← Chapters

အခန်း ၁၆၄

Vol. 16 Ch. 164

အခန်း ၁၆၄

Vol. 16 Ch. 164

အခန်း ၁၆၄ - ကျားနှစ်ကောင် ပြိုင်ပွဲ

လကုန်ပိုင်း ရောက်သောအခါ နန်းတော်က ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးကို စေလွှတ်ခဲ့လေသည်။

ဌာနမှူးချင်းကျန့်ယုံသည် ပျင်းရိစွာ အုပ်ချုပ်ခြင်းနှင့် ရာထူးနေရာယူထားပြီး တာဝန်မထမ်းဆောင်ခြင်းစသည့် ပြစ်ချက်များတွင်အပိုင်မိသွားခဲ့သဖြင့် မျှော်လင့်ထားသည့်အတိုင်းပင် ရာထူးမှ ဖြုတ်ချခြင်း ခံလိုက်ရတော့သည်။

နန်းတော်၏စည်းမျဥ်းအရထိုကဲ့သို့အရည်အချင်းမရှိသည့်အရာရှိသည်အပြစ်ပေးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ရာဇဝတ်မှုဖြင့်ပင် အရေးယူခံရနိုင်သော်လည်း နန်းတော်က သူ၏ အိုမင်းမစွမ်းဖြစ်နေသည့် အခြေအနေကို အထူးငဲ့ညှာသောအားဖြင့် ကြိုးဖြင့်တုတ်ကာ ထောင်ထဲသို့ မထည့်ဘဲ ရာထူးမှ ထုတ်ပယ်ရုံမျှသာ အပြစ်ပေးခဲ့ခြင်း ဖြစ်၏။

တစ်သက်လုံး အရာရှိလုပ်လာခဲ့သော ချင်းကျန့်ယုံသည် အသက်ကြီးပိုင်းကျမှ ရာထူးပြုတ်သွားရသဖြင့် သူ၏ ဆောက်တည်ရာမရ ဖြစ်နေမည့် အခြေအနေကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

ဌာနမှူးဟောင်းသည် သူ၏ အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် ထုပ်ပိုးပြီးနောက် ညှိုးငယ်သော မျက်နှာထားဖြင့် ရထားလုံးပေါ်သို့ တက်ကာ နေရပ်သို့ ပြန်၍ အနားယူရန် ပြင်ဆင်လေတော့သည်။

ရထားလုံးသည် မြို့ပြင်သို့ တဖြည်းဖြည်း မောင်းနှင်လာခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ချင်းကျန့်ယုံသည်ဝူကျိရှန်းက သူ့ကို လာရောက်နှုတ်ဆက်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

"ဌာနမှူးချင်း..."

"ငါက ရာထူးပြုတ်သွားပြီပဲ၊ ဌာနမှူးကြီး မဟုတ်တော့ပါဘူးဗျာ"

ယခုအချိန်တွင် ချင်းကျန့်ယုံသည် စိတ်ပျက်အားလျော့နေသည့် ပုံစံမျိုးသာ ရှိတော့သည်။ သူ့ကို လာရောက်နှုတ်ဆက်သည့် ဝူကျိရှန်းကို ကြည့်ကာ သူသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိတော့၏။

"ငါက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာတောင် ဘယ်သူတစ်ဦးတစ်ယောက်မှ ငါ့အတွက် စကားတစ်ခွန်းမှ ထွက်မပြောပေးကြဘူး။ လူတွေရဲ့ ဆက်ဆံရေး အေးစက်ပုံနဲ့ လောကဓံရဲ့ ရက်စက်ပုံကတော့ တကယ်ကို ထင်ရှားလွန်းပါတယ်"

"တော်သေးတာပေါ့၊ မင်းက ငါ့ကို လာပြီး နှုတ်ဆက်ပေးလို့ အနည်းဆုံးတော့ စိတ်သက်သာရာရစရာ အနည်းငယ် ရှိသွားတာပေါ့"

ဝူကျိရှန်းက ဘာမှမပြောဘဲ ငွေတေးအချို့ ထည့်ထားသည့် အထုပ်အသေးလေးတစ်ခုကို တိတ်တဆိတ် ထုတ်ယူကာ ချင်းကျန့်ယုံထံသို့ ကမ်းပေးလိုက်၏။

"ကျိရှန်း..."

