အခန်း ၄၅၀၂
Vol. 225 Ch. 4502
အပိုင်း (၄၅၀၂) အင်ပါယာကလန်ရဲ့ ပါဝင်မှု
လင်းဟန်က အရမ်းကို သန်မာပေမဲ့ ကြီးမြတ်သော အရှင်သခင်အဆင့်က ပိုပြီးတော့တောင် သန်မာပါတယ်။
သူက ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်တာကြောင့် တကယ်လို့ သူ့မှာ ကြီးမြတ်သော အရှင်သခင် တစ်ပိုင်းအဆင့် ခွန်အားပဲ ရှိနေရင်တောင် ဒါဟာ လေလုံးထွားမှု တစ်ခု သက်သက်တော့ မဟုတ်ခဲ့ဘူး။
ဒါပေမဲ့လည်း ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက တကယ်လို့ လင်းဟန်ကို သတ်ချင်တယ် ဆိုရင်တော့ သူဟာ အိပ်မက်မက်နေတာပဲ ဖြစ်ပါလိမ့်မယ်။ စွမ်းရည်တွေနဲ့ ပတ်သက်ရင် သူတို့နှစ်ယောက် အကြားမှာ ကွာဟချက်က များများစားစး မရှိပဲ လင်းဟန်မှာ ဝှက်ဖဲတွေကလည်း မရေမတွက်နိုင်အောင် ရှိနေခဲ့တယ်။ နောက်ပြီး တကယ်လို့ သူက စွမ်းအင် ကျောက်စိမ်းတုံးကို ထုတ်လိုက်ရင် ဒီအဘိုးကြီးကို လုံးဝကို တစ်ပတ်ရိုက် လှည့်စားပစ်နိုင်စွမ်း ရှိပါတယ်။
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက တိုက်ခိုက်ရင်းနဲ့ ပိုပိုပြီးတော့ အံ့အားသင့် လာခဲ့တယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ရှိနေနိုင် ရတာလဲ။
ဒါက အရမ်းကို သန်မာလွန်းတယ် မဟုတ်လား။
“ဟက် ဘိုးဘိုးစွန်း လာပြီ”
ခက်ထန်တဲ့ ရေရွတ်သံ တစ်ခုနဲ့အတူ မိုးကောင်းကင်ကနေ တုတ်အရိပ်တစ်ခု ဆင်းသက်လာပြီး ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးရဲ့ ခေါင်းကို ရိုက်ချလာခဲ့တယ်။
အစ်ကိုမျောက်လာပြီ။
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လရောင်ခြည်ဂြိုလ်မှာ တကယ်ပဲ ကြီးမြတ်သော အရှင်သခင် အဆင့် လက်ရွေးစင် တစ်ယောက် ရှိနေတာလား။
သူ တစ်ယောက်တည်း ရှိသင့်တာ မဟုတ်လား။
သူက ဘယ်လိုလုပ်ပြီးတော့ လင်းဟန်ကို ဂရုစိုက်နိုင်တော့မှာလဲ။ သူက အလျင်အမြန် နောက်ကို ဆုတ်ပြီးတော့ ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိခဲ့ဘူး။
သူ့လက်ရှိ ခွန်အားက ကြီးမြတ်သော အရှင်သခင်အဆင့်ကနေ ဆုတ်ယုတ်သွားတဲ့ အချက်မပြောနဲ့ တကယ်လို့ သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲ ရှိမယ် ဆိုရင်တောင် သူက အစ်ကိုမျောက်အတွက် ပြိုင်ဘက် တစ်ယောက် ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
အစ်ကိုမျောက်ဆိုတာ ဘယ်သူလဲ။
