
ဝမ်မေ့လန်သည် ချက်ချင်းပင် အားတက်သရောဖြင့်
"တကယ့် မင်္ဂလာမရှိတဲ့ ကောင်နဲ့ တွေ့လာလို့ပါ၊ ဟူး... မပြောတာပဲ ကောင်းပါတယ်"
သူမသည် ပြောပြချင်သော်လည်း ပြောလိုက်လျှင် သိပ်မကောင်းဟု တွေးမိသဖြင့် အောင့်အီးထားလိုက်ပြီး၊ လမ်းလွှဲကာ မေးခွန်းပြောင်းလိုက်သည်။
"နင်ကော ဘယ်က ပြန်လာတာလဲ... အင်္ကျီအသစ် သွားချုပ်တာလား..."
ချန်ချင်းယွီသည် ခေါင်းညိတ်ပြကာ ရှက်ပြုံးလေး ပြုံးလိုက်ပြီး
"ဟုတ်ကဲ့၊ ပြီးခဲ့တဲ့အပတ်က လက်မှတ်အချို့ ရထားတာနဲ့ ကျွန်မတို့အိမ်က ဂွမ်းကပ်အင်္ကျီတွေမလဲဖြစ်တာ နှစ်အတော်ကြာပြီဆိုတော့ အသစ်တစ်သုတ် လဲမလို့လေ"
အမျိုးသမီးနှစ်ယောက် အတူတူ လမ်းလျှောက်လာကြသည်။
ယနေ့ တိုင်ဖွန်းမုန်တိုင်း ဝင်မည်ဟုသတိပေးချက် ထုတ်ထားသော်လည်း လေနည်းနည်း ပိုတိုက်သည်မှလွဲ၍ တကယ့် မုန်တိုင်းကြီး ဝင်မလာသေးပေ။
ချန်ချင်းယွီ : "ကျွန်မတောင် တွေးနေတာ၊ ဒီနေ့ လေတိုက်ရင် မသွားတော့ဘူးလို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ ရာသီဥတုက တော်တော်လေး အဆင်ပြေနေတာနဲ့ သွားလိုက်တာ"
"နင့်ရဲ့ ကလေးတွေကော..."
ချန်ချင်းယွီ : "ဒေါ်လေးမေ့က ကူထိန်းပေးထားပါတယ်ရှင့်"
ဝမ်မေလန် : "နင်ယူလာတဲ့ ဒီအထည်စက တော်တော်လေး တောက်ပပြီး လှတာပဲနော်၊ ဒါ တစ်ထည်တည်းပဲလား"
ချန်ချင်းယွီ : "ဟုတ်ကဲ့၊ ဒါ တစ်ထည်တည်းပဲ၊ ကျွန်မရဲ့ ယောက္ခမအတွက် ချုပ်ပေးတာပါ"
ဝမ်မေ့လန်မှာ နှုတ်ခမ်းကို မဲ့လိုက်ပြီး
"ဒီကမ္ဘာပေါ်က ယောက္ခမတွေထဲမှာ လူကောင်းဆိုတာ တကယ်ကို ရှားပါတယ်အေ"
ချန်ချင်းယွီ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရာ၊ ဝမ်မေ့လန်မှာ ဆက်ပြီး ညည်းညူတော့သည်။
"ငါ့ယောက္ခမဆိုရင်လည်း ကလေး လာနေတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ရိက္ခာလှမ်းတောင်းနေပြီ၊ မနေ့က ကလေး လာပို့တုန်းကလည်း နည်းနည်း ပေးခဲ့သေးတယ်၊ အခု ထပ်တောင်းနေပြန်ပြီ၊ တကယ့်ကို လောဘဇော တိုက်နေတာ… အဲဒီ အဘွားကြီးက တကယ်ပဲ... သူကိုယ်တိုင်လည်း ယွမ်ရှောင်ချွေကို ပိုက်ဆံချေးထားသေးတယ်၊ ကိုယ်တိုင်ကျတော့ အကြွေးမတောင်းရဲဘဲ ငါ့ကို အကြွေးစာချုပ် ပေးပြီး သွားတောင်းခိုင်းနေတာ"
ချန်ချင်းယွီ : "ဘယ်လောက်တောင် ချေးထားလို့လဲဟင်..."
