← Chapters

အခန်း ၁၆၇

Vol. 16 Ch. 167

အခန်း ၁၆၇

Vol. 16 Ch. 167

အခန်း (၁၆၇) ဘယ်သူမှ လွယ်တဲ့လူတွေ မဟုတ်ကြဘူး

"သခင်လေး၊ ဒီမှာ သခင်လေး အကြိုက်ဆုံး ဝက်နံရိုးဟင်း၊ အများကြီး စားရမယ်နော်"

ချင်းချင်းသည် ထမင်းပန်းကန်ကို ကိုင်ထားရင်း ပါးစပ်အပြည့် စားသောက်နေ၏။

"ဝေရှင်းဝူနဲ့ ရှုစီဝင်က ဘာလို့အဆင်မပြေကြတာလဲ။ သူတို့ကအဆင့်တူအရာရှိတွေပဲ၊ အချင်းချင်း ကူညီသင့်တာပေါ့၊ အခုတော့ ဒီလိုပုံစံ ဖြစ်သွားကြတယ်..."

ချင်းချင်း၏ စကားကြောင့် ဝူကျိရှန်းမှာ ပြုံးလိုက်မိ၏။ သခင်မလေးရွန့်မှာမူ အရာရှိမိသားစုမှ ဆင်းသက်လာသူဖြစ်၍ အရာရှိလောကအကြောင်း နားလည်လေသည်။

"အရာရှိလောကဆိုတာ စစ်မြေပြင်နဲ့ တူတယ်လို့ ဖေဖေ ပြောတာ ခဏခဏ ကြားဖူးတယ်။ ဓားတွေ၊ သွေးတွေ မရှိပေမဲ့ အချိုးအကွေ့တွေနဲ့ လှည့်ကွက်တွေက အပြည့်ပဲ။ အပြင်ပန်းမှာ အဆင်ပြေသယောင် ပြသထားပေမဲ့ အတွင်းမှာတော့ တစ်ယောက်ကို တစ်ယောက် နင်းပြီး တက်ဖို့ပဲ ကြိုးစားနေကြတာ၊ ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲ"

သခင်မလေးရွန့် ပြောသကဲ့သို့ပင် ဖြစ်သည်။ နေရာတစ်ခုအတွက် လူများစွာက ပြိုင်ဆိုင်နေကြရာ တစ်ဦးကို တစ်ဦး နင်းဖြတ်မှသာ ရှေ့ရောက်နိုင်မည် ဖြစ်၏။

"ဒီကိစ္စမှာ ဝေရှင်းဝူကိုပဲ အပြစ်တင်ရမယ် ထင်တယ်"

ချင်းချင်းသည် ခေါင်းကို တိမ်းစောင်းကာ ပြော၏။

"ဝေရှင်းဝူသာ ရှုစီဝင်ရဲ့ ဇနီးနဲ့ သားကို မရှာခိုင်းရင် ရှုစီဝင်လည်း သူ့ကို ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး။ အခုတော့ နှစ်ယောက်လုံး ရာထူးဆုံးရှုံးသွားကြပြီ၊ ဘယ်သူမှလည်း အကျိုးမရှိကြဘူး..."

ချင်းချင်း၏ အမြင်တွင် ထိုပြဿနာကို ဝေရှင်းဝူက စတင်ခဲ့ခြင်းဖြစ်ပြီး ရှုစီဝင်က ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဝူကျိရှန်းကမူ အခြားရှုထောင့်မှ မြင်၏။

"ချင်းချင်း၊ သေချာ ပြန်တွေးကြည့်စမ်း။ ဝေရှင်းဝူက စတင်ခဲ့တာ ဖြစ်ပေမဲ့ ရှုစီဝင်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသားလေ။ သူက စစ်ဆေးရေးအရာရှိထံ ပေးဖို့ တိုင်ကြားစာကို ကြိုပြင်ထားပြီးသားပဲ။ ဝေရှင်းဝူက သူ့ကို မတိုက်ခိုက်ရင်တောင် ရှုစီဝင်ကတော့ ဝေရှင်းဝူကို တိုင်မှာပဲ"

ချင်းချင်းမှာ ဝူကျိရှန်း၏ စကားကို ကြားသောအခါမှ နားလည်သွားပြီး ခေါင်းငြိမ့်လိုက်၏။ အမှန်စင်စစ်ချင်းကျန့်ယုံ ရာထူးဆုံးရှုံးသွားပြီးနောက် ဝေရှင်းဝူနှင့် ရှု

စီဝင်တို့မှာ နေရာအတွက် ပြိုင်ဆိုင်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ တစ်ဦးကို တစ်ဦး အားနည်းချက် သိနေကြသော်လည်း အခွင့်အရေးကို စောင့်နေကြခြင်းသာ ဖြစ်၏။