သူက ရွှေရောင်မျိုးဆက်ကို ယှဉ်နိုင်တဲ့ ပါရမီရှိပြီးတော့ သူတော်စင် လက်နက်တစ်ခုလည်း ရှိပါတယ်။ ကြီးမြတ်သော အရှင်သခင်အဆင့် ကြယ်ကိုးပွင့်တွေတောင် ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း ရှိလိမ့်မှာ မဟုတ်ပါဘူး။ သူ့လိုမျိုး ကြီးမြတ်သော အရှင်သခင် တစ်ပိုင်း အဆင့်ထိ ဆုတ်ယုတ်သွားတဲ့ လူမျိုးဆို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
အစ်ကိုမျောက်က အကြိမ်ကြိမ် တိုက်ခိုက်လာခဲ့ပြီး ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အဆက်မပြတ် နောက်ကို ဆုတ်သွားခဲ့ရတယ်။ ဒီအတွက် ဘာသံသယမှ ရှိစရာ မလိုပါဘူး။ သူက လုံးဝကို ဖိနှိပ်ခံထားရတယ်။
“မင်းပဲ”
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အံ့အားသင့်တဲ့ အမူအရာတစ်ခု ပေါ်သွားခဲ့တယ်။ သူက အစ်ကိုမျောက်ကို မှတ်မိသွားပါတယ်။
ဒါက မခက်ပါဘူး။ အစ်ကိုမျောက်ရဲ့ ရုပ်ရည်သွင်ပြင်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် သုံးထောင် အချိန်ကနဲ့ ယှဉ်လိုက်ရင် အများကြီး ပြောင်းလဲခြင်း မရှိဘူး။ နောက်ပြီး သူ့ရဲ့ ချွန်ထက်တဲ့ ပါးစပ်၊ မျောက်နဲ့တူတဲ့ ရုပ်ရည်နဲ့ စိတ်မြန်လက်မြန်ရှိမှုက လူတိုင်းရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်နေခဲ့တယ်။
ဒါပေမဲ့လည်း ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးကို အံ့အားသင့်သွားစေတဲ့ အချက်က နှစ်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာ အစ်ကိုမျောက်က ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်လာခဲ့တဲ့ အချက်ပါပဲ။
လဗြွတ်။ ကျင့်ကြံခြင်းအဆင့်တွေရဲ့ အတားအဆီးတွေက ဘယ်မှာလဲ။
ကျင့်ကြံခြင်းအဆင့်ရဲ့ အတားအဆီးဆိုတာက ဟာသတစ်ခုနဲ့ မရှိဘူးလို့များ ထင်နေတာလား။ မင်း အဆင့်တက်ချင်တာနဲ့ပဲ အဆင့်တက်နိုင်မယ်လို့ ထင်နေတာလား။
စဉ်းစားကြည့်လေ သူက ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်အဆင့်ကို ရောက်တဲံ အချိန်က အသက် ဘယ်လောက် ရှိနေပြီလဲ။
နှစ်ပေါင်း နှစ်သောင်း ရှိနေပြီ။
သူ့အသက်က နှစ်ပေါင်း နှစ်သောင်း ရှိနေပြီး ကြီးမြတ်သော အရှင်သခင်အဆင့်ကို ချိုးဖျက် တက်ရောက်ဖို့ နှစ်ပေါင်း တစ်သောင်းခုနစ်ထောင်တိတိ အချိန်ကုန်ခဲ့တယ်။ နောက်ပြီး သူက အရမ်းကို အသက်ကြီးနေပြီ ဖြစ်တာကြောင့် သူအသက်ဓာတ်အားက အားနည်းနေပြီး သူ့ရဲ့ ပြီးပြည့်စုံတဲ့ နားလည်ဆင်ခြင်နိုင်မှု ရရှိထားတာတောင် ကျရှုံးလုနီးပါး ဖြစ်ခဲ့ရပါသေးတယ်။
ဒါကြောင့်လည်း သူက သူ့တိုက်ပွဲစွမ်းရည်ကို အပြည့်အ၀ ထုတ်ဖော်နိုင်စွမ်း မရှိခဲ့တာ ဖြစ်တယ်။ ဒီအတွက်ကြောင့် သူက တိုက်ပွဲရဲ့ နောက်ဆက်တွဲမှာ အတွင်းဒဏ်ရာကို ခံစားခဲ့ရပြီး ဒါဟာ ကြီးမားတဲ့ ကပ်ဘေးဒုက္ခတစ်ခု ဖြစ်စေခဲ့တယ်။
