← Chapters

အခန်း ၁၆၂

Vol. 16 Ch. 162

အခန်း ၁၆၂

Vol. 16 Ch. 162

အခန်း ၁၆၂ - အိပ်မက် ပျက်စီးခြင်း

"လက်ထောက်ဌာနမှူးဝူ၊ ကျွန်တော် ဒီရက်ပိုင်း အိပ်လို့ သိပ်မပျော်ဘူး ဖြစ်နေတယ်"

လက်ထောက်ဌာနမှူး ရှုစီဝင်သည် စိတ်ဓာတ်များ ကျဆင်းနေပြီး အနည်းငယ် နုံးခွေနေသည့် ပုံစံပေါက်နေ၏။

"ကျွန်တော့်အတွက် ဆေးနည်းနည်းလောက် ဖော်ပေးလို့ ရမလား"

အိပ်မပျော်သည့် ရောဂါမှာသာမန်ကိစ္စတစ်ခုသာ ဖြစ်ရာပြင်းထန်ခြင်း မရှိပါက ဆေးသောက်ရန်ပင် မလိုအပ်ချေ။

"အိပ်ယာထဲ ဝင်ရင် လုံးဝ အိပ်လို့မရဘူး။ ညတိုင်း အိပ်ယာပေါ်မှာ ဟိုလှည့်ဒီလှည့်နဲ့ သန်းခေါင်ကျော်တဲ့အထိပဲ။ တော်တော်နဲ့ အိပ်ပျော်သွားပြန်တော့လည်း ခဏနေရင် ပြန်နိုးလာပြီး အိမ်မက်ဆိုးတွေချည်းပဲ မက်နေတာ..."

အိပ်မပျော်ရခြင်း၏ အဓိက အကြောင်းရင်းမှာအများအားဖြင့် စိုးရိမ်ပူပန်မှု လွန်ကဲခြင်း သို့မဟုတ် စိတ်ဖိစီးမှု မြင့်မားခြင်းတို့ကြောင့် ဖြစ်တတ်သည်။

"တခြား ဘာလက္ခဏာများ ရှိသေးလဲ"

"ဇက် နာတယ်၊ ပုခုံးတွေ နာတယ်၊ စိတ်မရှည် ဖြစ်ပြီး ဒေါသထွက်လွယ်တယ်၊ ပြီးတော့ အမြဲတမ်း အားအင်ကုန်ခမ်းနေသလိုပဲ..."

"ဒီလက္ခဏာတွေ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ"

"တစ်လကျော်နှစ်လနီးပါးလောက် ရှိမယ် ထင်တယ်"

ဝူကျိရှန်းသည် ရှုစီဝင် အိပ်မပျော်ရခြင်း၏ အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းလိုက် သည်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု လွန်ကဲခြင်းကြောင့် သာဖြစ်၏။ ပို၍ တိတိကျကျ ပြောရလျှင် သူသည် ရာထူးတိုးချင်စိတ် ပြင်းပြလွန်းနေသောကြောင့် ဖြစ်န်ိုင်သည်။

ဌာနမှူးချင်းကျန့်ယုံက ရာထူးမှ အနားယူတော့မည်ဟု ပြောကတည်းက ရှုစီဝင်၏ရာထူးတိုးချင်သောဆန္ဒမှာထိန်းချုပ်မရဖြစ်လာခဲ့သည်။ရာထူးတိုးရန်နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ပြီး‌ရေရှည်တွင် စိတ်ဖိစီးမှု ဖြစ်လာရခြင်း ဖြစ်၏။

"စိတ်တည်ငြိမ်စေမယ့် ဆေးပြားအချို့ သောက်ပြီး ကော့တစ်ချင်နန်းစစ် ရေနွေးများများ သောက်ပေးပါ... ဒါပေမဲ့ ထိရောက်မှုကတော့ သိပ်ပြီး သိသာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"

ရှုစီဝင်၏ အိပ်မပျော်သည့် ဝေဒနာမှာ စိတ်ကြောင့်ဖြစ်ရသည့်‌ ရောဂါသာဖြစ်ရာဝူကျိရှန်းက သူ့ကို စေတနာဖြင့် အကြံပေးလိုက်၏။

"လက်ထောက်ဌာနမှူးရှု ဘာလို့ အိပ်မပျော်ရလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်အထင်တော့ ရာထူးအာဏာတွေကို စိတ်ထဲမှာ အရမ်းကြီး အလေးမထားပါနဲ့..."

