အခန်း ၄၅၀၅
Vol. 225 Ch. 4505
အပိုင်း (၄၅၀၅) သေပြီးသား လူတစ်ယောက်ရဲ့ နာမည်ကို အယောင်ဆောင်ခြင်း
ပိုင်လိယီက ပုံကြီးချဲ့ကားပြောတာ မဟုတ်ပါဘူး။ သူက ကြယ်လေးပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပြီးတော့ အင်ပါယာ နည်းစနစ်ကိုလည်း တတ်မြောက်ထားတယ်။ သူက အင်ပါယာ စာလိပ်ကို လေ့ကျင့်ထားခြင်း မရှိပေမဲ့ သူ့တိုက်ပွဲစွမ်းရည်က သာမန်ကြယ်လေးပွင့် ဂိုဏ်းအရှင်သခင် ဘယ်သူ့ထက်မဆို အများကြီး သာလွန်နေခဲ့တယ်။
အင်ပါယာ နည်းစနစ်ရဲ့ ထိန်းချုပ်မှု အောက်မှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေကို ထုတ်ဖော်ခြင်းက သူတို့ရဲ့ စွမ်းအားကို တစ်ရာရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ရာရာခိုင်နှုန်းထိတောင် ထုတ်ဖော် နိုင်ပါတယ်။
ဝုန်း ဝုန်း ဝုန်း။
တိုက်ကွက်အနည်းငယ် အတွင်းမှာ ချန်ဖေးရန်က လုံးဝကို အရေးနိမ့်လာခဲ့တယ်။ သူက ပုတ်ထုတ်ဖို့ စွမ်းအားတောင် မရှိပဲ တိုက်ကွက်တွေကို ရှောင်တိမ်းရုံပဲ တတ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ချန်ဖေးရန်က လန့်ဖျပ်တုန်လှုပ်ခြင်း မရှိခဲ့ဘူး။ နောက်ပြီး သူက စိတ်လှုပ်ရှားခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစွမ်းထက်တဲ့ စစ်ကူတွေက အချိန်မရွေး ပေါ်လာမယ် ဆိုတာကို သူ နားလည်ထားတယ်။
“မင်းရဲ့ ခွန်အားက အရမ်းကို အားနည်းနေပေမဲ့ မင်းက တည်တည်ငြိမ်ငြိမ် ရှိနေသေးတာကတော့ အထင်ကြီးစရာ နည်းနည်းကောင်းသားပဲ”
ပိုင်လိယီက ပြောလိုက်တယ်။ သူက အထင်ကြီးစရာကောင်းတယ်လို့ ပြောပေမဲ့ သူ့မျက်နှာပေါ်မှာတော့ မာနကြီးတဲ့ အမူအရာ ရှိနေတယ်။
“ဟမ့် သူက ခေါင်းမာနေတာပဲ ဖြစ်မယ်”
ပိုင်လိချွမ်က သူ့ခေါင်းကို ခါလိုက်တယ်။
“မြန်မြန် သူ့ကို သတ်ပစ်လိုက်တော့။ ငါတို့တွေ အမြန်ဆုံး ကိုယ်စားလှယ် တစ်ယောက်ကို ရှာရမယ်။ အဲဒါဆို ဘိုးဘေးက ငါတို့ကို အပြစ်ပေးတော့မှာ မဟုတ်ဘူး”
“ကောင်းပြီ”
ပိုင်လိယီက သူ့တိုက်ကွက်တွေကို အရှိန်တင်လိုက်တယ်။ ဝုန်း ဝုန်း ဝုန်း။ ပြင်းထန်တဲ့ တိုက်ကွက်တွေက မိုးသီးမိုးပေါက် ကျသလို ကျလာပြီးတော့ ချန်ဖေးရန်ကို ရှောင်တိမ်းဖို့တောင် ခက်ခဲစေခဲ့တယ်။
ချန်ဖေးရန်ရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ အဆက်မပြတ် သွေးတွေ စီးကျနေတယ်။
သူ့ပြိုင်ဘက်က သန်မာလွန်းပြီး သူက တကယ်ပဲ ထိန်းမထားနိုင်ခဲ့ဘူး။
အချိန်တွေ ကုန်လာတာနဲ့အမျှ ချန်ဖေးရန်က စိတ်မသက်မသာ ခံစားရပြီးတော့ လန့်လာတယ်။ လဗြွတ်။ အစ်ကိုမျောက်နဲ့ လင်းဟန်က ပြေးမလာသေးဘူးလား။
တကယ်လို့ သူက ဒီအတိုင်း ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် တကယ်ပဲ သေသွားလိမ့်မယ်။
