← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) အခုကစပြီး ကောင်းကောင်းနေတော့

အလုပ်ဆင်းသည့် ဘဲလ်သံမြည်လာသည်နှင့် တစ်နေ့တာ၏ လုပ်ငန်းခွင် ပြီးဆုံးသွားခဲ့လေပြီ… ယနေ့ အလုပ်ချိန်မှာ အလွန် စည်ကားသိုက်မြိုက်နေ၏။

လူတိုင်းမှာ လူအုပ်ကြီးထဲ တိုးဝှေ့နေကြပြီး အိမ်ပြန်ရန် ဆန္ဒစောနေကြသည်။

လူတိုင်းမှာ အတင်းအဖျင်းများကို ဖြန့်ဝေချင်နေကြပြီး တစ်ယောက်နှင့်ယောက် ကြည့်လိုက်ကြစဉ် တစ်ယောက်သဘော တစ်ယောက်နားလည်ကာ အထင်သေးခြင်း အလျဉ်းမရှိကြပေ။ လူတိုင်း ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် အိမ်အမြန်ရောက်ရန် လှမ်းနေကြ၏။ လူအုပ်ကြီးထဲတွင် အဘွားကြီးကျောက်မှာ ရှေ့တန်းမှ ပါဝင်နေလေသည်။

ပုံမှန်အားဖြင့် သူမသည် ယခုထက်အလုပ်ဆင်းချိန် စောသော်လည်း ကံမကောင်းစွာဖြင့် ကျန်းရှင်းဖှ၏ အမှုကြောင့် လုံခြုံရေးဌာနမှ ထပ်မံဆင့်ခေါ်ခံရပြန်၏။ သို့သော် အဘွားကြီးကျောက်မှာ ကြောက်ရွံ့ခြင်းမရှိပေ။ သူမမှာ အမှန်တရားဘက်တွင်ရှိနေပြီး ကိစ္စသည်လည်း တကယ်ပင် သူမ လုပ်ခြင်းမဟုတ်ပေ။ ကျန်းရှင်းဖှနှင့် သူ့အဖော်ဖြစ်သူမှာသာ ယုတ်မာကောက်ကျစ်ခြင်း ဖြစ်လေသည်။

သူမမှာ မိမိခေါင်းကို လာရိုက်နေသည်ကို ခေါင်းငုံ့ပေး သည်းခံတတ်သည့် သူမျိုးမဟုတ်ပေ။

အဘွားကြီးကျောက်မှာ မိမိနှင့်မိမိ မိသားစုသည် အမှားမလုပ်ထားဟု ခံယူထားလေ၏။ မိမိတို့မှာ တစ်စုံတစ်ယောက်ကို သင်ခန်းစာပေး ဆုံးမလိုက်ခြင်းသာဖြစ်ပြီး အန္တရာယ်ပြုခြင်ူ မဟုတ်၍ မိမိတို့မှာ အပြစ်ကင်းစင်သည်။ ထို့ကြောင့် အဘွားကြီးကျောက်မှာ မိမိကိုယ်ကို မှန်သည်ဟုသာ ယူဆထား၏။ လုံခြုံရေးဌာနသည်လည်း သူမအပေါ် သံသယမရှိပေ။

စိတ်ခံစားချက်ကို ဖယ်ထားလိုက်လျှင်ပင် ကိစ္စမှာ အဘွားကြီးကျောက်၏ တာဝန်ဟု မည်သူမှ မယူဆကြပေ၊ ထို့ပြင် သူမ၌ သက်သေအခိုင်အလုံလည်း ရှိနေသည်။ ဤတစ်ကြိမ်တွင် သူမသည် တရားဝင်ခေါ်ယူ စစ်မေးခံရခြင်းဖြစ်ပြီး ကျန်းရှင်းဖှသည် သူမကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သည့်အတွက် သူမမှာ နစ်နာသူဟု သတ်မှတ်၍ရ၏။

မေးမြန်းမှုမှာ အချိန်အများကြီး ကြာမြင့်ခဲ့ပြီး အဘွားကြီးကျောက်မှာ ကျိန်ဆဲနေမိသည်။

သောက်ကျန်းရှင်းဖှ… နင့်ကိုငါရိုက်သတ်ပစ်ချင်ပြီ… စိတ်တိုဖို့ကောင်းလိုက်တာ…

တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းသည် ကောင်းသောကိစ္စမဟုတ်သော်လည်း ဒေါသများကို ဖြေထုပ်ရာတွင် အလွန် စိတ်ကျေနပ်ဖွယ်ကောင်း​သော နည်းလမ်းဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် လုံခြုံရေးဌာနမှာ သူမကို အခွင့်အရေး မပေးခဲ့ပေ။

သို့သော် သူမအား တစ်နေကုန် စစ်ဆေးမေးမြန်းနေသောအခါ သူမ သံသယဝင်လာခဲ့မိသည်။ သို့တိုင် ထိုအတွေးကို သူမ ပယ်ချလိုက်၏။

ဘာပဲဖြစ်ဖြစ်လေ… အပြစ်ကင်းရင် လွှတ်ပေးမှာပဲ… ဘာနေနေ သူတို့အမှားပဲဟာကို…

အဘွားကြီးကျောက် ဂရုမစိုက်ပေ။

အလုပ်အတူတူဆင်းကြသည့် စက်ရုံမှ လူတိုင်းမှာ ကြားရသည့်သတင်းအပေါ် အလွန်အမင်း အံ့ဩသင့်နေကြသည်။ တစ်နေကုန် စစ်ဆေးမေးမြန်းနေမှုကို သူတို့နားမလည်နိုင် ဖြစ်နေ၏။ အပြန်လမ်းတွင် အဘွားကြီးကျောက်မှာ အစ်မကြီးဖန်၊ ကျောက်ရုံနှင့် ဝင်းထဲမှ မိတ်ဆွေများကို ဆုံမိလေသည်။ လူတိုင်းမှာ ဤကိစ္စကို အာပေါင်အာရင်းသန်သန်ဖြင့် တရင်းတနှီး ဆွေးနွေးနေကြ၏။

အစ်မကြီးဖန်မှာ အဘွားကြီးကျောက်ကို ဦးဆုံးမြင်လိုက်သူဖြစ်ပြီး လှမ်းခေါ်နှုတ်ဆက်လေသည်။

“အဘွားကြီးကျောက်... ရှင် ဒီနေ့ ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ… ဟိုဘက်ကနေ အခုမှ ထွက်လာတာလား၊ ဘယ်လိုဖြစ်သွားလဲ၊ ကျန်းဟှင်းဖှတို့နဲ့ ဘာတွေဖြစ်နေကြတာလဲ… ကျွန်မတို့ရုံးခန်းက အဘိုးကြီးဆွေ့ကိုလည်း လှမ်းခေါ်သွားတာ အခုထိ ပြန်မလာသေးဘူး၊ ဘာတွေဖြစ်နေမှန်းကို မသိပါဘူး… သူကော ဘယ်လိုလုပ်ပြီး ဒီကိစ္စထဲ ပါသွားရတာလဲ"

အဘွားကြီးကျောက် ပြန်တုံ့ပြန်ကာ

"ငါက ဘယ်လိုလုပ် သိမှာလဲ… သူတို့က ငါ့ကို မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို လာမေးတာ၊ ငါလုပ်တာမှ မဟုတ်တာ… မနေ့ညက ဖြစ်ရပ်တွေကိုပဲ မှတ်တမ်းတင်ပြီး လွှတ်ပေးလိုက်တာ၊ သူတပါးကိစ္စတွေကိုတော့ ငါဘာမှမသိဘူး၊ ဒါနဲ့ သူတို့က ဘာလို့ ဟိုလူ့ခေါ် ဒီလူ့ခေါ် လုပ်နေရတာလဲ.. အားလုံးပဲ ပတ်သက်နေကြလို့လား"

"ဟုတ်ပ၊ ဒုတိယ ထမင်းစားဆောင်က စားဖိုမှူးကြီးသွားတာကိုလည်း ကျွန်မမြင်လိုက်သေးတယ်"

ကျောက်ရုံ ဝင်ပြောလိုက်၏။

အဘွားကြီးကျောက်မှာ ဒုတိယ ထမင်းစားဆောင်မှ မဟုတ်သဖြင့် မျက်ခုံးပင့်လိုက်မိကာ မေးမြန်းလိုက်သည်။

“ဘာလို့ သူ့ကိုခေါ်တာလဲ.. သူကရော ပက်သက်နေတာလား”

ဒါက ထူးဆန်းလိုက်တာ…

သို့သော် ထူးဆန်းသည်ဖြစ်စေ၊ မထူးဆန်းသည်ဖြစ်စေ သူတို့နှင့် လားလားမျှ မဆိုင်ပေ။ အဘွားကြီးကျောက် ကျိန်ဆဲလိုက်လေသည်။

“သောက်ကံဆိုးတဲ့ သေချင်းဆိုးနှစ်ကောင်”

"ဟေး... အဘိုးကြီးကျန်းကို မြင်လိုက်ကြလား။ သူ့မျက်နှာကြီးက အိုးမဲသုတ်ထားသလိုမျိုးကို ညိုမည်းနေတာပဲ"

အဘွားကြီးကျောက် တဟားဟား ရယ်မောရင်း

"သူ့သားကို သေသေချာချာ မဆုံးမတာကိုး၊ ခံရတာ ဘာထူးဆန်းလဲ…

သူ မဆုံးမရင်လည်း တစ်ယောက်ယောက်ကတော့ သူ့သားကို ဝိုင်းဆုံးမပေးကြမှာပဲ"

"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်…

ကျန်းရှင်းဖှက ကလေးလည်း မဟုတ်တော့ဘူး၊ သူလုပ်တဲ့ အလုပ်တွေက တကယ့်ကို အရှက်မရှိတာ.. ယောကျာ်းချင်းရော မိန်းမချင်းရော စိတ်ဝင်စားနေတာက တကယ့်ကို ရွံစရာကြီး"

"အေးလေ၊ ဟုတ်ပ"

လူအုပ်စုမှာ စိတ်အားထက်သန်စွာ ပြောနေကြစဉ် ကျောက်ရုံ ဝင်မေးလိုက်၏။

"ဒီနေ့ လျှိုကျင့်ကိုလည်း မတွေ့မိပါလား… သူ ဒီနေ့ အလုပ်မလာဘူးလား မသိဘူး"

"လာပါတယ်… အလုပ်မလာဘဲ ဘယ်နေမလဲ၊ သူ ဒီနေ့ နည်းနည်း နောက်ကျပြီးမှ လာတယ်လို့ ကြားတယ်… ကျန်းရှင်းဖှကို လုံခြုံရေးရုံးခန်းထဲ ခေါ်သွားပြီးတဲ့နောက် သူပါ လုံခြုံရေးရုံးခန်းကို လိုက်သွားတာ၊ အဲ့ဒီနောက်ပိုင်း အခုထိ ပြန်မထွက်လာသေးဘူး.."

အစ်မကြီးဖန်မှာ ဤကိစ္စကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး မျက်မြင်ကိုယ်တွေ့ သတင်းအချက်အလက်များကို ရရှိထား၍ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။

အဘွားကြီးကျောက် : “ဟေး ဒီကိစ္စကို ငါဘာလို့ မသိတာပါလိမ့်”

“ရှင်ကတော့ ဖြစ်ရလေ…အဲ့ဒါကိုတောင် မမြင်ဘူးလား၊ ဒါပေမဲ့လည်းလေ... ကျွန်မကတော့ ပြတင်းပေါက်နားမှာ ရပ်ပြီး တစ်ချိန်လုံး စောင့်ကြည့်နေတာဆိုတော့ တစ်ခုမှ လွတ်မသွားဘူး"

"ဟေး... တစ်ခုခုတော့ မမှန်တာ သေချာတယ်၊ ကျန်းရှင်းဖှနဲ့ အဲ့ဒီလူ ဘာတွေပြောနေကြလဲတော့ မသိဘူး၊ ဒါပေမဲ့ သူတို့အားလုံးကို ဘာလို့ လိုက်ခေါ်နေရတာလဲ… ကျွန်မတော့ တစ်မျိုးကြီးပဲလို့ ခံစားရတယ်"

ကျောက်ရုံမှာ အခြေအနေကို ရိပ်မိသွားပြီး တီးတိုးရေရွတ်လိုက်၏။

အဘွားကြီးကျောက်နှင့် အစ်မကြီးဖန်မှာ လုံးဝ နားမလည်ကာ ကြောင်တောင်တောင် ဖြစ်နေကြသည်။

ကျောက်ရုံ : “….”

ဘာမှကို နားမလည်ကြပါလား… တကယ်ကို ငတုံးမနှစ်ယောက်ပဲ…

ကျောက်ရုံ : "ကျွန်မအထင်တော့ သူတို့ တစ်ခုခုကို ဖွင့်ဟဝန်ခံလိုက်လို့ ဒီလူတွေကိုပါ ဆွဲထည့်လိုက်တာ ဖြစ်ရမယ်"

အဘွားကြီးကျောက် : "ဘယ်သူသိမှာလဲ.. ဘာပဲဖြစ်ဖြစ် သူတို့ ငါ့ကို ရိုက်ဖို့ ကြံစည်နေတာကိုတော့ ငါသိတယ်၊ ကျန်းရှင်းဖှသာ ပြန်ထွက်လာလို့ကတော့ ငါကိုယ်တိုင် သူ့ကို ပြန်ချပစ်မယ်"

"ဒေါ်ကြီးကျောက်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး၊ အဲ့ဒီကောင်က တကယ့်ကို ရက်စက်တာ…ယောကျာ်းရင့်မကြီးတွေကိုတောင် ယှဉ်နိုင်တာ၊ အဲ့ဒီလိုလူမျိုးကို အေးအေးဆေးဆေး ကိုင်တွယ်လို့ရမယ် ထင်နေတာလား… သူ့ကို ဝေးဝေးကပဲ ရှောင်ပါ၊ သူက တကယ့်ကို ကြောက်စရာကောင်းတယ်"

အဘွားကြီးကျောက်မှာ အစ်မကြီးဖန်ကို တစ်ချက်ကြည့်ပြီး

"ငါကတော့ သူ့ကို မကြောက်ဘူး… သူက ရှုံးနိမ့်သွားတဲ့ကောင်ပဲဟာ၊ ဘယ်လောက်တောင် စွမ်းနိုင်မှာမို့လို့လဲ… ငါတော့ ဂရုမစိုက်ဘူး၊ ကြောက်ရမယ်ဆိုရင်တောင် သူကသာ ငါ့ကို ကြောက်ရမှာ… ငါက သူ့ကို ကြောက်ရမယ် ဟုတ်လား… အိမ်မက်ထဲတောင် မက်မနေနဲ့"

"ဒါက အဲ့ဒီလို တွက်လို့ရတာမှ မဟုတ်တာ”

လူစုကြီးသည် အိမ်ပြန်လမ်းတစ်လျှောက်လုံး စကားတပြောပြောနှင့် လာခဲ့ကြသည်။ အဘွားကြီးကျောက်နှင့် သူမ၏ အိမ်နီးချင်းများသည် လမ်းကြားထဲကို လှည့်ဝင်လိုက်ပြီး အိမ်ကို မရောက်သေးခင်မှာပင် အပြင်မှ စက်ဘီးစီးပြီး ပြန်လာသည့် ချန်ချင်းယွီနှင့် ထိပ်တိုက် တိုးမိကြ၏။

“အမေ..”

