← Chapters

အခန်း ၄၅၁၁

Vol. 225 Ch. 4511

အခန်း ၄၅၁၁

Vol. 225 Ch. 4511

အပိုင်း (၄၅၁၁) ဓားကျိုး။

လင်းဟန်က တည်တည်ငြိမ်ငြိမ်နဲ့ ဓားကျိုးကို ကောက်ယူလိုက်တယ်။ အဲဒီနောက် သူက ဈေးဆိုင် ပိုင်ရှင်ကို မေးလိုက်တယ်။

“ဒီပစ္စည်း ဘယ်လောက်လဲ”

ဈေးဆိုင်ပိုင်ရှင်က အတော်လေးကို ကောက်ကျစ်ဉာဏ်များကာ ပြောလိုက်တယ်။

“ဒါက လေလံပွဲ တစ်ခုပဲ။ မင်း ကမ်းလှမ်းမဲ့ ပစ္စည်းက ငါ့စိတ်ကို ဆွဲဆောင်နိုင်မလား မဆွဲဆောင်နိုင်ဘူးလား ဆိုတာကို ကြည့်တာပေါ့”

ဟူး တကယ့်ကို ဉာဏ်များတဲ့ ကုန်သည် တစ်ယောက်ပဲ။

လင်းဟန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ သက်ပြင်းချကာ ပြောလိုက်တယ်။

“တာအိုကျောက်တုံး တစ်သောင်း”

ဈေးဆိုင်ပိုင်ရှင်က သူ့ခေါင်းကို ခါလိုက်တယ်။

“ငါ တာအိုကျောက်တုံးတွေကို လက်မခံဘူး”

အရမ်းကို ဘဝမြင့်တာပဲ။

ဒါပေမဲ့လည်း ဒါဟာ ပုံမှန်ပါပဲ။ တကယ်လို့ လူတစ်ယောက်က သူတို့ရဲ့ ခွန်အားကို တိုးချင်ရင် တာအို ကျောက်တုံးက အသုံးမဝင်ဆုံးပါပဲ။

လင်းဟန်က ပြုံးပြီးတော့ ဈေးဆိုင်ပိုင်ရှင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်။

“မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်တစ်ယောက်ပဲ။ မင်းက ဂိုဏ်းအရှင်သခင် အဆင့်နဲ့ သိပ်မလိုတော့ဘူး။ ငါ မင်းကို ဧကရာဇ်ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံး ပေးမယ်။ အဲဒီထဲမှာ နတ်ဘုရားချီ ရှိပြီး အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်တိုးအောင် ကူညီပေးလိမ့်မယ်”

ဈေးဆိုင်ပိုင်ရှင်က ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။ သူက ဒီမှော်ဆေးလုံးကို အခု အသုံးပြုဖို့ မလိုသေးပေမဲ့ လင်းဟန်ပြောသလိုပဲ သူ့မှာ အချိန်အများကြီး မလိုတော့ဘူး။

ဒါက အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ပြီး အကျိုးအမြတ်တွေကို မြင်နိုင် ခံစားနိုင်ပါတယ်။ သေချာပေါက် မျှော်လင့်စောင့်စားဖို့ ထိုက်တန်တယ်။

“နတ်ဘုရားချီက ကြယ်ဘယ်နှစ်ပွင့်လဲ”

သူက မေးလိုက်တယ်။

သေစမ်း။ သူက တကယ်ပဲ အလွယ်တကူ လှည့်စားလို့ မရဘူး။

လင်းဟန်က ပြုံးလိုက်တယ်။

“ကြယ်သုံးပွင့် ငါ မင်းကို ဆယ်ခု ပေးမယ်”

ဈေးဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားသွားပုံ ပေါ်သွားပေမဲ့ လင်းဟန်ရဲ့ တောင်းဆိုချက်ကို မြန်မြန်ဆန်ဆန် သဘောတူတာက မသင့်တော်ဘူးလို့ ခံစားလိုက်ရတယ်။ တန်ဖိုးကို ထပ်ပြီးတော့ တိုးမြှင့်သင့်တယ်။

“ဒါက နည်းနည်းတော့ နည်းလွန်းတယ်”