ပေါ်မလာသေးဘူးလား။ ပေါ်မလာကြသေးဘူးလား။
ချန်ဖေးရန်က ကြောက်စိတ်မွှန်လာခဲ့မိတယ်။ တကယ်ပဲ ဒီမှာ တစ်ယောက်မှ မရှိဘူးလား။
လဗြွတ်။ သူက ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။
“ဟားဟား မင်းက အခုတော့ ကြောက်ရကောင်းမှန်း သိပြီလား”
ပိုင်လိယီက အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။
“အရမ်းကို နောက်ကျလွန်းသွားပြီ”
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ဧရာမ လက်ဝါးကြီး တစ်ခု အဖြစ်ကို ပြောင်းလဲသွားကာ ချန်ဖေးရန်ကို သေသွားအောင် ချေမွပစ်ချင်နေခဲ့တယ်။
ချန်ဖေးရန်က ဒီတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘူး။
ချန်ဖေးရန်က မျှော်လင့်ချက် ကုန်ခါနီးမှာပဲ အလင်းတန်းတစ်ခု ပြေးဝင်လာပြီး ပိုင်လိယီရဲ့ ဧရာမ လက်ကြီးကို အပေါက်ဖြစ်အောင် ချက်ချင်းပဲ ထိုးခွဲသွားခဲ့တယ်။ လက်ဝါးရိုက်ချက်က အောက်ကို ကျလာပေမဲ့ ချန်ဖေးရန်က အဲဒီအပေါက်ကနေ အလွယ်တကူ လွတ်မြောက်သွားနိုင်ခဲ့တယ်။
“မင်း သေတော့မယ်လို့ ခံစားနေရတာလား”
လင်းဟန်က ပေါ်လာပြီးတော့ ချန်ဖေးရန်ကို တစ်ချက်ပြုံးကာ မေးလိုက်တယ်။
မင်းမေကြီးတော်။
ချန်ဖေးရန်က ဘာပြောလို့ ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့တယ်။ ဒါက သေချာပေါက် တမင်သက်သက် လုပ်တာပဲ။
လင်းဟန်က တချိန်လုံး အနီးနားမှာ ရှိနေတာ ဖြစ်လောက်ပေမဲ့ သူ့အကန့်အသတ်ကို နီးကပ်လာတဲ့ အချိန်မှပဲ သူက လှုပ်ရှားမှု လုပ်လာခဲ့တာ ဖြစ်မယ်။
သူတို့က သူတို့ရဲ့ ဂျူနီယာကိုက ဒီလိုမျိုး ဘယ်လိုလုပ် တပတ်ရိုက်လှည့်စား နေနိုင်ရတာလဲ။
“အမ်”
ပိုင်လိယီက လင်းဟန်ကို စိုက်ကြည့်ပြီးတော့ သူ့မျက်နှာက အံ့အားသင့်မှုတွေနဲ့အတူ ပြည့်နေခဲ့တယ်။ မြောက်ပိုင်းအမှောင်နိုင်ငံမှာ ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိတာ မဟုတ်လား။ ဘာဖြစ်လို့ ရုတ်တရက် နောက်တစ်ယောက် ပေါ်လာတာလဲ။
“မင်း ဘယ်သူလဲ”
“ဟက် ဟက် ဟက် အဲဒါ မင်းရဲ့ အဘိုးလင်းလေ”
ခွေးနက်ကြီး ပေါ်လာပြီးတော့ သူ့မျက်နှာက မောက်မာမှုတွေနဲ့ ပြည့်နေတယ်။ အဲဒီနောက် သူက သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်တယ်။
“ဒါကတော့ အဘိုးခွေး”
“အဘိုးနဂါးက အကောင်းဆုံးပဲ”
မိုးပြာနဂါးလေးလည်း ပေါ်လာတယ်။
ဟမ့်။ နှာခေါင်းရှုံ့သံ တစ်သံနဲ့အတူ ဝက်ကလေးလည်း ရောက်လာပေမဲ့ သူက နှာခေါင်းကိုသာ ရှုံ့ပြီးတော့ သူ ရှိသေးတယ်ဆိုတာကိုပဲ ဖော်ပြနေတယ်။
“တကယ်လို့ မင်းရဲ့ လုပ်ဆောင်ချက် မကောင်းဘူးဆိုရင် နောက်တစ်ကြိမ် လုပ်ကြရအောင်”
ခွေးနက်ကြီးနဲ့ မိုးပြာနဂါးလေးက ချက်ချင်းပဲ ဝက်ကလေးကို လက်သီးတွေ ခြေထောက်တွေနဲ့ ကန်ကျောက်လိုက်ကြတယ်။