ယခုအချိန်တွင် ချင်းကျန့်ယုံသည် အရာရှိလောကထဲက ဝါရင့်ဝေဖန်ရေးသမားတစ်ဦးနှင့် လုံးဝမတူတော့ဘဲ အိမ်နီးနားချင်းကြင်နာတတ်သည့် အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ လေသံမှာ အလွန် ရင်းနှီးလှ၏။

"မင်းတို့ရဲ့ စွပ်စွဲတိုင်ကြားမှုကလည်း ငါ ရာထူးပြုတ်သွားရတဲ့ အကြောင်းရင်းထဲမှာ ပါတာပဲ..."

"အဲဒီ တိုင်ကြားစာထဲမှာ မင်းရဲ့ နာမည်လည်း ပါတာကို ငါသိပါတယ်"

"ဒါပေမဲ့ ငါ မင်းကို နည်းနည်းမှ အပြစ်မတင်ပါဘူး၊ မင်းမှာလည်း ရွေးချယ်စရာမရှိလို့ ဆိုတာ ငါနားလည်ပါတယ်။ ငါ့ကိုပဲ အပြစ်တင်ရမှာပါ၊ သူများတွေရဲ့ လမ်းကို ပိတ်ဆို့ထားမိသလို ကိုယ့်မှာလည်း ခိုင်မာတဲ့ နောက်ခံအာဏာ မရှိခဲ့လို့ပါပဲ..."

ဝူကျိရှန်းက ဘာမှမပြောဘဲ တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။

ချင်းကျန့်ယုံ၏ အသံမှာအသံတိုးတိုးဖြင့်ရေရွတ်နေ လေသည်။

"သူတို့က ငါ့ကွယ်ရာမှာ ငါ့ကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာကို ငါသိတယ်။ အခု ငါကတော့ စိတ်ပျက်စရာကောင်းတဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်လိုက်ရပြီ၊ ဒါပေမဲ့ သူတို့လည်း အကြာကြီး ပျော်နေရမှာ မဟုတ်ပါဘူး..."

ခရီးဝေးထွက်ခွာတော့မည့် လူကြီးတစ်ယောက်က အိမ်တွင် ကျန်ရစ်ခဲ့မည့် လူငယ်တစ်ဦးကို ဆုံးမစကား ပြောနေသည့်အတိုင်း ချင်းကျန့်ယုံသည် ဝူကျိရှန်း၏ လက်မောင်းကို ညင်သာစွာ ပုတ်လိုက်လေသည်။

"ငါက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့ ကိစ္စရပ်တွေကို တကယ်တမ်း မစီမံခန့်ခွဲခဲ့ဘူး။ ဝေဝါးဝါးနဲ့ အရည်အချင်းမရှိခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ငါ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားပါပြီ..."

"ငါ ထွက်သွားတာနဲ့ သူတို့ကတော့အပြတ်အသတ် တိုက်ခိုက်ကြတော့မှာ၊ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး"

"အဲဒီ ဝေရှင်းဝူက ဘာအရည်အချင်းမှ မရှိဘူး၊ သူ့အဖေရဲ့ အရှိန်အဝါကိုပဲ အားကိုးနေတာ။ ပြဿနာတစ်ခုခု တက်လာတာနဲ့ သူကတော့ အသေအချာကို ပျက်စီးသွားလိမ့်မယ်"

"ရှုစီဝင်ကတော့ အပြင်ပန်းမှာ ယဉ်ကျေးပြနေပေမဲ့ တကယ်တမ်းတော့ သူက အကောက်ကျစ်ဆုံးနဲ့ အောက်လမ်းနည်း အသုံးဆုံးလူပဲ၊ အထက်ကို တက်လှမ်းဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးမဆို သုံးလိမ့်မယ်။ ဒီလိုလူမျိုးက..."

