← Chapters

အခန်း ၄၅၀၉

Vol. 225 Ch. 4509

အခန်း ၄၅၀၉

Vol. 225 Ch. 4509

အပိုင်း (၄၅၀၉) နတ်ဘုရားချီအတွက် အလဲအလှယ်

လေလံပွဲ ကွင်းပြင်က အရမ်းကို ကြီးမားလွန်းတယ်။

ဒါက လိုအပ်ပါတယ်။ အင်ပါယာကလန်တွေ သီးသန့်နဲ့တင် ဒါဇင်ပေါင်းများစွာ နေရာယူထားပြီး မြင့်မြတ်ကုန်းမြေ အမြောက်အများကို ပေါင်းလိုက်ရင် ဒီအင်အားစုက လူတွေဟာ ဘယ်လောက်တောင် များပြားလိုက်မလဲ။ နောက်ပြီး တစ်ကိုယ်တော် ကျင့်ကြံသူတွေက ပိုပြီးတော့တောင် များပါတယ်။ သူတို့တွေက အဓိက ရောင်းချသူတွေ ဖြစ်တယ်။ ဥပမာ အင်ပါယာကလန်တွေက လေလံပွဲတစ်ခု ကျင်းပတဲ့ အချိန်မှာ ပစ္စည်းတွေကို ဝယ်ယူလေ့ ရှိပါတယ်။ အများဆုံး သူတို့က အခြေအနေနဲ့ ကိုက်ညီမှု ရှိအောင် ရတနာ တစ်ခု နှစ်ခုလောက်ကို ထုတ်ရောင်းပါလိမ့်မယ်။

လေလံပွဲက အရမ်းကို ရိုးရှင်းပါတယ်။ လေလံပွဲ အစီအစဉ်တင်ဆက်သူ တစ်ယောက် ရှိပြီးတော့ လေလံပစ္စည်းတွေရဲ့ အာနိသင်တွေကို မိတ်ဆက်ကာ ချီးကျူးပြောပါတယ်။ လေလံပစ္စည်း ရောင်းချတဲ့ တန်ဖိုးကတော့ လေလံပစ္စည်းရဲ့ ပိုင်ရှင်အပေါ်မှာပဲ လုံးဝကို မူတည်ပါတယ်။

တာအိုကျောက်တုံးတွေနဲ့ လက်ခံနိုင်သလို သူလိုချင်တဲ့ ပစ္စည်းတစ်ခုခုနဲ့လည်း အလဲအလှယ် လုပ်နိုင်ပါတယ်။

ဒီနေရာမှာ လူတွေ အများအပြား ရှိတာကြောင့် လေလံပစ္စည်း အရေအတွက်က မယုံနိုင်အောင် ကြောက်စရာကောင်းလိမ့်မယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒီလေလံပွဲက ဘယ်လောက် ကြာမလဲ ဆိုတာကို မသိနိုင်ဘူး။

လေလံပွဲက လအနည်းငယ် ဒါမှမဟုတ် တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရမယ်ဆိုရင်တောင် မဖြစ်နိုင်စရာ မရှိပါဘူး။

သိပ်မကြာခင် လေလံပွဲ စတင်ပါပြီ။

ပစ္စည်းရောင်းတဲ့ လူတွေက သူတို့ရဲ့ကိုယ်ပိုင် ပစ္စည်းတေါကို တစ်ခုပြီး တစ်ခု ထုတ်ကာ လေလံပွဲ ကျင်းပတဲ့ လူတွေဆီကို အပ်လိုက်တယ်။ လေလံပွဲ အစီအစဉ် တင်ဆက်သူက သူတို့ရဲ့ အမိန့်အတိုင်း လေလံပွဲကို စတင်ပါလိမ့်မယ်။

လေလံပွဲ ခန်းမထဲကို မဝင်ခင် ကနဦး ရွေးချယ်မှု လုပ်ထားတဲ့ အတွက်ကြောင့် လေလံတင် ပစ္စည်းတွေက သေချာပေါက် တန်ဖိုးရှိပြီးတော့ တခြားလူတွေရဲ့ အချိန်ကို ဖြုန်းတီးလိမ့်မှာ မဟုတ်ပါဘူး။

