← Chapters

အခန်း ၄၅၁၂

Vol. 225 Ch. 4512

အခန်း ၄၅၁၂

Vol. 225 Ch. 4512

အပိုင်း (၄၅၁၂) ဘဝမြင့် မောက်မာတဲ့ ဝူယွဲ့

လင်းဟန်က ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးရဲ့ အဆင့်မြင့်ဆုံး အဆင့်ကို ချေဖျက်သန့်စင်ခဲ့တယ်။

ဆေးလုံး တစ်လုံးကို သုံးလိုက်တဲ့ အချိန်မှာ နတ်ဘုရားချီ စိမ့်ဝင်လာမှုက ချက်ချင်းပဲ ကျင့်ကြံခြင်းရဲ့ အသီးမှာ အရည်အသွေး ပြောင်းလဲမှု တစ်ခုကို ဖြစ်စေခဲ့တယ်။

လင်းဟန်က အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့ရှိလိုက်ရတဲ့ အချက်က သူ့ကျင့်ကြံခြင်းရဲ့ အသီးက ကြီးထွားလာခြင်း မရှိတဲ့အပြင် တကယ်ပဲ ကျုံ့သွားတာကို တွေ့လိုက်ရပါတယ်။

ဒီကြယ်ကိုးပွင့် နတ်ဘုရားချီမှာ တကယ်ပဲ ဘေးထွက်ဆိုးကျိုး တစ်ခု ရှိနေတာလား။

မဟုတ်သေးပါဘူး။

တစ်ဖက်မှာ ဒါက ကြယ်ကိုးပွင့် နတ်ဘုရားချီတွေရဲ့ အံ့မခန်း ဖြစ်ပါတယ်။ ကျင့်ကြံခြင်း အသီးဆီက မသန့်စင်မှုတွေကို ဖယ်ရှားရှင်းလင်းပစ်ပြီးတော့ မယုံနိုင်စရာကောင်းလောက်အောင် သန့်စင်မှုကို လုပ်ပေးတယ်။

မသန့်စင်မှုတွေကို အများအပြား ဖယ်ရှားလိုက်တာကြောင့် ကျင့်ကြံခြင်း အသီးက သေးသွားတာ ဖြစ်ပါတယ်။

အင်ပါယာ စာလိပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ နေ့တစ်ဝက် အတွင်း ဒီမှော်ဆေးလုံးရဲ့ ဆေးအာနိသင်တွေက လုံးဝကို ကုန်ခမ်းသွားခဲ့တယ်။

နောက်တစ်ကြိမ်။

လင်းဟန်က နောက်ထပ် ဆေးတစ်လုံး ထုတ်လိုက်တယ်။ ထင်ထားတဲ့ အတိုင်းပဲ သူ့ ကျင့်ကြံခြင်းရဲ့ အသီးက ပြီးပြည့်စုံခြင်းကို မရောက်ရှိသေးပဲ နောက်ထပ် သေးသွားတယ်။ သူ့ကို စိတ်ပျက်သွားစေတဲ့ အချက်က ကျင့်ကြံခြင်းရဲ့ အသီးက ကျုံ့သွားပြီး အနက်ရောင် ချိန်းကြိုးလည်း ကျုံ့သွားတယ်။ သူက ဒီအခွင့်အရေးကို သုံးပြီးတော့ ဖယ်ရှားပစ်ဖို့ မလုပ်နိုင်ခဲ့ဘူး။

ဆေးတစ်လုံးပြီး တစ်လုံး လင်းဟန်က အဆက်မပြတ် သုံးစွဲခဲ့တယ်။ ဆယ်ခုမြောက် ဆေးလုံး ရောက်မှပဲ သူ့ကျင့်ကြံခြင်း အသီးက နောက်ဆုံးမှာ ကျုံ့တာ ရပ်သွားခဲ့တယ်။ အဲဒီအစား စတင်ပြီး ကြီးထွားလာခဲ့တယ်။