ချန်ချင်းယွီ လှမ်းခေါ်လိုက်လေသည်။

သူမ စက်ဘီးကို ရပ်လိုက်ပြီး

“ကျွန်မ နေ့လယ်က ငါးသွားမျှားတာ”

"ငါးတွေ အများကြီး ရခဲ့လား"

ချန်ချင်းယွီ : "ဒီနေ့တော့ အတော်လေး ရခဲ့တယ်.. အပြန်လမ်းမှာ တို့ဖူးပါ ဝယ်လာခဲ့တယ်၊ ဒီညနေတော့ ငါးတို့ဖူးချက် ချက်စားကြတာပေါ့၊ တကယ့်ကို မြိန်မှာ"

“ကောင်းတယ် ကောင်းတယ်”

ဝင်းထဲရှိလူတိုင်းမှာ ချန်ချင်းယွီ၏ ငါးမျှားအရည်အချင်းကို အားကျနေကြလေသည်။ ငါးမျှားခြင်းမှာ ပါးစပ်မှလွယ်လွယ် ပြောထွက်နိုင်သော်လည်း လက်တွေ့မှာ မလွယ်ကူပေ။ အဘွားကြီးကျောက်တို့ မိသားစုများ ငါးဟင်းများစွာ စားနေကြရပြီး လူတိုင်း မနာလိုအားကျနေကြ၏။ သို့သော် လူတိုင်းမှာ ချန်ချင်းယွီကဲ့သို့ ပါရမီမျိုး မရှိပေ။

လူတိုင်းမှာ သူမကို အတုခိုးကာ ငါးမျှားကြသော်လည်း မအောင်မြင်ပေ။ သူတို့ရသည့်ငါးများမှာ သေးသေးလေးများသာဖြစ်ပြီး ချန်ချင်းယွီကဲ့သို့ အမြဲတမ်း ငါးအကြီးကြီးရသော ပါရမီရှင်မျိုးကို မယှဉ်သာပေ။

အစ်မကြီးဖန်မှာ မနာလိုသည့် လေသံနှင့် စောင်းမြောင်း ပြောဆိုလိုက်၏။

"ရှင်တို့က ငါးထပ်စားပြန်ပြီလား… မြေရှင်ကြီးတွေတောင် ရှငါတို့လောက် ငါးမစားနိုင်ပါဘူးအေ”

"နင် စကားကို လျှောက်မပြောနဲ့၊ ဘာလဲ... ငါ့ကို ကွန်မြူနစ်ဆန့်ကျင်တဲ့ မြေရှင်အဆင့်အတန်း ခေါင်းစဉ် လာတပ်ချင်တာလား… ဘယ်လောက်တောင် အရှက်မရှိတဲ့ မိန်းမလဲ၊ ငါ့ချွေးမက သူ့ဘာသာ ပင်ပင်ပန်းပန်း ငါးသွားဖမ်းတာကို မြေရှင်တွေနဲ့ ဘာဆိုင်လို့လဲ၊ အဲ့ဒီမြေရှင်တွေက ငါတို့လို ငါးတွေ၊ အသားတွေ ရှာစားတာမို့လို့လား… နင်က တို့မိသားစု အေးအေးချမ်းချမ်း ရှိနေတာကို မနာလိုဖြစ်ပြီး ပြဿနာရှာချင်နေတာမလား… တကယ့် လူယုတ်မာပဲ"

အဘွားကြီးကျောက် အော်ဟစ်လိုက်၏။ သူမသည် အားနာတတ်သူ မဟုတ်ပေ။

အဲ့ဒီလိုမျိုး အန္တရာယ်များတဲ့ ခေါင်းစဉ်တပ်မှုကို ဘယ်သူက ဒီအတိုင်း ငြိမ်ခံနေမှာလဲ…

ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ အစ်မကြီးဖန်၏ စကားသည် တကယ်ပင် စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလှသည်။

အဘွားကြီးကျောက်သည် ဒေါသအလိပ်လိုက် ထွက်လာသဖြင့် အစ်မကြီးဖန်ကို ကျိန်ဆဲပစ်လိုက်ပြီး သတ်ပင် သတ်ပစ်ချင်စိတ် ပေါက်သွားရ၏။

"နင် စကားကို လျှောက်မပြောနဲ့၊ ငါတို့ကို ဒီအတိုင်း အနိုင်ကျင့်လို့ရမယ်လို့ မထင်နဲ့"

အစ်မကြီးဖန် မျက်နှာပျက်ပျက်နှင့် မကျေမနပ်ဖြစ်ကာ ငြင်းဆိုရှာသည်။

"ကျွန်မ အဲ့ဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး..."

ကျောက်ရုံမှာမူ ဟိုတစ်ယောက်ကြည့်၊ ဒီတစ်ယောက်ကြည့်နှင့် ဘာမှဝင်မပြောဘဲ နေလိုက်၏။

ဘာပဲဖြစ်ဖြစ် ဒါက သူမကိစ္စမှ မဟုတ်တာလေ…

မိမိနှင့်မဆိုင်လျှင် ဘေးထွက်နေသည်မှာ အကောင်းဆုံးပင်။

အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း "ဟွန်း" ဟု ဆိုကာ စိတ်ဆိုးမာန်ဆိုး ပြလိုက်၏။

ချန်ချင်းယွီခမျာ ရှက်ပြုံးလေး ပြုံးလိုက်ပြီး သိမ်သိမ်မွေ့မွေ့နှင့် အလိုက်သိတတ်သည့် ချွေးမငယ်လေးတစ်ဦးကဲ့သို့ ပြုမူနေလေသည်။ သူတို့ ဝင်းထဲကို လှမ်းဝင်လိုက်ကြသည့်အခါ အံ့ဩစရာကောင်းသည်မှာ ဝင်းထဲရှိ လူတစ်ယောက်မှ ထမင်းဟင်း မချက်ကြသေးပေ။ ထမင်းစားချိန် ရောက်နေပြီဖြစ်သော်လည်း လူတိုင်း အိမ်ရှေ့ဝင်းထဲတွင် စုရုံးကာ အားရပါးရ အတင်းပြောနေကြ၏။

အလုပ်ဆင်းချိန်ဖြစ်၍ လူအားလုံးလည်း ပြန်ရောက်နေကြပြီး သတင်းအသစ်အဆန်းများလည်း ထပ်မံထွက်ပေါ်နေသဖြင့် ပြောစရာအကြောင်းအရာများမှာ ပို၍ ဝေဆာနေတော့သည်။

အဘွားကြီးကျောက် လေသံအကျယ်ကြီးနှင့် "ငါပြောပြမယ်၊ ငါက အသိဆုံးပဲ..." ဟု စတင်လိုက်၏။

အစ်မကြီးဖန်မှာလည်း အားကျမခံ ဝင်ပြောပြန်သည်။

"တကယ်တော့ ငါက ပိုသိတာဟေ့.. ငါက အစောဆုံး သတိထားမိတာ၊ အစကတော့ ငါထင်တာက... အဲ့ဒီနောက်ကျတော့... အို... တကယ်ပဲ၊ ယောကျာ်းချင်း အတူတူရှိနေတာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ နင်တို့ သိမှာမဟုတ်ဘူး.. ကျန်းရှင်းဖှက တကယ့်ကို ရက်စက်တာ..."

လူတိုင်းမှာ မိမိတို့သိထားသည့် အကြောင်းအရာများကို အပြိုင်အဆိုင် မျှဝေချင်နေကြသည်။ သို့သော်လည်း ချန်ချင်းယွီမှာ အိမ်ထဲသို့ အမြန်ဝင်သွားခဲ့၏။

သူမအတွက်တော့ ဒီနေ့မွန်းလွဲပိုင်းက တကယ့်ကို အဆင်ပြေခဲ့တာလို့ ပြောရမယ်…ဟဲဟဲ

သို့သော်လည်း ထို "အဆင်ပြေသည်" ဆိုသည့် စကားလုံးကို အဓိပ္ပာယ်တစ်မျိုးနှင့် နားလည်ရမည် ဖြစ်သည်။

အမှန်တကယ်၌ သူမသည် ယနေ့မွန်းလွဲပိုင်းတွင် ငါးတစ်ကောင်မှ မဖမ်းမိခဲ့ပေ။ သူမသည် ဆရာယွီနှင့် ဆုံခဲ့သောကြောင့်သာ ငါးရခဲ့ခြင်းဖြစ်၏။ ဆရာယွီသည် ချန်ချင်းယွီနှင့် အမြဲတမ်း အတူတူငါးဖမ်းလေ့ရှိပြီး ကူညီတတ်သည့် မိတ်ဆွေကောင်းတစ်ဦးပင်။ သူသည် အခြားလူများထက် ပို၍ စောစောစီးစီး ရောက်နှင့်နေတတ်ပြီး ဝီရိယကောင်းသူတည်း။

နံနက်ပိုင်း လေပြင်းများ တိုက်ခတ်နေသော်လည်း ဤလူသည် ထိုကဲ့သို့သောနေ့မျိုးတွင် လူနည်းပြီး ငါးပိုရတတ်သည်ဟု တွေးကာ စောစောလာခဲ့ခြင်း ဖြစ်သည်။ တစ်နေကုန် ငါးဖမ်းပြီးနောက် နောက်ဆုံးတွင် သူရသမျှ ငါးအားလုံးကို ချန်ချင်းယွီကိုသာ ပေးခဲ့ပြီး မိမိအတွက်မူ တစ်ကောင်မှ ချန်မထားခဲ့ပေ။

ချန်ချင်းယွီ တစ်ရက်နှစ်ရက်ခန့် ငါးဖမ်းမလာဖြစ်သည့် အတောအတွင်း သူ၏ ငါးရောင်းရငွေမှာ အတော်လေး ထိခိုက်သွားခဲ့၏။ ထို့ကြောင့် ချန်ချင်းယွီ ပြန်လာသည်ကို မြင်သောအခါ သူသည် အလွန် ရက်ရက်ရောရော ရှိလှပြီး လွန်ခဲ့သည့် ရက်အနည်းငယ်မှ ဖမ်းမိခဲ့သမျှ ငါးများကိုပင် အကုန်ပေးချင်နေခဲ့သည်။

သို့သော် နှမြောစရာကောင်းသည်မှာ ထိုငါးများကို ငါးဆားနယ်ခြောက်များ ပြုလုပ်ထားပြီးဖြစ်နေခြင်းပင်။

ထို့ကြောင့် ချန်ချင်းယွီ ကိုယ်တိုင်

ငါးတစ်ကောင်မှ မဖမ်းမိခဲ့သော်လည်း ထိုအကြောင်းကို မသိသည့် ပတ်ဝန်းကျင်ရှိ လူများ၏ အမြင်တွင်မူ သူမသည် ငါးအကြီးကြီး ဆယ်ကောင်ကျော်နှင့် လိပ်ခွံပျော့တစ်ကောင်ကိုပါ ဖမ်းမိလာသည်ဟု ထင်မှတ်နေကြ၏။

ဆရာယွီမှာ ဤအလုပ်ဖြင့်ပင် အပိုဝင်ငွေ ရှာနေသူဖြစ်ရာ သာမန်လူများထက် ငါးဖမ်းအတတ်ပညာ ပို၍ ကျွမ်းကျင်နေသည်မှာ သဘာဝပင် ဖြစ်သည်။

ချန်ချင်းယွီမှာ ငါးဝယ်ရသည့်အခါတိုင်း အမြဲတမ်း ပျော်ရွှင်နေတတ်၏။

ချန်ချင်းယွီသည် လိပ်ခွံပျော့များကို မစားတတ်ကာ ထူးဆန်းသည့် အရာများကိုလည်း မစားတတ်ပေ။ သို့သော် ဆရာယွီ အပြောကောင်းလွန်းလှသဖြင့် ခဏအကြာတွင် ချန်ချင်းယွီလည်း ဝယ်လိုက်ရတော့သည်။

ကောင်းပြီလေ... အာဟာရဖြစ်အောင် ဝယ်လိုက်တာပဲပေါ့…

သူမ မစားရင်လည်း အဘွားကြီးကျောက်ကို ပေးလိုက်လို့ ရတာပဲမဟုတ်လား…

သူမသည် တကယ့်ကို ကမ္ဘာပေါ်တွင် အကောင်းဆုံး ချွေးမလေးပင်… သူမ ဤနေရာသို့ စတင်ရောက်ရှိလာစနှင့် နှိုင်းယှဉ်လျှင် ယခုအခါ အဘွားကြီးကျောက်နှင့် အဆင်ပြေပြေ ဆက်ဆံတတ်နေပြီ ဖြစ်ရုံမျှမက အဘွားကြီးကျောက်အတွက် လိပ်ခွံပျော့ကိုပင် ဝယ်ပေးလာနိုင်ခဲ့ပြီ ဖြစ်၏။ အမှန်ပင် လူ့သဘာဝ ဆက်ဆံရေးဆိုသည်မှာ အတူတူ နေထိုင်ဖြတ်သန်းရင်း သံယောဇဉ် တွဲလာရခြင်းမျိုးပင် ဖြစ်သည်။

ပြဿနာများစွာ ပေါ်ပေါက်လာသည့်အခါတိုင်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြရသဖြင့် သူတို့၏ ဆက်ဆံရေးမှာလည်း သဘာဝအတိုင်း လျင်မြန်စွာ တိုးတက်ကောင်းမွန်လာခဲ့သည်။

"ချင်းယွီလေး... နင် ဒီနေ့ ငါးတွေ အများကြီး ရလာတာပဲလား"

အဒေါ်ကြီးမေ့တစ်ယောက် ချန်ချင်းယွီ ငါးအူနုတ်၊ ငါးကြေးခွံခွာနေသည်ကို မြင်သဖြင့် အနားသို့ ချဉ်းကပ်ကာ ချောင်းကြည့်ရင်း အလွန်ပင် အားကျမဆုံး ဖြစ်နေရှာသည်။

ဒီလောက်အများကြီးဆိုတော့ တကယ့်ကို ကောင်းတာပေါ့…

"ဟယ်... လိပ်တစ်ကောင်လည်း ပါပါလား… နင့်ရဲ့ ဒီနေ့မွန်းလွဲပိုင်း လက်စွမ်းကတော့ တကယ်ကို အကြီးအကျယ်ပဲ"

ချန်ချင်းယွီ : "ဟုတ်ကဲ့၊ အဓိကကတော့ ငါးဖမ်းတဲ့လူ သိပ်မရှိလို့ ဖြစ်ပါလိမ့်မယ်… အခုတလော ရာသီဥတုက သိပ်မကောင်းတော့ ငါးဖမ်းတဲ့လူ နည်းသွားတာကိုး"

အဒေါ်ကြီးမေ့ခမျာ အားကျလွန်းလို့ ရင်ထဲ တလှပ်လှပ်ပင်… အကယ်၍ သူမ၏ မိသားစုတွင်သာ ချန်ချင်းယွီကဲ့သို့ ငါးဖမ်းကျွမ်းကျင်သည့်သူ ရှိနေပါက မိသားစုဝင်ငွေကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်၏။

"လိပ် ဟုတ်လား… ဘာလိပ်လဲ"

အလုပ်ဆင်းခါစ လူများသည် အိမ်ရှေ့ဝင်းထဲတွင် အတင်းပြောနေကြဆဲ ဖြစ်သည်။ ဝမ်မေ့လန်သည် စက်ရုံတွင် အလုပ်လုပ်သူ မဟုတ်သော်လည်း ကျန်းရှင်းဖှအကြောင်းကို ကြားထားသူ ဖြစ်၏။ သို့သော် အခြားလူများကဲ့သို့ ထိုပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ခွင့်ရလောက်အောင် ကံမကောင်းခဲ့သဖြင့် သူမသည် အပြင်မှ သတင်းများကို လိုက်မေးပြီး ဇာတ်ကြောင်း စပ်နေရခြင်း ဖြစ်သည်။