တစ်ခုပြီး တစ်ခု လေလံပစ္စည်းတွေကို ထွက်ပေါ်လာတယ်။ လေလံပွဲ တင်ဆက်သူက ပစ္စည်းတွေကို ချီးကျူးစကားဆိုကာ သူ့ကိုယ်ပိုင် သုံးသပ်ချက်ကိုလည်း ချပြခဲ့တယ်။ ဒါပေါ့။ သူ့စကားတွေကို ကိုးကားချက်အဖြစ်ပဲ သတ်မှတ်ယူဆနိုင်ပြီး အကြွင်းမဲ့ ယုံကြည်လို့ မရပါဘူး။

လူတချို့က သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပြီးတဲ့ နောက်မှာ ထွက်သွားကြတယ်။

အကြောင်းရင်းက သူတို့တွေဟာ လေလံပစ္စည်းတွေကို ယှဉ်ပြိုင်ပြီး လေလံဆွဲမှာ မဟုတ်လို့ ဖြစ်ပါတယ်။ ပထမအချက် တန်ကြေးက အရမ်းကို နိမ့်ကျလွန်းတာကြောင့် ဖြစ်နိုင်ပြီး ရောင်းချသူ စိတ်ကျေနပ်လောက်တဲ့ အဆင့်တစ်ခုကို မရောက်ခြင်းကြောင့် ဖြစ်ကာ ဒုတိယ အချက်က ရောင်းချသူဟာ တာအိုကျောက်တုံးတွေကို လက်မခံပဲ တခြားရတနာတွေနဲ့ အလဲအလှယ် လုပ်ချင်တာကြောင့် ဖြစ်ပါတယ်။ အလဲအလှယ်လုပ်ဖို့ ပစ္စည်းမရှိတာကြောင့် သူက ပစ္စည်းကို မရောင်းချဖို့ ရွေးချယ်လိုက်တာမျိုး ဖြစ်ပါတယ်။

ရက်အနည်းငယ် ကြာတဲ့အထိ အစ်ကိုမျောက်နဲ့ လင်းဟန်တို့က မလှုပ်ရှားသေးပါဘူး။

ပထမပိုင်းက ပစ္စည်းတွေဟာ သူတို့ကိုယ်ပိုင် တန်ဖိုးရှိပေမဲ့ လင်းဟန်နဲ့ အစ်ကိုမျောက်ကို ဆွဲဆောင်ဖို့ မလုံလောက်သေးပါဘူး။

ဒါပေမဲ့လည်း ဒီမှာ လူတွေက တကယ့်ကို များပြားလွန်းပါတယ်။

သူတို့အားလုံးက လေလံပွဲအတွက် သူတို့ကိုယ်ပိုင် ရတနာတွေကို ထုတ်ပြီးတော့ စောင့်နေ ကြတယ်။ နောက်ပြီး သူတို့က ဒါမျိုးကို ဆယ်နှစ် ဒါမှမဟုတ် နှစ်ပေါင်း တစ်ရာ အတွင်းမှာတောင် ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ လေလံပွဲ လုပ်နိုင်စွမ်း မရှိပါဘူး။

ပွဲစီစဉ်သူတွေက နောက်ဆုံးမှာ ဒီလိုလေလံပွဲက အရမ်းကို ရှုပ်ထွေးလွန်းတယ် ဆိုတာကို နားလည်သွားတယ်။ ဒါကြောင့် ဆွေးနွေးမှု တချို့ လုပ်ပြီးတဲ့ နောက်မှာတော့ လေလံပွဲ စည်းကမ်းတွေဟာ ပြောင်းလဲသွားခဲ့တယ်။

