အခန်း ၄၅၀၈
Vol. 225 Ch. 4508
အပိုင်း (၄၅၀၈) ဝူယွဲ့
ရဲ့ဟီဂြိုလ်။ ပါရမီရှင်တွေ စုစည်းလာကြတယ်။
တချို့က လေလံပွဲအတွက် လာကြတာ ဖြစ်ပြီးတော့ တချို့ကတော့ နာမည်ဂုဏ်သတင်းအတွက် လာကြတယ်။ အခု ဒီနေရာမှာ ပါရမီရှင်တွေ အများအပြား စုဝေးနေကြတာ မဟုတ်လား။ တကယ်လို့ သူတို့ရဲ့ ရှေ့မှာ ထွက်ရပ်နိုင်မယ်ဆိုရင် သူတို့နာမည်တွေက ချက်ချင်းပဲ ကမ္ဘာအနှံ့ ပျံ့နှံ့သွားပါလိမ့်မယ်။
ဟုတ်တယ်။ အင်ပါယာကလန်တွေက တိုက်ခိုက်ခြင်းကို တားမြစ်တယ်ဆိုတဲ့ စည်းကမ်းချက် တစ်ခုကို ထုတ်ထားပေမဲ့ ဒီနေရာမှာ လူတွေ အများအပြား ရှိနေမှတော့ ဘယ်လိုလုပ်ပြီး အငြင်းပွားတာတွေ မဖြစ်ပဲ နေနိုင်မှာလဲ။
သူတို့အားလုံး ဒါကို သည်းခံနိုင်မှာလား။
မဖြစ်နိုင်ဘူး။
ဒီနေရာမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေ ဖြေရှင်းဖို့အတွက် အသုံးပြုတဲ့ ပြိုင်ပွဲကွင်း တစ်ခု ရှိပါတယ်။ အဲဒီမှာ တိုက်ပွဲတွေ သတ်ဖြတ်ခြင်းတွေကိုတောင် စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ အင်ပါယာ ကလန်တွေက သူတို့ကို ရပ်တန့်ဖို့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။
တကယ်လို့ သူတို့က ရှုံးနိမ့်မှာ ဒါမှမဟုတ် သေမှာကို ကြောက်တယ်ဆိုရင် ပြိုင်ပွဲကွင်းကို မသွားရင်လည်း ကိစ္စမရှိပါဘူး။ သူတို့ကို ဘယ်သူကမှ အတင်းအကျပ် စေခိုင်းလို့ မရဘူး။
လင်းဟန် တစ်ခါမှ မကြားဖူးတဲ့ လူတော်တော်များများလည်း ထွက်ပေါ်လာတယ်။ သူတို့က နာမည်ကျော်ကြားခြင်း မရှိပဲ အစွမ်းထက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားကြကာ တစ်ယောက်ချင်းစီ တိုက်ပွဲတွေကနေ တစ်ဆင့် နာမည်ကျော်ကြား လာကြတယ်။
ဒါပေမဲ့လည်း ဒီလိုပါရမီရှင်မျိုးက ပါရမီရှင်ဆိုတဲ့ အကန့်အသတ်ပဲ ရှိပြီးတော့ လင်းဟန်က သူတို့ကို ပြိုင်ဘက် တစ်ယောက်အဖြစ် စဉ်းစားရလောက်တဲ့အထိ တစ်မူးထူးခြားဖို့ဆိုတာ အဝေးကြီးပါ။
ကျင့်ကြံခြင်း အဆင့်တူ တိုက်ပွဲတစ်ခုမှာ ခွန်အားနဲ့ ပတ်သက်လာရင် ဒီကမ္ဘာကြီးထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ ဘယ်သူမှ မရှိလောက်ပါဘူး။ ဒါပေမဲ့လည်း သမိုင်းကြောင်းကို ကြည့်လိုက်ရင် မဟာဧကရာဇ် မျိုးဆက်တိုင်းက သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်မှာ အစွမ်းထက်ဆုံး မဟုတ်ကြဘူး။ ဥပမာ နေကိုးစင်း သူတော်စင်ကိုပဲ ကြည့်ပါ။ သူက ရှေးဘိုးဘေးဘုရင် လင်းထန်ကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပြီး နောက်ဆုံး ရယ်မောနိုင်တဲ့လူက နေကိုးစင်း သူတော်စင် မဟုတ်ခဲ့ဘူး။