သို့သော်လည်း သူမသည် နားစွင့်နေရင်းနှင့် ထိုလိပ်အကြောင်းကို ကြားသွားခဲ့၏။

သူမ အနားသို့ လျှောက်လာပြီး ကြည့်လိုက်ရင်း "ဝါး..." ဟု ရေရွတ်လိုက်သည်။

ဤလိပ်ခွံပျော့သည် တကယ့်ကို အာဟာရပြည့်ဝသည့် အစားအစာတစ်ခု မဟုတ်လော့။

"ချင်းယွီလေး... နင့်လိပ်ကို အစ်မကို လဲပေးလို့ ရမလားဟင်"

ဝမ်မေ့လန် တောင်းဆိုလိုက်၏။

ချန်ချင်းယွီမှာ အံ့ဩသွားရသည်။

သူမ ချက်ချင်းပင် ရှက်ကိုးရှက်ကန်းလေး ပြုံးကာ ဆိုလိုက်၏။

"ကျွန်မကတော့ အဲ့ဒီလို မဆုံးဖြတ်ရဲပါဘူး.. ယောက္ခမကိုပဲ မေးကြည့်ပါဦး"

ဝမ်မေ့လန် အဘွားကြီးကျောက်ဘက်သို့ လှည့်ကာ

"အဒေါ်ကြီးကျောက်...အဒေါ်ကြီးတို့လိပ်ကို ကျွန်မကို တစ်

ကောင်လောက် လဲပေးပါလား.. ကျွန်မတခြားပစ္စည်းနဲ့ ပြန်လဲပေးပါ့မယ်"

အဘွားကြီးကျောက် : "ဟင်... ဩော်၊ ချန်ချင်းယွီ ရလာတဲ့ လိပ်ကို ပြောတာလား"

ဝမ်မေ့လန် ခေါင်းညိတ်ပြပြီး မျက်နှာချိုသွေးကာ ရှင်းပြလိုက်သည်။

"ဟုတ်တယ်.. သူ လိပ်တစ်ကောင် မိလာတာဆိုတော့ ဒေါ်ကြီးလည်း သိတဲ့အတိုင်း ကျွန်မယောကျာ်း ဝမ်ကျန့်ကော်က ဆေးရုံမှာ ရှိနေတုန်းဆိုတော့ အာဟာရ ဖြစ်စေမယ့်အရာတွေ လိုအပ်နေလို့ပါ… ကျွန်မကို တစ်ကောင်လောက် လဲပေးပါလား၊ အဆင်ပြေမလားဟင်"

အဘွားကြီးကျောက် ; "နင်က ဘာနဲ့ လဲမှာလဲ"

ပတ်ဝန်းကျင်တွင် လူအများကြီး ရှိနေသဖြင့် သူမ ပိုက်ဆံတိုက်ရိုက်တောင်းသည့်အလုပ်ကို မလုပ်ပေ။

သူမက အရူးမှ မဟုတ်တာ…

"အထည်စအချို့နဲ့ လဲရင် ဘယ်လိုလဲ"

ဝမ်မေ့လန် ကမ်းလှမ်းလိုက်၏။

"နေဦး၊ ငါ သွားပြီး ရှပ်င်္အကျီစအချို့ကို သွားကြည့်လိုက်ဦးမယ်"

အဘွားကြီးကျောက်ဆိုကာ အိမ်ထဲသို့ ဝင်သွားတော့သည်။

ထို့နောက် အမျိုးသမီးနှစ်ဦးစလုံးသည် အလုပ်ရှုပ်သွားကြပြီး ခဏလေးအတွင်းမှာပင် ပစ္စည်းချင်းလဲလှယ်သည့် ကိစ္စကို မြန်မြန်ဆန်ဆန်ပင် အောင်မြင်စွာ ပြီးဆုံးသွားကြလေ၏။

အဒေါ်ကြီးမေ့ ပို၍ပင် အားကျမနာလိုဖြစ်ကာ ရေရွတ်လိုက်သည်။

"တကယ့်ကို ကောင်းလိုက်တာအေ.. ငါ့မိသားစုမှာလည်း ဒီလိုအရည်အချင်းမျိုး ရှိရင် သိပ်ကောင်းမှာပဲ။ အခုလို အထည်စတွေနဲ့ လဲလှယ်နိုင်တာ တကယ့်ကို အားကျစရာပါအေ"

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့်

"ငါ့ချွေးမကတော့ သဘာဝအတိုင်း တခြားလူတွေနဲ့ မတူဘူးလေ"

ချန်ချင်းယွီ : "..."

ဒါကတော့ အမှန်ပါပဲလေ…

ချန်ချင်းယွီ : "အမေ... ဒါတွေက..."

အဘွားကြီးကျောက် : "ငါ အပြင်ယူသွားပြီး လေလွင့်ကြောင်တွေကို ကျွေးလိုက်မယ်"

အတန်ကြာ ညှိနှိုင်းရုန်းကန်ပြီးနောက် ယခုအခါတွင် သူတို့၏ ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးမှာ ယခင်ထက် ပိုမိုနားလည်မှုရှိပြီး တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီ လတ်တလော ငါးဖမ်းမသွားဖြစ်သဖြင့် သူတို့မိသားစုမှာ ငါးမစားရသည်မှာ ကြာပြီဖြစ်သည်။ ယခုကဲ့သို့ မမျှော်လင့်ဘဲ စားသောက်ရသည့်အတွက် မိသားစုဝင်အားလုံး အလွန် ပျော်ရွှင်နေကြ၏။

ငါးဟင်း၏ မွှေးပျံ့လှသော အနံ့အသက်သည် တစ်ဝင်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ငါးရိုးများ ပါနေသော်လည်း ဤကဲ့သို့ အသားအနှစ် ပြည့်ဝသည့် ဟင်းလျာမျိုးမှာ တကယ့်ကို မြိန်လှပေသည်။

တစ်ဝင်းလုံးရှိ လူများမှာ အတင်းပြောရုံ၊ ပွဲကြည့်ရုံတင် မဟုတ်ဘဲ အိမ်ရှင်မများအနေနှင့် အိမ်မှ ထမင်းဟင်းကိစ္စကိုလည်း ပစ်ပယ်မထားကြပေ။ ထမင်းစားချိန် နီးကပ်လာသည်နှင့်အမျှ ဝင်းတစ်ခုလုံးတွင် ချက်ပြုတ် ကြော်လှော်သံများနှင့်အတူ နွေးထွေးမှုများ လွှမ်းမိုးလာခဲ့၏။ လူတိုင်း အိမ်ပြန်ပြီး ထမင်းစားကြတော့သည်။ အတင်းအဖျင်းပြောရခြင်းသည် စိတ်ဝင်စားစရာကောင်းသော်လည်း ဝမ်းမဝနိုင်သည်မှာ အမှန်ပင် …

ချန်ချင်းယွီတို့ မိသားစုသည်လည်း ထမင်းဝိုင်း ပြင်ဆင်လိုက်ကြ၏။

ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့် အနည်းငယ် စိတ်မရှည်ဖြစ်နေကာ မေးမြန်းလိုက်လေသည်။

"ဒီနေ့ အမေတို့ စက်ရုံမှာ ဘာတွေဖြစ်နေကြတာလဲဟင်"

ကောလာဟလများစွာ ပျံ့နှံ့နေသော်လည်း ဘယ်အရာသည် အစစ်၊ ဘယ်အရာသည် အတုမှန်း မည်သူသိနိုင်မည်နည်း။ အဘွားကြီးကျောက်ကို တိုက်ရိုက်မေးမြန်းခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။

အဘွားကြီးကျောက်လည်း ပြောပြချင်ဇောနှင့် အစမှအဆုံးထိ လက်ဟန်ခြေဟန် အပြည့်ဖြင့် တတွတ်တွတ် ပြောပြတော့သည်။

"နင် ယုံမှာတောင် မဟုတ်ဘူး..."

"အိုအေ... အဲ့ဒီတုန်းက အဲ့ဒီလူတွေကလေ..."

"သူက ငါ့ကို အပြစ်ပုံချချင်တာလား… စဉ်းစားလေ၊ ငါ့ကို လာပြီး ကောက်ကျစ်ချင်တာလား… အိမ်မက်ပဲ မက်လိုက်"

အဘွားကြီးကျောက် အားရပါးရ ပြောပြနေသည်ကို ချန်ချင်းယွီက အာရုံစိုက်ပြီး နားထောင်နေ၏။ နောက်ဆုံးတွင် သူမ မေးလိုက်ကာ

"ဒါဆို... အခုထိ ဘာရလဒ်မှ မထွက်သေးဘူးပေါ့"

"မထွက်သေးဘူးအေ၊ ဟေး... အဓိကကိစ္စကို ပြောရမယ်ဆိုရင် ဒီအမှုတစ်ခုလုံးက နည်းနည်းတော့ ထူးဆန်းတယ်… ဒီလောက် သေးသေးမွှားမွှား ကိစ္စလေးကို ဘာလို့ တစ်နေကုန်အောင် စစ်ဆေးနေရတာလဲ၊ အဲ့ဒါတင်မကဘူး ဟိုလူ့ခေါ် ဒီလူ့ခေါ်နဲ့… တခြားလူတွေ မသိရင်နေမယ်၊ ငါကတော့ သိတာပေါ့… အဲ့ဒီအခေါ်ခံရတဲ့ လူတွေအကုန်လုံးက လျှိုကျင့်ရဲ့ လျှို့ဝှက်ရည်စားတွေချည်းပဲ… ငါ အရင်က ထမင်းစားဆောင် ဂိုဒေါင်ထဲမှာ တွေ့ဖူးတယ်၊ ဒါ လျိုကျင့်ရဲ့ ယောကျာ်းက ဇာတ်လမ်းဆင်ပြီး အကွက်ချလိုက်တာများလား မသိဘူး"

အဘွားကြီးကျောက်သည် တွေးရင်းတွေးရင်းနှင့် ပို၍ သေချာသလို ခံစားလာရသည်။ မဟုတ်လျှင် ကိစ္စမှာ သဘာဝမကျပေ။ ထိုလူများနှင့် မဆိုင်ဘဲ အဘယ်ကြောင့် လိုက်ခေါ်နေရမည်နည်း။

ဒါက လျိုကျင့်ယောကျာ်း၏ ကိစ္စပဲ ဖြစ်ရမယ်…

အဘွားကြီးကျောက် : "မိန်းမတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ မျက်စိကို သေသေချာချာ ဖွင့်ထားရမယ်.. လျိုကျင့် ရှာထားတဲ့ ယောကျာ်းက ဘယ်လောက်တောင် အောက်တန်းကျလဲ ကြည့်ဦး.. လှည့်ထွက်သွားတာနဲ့ သူမကို ချက်ချင်း သစ္စာဖောက်တော့တာပဲ။ တောက်..."

လျိုကျင့်မှာ လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူမ လူကောင်းဖြစ်စေ၊ မဖြစ်စေ သူမ၏ ယောကျာ်းသည်ကား တကယ့် လူယုတ်မာ ဖြစ်သည်မှာ သေချာသည်။ အဘွားကြီးကျောက်မှာ လျိုကျင့်၏ ယောကျာ်း သစ္စာဖောက်လိုက်ခြင်း ဖြစ်ရမည်ဟုသာ ထင်မြင်နေတော့၏။

မဟုတ်ရင် ဒီလူတွေ အားလုံး အတူတူ အခေါ်ခံရတာ ဒီလောက်အထိ တိုက်ဆိုင် စရာမရှိဘူး…

"သူမလည်း ကံမကောင်းရှာပါဘူး"

ချန်ချင်းယွီသည် လျိုကျင့်ကို မသိသော်လည်း ထိုမိန်းမသည် မိမိတို့မိသားစုအပေါ် မကောင်းတာ ဘာမှမလုပ်ခဲ့ဖူးသဖြင့် အဘွားကြီးကျောက်၏ အမြင်ကိုပင် ထောက်ခံမိသည်။ အကယ်၍ ဤယောကျာ်းနှင့် မတွေ့ခဲ့ပါက သူမ ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ မိန်းမသားများအနေနှင့် ယောကျာ်းရွေးချယ်မှု မှားယွင်းသွားမည်ကို ကြောက်ရွံ့ကြသည်မှာ အမှန်ပင် ဖြစ်၏။

ချန်ချင်းယွီ : "သူက ဘာအကြောင်းကြောင့်နဲ့ ကိုယ့်မိသားစုရဲ့ အရှက်သိက္ခာကို အကြောင်းမဲ့ သက်သက် ဘူးပေါ်သျှံပေါ် ဖွင့်ချရတာလဲ… လုံခြုံရေးဌာနက တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းလို့လား၊ အတိတ်က ပုပ်စော်နံတဲ့ အကြောင်းအရာဟောင်းတွေကိုအထိ မွှေနှောက်ဖော်ထုတ်နိုင်ရအောင်"

"ဘယ်သူသိမှာလဲ၊ ဘယ်သူကော ဂရုစိုက်လို့လဲ"

ချန်ချင်းယွီ : "ဒါလည်း ဟုတ်တာပါပဲ"

အကယ်၍ တစ်ခုခု အမှားအယွင်း ရှိနေပါက ထိုနှစ်ယောက်သည် မိမိတို့၏ ပတ်သက်မှုကို အသေအချာ မပြတ်သားခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သူတို့တွင် အခြားလုပ်စရာ ကိစ္စရပ်များ ရှိနေခြင်းပင် ဖြစ်နိုင်သည်။ ထို့ကြောင့် ချန်ချင်းယွီလည်း ထိုအကြောင်းကို အလေးအနက် ထပ်မတွေးတော့ပေ။

"ထမင်းစားကြရအောင်"

"ဟေး... ဒီငါးဟင်းထဲက တို့ဖူးက တကယ့်ကို အရသာရှိတာပဲ"

"ဒါပေါ့အေ၊ တို့ဖူးကတော့ ဘယ်ညံ့ပါ့မလဲ"

မိသားစုဝင်အားလုံး မြိန်ရေရှက်ရေ စားသောက်ကြသည်။ ယခုခေတ်ကာလတွင် လူ့ဘဝမှာ အလွန် ရိုးရှင်းလှပြီး ငါးဟင်းတစ်နပ်ဖြင့်ပင် ပျော်ရွှင်မှုကို ရရှိနိုင်ကြကာ ရောင့်ရဲလွယ်ကြသည်မှာ အမှန်ပင်။

သူတို့ ထိုအကြောင်းကို အတင်းပြောနေကြသကဲ့သို့ ဝင်းထဲရှိ အခြားမိသားစုများမှာလည်း တီးတိုးပြောဆိုနေကြ၏။ ဝင်းထဲရှိ အိမ်တိုင်းလိုလိုတွင် ဤအကြောင်းအရာသည်သာ အဓိက စကားဝိုင်း ဖြစ်နေသည်။

ကျန်းမိသားစုတစ်ခုတည်းသာ မျက်နှာပျက်ပြီး စိတ်ဓာတ်ကျ ညှိုးငယ်နေကြ၏။ အဘိုးကြီးကျန်းခမျာ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေပြီး အဘွားကြီးဟွမ်မှာ ရှိုက်ကာ ငိုကြွေးနေတော့သည်။