ဝက်ကလေးရဲ့ မျက်နှာက ဖူးယောင်သွားတယ်။ အခု ခွေးနက်ကြီးနဲ့ မိုးပြာနဂါးလေးတို့ နှစ်ယောက်စလုံးက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်တွေ ဖြစ်နေပါပြီ။ သူတို့ရဲ့ စွမ်းရည်တွေက သူ့ထက် မနိမ့်ကျတော့ပါဘူး။ ဒါကြောင့် သူ့ရဲ့ မာကျောတဲ့ ခံစစ်က အလုပ် သိပ်မဖြစ်တော့ဘူး။
“အရှင်ဝက်လည်း ပါတယ်”
သူက နှာခေါင်းရှုံ့လိုက်တယ်။ ဘယ်လို လူယုတ်မာတွေလဲ။ သူက မိန်းမပျိုလေးတွေကိုပဲ ပိုးပန်းနေတာ ဖြစ်ပြီးတော့ သူ့ကို ဘာကြောင့် သူတို့နဲ့အတူ ခေါ်လာတာလဲ။
ပိုင်လိယီနဲ့ ပိုင်လိချွမ်တို့ နှစ်ယောက်စလုံး အရမ်းကို ခေါင်းရှုပ်သွားခဲ့ကြပြီး ဒီအစုအဖွဲ့ကို အရမ်းရင်းနှီးနေသလို ခံစားနေကြတယ်။
“မင်းတို့ အရိပ်အမြွက်တစ်ခု လိုလား”
လင်းဟန်က တစ်ချက်ပြုံးကာ မေးလိုက်တယ်။
“ဟမ့်။ မင်း ဘယ်သူလဲ ဆိုတာ ငါတို့က ဂရုစိုက်မှာတဲ့လား။ ငါတို့ကလန်ရဲ့ ကိစ္စတွေကို ဖျက်ဆီးရဲတယ်ပေါ့။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”
ပိုင်လိယီက အေးစက်စွာ ကြေညာလိုက်တယ်။ သူက တန်းပြီးတော့ လှုပ်ရှားလိုက်ပြီး လင်းဟန်ဆီကို ပြေးဝင်လာခဲ့တယ်။
ဒီတစ်ကြိမ် သူက အရမ်းကို သတိထားနေတယ်။ တကယ်တော့ လင်းဟန်က သူ့တိုက်ကွက်ကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ သူက လျော့တွက်လို့တော့ မရနိုင်ပါဘူး။
လင်းဟန်က အလေးမထားပဲ အသာလေး ပုတ်ထုတ်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း။
အခြေအနေကို သုံးသပ်ကြည့်ရင် ပိုင်လိယီက လုံးဝကို အသာစီးရနေပြီး အောင်ပွဲက သူ့လက်ထဲမှာ ရှိနေသလိုပါပဲ။ ဒါပေမဲ့လည်း လင်းဟန်က ခံစစ်ပဲ လုပ်နေပေမဲ့ သူ့စွမ်းအားက အရမ်းကို နက်ရှိုင်းတယ် ဆိုတာကို ပိုင်လိယီက ကောင်းကောင်း နားလည်ပါတယ်။ ပြန်ကန်လာတဲ့ အားတစ်ခုတည်းကပဲ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့တယ်။
ဂိုဏ်းအရှင်သခင်အဆင့်ကို အဆင့်တက်ပြီးတဲ့ နောက်မှာတော့ စွမ်းအားရဲ့ သက်ရောက်မှုတွေက ထပ်ပြီးတော့ လျော့ကျလာပြီး စည်းမျဉ်းဥပဒေ စွမ်းအားကသာလျှင် စစ်မှန်တဲ့ စွမ်းအား ဆိုတာကို သိထားသင့်ပါတယ်။
ဒါကြောင့် ပြန်ကန်လာတဲ့ အားက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွား စေခဲ့တယ်။ ဒါဆိုရင် လင်းဟန်ရဲ့ စွမ်းအားက ဘယ်လောက်တောင် သန်မာနေတာလဲ။ သူ့ထက် ဘယ်လောက်တောင် အများကြီး သန်မာနေလဲ။
ဂိုဏ်းအရှင်သခင်အဆင့်မှာ ဒီလိုမျိုး လူထူးလူဆန်း တစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။
“မင်းဘယ်သူလဲ”
ပိုင်လိယီက ကျယ်လောင်စွာ အော်ပြောလိုက်တယ်။
“ကောင်းပြီ။ မင်းက အရမ်းကို သိချင်နေမှတော့ ငါမင်းကို ပြောပြလိုက်မယ်”
လင်းဟန်က ပြုံးလိုက်တယ်။
“ငါ့နာမည် လင်းဟန်”
“ဟားဟားဟား”