ဒါကြောင့် မူလဇစ်မြစ်၊ အသင်္ချေ တာအို၊ ယန်ရီဟွမ် ဒါမှမဟုတ် ဟဲလျှိုတို့ အားလုံးမှာ လင်းဟန်ရဲ့ ဧကရာဇ် ဖြစ်လာမဲ့ အခွင့်အရေးကို ခြိမ်းခြောက်ဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။
ဒါပေမဲ့ နောက်ထပ် ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ အစွမ်းထက်တဲ့ ပါရမီရှင်တွေ ပိုပိုပြီးတော့ များလာခဲ့တယ်။ သူတို့ထဲက တစ်ယောက်က လင်းဟန်ကိုတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်။
ဥပမာ သတ်ဖြတ်ခြင်း ဆန္ဒကို တစ်ကိုယ်လုံးကနေ ထွက်ပေါ်နေတဲ့ လူငယ်တစ်ယောက် ရှိပါတယ်။ သူက ဓားကို သုံးပြီးတော့ ဘယ်ပြိုင်ဘက်နဲ့ပဲတွေ့တွေ့ သူက တစ်ဖက်လူကို တစ်ချက်တည်းနဲ့ သတ်ပစ်ပါလိမ့်မယ်။ ဘယ်သူမှ သူ့ရဲ့ အစစ်အမှန် ခွန်အားကို ဘယ်သူမှ မသိပါဘူး။
သူက သူ့ကိုယ်သူ ဝူယွဲ့လို့ ခေါ်ပေမဲ့ ဒီလောက်ပါပဲ။ ဘယ်သူ့မှ သူ့ရဲ့ ဇစ်မြစ်ကို အတိအကျ မသိဘူး။
လေလံပွဲက မစသေးပေမဲ့ ဝူယွဲ့က ရဲ့ဟီဂြိုလ်ပေါ်မှာ လူစိတ်ဝင်စားမှု အခံရဆုံး လူ ဖြစ်လာပါပြီ။
သူက တကယ်လည်း သန်မာလွန်းပါတယ်။ တိုက်ပွဲ နှစ်ဆယ့်သုံးပွဲ ဆက်တိုက် တစ်ပွဲမှ ရှုံးနိမ့်ခြင်း မရှိပဲ သူ့ရန်သူတွေကို တိုက်ပွဲတိုင်းမှာ တိုက်ကွက်တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့ပြီး အရမ်းကို လွယ်ကူတဲ့ ပုံစံမျိုး ရှိနေတယ်။
နောက်ဆုံး ပြိုင်ဘက် အနည်းငးယ်က မြင့်မြတ်ကုန်းမြေတွေရဲ့ တာအိုသားတော်တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက သူတို့ဟာ ကြယ်ကိုးပွင့်ရဲ့ အထွတ်အထိပ် အဆင့်ထိ ကျင့်ကြံအားထုတ် ထားပါတယ်။ ဒါပေမဲ့လည်း ကြီးမြတ်သော အရှင်သခင်အဆင့်ကို ချိုးဖျက် တက်ရောက်ရတာဟာ အရမ်းကို ခက်ခဲလွန်းပြီး ကျင့်ကြံခြင်း အဆင့် ခိုင်မြဲအောင်လုပ်ဖို့ အချိန် အရမ်းပေးရတာကြောင့် သူတို့က အဆင့်တက်ဖို့ နှောင့်နှေးနေခဲ့တယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာ သူတို့ရဲ့ တိုက်ပွဲစွမ်းရည်ကို မယုံနိုင်အောင် သန်မာတဲ့ အတိုင်းအတာ တစ်ခုထိ ကျင့်ကြံအားထုတ် ထားပါတယ်။
ဒါပေမဲ့လည်း သူတို့တွေက ဝူယွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံရဆဲပါပဲ။