ရှုစီဝင်သည် ဝူကျိရှန်း ပြောလိုသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်သော်လည်း သက်ပြင်းသာချနိုင်ရှာသည်။

"ဟူး... တခြား နည်းလမ်းမှ မရှိတာ။ ကျွန်တော်ကလက်ထောက်ဌာနမှူး ဝူနဲ့ မတူပါဘူး"

"မင်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးပြီး အရွယ်ကောင်းတုန်း ရှိသေးတာ၊ ကျွန်တော်ကတော့ အသက် လေးဆယ်ကျော်နေပြီ ။ဒါပေမယ့်အဆင့်ခြောက် အရာရှိအသေးအဖွဲလေး အဆင့်မှာပဲ ရှိသေးတယ်။ အခု ရာထူးမတိုးရင် ဒီဘဝမှာ အခွင့်အရေး သိပ်မရှိတော့ဘူး"

သူသည်‌ ယောက်ဖဖြစ်သူဒုဝန်ကြီးကို နောက်ခံအဖြစ် ရထားပြီး ဖြစ်သော်လည်း သူ၏အသက်အရွယ်‌ ကြောင့်အနာဂတ်မှာ ဝူကျိရှန်းလောက် အလားအလာ မကောင်းနိုင်ပေ။

အရာရှိ လုပ်ရန်နောက်ခံနှင့် အရည်အချင်းအပြင် အသက်အရွယ်သည်လည်း အလွန် အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်။

ဝူကျိရှန်းမှာ အသက်နှစ်ဆယ်ကျော်သာ ရှိသေးပြီး အသက်သုံးဆယ်ပင် မပြည့်သေးရာ အမျိုးသားတစ်ဦး၏ ရွှေရောင်အချိန်ပိုင်း ဖြစ်သော်လည်းရှုစီဝင်မှာမူ အသက် လေးဆယ့်တစ်နှစ် ရှိနေပြီ ဖြစ်သည်။

စကားပုံတစ်ခု ရှိ၏။ အသက်လေးဆယ်ကျော်ရင် နေမွန်းလွဲပြီ တဲ့။ သူသည် အရွယ်ကောင်း အချိန်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ရာ အားအင်အပြည့် ရှိမနေတော့ချေ။ အချိန်မီ အထက်သို့ တက်လှမ်းပြီး အတွေ့အကြုံ အမြန် မယူနိုင်လျှင် နောက်ပိုင်းတွင် အခွင့်အရေး အမှန်တကယ် မရှိတော့ပေ။

"ဒါက တကယ် ထူးဆန်းတာပဲ..."

ရှုစီဝင်သည် သူ၏ အသက်အရွယ်အကြောင်းကို ပြောဆိုရန် အလွန် ဝန်လေးနေပုံရသဖြင့် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်လေသည်။ "

"မနေ့ညနေစောင်းက ဌာနမှူးချင်း လမ်းလျှောက်နေတာ ကျွန်တော် မြင်လိုက်တယ်... သူ့မျက်နှာကစိုပြည်နေတာပဲ၊ အသည်းအသန် ဖျားနာနေတဲ့ ပုံနဲ့ လုံးဝ မတူဘူး"

ချင်းကျန့်ယုံတွင် သွေးတိုးရောဂါ အနည်းငယ် သာရှိပြီးအထူးတလည် အနားယူရန် လိုအပ်သည့်အထိ မပြင်းထန်သလို ရာထူးကနေ ဆန္ဒအလျောက် အနားယူရမည့်အထိလည်း လုံးဝ မဟုတ်ချေ။

ရှုစီဝင်သည် ချင်းကျန့်ယုံက နန်းတော်သို့ ရာထူးမှ နှုတ်ထွက်လွှာ"တင်မည့် သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သော်လည်း ယခုအချိန်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိသည့်အပြင် လမ်းပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေသည်ကိုပင် မြင်လိုက်ရသည်။ သူ၏အထက်လူကြီးက တကယ်ပဲ ဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ပါ့မလားဟု သံသယဖြစ်လာခဲ့၏။

