← Chapters

အခန်း ၄၅၀၁

Vol. 225 Ch. 4501

အခန်း ၄၅၀၁

Vol. 225 Ch. 4501

အပိုင်း (၄၅၀၁) ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီး ပေါ်လာပြီ

မြေကြီးက တုန်ခါလာပြီး ဝင်္ကပါက ယိမ်းယိုင်လာပြီး ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုကို ခံစားလိုက်ရတဲ့ အတိုင်းပါပဲ။

ဒါက နံပါတ်ကိုး ဘုရင်နဲ့ တခြားသူတွေကို အံ့အားသင့် သွားစေတဲ့အပြင် လင်းဟန်တောင် အနည်းငယ် အံ့သြသွားခဲ့တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။ သူ ဘာမှမလုပ်ဘူးလေ။

ဝုန်း ဝုန်း ဝုန်း။

ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပေါက်ကွဲမှုတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ပေါ်လာပြီး သူတို့တွေနဲ့ နီးသထက် နီးလာခဲ့ပြီး တစ်စုံတစ်ယောက်က အထဲကို အတင်းအကျပ် ဝင်လာတဲ့ အတိုင်းပါပဲ။

ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ပါဘူး။ အချိန်ခဏလေး အတွင်းမှာ သူတို့ကို လွှမ်းခြုံထားတဲ့ အလင်းတန်းရဲ့ နောက်ဆုံးအလွှာ ပျက်စီးသွားပြီး မျက်ခုံးမွှေးဖြူ၊ မုတ်ဆိတ်မွှေးတွေ ဖြူနေတဲ့ အဘိုးကြီး တစ်ယောက် ပြေးဝင်လာတယ်။

“ဟက်ဟက်ဟက် အရိပ်လ ဆန်းကြယ်အင်ပါယာက ကောင်စုတ်လေးတွေ ငါ ပြန်လာမယ်လို့ ဘယ်တုန်းကမှ မတွေးမိကြဘူး မဟုတ်လား”

အဘိုးကြီးက ကျယ်လောင်စွာ ရယ်မောပြီးတော့ ဘဝမြင့်တဲ့ ပုံစံမျိုး တစ်ခု ပေါ်နေတယ်။

ဒါက။

ဒီအဘိုးကြီးကို မြင်တော့ အရိပ်လ ဆန်းကြယ် အင်ပါယာရဲ့ လက်ရွေးစင်တွေ အားလုံး အံ့အားသင့်တဲ့ အမူအရာတွေ ဖြစ်ကုန်တယ်။

သောက်ကျိုးနည်း။ ဒါက မိုးပြာနဂါးဆန်းကြယ် အင်ပါယာရဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးပဲ။

လင်းဟန်လည်း အရမ်းကို အံ့အားသင့် သွားခဲ့တယ်။ ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက တကယ်ပဲ ပြန်ထွက်ပေါ်လာရဲလိမ့်မယ်လို့ သူ မတွေးထားခဲ့မိဘူး။

ဒီကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက အပြည့်အ၀ ပြန်ကောင်းမွန်ခြင်း မရှိသေးတာကိုတော့ သူ သေချာတွေ့ရပါတယ်။ သူ့ဒဏ်ရာတွေကို ဖိနှိပ်ထားတဲ့ ပုံစံပါပဲ။

သူ့ကို ဘယ်သူက ကူညီပေးတာလဲ။

ဒီကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်ကြီးက သူ့ဘာသာသူ ဒါကို လုပ်နိုင်မယ်လို့တော့ လင်းဟန်က မထင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကတည်းက ဒီဒဏ်ရာတွေကို သူက ကုသနိုင်စွမ်း မရှိခဲ့ဘူး။ ဒီတော့ ထွက်ပြေးသွားပြီးတဲ့ နောက်မှာ အချိန်တိုတို အတွင်း ဘယ်လိုလုပ် ကုသနိုင်မှာလဲ။

ဒါကြောင့် သူက တစ်စုံတစ်ယောက် ဒါမှမဟုတ် အင်အားစု တချို့ရဲ့ အကူအညီကို ရရှိထားခဲ့တာ ဖြစ်ရမယ်။

