← Chapters

အခန်း ၄၅၁၀

Vol. 225 Ch. 4510

အခန်း ၄၅၁၀

Vol. 225 Ch. 4510

အပိုင်း (၄၅၁၀) ကြီးမားတဲ့ အကျိုးအမြတ်

ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်ရဲ့ အမြင်မှတော့ ဒါက သူ့အတွက် အရမ်းကို အကျိုးအမြတ် ကြီးမားမှု တစ်ခု ဖြစ်ပါတယ်။

ကြယ်ရှစ်ပွင့် နတ်ဘုရားချီက တကယ်ပဲ အဖိုးထိုက်တန်ပေမဲ့ အင်ပါယာကလန် အတွက်တော့ ရှားပါး ပစ္စည်းတစ်ခုလို့ပဲ သတ်မှတ်ယူဆရမှာ ဖြစ်ပြီးတော့ အထွတ်အထိပ် ရတနာတစ်ခု မဟုတ်ပါဘူး။ ဒုတိယအချက် ကြယ်ရှစ်ပွင့် နတ်ဘုရားချီက ကြယ်ရှစ်ပွင့် နတ်ဘုရားချီဖြစ်ပြီး ကြယ်ကိုးပွင့် နတ်ဘုရားချီထက် အနည်းငယ် နိမ့်ကျပါသေးတယ်။ ဒီလိုနတ်ဘုရားချီနဲ့ ကျင့်ကြံခြင်း အသီးကို ပြုစုပျိုးထောင်မယ်ဆိုရင် သေချာပေါက် ပြီးပြည့်စုံအောင် လုံလောက်မှာ မဟုတ်ဘူး။

ဒီလိုဆိုမှတော့ လင်းဟန်က ဒီကြယ်ရှစ်ပွင့် နတ်ဘုရားချီကို သူတို့ကလန်ရဲ့ ရွှေရောင်မျိုးဆက်ကို ခြိမ်းခြောက်ဖို့ မူလရင်းမြစ်၊ အသင်္ချေတာအိုနဲ့ တခြားလူတွေကို ပြန်ရောင်းချမှာ ကြောက်နေစရာ မရှိပါဘူး။

ဒါပေမဲ့လည်း လင်းဟန်က နတ်ဘုရားချီရဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးဖော်စပ်နည်းကို တတ်မြောက်နေလိမ့်မယ်ဆိုတာ သူ မသိခဲ့ဘူး။ ကြယ်ရှစ်ပွင့် နတ်ဘုရားချီက တကယ်ပဲ ကြယ်ကိုးပွင့် နတ်ဘုရားချီ ဖြစ်ပါလိမ့်မယ်။

အဲဒီလိုမှ မဟုတ်ရင် သူက သေချာပေါက် အခုချိန်မှာ ရယ်မောနိုင်လိမ့်မှာ မဟုတ်ပါဘူး။ အဲဒီအစား ငိုကြွေးနေပါလိမ့်မယ်။

တစ်နေ့ လင်းဟန်ရဲ့ အကြောင်း ပေါ်သွားပြီး နတ်ဘုရားချီ အရည်အသွေးကို တိုးပေးနိုင်တဲ့ နည်းလမ်းတွေကို သူ တတ်မြောက်ထားကြောင်းလည်း သိသွားမယ်ဆိုရင် ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်ရဲ့ အမူအရာက သေချာပေါက် အရမ်းကို သုန်မှုန်နေလိမ့်မယ်။

လင်းဟန်က အရမ်းကို ကျေနပ်နေခဲ့တယ်။ ဒါက သူ ပထမဆုံး ရရှိတဲ့ ကြယ်ကိုးပွင့် နတ်ဘုရားချီ ဖြစ်ပြီးတော့ ကျင့်ကြံခြင်းရဲ့ အသီး အရည်အသွေးကို အမြင့်ဆုံးအဆင့်ထိ တိုးပေးနိုင်ပါတယ်။