လေလံပွဲကို ဒီအတိုင်း ဆက်လက် ကျင်းပတော့မှာ မဟုတ်ပဲ လေလံပွဲ စင်မြင့် အသေးစား ရာပေါင်းများစွာ ခွဲပြီးတော့ တပြိုင်နက်တည်း ကျင်းပပါလိမ့်မယ်။ နောက်ပြီး တကယ်လို့ မင်းမှာ ဆန္ဒရှိရင် ဆိုင်တစ်ခု ခင်းထားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အမြင့်ဆုံး လေလံဆွဲတဲ့သူ အနိုင်ရရှိမှာ ဖြစ်ပြီးတော့ ပစ္စည်းကို ရောင်းမရောင်း ဆိုတာက ပစ္စည်းပိုင်ရှင် အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဒီနည်းလမ်းနဲ့ လေလံပွဲက မြန်ဆန်လာတယ်။ နောက်ပြီး စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ကနေ စပြီးတော့ သိုင်းပညာရှင်တွေဟာ စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေ ဖြစ်ပေါ်စေနိုင်တယ်။ ခန္ဓာကိုယ် ငါးခုကနေ ရှစ်ခုထိ ဖြစ်ပေါ်နိုင်ပြီး ဒါဟာ ပုံမှန်ပါပဲ။ နောက်ပြီး ဂိုဏ်းအရှင်သခင် အဆင့်နဲ့ အထက်အတွက် နတ်ဘုရားအာရုံတွေက မယုံနိုင်အောင် အစွမ်းထက်ပြီး လေလံပွဲ ဧရိယာ တစ်ခုလုံးကို ခြုံငုံထားဖို့ လုံလောက်ပါတယ်။ ဒါက လေလံပွဲ ဧရိယာတိုင်းမှာ ဝင်ရောက် လေလံဆွဲနိုင်စွမ်း ရှိတယ်။

ဒါကြောင့် ဒါက နည်းနည်းလေးမှ ဒုက္ခမရောက်ပါဘူး။ အုတ်အုတ်ကျက်ကျက် ဖြစ်စေနိုင်တဲ့ ရတနာတွေကတော့ အုတ်အုတ်ကျက်ကျက် ဖြစ်စေပါလိမ့်မယ်။

အားနည်းချက် တစ်ခုကတော့ ရတနာကို အကဲဖြတ်တဲ့လူက အလုပ်ပိုရှုပ်သွားတာပါပဲ။

ဒါလည်း အဆင်ပြေပါတယ်။ အင်ပါယာ ကလန်တွေက အကဲဖြတ်သူတွေ အများအပြားကို တောင်းဆိုထားပါတယ်။ ဒီလိုပြဿနာက မကြာခင်ပဲ ပြေလည်သွားခဲ့တယ်။

လင်းဟန်လည်း ခွန်အားဖြည့် အရည်တစ်စက်ကို ထုတ်ပြီးတော့ လေလံတင်လိုက်တယ်။

အကဲဖြတ်သူက အကဲဖြတ်ပြီး ကြေညာပြီးတဲ့ နောက်မှာတော့ ဂိုဏ်းအရှင်သခင်အဆင့် အဘိုးကြီးတွေနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေ အများအပြားက ဝိုင်းလာခဲ့တယ်။ သူတို့အားလုံး အကြည့်တွေက စူးရဲနေပြီး လင်းဟန်ကို တစ်ကိုယ်လုံး ဝါးမျိုပစ်ချင် နေတဲ့ အတိုင်းပဲ။

လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ သွေးနဲ့ချီကို သန်မာစေခြင်းက သူတို့လို အသက်ဓာတ် ကုန်ခါနီး လူတွေ အတွက်တော့ အရမ်းကို အရေးပါလွန်းပါတယ်။

လူတချို့က အဆင့်တက်ဖို့ မျှော်လင့်ချက်ကို ဖမ်းဆုပ်မိနေပေမဲ့ အသက်အားက အတော်လေး ခြောက်ခမ်းနေတာကြောင့် သူတို့က အလျင်စလိုနဲ့ မကြိုးပမ်းခဲ့ကြဘူး။ အခု ခွန်အားတိုး အရည်စက်ကို မြင်နေရပြီဆိုတော့ ဘယ်လိုလုပ်ပြီး မပျော်ရွှင်ပဲ နေနိုင်မှာလဲ။