"ယွမ် ၂၀ "
ချန်ချင်းယွီ : "ဒါဆိုရင်တော့ အဆင်ပြေမှာပါ၊ အစ်မကျောက်ရုံတို့ မိသားစုမှာ အလုပ်လုပ်တဲ့လူ များတော့ ပိုက်ဆံ ပြန်ဆပ်နိုင်မှာပါ.. ကျွန်မတို့အိမ်က ချေးထားတာက လက်မှတ်တွေ ဖြစ်နေတော့ နည်းနည်း ပိုပြီး အခက်အခဲ ရှိနိုင်တယ်၊ လစဉ်ပဲ ခွဲပြီး ဆပ်မလား မသိဘူး"
ဝမ်မေ့လန်သည် အသံကို နှိမ့်ပြီး
"ငါ့ယောက္ခမက ၁၈ ယွမ် ချေးပြီး ၂၀ ယွမ် ပြန်တောင်းတာလေ၊ ညီမတို့အိမ်ကကော ဘယ်လို အခြေအနေလဲ..."
ချန်ချင်းယွီသည် စိတ်မကောင်းသည့်နှယ် ပြုံးလိုက်ပြီး
"ကျွန်မလည်း သေချာမသိဘူးရှင့်…အစ်မ သိတဲ့အတိုင်း ကျွန်မတို့အိမ်က ယောက္ခမပဲ အိမ်ထောင်ဦးစီး လုပ်တာဆိုတော့လေ"
ဝမ်မေ့လန်: "..."
ဟူး… မိန်းမဆိုတာ နူးညံ့ပျော့ပျောင်းလွန်းနေရင်လည်း မဖြစ်ပါလား…
သူမသည် ချန်ချင်းယွီကို ဖျောင်းဖျချင်စိတ် ပေါ်လာသော်လည်း၊ ချန်ချင်းယွီမှာ နူးညံ့သိမ်မွေ့လွန်းသည်ကို အသားကျနေပြီ ဖြစ်သဖြင့် ပြောလည်း ထူးမှာမဟုတ်ဟု တွေးကာ မတတ်နိုင်သည့် အဆုံး သက်ပြင်းချ၍ ဆိုလိုက်၏။
“ရှောင်ချန်ရယ်... ညီမက တကယ်ကို စိတ်သဘောထား ပျော့ပျောင်းလွန်းတာပဲ။ ဒါမျိုးက မဖြစ်ဘူးလေ၊ နင်လည်း ဖြည်းဖြည်းချင်း အိမ်တွင်းရေး ကိစ္စတွေကို ကိုင်တွယ်နိုင်အောင် ကြိုးစားရမယ်"
ချန်ချင်းယွီ အသာအယာလေး ပြုံးပြလိုက်ပြီး၊ ဟုတ်ကဲ့ဟုလည်း မပြော၊ မိမိ မလုပ်နိုင်ပါဘူးဟုလည်း ငြင်းမနေပေ။
ဝမ်မေ့လန်: "ဒါနဲ့... ရှီရှန်းတို့ မိသားစုက လင်စန်းရှင်းတို့အိမ်က မှန်တွေကို လာလဲပေးသွားပြီလား..."
