← Chapters

အခန်း ၁၆၉

Vol. 16 Ch. 169

အခန်း ၁၆၉

Vol. 16 Ch. 169

အခန်း (၁၆၉) - ဒါကြောင့်ကိုး

ဝူကျိရှန်းမှာနှစ်ရက်တိုင်တိုင် ပစ္စည်းများ သိမ်းဆည်းပြီးနောက်တွင် မြို့တော်သို့ သွားရောက် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်သွားလေသည်။ သူတို့၏ ပစ္စည်းများမှာ လှည်းကြီးသုံးစီးပင် ပြည့်သွားပြီး ခရီးသွားရန်အတွက်လည်း သက်တောင့်သက်သာရှိသော မြင်းရထားနှစ်စီးကို ငှားရမ်းထားလိုက်၏။

"မြို့တော် ယင်ထျန်းဆိုတာ ကောင်းကင်ဘုံလိုမျိုး အကောင်းဆုံးနေရာလို့ ကြားဖူးတယ်"

ချင်းချင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"ကမ္ဘာမှာ အစည်ကားဆုံးနေရာ ဖြစ်မှာပဲ"

"ချင်းဟွိုင်မြစ်ကမ်းနားက ရှုခင်းတွေနဲ့ ပညာရှင်တွေ စုဝေးရာနေရာဆိုတော့ တကယ့်ကို ထူးခြားတဲ့နေရာပါပဲ"

သခင်မလေးရွန့်သည် ရထားပေါ် တက်ရင်း ပြုံးကာ ပြော၏။ "

အချိန်လည်း တော်တော်လင့်သွားပြီ၊ သွားကြရအောင်"

ရထားမောင်းသူက ကြိမ်လုံးကို မြှောက်လိုက်သည့်အခါ အသံတစ်သံ ထွက်ပေါ်လာ၏။ ကျောက်ပင်တိန့် ဖြစ်သည်။ သူသည် ကျောတွင် အထုပ်ကြီးတစ်ခုကို လွယ်ထားပြီး ခရီးသွားမည့်ပုံစံဖြင့် ရောက်ရှိလာသည်။

"ကျွန်တော်လည်း မြို့တော်ကို လိုက်သမှာ၊ လမ်းကြုံ လိုက်စီးလို့ ရမလား"

"အရာရှိကျောက်၊ မြို့တော်ကို အလုပ်ကိစ္စနဲ့ သွားမလို့လား"

ချင်းချင်းက ရယ်မောရင်း မေးလိုက်၏။

ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့ ရှေ့ရထားကို စီးကြပြီး ချင်းချင်းနှင့် သခင်မလေးရွန့်မှာမူ နောက်ရထားကို စီးကြသည်။ ခရီးစတင်ချိန်တွင် ကျောက်ပင်တိန့်က ဝူကျိရှန်းကို ကြည့်ကာ ပြောလိာက်သည်။

"ကျွန်တော် မြို့တော်ကို ဘာလို့ သွားရတာလဲဆိုတာ မေးမကြည့်ဘူးလား"

"မင်းတို့ရဲ့ ထောက်လှမ်းရေးကိစ္စတွေကို မမေးတာပဲ အကောင်းဆုံးပါ"

"မမေးလဲ ကျွန်တော် ပြောပြရမှာပဲ"

ကျောက်ပင်တိန့်က ရယ်မောရင်း ပြောလိုက်၏။

"ကျွန်တော်က အမှုတစ်ခုကို ကူညီဖို့ သွားတာ။ ဒီအမှုက ခင်ဗျားနဲ့လည်း နည်းနည်း ဆက်စပ်နေတယ်"

"ငါနဲ့ ဆက်စပ်နေတယ်"

ဝူကျိရှန်းမှာ အံ့အားသင့်သွားရသည်။ သူသည် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ရာထူးမယူရသေးခင်မှာပင် မည်သည့်အမှုနှင့် ပတ်သက်နေရတာလဲ။

ကျောက်ပင်တိန့်ပြောသော အမှုမှာ ကော်ဟွမ်အမှု ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကော်ဟွမ်သည် ဒေသန္တရအရာရှိများနှင့် ပူးပေါင်းကာ ကြီးမားသော အကျင့်ပျက်ခြစားမှုများ ကျူးလွန်ထားခြင်း ဖြစ်သည်။ သူတို့သည် စိုက်ပျိုးရေးခွန်များမှသာမက မင်မင်းဆက်၏ ဘဏ္ဍာငွေသုံးပုံတစ်ပုံခန့်ကို ခိုးယူထားကြသည်။