ပိုအံ့အားသင့်စရာကောင်းတဲ့ အချက်က သူဟာ တကယ်ပဲ ကြယ်ငါးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိပါသေးတယ်။
ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်။ ဒီသတင်း ပျံနှံ့သွားတဲ့ အချိန်မှာ အင်ပါယာ ကလန်တွေတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူ့ကို အင်ပါယာ ကလန်ထဲ သွတ်သွင်းချင်တဲ့ စိတ်ကူးနဲ့ ဝူယွဲ့ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာ မထူးဆန်းတော့ဘူး။
တစ်စုံတစ်ယောက်က ခန့်မှန်းချက် တစ်ခုကို လုပ်ခဲ့တယ်။ လက်ရှိ ရွှေရောင်မျိုးဆက်က ဝူယွဲ့ လုပ်သလိုမျိုး လုပ်နိုင်ပါ့မလား။
အဖြေက ရွှေရောင်မျိုးဆက် ကြယ်ငါးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ဟာ ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောကို တစ်ချက်တည်း သတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ပြိုင်ဘက်က သာမန် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ဖြစ်နိုင်တယ်။ တကယ်လို့ ပြိုင်ဘက်က တာအိုသားတော် အဆင့်မှာ ရှိတယ်ဆိုရင် သူက သတ်ပစ်နိုင်ပေမဲ့ သေချာပေါက် တစ်ချက်တည်း သတ်ပစ်နိုင်မှာ မဟုတ်ဘူး။
ဒါက လူတိုင်းကို အံ့သြသွားစေခဲ့တယ်။ ရွှေရောင်မျိုးဆက်ဆိုတာဟာ အမြဲတမ်းလိုလို သူတို့ရဲ့ ခေတ်ပြိုင်တွေ အထဲမှာ အသန်မာဆုံးလို့ စံသတ်မှတ်ထားကြပေမဲ့ အခုတော့ သူတို့ဟာ မယှဉ်နိုင်ကြဘူး။
ဒီဝူယွဲ့က ဘယ်သူများလဲ။
ဝူယွဲ့က အင်ပါယာကလန်တွေဆီက ဖိတ်ကြားချက် နည်းနည်းကိုမှ သဘောမတူခဲ့ဘူး။ အဲဒီအစား သူက ပွင့်ပွင့်လင်းလင်းနဲ့ သူ့မှာ ဆရာသခင် တစ်ယောက် ရှိနေပြီ ဖြစ်ပြီးတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ပြောခဲ့တယ်။
တချို့ အင်ပါယာ ကလန်တွေက လက်မလျော့နိုင်သေးပဲ သူ့ကို ဘယ်ဂိုဏ်းကနေ လာတာလဲ ဆိုပြီးတော့ သေချာမေးမြန်းခဲ့တယ်။ သူတို့က ဝူယွဲ့ကို သိမ်းသွင်းလို့ မရနိုင်မှတော့ ဝူယွဲ့ရဲ့ ဂိုဏ်းပေါ်မှာ ဖိအားပေးနိုင်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ အင်ပါယာ ကလန်တွေရဲ့ ဖိအားကို ခံနိုင်တဲ့ အင်အားစု ရှိလိမ့်မယ်လို့ သူတို့တွေ မယုံကြည်ဘူး။
ဝူယွဲ့က ဘာကိုမှ ဖုံးကွယ်မထားပဲ သူတို့ကို တိုက်ရိုက်ပြောလာခဲ့တယ်။
စစ်နတ်ဘုရားနန်းတော်။
