အခန်း ၄၅၀၃
Vol. 225 Ch. 4503
အပိုင်း (၄၅၀၃) နောက်ထပ် သဘာ၀ ရတနာ ပေါ်လာခြင်း
ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အစ်ကိုမျောက်ရဲ့ အတွင်းနတ်ဆိုး တစ်ယောက်လို့ သတ်မှတ်နိုင်ပြီး အစ်ကိုမျောက်ကို နှစ်ပေါင်းထောင်ချီအောင် ဖိနှိပ်ထားတာ ဖြစ်တယ်။
သူ့ဘဝတစ်ခုလုံးမှာ အစ်ကိုမျောက်က ဒီလိုမျိုး ဆုံးရှုံးနစ်နာမှု တစ်ခုကို ဘယ်တုန်းက ခံစားရဖူးလို့လဲ။
တကယ်လို့ ဒီကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးဟာ တိုက်ပွဲသူတော်စင် ဧကရာဇ် မသေသေးပဲ တိုက်ပွဲသူတော်စင် ဧကရာဇ် ရုတ်တရက် ပြန်လာမှာကို စိုးရိမ်ပူပန်နေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် အစ်ကိုမျောက်အတွက် လက်စားချေဖို့ ဖြစ်နိုင်ချေက ရှိလိမ့်မှာ မဟုတ်ပါဘူး။ သူက အစောကြီးကတည်းက တစ်စစီ ဖြစ်သွားလောက်ပြီ။
ဒါက အစ်ကိုမျောက်ကို ဒေါသထွက်စေတယ်။ ဒါပေမဲ့လည်း ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးက အစောကြီးကတည်းက ထွက်ပြေးသွားပြီး သူ ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ ဒီအဘိုးကြီးကို ဘယ်နေရာကို သွားရှာရမလဲ ဆိုတာကို မသိဘူး။
အစ်ကိုမျောက်က သူ့ကို ရှာဖွေဖို့အတွက် အဝေးကြီးကို ခရီးထွက်ခဲ့ရပြီး အခုချိန်မှပဲ အလွယ်တကူ ရှာတွေ့ခဲ့တာ ဖြစ်တယ်။
ပြောနေစရာ မလိုအောင်ပဲ လင်းရှီနဲ့ ဖူထိုက်ရှင်းတို့ ပြန်ရောက်သွားတဲ့ အချိန်မှာ ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီး ပြန်ပေါ်လာတာနဲ့ ပတ်သက်ပြီးတော့ သူ့ကို ပြောပြခဲ့တာ ဖြစ်မယ်။ အစ်ကိုမျောက်က ဘယ်လိုလုပ် သူ့ကိုယ်သူ ထိန်းထားနိုင်တော့မှာလဲ။ သူက လေဟာနယ်ကို စုတ်ဖြဲပြီးတော့ ချက်ချင်းပဲ အပြေးအလွှား ရောက်လာတာ ဖြစ်တယ်။
သူတို့က ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးကို စိတ်ထဲတောင် မထည့်ပါဘူး။ သူက ကြီးမြတ်သော အရှင်သခင် တစ်ပိုင်းမှာပဲ ရှိတာကြောင့် တကယ်လို့ လင်းဟန်မှာသာ လုံလောက်တဲ့ အချိန်ရှိမယ်ဆိုရင် သူ့ကို သေတဲ့အထိ ဖြည်းဖြည်းခြင်း တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ သူ့အတွက် စွမ်းအင်ကျောက်စိမ်းတုံးကို အားကိုးနေစရာ လိုမှာ မဟုတ်ဘူး။
ဒါပေမဲ့လည်း ကျိေ၀ အင်ပါယာ ကလန်က တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာလား။
ထားလိုက်တော့။ ဘယ်သူက ဂရုစိုက်နေမှာလဲ။
