အခန်း ၄၅၀၄
Vol. 225 Ch. 4504
အပိုင်း (၄၅၀၄) ပိုင်လိကလန်ဆီက ဧည့်သည်များ
ဒါပေမဲ့လည်း ပြဿနာ ရှိတာက တကယ်လို့ သူဟာ စတုတ္ထမြောက် အထွတ်အထိပ် အဆင့်ကို ချိုးဖျက်တက်ရောက်ချင်တယ် ဆိုရင် သူက ကျင့်ကြံခြင်းရဲ့ အသီးကို အဆုံးစွန်ထိ ကြီးထွားခွင့် ပြုရမှာ ဖြစ်ပြီးတော့ အဲဒီနောက်မှာ ကျင့်ကြံခြင်းရဲ့ အသီးက ကောင်းကင်ကို ထောက်ပံ့ပေးတဲ့ တိုင်လေးလုံး အဖြစ်ကို ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။
တကယ်လို့ အနက်ရောင် ချိန်းကြိုးတွေရဲ့ ပိတ်ဆို့ထားခြင်းကို ဆက်ခံရမယ်ဆိုရင် ကျင့်ကြံခြင်းရဲ့ အသီးက ဘယ်လိုလုပ် အဆုံးစွန်ထိ ဆင့်ကဲပြောင်းလဲလိမ့်မှာလဲ။
လင်းဟန်က ဒါကိုကြားတော့ မျက်မှောင်ကြုတ် သွားခဲ့တယ်။ သူက အရမ်းကို တစ်မူထူးခြားသူ ဖြစ်ပြီးတော့ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေကို နည်းနည်းမှ မကျူးလွန်ထားပါဘူး။ ဒါကြောင့် ကောင်းကင်ဘုံ တာအိုက သူ့ပေါ်မှာ အချုပ်အနှောင်တစ်ခု ထားပြီးတော့ သူ့ကို ဂိုဏ်းအရှင်သခင် အဆင့်မှာ ထာဝရ ပိတ်ဆို့ထားမှာလား။
ဒါက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ချုပ်နှောင်ခြင်းပဲ။
လင်းဟန်က ခဏလောက် ဒုက္ခရောက်သွားပေမဲ့ ချက်ချင်းပဲ သူ့ရဲ့ စိတ်ဓာတ်က သန်မာလာခဲ့တယ်။
“တကယ်လို့ ဒါက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အချုပ်အနှောင် ဖြစ်တော့ရော ဘာအရေးလဲ။ ငါသူတို့ကို သေချာပေါက် ချိုးဖျက်ပစ်နိုင်မှာပဲ”
“နောက်ပြီး ငါက ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်လာဖို့ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်မယ်ဆိုရင် သာမန်ကြီးမြတ်သော အရှင်သခင် အဆင့်တွေထက် မရေမတွက်နိုင်တဲ့ အဆပေါင်းများစွာ သန်မာလာမှာပဲ”
ပြီးတော့ သူက ကြီးမြတ်သော အရှင်သခင် တစ်ယောက် ဖြစ်လာပြီးတဲ့ နောက်မှာ ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်လာတဲ့ အချိန်ကထက်တောင် ပိုပြီးတော့ အံ့ဖွယ်ကောင်းပြီး သူ့ကျင့်ကြံခြင်း အဆင့် အထက်ကို တိုက်ခိုက်တဲ့ သူ့စွမ်းရည်တွေကလည်း ပိုပြီးတောင် သန်မာလာလိမ့်မယ်။
သူက မျှော်လင့်စောင့်စားမှုတွေနဲ့ ပြည့်လာခဲ့တယ်။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားနဲ့အတူ တိုက်ခိုက်ခြင်းက အဆုံးအစမဲ့ ဝမ်းသာအားရစရာ ဖြစ်တယ်။