"လက်ထောက်ဌာနမှူးဝူ၊ မင်းက ဌာနမှူးခကို ကုသပေးခဲ့ဖူးတာပဲ။ ကျွန်တော့်ကို အမှန်အတိုင်း ပြောစမ်းပါ၊ သူ့ရောဂါက တကယ်ပဲ ပြင်းထန်နေတာလား"

ဝူကျိရှန်းသည် ချင်းကျန့်ယုံ၏ ရောဂါကို တစ်ကြိမ် စမ်းသပ်ပေးခဲ့ဖူးသဖြင့် သူ၏ ဆေးပညာ အရည်အချင်းနှင့်ဆိုလျှင်ဌာနမှူးချင်း၏ ရောဂါအခြေအနေကို အပြည့်အဝ သိရှိနိုင်ပေသည်။

ချင်းကျန့်ယုံက တကယ်ပဲ အသည်းအသန် ဖျားနာနေတာလား။သေချာတာပေါ့၊ မဟုတ်ပါဘူး။

သို့သော် ထိုစကားကို ပြောရန်မှာ မလွယ်ကူချေ။

အကယ်၍ မိမိ၏ အထက်လူကြီးက နေမကောင်းဟန်ဆောင်နေခြင်းကို ဖွင့်ချလိုက်ပါက အထက်လူကြီးကို အပြစ်ပြုမိရာ ရောက်သွား‌ ပေမည် ။

သို့သော် ဝူကျိရှန်းကလည်းမလိမ်ချင်ပေ။

ထို့ကြောင့် ဝူကျိရှန်းသည် တိကျသော အဖြေကို မပေးဘဲ ဝေဝါးဝါး လေသံဖြင့်သာ ပြောလိုက်လေသည်။

"ဒါက... ဌာနမှူးချင်းရဲ့ ရောဂါက... အမှန်ပဲ ပြောရခက်ပါတယ်... တကယ်ပဲ ပြောရခက်တယ်၊ ပြောရခက်တယ်"

ရှုစီဝင်သည် အလွန် အကဲခတ်တော်သော လူတစ်ယောက် ဖြစ်၏။ ဝူကျိရှန်း၏ ဝေဝေဝါးဝါး သဘောထားကို မြင်သည်နှင့် သူ ချက်ချင်း နားလည်သွားခဲ့သည်။ ချင်းကျန့်ယုံမှာ လုံးဝ နေမကောင်းဖြစ်နေခြင်းမဟုတ်ကြောင်း သိသွားလေပြီ။

သူက ချင်းကျန့်ယုံ တကယ် ဖျားနာနေသည်ဟု ထင်မှတ်ခဲ့မိသည်။ အကြီးအကဲနေရာကို ရရှိရန်အတွက်မျက်နှာသာရအောင် လမ်းကြောင်းရှာခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးပို့ခြင်းတို့ကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး မိမိကိုယ်ကိုယ်ပင် အိပ်မပျော်သည့် ဝေဒနာ ရောက်အောင် လုပ်ခဲ့မိသည်။

သူသည် ထိုသူ ရာထူးမှ နှုတ်ထွက်လွှာ ရေးသားမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အိမ်တော်ဝန်ဌာန ဒုတိယဝန်ကြီး ဖြစ်သော သူ၏ ယောက်ဖသည် သူ့အတွက် လမ်းခင်းပေးထားပြီး ဖြစ်၏။ ချင်းကျန့်ယုံရာထူးမှ အနားယူခွင့် တောင်းခံလွှာ တင်သည်နှင့်တစ်ပြိုင်နက်ရှုစီဝင်ကို ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲအဖြစ် ချက်ချင်း ခန့်အပ်မည် ဖြစ်သည်။

သူသည် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ငွေတေး အမြောက်အမြားကိုလည်း အလဟဿ သုံးစွဲခဲ့ရသည်။ ဤမျှအထိ လုပ်ဆောင်ခဲ့ပြီးမှ ချင်းကျန့်ယုံတွင် ရာထူးက နှုက်ထွက်ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း သိလိုက်ရရာ ရှုစီဝင်သည် ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားပြီး သွားကြိတ်ထားမိသဖြင့်သွားများပင် ကျိန်းစပ်လာရတော့သည်။

သူသည် စိတ်ထဲတွင် ချင်းကျန့်ယုံ၏ ဘိုးဘွားတစ်ဆယ့်ရှစ်ဆက်ကို ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သော အမူအရာဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ဌာနမှူးချင်းရဲ့ ရောဂါက သိပ်မပြင်းထန်ဘူးဆိုတော့လည်း ကောင်းတာပေါ့၊ ကောင်းတာပေါ့..."