သူက အံ့ကိုကြိတ်လိုက်ပြီး သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလိုက်တယ်။

“ကြယ်သုံးပွင့် နတ်ဘုရားချီ နှစ်ဆယ်”

အသံတစ်သံထွက်ပေါ် လာပေမဲ့ လင်းဟန်တော့ မဟုတ်ဘူး။

လဗြွတ်။ ငါ့ စီးပွားရေးကို တစ်ယောက်ယောက်က လာဖျက်ဆီးနေတာလား။

လင်းဟန်က သူ့ခေါင်းကို လှည့်ပြီးတော့ ကြည့်လိုက်ကာ သူ့မျက်လုံးတွေက အနည်းငယ် မှေးစင်းသွားခဲ့တယ်။

ဝူယွဲ့။

သူ့ကိုပြိုင်တဲ့လူက တကယ်ပဲ စစ်နတ်ဘုရားနန်းတော်ရဲ့ အထူးချွန်ဆုံး ဇကာတင် ဖြစ်နေတယ်။

အရမ်းကောင်းတယ်။ ငါ မင်းနဲ့ စာရင်းတောင် မရှင်းရသေးပဲ မင်းက ငါ့တံခါးဝရှေ့ကို ရောက်လာပြီ။

ဈေးဆိုင်ပိုင်ရှင်ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ ဒါက လေလံပွဲတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ပြိုင်ဆိုင်မဲ့လူ တစ်ယောက်မှ မရှိဘူးဆိုရင် သာမန်ရောင်းချမှု တစ်ခုပဲ ဖြစ်လိမ့်မယ် မဟုတ်လား။ အဲဒါက ဘယ်လောက် ပျင်းစရာကောင်းမလဲ။

သူက လင်းဟန်ဆီကို လှမ်းကြည့်လိုက်ပြီးတော့ လင်းဟန်က ဈေးနှုန်းကို တိုးမြှင့်ပေးဖို့ မျှော်လင့် နေခဲ့တယ်။

လင်းဟန်က မျက်မှောင်ကြုတ်ပြီးတော့ ပြောလိုက်တယ်။

“သုံးဆယ်”

“လေးဆယ်”

ဝူယွဲ့က ဝင့်ကြွားစွာ ကြေညာလိုက်ပြီး အရမ်းကို ချမ်းသာကြွယ်ဝတဲ့ ပုံစံမျိုး ပေါ်နေတယ်။

“ကြယ်လေးပွင့် နတ်ဘုရားချီ နှစ်ခု”

လင်းဟန်က နောက်တစ်ကြိမ် လေလံကြေးကို တိုးမြှင့်လိုက်တယ်။

“သုံးခု”

ဝူယွဲ့က မနှေးမမြန်ပဲ သူ့တန်ဖိုးကို တိုးမြှင့်လိုက်ပြီး လင်းဟန်ကို အလေးအနက် မထားတဲ့ အတိုင်းပါပဲ။

စစ်နတ်ဘုရား နန်းတော်က ဘယ်လိုလုပ် အရမ်းကို ချမ်းသာကြွယ်ဝနိုင်တာလဲ။

လင်းဟန်က တန်ဖိုးကို ဆက်တိုးမြင့်ပြီး ဝူယွဲ့ကလည်း နည်းနည်းလေးမှ နောက်ကောက်ကျ မနေခဲ့ပါဘူး။ သူက ဒီဓားကျိုးကို အရယူဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ သိသာပါတယ်။

ဒါက သူတို့အနားက လူတိုင်းကို အံ့အားသင့် သွားစေခဲ့တယ်။ ဒီဓားကျိုးက တကယ်ပဲ ကြယ်လေးပွင့် နတ်ဘုရားချီ နှစ်ခုတန်ရဲ့လား။ မဟုတ်ဘူး။ ကြယ်လေးပွင့် နတ်ဘုရားချီ သုံးခုထိ ဖြစ်နေပြီလား။

အပျော်ရွှင်ဆုံး လူကတော့ ဈေးဆိုင်ပိုင်ရှင်ပါပဲ။ သူ့နှလုံးသားတွေ ပေါက်ကွဲထွက်တော့မလို့ ခံစားနေရတယ်။