အရိပ်လဆန်းကြယ် အင်ပါယာရဲ့ ဂိုဏ်းအရှင်သခင်အဆင့် အများစုက အသတ်ခံလိုက်ရပြီ ဖြစ်တာကြောင့် သူတို့ရဲ့ အဆင့်အတန်းတွေက အားအနည်းဆုံး အချိန်မှာ ဖြစ်နေတယ်။ ဒီလိုမျိုး အခွင့်အလမ်းကောင်း တစ်ခုနဲ့ တွေ့ရတော့ ချန်ဖေးရန်က အစ်ကိုမျောက်ရဲ့ စွမ်းအားကို ငှားမသုံးချင်ဘူး ဆိုရင်တောင် လွဲချော်သွားစေလိမ့်မှာ မဟုတ်ပါဘူး။
သူက နတ်ဘုရားပင်လယ်ဂြိုလ်ကို လွတ်လပ်လာအောင် ဦးဆောင်ပြီး လရောင်ခြည်ဂြိုလ်ကိုလည်း သူ့ရဲ့ လက်အောက်အဖြစ် သိမ်းသွင်းယူဖို့ အခွင့်အရေးကို အမိအရ ဆုပ်ယူခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က နတ်ဘုရားပင်လယ်ဂြိုလ်ဟာ လရောင်ခြည်ဂြိုလ်ရဲ့ လက်အောက်ခံ ဖြစ်ပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားကာ ချန်ဖေးရန်ကို အရမ်းပဲ ကျေနပ်အားရ စေခဲ့တယ်။
ဒါက ချန်ကလန်ရဲ့ မျှော်လင့်စောင့်စားနေရတဲ့ ရည်မှန်းချက်နဲ့ ဆန္ဒ ဖြစ်ပါတယ်။
သူက လက်အောက်ခံ ဂြိုလ်တစ်ခုကို ရယူလိုက်ပြီးတော့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ချန်ဖေးရန်က အရမ်းကို အလုပ်ရှုပ်နေပြီး အိပ်စက်ဖိုပ အချိန်တောင် မရှိခဲ့ဘူး။ သူက ရက်အနည်းငယ် ကြာတိုင်းမှာ အစ်ကိုမျောက်ကို သူ့ရဲ့ လေးစားမှုကို ပြသဖို့နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေးမှ မမေ့လျော့ခဲ့ဘူး။
ည။
ချန်ဖေးရန်က အတိတ်က အကြောင်းအရာတွေ ပြန်စဉ်းစားနေဆဲ ဖြစ်ပါတယ်။ လရောင်ခြည်ဂြိုလ် အပေါ်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားခဲ့ပြီး အင်အားစု အများအပြားရဲ့ စိတ်ဝင်စားမှုကို ရစေတဲ့ ပြဿနာတွေလည်း ပါဝင်တာကြောင့် သူက သူတို့ကို သေချာဂရုစိုက်ပြီးတော့ ကိုင်တွယ် ဖြေရှင်းခဲ့တယ်။
သူက သူတို့ကို ဖိနှိပ်ဖို့ လုံလောက်အောင် အစွမ်းထက်ပေမဲ့ သူကိုယ်တိုင် ဂြိုလ်တစ်ခုလုံးကို မအုပ်ချုပ်နိုင်ပါဘူး။ သူက လူအများအပြားရဲ့ အကူအညီကို လိုအပ်ပါတယ်။ ဒါကြောင့် သူက စွမ်းအားရဲ့ မျှခြေကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။
ဒါဟာ ဧကရာဇ် တစ်ပါးရဲ့ ပညာလို့ ခေါ်ပါတယ်။
ဟမ်။
ချန်ဖေးရန်က ရုတ်တရက် သူ့ခေါင်းကို မော့လိုက်တော့ ဘယ်အချိန်ကမှန်းမသိ နန်းတော်ထဲမှာ လူနှစ်ယောက် ပေါ်လာတာကို တွေ့မြင်လိုက်ရတယ်။
ပထမတော့ အစ်ကိုမျောက်နဲ့ လင်းဟန်လို့ သူက တွေးလိုက်ပေမဲ့ နောက်တစ်ကြိမ် ကြည့်လိုက်တဲ့ အခါမှာတော့ သူတို့နှစ်ယောက် မဟုတ်ခဲ့ပါဘူး။