ချင်းကျန့်ယုံ၏ မျက်နှာတွင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်သွားခဲ့၏။

"ဒီလိုလူမျိုးက ခဏတဖြုတ်တော့ အောင်မြင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ခြေလှမ်းတစ်လှမ်း မှားသွားတာနဲ့ ရင်နင့်စရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရမှာပဲ"

ချင်းကျန့်ယုံသည် ကောင်းကင်ယံက ပြောင်းလဲနေသော တိမ်တိုက်များကို မော့ကြည့်လိုက်ရငသူ၏ မျက်ဝန်းများထဲတွင် ဘဝအတွေ့အကြုံများစွာကိုမြင်‌ ယောင်နေမိ၏။

"ဒီအဘိုးကြီးက ရာထူးပြုတ်သွားခဲ့ပေမဲ့ အနည်းဆုံးတော့ ဘေးကင်းကင်းနဲ့ အနားယူပြီး နေရပ်ပြန်ကာ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခွင့်ရပြီလေ။ သူတို့ရဲ့ ကံကြမ္မာကတော့ ငါ့ထက် ပိုပြီး ဆိုးရွားလိမ့်မယ် ထင်တယ်"

"ဒီအဘိုးကြီး ခံစားမိနေတယ်၊ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့ ဌာနမှူးရာထူးက မကြာဘူးမင်းရဲ့ လက်ထဲကို ရောက်လာမှာပဲ။ ငါ့စကားကို မှတ်ထားပါ"

ချင်းကျန့်ယုံသည် ဝူကျိရှန်းကို ထပ်မကြည့်တော့ဘဲ ရထားလုံးထဲသို့ ဝင်သွားခဲ့လေသည်။

တကျိကျိနှင့် ထွက်ပေါ်လာသော ရထားဘီးသံများနှင့်အတူ ချင်းကျန့်ယုံ၏ ရထားလုံးသည် ဝူကျိရှန်း၏ မျက်စိရှေ့မှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့၏။

ချင်းကျန့်ယုံ ထွက်သွားပြီ ဖြစ်ရာ သူ၏ အရာရှိဘဝ လုံးဝ ပြီးဆုံးသွားခဲ့လေပြီ။

ယခုဆိုလျှင် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ ဌာနမှူး နေရာကို

လက်ထောက်ဌာနမှူးရှုကရသွားမလား။ဒါမှမဟုတ်လက်ထောက်ဌာနမှူးဝေကပဲရသွားမလား။စောင့်ကြည့်ရုံသာရှိတောသည်။

ဝူကျိရှန်းကချင်းကျန့်ယုံကို လာရောက်နှုတ်ဆက်ခြင်းမှာ အထက်လူကြီးဟောင်းအပေါ် ထားရှိသည့် သံယောဇဉ်သက်သက်ကြောင့်သာ ဖြစ်ပြီး တခြား မည်သည့် အကြံအစည်မျှ မရှိချေ။

ချင်းကျန့်ယုံကို လိုက်လံပို့ဆောင်ပြီးနောက် ဝူကျိရှန်း ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနသို့ ပြန်ရောက်လာချိန်တွင် ရှုစီဝင်က အထူးစုံစမ်းစစ်ဆေးရေးအရာရှိထံတွင် ဖားရန်ကြိုးစားနေသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။

ထိုအထူးစုံစမ်းစစ်ဆေးရေးအရာရှိမှာ အမြဲတမ်းခန့်အပ်ထားသော ရာထူးအဆင့်မဟုတ်ဘဲ သတ်မှတ်ထားသည့် ကိစ္စရပ်တစ်ခုခုအတွက်သာ ခန့်အပ်ထားခြင်း ဖြစ်၏။

၎င်းတို့ရှေ့တွင် ရှိနေသော လူငယ်အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏မူလရာထူးမှာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအရာရှိမျှသာ ဖြစ်သည်။ သူသည် ချင်းကျန့်ယုံ၏ အမှုကို စုံစမ်းစစ်ဆေးရန်အတွက် ထိုက်ယွမ်မြို့သို့ စေလွှတ်ခြင်း ခံရသောကြောင့်သာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိဟူသော ဘွဲ့အမည်ကို ရရှိခဲ့ခြင်း ဖြစ်၏။

"အရာရှိမင်းကြီး..."