“ခင်ဗျားက တကယ် မသေသေးဘူးပေါ့”

နံပါတ်ကိုး ဘုရင်က အံ့ကိုကြိတ်ကာ ပြောလိုက်တယ်။ သူ့မျက်နှာပေါ်မှာ အရမ်းကို ကြောက်ရွံတဲ့ အမူအရာတစ်ခု ရှိနေတယ်။

အဲဒီအချိန်တုန်းက ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားတာကို အခွင့်ကောင်းယူပြီး သူတို့က ထောင်ချောက်တစ်ခု ဆင်ထားပြီးတော့ အဲဒီအတွက် သူတို့က ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးကို သူ့ဒဏ်ရာတွေ ထပ်တိုးလာတဲ့ အထိ ကံကောင်းထောက်မပြီး တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်။

ပထမတော့ တကယ်လို့ ဒီကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် မသေသွားခဲ့ဘူးဆိုရင်တောင် စကြဝဠာရဲ့ ထောင့်တစ်နေရာမှာ သူ့ဒဏ်ရာတွေကို ကုသနေလောက်တယ်လို့ သူက ထင်ထားခဲ့တယ်။ ဒါပေမဲ့လည်း ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ရုတ်တရက် သူ့တံခါးပေါက် အရှေ့ကို ပြေးဝင် ရောက်ရှိလာလိမ့်မယ်လို့ မတွေးထားခဲ့မိပါဘူး။

သူက သူ့စွမ်းရည်တွေ အကုန်လုံး ပြန်ကောင်းမွန်လာတဲ့ အတိုင်းပဲ။

ဒါက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီးတော့ ဂိုဏ်းအရှင်သခင် အဆင့်ကို အကြွင်းမဲ့ ဖိနှိပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့က ဘယ်လို ခုခံကာကွယ်ရမှာလဲ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူ။ အခု ငါ ပြန်လာပြီ။ မင်းတို့ဗကာင်တွေလည်း သေလို့ရပြီ”

သူက အရမ်းကို ဝင့်ကြွားနေတယ်။ ပထမတော့ သူက ဒီဘဝမှာ လက်စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးနေခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူက ဒီနေရာကို ပြန်ရောက်လာပြီး လွှမ်းမိုးဗိုလ်ကျတဲ့ ခွန်အားနဲ့ သက်ရှိအားလုံးကို ငုံ့ကြည့်နေပြီ။

“သွားစို့။ သွားစို့။ သွားစို့”

နံပါတ်ကိုး ဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ သူတို့တွေမှာ ဂိုဏ်းအရှင်သခင်အဆင့် ဆယ့်ငါးယောက်ပဲ ရှိနေတာကို အသာထား တကယ်လို့ သူတို့ရဲ့ အရေအတွက်က ဆယ်ဆလောက် ပိုများနေရင်တောင် ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

ကြီးမြတ်သော အရှင်သခင်အဆင့်က ဂိုဏ်းအရှင်သခင် အဆင့်တွေကို ချေမွပစ်နိုင်ပြီး ဒါက သိုင်းပညာရပ်တွေရဲ့ အမှန်တရား ဖြစ်ပါတယ်။

“ထွက်ပြေးချင်နေတာလား”

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။ သူ ပေါ်လာပြီ ဆိုမှတော့ ဘယ်လိုလုပ်ပြီး အရိပ်လ ဆန်းကြယ် အင်ငပါယာရဲ့ လူတွေကို ထွက်ပြေးသွားခွင့် ပြုလိမ့်မှာလဲ။

သူက လှုပ်ရှားလိုက်ပြီး နံပါတ်ကိုး ဘုရင်နဲ့ တခြားသူတွေကို လက်နဲ့ လှမ်းဖမ်းလိုက်တယ်။

ဝုန်း။ သူ့လက်ဝါးက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားပြီး မျက်စိတစ်ဆုံးထိ မြင်နိုင်ပါတယ်။