အခုဆိုရင် လရောင်ခြည်ဂြိုလ်ပေါ်မှာ လုပ်စရာ များများစားစား မရှိတော့ဘူး။ သူ့သမီးနဲ့ သားမက်ကလည်း ထွက်သွားပါပြီ။
နတ်ဘုရားပင်လယ်ဂြိုလ်ပေါ်ကို ပြန်လာပြီးတဲ့ နောက်မှာ လင်းဟန်က သူတို့ကို ကျင့်ကြံခြင်းမှာ ဆက်ပြီးတော့ လမ်းညွှန်သင်ကြား ပြသခဲ့တယ်။
ခွေးနက်ကြီးနဲ့ တခြားသူတွေကလည်း အပြေးအလွှား ရောက်လာကြတယ်။ လင်းဟန်က သူ့ရဲ့ နောက်ထပ် အကွက်ကို လုပ်ချင်တယ်ဆိုရင် ပထမဆုံး သူတို့နဲ့ ဆုံတွေ့ရပါလိမ့်မယ်။
လင်းဟန်က စကြဝဠာ ကွန်ယက်ကို ထပ်ပြီးတော့ အသုံးပြုမှာ မဟုတ်တော့ပါဘူး။ ချန်ကလန်က စကြဝဠာ ကွန်ယက်ကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်ဆိုတာ သေချာပြီးတော့ သူတို့တွေကို ယုံကြည်လို့ မရပါဘူး။ ဒါကြောင့် တကယ်လို့ သူသာ စကြဝဠာ ကွန်ယက်ထဲ ဝင်လိုက်မယ်ဆိုရင် လူတိုင်းကို သူ အသက်ရှင်နေသေးတယ် ဆိုတာကို ပြောပြလိုက်သလို ဖြစ်သွားလိမ့်မယ်။
ဒါက ရှားပါးတဲ့ အခွင့်အလမ်း တစ်ခု ဖြစ်ပါတယ်။ သူက သူသေဆုံးသွားပြီလို့ ဖန်တီးလိုက်ရုံနဲ့ သူ့ကိုယ်ကျင့်စရိုက်က ဘယ်လိုလုပ် အလျင်အမြန် ပျက်စီးသွားနိုင်မှာလဲ။
ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ခွေးနက်ကြီးနဲ့ တခြားသူတွေ ရောက်လာခဲ့တယ်။
သူတို့ကို တောင်ကိုးလုံး သူတော်စင်က ခေါ်လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီသူတော်စင်တွေက တကယ်ပဲ သူတို့ စိတ်တိုင်းကျ အမိန့်ပေးလို့ ရမယ်များ ထင်နေတာလား။
ဒါကြောင့် သူတို့က ဒီနေရာအထိ ရောက်လာအောင် အချိန်ကြာကြာ ယူခဲ့ရတယ်။
ဒီတစ်ကြိမ် မူလဇစ်မြစ်ကမ္ဘာကနေ ထွက်လာတဲ့ လူတိုင်းနီးပါး ပြန်လာခဲ့တယ်။ သူ့ရဲ့ မိတ်ဆွေဟောင်းတွေ အားလုံး ဆုံနေပြီး ဒီနှစ်တွေ အတွင်းမှာ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကာ သူတို့အားလုံး အရမ်းကို မချိတင်ကဲ ဖြစ်နေကြတယ်။
“ဟင်”
အစ်ကိုမျောက်က ကလေးခုနစ်ယောက်ကို မြင်လိုက်ရတဲ့ အချိန်မှာ သူ့မျက်လုံးတွေ ရုတ်တရက် တောက်ပသွားတယ်။
“အစ်ကိုမျောက် အစ်ကိုဘာများတွေ့လို့လဲ”
လင်းဟန်က ကလေးခုနစ်ယောက်နဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ တစ်ခုခုကို သိထားတယ်။ သူတို့က ကျင့်ကြံအားထုတ်ဖို့ မလိုပဲ သူတို့ရဲ့ စွမ်းရည်တွေက တိုးလာတယ်။
“သဘာ၀ ရတနာ”
အစ်ကိုမျောက်က ပြောလိုက်တယ်။
ဟင်။
အစ်ကိုမျောက် ဘာတွေ ပြောနေတာလဲ။
“သူတို့လား”
လင်းဟန်က ကလေးတွေကို လက်ညိုးထိုး ပြလိုက်တယ်။