"ရှင် တစ်ခုခုတော့ ကြံစည်ဦးမှပေါ့.. ကျွန်မတို့သားကတော့ လုံခြုံရေးဌာနထဲမှာ ဒုက္ခရောက်တော့မှာ သေချာတယ်၊ ဘာလို့လဲ... ဘာလို့ သူ့ကို ဖမ်းဆီးထားရတာလဲ… ငါ့သားအကြောင်း ငါမသိဘဲ နေမလား၊ သူက ဘယ်လိုလုပ်ပြီး ယောကျာ်းချင်း စိတ်ဝင်စားရမှာလဲ၊ ဒါက မတရား စွပ်စွဲတာ မဟုတ်ဘူးလား… သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်ရဲရတာလဲ… လုံခြုံရေးဌာနက တို့မိသားစုကို မကောင်းကြံရင် ငါ သူတို့ကို အသေသတ်ပစ်မယ်၊ အဘိုးကြီး... ရှင်လည်း နည်းလမ်းရှာဦးလေ၊ ကျွန်မတို့ရဲ့ ကောင်းပေ့ဆိုတဲ့ သားလေးကတော့ ဒီလို နာမည်ဖျက်ခံရပြီ၊ နောင်ကျရင် ဘယ်လိုလုပ် မိန်းမရနိုင်တော့မှာလဲ"

"မိန်းမ မရရင်လည်း မရပစေပေါ့ကွာ… ဒါက သူကိုယ်တိုင် အမှုရှာတာ၊ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ၊ ငါ သူ့ကို လူလိုသူလို နေပါလို့ ပြောခဲ့ပေမဲ့ စကားတစ်ခွန်းမှ နားမထောင်ဘူး၊ ဘာလဲ... ငါက သူ့အဖေအနေနဲ့ ဆုံးမတဲ့စကားတွေက အလကားစကားတွေ ထင်နေတာလား… လုံးဝကို အသုံးမကျတဲ့ကောင်၊ ငါ့စကား နားမထောင်လို့ အခုတော့ သူကိုယ်တိုင် ဒုက္ခရောက်ပြီ မဟုတ်လား၊ ယောကျာ်းရင့်မကြီး နှစ်ယောက် ဒီလိုဖြစ်နေတာက နားထောင်လို့ကောင်းတယ် ထင်နေလား… အခုတော့ စက်ရုံတစ်ခုလုံးက ပြောနေကြပြီ၊ သူက ယောကျာ်းရော မိန်းမရော စိတ်ဝင်စားတဲ့ကောင်တဲ့၊ အခုဆို သူ့အဖေဖြစ်တဲ့ ငါ့ကိုတောင် ဒါက မျိုးရိုးလိုက်တာလို့ လာအတင်းပြောနေကြပြီ… သူက ငါ့ကို ဒီလောက်အထိ သိက္ခာချထားတာကို နင်က ငါ့ကို လာအော်ဟစ်နေရဲသေးတယ်လား"

အဘိုးကြီးကျန်း အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေပြီး ဗြစ်တောက်ဗြစ်တောက် မကျေမနပ် ညည်းတွားတော့သည်။

"ငါ နင့်ကို အမြဲပြောတယ်၊ သားကို ထိန်းပါလို့၊ ဒါပေမဲ့ နင်က အမြဲတမ်း ကာကွယ်ပေးခဲ့တာ… အခုတော့ ကြည့်ဦး၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ နောက်ဆုံး ဘာဖြစ်သွားပြီလဲ"

အဘိုးကြီးကျန်းသည် ဇနီးဖြစ်သူကိုသာ အပြစ်တင်နေပြီး အားလုံးမှာသူမ၏အပြစ်ဟုသာ ခံယူထား၏။

အဘွားကြီးဟွမ် : "ရှင်က အမြဲတမ်း ကျွန်မကိုပဲ အသုံးမကျဘူး ပြောနေတာ.. သူက လူလားမြောက်နေတဲ့ ယောကျာ်းတစ်ယောက်ပဲ၊ ကျွန်မ ဘယ်လိုလုပ် ထိန်းလို့ရမှာလဲ… ဒါ့အပြင် ယောကျာ်းတွေ အပြင်မှာ စိတ်ကစားတာက အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ၊ အခုလို ဖြစ်လာလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားဘူး"

အဘွားကြီးဟွမ်သည် အမြဲတမ်း လင်ယောက်ျားကိုသာ ဦးထိပ်ထားသူ ဖြစ်သော်လည်း ယခုအခါတွင် အလွန်အမင်း စိုးရိမ်ပူပန်နေရပြီ ဖြစ်၏။

"ရှင်က ကျွန်မကိုပဲ အသုံးမကျဘူးလို့ အပြစ်တင်မနေနဲ့၊ အခုအချိန်မှာ အဖြေတစ်ခုခုကို အမြန်ဆုံး တွေးသင့်နေပြီ.. မဟုတ်ရင် တို့သား ဘာဖြစ်သွားမလဲ"

"ငါလည်း မထင်ထားဘူး.. ဘယ်လိုလုပ် ဒီလိုဖြစ်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး”

အဘိုးကြီးကျန်းက မကျေမနပ်နှင့် ညည်းတွားကာ

"လူတွေက သူက ယောက်ျားရော မိန်းမရော စိတ်ဝင်စားတဲ့ကောင်လို့ ပြောနေတာတွေကို ငါက တားချင်ပြီး သူ့ကို အိမ်ပြန်ခေါ်ချင်တာ၊ ဒါပေမဲ့ လုံခြုံရေးဌာနက ငါ့စကားကို နားမထောင်ဘူး"

အဘွားကြီးဟွမ် : "သူတို့က ဘာလို့ ဒီလောက်တောင် တင်းကြပ်နေရတာလဲ.. ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊အရင်က လီတာ့ရှန်း ကိစ္စတုန်းကတောင် ဒီလောက် မတင်းကြပ်ပါဘူး၊ အဲ့ဒီလူတွေက တမင်တကာ သက်သက်မဲ့ လုပ်နေကြတာလား၊ တို့သားကို တမင် နှိပ်စက်နေကြတာလား"

အဘိုးကြီးကျန်း : "နင်က အတွေးလွန်နေပြီ"

"ကျွန်မ အတွေးမလွန်ပါဘူး၊ ဖြစ်နိုင်တာက သူတို့က ကျွန်မတို့ရဲ့ ရှင်းဖှကို မနာလိုဖြစ်လို့ ဒီအခွင့်အရေးကို သုံးပြီး ပြဿနာရှာနေတာ နေမှာပေါ့"

အဘိုးကြီးကျန်း : "..."

ဇနီးဖြစ်သူကို ဦးနှောက်မရှိသည့် မိန်းမတစ်ဦးကဲ့သို့ စိုက်ကြည့်နေတော့သည်။

သူမက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရဲရတာလဲ… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ

"မဖြစ်နိုင်တာ၊ ပါးစပ်ပိတ်ထားစမ်း”

"ဒါပေမဲ့..."

"ပါးစပ်ပိတ်ထားလို့ ပြောနေတယ် မဟုတ်လား"

အဘွားကြီးဟွမ်သည် မကျေမနပ်နှင့် ပါးစပ်ပိတ်လိုက်ပြီးနောက်

"ဒါတွေအားလုံး အဘွားကြီးကျောက်ရဲ့ အပြစ်ပဲ… အဘွားကြီးကျောက်နဲ့သာ အမှုမဖြစ်ခဲ့ရင် ဒီလိုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး၊ ဒါ သူမရဲ့ အပြစ်အားလုံးပဲ… ပြီးတော့ အစ်မကြီးဖန်ရဲ့ အပြစ်လည်း ပါတယ်၊ အဲ့ဒီ မိန်းမယုတ်ကြီး။ ငါ့သားက သူမကို ဘာစော်ကားမိလို့လဲ… သူမက ဒါကို ဘာလို့ လိုက်ဖွင့်ချရတာလဲ၊ အဲ့ဒီ လူမဆန်တဲ့ ကောင်မ၊ လူကောင်းမဟုတ်ဘူး၊ သေချင်းဆိုးနဲ့ သေရမှာ… ဒါ သူတို့အပြစ်တွေချည်းပဲ၊ အစ်မကြီးဖန် ... ဟုတ်တယ်၊ အစ်မကြီးဖန် တကယ့်ကို လူမဆန်တာ၊ သူ့ကို သွားရှာမယ်..."

အဘွားကြီးဟွမ်သည် အပြင်သို့ ဝုန်းဒိုင်းကြဲကာ ပြေးထွက်ရန် ကြံသော်လည်း အိမ်ရှေ့ဝင်းထဲသို့ပင် မရောက်သေးခင်မှာ အဘိုးကြီးကျန်း

သူမကို ဆွဲတင်ကာ ပြန်ဆွဲခေါ်ခဲ့၏။ သူက သူမကို နောက်သို့ ဆွဲခေါ်လိုက်ပြီး ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရင်း လေသံအကျယ်ကြီးနှင့် ကြိမ်းမောင်းတော့သည်။

"နင် ပါးစပ်ပိတ်ထားစမ်း… အိမ်မှာ ပြဿနာတွေ ဒီလောက်ဖြစ်နေတာကို ငြိမ်ငြိမ်မနေဘဲ အပြင်ထွက်ပြီး ပြဿနာရှာချင်နေသေးတယ် ဟုတ်လား… ငါတို့တွေ အေးအေးချမ်းချမ်း ရှိနေတာကို နင်က မလိုလားလို့လား၊ နင်က တကယ့်ကို အသုံးမကျတဲ့ ပြဿနာရှာကောင်မပဲ… ငါ ဘယ်လိုလုပ်ပြီး ဒီလိုမိန်းမမျိုးနဲ့ ညားခဲ့ရတာလဲ၊ နင်... နင်က ငါ့ကို ကောင်းစားစေချင်တာ မဟုတ်ဘူးမလား၊ အခုအချိန်မှာ ငြိမ်ငြိမ်မနေရင် တခြားလူတွေက ဆက်ပြီး ပြဿနာရှာမှာကို စောင့်နေတာလား… အသုံးမကျတဲ့ မိန်းမ"

အဘိုးကြီးကျန်းသည် အပြင်တွင် ပြဿနာရှာတတ်သူ မဟုတ်သော်လည်း မိမိမိသားစုဝင်များအပေါ်တွင်မူ အတော်လေး ရက်စက်ကြမ်းကြုတ်သူ ဖြစ်၏။ သူသည် အဘွားကြီးဟွမ်ကို စူးစူးစိုက်စိုက် ကြည့်ကာ ကြုံးဝါးလေသည်။

"နင် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပဲ… နင် နောက်တစ်ခါ ပြဿနာရှာတာကို ငါ ထပ်သိလို့ကတော့ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်"

မိမိလင်ယောက်ျား၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေးကို မြင်လိုက်ရသည့်အခါ အဘွားကြီးဟွမ်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။ သူမသည် ယခင်ကဲ့သို့ ငြိမ်သက်အညံ့ခံခြင်း မရှိတော့ဘဲ ရုတ်တရက် အသံကုန်ဟစ်ကာ အော်ဟစ်ငိုကြွေးလေတော့၏။

"ငါ ဒီလိုဘဝမျိုးနဲ့ ဆက်မနေနိုင်တော့ဘူး... ငါ ဆက်မနေနိုင်တော့ဘူး… ငါ့ဘဝက တကယ့်ကို သနားစရာ ကောင်းလွန်းပါတယ်”

အဘိုးကြီးကျန်းမှာ ဒေါသကြောင့် အသက်ရှူပင် မှားလုနီးပါး ဖြစ်သွားရပြီး

"နင်က စကားကို လျှောက်အော်ရဲသေးတယ်လား"

အဘွားကြီးဟွမ်မှာ ဆက်တိုက်အော်ဟစ် ငိုကြွေးနေကာ

"ငါ့ဘဝက တကယ့်ကို သနားစရာ ကောင်းတာပါ… ဘာလို့ ငါ့မှာ ဒီလို ဒုက္ခတွေနဲ့ တွေ့ရတာလဲ၊ ဘုရားရေ..."

စတုတ္ထမြောက် အိမ်ရှေ့ဝင်းအတွင်းရှိ လူများမှာ အသံကြားသည်နှင့် တပြိုင်နက် အပြင်သို့ လျင်မြန်စွာ ပြေးထွက်လာကြသည်။ ဝမ်တာ့ချွေဆိုလျှင် ထမင်းပန်းကန်ကြီးကိုပင် လက်ကမချဘဲ ပွဲကြည့်ရန် ထွက်လာခဲ့၏။

အိမ်နီးနားချင်းဖြစ်သူ အဘိုးကြီးကျင်းမှာ ဝမ်တာ့ချွေကို စနောက်လိုက်သည်။

"ဝမ်တာ့ချွေ... မင်း နောက်ဆို အဲ့ဒီအိမ်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် မလုံခြုံဘူးဟေ့.. မင်းလို သန်သန်မာမာ လူပျိုတောင့်တောင့်တင်းတင်းကြီးတွေက သူတို့အကြိုက်ဆုံး အမျိုးအစားတွေကွ"

"သွားစမ်းပါဗျာ"

ဝမ်တာ့ချွေ စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။

ကျုပ်က ယောကျာ်းတစ်ယောက် မြူဆွယ်တာ ခံမယ့်လူလား…

သူသည် ပိုက်ဆံရှိပြီး ချောမောလှပသည့် မိန်းမပျိုများနှင့်သာ အောင်သွယ်အပ်ပြီး ချိန်းတွေ့မည့်သူဖြစ်ကာ အနံ့အသက်မကောင်းသည့် ယောကျာ်းများနှင့် အဝေးကြီးပင် ဖြစ်၏။

တကယ့်ကို ရွံစရာကောင်းလိုက်တာ… တွေးမိရုံနဲ့တင် ပျို့အန်ချင်လာပြီ…

"မိုးနတ်မင်းကြီးနဲ့ မြေစောင့်နတ်မင်းတို့ရေ... ငါ့သားလေးကို ပြန်ပေးကြပါဦး… ငါ့ယောကျာ်းကလည်း အသုံးမကျ ငါ့သားလေးလည်း ဒုက္ခရောက်ရပြီကော..."