မသန့်စင်မှုတွေ လုံးဝကို ဖယ်ရှားလိုက်တော့ ကျင့်ကြံခြင်းရဲ့ အသီးက ပြီးပြည့်စုံခြင်းကို ရောက်သွားခဲ့တယ်။ ဒါကြောင့် နောက်တစ်ကြိမ် စတင် ကြီးထွားလာတာပါ။

အချိန်ကို တွက်ကြည့်လိုက်ရင် ဧည့်ခံပွဲ စဖို့ အချိန်က သိပ်မကျန်တော့ပါဘူး။

လင်းဟန်က မတ်တပ်ထရပ်လိုက်ပြီး တစ်ဖက်မှာ အစ်ကိုမျောက်လည်း သူ့ကျင့်ကြံခြင်း ပြီးဆုံး သွားခဲ့တယ်။

သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ တိုးလာတဲ့အပြင် ကြယ်ကိုးပွင့် နတ်ဘုရားချီရဲ့ သန့်စင်မှုကြောင့် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က သေချာပေါက် နောက်တစ်ဆင့်ထိ တိုးလာခဲ့တယ်။

“သွားစို့”

သူတို့က ဧည့်ခံပွဲ ကျင်းပမဲ့ နေရာဆီကို ဦးတည်လာခဲ့တယ်။ ဒါက မြင့်မားတဲ့ တောင်တစ်လုံးရှိတဲ့ နေရာမှာ ဖြစ်ပြီးတော့ အစကတော့ လူတိုင်း ခြေချနိုင်ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အင်ပါယာကလန်တွေက အစောင့်အကြပ် ချထားပါတယ်။ ဖိတ်စာ လက်ခံရရှိတဲ့ လူတွေပဲ တောင်ပေါ်ကို တက်ခွင့်ပြုပါတယ်။

လင်းဟန်မှာ ဖိတ်စာ မရှိပေမဲ့ အစ်ကိုမျောက်မှာ ရှိပါတယ်။ သူ့အတွက် လူတစ်ယောက် ခေါ်ပြီးတော့ တောင်ပေါ်ကို တက်ဖို့ဆိုတာ ဘယ်လိုလုပ် မလွယ်ကူပဲ နေမှာလဲ။

တောင်က အရမ်းကို မြင့်ပြီးတော့ တောင်ထိပ်မှာ ရပ်နေရင် လနဲ့ ကြယ်တွေက လက်တစ်ကမ်း အကွာမှာ ရှိနေသလိုမျိုး ခံစားရပါတယ်။

ဒီဧည့်ခံပွဲကို စုစုပေါင်း လူလေးရာ ဖိတ်ကြားထားခဲ့တယ်။ အင်ပါယာ သားတော်တွေ အပြင် မြင့်မြတ်ကုန်းမြေ အသီးသီးက တာအိုသားတော်တွေနဲ့ မြင့်မြတ်သမီးတော်တွေလည်း ရှိပါတယ်။

ဒါပေမဲ့ တာအိုသားတော် တစ်ယောက် ဒါမှမဟုတ် မြင့်မြတ်သမီးတော် တစ်ယောက် ဖြစ်ရုံနဲ့ ဖိတ်ကြားခံရဖို့က မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် ကမ္ဘာကြီးထဲမှာ မြင့်မြတ်ကုန်းမြေတွေက ထောင်ဂဏန်း အနည်းငယ် ရှိပြီးတော့ ဘယ်လိုလုပ် လူရာဂဏန်း အနည်းငယ်ပဲ ဒီနေရာမှာ ရှိနေနိုင်မှာလဲ။

အနည်းဆုံးတော့ ဂိုဏ်းအရှင်သခင် အဆင့်ကို ရောက်တဲ့ လူတွေပဲ အရည်အချင်း ပြည့်မီပါတယ်။

တကယ်တော့ အင်ပါယာသားတော်တွေ အားလုံးနီးပါးက ဒီအဆင့်ကို အဆင့်တက် နေပါပြီ။ တကယ်လို့ သူတို့က ဒီအဆင့်ကို မတက်သေးဘူးဆိုရင် အင်ပါယာသားတော်လို့ ခေါ်ဆိုဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။