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"လဲပေးသွားပါပြီ"
မနက်ပိုင်း အိမ်တွင် သူမ အိပ်ရေးဝအောင် အိပ်နေစဉ် ရှီရှန်း လာပြီး မှန်လဲပေးသွားကြောင်း ကြားလိုက်ရသည်။ ရှီရှန်းသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် အလွန်အကျွံ မလုပ်တတ်သည့် လူစားမျိုး ဖြစ်ပြီး လူမှုရေး မျက်နှာပွင့်အောင် သေချာ လုပ်ပေးတတ်၏။ ဝမ်မေ့လန် နှာခေါင်းရှုံ့လိုက်ပြီး
"သူတို့ကတော့ တကယ့်ကို အစွမ်းအစ ရှိပြနေတာပဲ"
အမျိုးသမီးနှစ်ယောက် အတူတူ ပြန်လာကြပြီးနောက်၊ ဝမ်မေ့လန်မှာ
"ငါ နောက်ဖေးဝင်းထဲ သွားပြီး ကျောက်ရုံကို သွားရှာလိုက်ဦးမယ်"
ချန်ချင်းယွီ: "သူတို့အိမ်မှာ လူမရှိဘူးရှင့်၊ ဒီနေ့ အလုပ်သွားကြတယ်"
ဝမ်မေ့လန်မှာ ထိုခါမှ မိမိနဖူးကို ရိုက်ကာ ရေရွတ်လိုက်မိ၏။
"ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ ငါ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ"
ချက်ချင်းပင် ယောက္ခမဖြစ်သူသည် မိမိကို အလုပ်မရှိအလုပ်ရှာပေးသည်ဟု တွေးမိပြန်သည်။ ဤအကျိုးအမြတ်ကို သူမ မရရှိဘဲ အကြွေးလိုက်တောင်းပေးရသည်မှာ မတန်ပေ။ ဝမ်မေ့လန်မှာ အားနာတတ်သူဖြစ်သဖြင့် အကြွေးတောင်းရမည်ကိုလည်း နေရခက်လှ၏။
သို့သော် အကြွေးတောင်းသည့် ကိစ္စနှင့် ပတ်သက်လာလျှင် သူမသည် ချန်ချင်းယွီကို အားကျမိပြန်သည်။ အနည်းဆုံးတော့ ချန်ချင်းယွီသည် ဤသို့သော ကိစ္စရပ်များကို လိုက်လုပ်စရာ မလိုပေ။
"နင်တို့အိမ်က ကိစ္စက နင် လိုက်လုပ်စရာ မလိုတာ တော်သေးတာပေါ့"
ချန်ချင်းယွီ ခေါင်းညိတ်ပြီး
"ကျွန်မအထင်တော့ ကျွန်မရဲ့ ယောက္ခမလည်း ကျောက်ရုံကို သွားရှာလိမ့်မယ် ထင်တယ်"
ထို့နောက် ထပ်တွေးပြီး ထပ်လောင်းပြောလိုက်၏။
"စက်ရုံမှာတင် သွားရှာလိမ့်မယ် ထင်တာပဲ"
ဝမ်မေ့လန်: "..."
တွေးကြည့်ရုံတင် မျက်နှာပူစရာ ကောင်းလိုက်တာ… ကျောက်ရုံတစ်ယောက် တောင့်ခံနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်…
