← Chapters

အခန်း ၁၆၃

Vol. 16 Ch. 163

အခန်း ၁၆၃

Vol. 16 Ch. 163

အခန်း ၁၆၃ - ပူးပေါင်းမယ်

ထိုက်ပိုင်မျှော်စင်သည် ထိုက်ယွမ်မြို့၏ ထိပ်တန်း အဆင့်မြင့်နေရာ များထဲမှ တစ်ခုဖြစ်ပြီး ဧည့်သည်တော်များကို တည်ခင်းဧည့်ခံရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်၏။

ထိုမျှော်စင်ရှိ စမ်းရေသံနားထောင်ဆောင်မှာ ပို၍ပင် ဆိတ်ငြိမ်အေးချမ်းပြီး လှပသေသပ်၏။ စီးဆင်းနေသော စမ်းရေရှင်များဖြင့် ဝန်းရံထားပြီး တောင်တန်းနှင့် တောတောင်ရေမြေတို့၏ သဘာဝအလှတရားများ၊ တသွင်သွင်စီးဆင်းနေသော စမ်းရေသံများနှင့်အတူ ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။

ဝူကျိရှန်း ရောက်လာချိန်တွင်လက် ထောက်ဌာနမှူးရှုစီဝင်မှာ ကြိုတင်စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။

သူကအလွန်တက်ကြွသော အမူအရာဖြင့် ဝူကျိရှန်း၏ လက်ကို ချက်ချင်း လှမ်းကိုင်လိုက်လေသည်။

"အရာရှိ ဝူ၊ မင်း နည်းနည်း နောက်ကျနတယ်ဗျာ။ ငါတို့က ရှီချန်ရဲ့ ရှုးအချိန် ပထမတစ်စိတ်မှာ ချိန်းထားတာကို အခုဆို ဒုတိယတစ်စိတ်တောင် ကျော်နေပြီ။ နေဦး... မင်း နောက်မှ ဒဏ်ကြေးအနေနဲ့ သုံးခွက် ဆက်တိုက် သောက်ရမယ်"

"ကျွန်တော့်ဇနီးက အရာရှိရှုရဲ့ ဖိတ်ကြားချက်က အရေးကြီးတဲ့ ကိစ္စဖြစ်ရမယ်လို့ ပြောနေလို့ပါ။ အဲဒါကြောင့် သေချာ ရေမိုးချိုးပြီး ဝတ်စုံအသစ်ပါ လဲခိုင်းနေတာနဲ့ပဲ နောက်ကျသွားရတာပါ"

"မင်းနဲ့ငါ ကြားထဲမှာ သောက်ကြစားကြတာပဲ ဘာအရေးကြီးတဲ့ ကိစ္စ ရှိမှာလဲဗျာ။ အလုပ်ရှုပ်နေတာတွေကြားက ခဏလောက် အနားယူပြီး အာလာပသလ္လာပ ပြောကြတာပဲလေ"

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နှုတ်ဆက်စကားများ ဆိုပြီးနောက်ရှုစီဝင်သည် ဝူကျိရှန်းကို အဆင့်မြင့်သီးသန့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

အစပိုင်းတွင် ဝူကျိရှန်းသည် ရှုစီဝင်ကသူ့တစ်ယောက်တည်းကိုသာ ထမင်းကျွေးသည်ဟု ထင်မှတ်ထားခဲ့သော်လည်း သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အထဲတွင် အခြားလူတစ်ယောက် ထိုင်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။ ထိုသူမှာ ဝေရှင်းဝူ ဖြစ်လေသည်။

ဝေနှင့် ရှုတို့၏ ဆက်ဆံရေးမှာ အလွန် တင်းမာနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အထူးသဖြင့် ဌာနမှူးချင်းက ရာထူးက အနားယူတော့မည်ဟု ပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် နှစ်ယောက်စလုံးက ဌာနမှူးရာထူးကို ရရှိရန်အတွက် အပြတ်အသတ် ကြိုးစားနေခဲ့ကြ၏။

ဝေရှင်းဝူနှင့် ရှုစီဝင်တို့၏ ဆက်ဆံရေးမှာ ရေနဲ့မီးလို ဖြစ်နေပြီး ပြန်လည်သင့်မြတ်ရန် လုံးဝ မဖြစ်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

ထိုလူနှစ်ယောက်ကစားပွဲတစ်ခုတည်းမှာ အတူတူ ထိုင်နေနိုင်ကြသဖြင့်

ဝူကျိရှန်းသည် လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။

"အရာရှိဝူ"

