Chapters

အခန်း ၁၆၈

Vol. 16 Ch. 168

အခန်း ၁၆၈

Vol. 16 Ch. 168

အခန်း (၁၆၈) ရာထူးချင်း လဲလှယ်ပြီ

ဝူကျိရှန်း မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် နန်းတော်မှအရာရှိသစ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ထိုအရာရှိသစ်မှာ ကျိုးဟောက်ရန်ဖြစ်ပြီး အသက်လေးဆယ်ခန့် ရှိပြီဖြစ်သည်။

ဌာနမှူးအသစ် ရောက်လာသည့်အခါ လက်ထောက်ဌာနမှူးဝူကျိရှန်းအနေဖြင့် လုပ်ငန်းခွင်အခြေအနေများကို တင်ပြရမည်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းပင် ဖြစ်၏။ ပုံမှန်အားဖြင့် အောက်ခြေအရာရှိတစ်ဦးသည် အထက်လူကြီးရှေ့တွင် မတ်တပ်ရပ်၍ တင်ပြရမည်ဖြစ်သော်လည်း ကျိုးဟောက်ရန်မှာ အလွန်ပင် ယဉ်ကျေးသူဖြစ်၏။ သူသည် ဝူကျိရှန်းကို ထိုင်ခုံပေးရုံသာမက လက်ဖက်ရည်ကိုပါ ကိုယ်တိုင်ငှဲ့ပေးကာ

"ဆေးဝါးဌာန စတင်တည်ထောင်ချိန်ကတည်းက လက်ထောက်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လာတာ၊ မင်းက ငါ့ထက် ပိုသက်တမ်းရင့်သူပဲ၊ အေးဆေးပြောပါ"

ဝူကျိရှန်း တင်ပြသည်ကို နားထောင်ရင်း ကျိုးဟောက်ရန်မှာ ပြုံးကြည့်နေ၏။ ဘဏ္ဍာရေးစာရင်းတွင် ငွေကြေး သုံးသောင်းကျော်ကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။

"ဒါ အရာရှိဝူကိုယ်တိုင် ကြိုတင်စိုက်ထုတ်ထားတဲ့ ငွေတွေလား။ ဘာလို့ မထုတ်ယူရသေးတာလဲ"

ယခင်က ချင်းကျန့်ယုံမှာ လက်မှတ်ရေးထိုးပေးရန် ငြင်းဆန်ခဲ့သဖြင့် ဝူကျိရှန်းမှာ ထိုငွေကို မရရှိခဲ့ပေ။ ကျိုးဟောက်ရန်မှာ ရောက်လာသည်နှင့် ထိုငွေကို ချက်ချင်း ထုတ်ယူရန် ခွင့်ပြုပေးလိုက်၏။

"ဒါ မင်းရဲ့ငွေပဲ၊ ဘာလို့ ရှက်နေရမှာလဲ"

ကျိုးဟောက်ရန်က ရယ်မောရင်း ပြောသည်။

"ငါလည်း အရင်က ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရှန်ရှီးဌာနမှာသမား‌တော်တစ်ယောက်အနေနဲ့ လုပ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ဒီငွေတွေကို ငါကိုယ်တိုင် ခွဲဝေပေးခဲ့တာ။ အခုထိ မထုတ်ရသေးတာကိုတော့ မယုံနိုင်ဘူး။ချင်းကျန့်ယုံ ဆိုတဲ့လူတော့ တကယ်ကို ဆိုးတာပဲ"

ကျိုးဟောက်ရန်မှာ အဆင့်ငါးအရာရှိတစ်ဦး ဖြစ်သော်လည်း အဆင့်ခြောက်ရာထူးသာရှိသည့် ဤဌာနသို့ ရောက်ရှိလာခြင်းမှာ ရာထူးလျော့ကျခံခဲ့ရခြင်း ကြောင့်ဖြစ်သည်။

