← Chapters

အခန်း ၄၅၀၆

Vol. 225 Ch. 4506

အခန်း ၄၅၀၆

Vol. 225 Ch. 4506

အပိုင်း (၄၅၀၆) အင်ပါယာသားတော် သေပြီ

သူက အရမ်းကို အံ့အားသင့်လွန်းနေတာကြောင့် ပိုင်လိယီက တိုက်ခိုက်ဖို့ကိုတောင် မေ့နေခဲ့တယ်။

လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။

“ဟင် မင်းဘာဖြစ်လို့ ထပ်ပြီးတော့ မတိုက်ခိုက်တော့တာလဲ။ တိုက်လေ။ ဘာကိစ္စ ရပ်နေတာလဲ”

မင်းနှမကို တိုက်ရမှာလား။

ငါက ကြယ်လေးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိပြီးတော့ ငါ့တိုက်ပွဲစွမ်းရည်က ကြယ်ငါးပွင့်ပဲ ရှိတယ်။ ပိုင်လိချွမ်ထက် အများကြီး နိမ့်ကျတယ်လေ။

မင်းက ငါ့ကို ကစားနေတာလား။

သူက စောစောတုန်းက အရေးနိမ့်နေပေမဲ့ ကွာဟချက်က နည်းနည်းလေးပဲလို့ ခံစားနေရတယ်။ ပိုင်လိချွမ်ရဲ့ ကိစ္စကတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံ လိုက်ရတာလား။

ပိုင်လိယီရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်လာခဲ့တယ်။ လင်းဟန်က စောစောတုန်းက အလောင်းတွေလို့ ပြောတာက လေကြွားတာ သက်သက် မဟုတ်ဘူးဆိုတာကို အခုမှပဲ နားလည်သဘောပေါက် လာပါတယ်။ သူ့မှာ တကယ်ပဲ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းရည်တွေ ရှိနေတယ်။

ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် သူက အဖြေမထုတ်နိုင်ပါဘူး။ လင်းဟန်က အရမ်းကို ငယ်ရွယ်လွန်းတယ်။ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာကောင်းတဲ့ လူငယ် ဂိုဏ်းအရှင်သခင် တစ်ယောက် ကမ္ဘာကြီးထဲမှာ ရှိနေတာလား။

“မင်းက ယန်ရီဟွမ် ဒါမှမဟုတ် အသင်္ချေ တာအိုလား”

သူက အကြိမ်ကြိမ် ခန့်မှန်းသုံးသပ်ကြည့်လိုက်တယ်။

“ဒါမှမဟုတ် ဟဲလျှို၊ မူလရင်းမြစ်၊ ကောင်းကင် ချေဖျက်သူလား”

လင်းဟန်က သက်ပြင်းချကာ ပြောလိုက်တယ်။

“ငါ မင်းကို ပြောပြီးပြီလေ။ ငါက လင်းဟန်။ လင်းဟန်”

ပိုင်လိယီရဲ့ အမူအရာက မခံချင်စိတ်တွေ ဒေါသတွေနဲ့အတူ ပြည့်သွားခဲ့တယ်။ သူက သေရတော့မယ်။ ဒါကိုတောင် တစ်ဖက်လူက သူ့ကို ကစားပြီး သူ့အစစ်အမှန် နောက်ခံကို ထုတ်မပြောဖို့ စိတ်ကူး မရှိဘူး။ ဒါက သူ့ကို လူသတ်သမားက ဘယ်သူလဲ ဆိုတာကိုတောင် မသိပဲ သေစေချင်နေမှန်း သိသာပါတယ်။

“မင်း အရမ်းကို လွန်လွန်းနေပြီ”

သူက ကြုံးအော်လိုက်တယ်။

လင်းဟန်လည်း ဝမ်းနည်းပက်လက် အမူအရာတစ်ခု ပေါ်လာတယ်။ လဗြွတ်ပဲ ငါမင်းကို ပြောတယ်လေ။

“သေလောက်အောင် ဒေါသထွက်နေပြီ”