ဝေရှင်းဝူက ဟားဟားဟားနှင့် ကျယ်လောင်စွာ ရယ်မောရင်း နှုတ်ဆက်လိုက်သည်။

"မင်းက ငါ့ကို မြင်တာနဲ့ ဘာလို့ သရဲတစ္ဆေ မြင်လိုက်ရတဲ့အတိုင်း ဖြစ်နေရတာလဲ။ လက်ထောက်ဌာနမှူးရှုက ဒကာခံတာပဲ၊ ငါကကော အရက်လာမသောက်ရဘူးလား"

အရက်သောက်ဖို့ ဟုတ်လား။

သူတို့နှစ်ယောက်၏ဆက်ဆံ‌ ရေးကတင်းမာနေပြီးယနေ့ကျမှ အတူတူ ထိုင်နေကြတဲ့အပြင် သူ့ကိုပါ အထူးတလည် ဖိတ်ခေါ်ထားကြသဖြင့်ယနေ့ည၏ ထမင်းစားပွဲနောက်ကွယ်တွင် မရိုးသားသောအကြံတစ်ခုခု ရှိနေသည်ကို ဝူကျိရှန်း သိလိုက်လေသည်။

"လူကြီးမင်းတို့... ကြည့်ရတာ တစ်ခုခု အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးစရာ ရှိနေကြတဲ့ ပုံပဲနော်"

"ဘာမှမရှိပါဘူး၊ ဘာမှမရှိပါဘူး..."

ရှုစီဝင်က အိုးတိုးအမ်းတမ်းနှင့် ရယ်မောလိုက်၏။

"ငါတို့ သုံးယောက်လုံးက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာ အတူတူ အလုပ်လုပ်လာကြတာ ကြာပြီပဲ၊ ဆုံရမယ့် အချိန်လည်း တန်ပါပြီ"

ရိုးရိုးရှင်းရှင်း ဆုံတွေ့ပြီး အရက်သောက်ကြတာသက်သက် ဟုတ်လား။

မင်းတို့က ငါ့ကို သုံးနှစ်အရွယ် ကလေးများ ထင်နေကြတာလား။

"ကျွန်တော့်ကို ရိုးရိုးရှင်းရှင်း အရက်သောက်ဖို့ပဲ ဖိတ်တာမဟုတ်မှန်း ကျွန်တော် သိပါတယ်။ ကိစ္စတစ်ခုခု ရှိရင်လည်း တိုက်ရိုက်ပဲ ပြောပြကြပါဗျာ၊ မဟုတ်ရင် ကျွန်တော် ထိုင်ရမှာတောင် ကြောက်လို့ပါ..."

"တကယ်ပဲ ဘာမှမဟုတ်ပါဘူးဗျာ"

ရှုစီဝင်က ပြုံးလျက် ဝူကျိရှန်းကို ခုံပေါ်သို့ ဖိသိပ်၍ ထိုင်ခိုင်းလိုက်လေသည်။

"ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို ထမင်းကျွေးချင်ရုံ သက်သက်ပါပဲ၊ ဒါမှ ငါတို့ စိတ်ကြိုက် သောက်စားပြီး အဝမူးနိုင်ကြမှာ..."

ပုံမှန်ထက်ရင်းနှိီးပြနေသော ရှုစီဝင်နှင့် နှိုင်းယှဉ်လျှင် ဝေရှင်းဝူက ပို၍ ပွင့်လင်းပြတ်သား၏။ သူသည် သူ၏ အကျီထဲမှ စာရွက်တစ်ရွက်ကိုထုတ်ယူကာ စားပွဲပေါ်သို့ ချလိုက်လေသည်။

"အရာရှိဝူ၊ ဒါကို တစ်ချက်လောက် ကြည့်လိုက်ဦး"

ထိုစာရွက်ပေါ်တွင် နန်းတွင်း၌ အထူးနှစ်သက်ပြီး အားပေးမြှင့်တင်ထားသော ကွမ်းကော့စတိုင်စာလုံး အလှအပများဖြင့် သေသပ် စနစ်တကျ ရေးသားထားသည်။ခေါင်းစဉ်တွင် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စွပ်စွဲပြစ်တင်လွှာ"ဟု ရေးသားထား၏။

"...ရှန်းရှီး ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ ဌာနမှူး ချင်းကျန့်ယုံသည် ဌာနမှူးရာထူးကို ရယူထားပြီး နန်းတော်၏ ကြီးလေးသော တာဝန်များကို ထမ်းဆောင်နေရသူ ဖြစ်သည်။