သူက ဂိုဏ်းအရှင်သခင်အဆင့်ကို အဆင့်တက်ကာစပဲ ရှိပါတယ်။ ပတ်ဝန်းကျင် စကြဝဠာထဲမှာ ဒါဟာ ခွန်အား အစွမ်းထက်ဆုံး အဆင့် ဖြစ်တယ်။ သူက ဒီလိုအထွတ်အထိပ် ခံစားချက်ကို အကြာကြီး မခံစားရဘူး။ ပထမ အစ်ကိုမျောက်နဲ့ လင်းဟန်တို့ ဖြစ်ပြီးတော့ အဲဒီနောက် အခု လူနှစ်ယောက် ဖြစ်ပါတယ်။
မင်းတို့တွေ ဒီကို ငါ့မာနကို ရိုက်ချိုးဖို့ လာကြတာလား။
“မင်းတို့တွေက ဘယ်သူလဲ”
ချန်ဖေးရန်က တည်ငြိမ်စွာ မေးလိုက်တယ်။ သူက လုံးဝကို မကြောက်ပါဘူး။
ဒါက ဧကရာဇ် တစ်ပါးရဲ့ လွှမ်းမိုးတဲ့ အရှိန်အဝါ တစ်ခု ဖြစ်သလို နတ်ဘုရားပင်လယ်ဂြိုလ်ပေါ်မှာ အစ်ကိုမျောက်နဲ့ လင်းဟန်တို့ နှစ်ယောက်လုံး ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် သူတို့က ကူညီဖို့ ချက်ချင်းပဲ ပြေးလာလိမ့်မယ်။
ရုတ်တရက် ပေါ်လာတဲ့ လူနှစ်ယောက်စလုံးက သက်လတ်ပိုင်း ယောက်ျားတွေချည်း ဖြစ်ပေမဲ့ သူတို့တွေ ထုတ်လွှတ်တဲ့ အရှိန်အဝါက အရမ်းကို ကြောက်စရာကောင်းပြီး ဘယ်သူကမှ ချန်ဖေးရန်ထက် မနိမ့်ပါဘူး။
သူတို့အားလုံး ဂိုဏ်းအရှင်သခင်အဆင့်မှာ ရှိနေတယ်။
ဝတ်စုံနီနဲ့ ယောက်ျားက အရင်ဆုံး စကားပြောလာပြီးတော့ မေးလိုက်တယ်။
“ဒီတော့ မင်းက ချန်ဖေးရန်ပေါ့ ဟုတ်လား”
ဒါက အရမ်းကို မောက်မာလွန်းတယ်။
ချန်ဖေးရန်က သူ့နှလုံးသားထဲက ဒေါသမီးတောက်ကို ဖိနှိပ်လိုက်တယ်။ သူ့လက်တွေနဲ့လည်း ဖိနှိပ်တဲ့ အမူအရာတစ်ခုကို လုပ်ပြီးတော့ အစောင့်တွေကို နောက်ဆုတ်ဖို့ အချက်ပြလိုက်တယ်။ တကယ်လို့ သူတို့တွေ အရှေ့ကို တက်လာရင် ကိုယ့်ကိုကိုယ် သေကြောင်းကြံတာပဲ ဖြစ်သွားပါလိမ့်မယ်။
“ကျုပ်ပဲ”
“မင်းဖြစ်နေတော့ ကောင်းတာပေါ့”
ဝတ်စုံနီနဲ့ ယောက်ျားက ခေါင်းညိတ်လိုက်တယ်။
“ငါ့နာမည် ပိုင်လိချွမ်။ ငါက ကျိေ၀ အင်ပါယာကလန်က လာတာ”
အင်ပါယာကလန်။
ချန်ဖေးရန်ရဲ့ နှလုံးသားက တဒိတ်ဒိတ် ခုန်သွားတယ်။ သူမပြောနဲ့ မြင့်မြတ်ကုန်းမြေရဲ့ လက်ရွေးစင်တွေတောင် အင်ပါယာကလန်ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်တာနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မယ်။
ဟိုးအရင်အချိန်ကတည်းက အင်ပါယာကလန်တွေဟာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ သြဇာအာဏာကို ကိုယ်စားပြုပြီးတော့ အစွမ်းထက်ဆုံး အင်အားစု၊ အားလုံးရဲ့ အထက်မှာ ရှိတယ်လို့ လူအားလုံးက အသိအမှတ်ပြုထားကြတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ ဘယ်အင်အားစုမဆို အားနည်းလာပေမဲ့ အင်ပါယာကလန်တွေ အတွက်တော့ ချွင်းချက်တစ်ခုပဲ။