ဒါပေမဲ့ အစ်ကိုမျောက်ကျတော့ရော။
သူ့ကို မယှဉ်နိုင်ဘူး။ သူက မလုပ်ရဲဘူး။
လင်းဟန်က ဘေးနားကနေ ကြည့်နေတာက ပိုပြီးတော့တောင် စိတ်တိုစရာကောင်းပါတယ်။ သူက အများဆုံးမှ အသက် နှစ်ပေါင်း ရာဂဏန်း အနည်းငယ်ပဲ ရှိဦးမယ်။
ဝှစ်။ တုတ်ရိုက်ချက်က အတိုင်းအဆ အကန့်အသတ် မရှိ ကြောက်စရာကောင်းပါတယ်။
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အလျင်အမြန်ပဲ သတိပြန်ဝင်လာပြီး အစွမ်းကုန်သုံးကာ ရှောင်တိမ်းလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိခဲ့ဘူး။
တက်ယတမ်းတော့ အစ်ကိုမျောက်က သူတော်စင် လက်နက်ကို အသုံးမပြုဘူး ဆိုရင်တောင် သူက ထိပ်တိုက်ရင်ဆိုင်ရဲခြင်း ရှိလိမ့်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲစွမ်းရည်မှာ ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေတယ်။ တကယ်လို့ သူက ဒါကို ထိပ်တိုက်ရင်ဆိုင်မယ် ဆိုရင် သေချာပေါက် သေဆုံးရပါလိမ့်မယ်။
ဒါပေမဲ့လည်း လက်ရှိမှာ သူက သေမင်းခံတွင်းဝမှာ ရုန်းကန်နေရပြီး တိုက်ကွက် အနည်းငယ်တောင် ခံနိုင်ရည်စွမ်း ရှိမှာ မဟုတ်ဘူး။
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက တကယ်ပဲ ငိုချင်လာတယ်။
သူ့အတွက် ဒါဟာ လွယ်ကူခဲ့လား။
အတိတ်တုန်းက သူက ခွေးလေခွေးလွင့် တစ်ကောင်လို ထွက်ပြေးခဲ့ရတယ်။ အခု သူက နောက်ဆုံးမှာ ပြန်လာနိုင်ပြီးတော့ အောင်မြင်တဲ့ ဘဝတစ်ခုကို စံစားနိုင်စွမ်း ရှိသင့်ပေမဲ့ သူက နောက်ထပ် ဆိုးဝါးတဲ့ အရှုံးတစ်ခုကို ခံရလိမ့်မယ်လို့ ဘယ်သူ တွေးမိမှာလဲ။
သူက ခက်ထန်စွာ ပြောလိုက်တယ်။
“မျောက်စုတ် ငါက ဘယ်သူ့ အမိန့်အောက်မှာ ရှိလဲဆိုတာကို မင်းသိလား”
လင်းဟန်က ချက်ချင်းပဲ စိတ်ထဲကနေ ကျိတ်ပြီးတော့ ပြုံးလိုက်တယ်။ ထင်ထားတဲံ အတိုင်းပဲ ဒီအဘိုးကြီးက တစ်စုံတစ်ယောက်ရဲ့ အကူအညီကို ရရှိထားတယ်။
“ဘယ်ကောင်လဲဆိုတာကို ဂရုစိုက်မှာတဲ့လား။ ငါ ဘိုးဘိုးစွန်းက တုတ်ရိုက်ချက် တစ်ချက်နဲ့ အားလုံးကို အမှောက်သိပ်ပစ်မယ်”
အစ်ကိုမျောက်က သူ့စကားကို လုံး၀ လျစ်လျူရှူထားတယ်။ သူ့တုတ်ကို တစ်ချက် ဝှေ့ယမ်းပြီး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်ချင်နေတဲ့ အတိုင်းပါပဲ။
“ကျိေ၀ အင်ပါယာကလန်ကွ”
အဘိုးကြီးက ပြောလိုက်တယ်။
“ငါက ကျိေ၀ အင်ပါယာကလန်ရဲ့ အကူအညီကို လက်ခံရရှိပြီး ငါ့ဒဏ်ရာတွေကို ကုသခဲ့တယ်။ အခု ကျိေ၀ အင်ပါယာကလန်ရဲ့ အမိန့်အောက်မှာ ငါက လရောင်ခြည်ဂြိုလ်ကို ပြန်ယူပြီးတော့ ငါ့ ပိုင်နက်ကို ချဲ့ထွင်နေတာပဲ”