သူက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်တယ်။

ဒါပေမဲ့လည်း သူ့တိုက်ကွက်ကို ထုတ်လိုက်ပြီး မကြာခင် ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက သူ့ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာတာ မဟုတ်တဲ့အပြင် သူ့ခွန်အားကလည်း ပြန်လည်ကောင်းမွန်လာဖို့ အဝေးကြီး လိုသေးတယ် ဆိုတာကို လင်းဟန်က တွေ့လိုက်ရတယ်။ အခု ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးမှာ ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ပိုင်း အဆင့် တိုက်ပွဲစွမ်းရည်ပဲ ရှိပါတယ်။

ဒါပေမဲ့လည်း ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ကို ဖိနှိပ်ဖို့က ကြီးမြတ်သော အရှင်သခင် အဆင့် တစ်ပိုင်း တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ဟာ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။ နောက်ပြီး လင်းဟန်က ဘယ်လောက်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်နေပါစေ လက်ရှိ သူ့အနေနဲ့ ဒီဟာနဲ့ နှိုင်းယှဉ်ဖို့ သူ့တိုက်ပွဲစွမ်းရည်က မလုံလောက်သေးပါဘူး။

ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက အားမာန်ပြည့်ဝစွာ တိုက်ခိုက် လာခဲ့တယ်။ ဖောက် ဖောက် ဖောက်။ သူက မုန်းတီးမှုတွေနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်မှု တစ်ခုတည်းနဲ့ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ မိနစ်အနည်းငယ် အတွင်းမှာ နံပါတ်ကိုး ဘုရင် အပါအဝင် ဂိုဏ်းအရှင်သခင်အဆင့် ဆယ့်ငါးယောက်လုံး အသတ် ခံလိုက်ရပါတယ်။

“ဟားဟားဟား”

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက သူ့ကိုယ်သူ အရမ်းကျေနပ်အားရ နေခဲ့တယ်။ သူက နောက်ဆုံးတော့ လက်စားချေခွင့် ရခဲ့ပြီ။

အခု သူက အရိပ်လဆန်းကြယ် အင်ပါယာရဲ့ ဧကရာဇ်အိုကြီးကိုပဲ သတ်ရတော့မယ်။ ဒါဆိုရင် သူက လုံးဝကို လက်စားချေလိုက်နိုင်ပါပြီ။

“အမ်”

သူက လင်းဟန်ဆီကို လှမ်းကြည့်လိုက်တယ်။ ပုံမှန်မဟုတ်ပဲ ငယ်ရွယ်တဲ့ လူငယ်ဂိုဏ်းအရှင်သခင် အဆင့် တစ်ယောက်။

သူက တကယ်ပဲ ငယ်ရွယ်လွန်းတယ်။ သူ့အသက်ဓာတ် မီးတောက်က ပြင်းထန်စွာ တောက်လောင်နေပြီး အများဆုံး သူက အသက် ရာဂဏန်း အနည်းငယ်ပဲ ရှိပါလိမ့်မယ်။

သူ အသက် ရာဂဏန်း အချိန်တုန်းက ဘယ်ကျင့်ကြံခြင်း အဆင့်ကိုပဲ သူ ရောက်ခဲ့သေးလဲ။

ဆေးကျိုအိုး သန့်စင်ခြင်း အဆင့်လား။ ဒါမှမဟုတ် ပင်မဝင်္ကပါအဆင့်လား။

သူက မနာလိုမှုတွေနဲ့အတူ ပြည့်လာခဲ့မိတယ်။ သူက ကံကောင်းထောက်မပြီး မသေသေးပေမဲ့ သူ့အသက်ဓာတ်က ညံ့ဖျင်းလွန်းနေပါပြီ။ သူ့ဒဏ်ရာတွေ ကုသလို့ ကောင်းမွန်သွားခဲ့မယ် ဆိုရင်တောင် သူ့အတွက်တော့ ဒီဘဝမှာ သူတော်စင် အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။

ဒါပေမဲ့ သူ့အရှေ့က ဒီကောင်လေးကတော့ အကန့်အသတ်မဲ့ ဖြစ်နိုင်ချေတွေနဲ့အတူ ပြည့်နေခဲ့တယ်။

“ကောင်လေး မင်း ဘယ်သူလဲ”