အဲဒီအချိန် ကလေးခုနစ်ယောက်က သူတို့ခေါင်းတွေကို စောင်းပြီးတော့ အစ်ကိုမျောက်ကို ကြည့်ကာ ကြောက်ရွံခြင်း မရှိပါဘူး။
“ဟုတ်တယ်”
အစ်ကိုမျောက်က ခေါင်းညိတ်လိုက်တယ်။
“ကောင်းကင်ဘုံ တာအိုက တကယ့်ကို အံ့မခန်းပဲ။ ဘိုးဘိုးစွန်းက ဘူးသီးနဲ့တူတဲ့ ပစ္စည်းမျိုး နတ်ဘုရား ရတနာတွေကို အမြဲတမ်း တွေးနေတာ။ သူတို့က တကယ်ပဲ လူသားအသွင် ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိဘူး”
နေပါဦး။ အစ်ကိုမျောက် အစ်ကိုရဲ့ စောဒကတက်မှုက မမှားပါဘူး။ ဒီကလေး ခုနစ်ယောက်လုံး ဘူးသီးထဲကနေ ထွက်လာကြတာလေ။
လင်းဟန်ရဲ့ အမူအရာက မလုံမလဲ ဖြစ်နေတယ်။ ကောင်းကင်ဘုံ တာအိုရဲ့ ဖန်တီးမှုက တကယ်တော့ အကန့်အသတ် ရှိပြီးတော့ အစ်ကိုမျောက် ခန့်မှန်းချက် အတွက်တော့ အရမ်းကို တိကျတယ်။
“ထူးဆန်းတယ်။ သူတို့ကို ကြည့်ရတာ ဒဏ်ရာအမျိုးအစား တစ်ခုခု ရရှိထားသလိုပဲ။ ဒါကြောင့် သူတို့ရဲ့ မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းပြီးတော့ နောက်တစ်ကြိမ် အားမွေးနေကြတယ်”
အစ်ကိုမျောက်က ပြောလိုက်တယ်။
ကလေးခုနစ်ယောက်ကတော့ ဘာမှမသိပဲ ချစ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ပဲ ကြည့်နေကြတယ်။
လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လက်ခနဲ ပေါ်လာခဲ့ပြီးတော့ သူက ပြောလိုက်တယ်။
“အတိတ်တုန်းက နတ်ဘုရားပင်လယ်ဂြိုလ်ကြီးဟာ အခုထက် အများကြီး ကြီးမားပြီး အဆင့်အတန်းကလည်း မြင့်တယ်။ အတိတ်တုန်းက ဒီနေရာမှာ သူတော်စင်တွေ နေထိုင်ပေမဲ့ ငရဲပြည်နဲ့ ချိတ်ဆက်ထားတဲ့ အားနည်းချက် တစ်ခုလည်း ရှိနေတယ်။ အတိတ်တုန်းက ယင်ဝိညာဉ်တွေ အများကြီး ပေါ်လာပြီးတော့ သူတော်စင်တွေလည်း သေကုန်တယ်”
“ဒီကလေးတွေက အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြပုံပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးတော့ သူတို့ရဲ့ မူလပုံသဏ္ဍာန်ကို ပြောင်းဖို့ ရွေးချယ်စရာ မရှိတော့ပဲ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နောက်တစ်ကြိမ် ပြုစုပျိုးထောင်တာကို ခံယူနေတာ ဖြစ်မယ်”
အစ်ကိုမျောက်က ခေါင်းညိတ်လိုက်တယ်။
“ဒါက တကယ် ဖြစ်နိုင်ချေများတယ်”
သူက ကလေးတွေမှာ ဒီလိုမျိူး မူလဇစ်မြစ်တွေ ရှိလိမ့်မယ်လို့ မထင်မိဘူး။ လင်းဟန်ရဲ့ ခန့်မှန်း သုံးသပ်ချက်က တိကျစရာ မလိုအပ်ပေမဲ့ သူတို့အားလုံးက သဘာ၀ ရတနာတွေ ဖြစ်ပြီးတော့ လင်းဟန်ရဲ့ လက်ထဲက ပုလဲလုံးနဲ့ အဆင့်တူမှာ ရှိကြတယ်။