သို့သော် သူသည် မိုးမခပင် ကဲ့သို့အသုံးဝင်သော ကိရိယာတစ်ခု ဖြစ်လာရန် ပုံသွင်းရ ခက်ခဲလှ၏။ သူ၏ တာဝန်ဝတ္တရားများကို ဂရုမစိုက်ဘဲ နန်းတွင်းအမိန့်တော်များကို ဆန့်ကျင်ကာ ရာထူးနေရာကိုသာ ရယူထားပြီး မည်သည့် စွမ်းဆောင်ရည်မျှ မပြသသည့်အပြင် အုပ်ချုပ်ရေးပိုင်းတွင်လည်း ပျင်းရိပြီး ပေါ့ဆလျက် ရှိသည်။

သူသည် အထက်တွင် ရှိသော နန်းတော်၏ပုံရိပ်ကို ထိခိုက်စေပြီး အောက်တွင် ရှိသော ပြည်သူလူထု၏ မျှော်လင့်ချက်များကို သစ္စာဖောက်ဖျက်နေသည်။

သူကအုပ်ချုပ်ရေးပိုင်းကိုလည်းထိရောက်စွာမကိုင်တွယ်နိုင်ပေ "

"ဤအရာရှိသည် မိမိ၏ အာဏာကို အလွဲသုံးစားလုပ်ကာ မိုက်မဲစွာ ပြုမူနေပြီး မည်သည့် အကျိုးကျေးဇူးမျှ ဆောင်ရွက်နိုင်ခြင်း မရှိချေ။ အပြင်တွင် အချိန်ဖြုန်းနေခြင်း ၊ အတွင်းတွင် ပေါ့ဆနေခြင်းတို့ဖြင့် ရုံးလုပ်ငန်းများကို အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့သည်။

အရာရှိများ၏ အမူအကျင့်များကို ပြုပြင်တည့်မတ်ရန်အတွက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးပါရန် တောင်းခံအပ်ပါသည်..."

စွပ်စွဲပြစ်တင်လွှာ၏ စာရေးသားဟန်မှာ ရှုစီဝင်၏ လက်ရာဖြစ်ကြောင်း ထင်ရှားလှသည်။ ရှည်လျားလှသော စာသားတစ်ခုလုံးက ကိစ္စတစ်ခုတည်းကိုသာ ဖော်ပြနေ၏။ ၎င်းမှာ ချင်းကျန့်ယုံကို ရာထူးမှ ဖယ်ရှားရန် စွပ်စွဲပြစ်တင်ခြင်းပင် ဖြစ်သည်။

ရှုစီဝင်သည် သူ၏အထက်လူကြီး ဖြစ်သော ချင်းကျန့်ယုံ၏ မျက်နှာသာ ရရှိရန်အတွက် အမြဲတမ်း နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သူ ဖြစ်ပြီး ယခုအခါတွင်မူ ထိုသူကိုစွပ်စွဲပြစ်တင်နေခြင်း ဖြစ်ရာ ၎င်းမှာ ဝူကျိရှန်း လုံးဝ အိပ်မက်ပင် မမက်ဖူးသည့် ကိစ္စရပ် ဖြစ်၏။

နန်းတွင်း၏ လုပ်ထုံးလုပ်နည်း များအရ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနသည် သီးခြား လွတ်လပ်သော ရုံးဌာနတစ်ခု မဟုတ်ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။

လက်ထောက်ဌာမှူးဖြစ်သော ရှုစီဝင်အနေဖြင့် နန်းတော်သို့ တိုက်ရိုက် စာတင်ပြီး အထက်လူကြီးကို တိုက်ရိုက် စွပ်စွဲပြစ်တင်ရန် အာဏာမရှိချေ။

ထို့ကြောင့် ထိယအရာမှာစွပ်စွဲလွှာမဟုတ်ဘဲ တိုင်ကြားစာမျှသာ ဖြစ်လေသည်။ရှုစီဝင်ကချင်းကျန့်ယုံ၏ အမည်ကို တိုက်ရိုက်တပ်ကာတိုင်ကြားရန် ရည်ရွယ်နေခြင်း ဖြစ်၏။