သူက မေးလိုက်ပြီး သူ့လေသံက အမိန့်သ့တွေနဲ့ ပြည့်နေခဲ့တယ်။

ဒါတော့ မတတ်နိုင်ဘူး။ သူက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။

လင်းဟန်က တည်ငြိမ်စွာ ပြုံးလိုက်တယ်။

“ဒါက ခင်ဗျားရဲ့ အလုပ် မဟုတ်ဘူး”

ဟင်။ အရမ်းကို ကြမ်းတမ်းတာပဲ။

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အံ့အားသင့် သွားခဲ့တယ်။ ဒီကောင်လေးက တကယ်ပဲ သူ့ကို အခုလိုမျိုး ပြန်ပြောရဲတယ်လား။

ဒါက သဘာဝကျပါတယ်။ သူက အစ်ကိုမျောက်ကို ဖိနှိပ်ထားခဲ့တာကြောင့် လင်းဟန်က သူ့အပေါ်မှာ ဘယ်လိုလုပ် စိတ်ကောင်း ရှိနေနိုင်မှာလဲ။

“မင်းက တကယ်ကို သေချင်နေတာပဲ”

ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက နှာခေါင်းရှုံ့ပြီးတော့ ချက်ချင်းပဲ လင်းဟန်ကို ဖိနှိပ်ဖို့ လှုပ်ရှားလိုက်တယ်။

ဝှစ်။ လင်းဟန်က ကြယ်တာရာ ခြေလှမ်းတွေကို သုံးလိုက်ကာ လင်းရှီနဲ့ ဖူထိုက်ရှင်းကို သူနဲ့အတူ ခေါ်လာတယ်။ ချက်ချင်းပဲ သူတို့က လရောင်ခြယ်ဂြိုလ်ရဲ့ တခြားဘက်ခြမ်းကို ရောက်လာခဲ့တယ်။ အဲဒီနောက် သူက သူတို့ကို တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါကို တန်းပြီးတော့ သုံးကာ နတ်ဘုရားပင်လယ်ဂြိုလ်ဆီကို ပြန်သွားခိုင်းလိုက်တယ်။

ဒါတွေ လုပ်ပြီးတဲ့ နောက်မှာ သူက ကြယ်တာရာ ခြေလှမ်းတွေကို သုံးပြီးတော့ ငွေလရောင် သင်တန်းကျောင်းဆီကို ပြန်လာခဲ့တယ်။

ဒါကိုမြင်တော့ ကြီးမြတ်သော အရှင်သခင်အိုကြီးက မျက်မှောင်ကြုတ် လိုက်မိတယ်။ လင်းဟန်က ပေါ်လိုက် ပျောက်လိုက်က အရမ်းကို လျင်မြန်ကာ သူတောင်မှ လင်းဟန်ရဲ့ လှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းလို့ မရနိုင်ခဲ့ဘူး။

ဒါက ဘယ်လို ကိုယ်ဖော့သိုင်း နည်းစနစ်လဲ။ ဒါက အရမ်းကို ထူးဆန်းလွန်းတယ်။

“လက်စသတ်တော့ မင်းက ထူးဆန်းတဲ့ ကိုယ်ဖော့သိုင်းကို တတ်မြောက်ထားတာပဲ။ ဒါကြောင့် မင်းက ငါ့အရှေ့မှာ မလေးမစားလုပ်နေတာ မထူးဆန်းတော့ဘူး”

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။

“ဒါပေမဲ့ ငါက မင်းကို တကယ် သတ်ချင်တယ်ဆိုရင် မင်း ဘယ်နေရာကို ထွက်ပြေးလွတ်မြောက် နိုင်မှာလဲ”

သူက နောက်တစ်ကြိမ် လှုပ်ရှားလိုက်တယ်။

ဒီတစ်ကြိမ်တော့ ဧရာမ လက်ကြီးက ဧရိယာ အကျယ်ကြီး တစ်ခုကို ဖုံးလွှမ်းသွားခဲ့တယ်။

လင်းဟန်က သူ့လက်သီးတွေကို ဝှေ့ယမ်းကာ တုံ့ပြန်ခဲ့တယ်။

“အယုတ်တမာ အဘိုးကြီး ခင်ဗျားကို ကျုပ်က ကြောက်နေမယ်လို့ တကယ် ထင်နေတာလား”