"လက်ထောက်ဌာနမှူး စု၊ ကျွန်တော့်ရဲ့ အရာရှိအဆင့်က မင်းထက် နိမ့်ပါတယ်၊ မင်း ကျွန်တော့်ကို အရာရှိမင်းကြီးလို့ မခေါ်သင့်ပါဘူး"

မင်မင်းဆက်၏ စနစ်များအရ သာမန်စုံစမ်းစစ်ဆေးရေးအရာရှိဖြစ်စေ၊ အထူးစုံစမ်းစစ်ဆေးရေးအရာရှိဖြစ်စေ၊ သူသည် ဧကရာဇ်၏ အမိန့်တော်စာချွန်လွှာကို ကိုင်ဆောင်ထားလျှင်ပင် တခြား မည်သည့် ခန့်အပ်မှုမျှ မရှိပါက အဆင့်ခုနစ် အရာရှိမျှသာ ဖြစ်သည်။

သို့သော် လက်ထောက်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသောရှုစီဝင်မှာမူ အဆင့်ခြောက် အရာရှိဖြစ်ရာ ဤလူငယ်အထူးစုံစမ်းစစ်ဆေးရေးအရာရှိထက် ရာထူးအဆင့် တစ်ဆင့် ပိုမြင့်လေသည်။

သို့သော် အရာရှိလောကတွင် ရာထူးအဆင့်သည် တကယ့် အာဏာကို ကိုယ်စားမပြုနိုင်ချေ။

သူတို့ရှေ့တွင် ရှိနေသော စုံစမ်းစစ်ဆေးရေးအရာရှိသည် အဆင့်ခုနစ် အရာရှိမျှသာ ဖြစ်သော်လည်း သူသည် ဗဟိုနန်းတော်ကို ကိုယ်စားပြုကာ အရာရှိများကို စုံစမ်းစစ်ဆေးနိုင်ပြီး အုပ်ချုပ်ရေးပိုင်းကို ပြုပြင်တည့်မတ်နိုင်စွမ်း ရှိသည်။ သူသည် ဧကရာဇ်ကိုယ်တိုင် စေလွှတ်ခြင်း မဟုတ်လျှင်ပင် ဧကရာဇ်၏ ကိုယ်စားလှယ်တော် ဖြစ်နေ၏။

ခရိုင်ဝန်တစ်ဦးသည်လည်း အဆင့်ခုနစ် အရာရှိမျှသာ ဖြစ်သော်လည်း ဤကဲ့သို့သော စုံစမ်းစစ်ဆေးရေးအရာရှိနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။

"ဒီလက်အောက်ခံက... ဒီအရာရှိငယ်လေးက... ကျွန်တော်..."

ရှုစီဝင်သည် နာမ်စားအမျိုးမျိုးကို ဆက်တိုက် ပြောင်းလဲသုံးနှုန်းနေခဲ့သော်လည်း မည်သည့်အရာကမျှ မသင့်တော်သဖြင့် ဝေဝါးဝါးသာ ပြောလိုက်ရှာသည်။

"အရာရှိမင်းကြီးက မြို့တော်ကနေ ထိုက်ယွမ်အထိ လာခဲ့ရတာဆိုတော့ လမ်းခရီးမှာ ရေတတန်ကုန်းတတန်နဲ့ တော်တော်လေး ပင်ပန်းလာခဲ့ရမှာပေါ့။ ကျွန်တော် ကျွေးမွေးပွဲတစ်ခု အထူး ပြင်ဆင်ထားပါတယ်..."

ရှုစီဝင်၏ ပျာပျာသလဲဖားယားနေမှုအပေါ် အထူးစုံစမ်းစစ်ဆေးရေးအရာရှိက လုံးဝ စိတ်လှုပ်ရှားခြင်း မရှိဘဲ ရုံးလုပ်ငန်းသဘောအတိုင်း တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။

"ကျွေးမွေးပွဲကမလိုပါဘူး၊ ဒီဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာပဲ ရိုးရိုးရှင်းရှင်း စားသောက်လိုက်ရင် ရပါပြီ"

"ကောင်းပါပြီ၊ ကောင်းပါပြီ..."

ရှုစီဝင်က ထပ်ခါတလဲလဲ သဘောတူလိုက်သည်။

"ကျွန်တော် မီးဖိုချောင်ကို ချက်ချင်း ညွှန်ကြားပြီး ဟင်းကောင်းအချို့ ပိုပြင်ခိုင်းလိုက်ပါ့မယ်၊ စုံစမ်းစစ်ဆေးရေးအရာရှိ အဆင်ပြေအောင် သေချာ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်..."