သူတို့တွေက ဒီလောကဘုံထဲက မဟုတ်တဲ့အတိုင်းပဲ။ သူတို့က အဆင့်အတန်းမြင့်မားပြီး မြင့်မြတ်ကာ စကြဝဠာရဲ့ စည်ပင်ဝပြောမှုနဲ့ ဆုတ်ယုတ်မှုတွေကို ငုံ့ကြည့်နေသလိုပဲ။
ချန်ဖေးရန်က ဒေါသထွက်သွားပေမဲ့ သူ့ဒေါသကို ဖိနှိပ်ပြီးတော့ မေးလိုက်တယ်။
“မင်းတို့နှစ်ယောက်က ငါ့ကို ဘာဖြစ်လို့ ရှာနေတာလဲ”
အစိမ်းရောင်ဝတ်စုံနဲ့လူက ချန်ဖေးရန်ကို လက်တစ်ချက် ခါပြပြီးတော့ ပြောလိုက်တယ်။
“အခုက မင်းကို ငါတို့တွေ မေးနေတာ။ ဒါကြောင့် ်မင်းက အဖြေပေးဖို့ပဲလိုတယ်”
ဒီအပြုအမှုက အရမ်းကို မောက်မာလွန်းပြီး အရမ်းကို အထင်သေးလွန်းရာ ရောက်ပါတယ်။
ချန်ဖေးရန်က ဒီအချိန်မှာ ဒေါသချောင်းချောင်း ထွက်သွားချင်ပေမဲ့ ဒီလူနှစ်ယောက်ရဲ့ နောက်ခံကို ပြန်စဉ်းစားမိလိုက်တဲ့ အချိန်မှာ သူက ဒီဒေါသကို အတင်းအကျပ် ဖိနှိပ်ထားခဲ့တယ်။
အင်ပါယာကလန်က တကယ့်ကို တောင်ကြီးတစ်လုံးနဲ့ တူပါတယ်။
သူက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးတော့ နောက်ထပ် မပြောတော့ဘူး။
အဲဒီအချိန် ပိုင်လိချွမ်က ချန်ဖေးရန်ရဲ့ နှလုံးသားထဲက မကျေနပ်ချက်ကို လုံးဝဂရုမစိုက်ပါဘူး။ အင်ပါယာ ကလန်တွေ တစ်ခုခု လုပ်တဲ့ အချိန်မှာ သူတို့က တခြားလူတွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ဂရုစိုက်စရာ လိုအပ်လို့လား။
သူတို့က ကောင်းကင်ဘုံ ကိုးခုရဲ့ အထက်က နတ်နဂါးတွေ ဖြစ်ပြီးတော့ ကျန်တဲ့လူတွေက သာမန်ညောင်ညတွေ ဖြစ်ပြီးတော့ သူတို့ကို မော့ကြည့်ဖို့ပဲ တန်တယ်။
အခု သူတို့က သူတို့ကိုယ်သူတို့ နှိမ့်ချဖို့ ဆန္ဒရှိနေတာဟာ ချန်ဖေးရန်က သူ့လက်ကျန် ဘဝတစ်လျှောက်လုံး ကျေးဇူးတင်ခြင်းနဲ့ ဂုဏ်ယူသင့်နေပြီ။
“အစကတော့ လရောင်ခြည်ဂြိုလ်ကို ကျိေ၀ အင်ပါယာကလန်က ရွေးချယ်ထားတယ်။ တကယ်လို့ မင်းက မမေးမမြန်းပဲ ဒါကို ယူလိုက်မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ မလေးမစားမှု တစ်ခု ဖြစ်သွားလိမ့်မယ်”
သူက တည်ငြိမ်စွာ ပြောလိုက်တယ်။
“ဒါပေမဲ့ ဖြစ်ပြီးတာကလည်း ဖြစ်ပြီးပြီဆိုတော့ ငါ ပြဿနာ ရှာဖို့လည်း စိတ်ကူး မရှိပါဘူး”
“ဒီလိုလုပ်ပါလား။ မင်းက အနာဂတ်မှာ လိမ်လိမ်မာမာနဲ့ စကားနားထောင်မယ်ဆိုရင် မင်းက ဧကရာဇ် ဖြစ်နေဦးမယ်။ ဒါပေမဲ့ မင်းရဲ့ တိုင်းသူပြည့်သားတွေကို ငါတို့ကလန်ရဲ့ စီနီယာကို ယုံကြည်အောင် လမ်းညွှန်ပေးဖို့ လိုအပ်တယ်”