"ရှောင်ချွေဆိုတဲ့ ကောင်မလေးကတော့ တကယ်ကို မကောင်းဘူးအေ.. မထွက်ခွာခင်မှာ ပြဿနာတွေ အပုံလိုက် ချန်ထားခဲ့ရုံတင်မကဘူး၊ လူတွေကိုပါ ဒီလောက် ဒုက္ခပေးသွားတာ၊ တကယ့်ကို လူမဆန်ဘူး"
ချန်ချင်းယွီမှာ ဘာမှ ထွေထွေထူးထူး ဝင်မရှင်းပြဘဲ စကားအဖြစ်သာ ပြောလိုက်သည်။
"သူ့မှာလည်း သူ့အခက်အခဲနဲ့သူ ရှိလို့နေမှာပါ”
"အခက်အခဲ ရှိရင်တောင် လူတွေကို ဒီလောက်အထိ ဒုက္ခမပေးသင့်ဘူးလေ... သူ ဒီလိုလုပ်သွားတော့ ကျောက်ရုံခမျာ တော်တော်လေး ခက်ခဲသွားပြီ"
ဝမ်မေ့လန်သည် ကျောက်ရုံအပေါ် ကောလာဟလများစွာ ရှိနေသော်လည်း ကျောက်ရုံသည် လူကောင်းတစ်ယောက်ဟု အမြဲ ထင်မြင်သူ ဖြစ်၏။ ထိုမျှမက ပြီးခဲ့သည့်အပတ်၌ ယွမ်ရှောင်ချွေ ကျောက်ရုံကို တွန်းလှဲလိုက်သည်ကို ကိုယ်တိုင် မြင်ခဲ့ရသဖြင့် ကျောက်ရုံကို ပိုပြီး ယုံကြည်မိသည်။
ထို့အပြင် ကျောက်ရုံသည် သူမနှင့် နှစ်ပေါင်းများစွာ အတူနေလာသည့် အိမ်နီးနားချင်း ဖြစ်ပြီး၊ ယွမ်ရှောင်ချွေမှာမူ အဆိုးအကောင်း မသိတတ်သည့် ကောင်မလေး ဖြစ်သဖြင့် ဝမ်မေ့လန်သည် ကျောက်ရုံဘက်မှာသာ နာပေးနေခြင်း ဖြစ်၏။
"ငါမြင်တာတော့ အဲဒီကောင်မလေးက ကျောက်ရုံကို သိက္ခာချနေတာပဲ၊ ကျောက်ရုံက ဘယ်လောက်ပဲ မကောင်းဘူး ပြောပြော၊ သူ့ကို ဒီလောက်အထိ ကြီးပြင်းအောင် ကျွေးမွေးခဲ့တာပဲဥစ္စာ"
"ဒါပေမဲ့ ယွမ်ရှောင်ချွေရဲ့ အမေအရင်းက ပိုက်ဆံတွေ ပေးခဲ့တာပဲလေ"
ဝမ်မေ့လန် : "ပိုက်ဆံက ပိုက်ဆံပဲလေ၊ သံယောဇဉ်ဆိုတာ ပိုက်ဆံနဲ့ တိုင်းတာလို့ရတာမှ မဟုတ်တာ.. သူများအိမ်က မိထွေးတွေဆို ယွမ်ရှောင်ချွေလောက်တောင် ကောင်းကောင်း ထားတာ မဟုတ်ဘူး။ ပေးဆပ်ခဲ့တဲ့ သံယောဇဉ်ကလည်း နည်းတာ မဟုတ်ဘူး"
ချန်ချင်းယွီ နှုတ်ခမ်းလေး စေ့လိုက်ပြီး ဝမ်မေ့လန်နှင့် ထပ်ပြီး ငြင်းခုံမနေချင်တော့သဖြင့် ပြုံးပြကာ နှုတ်ဆက်လိုက်၏။
"ဒါဆို ကျွန်မ အရင် အိမ်ပြန်နှင့်တော့မယ်နော်"
ဝမ်မေ့လန် : "ဪ၊ ကောင်းပါပြီ..."
အမျိုးသမီးနှစ်ယောက် လမ်းခွဲလိုက်ကြပြီး၊ ချန်ချင်းယွီသည် အိမ်ထဲသို့ လှမ်းခေါ်လိုက်သည်။
"ရှောင်ကျား... ရှောင်ယွမ်... မေမေ ပြန်လာပြီနော်... အင်္ကျီအသစ်တွေ ရလာပြီ၊ လာပြီး ဝတ်ကြည့်ကြဦးမလား..."
"ဝတ်ကြည့်မယ်..."