ပိုင်လိယီက အေးစက်စွာ ပြက်ရယ်ပြုလိုက်ပြီးတော့ နည်းနည်းလေးမှ မယုံကြည်ခဲ့ဘူး။
ဘယ်လိုဟာသလဲ။
လင်းဟန်ကို မီးသူတော်စင်က သေအောင် ရိုက်သတ်ပစ်လိုက်ပြီ ဆိုတာကို မသိတဲ့လူ ရှိလို့လား။
အဲဒီအချိန်တုန်းက သူတော်စင်တွေ အများအပြားက အဲဒီမှာ ရှိနေကြပြီး သူတို့အားလုံးလည်း ကောင်းကောင်း မြင်တွေ့ခဲ့ကြတယ်။ လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ လင်းဟန်က လေဟာနယ်ကို စုတ်ဖြဲပြီးတော့တောင် အချိန်မီ ထွက်ပြေးသွားနိုင်ခြင်း မရှိပဲ ဖုန်မှုန့်တွေ အဖြစ်ကို တန်းပြီးတော့ ကြေမွပျက်စီး သွားခဲ့ရတယ်။
မေးကြည့်လေ။ ဘယ်ဂိုဏ်းအရှင်သခင်ကများ သူတော်စင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကနေ ရှင်သန်နိုင်စွမ်း ရှိလို့လဲ။
ဂိုဏ်းအရှင်သခင် မပြောနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေတောင် သေရလိမ့်မယ်။
ဒါကြောင့် လင်းဟန်က သေချာပေါက်ကို သေသွားပြီ။
“လူငယ်လေး။ တကယ်လို့ မင်း နာမည်ကျော်ကြားချင်တယ်ဆိုရင်လည်း လူသေ တစ်ယောက် အဖြစ် ဟန်ဆောင်မနေပါနဲ့”
လင်းဟန်က ဒါကိုကြားတော့ လန့်သွားတယ်။ သူက အမှန်အတိုင်းပြောနေပေမဲ့ ဘာဖြစ်လို့ သူ့ကို တစ်ယောက်မှ မယုံကြည်တာလဲ။
ဘာပဲဖြစ်ဖြစ် ဟန်ဆောင်နေစရာ အကြောင်းရှိလို့လား။ သူက သူ့အစစ်အမှန် ရုပ်ရည်ကို တန်းပြီးတော့ ပြလိုက်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခြားသူတွေက သူ့ကို လင်းဟန်လို ဟန်ဆောင်နေတယ်လို့ ထင်နေမှာပဲ။
လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။
“တကယ်လို့ မင်း ငါပြောတာ မယုံဘူးဆိုရင်လည်း ထားလိုက်တော့။ ငါ ရှင်းပြဖို့ စိတ်မပါဘူး။ နောက်ပြီး မင်းတို့ကောင်တွေက သေရမှာပဲလေ။ ဒီတော့ လေကုန်ခံနေစရာ မလိုဘူး”
“ဟားဟား မင်းရဲ့ ယုံကြည်ချက်က ပြင်းထန်နေတာပဲ”
ပိုင်လိယီက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူက လင်းဟန်ကို စွမ်းအားနဲ့ ပတ်သက်ရင် မယှဉ်နိုင်ပေမဲ့ စည်းမျဉ်းဥပဒေ စွမ်းအားနဲ့ ပတ်သက်ရင် နည်းနည်းလေးမှ မနိမ့်ကျပါဘူး။ နောက်ပြီး တကယ်လို့ သူ မယှဉ်နိုင်ဘူးဆိုရင်တောင် ပိုင်လိချွမ် ရှိနေသေးတယ် မဟုတ်လား။
သူက အင်ပါယာ နည်းစနစ်ကို သုံးလိုက်ပြီး သူ့တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှုကို တိုးမြှင့်ကာ လင်းဟန်ကို အင်အားသုံး သတ်ပစ်ချင်နေခဲ့တယ်။
လင်းဟန်ကလည်း စိတ်မရှည်တော့ပဲ တန်ပြန်တိုက်စစ်ကို စလိုက်တယ်။
