← Chapters

အခန်း ၁၆၆

Vol. 16 Ch. 166

အခန်း ၁၆၆

Vol. 16 Ch. 166

အခန်း (၁၆၆) အတူတူပျက်စီးခြင်း

ရှုစီဝင်သည် သူ၏ ဇနီးနှင့် သားကို မြင်လိုက်ရသည့်အချိန်မှစ၍ သူ အရာအားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာရန် အိပ်မက်ကို အသာထား သူ၏ လက်ရှိ ရာထူးနှင့် ဂုဏ်သတင်းကိုပင် သူ မထိန်းသိမ်းနိုင်တော့ပေ။

မင်မင်းဆက်၏ ဟုန်ဝူဧကရာဇ်သည် အရာရှိများကို တင်းကျပ်သော ဥပဒေဖြင့် အုပ်ချုပ်သူဖြစ်၏။ အသေးအဖွဲ အမှားတစ်ခုကြောင့်ပင် ရာထူးမှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် ဝေးလံသော အရပ်သို့ နယ်နှင်ခံရခြင်းမျိုး ဖြစ်တတ်လေသည်။ ရှုစီဝင်ကဲ့သို့ ဇနီးနှင့် သားကို စွန့်ပယ်သူတစ်ဦးအတွက်မူ ပြစ်ဒဏ်မပေးလျှင်တောင် ရာထူးဆုံးရှုံးရမည်မှာ သေချာနေပေသည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် ပညာရေးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ အောင်မြင်မှုများလည်းပျောက်ကွယ်သွား‌ တော့မည်ဖြစ်သည်။

သူသည် အရာရာကိုအရှုံးပေးလိုက်ရပြီဖြစ်၍ ဇနီးသည်၏ ရိုက်နှက်ခြင်းကို ငြိမ်ခံနေခဲ့၏။ ထို့နောက်တွင်မှ သူသည် ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ဝေရှင်းဝူကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးအင်္ကျီအတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူကာ စစ်ဆေးရေးအရာရှိထံ လေးစားစွာ ပေးအပ်လိုက်၏။

"အရာရှိမင်း၊ စစ်ဆေးရေးအရာရှိဆိုတာအရာရှိအားလုံးကို စောင့်ကြည့်ရသူ ဖြစ်ပါတယ်။ ဆေးဝါးဌာနမှလက်‌ ထောက်ဌာနမှူးရှုစီဝင် ဖြစ်သော ကျွန်‌ တော့်မှာတင်ပြစရာရှိပါတယ်"

လူငယ်စစ်ဆေးရေးအရာရှိသည် ထိုစာကို မကြည့်ဘဲ အထင်သေးစွာ ပြောလိုက်သည်။

"မင်းက ဇနီးနဲ့ သားကို စွန့်ပယ်ထားတဲ့လူ၊ ကိုယ်ကျင့်တရား ပျက်ပြားနေတာပဲ။ ဘာတွေများ ထပ်ပြောစရာ ရှိသေးလို့လဲ"

"ကျွန်‌ တော့်ရဲ့ကိုယ်ကျင့်တရား ပျက်ပြားနေသည်မှာ မှန်ပါတယ်။ ဒါပေမယ့်ယခုတင်ပြစာကခုခံကာကွယ်ဖို့ မဟုတ်ပါ။ အရှင်ဖတ်ကြည့်လျှင် နားလည်သွားပါလိမ့်မယ်"

စစ်ဆေးရေးအရာရှိသည် စာကို ယူဖတ်ကြည့်လိုက်ပြီး‌နောက်သူ၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်သွားလေသည်။ သူသည် စာရွက်ကို ဝေရှင်းဝူ၏ မျက်နှာ ရှေ့ပစ်ပေါက်လိုက်ပြီး

"အရာရှိဝေ၊ မင်း လုပ်လိုက်တဲ့အလုပ်ကတော့ ကောင်းလိုက်တာ"

ဝေရှင်းဝူကအံသြစွာဖြင့်စာကို ကောက်ယူဖတ်ရှုလိုက်ရာ သူ၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားလေသည်။ ထိုစာမှာ ဝေရှင်းဝူကို ပြန်လည် တိုင်ကြားထားသော စာပင်ဖြစ်၏။

"ထိုက်ယွမ်ဆေးဝါးဌာနမှ လက်ထောက်ဌာနမှူး ဝေရှင်းဝူသည် အိမ်ထောင်ရှိသူဖြစ်ပါလျက်နှင့် အိမ်ဖော်မိန်းကလေးတစ်ဦးကို ကိုယ်ဝန်ရသည်အထိ ဖောက်ပြန်ခဲ့ပြီးနောက် မိန်းမငယ်အဖြစ် အတင်းအကျပ် သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ သူ့ကိုဥပ‌ဒေအရပြင်းထန်စွာအရေးယူပေးပါရန်တင်ပြအပ်ပါသည်"

ရှုစီဝင်သည် ဝေရှင်းဝူ၏ အကြောင်းကို တိုင်ကြားလိုက်ခြင်း ဖြစ်သည်။ ထိုခေတ်ကာလတွင် သခင်တစ်ဦးက အိမ်ဖော်များနှင့် ဆက်ဆံခြင်းမှာ ထုံးစံတစ်ခု ဖြစ်သော်လည်း တရားဝင် အရာရှိတစ်ဦးအတွက်မူ ကန့်သတ်ချက်များ ရှိ၏။