သူတို့တွေ မွေးဖွားလာတဲ့ အချိန်မှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအား အမျိုးအစား အစုံအလင် ရှိနေတာ မထူးဆန်းတော့ဘူး။
ဟင် သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက အမြဲတမ်း သူနဲ့အတူတူ ဖြစ်နေတယ်။ ကလေးတွေက သူ့ကို သူတို့ရဲ့ ဖခင်အဖြစ် အသိအမှတ် ပြုထားတာကြောင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအား တစ်ခုက အာနိသင် ပြသတာကြောင့်များ ဖြစ်နေမလား။
သဘာ၀ ရတနာတွေမှာဆို သူတော်စင် အဆင့်က အကန့်အသတ် ဖြစ်ပါတယ်။
ဒါကြောင့် သူက သူတော်စင် တစ်ယောက် ဖြစ်တာနဲ့ သူ့ကလေး ခုနစ်ယောက်လည်း သူတော်စင်တွေ ဖြစ်လာမှာလား။
ဒါက အံ့သြဖွယ်ရာပဲ။ သူတော်စင် ရှစ်ယောက် တပြိုင်နက်တည်း ပေါ်လာပြီး အင်ပါယာ လက်နက် တစ်ခုကို အသာထား ဒီလောက်နဲ့တင် ဘယ်အင်ပါယာကလန်ကိုမဆို ချေမှုန်းပစ်ဖို့ လုံလောက် ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ကာ သူတို့အားလုံး အရမ်းကို မျှော်လင့်တောင့်တ လာခဲ့တယ်။
သူ့မှာ ဘာမှလုပ်စရာမရှိဘူး ဆိုမှတော့ လင်းဟန်က စကြဝဠာ ကွန်ယက်ကို တစ်ခါမှ မချိတ်ဆက်ဖူးတဲ့ လူတွေအတွက် စကြဝဠာ ကွန်ယက် ကိရိယာကို ဝယ်ယူပေးကာ အရေးပါတဲ့ လေလံပွဲ တစ်ခုခု ဘယ်နေရာမှာ ကျင်းပနေလဲ ဆိုတာ သူ့အတွက် ကူညီပြီးတော့ ရှာဖွေ ခိုင်းလိုက်တယ်။
သူ့ပိုင်ဆိုင်မှုတွေထဲမှာ လူတစ်ယောက်ရဲ့ အသက်အားကို တိုးပေးနိုင်တဲ့ ရတနာ အရည် ရှိပါတယ်။ အင်း။ ခွန်အားတိုးတဲ့ အရည်လို့ ခေါ်ရအောင်။ သူက ဒီအရည်တွေကို အသက်ဓာတ် ကုန်ခါနီး ဂိုဏ်းအရှင်သခင်တွေနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် အဘိုးကြီးတွေကို ရောင်းချဖို့ စိတ်ကူးနေပြီး နတ်ဘုရားချီ ပါဝင်တဲ့ နတ်ဘုရားဆေးပင်တွေ ဒါမှမဟုတ ်ရတနာတွေနဲ့ လဲလှယ်ဖို့ စိတ်ကူးထားတယ်။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ခွန်အား တိုးတက်ဖို့ ပစ္စည်းတွေနဲ့ ရတနာတွေကို အလဲအလှယ် လုပ်နိုင်ပြီးတော့ ဒါက အရေးအကြီးဆုံး အရာကို လုပ်ဆောင်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
လင်းဟန်၊ ယန်ရီဟွမ်နဲ့ တခြားသူတွေကြောင့် ရွှေရောင်မျိုးဆက်ကို ကြီးမားတဲ့ ရိုက်ခတ်မှု တစ်ခု ဖြစ်စေခဲ့ပြီး အင်ပါယာကလန် အသီးသီးက ရွှေရောင်မျိုးဆက်ကို ပိုပြီးတော့တောင် အားစိုက်ပြီး ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါကြောင့် သူတို့က အရမ်းကို ကြီးမားတဲ့ လေလံပွဲ တစ်ခုကို ကျင်းပပြီး စကြဝဠာထဲက လူတိုင်းကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တယ်။