သူက ပုံတူပန်းချီကား တစ်ခလျပ်ကို ထုတ်ပြီးတော့ ချန်ဖေးရန်ရဲ့ အရှေ့မှာ ဖြန့်ပြကာ ပြောလိုက်တယ်။
“ဒါက ငါတို့ကလန်က ကြီးမြတ်သော အရှင်သခင် ညနေဆည်းဆာရဲ့ ပုံတူပန်းချီကားပဲ။ သူက သူတော်စင် အဆင့်ကို အဆင့်တက်တော့မယ်။ ဒါကြောင့် မင်းရဲ့ ယုံကြည်မှု စွမ်းအားကို သူ လိုအပ်တယ်”
ချန်ဖေးရန်က တုံ့ဆိုင်းခြင်း မရှိပဲ သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။
“မဖြစ်နိုင်ဘူး”
အစ်ကိုမျောက်က တောင်းဆိုမှု နည်းနည်းလေးမှ မလုပ်ပေမဲ့ ချန်ဖေးရန်က ဆုံးဖြတ်ချက် ချထားပြီး ပါပြီ။ သူက သူ့တိုင်းသူပြည်သားတွေကို သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ အစ်ကိုမျောက်ကို ကိုးကွယ်ပြီး သူ့ကို ယုံကြည်မှုရဲ့ စွမ်းအားကို ထောက်ပံ့ပေးချင်နေတာ ဖြစ်တယ်။
တကယ်လို့ အစ်ကိုမျောက်က သူတော်စင် အဆင့်ကို ချိုးဖျက်တက်ရောက်ဖို့ ပြင်ပစွမ်းအား မလိုအပ်ဘူး ဆိုရင်တောင် သူတော်စင် တစ်ပါး ဖြစ်လာပြီးတဲ့ နောက်မှာ ဘယ်လိုလုပ်မလဲ၊
ယုံကြည်မှုစွမ်းအားက သူတော်စင်တွေရဲ့ တိုက်ပွဲစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အချိန်တစ်ခုမှာ သူတို့ရဲ့ အသက်ကိုတောင် ကယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သူက အစ်ကိုမျောက်အတွက် ဝှက်ဖဲ တစ်ခုကို ချန်ထားပေးရမယ်။
ချန်ဖေးရန်ရဲ့ ငြင်းဆန်မှုက ပိုင်လိချွမ်နဲ့ သူ့အဖော်ကို အံ့အားသင့် သွားစေခဲ့တယ်။ သူတို့ နှစ်ယောက်စလုံးက ဒါကိုကြားလိုက်တော့ လန့်ဖျပ်သွားခဲ့တယ်။
ဟင် ဒါက သူ့ကို အသိပေးရုံ ကိစ္စလေး တစ်ခုပဲ ဖြစ်သင့်တယ် မဟုတ်လား။
နောက်လုပ်ရမှာက သူတို့က ချန်ဖေးရန်ကို ယုံကြည်ခြင်း အခမ်းအနားကို ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ ယစ်ပူဇော်တဲ့ ဘုရားကျောင်း တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကို လမ်းညွှန်မှု တချို့ပေးဖို့ပဲ လိုအပ်ပါတယ်။
သူတို့က တကယ်ပဲ ငြင်းဆန်ခံလိုက်ရတာလား။
“ချန်ဖေးရန် မင်းကိုယ်မင်း ဘာပြောလိုက်လဲ ဆိုတာကို နားလည်ရဲ့လား”
ဝတ်စုံစိမ်းနဲ့လူက မေးလိုက်တယ်။ သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ အမူအရာတစ်ခု ရှိနေတယ်။
သူ့နာမည်က ပိုင်လိယီလို့ ခေါ်ပါတယ်။