ဒါပေမဲ့လည်း အရည်စက်က တစ်စက်ပဲ ရှိတာကြောင့် ဒီအရည်စက်အတွက် သူတို့က အပြိုင်အဆိုင် လေလံဆွဲရုံပဲ ရှိပါတော့တယ်။

ကျင့်ကြံခြင်း လမ်းကြောင်းပေါ်မှာ လူအနည်းစုပဲ အကျိုးအမြတ် ရရှိပြီး ကျန်တဲ့လူတွေက ရှုံးနိမ့်ရပါတယ်။ တကယ်တော့ အရင်းအမြစ်တွေက အများကြီး ရှိပါတယ်။

“ကျုပ် နတ်ဘုရားချီ ပါဝင်တဲ့ ရတနာတွေ လိုအပ်တယ်။ နတ်ဘုရားဆေးပင်ပဲဖြစ်ဖြစ် နတ်ဘုရားဆေးလုံး ဒါမှမဟုတ် တခြားဘာပစ္စည်းပဲဖြစ်ဖြစ် အားလုံးကို လက်ခံနိုင်တယ်”

လင်းဟန်က သူ့တောင်းဆိုချက်ကို ဖော်ပြလိုက်တယ်။

“တာအိုကျောက်တုံးတွေ ဘယ်လောက်များများ လက်မခံဘူး”

ဒီစကားတွေက လူတော်တော်များများကို ချက်ချင်းပဲ စိတ်ပျက်သွားစေခဲ့တယ်။

နတ်ဘုရားချီ ပါဝင်တဲ့ ရတနာတွေ ရှိပါတယ်။ ဒါက အရမ်းကို ရှားပါးလွန်းပြီး ကံကောင်းမှပဲ တွေ့ဆုံရရှိနိုင်မဲ့ အမျိုးအစားထဲမှာ ပါဝင်တယ်။ အချိန်တွေ အကြာကြီးနေမှ တစ်ခုလောက်ပဲ ရရှိနိုင်တာမျိုးပေါ့။

အင်ပါယာ ကလန်တွေမှာ နတ်ဘုရားချီကို ဖမ်းယူတဲ့ ထူးထူးခြားခြား နည်းလမ်းတစ်ခု ရှိတယ်လို့ ပြောပေမဲ့ လိုချင်တိုင်းလည်း ရရှိနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ တခြားအင်အားစုတွေထက်စာရင် သူတို့အတွက် အဆတစ်ရာလောက် ပိုမိုလွယ်ကူတယ်ဆိုတာပဲ ရှိတယ်။

လူတော်တော်များများက သူတို့ခေါင်းကို ခါပြီးတော့ ထွက်သွားပေမဲ့ လူတစ်ဒါဇင်ကျော်လောက် ရှိနေပါသေးတယ်။ သူတို့အားလုံး နတ်ဘုရားချီတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သေချာတယ်။

“လာကြ”

လင်းဟန်က တစ်ချက်ပြုံးလိုက်တယ်။

“ကြယ်လေးပွင့် အရည်အသွေး နတ်ဘုရားချီ”

“ကြယ်လေးပွင့် အရည်အသွေး နတ်ဘုရားချီ တစ်ခု”

“ကြယ်လေးပွင့် အရည်အသွေးရှိတဲ့ နတ်ဘုရားချီ နှစ်ခု”

“ကြယ်ငါးပွင့် နတ်ဘုရားချီ တစ်ခု”

လူတိုင်းက လေလံစတင်ဆွဲပြီး လင်းဟန်က အနည်းငယ် စိတ်ပျက်သွားခဲ့တယ်။ နတ်ဘုရားချီက ကျင့်ကြံခြင်းရဲ့ အသီးကို ကြီးထွားစေနိုင်ပေမဲ့ အဆင့်အနိမ့်လေ ကျင့်ကြံခြင်းရဲ့ အသီး ကြီးထွားမှု နည်းလေးပါပဲ။ နောက်ပြီး ကျင့်ကြံခြင်း အသီးရဲ့ အရည်အသွေးကိုလည်း သက်ရောက်မှု ရှိစေပြီး ကြီးမြတ်သော အရှင်သခင် အဆင့်ကို ရောက်တဲ့ အချိန်မှာ အဆင့်တူ တခြားကျင့်ကြံသူတွေထက် တိုက်ပွဲစွမ်းရည် အားနည်းစေပါတယ်။