သူက နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ လက်သီးတ်စချက် ထိုးလိုက်တယ်။ ဘန်း။ ပိုင်လိယီက ချက်ချင်းပဲ သွေးစသွေးနတွေ အဖြစ်ကို ပြောင်းလဲသွားတယ်။

အဲဒီအချိန် ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ လင်းဟန်က ဒီလိုမျိုး ခံစားရတာကို တွေ့မြင်ရတာ အရမ်းကို ရှားတယ်။

အဲဒီအချိန် ချန်ဖေးရန်က အံ့ကိုကြိတ်နေမိတယ်။ သူက လင်းဟန်ကို အရမ်းကို အထင်ကြီးထားခဲ့ ပြီးပါပြီ။ ဒါပေမဲ့လည်း လင်းဟန်က အရမ်းကို အစွမ်းထက်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။

သူက ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိသေးပြီးတော့ ပိုင်လိချွမ်လို ကြယ်ရှစ်ပွင့် တိုက်ပွဲစွမ်းရည်ရှိတဲ့ လူတစ်ယောက်ကို တစ်ချက်တည်း သတ်ပစ်နိုင်ပါတယ်။

သောက်ကျိုးနည်း။ လင်းဟန်ရဲ့ တိုက်ပွဲစွမ်းရည်က ဘယ်လောက်တောင် သန်မာနေလဲ။

“ဟန်ကလေး မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား”

ခွေးနက်ကြီးက လင်းဟန်ရဲ့ ပခုံးကိုပုတ်လိုက်တယ်။

“ငါ့အမှားပါ။ မင်းက ကိုယ့်ကိုကိုယ် သေပြီဆိုပြီးတော့ ဟန်ဆောင်တာကိုး”

“ဟုတ်တယ်။ သူတော်စင်တောင် ဒါကို အတည်ပြုထားတယ်ဆိုတော့ မင်းက သေပြီးသား လူတစ်ယောက်ပဲ။ တကယ်လို့ ကမ္ဘာကြီး တစ်ခုလုံးကို မင်း မသေသေးဘူးလို့ ပြောမယ်ဆိုရင်တောင် ဘယ်သူကမှ မင်းကို ယုံကြည်လိမ့်မှာ မဟုတ်ဘူး”

မိုးပြာနဂါးလေးကလည်း ချက်ကောင်းကို မှန်အောင် ပြောလိုက်တယ်။

“ဂူး ဂူး”

ဝက်ကလေးက နှာခေါင်းရှုံ့ကာ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်တယ်။

လင်းဟန်က ခေါင်းကို စောင်းငဲ့လိုက်တယ်။ တကယ်လို့ လူပုံအလယ်မှာ သူ မသေသေးဘူးလို့ ကြေညာမယ်ဆိုရင်တောင် အင်ပါယာကလန်တွေက ချက်ချင်းပဲ သူ့ကို ဟန်ဆောင်သူ တစ်ယောက်လို့ အမည်တပ်ဖို့ ပထမဆုံး ရှေ့ကို ထွက်လာကြပြီး သူတော်စင်တွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါလိမ့်မယ်။ အဲဒီနောက် သူတို့က သူ့ကို သတ်ဖို့ လက်ရွေးစင်တွေကို စုကြလိမ့်မယ်။

ဒါကြောင့် သူက သူတော်စင်တွေ အမဲလိုက်သတ်ဖြတ်ခြင်းကို မကြောက်ရဖို့ လုံလောက်အောင် အစွမ်းထက်လာတဲ့ အချိန်ထိ စောင့်ရုံပဲ ရှိပါတယ်။ အဲဒီနောက်မှ ကမ္ဘာကြီး တစ်ခုလုံးက လင်းဟန် တကယ် မသေဘူးဆိုတာကို ယုံကြည်လာလိမ့်မယ်။