"အသက် လေးဆယ်ကျော်မှ သို့မဟုတ် အိမ်ထောင်သက် ငါးနှစ်အတွင်း သားသမီးမရမှသာ မယားငယ်တစ်ဦးကို တင်မြှောက်ခွင့်ရှိသည်။ ချိုးဖောက်သူများကို ရာထူးမှ ထုတ်ပယ်ပြီး ကြိမ်ဒဏ် လေးဆယ် ရိုက်ရမည် ဟူသော ဥပဒေရှိလေသည်။

ဝေရှင်းဝူမှာ အသက်လေးဆယ်လည်း မပြည့်သေး၊ အိမ်တွင်လည်း သားသမီးရှိပြီးဖြစ်၍ ထိုလုပ်ရပ်မှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ စစ်ဆေးရေးအရာရှိသည် ဝေရှင်းဝူကို စိုက်ကြည့်ကာ မေးလိုက်၏။

"ရှုစီဝင် တိုင်တာ မှန်သလား။ တကယ်ပဲ ဖြစ်ခဲ့တာလား"

ငြင်းဆို၍ မရနိုင်ကြောင်း သိလိုက်သောအခါ ဝေရှင်းဝူသည် အံကြိတ်ကာ ဝန်ခံလိုက်ရသည်။ စစ်ဆေးရေးအရာရှိသည် ချက်ချင်းပင် စီရင်ချက်ချလိုက်လေသည်။

"ဆေးဝါးဌာနမှ ရှုစီဝင်၊ သင်သည် ဇနီးနှင့် သားကို စွန့်ပယ်ပြီး ကိုယ်ကျင့်တရား ပျက်ပြားသဖြင့် ရာထူးမှ ထုတ်ပယ်သည်။ ဝေရှင်းဝူ၊ သင်သည် အိမ်ဖော်နှင့် ဖောက်ပြန်ပြီး ဥပဒေကို ချိုးဖောက်သဖြင့် ရာထူးမှ ထုတ်ပယ်ပြီး ကြိမ်ဒဏ် လေးဆယ် ရိုက်စေ"

ဝေရှင်းဝူမှာ ကြိမ်ဒဏ် လေးဆယ်ဟူ‌ သောပြစ်ဒဏ်ကြောင့် ထိုင်မရ ထမရ ဖြစ်သွားလေသည်။ နှစ်ယောက်စလုံး ရာထူးဆုံးရှုံးပြီး အပြင်းအထန် အရိုက်ခံရ၍တစ်‌ဦးကိုတစ်ဦးမုန်းတီးစွာစိုက် ကြည့်နေကြ၏။

ဝေရှင်းဝူနှင့် ရှုစီဝင်တို့သည် ခင်းကျန့်ယုံကို ဖြိုခွဲရန် ပူးပေါင်းခဲ့ကြသော်လည်း နောက်ဆုံးတွင်သူတို့ အချင်းချင်း တိုင်ကြားကာ အတူတူ ပျက်စီးသွားခဲ့ကြသည်။

"ဒီလူနှစ်ယောက်ကို မြို့စားရုံးမှာ ခေတ္တထိန်းသိမ်းထားပြီး နောက်ထပ် စီရင်ချက်ကို စောင့်ပါ"

ဝေရှင်းဝူသည် အနာတရဖြစ်နေသော်လည်း ရှုစီဝင်ကို တံတွေးထွေးကာ ပြောလိုက်သည်။

"ငါ့ရာထူးမရှိတော့လည်း ဘာဖြစ်လဲ။ မကြာခင်မှာ ငါ့ရဲ့ နောက်ခံနဲ့ ပြန်ပြီး အောင်မြင်လာဦးမှာ။ မင်းလို ခွေးကောင်ကတော့ ဘယ်တော့မှ အခွင့်အရေး မရတော့ဘူး၊ ဟားဟား"

ဝေရှင်းဝူတွင် အင်အားကြီးသော မိသားစုနောက်ခံ ရှိသဖြင့် ရာထူးပြန်ရနိုင်သေး၏။ သို့သော် ရိုးရိုးသားသားဖြင့် ကြိုးစားလာခဲ့သည့် ရှုစီဝင်အတွက်မူ ပြန်လမ်းမရှိတော့ပေ။

တစ်ရက်အတွင်းမှာပင် ဆေးဝါးဌာနသည် ကြီးမားစွာ ပြောင်းလဲသွားလေသည်။ ဌာနမှူးဖြစ်သူချင်းကျန့်ယုံ ရာထူးမှ ထုတ်ပယ်ခံရပြီး လက်ထောက်ဌာနမှူးနှစ်ဦးမှာလည်း ဖမ်းဆီးခံလိုက်ရသည်။

ယခုအခါ ဆေးဝါးဌာနတွင်လက်‌ ထောက်ဌာနမှူးဖြစ်‌သောဝူကျိရှန်းတစ်ဦးတည်းသာ ကျန်ရှိတော့လေသည်။

*********

All Chapters