ဒီဓားကျိုးကို ဘယ်သူပဲ ဝယ်ဝယ် ကိစ္စမရှိပါဘူး။ သူကတော့ နတ်ဘုရားချီကို လက်ခံ ရယူပြီးတဲ့ နောက်မှာ ရဲ့ဟီဂြိုလ်ကနေ ချက်ချင်းပဲ ထွက်သွားဖို့ ဆုံးဖြတ်ထားတယ်။

လုံခြုံရေးက ဦးစားပေး ဖြစ်ပါတယ်။

တန်ဖိုးက ကြယ်လေးပွင့် နတ်ဘုရားချီ လေးခုထိ တိုးမြင့်သွားတဲ့ အချိန်မှာ လင်းဟန်က လက်လျော့လိုက်ဖို့ ပြတ်သားစွာ ဆုံးဖြတ်လိုက်တယ်။

ဒီဓားကျိုးက လေ့လာဖို့ ထိုက်တန်တယ်လို့ သူက တကယ် တွေးနေပေမဲ့ ဒီလိုမျိုး ဈေးကြီးမားတာက အရမ်းကို ကြမ်းတမ်းလွန်းနေပါပြီ။ တကယ်လို့ ပြိုင်ဘက် လေလံဆွဲတဲ့လူက စစ်နတ်ဘုရား နန်းတော်ရဲ့ ဇကာတင် တစ်ယောက် ဖြစ်နေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူက အစောကြီးကတည်းက လက်လျော့လိုက်ပါပြီ။

အခုကျတော့ရော။ သူက တစ်ဖက်လူကို လေလံအောင်ခွင့် ပြုလိုက်ပါမယ်။

လင်းဟန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ တွေးနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက စစ်နတ်ဘုရား နန်းတော်ဆီက လူတစ်ယောက်ကို ချမ်းသာပေးမှာ မဟုတ်ပါဘူး။ အနှေးနဲ့အမြန် ဆိုသလို သူက ဝူယွဲ့နဲ့ တိုက်ခိုက်ရမှာ ဖြစ်ပြီးတော့ အခုချိန်မှာ ဝူယွဲ့ကို ဒီဓား ခဏလောက် သိမ်းထား ခိုင်းထားလိုက်ရုံပေါ့။

ဝူယွဲ့က အရမ်းကို ပျော်ရွှင်စွာနဲ့ ကြယ်ငါးပွင့် နတ်ဘုရားချီ လေးခုကို ပေးချေပြီး ဓားကျိုးကို ရယူလိုက်တယ်။ အဲဒီနောက် သူက ခြေလှမ်းကျဲကျဲတွေနဲ့အတူ ထွက်သွားကာ သူ့မျက်လုံးတွေက အထင်သေးခြင်းတွေနဲ့ ပြည့်နေတယ်။ သူက လေလံပွဲရဲ့ အနိုင်ရသူအနေနဲ့ တခြားသူတွေကို လှောင်ပြောင်သရော်တဲ့ အသံ နည်းနည်းလေးမှ မလုပ်ခဲ့ဘူး။

သူ့အမြင်မှာတော့ လင်းဟန်က သူ အချိန်ပေးရလောက်အောင် မတန်ခဲ့ပါဘူး။

အဲဒီအချိန် လင်းဟန်က နောက်ကနေ ဖြည်းဖြည်းခြင်း ပြောလိုက်တယ်။

“မင်းက ငါ့ကို ကြယ်ငါးပွင့် နတ်ဘုရားချီ လေးခု ဖြုန်းတီးဖြစ်စေခဲ့တာပဲ”

ဟင် ဓားကျိုးကို ရသွားတာက ဝူယွဲ့ပဲလေ။ ဘာဖြစ်လို့ သူက သူ့နတ်ဘုရားချီ ဖြုန်းတီးလိုက်တယ်လို့ ပြောရတာလဲ။

လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားတယ်။ လင်းဟန်က သူ မယှဉ်နိုင်တာကြောင့် ဒေါသတွေနဲ့ အူကြောင်ကြောင် ဖြစ်သွားတာများ ဖြစ်နိုင်မလား။