ကံကောင်းတာက သူဟာ ဧကရာဇ်ကိုးပါး အရွယ်ဆယ်ရွက် ဆေးလုံးအတွက် ဆေးဖော်စပ်နည်းကို တတ်မြောက်ထားပြီး နတ်ဘုရားချီကို နောက်တစ်ဆင့် တိုးမြင့်နိုင်ပါတယ်။ ဒါပေမဲ့လည်း နတ်ဘုရားချီရဲ့ မူလအရည်အသွေး ပိုမြင့်လေ ပိုကောင်းလေပဲ။

“ဟိုးဟိုး ငါက ကြယ်ရှစ်ပွင့် အရည်အသွေးရှိတဲ့ နတ်ဘုရားချီ တစ်ခုကို ကမ်းလှမ်းချင်ပေမဲ့ မင်းမှာ ရတနာ အရည်တစ်စက်ပဲ ရှိတာက အလဲအလှယ် လုပ်ဖို့အတွက် မလုံလောက်ဘူး”

ရုတ်တရက် အကြီးအကဲ တစ်ယောက်က စကားပြောလာတယ်။ သူက အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့် ရှိပြီး တကယ်လို့ လူနှစ်ယောက် အတူတူ ဖက်ရင်တောင် သူ့ခန္ဓာကိုယ်ကို အပြည့် ဖက်မိနိုင်မှာ မဟုတ်ပေမဲ့ သူ့ခေါင်းက ဆံပင်တွေက မီးခိုးရောင်သမ်းကာ ဆွေးမြေ့မှု အငွေ့အသက် ထွက်ပေါ်နေတယ်။

“ဟင် ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်”

“ရွှေဆေးကျိုအိုး အင်ပါယာကလန်ဆီက ကြီးမြတ်သော အရှင်သခင် အဘိုးကြီးပဲ။ သူက သူတော်စင် အဆင့်ကို ချိုးဖျက်တက်ရောက်တာ မအောင်မြင်ပဲ သူ့အသက်ဓာတ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ပြောကြတယ်”

“သူ လှုပ်လှုပ်ရှားရှား ဖြစ်လာတာ မထူးဆန်းတော့ဘူး”

ပတ်ဝန်းကျင်က လူတွေက တိုးတိုးတိုးတိုးနဲ့ ဆွေးနွေးနေပြီး သူတို့ရဲ့ အမူအရာတွေက သုန်မှုန်နေတယ်။

အင်ပါယာကလန်က တကယ့်ကို ချမ်းသာကြွယ်ဝလွန်းပါတယ်။ သူတို့ရဲ့ ပါးစပ်ကို ဟလိုက်တာနဲ့ သူတို့က ချက်ချင်းပဲ ကြယ်ရှစ်ပွင့် နတ်ဘုရားချီ တစ်ခုကို ကမ်းလှမ်းနိုင်ပြီး သူတို့တွေ ယှဉ်ပြိုင်ဖို့ လုံးဝကို အရည်အချင်း မပြည့်မီအောင် ဖြစ်သွားတယ်။

အဲဒီအချိန် ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေတယ်။ အင်ပါယာ ကလန်တွေရဲ့ အဖွဲ့သားတွေ အတွက်တော့ နတ်ဘုရားချီ ရယူခြင်းက တခြားသူတွေထက် အများကြီး လွယ်ကူလွန်းပါတယ်။ နောက်ပြီး သူတို့က ကြယ်ကိုးပွင့် အမြင့်ဆုံးအဆင့်ကိုတောင် ရယူနိုင်ပေမဲ့ သူတို့အတွက် ဒီလိုမျိုး နတ်ဘုရားချီကလည်း မယုံနိုင်အောင် ရှားပါးပြီး သူတို့ကိုယ်ပိုင် အင်အားစု အတွင်းမှာ အသုံးပြုဖို့အတွက်ပဲ ချန်ထားလေ့ ရှိတယ်။