"ဒီလူနှစ်ယောက်လုံး တကယ်ကို ကောက်ကျစ်တာပဲ၊ နှစ်ယောက်လုံးက လူကောင်းတွေ မဟုတ်ကြဘူး"

ချင်းချင်းသည် ရယ်မောရင်း ပြော၏။

"ကျွန်မသာ သူတို့လို လူမျိုးနဲ့ ရင်ဆိုင်ရရင် တစ်ပွဲတည်းနဲ့ ရှုံးမှာပဲ"

"ရှုစီဝင်က အသက်လေးဆယ်ကျော်မှ ရာထူးရတာ၊ အခုတော့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပြီ။ တကယ်ကို နှမြောစရာပဲ၊ မဟုတ်လား"

ချင်းချင်းမှာ တစ်ဖက်လူအတွက် စိတ်မကောင်းဖြစ်နေပြန်သည်။

"ဝေရှင်းဝူကတော့ နောက်ခံကောင်းတော့ ရာထူးမရှိလည်း ဘာမှ မဖြစ်ဘူး၊ မကြာခင် အခြားနေရာမှာ ရာထူးပြန်ရဦးမှာပဲ"

ဝူကျိရှန်းမှာ ရယ်မောလိုက်ပြီး

"ဒီဆေးဝါးဌာနမှာ တကယ်ကို ဝေ၊ ရှု၊ ဝူဆိုတဲ့ သုံးပြည်ထောင် စစ်ပွဲလို ဖြစ်နေတာပဲ။ နောက်ဆုံးမှာတော့ ဝူ ပဲ ကျန်ခဲ့တယ်"

"သခင်လေး နောက်ဆုံးမှာ အနိုင်ရသွားတာပေါ့"

သို့သော် ဝူကျိရှန်းကမူ ခေါင်းခါလိုက်၏။

"အဲ့လောက် မရိုးရှင်းပါဘူး။ ဆေးဝါးဌာနက ငါ့လက်ထဲ ရောက်လာမှာ မဟုတ်ဘူး။ အရာရှိလောကရဲ့ ထုံးစံအရ ဒီလိုနေရာမျိုးမှာ အထက်လူကြီးကို အပြင်ကနေပဲ တိုက်ရိုက် ခန့်အပ်လေ့ ရှိကြတယ်။ ပြီးတော့ အရာရှိတစ်ယောက် ဖြစ်ဖို့ဆိုတာ အရည်အချင်းတင် မကဘူး၊ နောက်ခံနဲ့ ဆက်ဆံရေးကလည်း အဓိကပဲ"

သခင်မလေးရွန့်ကလည်း ထိုအတိုင်းပင် ယူဆ လေသည်။

"မကြာခင်မှာ နန်းတော်ကနေချင်းကျန့်ယုံနေရာမှာ အစားထိုးဖို့ အရာရှိတစ်ယောက် လွှတ်ပေးလိုက်မှာပါ။ ဒီလောက်ကြီးတဲ့ ဌာနတစ်ခုကို ခေါင်းဆောင်မရှိဘဲ ထားလို့မှ မရတာ"

"ရှင်မနဲ့ ငါအယူအဆ တူ

တယ်။ ဒီလောကမှာ ရာထူးလိုချင်တဲ့သူတွေက အများကြီးပဲ။ အခု ဆေးဝါးဌာနမှာ နေရာလွတ် ဖြစ်သွားပြီဆိုတော့ အဲ့ဒီနေရာကို လိုချင်တဲ့သူတွေ အများကြီး ပြိုင်ဆိုင်ကြဦးမှာပဲ"

ဝူကျိရှန်းသည် အေးဆေးစွာပင် ပြောလိုက်၏။ အရာရှိလောက၏ ပြိုင်ဆိုင်မှုမှာ အမြဲတမ်း ပြင်းထန်နေဆဲ ဖြစ်လေသည်။

ရှေးပဝေသဏီကတည်းက လောကကြီးသည် အရည်အချင်းရှိသူများကို လိုအပ်ခဲ့သော်လည်း နန်းတော်တွင်မူ အရာရှိများ လိုအပ်သည်ဟူ၍ မရှိခဲ့ပေ။

နန်းတော်တွင် ရာထူးလစ်လပ်မည့်အချိန်ကို စောင့်မျှော်နေကြသော အရာရှိများမှာ အလွန်ပင် များပြားလှ၏။ သို့သော် လောကတွင် ရာထူးနေရာများမှာ အကန့်အသတ်ဖြင့်သာ ရှိနေသဖြင့် ဆေးဝါးဌာနအတွင်း ရာထူးရရှိရန်အတွက် လူအများ အလုအယက် ပြိုင်ဆိုင်ကြလိမ့်မည်မှာ အသေအချာပင် ဖြစ်တော့သည်။

ဝူကျိရှန်းက ထိုသို့ပင် တွေးထင်ထားလေသည်။

*********

All Chapters