လင်းဟန်က မူလရင်းမြစ်၊ အသင်္ချေ တာအိုနဲ့ တခြားသူတွေ လာတာကိုလည်း တွေ့မြင်ပါတယ်။ ယန်ရီဟွမ်နဲ့ ဟဲလျှိုတို့လည်း ဒီနေရာမှာ ရှိနေပြီး ချီမန်ဟန်လည်း ရှိနေတယ်။ ဒီအင်ပါယာ သမီးတော်က လက်ရှိမှာ အရမ်းကို စိတ်ပျက်နေတယ်။

လင်းဟန်က တကယ် အသက်ရှင်နေသေးတာကို သူမ မသိပါဘူး။ ဒါကြောင့် သူမက အသည်းကွဲနေတယ်။

ဒါပေမဲ့ သူမလိုမျိုး မိန်းမလှလေး တစ်ယောက်နဲ့ ရွှေရောင်မျိုးဆက်ရဲ့ အင်ပါယာ သမီးတော်တွေကို ယှဉ်နိုင်တဲ့ လူတစ်ယောက် အတွက်တော့ ယောက်ျားအားလုံးရဲ့ စိတ်ကူးယဉ် လက်တွဲဖော် ဖြစ်ပါတယ်။ အင်ပါယာသားတော်တွေ တစ်ယောက်ပြီး တစ်ယောက် ချဉ်းကပ်လာပြီး သူမရဲ့ နှလုံးသားကို လှုပ်ရှားလာအောင် ကြိုးပမ်းနေကြတယ်။်

နောက်ပြီး ချီမန်ဟန်က လက်ရှိမှာ ဘယ်သူ့ကိုဖြစ်ဖြစ် ငြင်းပယ်နေတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီအခွင့်အလမ်းက သူမရဲ့ နှလုံးသားကို ဖမ်းဆုပ်ရယူဖို့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့လည်း ချီမန်ဟန်ကတော့ စိတ်ဝင်စားခြင်း မရှိပဲ အေးစက်စက်နဲ့ လူတိုင်းကို အလေးမထားပဲ နေခဲ့တယ်။ ဒါက လူတိုင်းကို သူတို့တွေ အပြစ်တင် ကြိမ်းမောင်းခံနေရသလို ခံစားစေပါတယ်။

“ဟားဟား ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ နှင်းကြာပန်းလေးလဲ။ ငါတော့ သူမကို အရမ်းသဘောကျ သွားပြီ”

တစ်စုံတစ်ယောက်က ချီမန်ဟန်ဆီကို လျှောက်လာရင်းနဲ့ ပြောလိုက်တယ်။

ဒါက ဘယ်လောက်တောင် ဘဝမြင့်ပြီး တဲ့တိုးဆန်လိုက်လဲ။

လူတိုင်းက သူမကို အရမ်းသဘောကျကြပေမဲ့ သူတို့အားလုံးက အားနာပြီး ဘယ်လိုလုပ် အသံကျယ်ကျယ် ပြောမှာလဲ။

“ဒီကောင် ဘယ်သူလဲ”

လူတိုင်းက သူ့ကို မြင်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ မျက်လုံးတွေ မှေးသွားတယ်။

ဝူယွဲ့။ စစ်နတ်ဘုရား နန်းတော်ရဲ့ အစွမ်းထက်ဆုံး ဇကာတင်။

သောက်ကျိုးနည်း။ ဒီကောင်က အရမ်းကို ဘဝမြင့်လွန်းတာပဲ မဟုတ်လား။ သူက စစ်နတ်ဘုရား နန်းတော်က လာပြီးတော့ လူတိုင်းက သူ့ကို ထိုးကြိတ်ချင်နေတယ်ဆိုတာ သိရဲ့သားနဲ့ တကယ်ပဲ အရှက်မရှိ လေလုံးထွားပြီးတော့ တုန်လင်း အင်ပါယာကလန်ရဲ့ မင်းသမီးကို စကားနဲ့ အသားယူရဲတယ်ပေါ့။

ချီမန်ဟန်က ဝူယွဲ့ကို အေးစက်စက်နဲ့ ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး အဲဒီနောက် သူမရဲ့ အကြည့်ကို ပြန်ရုပ်သိမ်းကာ သူ့ကို နည်းနည်းလေးမှ ဂရုစိုက်ခြင်း မရှိတော့ဘူး။