အင်ပါယာ ကလန်တွေရဲ့ နာမည်နဲ့ ဒီလေလံပွဲဟာ သေချာပေါက် တရားမျှတမှု ရှိစေရပြီး ကောက်ကျစ်မှု ဘာမှမရှိဘူးလို့ ကြေညာထားပါတယ်။
နောက်ပြီး မင်းက ဘယ်လိုပြစ်မှုမျိုးကိုပဲ လုပ်ထားလုပ်ထား ပါဝင်ရောင်းချဖို့ ရတနာတွေ ယူဆောင်လာခဲ့မယ် ဆိုရင်တော့ သေချာပေါက် ဘယ်သူကမှ မင်းကို ထိခိုက်အောင် လုပ်ရဲလိမ့်မှာ မဟုတ်ဘူး။
လေလံပွဲပြီးမှပဲ အရာအားလုံးကို ဆွေးနွေးနိုင်ပါတယ်။
အချိန်ကို ကြည့်လိုက်တော့ စောပါသေးတယ်။ တစ်နှစ်ကျော်လောက် လိုသေးတယ်။
အင်ပါယာကလန်တွေက မြန်မြန်မကျင်းပချင်တာ မဟုတ်ပဲ စကြဝဠာကြီးက အရမ်းကို ကြီးမားကျယ်ပြန့်လွန်းတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သတင်းတွေကို လက်ခံရရှိတာနဲ့ သူတို့တွေ အပြေးအလွှား လာမယ်ဆိုရင်တောင် သူတို့ဟာ အချိန်ဘယ်လောက် ယူရမလဲ။
တကယ်လို့ စကြဝဠာ ကွန်ယက်ရှိတယ် ဆိုရင်တောင် စကြဝဠာ တစ်ခုလုံးကို ချိတ်ဆက်ထားပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဘုံတွေမှာတော့ စကြဝဠာ ကွန်ယက်ကို ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။ တချို့က သူတို့တွေ ထွက်လာပြီးမှ သတင်းတွေ လက်ခံရရှိလိမ့်မယ်။
ဒါကြောင့် ပြင်ဆင်ဖို့ အချိန်တစ်နှစ် ပေးထားတာက အရမ်းအရမ်းကို တိုတောင်းလွန်းတယ်လို့ သတ်မှတ်နိုင်တယ်။
လင်းဟန်က သူ့လက်တွေကို ပွတ်သပ်နေမိတယ်။ သူက ဒီလိုမျိုး စုဝေးပွဲကို ပါဝင်ဖို့ သွားရမယ်။
ဒီလိုလုပ်တာက စကြဝဠာ တစ်ခုလုံးရဲ့ စွမ်းအားကို သုံးပြီးတော့ ရွှေရောင်မျိုးဆက်တွေကို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးလာအောင် ကူညီပေးတာနဲ့ တူညီတာကြောင့် သူတို့ဟာ မကြာခင်ပဲ သူတော်စင်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လင်းဟန်က သူ့ရဲ့ အချိန်အများစုကို သုံးရမယ်။ မဟုတ်ရင် ရွှေရောင်မျိုးဆက်က သူတော်စင်တွေ ဖြစ်လာရင် တကယ့်ကို ဒုက္ခများသွား ပါလိမ့်မယ်။
သူက အစ်ကိုမျောက်နဲ့အတူ ဆွေးနွေးပြီးတော့ သူတို့နှစ်ယောက်ဟာ နှစ်ဝက်ကျော် ကြာပြီးမှပဲ ထွက်ခွာဖို့ကို ဆုံးဖြတ်ခဲ့တယ်။
“အော် ဟုတ်သားပဲ”