ကလေးငယ်လေးနှစ်ယောက်သည် အခန်းထဲမှ ချက်ချင်း ပြေးထွက်လာကြပြီး မျက်လုံးလေးများ တောက်ပနေကြ၏။ အသက် သုံးနှစ်အရွယ် ကလေးများဖြစ်၍ အလွန် လျင်မြန်ဖြတ်လတ်ပြီး တက်ကြွနေကြသည်။
ချန်ချင်းယွီ: "မြန်မြန်လာ... မေမေ ကြည့်ပြီးပြီ၊ တော်တော်လေး လှတယ်နော်"
ချန်ချင်းယွီ: "အရောင်တွေက သိပ်ပြီး တောက်တောက်ပြောင်ပြောင်ကြီး မဟုတ်ပေမဲ့ တော်တော်လေး ကြည့်ကောင်းတယ်၊ လာလာ"
ချန်ချင်းယွီသည် ကောင်လေးနှစ်ယောက်ကို လက်ဆွဲပြီး အိမ်ထဲ ခေါ်လာရာ၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ငှက်ငယ်လေးများကဲ့သို့ တစာစာ အော်မြည်ရင်း ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေကြသည်။
"မေမေ၊ သားတို့ အိမ်မှာပဲ လိမ်လိမ်မာမာနဲ့ စောင့်နေတာနော်။"
"ဟုတ်ကဲ့၊ အပြင်မှာ လေတိုက်နေလို့ သားတို့ လျှောက်မပြေးဘူးလေပြင်းတိုက်တဲ့နေ့ အပြင်ထွက်ရင် အန္တရာယ်ရှိတယ်ဆိုတာ သားတို့ သိတယ်လေ"
ချန်ချင်းယွီ: "တကယ့်ကို လိမ္မာလိုက်တာ"
ကလေးငယ်များ ချက်ချင်းပင် ချိုသာသော အပြုံးလေးများ ပြလိုက်ကြသည်။
ချန်ချင်းယွီ : "မေမေတို့ရဲ့ သားသားလေးတွေက တကယ်ကို မတူဘူးပဲ”
ချန်ချင်းယွီမှာ ကလေးများကို ချီးမွမ်းပေးရသည်ကို အနှစ်
သက်ဆုံး မိခင်တစ်ယောက် ဖြစ်၏။
"ဒီလောက် လိမ္မာတဲ့ ကောင်လေးတွေဆိုတော့၊ ခဏနေရင် မုန့်ကျွေးမယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့..."
ချန်ချင်းယွီ: "လိမ္မာတဲ့ ကလေးလေးတွေ..."
သားအမိသုံးယောက်အိမ်တွင် အင်္ကျီအသစ်များ ဝတ်ကြည့်နေကြစဉ်၊ တစ်ဖက်၌ အဘွားကြီးကျောက်သည် ကျောက်ရုံကို တကယ်ပင် သွားရှာနေခဲ့ပြီ ဖြစ်သည်။
သူမက ကျောက်ရုံကို မရှာဘဲ နေပါ့မလား…
ဆိုရသော် သူမ၏ လက်ထဲတွင် ယွမ်ရှောင်ချွေ ရေးပေးခဲ့သည့် အကြွေးစာချုပ် ရှိနေ၍ပင်။ ပြီးခဲ့သည့်အပတ်တွင် စကားပြောနေရင်း မုန်တိုင်းသတိပေးချက် ထွက်လာသဖြင့် အဘွားကြီးကျောက်တစ်ယောက် စကားမဆုံးခဲ့ရပေ။ထို့ကြောင့် သူမသည် ကျောက်ရုံတို့၏ ရုံးခန်းဆီသို့ တန်းပြီး လာခဲ့တော့၏။
ကျောက်ရုံသည် အဘွားကြီးကျောက်ကို မြင်မြင်ချင်းပင် ခေါင်းကိုက်သွားသော်လည်း ချက်ချင်းပင် ထရပ်ကာ မေးလိုက်၏။
"ဒေါ်ကြီးကျောက်၊ ကျွန်မကို လာရှာတာ မဟုတ်လား..."
သူမသည်လည်း အချိန်ဆွဲမနေပေ။
ယခုအချိန်မှာ စကားများလျှောက်ပြောပြီး အချိန်ဆွဲနေလျှင် ပိုပြီး သိက္ခာကျစရာ ဖြစ်လိမ့်မည်။ အဘွားကြီးကျောက်ကဲ့သို့ လူစားမျိုးနှင့် စကားများနေလျှင် ပိုပြီး အရှက်ကွဲရုံသာ ရှိသည်။
သူမ ချက်ချင်းပင် ဆိုလိုက်၏။
"ဒေါ်ကြီးက ရှောင်ချွေရဲ့ ကိစ္စကို ပြောမလို့ မဟုတ်လား..."