သူက တကယ်ပဲ စစ်နတ်ဘုရား နန်းတော်ရဲ့ ဇကာတင် တစ်ယောက် ဖြစ်နေတယ်။
သတင်းတွေ ပျံ့နှံ့သွားတဲ့ အချိန်မှာ လူတိုင်း အံ့သြသွားခဲ့တယ်။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ရွှေရောင်မျိုးဆက်ထက် သာလွန်တဲ့ တိုက်ပွဲစွမ်းရည်ရှိ ထိပ်တန်း ပါရမီရှင် တစ်ယောက်က စစ်နတ်ဘုရား နန်းတော်ရဲ့ ဇကာတင် တစ်ယောက် ဖြစ်နေတာလား။
သောက်ကျိုးနည်း စစ်နတ်ဘုရား နန်းတော်က ဘယ်လို ဖြစ်နေတာလဲ။
ဟုတ်တယ်။ အင်ပါယာ ကလန်တွေတောင် ဒီအင်အားစုနဲ့ ပြဿနာဖြစ်ဖို့ စိတ်ကူး မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီအင်အားစုက အစွမ်းထက်တဲ့အပြင် သူတို့ဟာ ဒီအင်အားစုရဲ့ လုပ်ကြံ သတ်ဖြတ်ခြင်း နည်းစနစ်ကို စိုးရိမ်ပူပန်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း မရှိဘူး။ နောက်ပြီး သူတို့အားလုံးကို တစ်ခါတည်းနဲ့ သုတ်သင်ရှင်းလင်းပစ်ဖို့ သူတို့ရဲ့ အသိုက် ဘယ်နေရာမှာ ရှိလဲဆိုတာကို ဘယ်သူမှ မသိတာကြောင့် ဒါလည်း မဖြစ်နိုင်ဘူး။
ဒါပေမဲ့လည်း စစ်နတ်ဘုရား နန်းတော်ရဲ့ ခွန်အားက သူ့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်ကို အားကိုးတာ ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ခြင်း တစ်ခုမှာ အင်ပါယာ ကလန်တွေ မပြောနဲ့ မြင့်မြတ်ကုန်းမြေတွေကိုတောင် ကြောက်လိမ့်မှာ မဟုတ်ပါဘူး။
တစ်ယောက်ချင်းစီ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတစ်ခုမှာ ဘယ်သူ နိုင်မလဲဆိုတာ ကြည့်တာပေါ့။
ဒါပေမဲ့လည်း အခု ဝူယွဲ့ ပေါ်လာခဲ့တယ်။ သူ့နာမည်က အရမ်းကို သာမန်ဖြစ်နေပေမဲ့ ကျင့်ကြံခြင်းမှာ သူ့ရဲ့ သဘာ၀ ပါရမီက ရွှေရောင်မျိုးဆက်ထက် လုံးဝကို သာလွန်နေခဲ့တယ်။
စစ်နတ်ဘုရား နန်းတော်က သူ့ကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့တာလဲ။
ဒါက လူတိုင်းကို စိတ်ရှုပ်ထွေး သွားစေခဲ့ပေမဲ့ သူတို့က ဝူယွဲ့ကို သိမ်းသွင်းစည်းရုံးဖို့ အကြောင်းကို နောက်တစ်ကြိမ် မပြောတော့ဘူး။ တကယ်လို့ စစ်နတ်ဘုရား နန်းတော်က ရန်ငြိုးတစ်ခု ဖွဲ့သွားရင် အရမ်းကို ပြဿနာ တက်သွားလိမ့်မယ်။ တကယ်တော့ အင်ပါယာ ကလန်တွေတောင် ဒီလိုမျိုး ပြိုင်ဘက် တစ်ယောက်နဲ့ ပြဿနာဖြစ်ဖို့ ဆန္ဒမရှိကြပါဘူး။
စစ်နတ်ဘုရား နန်းတော်က ရှေးဘိုးဘေးဘုရင် အဆက်ဆက်မှာ ရှင်သန်နိုင်စွမ်း ရှိတာကို ကြည့်ရုံနဲ့တင် ဒီအင်အားစုက ဘယ်လောက်ထိ ဇွဲကြီးလဲဆိုတာကို သိနိုင်ပါတယ်။