“မင်း အင်ပါယာကလန်ရဲ့ အဖွဲ့သားတွေကို သတ်လိုက်တယ်။ ဒါကြောင့် သူတို့တွေက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူးနော်”

ချန်ဖေးရန်က ပြောလိုက်တယ်။

လင်းဟန်က နားလည်တဲ့ သဘောနဲ့ ခေါင်းညိတ်လိုက်တယ်။ ကျိေ၀ အင်ပါယာကလန်က မကြာခင် လက်ရွေးစင်တွေကို စေလွှတ်လာနိုင်ပါတယ်။ ဒီတစ်ကြိမ်တော့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေ ဖြစ်လိမ့်မယ်။

ဒါပေမဲ့လည်း သူ့မှာ ရွေးချယ်စရာမရှိပဲ လှုပ်ရှားရပါတော့မယ်။ ချန်ဖေးရန်ကို အကူအညီ ကင်းမဲ့စွာ သေသွားမှာကို သူက ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။

သူတို့အုပ်စုက နတ်ဘုရားပင်လယ်ဂြိုလ်ဆီကို ပြန်ပြီးတော့ ပုံမှန်အတိုင်း ကျင့်ကြံအားထုတ် နေထိုင်ခဲ့ကြတယ်။ သူတို့က ဒါကို ရှောင်လို့မရနိုင်ဘူးဆိုမှတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင် ရပါလိမ့်မယ်။ ဘာကို စိုးရိမ်နေရမှာလဲ။

သေချာတာပေါ့။ ဂိုဏ်းအရှင်သခင် နှစ်ယောက် သေဆုံးခြင်းက ကျိေ၀ အင်ပါယာကလန်ကို ဒေါသထွက်သွား စေခဲ့တယ်။

နှစ်ပေါင်းဘယ်လောက် ရှိနေပြီလဲ။ တစ်စုံတစ်ယောက်က အင်ပါယာကလန်ရဲ့ သြဇာအာဏာကို ရန်စစော်ကားရဲတယ်လား။

တကယ်လို့ လင်းဟန် သေသွားပြီဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ဘူးဆိုရင် လက်သည် တရားခံက လင်းဟန် ဖြစ်လိမ့်မယ်လို့ သူတို့တွေအားလုံး သံသယ ဝင်လာကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူတို့က လက်သည်တရားခံကို ရှာဖွေပြီး တရားမျှတမှု ရှာကာ အင်ပါယာကလန်ရဲ့ အစွမ်းကို ပြသရပါလိမ့်မယ်။

အင်ပါယာကလန်တွေကို ရန်စလို့ မရဘူးဆိုတာကို ကမ္ဘာကြီးထဲက လူတိုင်း သိထားကြရပါမယ်။ သူတို့ကို ရန်စစော်ကားရဲတဲ့ ဘယ်သူမဆို သေရမယ်။

ဒါကြောင့် ကျိေ၀ အင်ပါယာကလန်ကြောင့် ဒီအချက်ကို သေချာပေါက် ကျိုးပျက်လို့ မဖြစ်ဘူး။

ဒါပေမဲ့လည်း ဂိုဏ်းအရှင်သခင်အဆင့် နှစ်ယောက်ပဲ သေဆုံးသွားတာကြောင့် သူတော်စင်တွေ ဆင့်ခေါ်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။

ကြီးမြတ်သော အရှင်သခင်အဆင့်က လုံလောက်ပါပြီ။

နောက်ပြီး သူတို့က ဘယ်သူ့ကို စေလွှတ်ရမလဲ။

အင်ပါယာသားတော်ထိုက်။

ရွှေရောင်မျိုးဆက် တစ်ယောက် ဖြစ်ပြီး တကယ်လို့ သူက အခုချိန်မှာ ကြယ်နှစ်ပွင့် ကြီးမြတ်သော အရှင်သခင် တစ်ယောက် ဖြစ်နေရင်တောင် ပြိုင်ဘက်အားလုံးကို ဖယ်ရှားပစ်ဖို့ လုံလောက်ပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာပဲ အင်ပါယာသားတော်ထိုက် ရောက်လာခဲ့တယ်။

