← Chapters

အခန်း ၄၅၁၃

Vol. 225 Ch. 4513

အခန်း ၄၅၁၃

Vol. 225 Ch. 4513

အပိုင်း (၄၅၁၃) လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားခြင်း

ယန်ရီဟွမ်နဲ့ ဟဲလျှိုတို့က ဝူယွဲ့ကို မသိပေမဲ့ သူက သူတို့လို အတူတူပဲဆိုတာကို ကောက်ချက် ချနိုင်ပြီး ရှေးဟောင်း အချိန်ကာလက ပါရမီရှင် တစ်ယောက်ဟာ အခုချိန်ထိ ရှေးဦးဖရိုဖရဲ အရင်းအမြစ် ရွံစေးနဲ့ ပိတ်လှောင်ထားတဲ့ လူဆိုတာကို သူတို့ သိပါတယ်။

ဒါပေမဲ့ နောက်ခံချင်း အတူတူကို သူတို့က သူတို့ကိုယ်ပိုင်လမ်းကြောင်းကို အားကြိုးမာန်တက် ရှာဖွေနေတဲ့ အချိန်မှာ ဝူယွဲ့ကတော့ သူ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေပြီ။ ကွာဟချက်က အရမ်းကို သိသာလွန်းပါတယ်။

သူတို့က သူတို့ကိုယ်သူတို့ ပါရမီရှင်တွေလို့ ခေါ်နေပေမဲ့ အခု လူသစ်တွေနဲ့ သူတို့က မယှဉ်နိုင်သလို ရှေးခေတ်အချိန်ကာလက ဝါရင့်တွေနဲ့လည်း မယှဉ်နိုင်ပါဘူး။ သူတို့က ဒါကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ။

သူတို့လိုမျိုး ပါရမီရှင်ဟောင်းတွေ တော်တော်များများ ရှိနေတယ် ဆိုတာကို သူတို့ သိနားလည်ပေမဲ့ ဘယ်လောက်များများ ရှိနေလဲ ဆိုတာကိုတော့ အတိအကျ မသိပါဘူး။

မိုးပေါ်မှာ တင်းရှူက ကျယ်လောင်စွာ ရယ်မောပြီးတော့ သူ့တိုက်စစ်က ပေါက်ကွဲစွာ တိုးလာခဲ့တယ်။

သူက သူ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေပါပြီ။ တိုက်ကွက်တိုင်းက အရမ်းကို အံ့သြဖွယ် ကောင်းလွန်းတယ်။

ဝုန်း ဝုန်း ဝုန်း။

တင်းရှူက အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်ပေမဲ့ သူ့တိုက်ခိုက်ရေး စိတ်ဓာတ်က မြင့်မားပြီး သူက တိုက်ကွက် အမျိုးမျိုးကို အသုံးပြုခဲ့တယ်။ သူက အရေးနိမ့်နေတယ် ဆိုပေမဲ့ လုံးဝကို ထိန်းထားနိုင်စွမ်း ရှိပါတယ်။

သူက မယှဉ်ကောင်း မယှဉ်နိုင်ပေမဲ့ တိုက်ကွက်အနည်းငယ်နဲ့ ဆုံးဖြတ်နိုင်မဲ့ တိုက်ပွဲတစ်ခု မဟုတ်တာ သေချာပါတယ်။ အဲဒီအစား အချိန်အကြာကြီးထိ ဆွဲခေါ်သွားနိုင်ပါတယ်။

ရွှေရောင်မျိုးဆက် လကရွေးစင် အားလုံးရဲ့ အမူအရာတွေက လေးနက်သွားတယ်။

သူတို့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေတဲ့လူ ဘယ်နှစ်ယောက်များ ရှိလဲ။

ဇီးရိုး။

ဒါပေမဲ့လည်း တကယ်လို့ လူတစ်ယောက်ဟာ ဧကရာဇ် ဖြစ်ချင်ရင် သူတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဆိုတာက လိုအပ်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