ဝူယွဲ့လည်း လန့်ဖျပ်သွားပြီးတော့မှ သူက သတိပြန်ဝင် လာခဲ့တယ်။

လင်းဟန်ပြောတာက သူဟာ လင်းဟန်ရဲ့ လက်ချက်နဲ့ သေရမှာ ဖြစ်တယ်။ ဒါကြောင့် အခု သူက ဓားကျိုးကိုဝယ်ဖို့ နတ်ဘုရားချီကို သုံးလိုက်တာက လင်းဟန်ရဲ့ တိုက်ပွဲ အကျိုးအမြတ်ကနေ ဖဲ့သုံးလိုက်တာလို့ ဆိုလိုတာပါ။

ဒါက။

ဝူယွဲ့ရဲ့ စိတ်နေစိတ်ထားနဲ့တောင် သူက ဒေါသတွေ ထွက်လာသလို ခံစားရတယ်။

သူက ခြေလှမ်းတွေကို ရပ်ပြီးတော့ အဲဒီနောက် မေးလိုက်တယ်။

“မင်း ငါနဲ့ တိုက်ခိုက်ရဲလား”

ဒါပေမဲ့လည်း သူက လင်းဟန်ကို သူ့ရဲ့ အထင်သေးမှုကို ပြသဖို့ ပြန်တောင် မလှည့်ကြည့်ခဲ့ဘူး။

လင်းဟန်က ပြုံးရုံသာ ပြုံးလိုက်တယ်။

“အခု အချိန်မကျသေးဘူး”

သူက လေလံပွဲမှာ ဆက်ပြီးတော့ ပါဝင်ယှဉ်ပြိုင် ရပါဦးမယ်။

ဝူယွဲ့က နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ ခြေလှမ်းကျဲကျဲတွေနဲ့အတူ ထွက်သွားခဲ့တယ်။

လေလံပွဲကို ဆက်လက်ကျင်းပနေပါတယ်။ လင်းဟန်နဲ့ အစ်ကိုမျောက်က သူတို့ရဲ့ လေလံပစ္စည်းတွေ ဆက်ပြီးတော့ ရောင်းချနေပြီး သူတို့ရဲ့ လက်ထဲက မှော်ဆေးလုံးတွေနဲ့ ရတနာတွေကို နတ်ဘုရားချီတွေ အဖြစ်ကို ထပ်ပြီးတော့ ပြောင်းလဲနေတယ်။ ဒါက ကောင်းမွန်တဲ့ လည်ပတ်မှု တစ်ခု ဖြစ်ပါတယ်။ နတ်ဘုရားချီ ရှိတဲ့ နေရာမှာ မှော်ဆေးလုံးတွေ ပိုပြီးတော့ ထုတ်လုပ်နိုင်ပြီး နတ်ဘုရားချီတွေ ပိုမိုကာ အလဲအလှယ် လုပ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့လည်း နတ်ဘုရားဆေးပင်တွေ ဖော်စပ်သန့်စင်ရတာက အချိန်အရမ်းကို ပေးရပါတယ်။ ဆေးကျိုအိုး တစ်အိုးကို သုံးရက်ပေးရပြီး တကယ်လို့ လင်းဟန်က တစ်နှစ်လောက် နတ်ဘုရား ဆေးပင်တွေ ဖော်စပ်သန့်စင်မယ်ဆိုရင် ဆေးကျိုအိုး တစ်ရာကျော်ပဲ ရရှိပါလိမ့်မယ်။

လေလံပွဲက စုစုပေါင်း တစ်နှစ်နဲ့ သုံးလထိ ကြာမြင့်ခဲ့တယ်။

လင်းဟန်လို ဆေးတွေဖော်စပ်လိုက် နတ်ဘုရားချီတွေ အလဲအလှယ် လုပ်လိုက် လုပ်နေတဲ့ လူကလွဲရင် တခြားသူတွေက သူတို့လိုအပ်တဲ့ ရတနာတွေ လဲလှယ်ပြီးတဲ့ နောက်မှာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကာ လူတွေ နည်းသထက်နည်း ရတနာတွေ နည်းသထက် နည်းလာခဲ့တယ်။ နောက်ဆုံးမှာ လေလံပွဲကို ဆက်လက်မကျင်းပနိုင်တော့ပဲ လေလံပွဲ ပြီးဆုံးကြောင်း ကြေညာရုံပဲ တတ်နိုင်ပါတော့တယ်။