စောစောတုန်းက သူ့သမီးနဲ့ သမက်ကို ဒီအရှုပ်အထွေးထဲ မပါစေချင်တာကြောင့် ရှောင်သွားတာ ဖြစ်ပြီး သူက တိုက်ခိုက်ရမှာကို ကြောက်နေတာ မဟုတ်ဘူး။

လင်းဟန်က တကယ်ပဲ သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲတာကို မြင်လိုက်တော့ ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ဒေါသထွက်သွားမိတယ်။ ဒါက သူ့ကို အကြီးအကျယ် မလေးစားမှု တစ်ခု ဖြစ်တယ်။

“သေစမ်းကွာ”

သူက အသာလေး နှာခေါင်းရှုံ့လိုက်တယ်။ ဘာမဟုတ်တဲ့ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်။ မင်းက မျက်စိကန်းနေတာလား။ မင်းက တကယ်ပဲ သူ့ကို ထိပ်တိုက်တွေ့ရဲတယ်ပေါ့။

ဝုန်း။

လက်သီးချက်က ဧရာမ လက်ကြီးပေါ်ကို ကျရောက်သွားပေမဲ့ ဧရာမ လက်ကြီးကို ဖောက်ထွင်းနိုင်စွမ်း မရှိခဲ့ဘူး။ အဲဒီအစား ဖိနှိပ်ခံလိုက်ရတယ်။

ဧရာမ လက်ဝါးကြီးက မြေပြင်ပေါ်ကို ရိုက်ချလာပြီး မြေကြီးကို ငလျင်လှုပ်သလိုမျိုး တုန်ခါသွား စေခဲ့တယ်။ ဝုန်း ဝုန်း ဝုန်း။ မြေအောက်ကနေ မီးတောက်တွေ ပန်းထွက်လာပြီး စွမ်းအင်တွေ စိမ့်ထွက်လာတယ်။

ဒါက သာမန်ဂြိုလ်တစ်လုံးပဲ ဖြစ်တာကြောင့် ကြီးမြတ်သော အရှင်သခင် တစ်ပိုင်းအဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို ဘယ်လိုလုပ် ခံနိုင်မှာလဲ။

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လင်းဟန် မသေသေးဘူး ဆိုတာကို သူက အာရုံခံမိနိုင်ပါတယ်။

သူက လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဟုတ်ပါတယ်။ သူက မြေပြင်ပေါ်မှာ ဧရာမ တွင်းကြီး တစ်ခု ဖန်တီးလိုက်ပေမဲ့ လင်းဟန်ကတော့ တွင်းထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေဆဲ ဖြစ်တယ်။

သောက်ကျိုးနည်း။ ဒါက အံ့သြစရာကောင်းလွန်းတယ်။

သူ့စွမ်းရည်တွေက ကြီးမြတ်သော အရှင်သခင်အဆင့်ရဲ့ အောက်ကို ကျဆင်းသွားပြီ ဆိုပေမဲ့ သူ့အတွက်တော့ ဘယ်ဂိုဏ်းအရှင်သခင်အဆင့်ကိုမဆို သတ်ဖို့ဆိုတာက အသေးအဖွဲ့ တစ်ခု ဖြစ်နေပါသေးတယ်။ ဒါကြောင့် လင်းဟန်က ဘယ်လိုလုပ် သူ့တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနိုင်ရတာလဲ။

“အယုတ်တမာ အဘိုးကြီး ခင်ဗျားမှာ ဒီထက်ပိုပြီးတော့ မရှိတော့ဘူးလား”

လင်းဟန်က တည်ငြိမ်စွာ ပြောလိုက်တယ်။ တိုက်ပွဲ မာန်သွင်းသံ တစ်ချက်နဲ့အတူ သူက တန်ပြန် တိုက်စစ် တစ်ခုကို ထုတ်ဖော်လာခဲ့တယ်။