သို့သော် သူသည် စိတ်ဓာတ်ကျမနေဘဲ အလွန်ပင် ရွှင်လန်းတက်ကြွနေ၏။ ဝူကျိရှန်းမှာမူ ဤမျှ လိုလိုလားလား ကူညီပေးသည့် အကြီးအကဲသစ်ကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။

"ဌာနမှူးကျိုး၊ ဒီလောက်အထိ ဂရုစိုက်ပေးတာကို ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ပါဘူး"

"အရာရှိအချင်းချင်းပဲ၊ တစ်ယောက်ကို တစ်ယောက် ကူညီရမှာပေါ့"

ထိုသို့ ပြောဆိုနေစဉ်မှာပင် တရားဝင်အမိန့်တစ်ခု ရောက်ရှိလာသည်။ ကျိုးဟောက်ရန်သည် အမိန့်စာကို ကြည့်လိုက်ပြီး ဝူကျိရှန်းထံ ပေးကာ

"ဝူဖုန်းကု၊ ဂုဏ်ယူပါတယ်" ဟု ဆိုလိုက်၏။

ဝူကျိရှန်း အမိန့်စာကို ဖတ်ကြည့်လိုက်ရာ သူ၏ ရာထူးတိုးမြှင့်ခြင်းစာ ဖြစ်ကြောင်း သိလိုက်ရသည်။

"...ဝူကျိရှန်းအား အဆင့်ငါးသမားတော် ရာထူးသို့ ချက်ချင်း ခန့်အပ်လိုက်သည်..."

ဝူကျိရှန်းမှာ အုလုမျိုးနွယ်စု၌ ကြီးမားသော အောင်မြင်မှု ရရှိခဲ့သဖြင့် နန်းတော်မှ ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူရရှိလိုက်သော ရာထူးမှာ ကျိုးဟောက်ရန်၏ ယခင်ရာထူးဖြစ်နေ၏။ ကျိုးဟောက်ရန်မှာ ရာထူးလျော့ကျပြီး ဤနေရာသို့ ရောက်လာသလို၊ ဝူကျိရှန်းမှာမူ သူ၏ ရာထူးနေရာသို့ တက်လှမ်းသွားခြင်း ဖြစ်သည်။

အရာရှိရာထူးများ လဲလှယ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။ ဤဌာနမှူးအသစ်က သူ့ကို ယဉ်ကျေးနေခြင်းမှာ အကြောင်းအရင်း ရှိနေသည်ကို ဝူကျိရှန်း ယခုမှ သဘောပေါက်လိုက်၏။

"ဌာနမှူးကျိုး မဟုတ်ပါဘူး၊ ဒါက..."

ဝူကျိရှန်း အနည်းငယ် အားနာသွားသည်။

"ဟားဟား၊ အရာရှိဝူ၊ စိတ်မပူပါနဲ့။ ဒါက နန်းတော်ရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းပဲ။ နောက်ကျရင်အရာရှိကြီးက မြို့တော်မှာ တာဝန်ထမ်းဆောင်ရတော့မှာဆိုတော့ ကျွန်တော်တို့ကိုလည်း ပြန်ပြီး ကူညီပေးပါဦး"

ကျိုးဟောက်ရန်က ရယ်မောရင်း ပြော‌ လေသည်။

ကျိုးဟောက်ရန်မှာ အလွန်ပင် သဘောကောင်းပြီး ရာထူးနေရာကို ပေးအပ်ရန် အဆင်သင့် ဖြစ်နေ၏။ ဝူကျိရှန်းမှာ အမြန်ဆုံး သွားရောက် တာဝန်ထမ်းဆောင်ရန် လိုအပ်နေသဖြင့် အိမ်ပြန်ပြီး ပြင်ဆင်ရန်သာ ရှိတော့သည်။ ကျိုးဟောက်ရန်မှာ ဝူကျိရှန်းကို ဌာန၏ အပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးရင်း ပြုံးပျော်စွာ ကြည့်ကျန်ရစ်ခဲ့လေသည်။

*********