သူက သူ့အခြေခံအုတ်မြစ်ကို အပြည့်အ၀ တည်ဆောက်ဖို့ ကြယ်ကိုးပွင့် နတ်ဘုရးာချီကို အသုံးပြုရင် လုံလောက်ပါပြီ။ ဒါဆိုရင် တကယ်လို့ သူက အဲဒါကို ပြုစုပျိုးထောင်ဖို့ ကြယ်တစ်ပွင့် နတ်ဘုရားချီကို သုံးရင်တောင် လုံလောက်အောင် ရှိနေသရွေ့ ကျင့်ကြံခြင်းရဲ့ အသီးက ရင့်မှည့်လာပြီး အရည်အသွေးကလည်း အကောင်းဆုံး ဖြစ်နေလိမ့်မယ်။

ဒါပေါ့။ သေချာပြီး လုံခြုံမှု ရှိရပါမယ်။ လင်းဟန်က သူ့ကျင့်ကြံခြင်းရဲ့ အသီးကို အထွတ်အထိပ်ထိ ကြီးထွားဖွံ့ဖြိုးလာဖို့ ကြယ်ကိုးပွင့် နတ်ဘုရားချီ တချို့ကို ရယူရပါဦးမယ်။

“ဟားဟားဟား”

ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင်က ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်သွားခဲ့တယ်။ သူက စိတ်မရှည်အောင် ဖြစ်နေပြီး သူ့အသက်ဓာတ် ပြန်လည်ကောင်းမွန်လာပြီး သူတော်စင် အဆင့်ကို နောက်တစ်ကြိမ် ချိုးဖျက်တက်ရောက်မှုကို ကြိုးစားဖို့ ရတနာ အရည်စက်ကို ချက်ချင်းပဲ သန့်စင်ချင်နေပါပြီ။

သူတော်စင် တစ်ယောက် ဖြစ်ဖို့က သူ့ဘဝမှာ အကြီးမားဆုံး အရာ ဖြစ်ပါတယ်။ သူ့သက်တမ်းက ကုန်ခါနီးနေပြီ ဖြစ်လို့ပါ။ တကယ်လို့ သူက သူတော်စင် တစ်ပါး မဖြစ်လာခဲ့ရင် လူသေ တစ်ယောက် ဖြစ်သွားလိမ့်မယ်။

လင်းဟန်က ပြုံးပြီးတော့ နောက်ထပ် ရတနာ အရည်တစ်စက်ကို ထုတ်ကာ ပြောလိုက်တယ်။

“လာကြလာကြ ဖြတ်သွားတဲ့လူတွေ ဒီအခွင့်အရေးကို လက်မလွှတ်စေနဲ့နော်”

ဒါက တခြားဂိုဏ်းအရှင်သခင်တွေနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေကို အံ့ကြိတ်သွားစေခဲ့တယ်။ မင်းမှာ ရတနာအရည်တွေ ဘယ်လောက်တောင်များ ရှိနေတာလဲ။

သူတို့အားလုံးက အနိမ့်ဆုံးဈေးနဲ့ လိုချင်ပေမဲ့ တကယ်လို့ ပြိုင်ဆိုင်မှုက လုံလောက်အောင် မပြင်းထန်ပဲ တခြားသူက ရတနာ အရည်စက်ကို ဝယ်ယူသွားပြီး လင်းဟန်မှာ ရုတ်တရက် ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့က မမျှတမှုအတွက် ဘယ်နေရာသွားပြီး စောဒက တက်ရမှာလဲ။

ဒါကြောင့် လင်းဟန်မှာ ရတနာ အရည်စက် ပိုင်ဆိုင်ထားနိုင်သေးတယ် ဆိုတာကို သူတို့တွေ သိနားလည်ရင်တောင် သူတို့က ဒါကို နောက်ဆုံး အရည်စက်အဖြစ် သတ်မှတ်ရုံပဲ တတ်နိုင်ပါတယ်။

ဒီလိုမျိုး အဖိုးတန်တဲ့ ရတနာ အရည်စက်က ပမာဏ ကြီးကြီးမားမား ရှိလိမ့်မှာ မဟုတ်ပါဘူး။ အများဆုံး တစ်ဒါဇင် ဒါမှမဟုတ် တစ်ဒါဇင်ကျော်လောက်ပဲ ရှိလိမ့်မယ်။