ချန်ဖေးရန်က ငြင်းဆန်စကား ပြောလိုက်ပြီးတဲ့ နောက်မှာတော့ သူက တည်ငြိမ်သွားပါပြီ။ သူက ရန်လိုဖို့ ဆုံးဖြတ်ထားတယ်ဆိုမှတော့ ဘာကိုမှ သတိထားနေစရာ မလိုတော့ဘူး။ သူက တည်ငြိမ်စွာ ပြောလိုက်တယ်။
“မင်းတို့တွေ အခုထွက်သွားနိုင်ပြီ”
“ချန်ဖေးရန်”
ပိုင်လိချွမ်က ကျယ်လောင်စွာ အော်လိုက်တယ်။ သူက သူတို့ကို သူတောင်းစားတွေလို ထင်နေတာလား။ သူတို့ကို လက်တစ်ချက် ဝှေ့ယမ်းပြီးတော့ အဝေးကို မောင်းထုတ်တယ်ပေါ့။
ချန်ဖေးရန်ရဲ့ အမူအရာက တင်းမာနေပြီးတော့ သူက ပြောလိုက်တယ်။
“မင်းတို့က ငါ့နန်းတော်ထဲကိုလည်း အတင်းဝင်လာသေးတယ်။ ငါက ဒီကိစ္စကိုတောင် မရှင်းရ သေးဘူး။ မင်းတို့က အရမ်းကို ကြမ်းတမ်းပြနေပြီလား”
“ဟားဟား ဒေသခံ ဧကရာဇ်လေး တစ်ယောက်ပဲ”
ပိုင်လိယီက အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။
“ကောင်းပြီ။ ငါ မင်းကို သတ်မယ်။ ပြီးတော့ ဧကရာဇ် အသစ် တစ်ယောက်ကို တင်မြောက်မယ်။ လူတိုင်းက မင်းလိုမျိုး ခေါင်းမာနေလိမ့်မယ်လို့တော့ ငါ မထင်ဘူး”
သူက ချန်ဖေးရန်ကို လှမ်းဖမ်းဆွဲလိုက်တယ်။
“ဟမ့်။ မိုးပေါ်မှာ တိုက်ခိုက်ကြရအောင်”
ချန်ဖေးရန်က ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ပဲ မိုးပေါ်ကို ခုန်တက်သွားခဲ့တယ်။
တကယ်လို့ ဂိုဏ်းအရှင်သခင်တွေ တိုက်ပွဲတစ်ခု စပြီဆိုရင် ဖျက်ဆီးခြင်း စွမ်းအားက အရမ်းကို ကြီးမားလွန်းပါလိမ့်မယ်။
ပိုင်လိချွမ်နဲ့ ပိုင်လိယီတို့က အကြည့်ချင်း တစ်ချက် ဖလှယ်ပြီးတော့ မိုးပေါ်ကို ပျံတက်သွားခဲ့တယ်။
ချန်ဖေးရန်က ဂိုဏ်းအရှင်သခင်အဆင့်ကို အဆင့်တက်ကာစပဲ ရှိသေးတယ်။ အဲဒီအချိန် ပိုင်လိချွမ်တို့ထဲက တစ်ယောက်ကတော့ ကြယ်လေးပွင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီး တစ်ယောက်က ကြယ်ခြောက်ပွင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံး အင်ပါယာကလန်ကနေ လာခဲ့တဲ့ အချက်ကို မပြောနဲ့ တကယ်လို့ သူတို့ဟာ သာမန် ဂိုဏ်းအရှင်သခင်တွေ ဖြစ်နေရင်တောင် ချန်ဖေးရန်ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိပါသေးတယ်။
ဝုန်း။
သူတို့က အဝေးကို ရောက်တာနဲ့ ပိုင်လိယီက နောက်တစ်ကြိမ် လှုပ်ရှားကာ ချန်ဖေးရန်ကို ဖမ်းဆွဲလိုက်တယ်။
“ဘာမဟုတ်တဲ့ ကြယ်တစ်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ကများ ငါမင်းကို လက်ချောင်းလေး တစ်ချောင်းတည်းနဲ့ သေအောင် ချေမွပစ်နိုင်တယ်”
Chapter 4504 end