လက်ရွေးစင်တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာကုန်တယ်။ အကျိုးအမြတ် ရထားတဲ့ လူတွေကတော့ သူတို့ရဲ့ အကျိုးအမြတ်တွေနဲ့ ခွန်အားတိုးအောင်လုပ်ဖို့ တံခါးပိတ် ကျင့်ကြံမှုလုပ်ဖို့ ပြန်သွားကြပြီး အကျိုးအမြတ် နည်းနည်းမှ မရရှိတဲ့ လူတွေကလည်း နောက်ကောက်ကျ နေခဲ့စရာ မလိုပါဘူး။ ဒါပေမဲ့လည်း အင်ပါယာကလန်တွေဆီက ကြေညာချက်ကြောင့် ရဲ့ဟီဂြိုလ်က မယုံနိုင်အောင် ငြိမ်းချမ်းနေပါသေးတယ်။ ဘယ်သူမှ သူတို့ကို ရန်စရဲခြင်း မရှိသလို အင်ပါယာ ကလန်တွေရဲ့ သြဇာအာဏာကိုလည်း စိန်ခေါ်ရဲခြင်း မရှိဘူး။

ဒါပေမဲ့လည်း လူငယ်မျိုးဆက်ရဲ့ လက်ရွေးစင်တွေကတော့ ထွက်မသွားကြဘူး။ ရွှေရောင်မျိုးဆက် အနည်းငယ် စုပေါင်းပြီးတော့ ဧည့်ခံပွဲတစ်ခု ကျင်းပကာ လူငယ်ပါရမီရှင်တွေကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။

လင်းဟန်ကတော့ ဖိတ်စာ မရရှိခဲ့ဘူး။ သူ့ရဲ့ အစစ်အမှန် ပုံရိပ်ကို မထုတ်ဖော်ပြခဲ့တာကြောင့် သူက နာမည်ကျော်ကြားခြင်း နည်းနည်းမှ မရှိတဲ့အတွက် ဘယ်လိုလုပ်ဖိတ်စာတစ်ခုကို လက်ခံရရှိမှာလဲ။

ဒါပေမဲ့လည်း အစ်ကိုမျောက်ကတော့ ဖိတ်စာ လက်ခံရရှိခဲ့တယ်။

သူက သူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက် ဖြစ်ပြီးတော့ ရွှေရောင်မျိုးဆက်ကိုလည်း ဝရုန်းသုန်းကား ထွက်ပြေးသွားအောင် ထိုးကြိတ်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူက ဖိတ်စာတစ်စောင် လက်ခံ ရရှိတာက သဘာဝကျတယ် မဟုတ်လား။

ဒါပေမဲ့ သူက ရွှေရောင်မျိုးဆက်ကို အရှက်ခွဲခဲ့တာကိုတောင် သူတို့က ဘာဖြစ်လို့ သူ့ကို ဖိတ်ခေါ်နေရသေးတာလဲ။

အရည်အချင်း ပြည့်မီတာက တစ်ခု ဖြစ်ပြီးတော့ အစ်ကိုမျောက်ကို ဖိတ်ခေါ်ခြင်းက အင်ပါယာ သားတော်မင်နဲ့ အင်ပါယာ သားတော်ထိုက်တို့ မျက်နှာကို ဆိုးဆိုးဝါးဝါး ပျက်သွားစေမယ် မဟုတ်လား။

“အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်တို့ရဲ့ စွမ်းရည်တွေက တိုးတက်လာတယ်လို့ ကြားထားတယ်။ ဒါကြောင့် သူတို့က ဒီအခွင့်အရေးကို သုံးပြီးတော့ အစ်ကိုမျောက်ကို အနိုင်ယူပြီး ရွှေရောင်မျိုးဆက်ရဲ့ သာလွန်မှုကို ဖော်ပြချင်နေကြတာပဲ”

လင်းဟန်က သုံးသပ်လိုက်တယ်။

အဲဒီအချိန် အစ်ကိုမျောက်က သံတုတ်ကို ဝှေ့ယမ်းကာ သူ့အမူအရာက လုံးဝကို ဂရုမစိုက်တဲ့ ပုံစံမျိုး ပေါက်နေတယ်။