မင်းက မင်းကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ပြီးတော့ ဧကရာဇ် ဖြစ်လာချင်မှ ဖြစ်လာနိုင်မယ်။ ဒါပေမဲ့ တကယ်လို့ မင်းကိုယ်ပိုင် လမ်းကြောင်းကို မင်း မလျှောက်ဘူးဆိုရင် ဧကရာဇ် ဖြစ်လာနိုင်စွမ်း လုံးဝကို မရှိဘူးဆိုတာ သေချာတယ်။

လင်းဟန် သေသွားပြီဆိုတော့ အတားအဆီး တစ်ခု လျော့သွားတာပေါ့။ ဒါပေမဲ့လည်း အခု အခြေအနေကို ကြည့်ရတာ လုံခြုံမှု မရှိပါဘူး။

တကယ်လို့ အင်ပါယာသားတော်မင်နဲ့ အင်ပါယာသားတော်ထိုက်တို့က ကြီးမြတ်သော အရှင်သခင် အဆင့် လက်ရွေးစင်တွေ ဖြစ်နေပြီး ကျင့်ကြံခြင်း အဆင့်နဲ့ ပတ်သက်ရင် အသာစီး ရထားတယ် ဆိုရင်တောင် သူတို့က သူတို့ကိုယ်ပိုင် လမ်းကြောင်းကို မလျှောက်ရသေးပါဘူး။ တကယ်လို့ သူတို့က ကြယ်ကိုးပွင့် သူတော်စင် တစ်ယောက် ဖြစ်နေရင်တောင် ဒီကျင့်ကြံခြင်း အဆင့်မှာပဲ ထာဝရ ပိတ်မိနေပြီး ဧကရာဇ် တစ်ပိုင်းအဆင့် တစ်ယောက်တောင် ဖြစ်လာနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။

တကယ်လို့ ဧကရာဇ် တစ်ပိုင်း တစ်ယောက် မဖြစ်ဘူးဆိုရင် ဘယ်လိုလုပ် ဧကရာဇ် ဖြစ်လာနိုင်မှာလဲ။

သေစမ်း သေစမ်း သေစမ်း။

အင်ပါယာ သားတော် အားလုံးရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်ခြင်း ဆန္ဒတွေ ရှိနေကြတယ်။ သူတို့က အနောက်မှာ အပြတ်အသတ် ကျန်ခဲ့မှတော့ ဒီလူထူးလူဆန်းတွေကို လင်းဟန်ကို လုပ်ခဲ့သလိုမျိုး ရှင်းပစ်ရပါလိမ့်မယ်။

တကယ်လို့ သူတို့က အစွမ်းထက်တဲ့ ပြိုင်ဘက် အားလုံးကို ရှင်းပစ်နိုင်မယ်ဆိုရင် အဲဒီနောက် သူတို့ဟာ ဖြည်းဖြည်းခြင်း အဆင့်တက်လို့ ရနိုင်ပါတယ်။ ဒီလိုဆိုရင် သူတို့ဟာ အရမ်းကို ငယ်ရွယ်သေးတာကြောင့် သူတို့မှာ အခွင့်အလမ်းတွေ အများအပြား ရှိတယ်။

တင်းရှူက သူ့အစွမ်းထက် တိုက်ကွက်တွေကို တစ်ကွက်ပြီး တစ်ကွက် ထုတ်ဖော်လာခဲ့ပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျင့်ကြံခြင်း အဆင့်မှာ ကွာဟချက်က အနည်းငယ် ကြီးမားလွန်းနေပြီး သူ့တိုက်ပွဲစွမ်းရည်က နိမ့်ကျနေသေးတယ်။ ဒါက ဘယ်လိုနည်းနဲ့မှ ဖာထေးလို့ မရနိုင်ပါဘူး။

တိုက်ကွက် ငါးရာကျော် တိုက်ခိုက်ပြီးတဲ့ နောက်မှာ တင်းရှူက ပြတ်သားစွာနဲ့ တိုက်ပွဲကနေ နောက်ဆုတ် သွားခဲ့တယ်။