တကယ်လို့ သူတို့က မတူညီတဲ့ နေရာတစ်ခုနဲ့ မတူညီတဲ့ အချိန်တစ်ခုမှာဆိုရင် သူတို့က ဝူယွဲ့ကို မသတ်ခဲ့ဘ့ူးဆိုရင်တောင် သူ့ကို အဝေး မောင်းထုတ်ပစ်နိုင်ပါသေးတယ်။ စစ်နတ်ဘုရား နန်းတော်ဆီက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်နဲ့ အတူ ယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆိုတာက ဟာသ တစ်ခုပဲ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ အခုတော့ အင်ပါယာကလန် အသီးသီးက ဘယ်လောက်ပဲ မင်းက ဆိုးယုတ်နေပါစေ ရဲ့ဟီဂြိုလ်ပေါ်မှာ ဘယ်သူမှ ပစ်မှတ်ထားလိမ့်မှာ မဟုတ်ဘူး။ သူတို့တွေ ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ သူတို့ရဲ့ ဒေါသကို မျိုသိပ်ထားရုံပဲ တတ်နိုင်ပါတယ်။
နောက်ပြီး ဝူယွဲ့က ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ပါတယ်။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့လူက တကယ်ပဲ များများစားစား မရှိဘူး။
လင်းဟန်က ဒီအကြောင်းကို သိလိုက်ရတဲ့ အချိန်မှာ အံ့အားသင့် သွားခဲ့မိတယ်။ ဝူယွဲ့က တကယ်ပဲ စစ်နတ်ဘုရား နန်းတော်ရဲ့ ဇကာတင် တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မတွေးမိပါဘူး။
သူ ဒီလူကို သတ်ပစ်ဖို့ လှုပ်ရှားသင့်လား။
သူက စစ်နတ်ဘုရား နန်းတော်ရဲ့ သတ်ရမဲ့ လူစာရင်းထဲမှာ ပါဝင်နေတယ်။ နှစ်ဖက်စလုံးက သူသေကိုယ်သေ ရန်သူတွေ ဖြစ်နေပါပြီ။ စစ်နတ်ဘုရား နန်းတော်က သူ့ကို သတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူက စစ်နတ်ဘုရား နန်းတော်ကို ဖျက်ဆီးပစ်တာပဲဖြစ်ဖြစ် လုပ်ရပါမယ်။
ဒီဝူယွဲ့က စစ်နတ်ဘုရား နန်းတော်ရဲ့ အထူးချွန်ဆုံး ဆက်ခံသူ ဖြစ်လောက်တယ်။ တကယ်လို့ သူက ဝူယွဲ့ကို သတ်နိုင်ရင် စစ်နတ်ဘုရား နန်းတော်အတွက် ကြီးမားတဲ့ ရိုက်ခတ်မှု တစ်ခု ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့လည်း ဝူယွဲ့က တကယ့်ကို သန်မာပါတယ်။ တကယ်လို့ လင်းဟန်က လှုပ်ရှားမယ်ဆိုရင် ဝူယွဲ့ကို သူ သတ်ပစ်နိုင်မလား မသတ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို အသာထားဦး။ သူက သူ့ခွန်အားကို အကုန်အစင် အသုံးပြုရမှာ သေချာပါတယ်။ ဒါဆိုရင် သူ့အကြောင်းလည်း သေချာပေါက် ပေါ်သွားလိမ့်မယ။်
လေလံပွဲတောင် မစသေးပဲ သူ့ရဲ့ အကြောင်း ပေါ်သွားပြီး အားလုံး ပျက်စီးသွားမှာလား။