ဆင်းရဲသားဘဝမှ လာသော ဟုန်ဝူဧကရာဇ်သည် အကျင့်ပျက်အရာရှိများကို အလွန်မုန်းတီးသူ ဖြစ်သည်။ သူသည် အရေခွံခွာခြင်းကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်များဖြင့် အကျင့်ပျက်ခြစားမှုကို နှိမ်နင်းလေ့ရှိ၏။ ကော်ဟွမ်အမှုမှာ ဟူဝေယုံအမှုပြီးလျှင် ဒုတိယမြောက် အကြီးဆုံး အမှုဖြစ်သည်။

လက်ရှိတွင် ကော်ဟွမ်အမှုမှာ အစပျိုးရုံသာ ရှိသေးသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနတစ်ခုလုံးမှာတော့ ပြိုလဲသွားပြီ ဖြစ်သည်။ ဝန်ကြီးနှင့် ဒုဝန်ကြီးများမှာ အသတ်ခံရပြီး အဆင့်မြင့်အရာရှိများစွာမှာလည်း ထောင်ကျသွားကြသည်။ ထိုအထဲမှ လွတ်မြောက်လာသူမှာ ဝူကျိရှန်း၏ ဌာနသို့ ပြောင်းရွှေ့လာသော ကျိုးဟောက်ရန် တစ်ယောက်သာ ရှိသည်။

"ဒါကြောင့်ကိုး၊ နန်းတော်က ငါ့ကို ရာထူးချက်ချင်း ပေးလိုက်တာ။ ဘဏ္ဍာရေးဌာနမှာ လူမရှိတော့လို့ပဲ"

ဝူကျိရှန်း သဘောပေါက်သွားသည်။

"ကျိုးဟောက်ရန်က ရာထူးလျော့ကျခံရတာတောင် ဘာလို့ ဒီလောက် ပျော်နေရသလဲဆိုတာ အခုမှ နားလည်တော့တယ်"

ဌာနတစ်ခုလုံး အမြစ်ပြတ်သွားသည့်အတွက်ကျိုးဟောက်ရန်မှာ အသက်ချမ်းသာရာ ရလိုက်ခြင်းမှာပင် ကံကောင်းလှပြီ ဖြစ်သည်။

သို့သော် ကျောက်ပင်တိန့်ကမူ

"ဒီလောက်နဲ့ ပြီးမယ် ထင်သလား။ ဒီအမှုက အခုမှ အစပျိုးရုံပဲ ရှိသေးတယ်၊ ဘယ်လောက်တောင် ခေါင်းတွေ ပြုတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

ဧကရာဇ်၏ စိတ်နေသဘောထားအရ အကျင့်ပျက်အရာရှိအားလုံးကို အမြစ်ပြတ် ချေမှုန်းမည်မှာ သေချာသည်။ ထို့ကြောင့် ဝူကျိရှန်းမှာလည်း ထိုအချိန်တွင် အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

"အရာရှိအများစုက ပြစ်မှုကျူးလွန်ထားကြတော့ မြို့တော်က ကျင်းယီဝေတွေနဲ့ မလောက်ငှတော့ဘူး။ ဒါကြောင့် နယ်တွေက အရာရှိတွေကို ခေါ်ယူပြီး စစ်ဆေးခိုင်းတာ။ ကျွန်တော်ကတော့ ဝန်ထမ်းရေးရာဌာနကို သွားပြီး စစ်ဆေးရမှာ"

ဝူကျိရှန်းမှာ ဤစနစ်ကို အပြည့်အဝ ထောက်ခံသည်။ အပြစ်ရှိသူများကို လျော့ပေါ့ပေးရန် မသင့်တော်သလို ပြင်းထန်သော အရေးယူမှုများဖြင့်သာ အကျင့်ပျက်ခြစားမှုကို တားဆီးနိုင်မည် ဖြစ်သည်။ ဤခရီးမှာ သာမန်ခရီးတစ်ခု မဟုတ်ဘဲ အရေးကြီးသော တာဝန်တစ်ခု ဖြစ်လာတော့မည် ဖြစ်၏။

ပြည်သူလူထု၏ အသက်ရှင်ရပ်တည်မှုကို လျစ်လျူရှုပြီး ငွေကြေးကို နည်းလမ်းမျိုးစုံဖြင့် အနိုင်အထက် ညှစ်ယူနေကြသည့် အဆိုပါ အကျင့်ပျက်အရာရှိများကို မသတ်ဘဲ နှစ်သစ်ကူးပွဲတော်အတွက် အသက်ရှင်ခွင့်မပေးနိုင်‌ပေ။

အကျင့်ပျက်ခြစားနေသော အရာရှိများကို ကိုင်တွယ်ရာတွင် သနားညှာတာမှု လုံးဝ မရှိသင့်ပေ။ ၎င်းတို့ကို ထိရောက်စွာ ကိုင်တွယ်ရှင်းလင်းနိုင်ရန်အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးရမည် ဖြစ်သည်။

********

All Chapters