ဝူယွဲ့က နောက်ကနေ လိုက်မတိုက်ခဲ့ဘူး။ သူက တိုက်ပွဲစွမ်းရည်မှာ အသာစီး ရှိတယ်ဆိုတာကို သူက ကောင်းကောင်း နားလည်ပါတယ်။ တကယ်လို့ တင်းရှူကို အနိုင်ယူချင်တယ်ဆိုရင် သူက နောက်ထပ် တိုက်ကွက် သုံးရာကနေ ငါးရာထိ တိုက်ခိုက်ဖို့ လိုအပ်လောက်တယ်။ နောက်ပြီး တင်းရှူမှာ အသုံးမပြုသေးတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်လို့ သူက ခံစားရတယ်။ ဘယ်သူပြောနိုင်မှာလဲ။ တင်းရှူက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိလောက်ပါတယ်။

သူတို့အကြားမှာ ရန်ငြိုးရန်စ မရှိပါဘူး။ နောက်ပြီး သူတို့က ရတနာအတွက် တိုက်ခိုက်နေတာ မဟုတ်တော့ ဘာဖြစ်လို့ အရဲစွန့်စရာ လိုအပ်မှာလဲ။

ဘယ်သူမှ တင်းရှူကို လှောင်ပြောင်ခြင်း မရှိပါဘူး။ ဝူယွဲ့နဲ့ အဆင့်သေး သုံးဆင့် ကွာပြီးတော့ တိုက်ကွက်တွေ ဖလှယ်နိုင်စွမ်း ရှိခြင်းက တကယ့်ကို တစ်မူထူးခြားပါတယ်။

“တကယ်လို့ လင်းဟန် အသက်ရှင်နေသေးရင်တောင် သူ့ကို ယှဉ်နိုင်ပါ့မလား”

“သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ လင်းဟန်က ရွှေရောင်မျိုးဆက်ထက် ပိုပြီးတော့ ပါရမီ ထူးချွန်ပေမဲ့ အများဆုံး သူက ဝူယွဲ့နဲ့ အဆင့်တူမှာပဲ ရှိလိမ့်မယ်။ သူက တင်းရှူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

“တင်းရှူက တကယ့်ကို အကြီးကျယ် အခမ်းနားဆုံး လူထူးလူဆန်းပဲ”

လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေပြီး တင်းရှူက တကယ့်ကို အသန်မာဆုံး လူထူးလူဆန်း ဖြစ်တယ်လို့ အားလုံးက သဘောတူလာခဲ့တယ်။

“တိုက်ခိုက်ချင်တဲ့လူ ရှိသေးလား”

ဝူယွဲ့က ဆက်ပြီးတော့ ရန်စနေခဲ့တယ်။ သူက စပ်ဖြဲဖြဲ ပြုံးနေပြီးတော့ အားလုံးရဲ့ မျက်နှာကို တစ်ချက် ဝှေ့ကြည့်လိုက်တယ်။

မူလရင်းမြစ်၊ အသင်္ချေ တာအိုနဲ့ တခြားသူတွေက စိန်ခေါ်မှုကို လက်မခံခဲ့ဘူး။ သူတို့က ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင်တွေပဲ ရှိသေးပြီး တင်းရှူနဲ့ သူတို့ရဲ့ အရည်အချင်းတွေက အတူတူပါပဲ။ တကယ်လို့ သူတို့တွေ ရှေ့ထွက်ပြီး တိုက်ခိုက်မယ်ဆိုရင် ရလဒ်က တင်းရှူနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။

ဒီလုပ်ရပ်က သူတို့ကို နာမည်ကျော်ကြား လာစေနိုင်မှာ ဖြစ်ပေမဲ့ သူတို့လို အဆင့်ကို ရောက်နေတဲ့ လူတွေက ဒီလိုမျိုး အလကား နာမည်ကြီးတာမျိုးနဲ့ ပတ်သက်ပြီး ဂရုစိုက်နေဦးမှာလား။