အဘွားကြီးကျောက် : "ဒါဆိုလည်း ကောင်းပြီ၊ ညည်း ကြည့်လိုက်ဦး၊ ဒါက အကြွေးစာချုပ်ပဲ၊ ဘယ်တော့ ပြန်ဆပ်မလဲဆိုတာသာ အတိအကျ ပြောတော့"
ကျောက်ရုံသည် အကြွေးစာချုပ်ကို လှမ်းယူကြည့်လိုက်ရာ၊ မူးလဲလုမတတ် ဖြစ်သွားရသည်။
တောက်... ဒီကောင်မစုတ်က ဘာလို့ ဒီလောက်အများကြီး ချေးထားရတာလဲ...
တကယ်ကို သေချင်းဆိုးမလေးပဲ၊ သူမ အရင်က အဲဒီကောင်မလေးအပေါ် တော်တော်လေး အလျှော့ပေးခဲ့မိတာ အမှားပဲ..
ကျောက်ရုံမှာ ဤအကြွေးစာချုပ်သည် အတုဖြစ်လိမ့်မည်ဟု မသံသယဝင်မိပေ။ သူမသည် ၁၈ ယွမ်ချေးပြီး ၂၀ ယွမ်ပြန်ဆပ်ရသည့် လျှို့ဝှက်ချက်ကို စုံစမ်းသိရှိထားပြီး ဖြစ်၍ပင်။ ထို့ကြောင့် အဘွားကြီးကျောက်လည်း ထိုအထဲမှ လက်မှတ်နှစ်စောင် သုံးစောင်လောက် မြတ်အောင် လုပ်ထားသည်မှာ ပုံမှန်ပင် ဖြစ်သည်၊ မဟုတ်လျှင် လည်လွန်းလှသော ဤလူအိုမကြီးများသည် အဘယ်မှာ အလွယ်တကူ ချေးပေးမည်နည်း။
ဒီ တွက်ချက်တတ်တဲ့ မြေခွေးအိုမကြီးတွေ…
ကျောက်ရုံ စကားမပြောနိုင်ခင်မှာပင် အဘွားကြီးကျောက်သည် ထပ်မံ၍ ဆိုလိုက်လေသည်။
"ညည်းကို တစ်ခါတည်းနဲ့ ဒီလောက်အများကြီး ပြန်ဆပ်ခိုင်းဖို့ဆိုတာ တကယ်ကို ခက်ခဲမှန်း ငါသိပါတယ်… ဒါကြောင့် ညည်း လစဉ် ငါ့ကို လက်မှတ် ၄ စောင်စီ ခွဲဆပ်၊ ညည်းတို့အိမ်မှာ အလုပ်လုပ်တဲ့လူ ၄ ယောက်ရှိတာပဲ၊ တစ်ယောက်ကို တစ်စောင်စီ ထုတ်ပေးရင် ပြဿနာမရှိပါဘူး… တစ်နှစ်တောင် မပြည့်ခင် အကုန်ဆပ်ပြီးသား ဖြစ်သွားမယ်.. ငါ ဒီလောက်အထိ လိုက်လျောပေးတာ တော်တော်လေး သဘောကောင်းတယ် မဟုတ်လား... ငါလည်း ပြဿနာတွေ အများကြီး မရှာချင်ဘူး၊ ညည်း သဘောတူရင် တူ၊ မတူရင်တော့ ငါ ဒီနေရာမှာတင် သေသေချာချာ ရှင်းရလိမ့်မယ်"
ကျောက်ရုံ: "..."