ဝူယွဲ့ကို အေးစက်စက် ဆက်ဆံတာကို မြင်လိုက်တော့ လူတိုင်းက ပြုံးလိုက်တယ်။ အခု သူတို့တွေက မင်းဘယ်လိုမျိုး အဆုံးသတ်မလဲ ဆိုတာကို ကြည့်တာပေါ့။

“သူက လူသေ တစ်ယောက် ဖြစ်နေပြီ။ မင်းအတွက် သူ့ကို နှလုံးသားထဲမှာ ထည့်ထားစရာ လိုသေးလို့လား”

ဝူယွဲ့ရဲ့ အမူအရာက တည်ငြိမ်နေပြီး သူက နည်းနည်းလေးမှ ရိုက်ခတ်ခြင်းကို မခံစားရသလိုပါပဲ။ ဟားဟား မင်းက သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်တဲ့လား။ တကယ်လို့ သူနဲ့ တွေ့မယ်ဆိုရင် အချိန်မရွေး ဘယ်လိုမျိုး နှစ်ပိုင်းပြတ်သွားမလဲ ဆိုတာ ငါ သင်ပေးလိုက်မယ်။

ချီမန်ဟန်က ချက်ချင်းပဲ ဒေါသထွက် သွားပုံ ပေါ်ပါတယ်။ တကယ်လို့ လင်းဟန် သေသွားခဲ့တယ် ဆိုရင်တောင် သူမက တခြားသူတွေ သူ့ကို သွားပုပ်လေလွင့် ပြောခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး။

“နတ်မိမယ်ချီ ငါ မင်းကို ကူညီပါရစေ”

အင်ပါယာသားတော် တစ်ယောက်က ရှေ့ကို ထွက်လာတယ်။

ချီမန်ဟန်ရဲ့ အလေးပေးမှုကို ရအောင်ယူဖို့ အကောင်းဆုံး အခွင့်အလမ်း တစ်ခုပဲ မဟုတ်လား။

ဒါက ရွှေရောင်မျိုးဆက် တစ်ယောက် ဖြစ်ပါတယ်။ သူက ကြယ်ရှစ်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်နေပါပြီ။ မဟုတ်ရင် သူက ရှေ့ကို ထွက်လာရဲလိမ့်မှာ မဟုတ်ဘူး။

ဝူယွဲ့က လုံးဝကို အလေးမထားပဲ ဂရုမစိုက်စွာ ပြောလိုက်တယ်။

“ထွက်သွားစမ်း။ ကိုယ့်အရှက်ကို ကိုယ်ပြန်မခွဲချင်နဲ့”

“မင်းက တကယ့်ကို မောက်မာတာပဲ။ လာ မိုးပေါ်မှာ တိုက်ခိုက်ရအောင်”

အဲဒီရွှေရောင်မျိုးဆက်က ချက်ချင်းပဲ မိုးပေါ်ကို ပျံတက်သွားပြီး ဝူယွဲ့ကို စိန်ခေါ်လိုက်တယ်။

သူက ကြယ်ရှစ်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပါတယ်။ ဒီကျင့်ကြံခြင်း အဆင့်ရဲ့ ထိပ်ဆုံး အဆင့်လောက်မှာ ရပ်တည်နေတာကြောင့် သူက ဘာကို ကြောက်နေရမှာလဲ။

ဝူယွဲ့က နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ သူ့ခြေထောက်ကို တစ်ချက်ဆောင့်လိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပဲ မိုးပေါ်ကို ပျံတက်သွားတယ်။ အဒြီနောက် သူ့ဓားနဲ့ ထိုးခုတ်လိုက်ပါတယ်။

ဓားအလင်းတန်းက မိုးပေါ်ကို ထိုးတက်သွားပြီး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ခွဲဖွင့်တော့မဲ့ အတိုင်းပါပဲ။