ဧကရာဇ် ဖြစ်လာခြင်းက အရေးအကြီးဆုံး ဖြစ်ပြီးတော့ အဲဒီနောက်မှပဲ သူတို့ဟာ ထာဝရ နာမည်ကျော်ကြားခြင်းကို ရရှိနိုင်ပါတယ်။

“တစ်ယောက်မှ မရှိဘူးလား”

ဝူယွဲ့ရဲ့ နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့တယ်။

“အရမ်းကို အားနည်းလွန်းတာပဲ။ တိုက်ခိုက်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူးလား”

လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ အရှေ့ကို ထွက်လာတယ်။

“လာခဲ့ ငါမင်းကို ဘိုးဘိုးလို့ ဘယ်လိုခေါ်ရမလဲ ဆိုတာ သင်ပေးမယ်”

“မင်းပါလား”

ဝူယွဲ့က လင်းဟန်ကို စိုက်ကြည့်လာခဲ့ပြီး သူ့အကြည့်တွေက ခက်ထန်လာခဲ့တယ်။

အရင်တုန်းက လင်းဟန်ဟာ ဓားကျိုးအတွက် သူ့ကို ယှဉ်ပြိုင်ပြီးတော့ ကြယ်ငါးပွင့် နတ်ဘုရားချီ လေးခုကို ဖြုန်းတီးပစ်ခဲ့တယ်။

ဒါတွေက သူ့အတွက် သိပ်တန်ဖိုးမရှိပေမဲ့ ကြယ်ငါးပွင့် နတ်ဘုရားချီ လေးခုကို သူ့အတွက် သုံးမယ်ဆိုရင် သူ့ကျင့်ကြံခြင်း အဆင့်က ကြယ်ခြောက်ပွင့်ရဲ့ အထွတ်အထိပ် အဆင့်ထိ တစ်ဟုန်ထိုး တိုးမြင့်သွားနိုင်စွမ်း ရှိပါတယ်။

“မဆိုးဘူး။ မဆိုးဘူး မင်းက ငါ့အရှေ့မှာ ပေါ်လာရဲတာပဲ”

ဝူယွဲ့ရဲ့ သတ်ဖြတ်ခြင်း ဆန္ဒက ထွက်ပေါ်လာပြီး သူက အရင်ဆုံး လေပေါ်ကို ခုန်တက် လိုက်တယ်။

ဟင်။

လူတိုင်းက အံ့အားသင့် သွားခဲ့တယ်။ အရင်က လေထဲကို ပထမဆုံး ခုန်တက်သွားတဲ့ လူက တခြားလူ ဖြစ်ပြီးတော့ သူကတော့ အလျင်မလိုခဲ့ဘူး။ အခုတော့ သူကိုယ်တိုင် အရင်ဆုံး လေပေါ်ကို ခုန်တက်သွားတာကို ကြည့်မယ်ဆိုရင် လင်းဟန်ကို သူ ဘယ်လောက်တောင် သတ်ချင်နေလဲ ဆိုတာ ပေါ်လွင်ပါတယ်။

သူတို့က လင်းဟန်ဆီကို ကြည့်လိုက်တယ်။ ဒီကောင်က ဘယ်သူလဲ။ သူ့ရဲ့ ရန်ငြိုးရန်စကို ဆွဲဆောင်တဲ့ စွမ်းရည်က အရမ်းကို အားကောင်းနေတာလား။

တကယ်လို့ ဒါက လင်းဟန်ဆိုတာကို သူတို့ သိခဲ့မယ်ဆိုရင် ဒီလိုမျိုး သံသယရှိလိမ့်မှာ မဟုတ်ပါဘူး။ ဒီကောင့်အတွက် တခြားသူတွေ ဒေါသထွက်ပြီး သေချင်လာအောင်လုပ်ဖို့ ဆိုတာက ပုံမှန်ပါပဲ။