ဝှမ်း။ လူသတ်အရှိန်အဝါ တိုက်ခိုက်မှု တရစပ် ထွက်ပေါ်လာပြီး အညှာအတာကင်းမဲ့စွာ ထိုးနှက်လိုက်တယ်။

ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ခပ်အုပ်အုပ် တစ်ချက် ညည်းတွားလိုက်မိတယ်။ သူ့ခေါင်းကို အပ်ချွန်ချွန် တစ်ချောင်းနဲ့ ထိုးစိုက်နေသလိုမျိုး ခံစားရပြီးတော့ အရမ်းကို နာကျင်ပါတယ်။

ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ လူငယ်လဲ။ နတ်ဘုရားအာရုံ တိုက်ခိုက်မှုက တကယ်ပဲ သူ့ပေါ်မှာ သက်ရောက်မှု ရှိနေတယ်။

သူက သူ့နတ်ဘုရားအာရုံကို အလျင်အမြန်ပဲ ဖြန့်ကျက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်တယ်။ အဲဒီနောက် လင်းဟန်ရဲ့ တိုက်ခိုက်မှုကို တန်ပြန်ဖို့ တိုက်ကွက်တစ်ကွက်ကို ထုတ်လိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုပုံစံနဲ့ သူ့တိုက်ပွဲစွမ်းရည်ကို အကြီးအကျယ် သက်ရောက်မှု ရှိသွားခဲ့တယ်။

ဝုန်း။

သူတို့နှစ်ယောက်က တိုက်ကွက်တစ်ကွက် ဖလှယ်ပြီးတော့ လင်းဟန်က နောက်တစ်ကြိမ် လွင့်ထွက် သွားခဲ့ပေမဲ့ သူ့အရေးနိမ့်မှုက အရမ်းမသိသာတော့ဘူး။

“မင်းက တကယ့်ကို အံ့သြစရာကောင်းတာပဲ”

ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက ခက်ထန်စွာ ပြောလိုက်တယ်။ သူက လင်းဟန်ဆီကို ဒေါသတကြီး တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော်လိုက်တယ်။ သူ့လက်ဝါးတွေက ပုဆိန်တွေနဲ့ တူပြီးတော့ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ကွဲအက်သွားစေတော့မဲ့ အတိုင်းပဲ။

တကယ်တော့ သူ့တိုက်ခိုက်မှုက လရောင်ခြည်ဂြိုလ်ပေါ်ကို အရမ်းကြီးမားတဲ့ သက်ရောက်မှု တစ်ခု ဖြစ်စေပါလိမ့်မယ်။ ကြီးမြတ်သော အရှင်သခင် တစ်ပိုင်းအဆင့် တစ်ယောက်က တကယ်ပဲ အရမ်းကို အစွမ်းထက်လွန်းတယ်။

ဒါပေမဲ့လည်း လင်းဟန်ကတော့ မကြောက်သေးပါဘူး။ ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ဆယ်ကိုပဲ သုံးနိုင်ပြီး သူ့ထက် သန်မာတယ် ဆိုပေမဲ့ ဒါက သူ့ကို တိုက်ခိုက်ဖို့ မဝံ့မရဲ ဖြစ်စေနိုင်အောင် လုပ်ဖို့အထိတော့ မလုံလောက်သေးပါဘူး။

နောက်ပြီးတော့ သူ့မှာ ဝှက်ဖဲတွေ မရေမတွက်နိုင်အောင် ရှိတာကြောင့် သူက မကြောက်ပါဘူး။

ဟုတ်တယ်။ သူက တစ်ဖက်လူကို သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းရဲ့ လမ်းကြောင်းကို သွန်းလုပ်ဖို့ အသုံးချနိုင်ပါတယ်။

လင်းဟန်က ဟန်လက်သီးတွေကို အသုံးပြုခဲ့တယ်။ လက်သီးဆန္ဒက ပေါက်ကွဲထွက်လာပြီး လက်သီးချက်တိုင်းဟာ မယုံနိုင်အောင် လွှမ်းမိုးဗိုလ်ကျနေခဲ့တယ်။

Chapter 4501 end

All Chapters