ရွှေရောင်မျိုးဆက်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကို လျင်မြန်စွာ တိုးတက်လာတဲ့ အကြောင်းရင်းက ဒီအချက်နဲ့ ပတ်သက်မှု ရှိပါတယ်။ မဟုတ်ရင် ဂိုဏ်းအရှင်သခင်အဆင့်နဲ့ ကြီးမြတ်သော အရှင်သခင်အဆင့်ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို အချိန်ယူပြီး ဖြည်းဖြည်းခြင်း တိုးတက်အောင် လုပ်ရုံပဲ တတ်နိုင်တယ်။

တခြားသူတွေ အမြင်မှာတော့ ကြယ်ရှစ်ပွင့် နတ်ဘုရားချီ တစ်ခုက မယုံနိုင်အောင် တန်ဖိုးရှိပေမဲ့ အင်ပါယာကလန် အတွက်တော့ နှစ်ပေါင်း ရာဂဏန်း အနည်းငယ်ကို တစ်ကြိမ်တော့ ရယူနိုင်စွမ်း ရှိပါတယ်။ ကြယ်ကိုးပွင့် နတ်ဘုရားချီ တစ်ခုပဲ အင်ပါယာကလန်ကိုတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်နိုင်တယ်။

ရွှေဆေးကျိုအိုး အင်ပါယာကလန်။

လင်းဟန်က အလိုလို စက်ဆုပ်သလို ခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း နတ်ဘုရားချီ စုဆောင်းဖို့ အချိန်ဖြစ်တာကြောင့် ကိစ္စမရှိဘူး။

သူက ခဏလောက် စဉ်းစားပြီးတော့ ပြန်ဖြေလိုက်တယ်။

“ဆယ်စက်”

ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်ရဲ့ စိတ်ထဲမှာ အတွေးတစ်ချက် ပေါ်လာခဲ့တယ်။ လင်းဟန်က တကယ်ပဲ သူနဲ့အတူ အပေးအယူလုပ်ရဲတယ်။ ဒါက ဘာအဓိပ္ပါယ်လဲ။

တစ်ဖက်လူမှာ သေချာပေါက် ရတနာအရည်စက် သုံးစက်မက ရှိပါလိမ့်မယ်။

“ဆယ်စက်က အရမ်းကို နည်းလွန်းသေးတယ်”

သူ့အမူအရာက မပြောင်းလဲပဲ သူ့ခေါင်းကို ခါလိုက်တယ်။

“ဒါက လုံလောက်ပြီ။ ဒီလောက်ဆိုရင် ခင်ဗျားရဲ့ သွေးနဲ့ချီကို အထွတ်အထိပ် အဆင့်ကို ရောက်အောင် ကူညီပေးပြီး သူတော်စင် အဆင့်ကို နောက်တစ်ကြိမ် ချိုးဖျက် တက်ရောက်လို့ ရအောင် ကူညီပေးနိုင်လိမ့်မယ်”

လင်းဟန်က တည်ငြိမ်စွာ ပြောလိုက်တယ်။

သူ့လက်ထဲမှာ ရတနာ အရည်စက်က ခွက်အပြည့် ရှိပေမဲ့ အပေးအယူ လုပ်ရတဲ့ အချိန်မှာဆိုရင် လင်းဟန်က အားနာနေလိမ့်မှာ မဟုတ်ပါဘူး။

နောက်ပြီး သူက အင်ပါယာကလန်တွေကို ဘာဖြစ်လို့ ရက်ရောရမှာလဲ။

ခက်ခက်ခဲခဲ အပေးအယူ လုပ်ပြီးတဲ့ နောက်မှာတော့ ရတနာ အရည်စက် ဆယ့်နှစ်စက်နဲ့ အရောင်းအဝယ် ဖြစ်သွားခဲ့တယ်။

ဟီးဟီး နှစ်ဖက်စလုံးက အရမ်းကို ကျေနပ်အားရသွားပြီး အပြုံးတွေ ပြုံးလိုက်တယ်။

Chapter 4509 end

All Chapters