ရွှေရောင်မျိုးဆက် အင်ပါယာသားတော်က အလျင်အမြန်ပဲ သူ့အစွမ်း အကုန်သုံးကာ ပုတ်ထုတ်လိုက်ပေမဲ့ သူက အရမ်းကို ဆိုးဆိုးဝါးဝါး အခြေအနေ တစ်ခုမှာ ကျသွားတယ်။ တိုက်ကွက် အနည်းငယ် အတွင်းမှာ သူက မိုးပေါ်ကနေ ခုတ်ချခံလိုက်ရပါတယ်။

ဘန်း။

သူက မြေပေါ်ကို ကျသွားပြီး ဖုန်တွေ တထောင်းထောင်း ထသွားတယ်။

သောက်ကျိုးနည်း။ ကြယ်ရှစ်ပွင့် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်နဲ့ ရွှေရောင်မျိုးဆက် ဖြစ်သူက တကယ်ပဲ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတာလား။

လူတိုင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်တယ်။ တကယ်လို့ ဒီလိုသာဆိုရင် ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်က ရှေ့ကို ထွက်လာမယ် ဆိုရင်တောင် အများဆုံး တိုက်ကွက် အနည်းငယ် ပိုပြီးတော့ ခံနိုင်တာပဲ ရှိပါလိမ့်မယ်။ သူလည်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွား ရပါလိမ့်မယ်။

သောက်ကျိုးနည်း ဒီကောင်က ကြယ်ငါးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိသေးတယ်လေ။ ဟင် ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင်လား။

သူက လေလံပွဲကနေ ကြီးမားတဲ့ အကျိုးအမြတ် တစ်ခု ရရှိခဲ့တယ်ဆိုတာ သိသာပါတယ်။ သူ့ကျင့်ကြံခြင်း အဆင့်က နောက်တစ်ဆင့်ကို တိုးသွားခဲ့ပြီ။

ဝှစ်။ ဝူယွဲ့ရဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ဆင်းလာပြီး အထင်သေးတဲ့ အမူအရာတစ်ခု ထုတ်ဖော် လိုက်တယ်။

“ငါ အစောကြီးကတည်းက မင်းကို သတိပေးခဲ့သားပဲ”

အဲဒီရွှေရောင်မျိုးဆက်ရဲ့ အမူအရာက ဒေါသတွေ ရှက်ရွံခြင်းတွေနဲ့အတူ ပြည့်နေပြီး ကြောက်ရွံခြင်း အရိပ်အယောင်လည်း ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ သူ့မှာသာ အစားထိုး တံဆိပ်တော် တစ်ခု မရှိဘူးဆိုရင် သူက ရှုံးနိမ့်ရုံပဲ ရှုံးနိမ့်သွားမှာ မဟုတ်ပဲ သေသွား ရပါလိမ့်မယ်။

ခွန်အားမှာ ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်။ သူက ဘာမှမပြောပဲ ဒီဆေးခါးကြီးကို မျိုချရုံသာ တတ်နိုင်ပါတယ်။

ဒါက တခြားအင်ပါယာသားတော်တွေကို အရမ်းမကျေမနပ် ဖြစ်စေပေမဲ့ တကယ်လို့ သူတို့က ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ကို ရှေ့ထွက်ခိုင်းမယ် ဆိုရင်တောင် ဝူယွဲ့အတွက် ပြိုင်ဘက်တစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ တကယ်လို့ ကြီးမြတ်သော အရှင်သခင် တစ်ယောက် ဖြစ်နေရင် ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ကို ရင်ဆိုင်ဖို့ ကြီးမြတ်သော အရှင်သခင် တစ်ယောက်ကို သူတို့က ဘယ်လိုလုပ် တောင်းဆိုလို့ ရနိုင်မှာလဲ။ တကယ်လို့ သူတို့ အနိုင်ရသွားခဲ့ရင်တောင် ရွှေရောင်မျိုးဆက်က နာမည်နဲ့ လိုက်ဖက်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားလိမ့်မယ်။