ဟင့် သူက အင်ပါယာကလန်ရဲ့ နာမည်ကို သုံးပြီးတော့ သူတို့ကို ခြိမ်းခြောက်နေတာလား။
သူတို့က အင်ပါယာသားတော်တွေ တော်တော်များများကိုတောင် သတ်ပစ်ခဲ့တယ်ဆိုတာ မသိဘူးလား။
“အော် ဒီလိုလုပ်လို့ ကျိေ၀ အင်ပါယာကလန်က ဘာအကျိုးအမြတ်တွေများ ရှိမှာလဲ”
လင်းဟန်က မေးလိုက်တယ်။ ကျိေ၀ အင်ပါယာ ကလန်မှာ ဘာများမရှိလို့လဲ။ သူတို့တွေက သုံးစားမရတဲ့ ဒီလိုမျိုး ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက်ကို ကူညီပေးစရာ လိုအပ်လို့လား။
“ဟမ့်။ မင်း ဘာသိလို့လဲ”
ကြီးမြတ်သော အရှင်သခင်အဆင့်အိုကြီးက အနည်းငယ် ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံ ပေါ်လာပေမဲ့ အစ်ကိုမျောက်ရဲ့ ရိုက်နှက်မှု အကြိမ်အနည်းငယ်ကို ခံပြီးတဲ့ နောက်မှာတော့ သူက ချက်ချင်းပဲ ပြန်ကျုံ့ သွားတယ်။
“ကျိဝေအင်ပါယာကလန်မှာ သူတော်စင် ဖြစ်တော့မဲ့ ကြီးမြတ်သော အရှင်သခင် အဆင့် တစ်ယောက် ရှိတယ်။ ဒါကြောင့် သူက မြင့်မြတ်မီးတောက်ကို ထွန်းညှိဖို့ ယုံကြည်မှု စွမ်းအားကို စုစည်းရမယ်”
ဒီစကားတွေကြောင့် လင်းဟန်က နောက်ဆုံးမှာ နားလည်သွားတယ်။
ကြီးမြတ်သော အရှင်သခင်အဆင့်က စတုတ္ထမြောက် အထွတ်အထိပ် အဆင့်မှာ ရှိပြီး စတုတ္ထမြောက် တိုင်လေးခုက သူ့စိတ်ဝိညာဉ်မှာ ထွက်ပေါ်လာကာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့နဲ့အတူ ချိတ်ဆက်သွားခဲ့တယ်။ ပြီးတော့ တကယ်လို့ သူက သူတော်စင် တစ်ယောက် ဖြစ်ချင်ရင် စတုတ္ထမြောက် တိုင်တွေပေါ်က မြင့်မြတ်မီးတောက်တွေကို ထွန်းညှိရလိမ့်မယ်။ ဒီနည်းလမ်းနဲ့ သူက စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ထွန်းလင်းနိုင်စေပြီး အရင်းအမြစ် အားလုံးကို သူတို့တွေ ရယူနိုင်ပါတယ်။
မြင့်မြတ်မီးတောက်ကို ထွန်းညှိဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက လူတစ်ယောက်ရဲ့ ကိုယ်ပိုင် သိုင်းပညာရဲ့ မီးတောက်ကို သုံးပြီးတော့ ထွန်းညှိရပါမယ်။ ဒုတိယ နည်းလမ်းက ယုံကြည်မှုရဲ့ စွမ်းအားကို စုစည်းပြီးတော့ ပြုစုပျိုးထောင်နိုင်တယ်။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ မြင့်မြတ်မီးတောက်ကို ထွန်းညှိတာက ပိုပြီးတော့ အစွမ်းထက်တယ်ဆိုတာ သိသာပါတယ်။ ဒါက လုံးဝကို ပြင်ပအကူအညီ မယူတာ ဖြစ်တယ်။
ဒါပေမဲ့လည်း သူတို့ကိုယ်ပိုင် စွမ်းအားနဲ့အတူ မြင့်မြတ်မီးတောက်ကို ထွန်းညှိနိုင်ဖို့ နည်းနည်းလေး လိုအပ်တဲ့ လူတွေကလည်း အမြဲတမ်း ရှိတာကြောင့် သူတို့ဟာ ယုံကြည်မှုရဲ့ စွမ်းအားကို အားကိုးရုံပဲ တတ်နိုင်ပါတယ်။