တိုင်ကြားစာထဲတွင် ရှုစီဝင်သည် ချင်းကျန့်ယုံအပေါ် ပြစ်ချက်များစွာကို ဖော်ပြထားပြီး ၎င်းတို့ထဲမှ အရေးကြီးဆုံးအချက်မှာ အုပ်ချုပ်ရေးပိုင်းတွင် ပေါ့ဆခြင်းဟူ၍ ဖြစ်သည်။

ဌာနမှူး ချင်းကျန့်ယုံသည် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနသို့ အချိန်ဖြုန်းရန်အတွက်သာ လာခြင်းဖြစ်ပြီး အခြေခံအားဖြင့် မည်သည့်အရာကိုမျှ စီမံခန့်ခွဲခြင်း မရှိသဖြင့် ပျင်းရိစွာ အုပ်ချုပ်ခြင်း နှင့် ပေါ့ဆစွာ အုပ်ချုပ်ခြင်း"စသည့် စွပ်စွဲချက်များမှာ သူနှင့် ကွက်တိ ကိုက်ညီနေပေသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းမှာတိုင်ကြားစာတွင် ရှုစီဝင်နှင့် ဝေရှင်းဝူ နှစ်ယောက်စလုံးက ပူးတွဲ လက်မှတ်ရေးထိုးထားခြင်းပင်ဖြစ်သည်။။

ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ ဒုတိယအကြီးအကဲ နှစ်ယောက်က ထိပ်သီးအကြီးအကဲဖြစ်သူ ချင်းကျန့်ယုံကို ပူးပေါင်း၍ တိုင်ကြားနေကြခြင်း ဖြစ်၏။

ဟုန်ဝူခေတ်ကာလတွင် ဧကရာဇ် ကျူးယွမ်ကျန်းသည် အရာရှိများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် ခြစားမှုများကို အလွန် တင်းကျပ်စွာ ကိုင်တွယ်လေ့ရှိပြီး ခြစားသောအရာရှိများကို အပြစ်ပေးရန်အတွက် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ကျော်ကြားလှသော အရေခွံခွာ၍ မြက်ပင်စိုက်သောနှိပ်စက်နည်းမှာထိုကာလအတွင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

အကယ်၍တိုင်ကြားစာကိုသာ တင်ပြလိုက်ပါက နန်းတော်၏ အာရုံစိုက်မှုကို အသေအချာ ရရှိလိမ့်မည် ဖြစ်သည်။

ချင်းကျန့်ယုံသည် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ခြင်း ၊ခြစားခြင်းမျိုး မရှိသော်လည်း သူသည် ပျင်းရိစွာ အုပ်ချုပ်ခြင်း၏ ထင်ရှားသော စံပြနမူနာတစ်ခု ဖြစ်နေသည်။

နန်းတော်က လူလွှတ်၍ စုံစမ်းစစ်ဆေးခိုင်းလျှင်ချင်းကျန့်ယုံသည် ကြီးလေးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင် ဖြစ်၏။

"ဒါက... ဒီလို တိုင်ကြားစာမျိုးကို... ငါတို့ သုံးယောက်လုံးမှာ နန်းတော်ထံ တိုက်ရိုက် တင်ပြပိုင်ခွင့် မရှိကြဘူး မဟုတ်လား"

"ဒီတိုင်ကြားစာ နန်းတော်ကို တိုက်ရိုက် ရောက်ရှိအောင် တင်ပြနိုင်မယ့် နည်းလမ်းကို ငါ ရှာပါ့မယ်"

ဝေရှင်းဝူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဒီကိစ္စက မခက်ခဲပါဘူး"

ဝေရှင်းဝူသည် မှူးမတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ချင်းကျန့်ယုံကိာ တိုင်ကြားရန်အတွက် နန်းတော်သို့ စာတင်နိုင်မည့် အခြားသော လမ်းကြောင်းများကို ရှာဖွေနိုင်ပေသည်။

ဌာနမှူး ချင်းကျန့်ယုံကို ရာထူးမှ ဖြုတ်ချရန်အတွက် ရေနဲ့မီးလို ဖြစ်နေကြသော ရှုစီဝင်နှင့် ဝေရှင်းဝူတို့က အမှန်တကယ် ပူးပေါင်းနိုင်ကြလိမ့်မည်ဟု ဝူကျိရှန်း လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဌာနမှူးချင်းတွင် အားကိုးလောက်သော နောက်ခံအာဏာ မရှိသော်လည်း ရှုစီဝင်နှင့် ဝေရှင်းဝူ နှစ်ယောက်စလုံးတွင်မူ သူတို့ကို ပံ့ပိုးပေးနေသည့် နန်းတွင်း အဆက်အသွယ်များ ရှိကြသည်။