ဒါပေမဲ့လည်း သိပ်မကြာခင် အချိန်မှာပဲ လင်းဟန်က ရတနာ အရည်စက် ငါးဆယ်ကျော်ကို ရောင်းချပြီးပါပြီ။ သူက အော်ဟစ်ခေါ်ဝေါ်နေဆဲ ဖြစ်ပြီးတော့ စောစောတုန်းက တန်ဖိုး ကြီးကြီးမားမားနဲ့ လေလံအောင်သွားခဲ့တဲ့ လူတွေက သူတို့ရဲ့ ဆုံးရှုံးမှုအတွက် အော်ဟစ်မြည်တမ်း သွားစေခဲ့တယ်။ သူတို့လည်း အရမ်းကို အံ့သြသွားပြီးတော့ လင်းဟန်မှာ ဘယ်လိုကြောင့် ရတနာ အရည်စက်တွေ အများကြီး ပိုင်ဆိုင်ထားရတာလဲ။

ရတနာ အရည်စက် တစ်ရာကျော် ရောင်းချပြီးတဲ့ နောက်မှာတော့ လင်းဟန်က သူ့ဈေးဆိုင်ကို ပိတ်လိုက်တယ်။

သူက ထပ်ပြီးတော့ မရောင်းနိုင်တော့ပါဘူး။ အခုဆို လူတွေက အရမ်းကို ပါးနပ်လာပြီး ဘယ်သူကမှ မြင့်မားတဲ့ တန်ဖိုးတစ်ခုပေးချေဖို့ ဆန္ဒမရှိကြတော့ဘူး။ အဲဒီအစား သူတို့က လင်းဟန် အနေနဲ့ တန်ဖိုးနည်းနည်း တစ်ခု ချမှတ်ပေးစေချင်ပြီး လူတိုင်းက အဲဒီတန်ကြေးနဲ့ ဝယ်ယူပါလိမ့်မယ်။

လင်းဟန်က ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ဖို့ စိတ်ကူး ရှိမှာလဲ။

သူက လေလံအိမ်ကနေ တန်းပြီးတော့ ထွက်လာပြီး ပထမဆုံး ဧကရာဇ် ကိုးပါး သစ်ရွက် ဆယ်ရွက်ဆေးလုံးကို ဖော်စပ်ဖို့ ပြင်လိုက်တယ်။ ရတနာ အရည်စက်အတွက်တော့ သူက အစ်ကိုမျောက်ဆီကို ပေးထားလိုက်ပြီး အခြေအနေကို ကြည့်ကာ ဆက်ပြီးတော့ ရောင်းချမလား မရောင်းချဘူးလား ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

လင်းဟန် အတွက်တော့ ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးကို ဖော်စပ်ခြင်းက သူ့အတွက်တော့ ပန်းခြံထဲ လမ်းလျှောက်နေရသလို ဖြစ်နေပါပြီ။ ဒါကြောင့် တစ်လ ကြာပြီးတဲ့ နောက်မှာပဲ လင်းဟန်က မှော်ဆေးကျိုအိုး ဆယ်အိုးစာ ရရှိခဲ့တယ်။

သူတို့အားလုံးက ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးတွေဆိုပေမဲ့ အရည်အသွေးက လုံးဝကို ကွဲပြားခြားနားပါတယ်။

တချို့ ကြယ်သုံးပွင့် နတ်ဘုရားချီက ကြယ်လေးပွင့်ကို အဆင့်တက်သွားပြီး တချို့ ကြယ်ခုနစ်ပွင့် နတ်ဘုရားချီက ကြယ်ရှစ်ပွင့်ကို အဆင့်တက်သွားတယ်။ တန်ဖိုးအရှိဆုံးက ကြက်သွေးရောင် ကြီးမြတ်သော အရှင်သခင် ပေးခဲ့တဲ့ ကြယ်ရှစ်ပွင့် နတ်ဘုရားချီ ဖြစ်ပါတယ်။ အဲဒါက အခုဆို ကြယ်ကိုးပွင့် နတ်ဘုရားချီ တစ်ခု ဖြစ်သွားပြီ။