လင်းဟန်က အင်ပါယာကလန်တွေဟာ သူတို့ရဲ့ ကတိတွေကို ထိန်းထားပြီး ရဲ့ဟီဂြိုလ်ပေါ်ကနေ သူ ထွက်မသွားခင်ထိ လှုပ်ရှားမှု တစ်ခုမှ မလုပ်ပဲ နေလိမ့်မယ် ဆိုတာကို မယုံပါဘူး။ အဲဒီအစား သူတို့တွေက ချက်ချင်းပဲ သူ့ကို လျှို့ဝှက်စွာ သတ်ဖြတ်လာလိမ့်မယ်။
ခရမ်းရောင် ကပ်ဘေးအမှုန့်နဲ့ သူက သူ့အသက်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ သိပ်မလိုပေမဲ့ ဒီလိုနည်းနဲ့ဆို သူ့ရဲ့ လေလံပွဲမှာပါဝင်မဲ့ မူလက စိတ်ကူးဟာ လုံးဝကို ပျက်စီးသွားပါလိမ့်မယ်။
ထားလိုက်တော့။ သူက အခြေအနေ တစ်ခုလုံးကို ခြုံငုံပြီးတော့ အရင်ဆုံး ဦးစားပေး ရမယ်။
လင်းဟန်က စဉ်းစားလိုက်တယ်။ ဝူယွဲ့က ဒီလိုမျိုး ပုံစံနဲ့ ပေါ်လာတယ်ဆိုတော့ သူဟာ စစ်နတ်ဘုရား နန်းတော်ကနေ လာခဲ့တယ် ဆိုပေမဲ့ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး လူတွေကို သတ်ဖြတ်ရတာကို အထင်သေးတဲ့ ပုံစံပါပဲ။ ဒါဆိုရင် သူတို့အတွက် အနာဂတ်မှာ နောက်တစ်ကြိမ် ဆုံတွေ့ဖို့ အခွင့်အလမ်း ရှိလောက်သေးတယ်။
အလျင်လိုစရာ မလိုဘူး။
လင်းဟန်က နတ်ဘုရားဆေးပင်တွေ ဝယ်ယူပြီးတော့ မှော်ဆေးလုံးတွေကို အဆက်မပြတ် သန့်စင်ဖော်စပ် နေခဲ့တယ်။
ဒါက အထွတ်အထိပ် အဆင့်မှာ မရှိပေမဲ့ တန်ကြေး ကြီးကြီးမားမား တစ်ခုနဲ့ ရောင်းချနိုင်ပါသေးတယ်။ လင်းဟန်က သူလိုချင်တဲ့ ပစ္စည်းကောင်းတွေကို ခွန်အား သန်မာခြင်း အရည်ကို သုံးပြီးတော့ အလဲအလှယ် လုပ်ဖို့ဆိုတာက မတတ်နိုင်ပါဘူး။
အချိန်တွေ ဖြည်းဖြည်းခြင်း ကုန်လာခဲ့တယ်။ နောက်ဆုံးတော့ လူအများ မျှော်လင့်စောင့်စား နေကြတဲ့ လေလံပွဲကြီး စတင်ပါတော့မယ်။
ဒီတစ်ကြိမ် လေလံပွဲက အရမ်းကို ထူးခြားပါတယ်။ ဒါဟာ စကြာဝဠာ တစ်ခုလုံးမှာ အဆင့်မြင့်ဆုံး အဆင့် လေလံပွဲလို့တောင် တင်စားခေါ်ဝေါ်နိုင်တယ်။
ဒါကြောင့် တကယ်လို့ လူတစ်ယောက်က ဝင်ချင်တယ်ဆိုရင် အံ့မခန်း ကြွယ်ဝမှုကို သက်သေပြဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အဖိုးတန်တဲ့ သဘာ၀ ရတနာတွေ ထုတ်ပြနိုင်ရမယ်။ မဟုတ်ရင် တွေ့သမျှလူ ဝင်ပြီးတော့ ပါဝင်နေမယ်ဆိုရင် နေရာတစ်နေရာစာတောင် ကျန်တော့မှာ မဟုတ်ပါဘူး။
လင်းဟန်နဲ့ အစ်ကိုမျောက်က အတူတူ ဝင်လာခဲ့တယ်။ လင်းဟန် ဖော်စပ်ထားတဲ့ မှော်ဆေးလုံး သက်သက်နဲ့တင် သူတို့တွေ အထဲကို ဝင်ခဲ့ရခဲ့တယ်။
Chapter 4508 end