သူက လျှို့ဝှက်နည်းစနစ် နည်းနည်းမှ အသုံးမပြုပဲ သာမန်အတိုင်း လှုပ်ရှားနေခဲ့တယ်။ ဒါပေမဲ့လည်း သူက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းကြောင်းကို လျှောက်နေပြီ ဖြစ်တာကြောင့် သူ့လှုပ်ရှားမှုတိုင်းက အံ့သြဖွယ်ရာ လှုပ်ရှားမှု တစ်ခု ဖြစ်နေတယ်။ တကယ်လို့ သူက သူ့ကျင့်ကြံခြင်း အဆင့်ရဲ့ အကန့်အသတ်ကြောင့်သာ မဟုတ်ရင် သူ့လှုပ်ရှားမှုတိုင်းကို အင်ပါယာ နည်းစနစ်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။
ဒါကို ပိုင်လိယီက ဘယ်လိုလုပ် ခံနိုင်မှာလဲ။
တိုက်ကွက် နှစ်ကွက် သုံးကွက် အတွင်းမှာပဲ သူက လုံးဝကို ဖိနှိပ်ခံလိုက်ရတယ်။ ကွာဟချက်က နည်းနည်းလေးပဲ မဟုတ်ပဲ အရမ်းကို ကြီးမားလွန်းပါတယ်။
“ငါလာပြီ”
ပိုင်လိချွမ်က ထိုင်မနေနိုင်တော့ဘူး။ အားနည်းချက်က အရမ်းကို သိသာလွန်းနေပါတယ်။
အဲဒီအချိန် ချန်ဖေးရန်ကတော့ မချိတင်ကဲ ခံစားနေရတယ်။ လင်းဟန်ရဲ့ ခွန်အားက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အကြားမှာ ကြယ်နှစ်ပွင့် ကွာဟချက် ရှိတယ်ဆိုပေမဲ့ သူက ကောင်းကောင်းကြီး နားလည်တယ်။ တကယ်လို့ သူလည်း ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်မယ်ဆိုရင်တောင် သူက ပိုင်လိယီကို ရှုံးနိမ့်နေဦးမှာပဲ။
ပိုင်လိယီက တိုက်ပွဲကနေ နောက်ဆုတ်မှာကို စောင့်မနေပဲ ပိုင်လိချွမ်က ပြေးဝင်လာပြီး လင်းဟန်ဆီကို တိုက်ကွက်တစ်ခုနဲ့ တိုက်ခိုက်လိုက်တယ်။
တကယ်လို့ နှစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်ရမယ် ဆိုရင်တောင် ဘယ်သူကများ အင်ပါယာကလန်ကို ဆိုးဆိုးဝါးဝါး ပြောရဲလိမ့်မှာလဲ။
ဝုန်း။
သူက ကြယ်ခြောက်ပွင့် ခွန်အားကို ထုတ်ဖော်လိုက်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအား အလင်းတန်း ရှစ်ခုကို ထုတ်ဖော်လိုက်တယ်။
အထင်ကြီးစရာပဲ။
ချန်ဖေးရန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ အံ့အားသင့် သွားခဲ့တယ်။ တကယ်လို့ သူသာဆိုရင် သေချာပေါက် ဒီတိုက်ခိုက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ချက်ချင်း အသတ်ခံရပါလိမ့်မယ်။
စည်းမျဉ်းဥပဒေ စွမ်းအား အလင်းတန်းရှစ်ခု။
လင်းဟန်က သူ့ခေါင်းကို ခါလိုက်တယ်။
“စည်းကမ်းတွေကို မလိုက်နာတဲ့ လူတွေကို ငါ အမုန်းဆုံးပဲ”
သူက ပိုင်လိချွမ်ဆီကို လက်သီးတစ်ချက် သာမန်ကာလျှံကာ ထိုးလိုက်တယ်။
ဘန်း။
ဒီတိုက်ခိုက်မှုနဲ့အတူ ပိုင်လိချွမ်ရဲ့ ခန္ဓာကိုယ်က ချက်ချင်းပဲ ပေါက်ကွဲသွားခဲ့တယ်။
ဘ ဘာ။
ချန်ဖေးရန်နဲ့ ပိုင်လိယီတို့ နှစ်ယောက်စလုံး အံ့အားသင့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားတယ်။
ဟေ့ ဟေ့ ဟေ့။ ဒါက အရမ်းကို လွန်လွန်းမနေဘူးလား။
ဒါက ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပြီးတော့ သူက ကြယ်ရှစ်ပွင့် တိုက်ပွဲစွမ်းရည် တစ်ခုလည်း ရှိနေတယ်။ ဘယ်လိုလုပ် သူက တစ်ချက်တည်း အသတ်ခံလိုက် ရတာလဲ။
Chapter 4505 end