“နတ်ဘုရားချီအတွက် မှော်ဆေးလုံးတွေ အလဲအလှယ်လုပ်မယ်ဆိုရင် ငါ အမြတ်တွေ ပိုရလိမ့်မယ်”

လင်းဟန်က တစ်ချက်ပြုံးကာ ပြောလိုက်တယ်။ သူက နတ်ဘုရားချီရဲ့ အရည်အသွေးကို တိုးမြှင့်နိုင်ပြီး အရည်အသွေးမှာ ကြယ်တစ်ပွင့် ကွာဟချက်ရှိတာက ကျင့်ကြံခြင်းရဲ့ အသီး အရည်အသွေးကို သက်ရောက်မှု မရှိဘူးဆိုရင်တောင် ကြီးထွားမှု တစ်ခုတည်းနဲ့ ပတ်သက်ရင် ကွာဟချက်က အနည်းဆုံး ဆယ်ဆလောက် ရှိပါတယ်။

ဒါကြောင့် သူ ဖော်စပ်လိုက်တာနဲ့ နတ်ဘုရားချီရဲ့ တန်ဖိုးက ဆယ်ဆကျော်လောက် တိုးသွားခဲ့တယ်။

သူက အထောက်အကူ ဆေးပင်တချို့ အသုံးပြုဖို့ပဲ လိုအပ်ပါတယ်။ သူတို့က နတ်ဘုရား ဆေးပင်တွေ ဆိုပေမဲ့ နတ်ဘုရားချီ မပါဝင်တဲ့ နတ်ဘုရားဆေးပင်တွေက အများကြီး ဈေးသက်သာပါတယ်။ သူတို့ကို တာအိုကျောက်တုံးတွေနဲ့ ဝယ်ယူရရှိနိုင်ပြီး နတ်ဘုရားချီ အဆင့် ရတနာတွေနဲ့ လုံးဝကို အဆင့်မတူပါဘူး။

လင်းဟန်က လေလံအိမ်ကို ပြန်လာခဲ့တယ်။ ဒီတစ်ကြိမ် သူက အဆင့်နိမ့် ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးတချို့ကို ရောင်းချပြီးတော့ အစ်ကိုမျောက် အတွက်လည်း ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံး တချို့ကို ဖော်စပ်ထားပါတယ်။ မဟုတ်ရင် ရွှေရောင်မျိုးဆက်က သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးလာတဲ့ အချိန်မှာ အစ်ကိုမျောက်ကတော့ တစ်ဆို့နေမှာလား။

သူက အစ်ကိုမျောက်ကို ရှာလိုက်တယ်။ ဒီတစ်လ အတွင်းမှာ အစ်ကိုမျောက်က ရတနာ အရည်စက် ဆယ့်ခုနစ်စက် ရောင်းချပြီး လင်းဟန်အတွက် ကြယ်ရှစ်ပွင့် နတ်ဘုရားချီ တစ်ခုကို ရယူနိုင်ပေးခဲ့တယ်။

လင်းဟန်က ပြုံးသွားတယ်။ တကယ်လို့ သူ့မှာ ကြယ်ကိုးပွင့် နတ်ဘုရားချီ နှစ်ခု ရှိမယ်ဆိုရင် ကျင့်ကြံခြင်းရဲ့ အသီး အရည်အသွေးကို အထွတ်အထိပ် အဆင့်ထိ တိုးမြင့်ဖို့ လုံလောက်သင့်တယ် မဟုတ်လား။

သူက ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးကို စတင်ရောင်းချပေမဲ့ အရောင်းအဝယ်က သိပ်မကောင်းပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒါက နတ်ဘုရားချီနဲ့ အတူတူဖြစ်ပါတယ်။ လူတိုင်းက ငွေကြေးစနစ် အဖြစ် အသုံးပြုတာကြောင့် သူတို့က ဒါကို ဝယ်ယူဖို့ လိုအပ်လို့လား။