ဒါလား ပြဿနာမရှာတာ… ကျွန်မလည်း ဘယ်လိုလုပ် ပြဿနာ အဖြစ်ခံချင်ပါ့မလဲ…
ကျောက်ရုံ သေသေချာချာ စဉ်းစားလိုက်ပြီး ချက်ချင်းပင် သဘောတူကာ
"ရပါတယ်... ဒီကိစ္စအတွက် ဒေါ်ကြီးကျောက်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်မလည်း ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး၊ ဒေါ်ကြီးရဲ့ အကြံဉာဏ်က အကောင်းဆုံးပါပဲ၊ဒေါ်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ကျွန်မတို့အိမ်က ကိစ္စကြောင့် ဒေါ်ကြီးတို့ကို ဒုက္ခပေးမိသွားပါပြီ"
အဘွားကြီးကျောက်သည် ကျောက်ရုံကို အပေါ်အောက် အကဲခတ်လိုက်ပြီး၊ သူမ၏ ရိုးသားလှသော မျက်နှာပေးကို မြင်သောအခါ စိတ်ထဲတွင် တွေးမိသွား၏။
‘ကျောက်ရုံတစ်ယောက် လူတွေကို နှစ်ပေါင်းများစွာ ဒီလို လှည့်စားနိုင်တာမဆန်းပါဘူး၊ သူက သူများရှေ့မှာ ဟန်ဆောင်ရတာ တကယ်ကို ကျွမ်းကျင်တာပဲ…သာမန်လူဆို သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ တကယ်ကို တော်တဲ့ မိန်းမပဲ...’
သို့သော် ၎င်းမှာ သူမ၏ မိသားစုနှင့် မသက်ဆိုင်သဖြင့် သူမလည်း ဝင်မစွက်ဖက်ပေ။
အဘွားကြီးကျောက်: "ဒါဆိုရင်တော့ ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်"
"ငါလည်း ညည်းကို မလိမ်ပါဘူး၊ အကယ်၍ ယွမ်ရှောင်ချွေက သူ့ဘာသာသူ ငါ့ကို ပြန်ဆပ်လာခဲ့ရင် ငါလည်း ညည်းကို အမှန်အတိုင်း ပြောပြမှာပါ… အဲဒီအခါကျရင် ညည်းတို့အိမ်က အများကြီး ဆပ်စရာ လိုတော့မှာ မဟုတ်ဘူး"
အဘွားကြီးကျောက်မှာ နောင်တွင် အပြောင်းအလဲ ရှိလာပါက အဆင်ပြေအောင် စကားကို ကြိုတင် ပိတ်ထားခြင်း ဖြစ်သည်။
ကျောက်ရုံမှာမူ ယွမ်ရှောင်ချွေတစ်ယောက် မိမိဘာသာ ပြန်ဆပ်လိမ့်မည်ဟု လုံးဝမယုံကြည်ပေ။ သို့သော် အားနည်းစွာဖြင့် ပြုံးပြလိုက်ပြီး
"ဒါဆို ကျေးဇူးတင်ပါတယ်"
သူမသည် ဝမ်းနည်းပူဆွေးဟန်ဖြင့် ညည်းတွားလိုက်ကာ
"ကျွန်မလည်း အဲဒီကောင်မလေးဆီက ပိုက်ဆံ ပြန်ရဖို့ မမျှော်လင့်တော့ပါဘူး၊ ဒီလိုနဲ့ တဖြည်းဖြည်း ရန်သူတွေ ဖြစ်သွားကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… သူကြွေးတင်ခဲ့တဲ့ ပိုက်ဆံတွေ၊ ပစ္စည်းတွေကို ကျွန်မပဲ တာဝန်ယူလိုက်ပါ့မယ်.. သူများတွေ ဘယ်လိုပဲ ပြောပြော၊ ကျွန်မ စိတ်အေးရရင် ပြီးတာပါပဲ၊ သူလည်း ကျွန်မရဲ့ စေတနာကို နားလည်ပေးနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
အဘွားကြီးကျောက်: "..."
တကယ်ကို ပြဇာတ် ကောင်းကောင်း ကပြနိုင်တဲ့ မိန်းမပဲ...
ညည်းအကြောင်းသာ ငါမသိရင် ယုံမိတော့မှာပဲ…