အဘွားကြီးဟွမ်က မရပ်မနား အော်ဟစ်ငိုကြွေးနေသော်လည်း အလယ်ဝင်းရှိ မာကျန့်ယီမှာ ဘာမှမသိသလို၊ မကြားသလိုနှင့် အသေကောင်နှယ် ငြိမ်နေပြီး ဝင်ရောက်ပတ်သက်ရန် စိတ်မကူးပေ။ စက်ရုံဘက်မှလည်း ဤကိစ္စအပေါ် ဘာဆုံးဖြတ်ချက်မှ မချရသေးရာ သူတို့ အဘယ်မှာ ဝင်ပါ၍ ရမည်နည်း။ မည်သို့ပင်ဖြစ်စေ ရန်ဖြစ်နေကြခြင်းလည်း မဟုတ်၊ ထိခိုက်ဒဏ်ရာရမည့်သူလည်း မရှိသဖြင့် သူတို့အိမ်ထဲမှာတင် သူတို့ဘာသာ သောင်းကျန်းပစေဟုသာ သဘောထားလိုက်သည်။

မာကျန့်ယီ အပြင်မထွက်သဖြင့် ပိုင်ဖုန်းရှန်းလည်း အပြင်မထွက်ရဲပေ။ သို့သော် သူမခမျာ အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေရှာ၏။

"ရှင်ကလည်း... အပြင်ထွက်ပြီး အခြေအနေ သွားမကြည့်ဘူးလား။ တစ်ခုခု သွားလုပ်ပေးသင့်တာပေါ့"

မာကျန့်ယီ ; "မင်းလုပ်စရာရှိတာပဲ သွားလုပ်စမ်းပါ၊ သူများကိစ္စ လျှောက်မပါနဲ့"

မာကျန့်ယီနှင့် နှိုင်းယှဉ်လျှင် ပိုင်ဖုန်းရှန်းမှာ ဤဝင်းကြီး၏ တာဝန်ခံအလုပ်ကို လုပ်ချင်ကိုင်ချင်စိတ် ပိုရှိသူဖြစ်သည်။

သို့သော်လည်း သူမသည် လင်ယောကျာ်း၏ စကားကို မလွန်ဆန်ရဲသဖြင့် မကျေမနပ်နှင့်ပင် လက်ခံလိုက်ရ၏။

သူတို့သားဖြစ်သူ မာကျန်းမှာဝင်ရောက်ဖျောင်းဖျကာ

"အမေကလည်း တော်ပါတော့… ဒါ သူတို့ကိစ္စပဲဟာ၊ ကျွန်တော်တို့က ပွဲကြည့်ရုံပဲ ကြည့်ရမှာ၊ ဒါပေမဲ့ ကိစ္စတွေထဲ အများကြီး သွားဝင်ပါလို့ မဖြစ်ဘူး… အမေ့ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြမယ်၊ ကြည့်ဦး… ဒီနေ့ သူတို့နှစ်ယောက် အိမ်သာထဲမှာ ဖက်လှဲတကင်း ဖြစ်နေတုန်း မိသွားတာ ဟုတ်တယ်မလား၊ ပြီးတော့ နှစ်ယောက်စလုံးကလည်း အရက်သောက်ထားကြသေးတယ်… ဒီလိုဆိုမှတော့ သူတို့က အရက်မူးပြီး ရူးသွပ်သွားတာပါလို့ ပြောလိုက်ရင် ကိစ္စက ပြီးသွားရမှာ မဟုတ်ဘူးလား၊ သားပြောတာ ဟုတ်တယ်မလား"

မာကျန့်ယီ ခေါင်းညိတ်ထောက်ခံ၏။ ဤအတွေးအခေါ်မှာ မှန်ကန်ပေသည်။

"ဒါဆိုရင် ဘာဖြစ်လို့ သူတို့ကို တစ်နေကုန်အောင် ဖမ်းဆီးထားရတာလဲ… ဒါက ဒီကိစ္စအပြင် တခြားလုပ်စရာ ကိစ္စတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်"

"တခြားကိစ္စဆိုတာ ဒေါ်ကြီးကျောက်ကို မကောင်းကြံဖို့ ကြိုးစားတာ ဖြစ်လိမ့်မယ်"

ပိုင်ဖုန်းရှန်း တီးတိုးရေရွတ်လေသည်။

မာကျန်း : "ဒါလည်း ဟုတ်နိုင်တာပေါ့၊ ဒါပေမဲ့ သူက အဘွားကြီးကျောက်ကို ဘာမှမလုပ်ရသေးဘူး မဟုတ်လား… သူတို့က မြင်တောင် မမြင်လိုက်ရဘူးဆိုတော့ အဲ့ဒီလိုတွေးရင် မှားလိမ့်မယ်၊ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို စစ်ဆေးမေးမြန်းရတာ ဒီလောက်အထိ ခက်ခဲလို့လား… တစ်နေကုန်အောင် စစ်ဖို့ လိုအပ်လို့လား၊ ဒါကြောင့် ဒီနေရာမှာ တခြားလျှို့ဝှက်ချက် တစ်ခုခု ရှိနေတာ သေချာတယ်၊ အမေ ဝင်မပါတာ အကောင်းဆုံးပဲ… ကျွန်တော်တို့မိသားစုက ဝင်းကို အုပ်ချုပ်ရတာဆိုပေမဲ့ စက်ရုံတွင်းရေးတွေထဲအထိ အများကြီး ဝင်ပါလို့မရဘူး… ကိုယ့်အိုးကိုယ်အိမ်အတွက် ဒုက္ခမရှာနဲ့"

ပိုင်ဖုန်းရှန်း : "ဒါလည်း ဟုတ်တာပါပဲ"

"ဝင်းတာဝန်ခံ လုပ်လို့လည်း စက်ရုံက ပိုက်ဆံတစ်ပြားမှ ပေးတာမဟုတ်ဘူး၊ အလကား သက်သက် လုပ်ပေးနေရတာကို အားသန်မနေပါနဲ့…အဖေလို အေးအေးဆေးဆေး နေတာက ပိုမကောင်းဘူးလား"

ပိုင်ဖုန်းရှန်း ချက်ချင်းပင် ငြင်ူခုံကာ

"နင်က ဘာစကားပြောတာလဲ… တို့တွေက တာဝန်ခံရတဲ့သူတွေလေ၊ ပိုက်ဆံမရတိုင်း ဘာမှဂရုမစိုက်ဘဲ နေရမလား…ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ… အမေကတော့ တကယ့်ကို ရိုးအလွန်းတယ်"

ပိုင်ဖုန်းရှန်း : "နင်သွားစမ်းပါ၊ သွားစမ်းပါ"

သူမ ခေါင်းမာနေသော်လည်း သားဖြစ်သူ၏ စကားကို နားထောင်လိုက်ပြီး အပြင်ထွက်ကာ ဖျောင်းဖျရန် စိတ်မကူးတော့ပေ။

သားဖြစ်သူ ပြောသည်မှာ မှန်ပေ၏။ ဤကိစ္စမှာ သူတို့ သွားရောက်ဖျောင်းဖျ၍ ရမည့်ကိစ္စ မဟုတ်ပပေ။

ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ရိုက်နှက်နေကြတာမှ မဟုတ်ဘဲ.. ထားလိုက်ပါတော့လေ..

အမှန်တကယ် အဘိုးကြီးကျန်း၏ အကွက်မှာ အတော်လေး ကောင်းမွန်လှသည်။ အကယ်၍ သူတို့မိသားစု အိမ်တွင် ဝုန်းဒိုင်းကြဲ ပြဿနာရှာနေလျှင် အခြားလူများ ပွဲလာကြည့်ကြမည်ဖြစ်ပြီး လာရောက် ဖြန်ဖြေပေးကြမည်မှာ သေချာ၏။ ထိုအခါမှ သူသည် အခွင့်ကောင်းယူပြီး မာကျန့်ယီ၏ အကူအညီကို တောင်းခံမည် ဖြစ်သည်။ အကောင်းဆုံးမှာ ရွှီကောင်းမင်၊ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်မင် ကဲ့သို့သော လူများကပါ ဝိုင်းဝန်းကူညီပေးပြီး အဆက်အသွယ်များ အသုံးပြုကာ သူ့သားကို အမြန်ဆုံး လွှတ်ပေးအောင် လုပ်ဆောင်ရန် ဖြစ်၏။

အခြေအနေမှာ အလွန် စိုးရိမ်ရသဖြင့် အဘိုးကြီးကျန်းမှာ သောကရောက်နေရပြီး မိမိတစ်ယောက်တည်းနှင့် မတတ်နိုင်ဟု ခံစားနေရသည်။

ထို့ကြောင့် သူသည် မည်သည့် အသုံးဝင်မည့် အဆက်အသွယ်မျိုးကိုမျှ လက်လွှတ်မခံချင်ပေ။

သို့သော်လည်း အကူအညီတောင်းခံခြင်းသည် ထင်သလောက် မလွယ်ကူလှပေ။ တစ်အိမ်တက်ဆင်း လိုက်လံတောင်းပန်ရလျှင် လက်ဗလာနှင့် သွား၍ မရသလို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်းကိုလည်း ခံရနိုင်၏။ ထို့ကြောင့် သူ၏ အကွက်သည် အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ လူများ ရောက်လာသည်နှင့် ဇနီးဖြစ်သူ အဘွားကြီးဟွမ်ကို ဝုန်းဒိုင်းကြဲခိုင်းပြီး လူတိုင်းကို ဤကိစ္စထဲ ဆွဲထည့်ကာ အဓမ္မ အကူအညီတောင်းရန် ကြံစည်ထားခြင်း ဖြစ်သည်။

အဘိုးကြီးကျန်း၏ စီမံကိန်းမှာ တကယ့်ကို အထာကျလှသော်လည်း သူ မမျှော်လင့်ထားသည့် အချက်မှာ သူ မျှော်လင့်ထားသည့် လူတစ်ယောက်မှ ရောက်မလာခြင်းပင်။

နောက်ဆုံးတွင်မူ သူတို့ဝင်းထဲမှ လူများသာ ပွဲကြည့်ရန် ထွက်လာကြပြီး ထိုလူများသည်ပင် အနားသို့ မကပ်ကြဘဲ မိမိတို့အိမ်တံခါးဝတွင်သာ ဆောင့်ကြောင့်ထိုင်ကာ လှမ်းကြည့်နေကြ၏။ အဘိုးကြီးကျန်းမှာ ဒေါသအလိပ်လိပ် ထွက်လာပြီး လူ့လောကကြီး၏ ခေါင်းပုံဖြတ်မှုအပေါ် ရင်နာမိတော့သည်။

မေ-ိုးတွေ… လူဖြစ်ပြီး လူစိတ်တစ်စက်မှ မရှိကြဘူး… အသိစိတ်ခေါင်းပါးတဲ့ ကောင်တွေ…

မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို အိမ်နီးနားချင်းကောင်းတစ်ယောက်လို မဆက်ဆံကြပေ။ "ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးနားချင်းက ပိုအားကိုးရတယ်" ဆိုသည့် စကားပုံမှာ လုံးဝ အဓိပ္ပာယ်မရှိသည့် စကားသပ်သပ်သာ ဖြစ်၏။

အဘိုးကြီးကျန်းသည် အိမ်ထဲတွင် တစ်ယောက်တည်း ထိုင်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေပြီး လူ့လောက၏ အေးစက်မှုကို မုန်းတီးနေမိသည်။ သို့သော် မိမိဘက်မှ အရင်ဦးအောင် သွားရောက်တောင်းပန်ပြီး အောက်ကျို့မခံချင်ပေ။ သူသည် စိတ်ပျက်လက်ပျက်နှင့် စားပွဲကို ဒုန်းခနဲ မြည်အောင် ထုလိုက်ပြီး ဒေါသတကြီး ရေရွတ်လိုက်၏။

"နောက်ဆို ငါ သူတို့ကို နည်းနည်းမှ ကူညီလိမ့်မယ်လို့ မထင်နဲ့၊ အဝေးကြီးပဲ"

လင်မယားနှစ်ယောက်စလုံး အိမ်ထဲတွင် ဒေါသထွက်နေကြသော်လည်း မည်သူကမျှ လာရောက်ကြည့်ရှုခြင်း မရှိကြေပေ။

သူတို့မသိလိုက်သည့် အချက်မှာ ခေါင်းဆောင်ဝမ်သည် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေပြီး ရုံးခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ရုံးခန်းထဲတွင် လုံခြုံရေးဌာနကို တာဝန်ယူထားသည့် ဒုတိယစက်ရုံမှူးဟယ် အပြင် အခြားသော ဒေသခံ ရဲအရာရှိများပါ ရှိနေကြ၏။

သူတို့ထဲရှိ အချို့မှာ ဝါရင့် စစ်ပြန်များဖြစ်ကြပြီး ခေါင်းဆောင်ဝမ်၏ မျက်နှာပေးကို မြင်သည်နှင့် တပြိုင်နက် အားလုံး စိတ်သက်သာရာ ရသွားကြသည်။

"သူ ဘာပြောလဲ"

"သူ ဝန်ခံလိုက်ပြီ၊ သူက သူလျှိုတစ်ယောက်ပဲ"

ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာတွင် "ငါ ထင်သားပဲ" ဆိုသည့် အမူအရာများ ပေါ်ထွက်လာသည်။

ယခုအချိန်သည် ၁၉၇၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလ ဖြစ်သဖြင့် ဤကဲ့သို့သော လူမျိုးများကို ဖမ်းဆီးရမိခြင်းသည် အလွန် အရေးကြီးသည့် တာဝန်တစ်ခု ဖြစ်၏။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်စ ကာလများနှင့် နှိုင်းယှဉ်လျှင် အရေအတွက် အတော်လေး နည်းပါးသွားပြီ ဖြစ်သော်လည်း အချို့မှာ ရှိနေဆဲပင် ဖြစ်သည်။ သူတို့ မမျှော်လင့်ထားသည့် အချက်မှာ ယနေ့တွင် ဤကဲ့သို့ ထူးဆန်းသော ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာခြင်းပင်။

သူတို့သည် ဤမျှကြီးမားသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ချန်ချင်းယွီခမျာ ဘာမှမသိရှာပေ။ ဤအကြောင်းကို အနည်းငယ်မျှ သိရှိသူတိုင်း အံ့ဩတုန်လှုပ်သွားကြမည်မှာ အမှန်ပင်။ သူမသည် တကယ့် သူလျှိုတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း မဟုတ်လော့။

ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ…

သူမသာ သိလျှင် မိမိကိုယ်ကိုယ် အလွန် ဂုဏ်ယူနေမိမှာ သေချာ၏။

သို့သော်…

သူမ မသိပါ…တကယ့်ကို မသိရှာပေ…သေးငယ်သော အတင်းအဖျင်း ကိစ္စလေးတစ်ခုမှ ဤမျှအထိ ကြီးမားသွားလိမ့်မည်ဟု မည်သူ ထင်မှတ်မည်နည်း။

အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီသည် ထိုလူကို အတော်လေး နိုးနိုးကြားကြား ရှိသူဟု ထင်မှတ်ခဲ့သော်လည်း ထိုမျှသာ ဖြစ်သည်။ သို့သော်လည်း ဆေးရုံတွင် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်

ထိုလူနောက်သို့ သူမတို့ တော်တော်ကြာအောင် လိုက်ခဲ့ဖူး၏။ ချန်ချင်းယွီကိုယ်တိုင်မှာ ငြိမ်းချမ်းသော ခေတ်ကာလတွင် ကြီးပြင်းလာသည့် မိန်းကလေးတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော လူမျိုးများအကြောင်းကို အများကြီး မသိရှိပေ။ ထို့ကြောင့် ထိုလူသည် အကဲခတ် တော်သည်ဟု ခံစားရသော်လည်း အလေးအနက် မတွေးမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ခေါင်းဆောင်ဝမ်မှာ မတူပေ။ သူတို့ လုံခြုံရေးဌာနရှိ လူအများစုမှာ စစ်တပ်မှ အငြိမ်းစားယူလာသည့် စစ်သည်ဟောင်းများ ဖြစ်ကြသဖြင့် အကဲခတ် အလွန်စူးရှကြ၏။

ကျန်းရှင်းဖှ ကဲ့သို့သော သာမန်လူတစ်ယောက်ဆိုလျှင် အနည်းငယ် ခြိမ်းခြောက်မေးမြန်းလိုက်ရုံနှင့် သိသမျှ အကုန် ထွေးထုတ်မည် ဖြစ်သည်။ သို့သော် ဤဂျိုပေါက်နေသော လူသည်ကား မတူပေ။ သူသည် မိမိ၏ ပတ်သက်မှုကို အတတ်နိုင်ဆုံး လျှော့ချပြောဆိုပြီး မိမိကိုယ်ကိုယ် အခြေအနေအရ အသုံးချခံလိုက်ရသည့် သနားစရာကောင်းသော လူတစ်ဦး၊ ခိုင်းဖတ်တစ်ခုအဖြစ်သာ ပုံဖော်ခဲ့၏။

စစ်ဆေးမေးမြန်းမှုများ ဆက်လက် ပြုလုပ်နေသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဇနီးဖြစ်သူ၏ ဖောက်ပြန်မှု အကြောင်းကို ထုတ်ပြောတော့သည်။ သူသည် လူအများကြီးကို တစ်ပြိုင်နက်တည်း ဆွဲထည့်လိုက်ခြင်းမှာ ခေါင်းဆောင်ဝမ်ကို ပို၍ သံသယဝင်စေခဲ့၏။