ထိုစဉ်မှာပင်လက်ထောက်ဌာနမှူး ဝေရှင်းဝူသည် တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးအရာရှိကို ရိုသေစွာ ဂါရဝပြုလိုက်လေသည်။ ထို့နောက် သူက ရှုစီဝင်ကို လှောင်ပြုံး ပြုံးပြရင်း ပြောလိုက်၏။

"လက်ထောက်ဌာနမှူးရှု၊ ကျွန်တော် ခုနက အပြင်ထွက်တုန်းက ခင်ဗျားရဲ့ ဇနီးနဲ့တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့လို့ သူမကို ဒီကို ခေါ်လာခဲ့တယ်ဗျာ..."

ဇနီး ဟုတ်လား။ရှုစီဝင်လက်ထပ်ထားတဲ့ မုဆိုးမကြီးကို ပြောတာလား။

သူမက ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို ဘာလာလုပ်တာလဲ။

ဝူကျိရှန်း စဉ်းစား၍မရ ဖြစ်နေစဉ်မှာပင် ဝေရှင်းဝူက တံခါးလိုက်ကာကို ပင့်မကာ အပြင်သို့ လှမ်းအော်လိုက်လေသည်။

"မမရှု၊ အရာရှိရှုအထဲမှာ ရှိပါတယ်ဗျာ။ ခင်ဗျားတို့လင်မယား ပြန်ဆုံရမယ့် အချိန် ရောက်ပြီ"

သူ စကားပြောပြီးသည်နှင့် အသက်လေးဆယ်ဝန်းကျင် အရွယ် အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။

ဒါက ရှုစီဝင်လက်ထပ်ထားတဲ့ မုဆိုးမကြီးလား။ဘာလို့ သူမနဲ့ မတူရတာလဲ။

ရှုစီဝင်လက်ထပ်ထားသော မုဆိုးမကြီးမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ညီမ ဖြစ်သည်။ သူမသည် အသက်လေးဆယ့်ရှစ်နှစ် ရှိနေပြီ ဖြစ်သော်လည်း အရာရှိမှူးမတ် မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်ပြီး ကြီးမားသော မိသားစု ပိုင်ဆိုင်မှုများ ရှိသူ ဖြစ်၏။

သို့သော် ၎င်းတို့ရှေ့တွင် ရှိနေသော အမျိုးသမီးမှာမူ ရိုးရှင်းသော ဆံထိုးကို ဆင်မြန်းထားပြီး အဝတ်အစားများမှာလည်း အဖာအထေးများစွာဖြင့် ကြမ်းတမ်းလှသည်။ သူမ၏ အသားအရေမှာ ညိုမည်းနေပြီး လက်ဖဝါး ခြေဖဝါးများမှာလည်း ကြီးမားကာ ကြမ်းတမ်းလှ၏။ ကြည့်ရုံရုံနှင့်ပင် ကိုယ်တိုင် ပင်ပန်းခံ လုပ်ကိုင်ရသော လယ်သမားအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပြီး စည်းစိမ်ချမ်းသာဖြင့် နေထိုင်သော မြင့်မြတ်သည့် အမျိုးသမီးတစ်ဦးနှင့် လုံးဝ မတူချေ။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ထိူအမျိုးသမီးသည် ကလေးနှစ်ယောက်ကိုပါ ခေါ်ဆောင်လာခြင်းပင်။ အကြီးကောင်မှာ အသက်ဆယ်ကျော်သက် အရွယ်ခန့် ရှိပုံရပြီး အငယ်ကောင်မှာမူ အနှီးပင် မချွတ်ရသေးချေ။

သူမသည် ရှုစီဝင်ကို မြင်သည်နှင့်တစ်ပြိုင်နက် အသံကုန်အော်ဟစ်၍ ကျိန်ဆဲတော့သည်။

"နင့်လို နှလုံးသားမရှိတဲ့ ကောင်၊ အသုံးမကျတဲ့ကောင်။ ငါက လယ်ထဲမှာ ပင်ပန်းခံ အလုပ်လုပ်ပြီး မင်းအတွက် ကလေးတွေကို ထိန်းကျောင်းပေးခဲ့တာ။ အဲဒီလောက်အထိ ကြိုးစားပြီး မင်း နန်းတွင်းစာမေးပွဲ အောင်လို့ အရာရှိဖြစ်လာတော့မှ နင်က ဒီမှာ တခြားမိန်းမတစ်ယောက်ကို ထပ်ပြီး လက်ထပ်တယ် ဟုတ်လား။ နင့်ရဲ့ အသိတရားတွေကို ခွေးစားသွားပြီလား"

,*********

All Chapters