ဝူယွဲ့က အသာလေး ပြုံးပြီးတော့ အဲဒီနောက် ချီမန်ဟန်ဆီကို လှမ်းကြည့်လိုက်တယ်။

“အဲဒီလူကို မေ့လိုက်ပါ။ အနာဂတ်မှာ ငါက ဘယ်လောက်တောင် ဂုဏ်ယူရတဲ့ လူ ဖြစ်မလဲ ဆိုတာကို မင်းကြည့်နေလိုက်”

ဒါက အရမ်းကို မောက်မာလွန်းတယ်။

“ဝူယွဲ့ ငါ မင်းနဲ့အတူ ကစားပေးမယ်”

တင်းရှူက ရှေ့ကို ထွက်လာတယ်။

ဘာပဲဖြစ်ဖြစ် သူဟာ လင်းဟန်ရဲ့ နောက်လိုက် ဖြစ်ဖူးခဲ့ပြီး ချီမန်ဟန်ကလည်း လင်းဟန်နဲ့ မရှင်းမရှင်း ဆက်ဆံရေး တစ်ခု ရှိပါတယ်။ ဒါကြောင့် ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် သူက အရှေ့ကို ထွက်လာသင့်တယ်။

“မင်းလား”

ဝူယွဲ့က အထင်သေးစွာ ကြည့်လိုက်တယ်။

“လာခဲ့ တိုက်ရအောင်”

တင်းရှူက မိုးပေါ်ကို ခုန်တက်သွားတယ်။

ဝူယွဲ့က သူ့ဓားကို ဝှေ့ယမ်းကာ နောက်ကနေ လိုက်ပြီးတော့ အဲဒီနောက် တင်းရှူနဲ့အတူ ပြင်းပြင်းထန်ထန် တိုက်ပွဲတစ်ခုကို စတင်လိုက်ပါတယ်။

သူတို့က တိုက်ကွက် အနည်းငယ်ပဲ ဖလှယ်ရပါသေးတယ်။ လူတိုင်းက အံ့အားသင့်တကြီး ကြည့်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ တင်းရှူက ဝူယွဲ့နဲ့ လက်ရည်တူ တိုက်ခိုက်နေပါတယ်။

မဟုတ်သေးဘူး။ သူက နည်းနည်းလေး နိမ့်ျကပေမဲ့ ပြဿနာက တင်းရှူဟာ ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပဲ ရှိသေးတယ်။

အဆင့်သေးသုံးဆင့် ကွာဟချက် တစ်ခု ရှိပြီးတော့ တင်းရှူက နည်းနည်းလေးပဲ အရေးနိမ့် နေတာလား။

သောက်ကျိုးနည်း။

ပွဲကြည့်ပရိသတ်တွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်တယ်။ ဒီတင်းရှူက တကယ်ပဲ သန်မာလွန်းတယ် မဟုတ်လား။ ဒီလိုမျိုး နှိုင်းယှဉ်ာကည့်လိုက်ရင် ရွှေရောင်မျိုးဆက်က အမှိုက်သာသာပါပဲ။

ဝူယွဲ့တောင် ဒါကို မျှော်လင့်မထားခဲ့ဘူး။ သူက ခဏလောက် မှင်သက်သွားပြီးတော့မှ ပြုံးလိုက်တယ်။

“မင်းက အတော်လေး သန်မာနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ အရမ်းကောင်းတယ်။ မင်းက ငါ့ရဲ့ ခွန်အား အပြည့်အ၀ ထုတ်ဖော်မှုနဲ့ ထိုက်တန်တယ်”

သူ့ဓားသိုင်းက ပြောင်းလဲသွားပြီး ချက်ချင်းပဲ ကြောက်မက်ဖွယ်ရာကောင်းတဲ့ တိုက်စစ်တစ်ခု ဖြစ်လာတယ်။

“ဘာ”

ယန်ရီဟွမ်နဲ့ ဟဲလျှိုတို့ နှစ်ယောက်စလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။

“ဒီကောင်က သူ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေပြီ”

သူတို့က အကြည့်တစ်ချက် ဖလှယ်လိုက်ပြီး နှစ်ယောက်စလုံး မျက်မှောင်ကြီးတွေ ကြုတ်သွားတယ်။

Chapter 4512 end

All Chapters