အစပိုင်း၌ သူသည် သူလျှိုတစ်ယောက် ဖြစ်လိမ့်မည်ဟု မင်္သကာမိခြင်း မဟုတ်ဘဲ ယခုနှစ်အစပိုင်းမှ ကျန်ရစ်ခဲ့သည့် သူခိုးဂိုဏ်းဝင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မေးမြန်းမှု ကြာလာလေလေ တစ်ခုခု မမှန်ကန်ကြောင်း ပို၍ ထင်ရှားလာလေလေ ဖြစ်၏။ သူ၏ ဝန်ခံပုံ အဆင့်ဆင့်မှာ စနစ်တကျ လေ့ကျင့်ထားသည့် ပုံစံမျိုး ဖြစ်နေသည်။ အထူးသဖြင့် လျှိုကျင့်၏ အကြောင်းကို ထည့်သွင်းပြောဆိုပြီးနောက် ခေါင်းဆောင်ဝမ် သူ့နောက်ကြောင်းကို ပိုမို ပြတ်ပြတ်သားသား စုံစမ်းစစ်ဆေးတော့၏။

စက်ရုံအိမ်သာထဲမှ သူတို့၏ ဖောက်ပြန်မှုမှာ ခိုင်လုံသော သက်သေမရှိလျှင် ကြီးမားသော ပြဿနာမဟုတ်သော်လည်း ဤလူသည် မိမိ၏ မှတ်တမ်းဟောင်းများနှင့် အတိတ်ကြောင်းများကို စုံစမ်းစစ်ဆေးမည်ကို အလွန် ကြောက်ရွံ့နေသည့်ပုံပေါ်သည်။ ထို့ကြောင့် သူသည် စောစောစီးစီး ဝန်ခံလိုက်ခြင်း ဖြစ်ပြီး မိမိ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန်အတွက် လူတိုင်းကို ထို အတင်းအဖျင်း ကိစ္စထဲသို့ ဆွဲသွင်းကာ အာရုံလွှဲရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် တခြားလူများ၏ ဖောက်ပြန်မှုများနှင့် နှိုင်းယှဉ်လျှင် သူ၏ အထောက်အထားမရှိသော စွပ်စွဲချက်များသည် အရေးမကြီးလှဟု သူက တွေးတောခဲ့သည်။

သူက ထိုသို့ တွေးခဲ့သော်လည်း ဤအချက်ကြောင့်ပင် ခေါင်းဆောင်ဝမ်သည် သူ့နောက်သို့ မနားတမ်း လိုက်လံ စုံစမ်းခဲ့ပြီး ပို၍ သံသယပွားခဲ့ခြင်း ဖြစ်၏။ သူတို့သည် ထိုလူ့မိဘများ၏ နောက်ကြောင်းတွင် မမှန်ကန်မှုတစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ထိုမိဘများ၏ သွေးရင်းသားရင်း သားသမီး မဟုတ်ဘဲ အသက်ငါးနှစ် ခြောက်နှစ်အရွယ်တွင် မွေးစားခြင်း ခံခဲ့ရသူ ဖြစ်၏။ သူ၏ မိဘအရင်းများမှာ ကွယ်လွန်သွားပြီဟု ဆိုကြသည်။

သို့သော်လည်း ပိုမို သေသေချာချာ စုံစမ်းစစ်ဆေးလိုက်သည့်အခါ ကြီးမားသော ပြဿနာများကို တွေ့ရှိရတော့သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်မှ ကိစ္စဖြစ်သော်လည်း မည်သူမျှ မသိလောက်အောင် မကြာမြင့်သေးပေ။ ထပ်မံ စုံစမ်းချက်များအရ ထိုမိသားစုသည် သူ့ကို မွေးစားပြီးနောက်ပိုင်း စီးပွားရေး အခြေအနေများ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ထိုငွေများ၏ ရင်းမြစ်မှာလည်း မရှင်းလင်းပေ။ နောက်ပိုင်း သူ အသက်တစ်ဆယ့်လေး ငါးနှစ်အရွယ်သို့ ရောက်သောအခါတွင်မူ ထိုအဘိုးအိုနှင့် အဘွားအို နှစ်ယောက်စလုံး မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြပြန်၏။

ထို့ကြောင့် ပိုမို ပြတ်သားသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျန်းရှင်းဖှအပေါ်တွင်လည်း သံသယများ ပိုမို ကြီးထွားလာခဲ့သည်။ ခေါင်းဆောင်ဝမ်၏ အတွေ့အကြုံအရ ဤကိစ္စမှာ သာမန်အခြေအနေမျိုး မဟုတ်ပေ။ ဤလူသည် စိတ်ဓာတ်ခိုင်မာသူ တစ်ဦး မဟုတ်၍ ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခြင်းနှင့် ခိုင်လုံသော သက်သေအထောက်အထားများကို တရစပ် ချပြလိုက်သည့်အခါတွင် သူ၏ စိတ်ဓာတ်ခံတပ်ကြီး ပြိုလဲသွားခဲ့ပြီး အားလုံးကို ဖွင့်ဟဝန်ခံလိုက်ရတော့သည်။

သူသည် တကယ့် သူလျှိုတစ်ယောက်ပင်……

သူ့မိဘနှစ်ပါးစလုံးမှာ သူလျှိုများဖြစ်ကြသဖြင့် သူ့ကို မွေးစားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူသည် အတိတ်ကို မှတ်မိနိုင်လောက်သည့် အသက်အရွယ်သို့ ရောက်နေပြီဖြစ်၏။ သို့သော် သူအနည်းငယ် ကြီးပြင်းလာသည့်အခါတွင် တစ်စုံတစ်ဦးသည် သူ့ထံသို့ လာရောက်ဆက်သွယ်ခဲ့သဖြင့် ၎င်းတို့နှင့် ပတ်သက်မိသွားတော့သည်။ သူသည် ဤလောကထဲသို့ နောက်ကျမှ ဝင်ရောက်လာသူဖြစ်ပြီး သတ္တိလည်းမရှိသဖြင့် အဓိကအားဖြင့် အခြားသူများကို နောက်ကွယ်မှ ရိက္ခာနှင့် ထောက်ပံ့ရေးပိုင်းတွင်သာ ကူညီပေးခဲ့၏။ မိမိ၏ လျှို့ဝှက်အလုပ်များအတွက် အချိန်ပိုရရန် ရည်ရွယ်ချက်ဖြင့် သူသည် ဖျားနာချင်ယောင်ဆောင်ကာ ဇနီးဖြစ်သူကိုသာ သူ့ကိုယ်စား အလုပ်များ ဆင်းခိုင်းခဲ့သည်။ သူက ဆင်းရဲချင်ယောင်ဆောင်ပြီး လျှိုကျင့်ကို အောင်သွယ်လုပ်ငန်း လုပ်ခိုင်းရသည့် အကြောင်းရင်းမှာလည်း အခွင့်အရေးရလျှင် ရသလို အရည်အချင်းရှိသည့် လူကုံထံများနှင့် ပတ်သက်မှုရယူကာ နောက်ပိုင်းတွင် ထိုလူများကို မိမိ၏ အကွက်ထဲသို့ ဆွဲသွင်းရန်အတွက် ဖြစ်၏။

ထိုလူများသည် အသုံးမဝင်လှလျှင်ပင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မိမိအတွက် အကာအကွယ်အဖြစ် အသုံးချ၍ ရသည်သာ…

သို့သော် လျှိုကျင့်ကိုယ်တိုင်မှာ ဤအကြောင်းများကို နည်းနည်းမှ မသိရှာပေ။ သူမသည် မိမိမိသားစု ဆင်းရဲလွန်းသဖြင့်သာ ဤအလုပ်ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မိမိလင်ယောကျာ်းတွင် အပြင်၌ အခြားမိသားစုတစ်ခု ရှိနေရုံမျှမက ငွေကြေးလည်း အလျှံပယ်ရှိနေသည်ကို လုံးဝ မရိပ်မိခဲ့ပေ။ လျှိုကျင့်သည် မိမိလင်ယောကျာ်းမှာ သူလျှိုတစ်ယောက်ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါတွင်တော့ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ကာ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားခဲ့ရသည်။

လျိုကျင့်သည် ဖခင်ကွယ်လွန်ပြီးမှ မွေးဖွားလာသည့် ကလေးတစ်ဦး ဖြစ်၏။ သူမ၏ ဖခင်အရင်းမှာ သာမန် ဈေးသည်တစ်ဦးမျှသာ ဖြစ်သော်လည်း ထိုကဲ့သို့ သူလျှိုများ မတရား အကွက်ဆင်ခံရပြီး ပြည်သူ့သမ္မတနိုင်ငံတော် မထူထောင်မီကပင် သေဆုံးခဲ့ရသဖြင့် ၎င်းသည် သူမအတွက် ဘယ်တော့မှ မမေ့နိုင်သည့် နာကျည်းစရာ သွေးကြွေးတစ်ခု ဖြစ်ခဲ့သည်။ မိမိသည် ဤကဲ့သို့သော လူယုတ်မာမျိုး၏ သစ္စာဖောက်ခြင်းကို ခံရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးဖူးခဲ့သဖြင့် စိတ်ရူးပေါက်မတတ် ဖြစ်သွားရ၏။ လျိုကျင့်သည် လုံခြုံရေးရုံးခန်းထဲတွင် ဝုန်းဒိုင်းကြဲ ပြဿနာရှာရင်း ဤကလေးကို လုံးဝ မမွေးဖွားနိုင်ဟုဆိုကာ ကိုယ်ဝန်ဖျက်ချရန် တောင်းဆိုတော့သည်။ ထိုတိရစ္ဆာန်ကောင်ကိုပါ ဓားနှင့် ထိုးသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့၏။

ဤအရှုပ်တော်ပုံသည် အလွန်ကြီးမားသော နိုင်ငံရေးကိစ္စနှင့် ပတ်သက်နေသဖြင့် စက်ရုံတွင်း၌သာ ဖြေရှင်းရန် မဖြစ်နိုင်တော့ဘဲ ပတ်သက်ဆက်နွှယ်သူများကို အခြားနေရာသို့ လျင်မြန်စွာ လွှဲပြောင်းပေးလိုက်ကြသည်။ သူတို့သည် ဤလူကို အသုံးချ၍ နောက်ကွယ်က ငါးကြီးများကိုပါ ဖမ်းဆီးရန် မျှော်လင့်နေကြခြင်း ဖြစ်၏။ ကျန်းရှင်းဖှတို့ အိမ်သာထဲသို့ ရောက်သွားသည့် ကိစ္စကိုမူ ဆက်လက် စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်။

သို့သော် ကျန်းရှင်းဖှမှာမူ ခြောက်ခြားတုန်လှုပ်နေပြီ ဖြစ်၏။ လျိုကျင့်၏ ယောကျာ်းသည် ထိုကဲ့သို့သော လူမျိုးဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ပုံမှန်ဆိုလျှင် သူ့ကို ဤအကြောင်းများ ပြောပြမည်မဟုတ်သော်လည်း လျိုကျင့် အော်ဟစ်ငိုယိုရင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမည်ဟု ခြိမ်းခြောက်နေသဖြင့် ကျန်းရှင်းဖှလည်း အချို့အကြောင်းအရာများကို ခပ်ဝါးဝါး ကြားလိုက်ရခြင်း ဖြစ်သည်။

သူသည် တကယ်ပင် အသည်းထိတ်မတတ် ကြောက်ရွံ့သွားခဲ့ရပြီး နောက်ဆုံးတွင်တော့ အမှန်အတိုင်း ဖွင့်ပြောလိုက်ရတော့၏။

"ကျွန်တော့်အထင်တော့ တစ်ယောက်ယောက်က တို့ကို ရိုက်ခွဲပြီး သတိလစ်အောင် လုပ်လိုက်တာဗျ၊ ဒါပေမဲ့... ဒါပေမဲ့ တစ်ယောက်ယောက်က တမင်လုပ်တာလို့တော့ အသေအချာကြီး မပြောနိုင်ဘူး.. ကျွန်တော်တို့တွေ အရက်မူးပြီး ရူးရူးမူးမူး လုပ်မိတာလည်း ဖြစ်နိုင်တာပဲ.. လျိုကျင့်အိမ်မှာ တရုတ်အရက်ဖြူ သုံးပုလင်းတောင် သောက်ခဲ့ကြတာ။..အဲ့ဒီအကြောင်းကို လျိုကျင့်ကို မေးကြည့်ရင် သိနိုင်ပါတယ်.. တကယ်ပါဗျာ၊ ကျွန်တော်က ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့အလုပ်ကို ပထမဆုံးအကြိမ် လုပ်တာဆိုတော့ နည်းနည်း ကြောက်နေမိလို့ သတ္တိမွေးတဲ့အနေနဲ့ အရက်သောက်မိတာပါ၊ ဒါပေမဲ့ ကျွန်တော် ကျိန်ပြောရဲပါတယ်၊ အဘွားကြီးကျောက်ကို အန္တရာယ်ပြုဖို့ စိတ်ကူး နည်းနည်းမှ မရှိပါဘူး၊ ကျွန်တော်က သူမကို အိမ်သာထဲ တွန်းချပြီး စိတ်အနှောင့်အယှက် ဖြစ်အောင်ပဲ လုပ်ချင်ခဲ့တာ… လျိုကျင့်နဲ့ သူမယောကျာ်းက ဒါကို သက်သေခံပေးနိုင်ပါတယ်ဗျာ”

ခေါင်းဆောင်ဝမ် : “…”

"ဒါဆို မင်းတို့ အိမ်သာထဲကို ဘယ်လိုရောက်သွားလဲဆိုတာကိုကော မမှတ်မိတော့ဘူးပေါ့"

ကျန်းရှင်းဖှ ခေါင်းခါပြရင်း

"မမှတ်မိတော့ပါဘူးဗျာ"

"ဒါဆို လျှိုကျင့်နဲ့ မင်းရဲ့ ပတ်သက်မှုကို အသေးစိတ် ပြန်ပြောစမ်း"

ခေါင်းဆောင်ဝမ် အမိန့်ပေးလိုက်သည်။

...