သူက နတ်ဘုရားပင်လယ်ဂြိုလ်ကြီးရဲ့ အထက်ကို ရောက်လာပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ သတ်ဖြတ်ခြင်း ဆန္ဒတစ်ခုကို ထုတ်ဖော်ကာ ဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံလိုက်တယ်။

သူ့ခွန်အားနဲ့ဆို နတ်ဘုရားပင်လယ်ဂြိုလ်ကို တစ်စစီ ဖြစ်သွားအောင် ဖောက်ခွဲပစ်နိုင်စွမ်း ရှိပါတယ်။ နောက်ပြီး သူက စကြဝဠာထဲမှာ ရပ်နေတာကြောင့် တကယ်လို့ ဂြိုလ်ကြီး ပေါက်ကွဲသွားမယ် ဆိုရင်တောင် သူက နောက်ဆက်တွဲ အားလှိုင်းတွေကို တည်ငြိမ်စွာ ရှောင်တိမ်းနိုင်စွမ်း ရှိပါတယ်။

ဒါပေမဲ့လည်း အင်ပါယာကလန်က ယုံကြည်မှုရဲ့ စွမ်းအားကို လိုချင်တာကြောင့် သူတို့က ဒီအတိုင်း ဖျက်ဆီးပစ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် သူက သတ်ဖြတ်ခြင်း ဆန္ဒကို သုံးပြီးတော့ တရားခံကို ထွက်ပေါ်လာအောင် လုပ်ရပါမယ်။

“သွားစမ်း”

လက်သည် တရားခံက ကြောက်စိတ်မွှန်ပြီးတော့ လေဟာနယ်ကို စုတ်ဖြဲကာ ထွက်ပြေးဖို့ပြင်တဲ့ မြင်ကွင်းက ဘာဖြစ်လို့ မပေါ်လာတာလဲ။ အဲဒီအစား အထင်သေးပြီး အရမ်းကို လွှမ်းမိုးဗိုလ်ကျတဲ့ အော်သံတစ်ခုက နတ်ဘုရားပင်လယ်ဂြိုလ်ကနေ ထွက်ပေါ်လာတယ်။

ဒီအသံမှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားတစ်ခုနဲ့ နစ်ဝင်နေပြီး အလင်းရဲ့ အမြန်နှုန်းနဲ့ ပျံ့နှံ့လာကာ စကြဝဠာထဲမှာ တုန်ခါသွားတယ်။

အင်ပါယာသားတော်ထိုက်က ဒါကိုကြားလိုက်တော့ လန့်သွားတယ်။ သူတို့က သူ့အရှိန်အဝါကို အာရုံခံမိနေပြီးတော့ အရမ်းကို စိတ်ထင်တိုင်းကျဲ လုပ်ရဲသေးတာလား။

သူက ရွှေရောင်မျိုးဆက် လက်ရွေးစင် တစ်ယောက်ဖြစ်ပြီး ကြယ်နှစ်ပွင့် ဂိုဏ်းအရှင်သခင် အဆင့်တစ်ယောက်လည်း ဖြစ်ပါတယ်။ သာမန် ကြယ်ကိုးပွင့် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေတောင် သူ့ကို ဖိနှိပ်နိုင်စွမ်း မရှိလောက်ပါဘူး။ သူတို့တွေက သူတော်စင် တစ်ယောက်ကိုပဲ စေလွှတ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာကြီးထဲမှာ သူတော်စင်တွေ ဘယ်လောက်များများ ရှိလို့လဲ။ သူတို့ထဲက ဘယ်သူကများ နတ်ဘုရားပင်လယ်ဂြိုလ်ပေါ်မှာ ပေါ်လာလိမ့်မှာလဲ။ ပိုအရေးကြီးတာက ဘယ်သူတော်စင်ကများ အင်ပါယာကလန်ကို မျက်နှာသာမပေးတဲ့လူ ရှိမှာလဲ။