အစ်ကိုမျောက်ရဲ့ မျက်လုံးတွေထဲမှာ တကယ်လို့ သူ့ပြိုင်ဘက်က သူ့ထက် သန်မာနေမယ် ဆိုရင်တောင် ကြောက်စရာ ဘာမှမရှိပါဘူး။ တိုက်ပွဲ သူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက် အနေနဲ့ သူက တိုက်ပွဲကို ကြောက်နေစရာ ဘာအကြောင်းရင်းမှ မရှိခဲ့ဘူး။

“ဧည့်ခံပွဲစဖို့ ခုနစ်ရက်လောက် လိုသေးတယ်။ အစ်ကိုမျောက် ကျနော့်ကို သုံးရက်လောက် စောင့်ဦး”

လင်းဟန်က ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးကို စတင်ဖော်စပ်လိုက်တယ်။

ဒါက ကြီးမြတ်သော အရှင်သခင်အဆင့် နတ်ဘုရားချီ ဖြစ်ပြီးတော့ သူ့ရဲ့ ပထမဆုံး ဖော်စပ် သန့်စင်တဲ့ အချက်ကိုပါ ပေါင်းလိုက်ရင် လင်းဟန်က အရမ်းကို သတိထားနေရဆဲပါပဲ။ သူက နတ်ဘုရားချီ အလကား ဖြစ်သွားမှာကို ကြောက်တဲ့အပြင် အချိန်မလောက်မှာကိုလည်း စိုးရိမ်နေတယ်။

သူက တစ်ကြိမ်တည်းနဲ့ အောင်မြင်ခဲ့တယ်။ မဟုတ်ရင် သူက သန့်စင်မှုမှာ အောင်မြင်ရင်တောင် အစ်ကိုမျောက်က အာနိသင်တွေကို ချေဖျက်သန့်စင်ဖို့ အချိန်ရမှာ မဟုတ်ပါဘူး။

ကံကောင်းတာက သူဟာ တစ်ကြိမ်ကြိုးစားရုံနဲ့ အောင်မြင်ခဲ့တာပါ။

လင်းဟန်က နတ်ဘုရားဆေးလုံးကို ထုတ်ပြီးတော့ အစ်ကိုမျောက်ကို ပေးကာ သူ့ကို ချက်ချင်းပဲ စားပြီးတော့ သန့်စင်ဖို့ ပြောလိုက်တယ်။

လင်းဟန်က သူ့လူတွေကိုတော့ ဘယ်တော့မှ နှမြောတွန့်တိုနေမှာ မဟုတ်ပါဘူး။ ဘာကုန်ကြမ်း ပစ္စည်းကိုပဲ သုံးရသုံးရ သုံးပစ်မှာပဲ။

ကြယ်ရှစ်ပွင့် နတ်ဘုရားချီ။

ဒါကြောင့် ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးကလည်း အဆင့်မြင့်ဆုံး အဆင့် ဖြစ်ပါတယ်။

ဒါက အစ်ကိုမျောက်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို နောက်တစ်ဆင့် တိုးလာဖို့ မကူညီနိုင်ဘူး ဆိုရင်တောင် အစ်ကိုမျောက်ရဲ့ ခွန်အားကို အကြီးအကျယ် တိုးလာအောင် ကူညီပေးမှာတော့ သေချာပါတယ်။

အစ်ကိုမျောက်က ကျေးဇူးတင်ကြောင်းတွေ ဘာတွေ လုပ်မနေပါဘူး။ အဖိုးတန် မှော်ဆေးလုံး နှစ်လုံးကို ယူပြီးတာနဲ့ သူက ချက်ချင်းပဲ သူတို့ကို သန့်စင်မှု စတင်လိုက်တယ်။

လင်းဟန်ကလည်း အူကြောင်ကြောင်နဲ့ မနေခဲ့ဘူး။ သူလည်း ဧကရာဇ် ကိုးပါး သစ်ရွက် ဆယ်ရွက် ဆေးလုံးကို စတင် သန့်စင်လိုက်ပါတယ်။

Chapter 4511 end

All Chapters