ဒါပေမဲ့လည်း လင်းဟန်က အဆင့်မြင့် ဧကရာဇ်ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံး တစ်လုံးကို ဝယ်ယူဖို့အတွက် နတ်ဘုရားချီ ခုနစ်ခုကို သုံးနိုင်တယ်လို့ ကြေညာလိုက်တဲ့ လူတော်တော်များများ ဆွဲဆောင်ခံလိုက်ရတယ်။

အရင်က ပြောထားသလိုပဲ အဆင့်မြင့် နတ်ဘုရားချီ တစ်ခုက အဆင့်နိမ့် နတ်ဘုရားချီထက် အာနိသင် ဆယ်ဆလောက် ပိုရှိပါတယ်။

မင်းက ငတုံး တစ်ယောက်လား။

ငတုံးတွေနဲ့ တွေ့တဲ့အချိန်ကျရင် ဘယ်သူကမှ အားနာခြင်းမရှိပဲ သူတို့တွေ အားလုံး လှုပ်ရှား လာကြတယ်။

ဒီလိုနဲ့ လင်းဟန်က နတ်ဘုရားချီတွေ ပိုပိုပြီးတော့ ရရှိလာခဲ့တယ်။

တစ်ရက် အချိန်အတွင်းမှာ အဆင့်မြင့်ဆုံး ဧကရာဇ်ကိုးပါး ဆေးလုံးကလွဲပြီး တခြားဆေးလုံး အကုန်လုံး ရောင်းထွက်သွားခဲ့တယ်။

နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားတာပေါ့။

လင်းဟန်က လေလံအိမ်ကနေ ထွက်လာပြီး စိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရှာဖွေကာ မှော်ဆေးလုံးတွေ နောက်တစ်ကြိမ် ဖော်စပ်ခဲ့တယ်။ တစ်လ အချိန်အတွင်းမှာ သူက နောက်ထပ် ဆေးကျိုအိုး ဆယ်အိုး ဖော်စပ်ခဲ့တယ်။

အခုချိန်မှာ ပြဿနာက သူ့ဆီမှာ နတ်ဘုရားချီ လုံလောက်ပေမဲ့ အချိန်များများစားစား မရှိပါဘူး။ သူက သုံးရက်ကို ဆေးကျိုအိုး တစ်လုံးပဲ ဖော်စပ်နိုင်ပြီး ဒါဟာ အမြင့်ဆုံး စွမ်းဆောင်နိုင်မှု ဖြစ်ပါတယ်။ နောက်ပြီး သူက မှော်ဆေးဧကရာဇ် ဖြစ်နေလို့ပါ။ တခြားမှော်ဆေးပညာရှင်တွေဆိုရင် ဆေးလုံး အောင်မြင်တဲ့နှုန်းက အချိန်ကြာလာတာနဲ့အမျှ လျော့သွားပါလိမ့်မယ်။ ဆေးကျိုအိုး နှစ်အိုး သုံးအိုးကို ဆက်တိုက် ဖော်စပ်နိုင်ရင်ကို အံ့ဖွယ်ကောင်းနေပါပြီ။ ဒီတော့ ဘယ်လိုလုပ် သူ့လိုမျိုး ဆေးကျိုအိုး ဆယ်အိုးစာကို တစ်ဆက်တည်း ဖော်စပ်နိုင်မှာလဲ။

ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ် တစ်ခုဆိုတာက လေလုံးထွားရုံသက်သက် တစ်ခု မဟုတ်ခဲ့ဘူး။

လင်းဟန်က တတိယ အကြိမ်မြောက် လေလံအိမ်ကို ဝင်လာခဲ့တယ်။ ဒီတစ်ကြိမ်တော့ သူက မှော်ဆေးလုံးတွေ ရောင်းချဖို့အတွက် ဈေးဆိုင်တစ်ဆိုင် ခင်းမနေတော့ပဲ လှည့်ပတ်ကြည့်ရှူ နေခဲ့တယ်။