“ခင်ဗျားက ဘယ်သူလဲ”

အင်ပါယာသားတော်ထိုက်က အေးစက်စွာ မေးလိုက်တယ်။ သူက အဆင်အခြင်မဲ့စွာ မလုပ်ခဲ့ဘူး။ တစ်ဖက်လူက အော်ရုံသာအော်လိုက်ပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လက်ရွေးစင်ကလည်း ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဆိုတာကို သူက နားလည်သဘောပေါက်ပါတယ်။

ပိုင်လိချွမ်နဲ့ ပိုင်လိယီတို့ ဘယ်တော့မှ ပြန်မလာနိုင်တော့တာ မထူးဆန်းတော့ပါဘူး။

“ဟမ့် ငါမင်းကို ထွက်သွားဖို့ ပြောနေတာကို မင်းက ထွက်မသွားဘူးပေါ့။ အဘိုးစွန်းကို လှုပ်ရှားလာအောင် မင်းက ခေါင်းမာပြနေတာလား”

ဝှစ်။ နတ်ဘုရားပင်လယ်ဂြိုလ်ကနေ အရိပ်တစ်ခု ထွက်ပေါ်လာတယ်။ သူ့အမြန်နှုန်းက အရမ်းကို အံ့အားသင့်စရာကောင်းပြီး သူ့မှာ မီးတောက် အတောင်ပံနှစ်ခု ရှိနေတာကို ဝိုးတိုးဝါးတား မြင်နိုင်ပါတယ်။

ဖီးနစ်ငှက်အတောင်ပံ နတ်ဘုရား ပျံသန်းခြင်း။

အစ်ကိုမျောက်က သူ့လက်ထဲမှာ သံတုတ်ကို ဆုပိုင်ထားပြီး အင်ပါယာသားတော်ကို အထင်သေးစွာ ကြည့်နေကာ မောက်မာမှု အမျိုးအစားကို ပြသနေပြီး မဟာဧကရာဇ် တစ်ပါး ပေါ်ထွက်လာရင်တောင် သူ့အလိုဆန္ဒအတိုင်း ဦးညွှတ်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်သလိုပဲ။

“မင်းပဲ”

အင်ပါယာသားတော်ထိုက်က ခွန်းတုံ့ပြန်လိုက်တယ်။

သူက ဘယ်လိုလုပ် အစ်ကိုမျောက်ကို မမှတ်မိပဲ နေနိုင်မှာလဲ။

ကျင့်ကြံခြင်းအဆင့်တူ တိုက်ပွဲတစ်ခုမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်အောင် အစ်ကိုမျောက်က ဖြစ်စေခဲ့တယ်။ အဲဒီအချိန်တုန်းက သူရယ် လင်းရွှမ်နဲ့ အင်ပါယာသားတော်မင်တို့ အတူပူးပေါင်း တိုက်ခိုက်ခဲ့ပေမဲ့ အစ်ကိုမျောက်အတွက် ပြိုင်ဘက်မဟုတ်ခဲ့တာက သူ့မှာ ကြီးမားတဲ့ စိတ်ဒဏ်ရာ တစ်ခု ကျန်စေခဲ့တယ်။

အခု သူက အစ်ကိုမျောက်နဲ့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့နေပြီး သူ့အရှိန်အဝါက ဘယ်လိုလုပ် အကြီးအကျယ် အားနည်းသွားစေနိုင်မှာလဲ။

လဗြွတ်။ အစ်ကိုမျောက်က ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေတာလဲ။