တကယ်တမ်းတော့ သူတို့ကိုယ်ပိုင် မြင့်မြတ်မီးတောက်ကို လုံး၀ ထွန်းညှိနိုင်တဲ့ လူတွေက သမိုင်းတစ်လျှောက် မဟာဧကရာဇ်တွေကလွဲရင် နေကိုးစင်း သူတေ်ာစင်လိုမျိုး အစွမ်းထက် သူတော်စင် အနည်းငယ်ပဲ ရှိတယ်။
အင်ပါယာကလန်မှာ ကျယ်ပြောတဲ့ ပိုင်နက်တွေ ရှိပြီးတော့ မရေမတွက်နိုင်တဲ့ လူတွေ အပေါ်မှာ အုပ်ချုပ်ထားကြတယ် ဆိုပေမဲ့ အင်ပါယာကလန်မှာ သူတော်စင် တစ်ပါးပဲ ရှိတာ မဟုတ်ပါဘူး။ သူတို့တွေ နောက်တစ်ဆင့် တက်လှမ်းတိုင်း ယုံကြည်မှုရဲ့ စွမ်းအား အများအပြား လိုအပ်ပါလိမ့်မယ်။ နောက်ပြီး ကံကြမ္မာလိုမျိုး အရာက အလွယ်တကူ ပြောင်းလဲပစ်နိုင်ခြင်း မရှိပါဘူး။ ဒီနေ့ ငါ ဒါကို ယုံကြည်မယ်။ မနက်ဖြန် ငါ ဟိုတစ်ခုကို ယုံကြည်မယ်။
ဒါကို ကံကြမ္မာလို့ ခေါ်တာလား။
ယုံကြည်မှုရဲ့ စွမ်းအားက သေချာပေါက် သန့်စင်ပြီးတော့ အတားအဆီးကင်းမဲ့ပါတယ်။
နောက်ပြီး မြင့်မြတ်မီးတောက်ကို တစ်ကြိမ် ထွန်းညှိပြီးတော့ အရှိန်တင်ပြီးတဲ့ နောက်မှာ ဒီယုံကြည်မှုရဲ့ စွမ်းအားက ဒီသူတော်စင်ဆီကို ချည်နှောင်သွားပြီး တခြားကြီးမြတ်သော အရှင်သခင် အဆင့်တွေ ဒါမှမဟုတ် သူတော်စင်တွေ အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး။
ဒါကြောင့် အင်ပါယာကလန်ရဲ့ ပိုင်နက်ထဲမှာ ယုံကြည်မှုရဲ့ စွမ်းအားက အနည်းနဲ့အများ ဝေစုခွဲ ပေးထားတာကြောင့် သူတို့ ပိုင်နက်ရဲ့ အပြင်ကို မျက်စိကျရုံပဲ တတ်နိုင်ပါတယ်။
ဗုဒ္ဒမျိုးနွယ်က သူတို့ကိုယ်သူတို့ နေရာအနှံ့အပြားမှာ အဆင့်တိုးနေပြီး တကယ်တမ်းတော့ ဒါဟာ ယုံကြည်မှုရဲ့ စွမ်းအားကို စုစည်းနေတာ ဖြစ်တယ်။
ဒါပေါ့။ ဒါက သေးငယ်တဲ့ လရောင်ခြည်ဂြိုလ် တစ်လုံး ဖြစ်ပြီးတော့ ကျိေ၀ အင်ပါယာကလန်ကနေ အရမ်းကို ဝေးကွာလွန်းပါသေးတယ်။ သူတို့က ခွန်အား အများကြီး စိုက်ထုတ်မှာ မဟုတ်ပါဘူး။ သူတို့က ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးကို ကယ်တင်ပြီး ဆုံးရှုံးသွားတဲ့ ပိုင်နက်ကို ပြန်လည်သိမ်းပိုက်စေကာ အင်ပါယာကလန်အတွက် ယုံကြည်မှု စွမ်းအားကို ထောက်ပံ့ပေး နိုင်တယ်။
ဘာပဲဖြစ်ဖြစ် အင်ပါယာကလန် အတွက် ကြိုးစားအားထုတ်စရာ မလိုပါဘူး။ နောက်ပြီး သူတို့က ကြီးမြတ်သော အရှင်သခင်အိုကြီးကို သူ့ဒဏ်ရာတွေ ဖိနှိပ်နိုင်အောင် ကူညီပေးတာ ဖြစ်ပြီးတော့ ဘာမှမကုန်ဘူး။
“မင်း မင်းတို့က အင်ပါယာကလန် ဒေါသထွက်မှာကို မကြောက်ဘူးလား”