သူတို့နှစ်ယောက်စလုံး ပူးပေါင်း၍ ထိုသူကို တိုက်ခိုက်နေကြပြီ ဖြစ်ရာ ဤအကြိမ်တွင်မူ ဌာနမှူးကြီး ချင်းတော့ သွားပြီဟု ခန့်မှန်းရပေသည်။

"ငါနဲ့ အရာရှိဝေတို့ကတော့ ဒီတိုင်ကြားစာမှာ လက်မှတ်ထိုးပြီးပြီ"

ရှုစီဝင်က ပြုံးလျက် ဝူကျိရှန်းကို ကြည့်ကာ ပြောလိုက်လေသည်။

"အရာရှိဝူ၊ မင်းကော မင်းရဲ့ နာမည်ကို ထည့်သွင်း လက်မှတ်ထိုးချင်လား"

တိုင်ကြားစာတွင် မဟုတ်မမှန် စွပ်စွဲပြောဆိုထားခြင်းမျိုး မဟုတ်ပေ။

အထက်လူကြီးများက လူလွှတ်၍ စုံစမ်းစစ်ဆေးခိုင်းလျှင်ချင်းကျန့်ယုံ၏ အရာရှိဘဝအဆုံးသတ်သွားပေလိမ့်မည်။

အကယ်၍ ဝူကျိရှန်းက တိုင်ကြားစာ တွင် လက်မှတ်မထိုးပါက သူသည် ဝေနှင့် စု နှစ်ယောက်စလုံးကို ပြစ်မှားမိရာ ရောက်ပေလိမ့်မည်။

ဤကိစ္စမျိုးတွင် ကြားလူအဖြစ် နေခြင်းမျိုးက လုံးဝ မဖြစ်နိုင်ချေ။

ချင်းကျန့်ယုံသည် သေဆုံးလုနီးပါး ဖြစ်နေသော ကျားတစ်ကောင် ဖြစ်နေပြီ ဖြစ်သဖြင့် ဝူကျိရှန်းအနေဖြင့် ဤ တိုင်ကြားစာတွင် လက်မှတ်ထိုးရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ဒုတိယအကြီးအကဲ သုံးယောက်စလုံးပူးပေါင်း၍ အကြီးအကဲ ဖြစ်သူကို တိုင်ကြားကြပြီ ဖြစ်ရာ ဌာနမှူးချင်း၏ ကံကြမ္မာမှာ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ရလေပြီ။

ချင်းကျန့်ယုံက ရာထူးက အနားယူချင်တယ်ဟု ပြောခဲ့သည့် အချိန်မှစ၍ ဝေနှင့် စုတို့သည် ရာထူးနေရာကို ဆက်ခံရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပြီး လမ်းကြောင်းရှာခြင်း၊ စီမံဆောင်ရွက်ခြင်းများကို အချိန်အတော်ကြာ လုပ်ဆောင်ခဲ့ကြသည်။

သို့သော် ချင်းကျန့်ယုံတွင် ရာထူးက နှုတ်ထွက်ရန် ရည်ရွယ်ချက် လုံးဝ မရှိခြင်းက သူတို့နှစ်ဦးကို အချိန်အတော်ကြာ မကျေမနပ် ဖြစ်စေခဲ့သဖြင့် သူတို့သည် သူတို့အချင်းချင်းကြားက ရန်ငြိုးများကို ယာယီ ဘေးဖယ်ထားကာ ချင်းကျန့်ယုံကို အရင်ဆုံး ဖြုတ်ချရန်အတွက် ပူးပေါင်းခဲ့ကြခြင်း ဖြစ်၏။

ချင်းကျန့်ယုံကို ဖြုတ်ချနိုင်မှသာလျှင် သူတို့အနေဖြင့် ထိုရာထူးနေရာကို အစားထိုး ရယူနိုင်မည့် အခွင့်အရေး ရှိလာမည် မဟုတ်ပါလား။

"ဒီအဘိုးကြီးက အစကတည်းက ဂုဏ်သိက္ခာရှိရှိနဲ့ ရာထူးကနေ ကောင်းကောင်းမွန်မွန် ထွက်သွားလို့ ရသားပဲ"

"သူက ကောင်းကောင်းမွန်မွန် မထွက်သွားချင်ဘူးဆိုမှတော့ ငါတို့ကပဲ သူ့ကို ကူညီပေးရတာပေါ့..."

*********

All Chapters