“ထွက်သွားစမ်း”

အစ်ကိုမျောက်က စိတ်မြန်လက်မြန် ရှိပြီးတော့ နောက်ထပ် စကားတစ်ခွန်းမှ မဆိုတောပဲ သူ့သံတုတ်ကို ဝှေ့ယမ်းကာ တိုက်ရိုက် တိုက်ခိုက်လိုက်တယ်။

ဒါက အစ်ကိုမျောက်ရဲ့ ပင်ကိုယ်စရိုက် ဖြစ်ပါတယ်။ တကယ်လို့ သူက တိုက်ခိုက်နိုင်ရင် သေချာပေါက် ပေါက်ပန်းလေးဆယ်ပြောပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။

အင်ပါယာသားတော်ထိုက်က ပုတ်ထုတ်လိုက်ပေမဲ့ အစ်ကိုမျောက်ရဲ့ သဘာ၀ ပါရမီက သူ့ထက် မနိမ့်ကျပါဘူး။ နောက်ပြီး အစ်ကိုမျောက်က ကြယ်သုံးပွင့် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကြယ်တစ်ပွင့် အားသာချက်နဲ့ ပေါင်းလိုက်ရင် တိုင်းတာလို့ မရနိုင်တဲ့ ကွာဟချက် တစ်ခု ဖြစ်လာတယ်။

နောက်ပြီး အစ်ကိုမျောက်က သူတော်စင်အဆင့် ကုန်ကြမ်းပစ္စည်းကို သွန်းလုပ်ထားတဲ့ လက်နက်တစ်ခု ရှိနေပါတယ်။ ဒါက ဟာသ တစ်ခု ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

တရစပ် တိုက်ခိုက်မှုတွေ အောက်မှာ အင်ပါယာသားတော်ထိုက် အတွက်တော့ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ဘူး။

“မျောက်ကောင် မင်းက အင်ပါယာ ကလန်ရဲ့ အဖွဲ့သား တစ်ယောက်ကို သတ်ခဲ့တယ်။ ဒီကိစ္စက အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူး”

အင်ပါယာသားတော်ထိုက်က ဒီစကားတွေကို ပြောပြီးတာနဲ့ ထွက်ပြေးမှု စတင်လိုက်တယ်။

အစ်ကိုမျောက်ရဲ့ စိတ်ဓာတ်က ပြင်းထန်ပြီး သူက ချက်ချင်းပဲ နောက်ကနေ လိုက်ဖမ်းတယ်။

သူက ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို ထုတ်ဖော်ထားတယ်။ သူ့အမြန်နှုန်းက အင်ပါယာသားတော်ထိုက်ထက်တောင် ပိုမြန်ဆန်ပါတယ်။

သူတို့တွေက လမ်းတစ်လျှောက်လုံး တိုက်ခိုက်ပြီး စကြဝဠာရဲ့ တစ်ဝက်နီးပါးကို ဖြတ်ကျော်လာတယ်။ ကံကောင်းတာက အင်ပါယာသားတော်ထိုက်ဟာ အစ်ကိုမျောက်ထက် အနည်းငယ်သာ နိမ့်ကျနေလို့ပါပဲ။ မဟုတ်ရင် သူက သေချာပေါက် အသတ်ခံပါလိမ့်မယ်။

နောက်ဆုံးတော့ အင်ပါယာသားတော်က ကျိေ၀ အင်ပါယာ ကလန်ဆီကို ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်။

ဒါပေမဲ့လည်း ဒီလိုပုံစံဆို ကျိေ၀ အင်ပါယာကလန်က သူတော်စင်တွေကို သေချာပေါက် စေလွှတ် လာပါလိမ့်မယ်။

ဒါဆိုရင် ဒီအကျပ်အတည်းကို သူတို့တွေ ဘယ်လိုဖြေရှင်းရမလဲ။

Chapter 4506 end

All Chapters