အဲဒီအချိန် ချီမန်ဟန်က ထူးဆန်းတဲ့ အမူအရာတစ်ခု ဖြစ်သွားတယ်။ သူမက လင်းဟန်ဆီကို ကြည့်ပြီးတော့ ဒီလူဆီကနေ ရင်းနှီးတဲ့ ခံစားချက်တစ်ခု သူမကို ပေးနေသလို ခံစားရပါတယ်။

လင်းဟန်က လေပေါ်ကို ဖြည်းဖြည်းခြင်း တက်ပြီးတော့ ပန်းခြံထဲ လမ်းလျှောက်နေသလို ခြေတစ်လှမ်းချင်း လှမ်းလာခဲ့တယ်။

အရမ်းကို နှေးတယ်။ နှေးလွန်းတယ်။

ဝူယွဲ့က ညာလက်နဲ့ ဓားကိုဆုပ်ကိုင်ထားတယ်။ လင်းဟန်က အရမ်းကို နှေးတာကို မြင်တော့ ဓားလက်ကိုင်ကို သူက တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး သူ့သတ်ဖြတ်ခြင်း ဆန္ဒက ပိုပြီးတော့တောင် အားကောင်းလာခဲ့တယ်။

ဒါက အရမ်းကို စက်ဆုပ်ရွံရှာစရာ ကောင်းလွန်းတယ်။ ဒါက သူ့ကို ကစားနေမှန်း သိသာတယ် မဟုတ်လား။

“မကြာခင်ပဲ မင်း လုပ်ရပ်အတွက် ဘယ်လို တန်ဖိုး ပေးရမလဲ ဆိုတာကို သိရလိမ့်မယ်”

သူက တည်ငြိမ်စွာ ပြောလိုက်တယ်။ သူ့လေသံက အရမ်းကို တည်ငြိမ်နေတယ် ဆိုပေမဲ့ သူ့လေသံထဲက ပြင်းထန်တဲ့ သတ်ဖြတ်ခြင်း ဆန္ဒကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး။

လင်းဟန်က ဝူယွဲ့နဲ့ တန်းတူကို ရောက်လာခဲ့တယ်။ သူက အသာလေး ပြုံးပြီးတော့ မေးလိုက်တယ်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ငါ့ရဲ့ ရတနာ တချို့ကို ဖြုန်းပစ်ခဲ့တယ် မဟုတ်လား”

မင်းမေကြီးတော်။

ဝူယွဲ့က ဒေါသထွက်သွားပုံ ပေါ်ပါတယ်။

“မင်း မကြာခင်ပဲ အလောင်း ဖြစ်တော့မယ်။ အဲဒီအချိန်ကျရင် မင်း အရူးချီးပန်း စကားတွေ လျှောက်ပြောနိုင်ဦးမလား ဆိုတာကို ကြည့်တာပေါ့”

သူက ဓားကို မြှောက်ပြီးတော့ လင်းဟန်ကို ချိန်ရွယ်လိုက်တယ်။

“ဓားမြှောက်တဲ့ အချိန်မှာ တိမ်တွေ လေတွေ လွင့်စဉ် တိုက်ခတ်လာလိမ့်မယ်”

သူက အသာလေး အော်လိုက်တယ်။ ဝုန်း။ အတိုင်းအဆမဲ့ ဓားချီ ပျံ့နှံ့လာပြီး လင်းဟန်ဆီကို တိုက်ခိုက်လာခဲ့တယ်။

ဓားချီတွေ အကြားမှာ စည်းမျဉ်းဥပဒေ စွမ်းအားတွေလည်း ရှိနေပြီး ဓားချီ အလင်းတန်းတိုင်းကို ဖျက်ဆီးခြင်း စွမ်းအားတွေနဲ့အတူ ပြည့်စေခဲ့တယ်။

လင်းဟန်က အသာလေး ပြုံးပြီးတော့ သူ့ညာလက်ကို ဆန့်ထုတ်လိုက်တယ်။ အဲဒီနောက် သူက ဖမ်းဆုပ်လိုက်ပြီး ချက်ချင်းပဲ ဓားချီ အားလုံးက တစ်ခုပြီး တစ်ခု ပျက်စီးသွားကာ သူ့ကို နည်းနည်းလေးမှ မခြိမ်းခြောက်နိုင်တော့ဘူး။