အကြီးအကဲ ဖြစ်သော ချင်းကျန့်ယုံက ပြင်းထန်စွာ ဖျားနာခြင်း မရှိသဖြင့် ရာထူးက နှုတ်ထွက်ရန် မလိုချေ။ သူ၏ မျှော်လင့်ချက်မှာ လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ သူသည် ဂရုမစိုက်သည့် ပုံစံပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ဝူကျိရှန်းကမူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် အလွန်အမင်း စိတ်ပျက်အားလျော့နေခဲ့ပြီ ဖြစ်၏။

သူ၏ ရာထူးတိုးချင်သော ဆန္ဒမှာ ရေပွက်ပမာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ကြိုးစားမှုအားလုံးမှာလည်းအိပ်မက်တစ်ခုမျှသာ ဖြစ်သွားခဲ့ရလေပြီ။

နောက်ထပ် နှစ်ရက်အတွင်း ရှုစီဝင်သည် စိတ်နှင့်လူမကပ်ဖြစ်‌ နေပြီးတစ်နေ့လုံး နုံးခွေကာရှုံးနိမ့်သွားသော ကြက်ဖတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

တတိယမြောက်နေ့ ရောက်မှသာ သူ၏ စိတ်အခြေအနေမှာ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာခဲ့၏။ သူသည် ပုံမှန်အတိုင်း ထက်မြက်ပြီး အရည်အချင်းရှိသော အမူအရာကို ပြန်လည် ရရှိလာကာ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ ကိစ္စရပ်များကို စနစ်တကျ စတင် ကိုင်တွယ်တော့သည်။

သူသည် ထိုကိစ္စကို လက်ခံနိုင်သွားပြီး ရာထူးတိုးမည့် ကိစ္စကို စိတ်ထဲမထား‌ တော့ဘဲပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်ဟုဝူကျိရှန်းက ထင်မိလေသည်။

"လက်ထောက်ဌာနမှူးဝူ"

ထို့နေ့ညနေစောင်းတွင် ရှုစီဝင်က ဝူကျိရှန်းထံသို့ ပြန်လည်ချဉ်းကပ်လာခဲ့သည်။

"ငါတို့ တစ်မိုးအောက်တည်းမှာ အတူတူ အလုပ်လုပ်လာတာ တစ်နှစ်ကျော်ပြီ။ ငါလက်ထောက်ဌာနမှူး ဝူဆီကနေ စောင့်ရှောက်မှုတွေ အများကြီး ခံယူခဲ့ရလို့ မင်းကို ပြန်ပြီး ကျေးဇူးဆပ်ချင်နေတာ ကြာပါပြီ၊ ဒါပေမဲ့ အရင်က လက်ထဲမှာ ငွေကြေး မပြည့်စုံလို့..."

"ငါ အားနာစကားတွေ အများကြီး မပြောတော့ပါဘူး။ ဒီည ငါပဲ ဒကာခံပါရစေ။ ငါတို့ အတူတူ အဝသောက်ကြမလား"

လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထမင်းကျွေးခြင်းမှာ သာမန်ကိစ္စရပ်တစ်ခု ဖြစ်၍ရှုစီဝင်ကထမင်းကျွေးရန် စတင်ကမ်းလှမ်းလာသဖြင့် ဝူကျိရှန်းလည်း ငြင်းပယ်ရန် မသင့်တော်သဖြင့်ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်လေသည်။

"ဒီည ရှီချန်ရဲ့ ရှုးအချိန် ပထမတစ်စိတ် (ည ၇ နာရီမှ ၇ နာရီ ၁၅ မိနစ်) မှာ ထိုက်ပိုင်မျှော်စင်ရဲ့ စမ်းရေသံနားထောင်ဆောင်မှာ လက်ထောက်ဌာနမှူးဝူကြွရောက်လာဖို့ မျှော်လင့် စောင့်စားနေပါ့မယ်"

*********

All Chapters