စက်ရုံ အလုပ်သမားများသည် ကိစ္စရပ်များ ဤမျှအထိ ကြီးမားသွားလိမ့်မည်ဟု မထင်မှတ်ထားကြသော်လည်း မိမိတို့၏ မတော်တဆ ဖော်ထုတ်မှုကြောင့် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုများမှ သွယ်ဝိုက်သောနည်းဖြင့် ကာကွယ်ပေးနိုင်ခဲ့သည်ဟု တွေးမိကာ အားလုံး အတိုင်းထက်အလွန် ဝမ်းမြောက်နေကြ၏။ သူတို့ထဲမှ အတော်များများမှာ ၁၉၄၉ ခုနှစ် မတိုင်မီကတည်းက နေထိုင်လာကြသူများ ဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တကယ်ပင် လေးစားအားကျကြသည်။

ထို့အပြင် သူတို့သည် တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့ကြသူများ ဖြစ်သွားပြီဖြစ်ရာ အဘယ်မှာ မပျော်ဘဲ ရှိမည်နည်း။

ယင်းမှာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတင်မကဘဲ နောင်ကျလျှင်လည်း လက်တွေ့ကျသည့် ဆုလာဘ် အကျိုးကျေးဇူးများကိုပါ ရရှိခံစားရမည် ဖြစ်သည်။

ဤသို့ တွေးကြည့်လျှင် တကယ့်ကို ကောင်းမွန်သည့် ကိစ္စတစ်ခုပင်။

စက်ရုံဘက်မှ အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေကို အပြင်သို့ ပေါက်ကြားခွင့် မပြုဘဲ ယောကျာ်းချင်း ဖောက်ပြန်သည့် အကျင့်ပျက်အမှုအဖြစ်သာ ဆက်လက် ဟန်ဆောင် စစ်ဆေးနေကြ၏။ ထို့အပြင် ထိုသူလျှိုကောင်၏ နောက်ကွယ်မှ အပေါင်းအပါများကို အာရုံလွှဲရန်အတွက် ဤကိစ္စကို တမင်တကာ သတင်းကြီးအောင် ဝုန်းဒိုင်းကြဲ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

လုံခြုံရေးဌာန၏ လူသိရှင်ကြား ခြိမ်းခြောက် စစ်ဆေးနေမှုကြောင့် လူတိုင်း၏ အာရုံမှာ ဤကိစ္စပေါ်သို့သာ ရောက်ရှိနေပြီး အတင်းအဖျင်း သတင်းများလည်း အရှိန်အဟုန်နှင့် ပျံ့နှံ့နေတော့၏။

လုံခြုံရေးဌာနသည် အမှန်တရားကို နှုတ်ဆိတ်နေပြီး မည်သူ့ကိုမျှ အပြင်မလွှတ်ဘဲ လူတိုင်းကို စိတ်ကြိုက် အတင်းပြောခွင့် ပေးထားသည်။

လုံခြုံရေးဌာနမှ ထိုလူကို ဆက်လက် ဖမ်းဆီးထားသဖြင့် ယခုအခါ အဘွားကြီးကျောက်ပင်လျှင် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာရ၏။

"နေဦး... ယောကျာ်းချင်း ဖောက်ပြန်တဲ့ အရှုပ်တော်ပုံက တကယ်ပဲ ဒီလောက်အထိ အရေးကြီးလို့လားအေ၊ ယောကျာ်းနဲ့ မိန်းမ ဖောက်ပြန်တာကို စစ်ဆေးတာတောင် ဒီလောက် မပြင်းထန်ပါဘူး.. ငါတော့ တကယ်ကို နားမလည်နိုင်တော့ဘူး"

အဘွားကြီးကျောက်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေရသည်။

သို့သော် သူမသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သဖြင့် ထိုအကြောင်းကို အလေးအနက် မထားပေ။ သို့သော် အချို့သော လူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ထိုယောကျာ်းနှစ်ယောက်၏ ကောလာဟလမှာ ပိုမိုကျယ်ပြန့်လာပြီး နောက်ဆုံးတွင် လီချန်ရွှမ်းထံသို့ပင် ရောက်ရှိသွားခဲ့၏။

ထမင်းစားဆောင်က လူများကလည်း တီးတိုး ပြောဆိုနေကြသည်။

"သူ့ကို ဘာလို့ ထပ်ခေါ်ရပြန်တာလဲ..သူက ဘာကိစ္စထဲ ပါနေလို့လဲ"

"ဟယ်... နင် ထင်လား၊ သူလည်း အဲ့ဒီထဲမှာ ပါနေတာ နေမှာပေါ့"

"ဘာပြောတာလဲ"

"သူက ကျန်းရှင်းဖှနဲ့ ဖောက်ပြန်နေတာလေ”

"လျှောက်မပြောပါနဲ့အေ… ငါကြားတာတော့ သူက လျိုကျင့်နဲ့ ဖောက်ပြန်နေတာ၊ မနေ့က ကြားတာတော့ လျိုကျင့်ရဲ့ လင်က သူမနဲ့ ဖောက်ပြန်နေတဲ့ ယောကျာ်း အတော်များများကို ဖွင့်ချလိုက်တယ်တဲ့.. အဲ့ဒါ အမှန်လား၊ အမှားလားတော့ မသိဘူး"

"ဘယ်သူသိမှာလဲ"

"ငါ့အထင်တော့ အလကား ကောလာဟလ ဖြစ်မှာပါ.. အခု အဲ့ဒီကောင် လုပ်နေတဲ့ ပုံစံက သူမကို သိက္ခာချဖို့ တမင် သက်သက်မဲ့ လုပ်နေတာ ထင်ရှားနေတာပဲ"

"အင်း... ဒါကတော့ ပြောရခက်တယ်အေ။ အကယ်၍ သူသာ တကယ် အကျင့်မကောင်းတာ ဆိုရင်တော့ တကယ့်ကို အောက်တန်းကျတာပဲ။ သူ့အလုပ်က လျိုကျင့်ကို ကူညီဖို့လေ။ အခုတော့ အပြင်မှာ လျှောက်ရှုပ်နေတယ်ဆိုရင် တကယ့်ကို လူမဆန်တဲ့ကောင်ပဲ”

လူတိုင်း တစ်ယောက်တစ်ပေါက် ပြောနေကြသော်လည်း အဘွားကြီးကျောက်မှာ ဝင်မပါပေ။ အဘွားကြီးစွန်းသည် အဘွားကြီးကျောက်ကို တံတောင်နှင့် အသာတို့ကာ

"ဟေး... နင်ကော ဘယ်လိုထင်လဲ"

အဘွားကြီးကျောက် : "ငါက ဘာပြောရမှာလဲ၊ လီချန်ရွှမ်းက ငါနဲ့ ဝင်းတစ်ခုတည်းကလေ၊ ဒါကြောင့် ပြောရခက်တယ်… ဘာမဆို ဖြစ်နိုင်တာပဲ"

လုံခြုံရေးဌာနမှာ လူတော်တော်များများကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း လူတိုင်းကိုတော့ ဖမ်းမထားပေ။ ဥပမာအားဖြင့် လီချန်ရွှမ်းသည် ပြန်လည် ရောက်ရှိလာခဲ့သည်။ အဘွားကြီးကျောက် စိတ်ထဲမှ တီးတိုးရေရွတ်နေမိ၏။

အချို့လူတွေကျတော့ ပြန်လာပြီး အချို့ကျတော့ ဘာလို့ ပြန်မလာတာလဲ… ငါတော့ နားမလည်နိုင်တော့ဘူး…

အဘွားကြီးကျောက်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေရ၏။

“ထားလိုက်ပါတော့… ဘယ်သူကော ဂရုစိုက်လို့လဲ။ အပြစ်ရှိတဲ့လူဆိုရင်တော့ လုံခြုံရေးရုံးထဲမှာ ရှိနေမှာပေါ့…ငါ့လိုမျိုး အပြစ်ကင်းစင်တဲ့သူကျတော့ မေးစရာရှိတာ နည်းနည်းမေးပြီးတာနဲ့ ချက်ချင်း ပြန်လွှတ်ပေးတာ မဟုတ်ဘူးလား၊ ကြည့်ဦး... အားလုံး အဆင်ပြေနေတာပဲ"

သူမ ပြောသည့်အတိုင်းပင် လီချန်ရွှမ်းသည် တကယ်ပဲ ပြန်ရောက်လာခဲ့သည်။

သို့သော် သူ၏ မျက်နှာမှာ တကယ့်ကို မကောင်းလှေပေ။

အဘွားကြီးစွန်း : "လီချန်ရွှမ်း... နင် ဘာဖြစ်လာတာလဲ"

လီချန်ရွှမ်းမှာ စိတ်မပါလက်မပါဖြင့် အားနာပါးနာနှင့် ရယ်မောရင်း

"ဘာမှမဖြစ်ပါဘူးဗျာ… ကျွန်တော့်မှာ ဘာပြဿနာမှ မရှိပါဘူး၊ ဒါတွေအကုန်လုံးက အလကား ကောလာဟလတွေပါ"

"ဘာလဲ... နင် ဖောက်ပြန်နေတယ်ဆိုတာ ဟုတ်လို့လား”

"နင် လျိုကျင့်ကို သိလား”

"ဒါဆို အဲ့လူတွေအကုန်လုံး လျိုကျင့်နဲ့ ဖောက်ပြန်ခဲ့ကြတာပေါ့ ဟုတ်လား”

လီချန်ရွှမ်း၏ မျက်နှာကြီး ချက်ချင်း ပျက်သွားသော်လည်း တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်ပြောလိုက်၏။

"ဒီလို စကားမျိုးတွေကို လျှောက်မပြောကြပါနဲ့ဗျာ… လျိုကျင့်ရဲ့ သိက္ခာကို ဘယ်လိုလုပ်မလဲ.. သူမက အခုတင် တကယ့်ကို သနားစရာ ကောင်းနေရှာပြီ"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။

လီချန်ရွှမ်း : "ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"

အဘွားကြီးကျောက် : "လုံခြုံရေးဌာနက ကျန်းရှင်းဖှကို ဘာလို့ အခုထိ လွှတ်မပေးသေးတာလဲ"

လီချန်ရွှမ်း : "သူတို့က ဘာလို့ လွှတ်ပေးရမှာလဲဗျာ.. ယောကျာ်းချင်း ပတ်သက်နေတာက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ၊ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ဖို့အတွက် အမျိုးသမီးတွေကို လိုက်ပြီး သိက္ခာချနေတာ၊ ဒါ ဘယ်လို ယောကျာ်းမျိုးလဲ… သူတို့က ဒီလောက်အထိ အတင်းအဖျင်းတွေ လျှောက်ပြောထားတာဆိုတော့ အသေအချာ စုံစမ်းစစ်ဆေးဖို့ လိုတာပေါ့၊ ဒီအတိုင်း ဘယ်လိုလုပ် လွှတ်ပေးလို့ ရမှာလဲ”

သူသည် ထိုယောကျာ်းနှစ်ယောက်ကို တကယ်ပင် စက်ဆုပ်ရွံရှာမိသည်။

သူတို့က ဘယ်လိုလူစားမျိုးတွေလဲ… ရွံစရာကောင်တွေ…

အဘွားကြီးကျောက် : “အပြစ်ရှိရင်ခံရတာ မထူးဆန်းပါဘူး”

"ဟုတ်ပဗျာ၊ အတိအကျပဲ"

လီချန်ရွှမ်းသည် ဦးဆုံးသူ မဟုတ်ကာ၊ နောက်ဆုံးလည်း မဟုတ်ခဲ့ပေ။ လူအများအပြား ဝင်ချည်ထွက်ချည်ဖြင့် စစ်ဆေးခံနေရဆဲဖြစ်သည်။ လှုပ်လှုပ်ရှားရှား ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေသော်လည်း ချန်ချင်းယွီသည် တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားနေရ၏။ ဤမျှကြာမြင့်သည်အထိ စုံစမ်းစစ်ဆေးနေရသည်ဟူသော အချက်ကို သူမ လုံးဝမယုံကြည်နိုင်ပေ။

သို့သော်လည်း ကျန်းရှင်းဖှသည် ပြန်လည်ရောက်ရှိမလာခဲ့သလို၊ လျိုကျင့်နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့သည်လည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေကြဆဲ ဖြစ်သည်။

ချန်ချင်းယွီသည် ထိုသူတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ နေမြဲအတိုင်းပင် ရှိနေ၏။ သူမသည် ဤကိစ္စကို စတင်ခဲ့သည့် လက်သည်တရားခံ ဖြစ်လင့်ကစား၊ မည်သည့်ပတ်သက်မှုကိုမျှ ဝန်ခံခြင်းမရှိဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ သူမသည် မိမိ၏ ကိစ္စရပ်များကိုသာ အာရုံစိုက်လျက် ရှိ၏။ အမှန်စင်စစ် ဤယောက္ခမနှင့် ချွေးမနှစ်ဦးသည် ရုပ်ရည်နှင့် စရိုက်လက္ခဏာချင်း ကွဲပြားခြားနားကြသော်လည်း၊ အလွန်တရာ မာကျောသော စိတ်နှလုံးရှိကြသည်မှာမူ တူညီလှပေသည်။

မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ရစေကာမူ သူတို့နှစ်ဦးသည် အစဉ်အမြဲ တည်ငြိမ်အေးဆေးစွာ ရှိနေကြ၏။ သူတို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိသောသူများသာတည်း…

အခြားသူများစွာမှာမူ မိမိတို့ပါ ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိကြပြီး ကောလာဟလများလည်း ပျံ့နှံ့နေလေသည်။ သို့သော်လည်း ထိုအခြင်းအရာများသည် ချန်ချင်းယွီ၏ ဘဝအပေါ်၌ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။ သူမသည် ငါးဖမ်းထွက်ခြင်း၊ ကလေးငယ်များကို ပြုစုစောင့်ရှောက်ခြင်းနှင့် ထမင်းဟင်းချက်ပြုတ်ခြင်း စသည့် အိမ်ရှင်မတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုသာ ပုံမှန်အတိုင်း အေးချမ်းစွာ လုပ်ဆောင်နေခဲ့လေတော့သည်။

သို့သော် ချန်ချင်းယွီကိုယ်တိုင်သည်လည်း ဂရုစိုက်ပုံမရပေ။ စက်ရုံကိစ္စများသည် သူမကဲ့သို့ အလုပ်သမား မိသားစုဝင်တစ်ဦးအနေဖြင့် မသက်ဆိုင်ကာ၊ ဤအမှုသည်လည်း သူမနှငိ့ဆက်စပ်နေမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။ လုံခြုံရေးဌာနသည်လည်း ဤကိစ္စကို လက်လျှော့မထားဘဲ စုံစမ်းစစ်ဆေးနေဆဲပင်။ သို့သော် မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့သေးပေ။ ယခုအခါ လူအများစုမှာ ကျန်းရှင်းဖှနှင့် သူ၏အဖော်တို့သည် အရက်အလွန်အကျွံသောက်ပြီးနောက် သတိမထားမိဘဲ ခိုးဝင်ခဲ့ကြခြင်းဖြစ်မည်ဟု ယုံကြည်နေကြသည်။ အမှန်စင်စစ် အရက်သုံးပုလင်းသောက်ပြီးနောက် သာမန်လူနှစ်ဦး အရက်မူးယစ်ခြင်း ဖြစ်နေသည်မှာ မဆန်းကြယ်ပေ။

သူတို့သည် အလွန်အမင်း မူးယစ်နေကြသည်ဖြစ်ရာ၊ ထိုမူးယစ်သော အခြေအနေတွင် အကောင်းအဆိုး ခွဲခြားနိုင်သည်ဟု ပြောရန်မှာ ခက်ခဲလှ၏။

ကျန်းရှင်းဖှသည် ပြန်လည်ရောက်ရှိမလာသေးသလို၊ လီချန်ရွှမ်းသည်လည်း နေ့စဉ်နှင့်အမျှ စိတ်ပူပန်နေရ၏။ သူသည် ကျန်းရှင်းဖှ၏ ဖခင်ထက်ပင် ပိုမိုစိတ်မချမ်းမသာ ဖြစ်နေပုံရသည်။ အဘိုးကြီးကျန်းသည် သူ၏သားအတွက် စိုးရိမ်ပူပန်နေသည်မှာ သေချာသော်လည်း၊ ကျန်းရှင်းဖှမှာ ရက်ပေါင်းများစွာ ထိန်းသိမ်းထားခံရသည့်အတွက် အဘိုးကြီးကျန်း ကိုယ်တိုင်ပင် အနည်းငယ် ကြောက်ရွံ့လာခဲ့၏။ သူသည် အနည်းငယ်မျှသာ စုံစမ်းမေးမြန်းပြီးနောက် တခြားအရာများ ထပ်မံလုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။ ဤအရာက သူ၏ တစ်ကိုယ်ကောင်းဆန်မှုကို အမှန်တကယ် ဖော်ပြနေ၏။

တစ်လအကြာတွင် ကျန်းရှင်းဖှပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်သည် လူတိုင်းမှာ သူပြန်လာတော့မည်မဟုတ်ဟု ထင်မှတ်နေကြသည့် အချိန်ပင်ဖြစ်သည်။

ကျန်းရှင်းဖှသည် ပုံပန်းသဏ္ဌာန် ပျက်ယွင်းကာ မသပ်မရပ် ဖြစ်နေ၏။

သူသည် ညနေပိုင်းတွင် ပြန်

ရောက်လာခဲ့ပြီး၊ အဘွားကြီးကျောက်သည် အိမ်သာသို့ သွားရန် အမှတ်မထင် ထွက်လာခဲ့ချိန် ဖြစ်နေသည်။ သူမသည် တံခါးဝသို့ ရောက်သောအခါ လန့်ဖျပ်သွားပြီး “ဟယ်... ဘုရားရေ...” ဟု အော်လိုက်မိသည်။

သူမသည် ရှေ့တွင်ရှိသော မုတ်ဆိတ်မွေးရှည်နှင့် အမျိုးသားကို အံ့သြစွာ ကြည့်ရင်း မေးလိုက်မိကာ

“ကျန်းရှင်းဖှလား...”