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ဒေါသလည်းထွက် စိုးရိမ်လည်း စိုးရိမ်သွားတယ်။ သူက အင်ပါယာကလန် နာမည်ကို သေချာပြောပြပြီး ဘာကြောင့် အစ်ကိုမျောက်က မရပ်တာလဲ။ ပြီးတော့ လင်းဟန်ကလည်း သူ့ကို ဖျောင်းဖျဖို့ နည်းနည်းလေးမှ မကြိုးစားဘူးလား။
“ကျုပ်တို့က ဘာဖြစ်လို့ ကြောက်ရမှာလဲ”
လင်းဟန်က တစ်ချက်ပြုံးကာ မေးလိုက်တယ်။
ဒီလိုမျိုး မေးခွန်းက သူ့လိုမျိုး ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီး တစ်ယောက်ကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မသိနိုင်အောင် ဖြစ်သွားတယ်။
မင်းတို့နှစ်ယောက်စလုံး ငတုံးငအတွေလား။
ဒါက အင်ပါယာကလန်ကွ။ ကမ္ဘာကြီး တစ်ခုလုံး ကြည်ညိုလေးစားရတဲ့ ကလန်တစ်ခုပဲ။ ဘာဖြစ်လို့ ဘယ်သူကမှ မကြောက်တာလဲ။
မင်းတို့ကောင်တွေ သေမှာကို မကြောက်ဘူးလား။
ဒါပေမဲ့လည်း အစ်ကိုမျောက်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေက သူ့ရဲ့ အကြောက်တရား ကင်းမဲ့မှုကို သက်သေပြနေတယ်။ တုတ်ရိုက်ချက်တွေ တစ်ချက်ပြီး တစ်ချက် ကျလာကာ သူ့ကို သေအောင် ရည်ရွယ်ထားတယ်။
ဖူး ဖူး ဖူး။
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက သွေးတွေ အန်လိုက်တယ်။ သူ့အသက်ကို ကယ်ဖို့ သူ့အသက်အားကို လောင်ကျွမ်းကာ သူ့တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်မယ် ဆိုရင်တောင် သူက အစ်ကိုမျောက်အတွက်တော့ ပြိုင်ဘက် မဖြစ်နိုင်သေးပဲ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံနေရတယ်။
“ကျိေ၀ အင်ပါယာကလန် ရောက်လာတော့မယ်။ မင်းတို့အားလုံး သေပြီသာမှတ်”
ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက ခေါင်းမာမာနဲ့ ကြုံးဝါးလိုက်တယ်။
သူက လက်စားချေဖို့ ပြန်လာခဲ့တယ်။ အခု သူက သူ့လက်စားချေမှုရဲ့ တစ်ဝက်ကျော်လောက်ပဲ ပြီးဆုံးသေးပေမဲ့ သူ့အသက် ဆုံးရှုံးရတော့မယ်။ ဒါက သူ ဘယ်လိုမှ လက်မခံနိုင်တဲ့ အရာတစ်ခု ဖြစ်တယ်။
သူ မသေချင်ဘူး။
“ဟက်”
အစ်ကိုမျောက်က ကျယ်လောင်စွာ မာန်သွင်းပြီးတော့ သူ့တုတ်ကို ဝှေ့ယမ်းလိုက်တယ်။ သူက သူတော်စင် လက်နက်ရဲ့ အစွမ်းတချို့ကို အသက်သွင်းလိုက်တယ်။ အဆုံးအစမဲ့ အလင်းရောင်တွေ ဖြတ်သွားပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားတွေ မိုးကောင်းကင်ထက်မှာ ပြည့်သွားတယ်။
ဘန်း။
ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်အိုကြီးက ဒီတိုက်ခိုက်မှုကို တကယ်တော့ မကာကွယ်နိုင်ပဲ သူက ပြားချပ်သွားအောင် ရိုက်နှက်ခံလိုက်ရတယ်။
Chapter 4502 end