နတ်ဘုရားချီ မလိုအပ်တဲ့ လူတချို့လည်း ရှိကောင်းရှိနိုင်ပေမဲ့ သူတို့ဟာ လင်းဟန် လိုချင်တာကိုလည်း ရောင်းချကောင်း ရောင်းချနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လေလံပွဲက အချိန်အကြာကြီး ဆက်ပြီးတော့ ကျင်းပနေပါဦးမယ်။ ဒါကြောင့် စိုးရိမ်ပူပန်စရာ မလိုပါဘူး။

သူက ဆက်ပြီးတော့ လှည့်လည်သွားလာနေခဲ့တယ်။ ဒါပေမဲ့လည်း ရတနာတွေ အမျိုးအစား စုံလင်စွာ ရှိတယ်ဆိုရင်တောင် ဘယ်ပစ္စည်းကမှ လင်းဟန်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ မတန်ပါဘူး။

သုံးရက်ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က ဈေးဆိုင်သေးသေးလေး တစ်ခုရဲ့ အရှေ့ကို ရောက်လာခဲ့တယ်။

ဈေးဆိုင်ပေါ်မှာ ရှေးဟောင်းပစ္စည်း အမျိုးအစား စုံလင်စွာ ခင်းကျင်းထားတယ်။ တချို့ဆိုရင် အညစ်အကြေးတွေတောင် ဖုံးနေတယ်။

ဒါကို တမင်သက်သက် ဆေးကြောသန့်စင်ထားခြင်း မရှိဘူး။ ဖုန်မှုန့်တွေ ကိုယ်တိုင်က ရှေးဟောင်း အငွေ့အသက် တစ်ခုကို ထုတ်လွှတ်နေပြီး ဒီရှေးဟောင်းပစ္စည်းတွေက ဘယ်လောက် အိုမင်းဟောင်းနွမ်းနေလဲ ဆိုတာကို ဖော်ပြဖို့ အသုံးပြုပါတယ်။

ဟောင်းနွမ်းနေတဲ့ ပစ္စည်းတွေက တန်ဖိုးနည်းနည်းမှ မရှိလောက်ပေမဲ့ လူတော်တော်များများက ပစ္စည်းဟောင်းတွေဟာ တန်ဖိုးရှိတယ်လို့ ယုံကြည်ကြတယ်။

လင်းဟန်က တစ်ချက်ဝှေ့ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ဓားကျိုး တစ်ချောင်းပေါ်ကို ကျရောက် သွားခဲ့တယ်။

ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် စိတ်ဝိညာဉ် ပစ္စည်းတစ်ခုဟာ ဘယ်လောက်ပဲ အံ့သြစရာ ကောင်းနေပါစေ ကျိုးသွားပြီဆိုတာနဲ့ သူ့အစွမ်းကလည်း အကြီးအကျယ် လျော့ကျ သွားပါလိမ့်မယ်။ နောက်ပြီး သူ့ရဲ့ စွမ်းအားကို အပြည့်အ၀ ထုတ်ဖော်နိုင်စွမ်းတောင် ရှိလိမ့်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ထိခိုက်ပျက်စီးနေတဲ့ စိတ်ဝိညာဉ် ပစ္စည်းတစ်ခုက အရမ်းကို ဈေးပေါပါတယ်။ အများဆုံး ပျက်စီးထိခိုက်မှု အတွက်ကြောင့် ဈေးပေါပေါနဲ့ ဝယ်ယူနိုင်ပါတယ်။

အစပိုင်းတော့ လင်းဟန်လည်း ဒီလိုပဲ တွေးမိပါတယ်။ ဒါပေမဲ့လည်း ဒုတိယတစ်ကြိမ် ကြည့်ပြီးတဲ့ နောက်မှာ ဒီဓားကျိုးက ခပ်မှိန်မှိန် စွမ်းအင်တစ်ခု ထုတ်လွှတ်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့လည်း ဒီစွမ်းအင်ရဲ့ မြင့်မားတဲ့ အရည်အသွေးက သူ့ကိုတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွား စေခဲ့ပါတယ်။

သောက်ကျိုးနည်း။ သူက ရတနာ တစ်ခုကို တွေ့ပြီ။

Chapter 4510 end

All Chapters