ကျန်းရှင်းဖှသည် အပြုံးအတုတစ်ခုကို ဖန်တီးကာ ခေါင်းညိတ်ပြလိုက်၏။ ဤလူသည် အမြဲတစေ ဖင်ခေါင်းကျယ်ပြီး လူများကို မထီမဲ့မြင် ဆက်ဆံတတ်သူဖြစ်သော်လည်း၊ ယခုမူ ယဉ်ကျေးစွာ ပြုမူတတ်နေပြီဖြစ်သည်။ လက်တွေ့ဘဝသည် လူများကို သင်ခန်းစာပေးတတ်သည်မှာ အမှန်ပင်…

အဘွားကြီးကျောက်သည် အံ့သြသွားပြီးနောက် လှည့်ကာ အော်ဟစ်လိုက်၏။

“အားလုံး မြန်မြန်လာကြ... အားလုံး မြန်မြန်လာကြ... ကျန်းရှင်းဖှ ပြန်လာပြီ...”

သူမ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် အိမ်တိုင်းမှ ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။

ပူပြင်းသော နွေရာသီဖြစ်လင့်ကစား လူတိုင်းသည် တစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အလျင်အမြန် ပြေးလာခဲ့ကြ၏။

“ကျန်းရှင်းဖှလား... ကျန်းရှင်းဖှ.. မင်းပြန်လာပြီလား... နောက်ဆုံးတော့ လွတ်လာပြီပေါ့... ဘာတွေဖြစ်ခဲ့တာလဲ...”

“အာ၊ မင်းနဲ့ အဲဒီလူကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ... မင်း ဒီတစ်ခါ ဒီကိစ္စကို ရှင်းဖို့ ပြန်လာတာမလား...”

“ပြောပြပါဦး...”

“ဟုတ်တယ်၊ မြန်မြန်ပြောပြပါဦး၊ ငါရူးတော့မယ်...”

လူတိုင်းသည် တတွတ်တွတ် တီးတိုးပြောဆိုနေကြသည်။ အဘွားကြီးဟွမ် ငိုယိုကာ အော်ဟစ်လေတော့၏။

“သားလေး၊ ငါ့သားလေး၊ မင်းနောက်ဆုံးတော့ ပြန်လာပြီ... မင်းနောက်ဆုံးတော့ ပြန်လာပြီ... အမေ မင်းကို ဘယ်လောက်လွမ်းနေလဲ မင်းသိလား... အမေ မင်းအတွက် ဘယ်လောက်စိတ်ပူခဲ့ရလဲ...”

ကျန်းရှင်းဖှ : “ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော့်ကို ဘာဖြစ်နိုင်မှာလဲ...”

ထိုအချိန်တွင် သူသည် အလွန်ပင် ကျေးဇူးတင်မိသည်။ သူသည် အထူးတလည် အရည်အချင်းမရှိခဲ့ခြင်းအတွက် ကျေးဇူးတင်မိ၏။ မဟုတ်ပါက သူပါ ပါဝင်ပတ်သက်သွားနိုင်ခဲ့သည်။ သူသည် အများကြီး မသိခဲ့သော်လည်း လျိုကျင့်ယောကျာ်း စိမ်းစိမ်းလေး အပြင် အခြားလူအများအပြားကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိခဲ့၏။

သူသည် ထိုသူတို့နှင့် အမှန်တကယ် အခြားဆက်စပ်မှုမရှိခဲ့သောကြောင့်သာ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူသည် အဆုံးသတ်သွားနိုင်ခဲ့ပြီး၊ ထိုအတွေးမှာ သူ့ကို ကျောချမ်းသွားစေ၏။ ဤဖြစ်ရပ်သည် ကျန်းရှင်းဖှကို အလွန်အမင်း ထိတ်လန့်စေခဲ့ရာ၊ သူသည် ယခုအခါ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သော အရာမျိုးရှိနေသည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

၎င်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကျန်းရှင်းဖှ ပြန်ရောက်လာသောအခါ သူ၏ စိတ်နေစိတ်ထားသည် သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့၏။ သူသည် လက်ဝှေ့ယမ်းကာ

“အားလုံး ဖယ်ပေးကြပါဦး၊ ကျွန်တော် အိမ်ပြန်တော့မယ်”

အဘွားကြီးဟွမ် : “ဟုတ်တယ်၊ ဟုတ်တယ်၊ အိမ်ပြန်ကြစို့…သားလေး၊ မင်းဒုက္ခရောက်ခဲ့ရတာပဲ...”

လူတိုင်းသည် စိတ်လှုပ်ရှားစွာ နောက်မှလိုက်ပါလာကြပြီး

“ကျန်းရှင်းဖှ..မင်းဘာလို့ အဲဒီမှာ ဒီလောက်ကြာကြာနေခဲ့ရတာလဲ... ဘာတွေဖြစ်ခဲ့တာလဲ...”

“အဲဒီလူကြီးက သူ့မိန်းမနဲ့ ဖောက်ပြန်ခဲ့တဲ့ ယောက်ျားအများကြီးကို ပါဝင်ပတ်သက်စေခဲ့တယ်လို့ ကြားတယ်၊ အဲဒါ အမှန်လား...”

“ဒါဆို မင်းက လျိုကျင့်ကို ကြိုက်တာလား၊ ဒါမှမဟုတ် သူ့ယောက်ျားကိုလား…...”

သူတို့သည် တတွတ်တွတ် ပြောဆိုနေကြပြန်၏။

အဘွားကြီးဟွမ် ဒေါသတကြီး အော်ဟစ်လိုက်ကာ

“နင်တို့နဲ့ ဘာဆိုင်လဲ... ဘာလို့ ဒီလောက် စပ်စုနေကြတာလဲ... ငါ့သားက ဖြောင့်မတ်တဲ့လူတစ်ယောက်ပါ၊ ကောလာဟလတွေ မပြောနဲ့ သူ့ဂုဏ်သိက္ခာကို မဖျက်ဆီးကြနဲ့… နင်တို့ ကောလာဟလပြောနေတာ ငါသိရင် ပြီးမှ ငါရိုင်းတယ်လို့ အပြစ်မတင်နဲ့...”

“အဒေါ်ဟွမ်၊ ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ... ဒီကိစ္စကို လူတိုင်းသိနေတာပဲ”

“ဟုတ်တယ်၊ ငါတို့ပြောတာမှ မဟုတ်တာ.. စက်ရုံထဲက လူအများကြီး မြင်ခဲ့တာပဲ..မင်းဘယ်သူ့ကို ကြောက်အောင်လုပ်နေတာလဲ...”

အဘွားကြီးဟွမ်သည် ခါးထောက်လျက် ရန်ဖြစ်ရန် ပြင်လိုက်ပြီး

“မင်းတို့…”

ကျန်းရှင်းဖှ သူမကို တားလိုက်ပြီး

“အမေ၊ ထားလိုက်ပါတော့၊ သူတို့နဲ့ ဘာလို့ ရန်ဖြစ်နေရမှာလဲ... အပြစ်မရှိသူက သူ့ဘာသာသူ ရှင်းသွားမှာပါ။ ကျွန်တော် အပြစ်မရှိဘူးဆိုတာ လူတိုင်း နောက်ဆုံးတော့ သိလာမှာပါ..

အိမ်ပြန်ကြစို့”

သူသည် ဤဒုက္ခကို ဆက်လက်ခံစားရန် အလွန်အမင်း ကြောက်ရွံ့နေခဲ့၏။

ထို့အပြင် တစ်လကျော်ကြာ ထိန်းသိမ်းခံခဲ့ရကာ သူသည် ဒုက္ခများစွာ မခံစားခဲ့ရသော်လည်း၊ ထိုနေရာသည် စားသောက်ရန် သို့မဟုတ် အိပ်စက်ရန် သက်တောင့်သက်သာမရှိသည့် နေရာဖြစ်ပြီး သူသည်လည်း စိုးရိမ်ပူပန်နေခဲ့ရသည်။ ကျန်းရှင်းဖှသည် ယခုအခါ အိမ်ပြန်ပြီး ကောင်းကောင်းအိပ်စက်လိုစိတ်သာ ရှိတော့၏။

သူသည် ရန်ဖြစ်လိုစိတ် မရှိတော့ပေ။

အမှန်စင်စစ် ကျန်းရှင်းဖှသည် အစောပိုင်းကတည်းက ပြန်ရောက်ရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အရေးကြီးကိစ္စနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသော ကောလာဟလများသည် အရေးမပါလှပေ။ သို့သော် ရန်သူကို သတိမပြုမိစေရန်အတွက် သူတို့သည် အချိန်ဆွဲကာ သူ့ကို ဤအမည်းစက်ထဲတွင် ခဏတာ ထားရှိရဦးမည်ဖြစ်သည်။

ကျန်းရှင်းဖှသည် လွန်ခဲ့သော တစ်လအတွင်း၊ ထိုကြောက်ရွံ့တတ်သော လျိုကျင့်လူကြီး၏ ထွက်ဆိုချက်ကြောင့်၊ အကျင့်ပျက်ခြစားသော အရာရှိများစွာကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ကြောင်း မသိခဲ့ပေ။ ကျန်းရှင်းဖှသည် ဤလူမှာ အလွန်အမင်း ဒုက္ခရောက်ခဲ့ရကြောင်း သိခဲ့၏။ သူသည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုမရှိခဲ့သော်လည်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာမူ အလွန်ဆိုးရွားနေခဲ့သည်။

ယခုအခါ ကျန်းရှင်းဖှ ပြန်ရောက်လာခဲ့ပြီး၊ ထိုအသေးအဖွဲကိစ္စများကိုပင် လိုက်လံစုံစမ်းခြင်းမရှိခဲ့သောကြောင့် သူသည် အလွန်ပျော်ရွှင်နေခဲ့၏။

သူသည် စိမ်းစိမ်းလေးနှင့် ပတ်သက်၍ အဆင်ပြေခဲ့သော်လည်း၊ လျိုကျင့်နှင့် သူ၏ဆက်ဆံရေးမှာမူ မရှင်းလင်းသေးပေ။

သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် ထိုကိစ္စကို လိုက်လံစုံစမ်းခြင်းမရှိခဲ့ပေ။

သူ့ကိုသာမက လျိုကျင့်ကိုပါ လိုက်လံစုံစမ်းခြင်းမရှိခဲ့ပေ။ လျိုကျင့်နှင့် ဆက်စပ်နေသော အခြားသူများကိုပင် လိုက်လံစုံစမ်းခြင်းမရှိခဲ့ပေ။ ပိုမိုနက်ရှိုင်းသော ကိစ္စရပ်များနှင့် မသက်ဆိုင်သရွေ့၊ ယောက်ျားမိန်းမ ဆက်ဆံရေးများကို တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးခြင်းမရှိခဲ့ပေ။

ဤတစ်ကြိမ်တွင် အဓိကအာရုံစိုက်သည်မှာ ထိုလူဆိုးလူမိုက်များကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ပြီး၊ သူတို့အားလုံးကို ပေါ့ပေါ့တန်တန် လွှတ်ပေးခဲ့သည်။

ကျန်းရှင်းဖှ : “အမေ၊ အိမ်ပြန်ကြစို့။ ကောင်းကောင်းစားစရာတစ်ခုခု လုပ်ပေးပါဦး”

ကျန်းမုန့်မုန့်သည် ထိုအချိန်တွင် ခုန်ဝင်လာပြီး

“အဘွား… အဖေအတွက် ကြက်သားဟင်းချက်ပေးပါဦး။ အရမ်းအရသာရှိတယ်”

ဤကလေးမလေးသည် သူမ၏ဖခင် ဖမ်းဆီးခံခဲ့ရသော်လည်း၊ စိတ်ထဲမထားပေ။ သူမသည် ပုံမှန်အတိုင်း စားသောက်နေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ သူမသည် သူတို့မိသားစု၏ ဘိုးဘွားစဉ်ဆက် တစ်ကိုယ်ကောင်းဆန်မှုကို အမှန်တကယ် အမွေဆက်ခံခဲ့သည်။ အစားအသောက်ရှိသည်ဟု ကြားသည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်းပင် နိုးကြားလာခဲ့၏။

“ကြက်သားဟင်းချက်ပြီး အားဖြည့်ကြစို့”

အဘွားကြီးဟွမ်သည် အံများကြိတ်ကာ

“ကောင်းပြီ”

“အားလုံး အိမ်ပြန်ကြစို့။”

“ကျန်းရှင်းဖှ ပြန်လာပြီဆိုတော့ နောက်ထပ် ဒုက္ခမရှာကြနဲ့တော့။ ငြိမ်းချမ်းတဲ့ဘဝကိုပဲ နေထိုင်ကြ”

မာကျန့်ယီ ထပ်လောင်းပြောကြားခဲ့၏။

အဘွားကြီးဟွမ် : “ငါ့သားက…”

“အမေ၊ အိမ်ပြန်ကြစို့။ ခင်များတို့အားလုံး ပြန်လို့ရပြီ”

လူတိုင်းသည် ကျန်းရှင်းဖှကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြပြီး၊ ဤတစ်လအတွင်း ဘာတွေဖြစ်ခဲ့သည်ကို ပိုမိုသိရှိလိုကြသော်လည်း၊ ကျန်းရှင်းဖှမှာ သူတို့နှင့် စကားပြောလိုခြင်းမရှိသည်ကို မြင်သောအခါ မည်သူမျှ ထပ်မံဖိအားမပေးတော့ပေ။

တစ်စုံတစ်ဦးမှာ တီးတိုးပြောလိုက်ကာ

“သူပြန်လာပြီဆိုတော့ ယောက်ျားတွေအတွက် မလုံခြုံတော့ဘူး”

“မင်းက မိန်းမတွေ လုံခြုံတယ်လို့ ထင်နေတာလား... သူက လိင်နှစ်မျိုးလုံးကို ကြိုက်တာ”

အဘွားကြီးကျောက် : “…”

ကျိန်ရဲပါတယ်ရှင်… ကျွန်မ စပြောတာမဟုတ်ပါဘူး… ကြည့်ပါဦး ဒီစကား စလိုက်တာနဲ့ကို လူတိုင်းက ဝက်ဝက်ကွဲ စိတ်လှုပ်ရှားနေကြပြီ…

“မြန်မြန် အောင်သွယ်ရှာပေးတဲ့သူကို ရှာကြ...”

ရိုးသားသော အကြံပြုချက်တစ်ခုပင်။

All Chapters