လင်းဟန်က သူ့ကျင့်ကြံခြင်း အသီးအနားမှာ ရစ်ပတ်နေတဲ့ အနက်ရောင် ချိန်းကြိုးတွေနဲ့ ပတ်သက်ပြီး အစ်ကိုမျောက်ကို ပြောပြလိုက်တယ်။ ဒီလူက သူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက် ဖြစ်ပြီးတော့ သူကိုယ်တိုင်ကလည်း ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်တာကြောင့် အရမ်းအရမ်းကို ဗဟုသုတ ရှိလောက်ပါတယ်။
ဒါပေမဲ့လည်း ဒါကိုကြားလိုက်တဲ့ အချိန်မှာ အစ်ကိုမျောက်လည်း အရမ်းကို ခေါင်းရှုပ်သွားတယ်။ ဒါက ဘာကြီးလဲ။
“ဘိုးဘိုးစွန်း တစ်ချက်ကြည့်ကြည့်မယ်”
အစ်ကိုမျောက်က ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပဲ ကျုံ့သွားတယ်။ ဝှစ်။ သူက လင်းဟန်ရဲ့ စိတ်ဝိညာဉ်ထဲကို ဝင်သွားခဲ့တယ်။
အာ။ မင်းက ပြောပြီးတာနဲ့ ချက်ချင်းပဲ ဝင်သွားတာလား။ ငါနဲ့ အရင်ဆုံး ဆွေးနွေးရမှာ မဟုတ်လား။
လင်းဟန်က ခဏလောက် လှောင်ပြောင်ပြီးမှ သက်ပြင်းချလိုက်တယ်။ သူက ကျင်းဟောင်ရန်ရဲ့ လွှမ်းမိုးမှုကို အတော်လေး ခံနေရတာပဲ။
တော်တော်ကြာမှ အစ်ကိုမျောက်က နောက်တစ်ကြိမ် ပြန်ပေါ်လာပါတယ်။
“ညီလေး ဒီဘိုးဘိုးစွန်းလည်း မသိဘူးကွ”
အစ်ကိုမျောက်က သူ့ခေါင်းကို ခါလိုက်ပြီးတော့ အဲဒီနောက် လေးနက်စွာ ပြောတယ်။
“ဒါပေမဲ့ ငါကြောက်တာက သတင်းကောင်း မဟုတ်မှာပဲ”
“ဘာအဓိပ္ပါယ်လဲ”
လင်းဟန်က မေးလိုက်တယ်။
“ဒီချိန်းကြိုးတွေ ဘယ်လောက်ဝေးဝေးထိ သွားနိုင်လဲဆိုတဲ့ အကန့်အသတ် တစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်း အသီးက အဆက်မပြတ် ကြီးထွားလာတယ်။ ဒါကြောင့်….”
အစ်ကိုမျောက်က စကားစကို ဖြတ်လိုက်တယ်။
ဒါပေမဲ့လည်း လင်းဟန်က ကျင့်ကြံခြင်းရဲ့ အသီး ကြီးထွားလာရင် ချိန်းကြိုးတွေက မပြောင်းလဲပဲ ရှိနေတာကို နားလည်သဘောပေါက်တာကြောင့် ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိပါတယ်။ ပထမ ချိန်းကြိုးတွေ ပေါက်ကွဲသွားမယ်။ ဒုတိယက ကျင့်ကြံခြင်းရဲ့ အသီးက ထိန်းချုပ်ခံရပြီး နောက်ထပ် ကြီးထွားလာနိုင်စွမ်း မရှိတော့ဘူး။
ဒါပေမဲ့ ဒီအနက်ရောင် ချိန်းကြိုးတွေက မိုးကောင်းကင် ကပ်ဘေး တစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့တယ် ဆိုတာကို သိထားသင့်တယ်။
လင်းဟန် အဆင့်တက်တဲ့ အချိန်မှာ မိုးကောင်းကင် ကပ်ဘေးတစ်ခုက ဒီလိုမျိုး ကြီးမားတဲ့ အုတ်အုတ်ကျက်ကျက် တစ်ခုကို ဖြစ်စေခဲ့ပြီး သူက ထိခိုက်မှု နည်းနည်းမှ မခံစားရဘူး။ ဒါကြောင့် သူက ဒီအနက်ရောင် ချိန်းကြိုးတွေ အလွယ်တကူ ပေါက်ကွဲသွားမယ် ဆိုတာကို မယုံကြည်ဘူး။
Chapter 4503 end