ဟင် ဟာ ဝိုး။

ဒီမြင်ကွင်းကို မြင်လိုက်တော့ လူတိုင်း အံ့အားသင့် သွားခဲ့တယ်။

အရမ်းကို အစွမ်းထက်တယ်။

တကယ်လို့ ဝူယွဲ့က သူ့ခွန်အားကို အကုန်လုံး အသုံးမပြုဘူး ဆိုရင်တောင် သူ့ခွန်အားကို အားလုံး သိထားပါတယ်။ သူက ရွှေရောင်မျိုးဆက်ကတောင် မော့ကြည့်ရုံပဲ တတ်နိုင်တဲ့အထိ သန်မာပါတယ်။ ဒါကြောင့် သူ့ဆီက သာမန်တိုက်ခိုက်မှု တစ်ခုက အဆုံးအစမဲ့ ခွန်အား ရှိလောက်တာကြောင့် ဘယ်လိုလုပ် အလွယ်တကူ ချေဖျက်ခံလိုက် ရတာလဲ။

နာမည်တောင် မသိရတဲ့ ဒီလူက တကယ်ပဲ ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်နေမလား။

ဝူယွဲ့လည်း လန့်သွားတယ်။ လင်းဟန်က အရမ်းကို သန်မာနေလိမ့်မယ်လို့ သူက မတွေးထားခဲ့ဘူး။

“ငါ တကယ်ပဲ မင်းကို လျော့တွက်မိတာပဲ”

သူက သာမန်ကာလျှံကာ ပြောလိုက်ပေမဲ့ စိတ်ထဲမှာ လုံးဝကို ထည့်မထားခဲ့ဘူး။ သူ့ ခန္ဓာကိုယ်က တစ်ဟုန်ထိုး ပြေးဝင်လာပြီး သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။

လင်းဟန်က သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ ထိုးချလိုက်တယ်။

“ငါကတော့ လျော့မတွက်ဘူး”

ဘန်း။

လက်သီးတစ်ချက်တည်းနဲ့အတူ ဝူယွဲ့နဲ့ သူ့ဓားက အတူတူ လွင့်ထွက်သွားခဲ့တယ်။

လဗြွတ်။

ရုတ်ချည်းဆိုသလို လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ပြီး ဒါကို လုံး၀ မယုံကြည်နိုင်အောင် ဖြစ်နေကြတယ်။

ကြမ်းတယ်။ ဒါကြီးက ကြမ်းလွန်းတယ်။

ဝူယွဲ့က သူ့စွမ်းရည်တွေနဲ့အတူ သက်သေပြထား ပြီးပါပြီ။ ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် ရွှေရောင်မျိုးဆက် တစ်ယောက်တောင် သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ရော။ လင်းဟန်က သူ့ကို လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားစေခဲ့တယ်။

ဒါ ဒါ ဒါက။ ဒါကို နှိုင်းယှဉ်ကြည့်ရင် ရွှေရောင်မျိုးဆက်က အလကား ဖြစ်မသွားဘူးလား။

သူတို့က အမှိုက်နဲ့တောင် ယှဉ်လို့ မရနိုင်ဘူး။

သောက်ကျိုးနည်း။ ဘယ်အချိန်ကများ ဒီလိုမျိုး မကောင်းဆိုးဝါး တစ်ကောင် ပေါ်လာတာလဲ။

တကယ်လို့ လင်းဟန်က သေသွားတယ် ဆိုတာကို သူတို့တွေ သိထားတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ဒီကောင်က လင်းဟန် ကိုယ်တိုင် ရုပ်ဖျက်ပြီး ပေါ်လာတယ်ဆိုပြီး သံသယ ရှိကြပါလိမ့်မယ်။

Chapter 4513 end

All Chapters