အခန်း ၄၅၁၄
Vol. 225 Ch. 4514
အပိုင်း (၄၅၁၄) ကျင့်ကြံခြင်းရဲ့ အသီး၊ လျှို့ဝှက်အစွမ်း
ဝူယွဲ့က တော်တော်ဝေးဝေးကို ရောက်ပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်တယ်။
သူက လင်းဟန်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာမှာ အံ့အားသင့်မှုတွေနဲ့အတူ ပြည့်လာခဲ့တယ်။
လင်းဟန်ရဲ့ တိုက်ခိုက်မှုက မယုံနိုင်လောက်အောင် ကြမ်းတမ်းပေမဲ့ သူက အဲဒါကို ချေဖျက်ပစ် နိုင်စွမ်း ရှိပြီးတော့ ဒဏ်ရာ နည်းနည်းလေးမှ မခံစားရပါဘူး။ ဒါပေမဲ့လည်း သူ့ကို အံ့အားသင့် သွားစေတဲ့ အချက်က သူဟာ တကယ်ပဲ လင်းဟန်ဆီက လက်သီးတစ်ချက်ကို မယှဉ်နိုင်ခဲ့ဘူး။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
တကယ်လို့ ရွှေရောင်မျိုးဆက် ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်နေရင်တောင် သူက မကြောက်တဲ့အပြင် အားပျော့တဲ့ လူလို့တောင် မြင်ပါတယ်။ အများဆုံး တိုက်ကွက် အနည်းငယ် သုံးလိုက်ရင်နဲ့ သူက ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် ရွှေရောင်မျိုးဆက် တစ်ယောက်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်။
ဒါပေမဲ့လည်း လင်းဟန်က တကယ်ပဲ ဂိုဏ်းအရှင်သခင် အဆင့်မှာ ရှိပါတယ်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်တယ်။ ပထမဆုံး လင်းဟန်က ကြယ် ခုနစ်ပွင့်၊ ရှစ်ပွင့် ဒါမှမဟုတ် ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်တောင် ဖြစ်ပါလိမ့်မယ်။ ဒုတိယအချက် ဒီကောင့် ပါရမီက တင်းရှူနဲ့ ယှဉ်နိုင်စွမ်း ရှိလောက်တယ်။ မဟုတ်ရင် သူ့အတွက် ဒီလိုခွန်အားမျိုး ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
သူက ဒါကို တွေးလိုက်တဲ့ အချိန်မှာ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ငါ့ထက် ပိုမြင့်တာကြောင့် ငါ့ကို မင်းက အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား”
ဟမ့်။ သူက လျှို့ဝှက်နည်းစနစ်တွေ ဘယ်လောက်တောင် တတ်မြောက်ထားလဲဆိုတာ ဘယ်သူ သိလို့လဲ။
လင်းဟန်က ဒါကိုကြားတော့ သူ့အမူအရာက ထူးဆန်းလာတယ်။
လဗြွတ်။ သူက တကယ်ပဲ အခုလိုမျိုး အစွပ်စွဲခံရတာလား။
ငါ့ကျင့်ကြံခြင်း အဆင့်က မင်းထက် မြင့်တယ် ဟုတ်လား။
ငါက ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပြီးတော့ မင်းလို ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်တယ် ဟုတ်လား။
အဲဒီလိုမျိုး ရှိလို့လား။ တကယ်လို့ မင်းက မင်းပြိုင်ဘက်ကို အနိုင်မယူနိုင်ဘူးဆိုရင် မင်းပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက်မြင့်တယ်လို့ ပြောတယ်ပေါ့။ တကယ်တော့ သူ့ကိုယ်ပိုင် ခွန်အားက နိမ့်ကျနေတယ်ဆိုတာကို ဝန်မခံတာပဲ။
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လား ဒါမှမဟုတ် နေမကောင်းတာလား။
လင်းဟန်က သူ့ခေါင်းကို ခါလိုက်တယ်။ ကိစ္စမရှိဘူး။ အခုက လူသေ တစ်ယောက်နဲ့ ပတ်သက်ပြီး ငြင်းခုံနေစရာ လိုလို့လား။
သူက ပြေးတက်လာပြီး သူ့တိုက်ခိုက်ရေး စိတ်ဓာတ်က တစ်ဟုန်ထိုးမြင့်တက် လာခဲ့တယ်။
လင်းဟန်က မငြင်းဆန်တာကို မြင်တော့ လူတိုင်းက အော်လို့ အာမေဋိတ်သံ ထွက်သွားတယ်။
တင်းရှူလို လူထူးလူဆန်း တစ်ယောက်တောင် မှင်သက်အံ့သြသွားခဲ့ရတဲ့အထိ ဒီလူက အရမ်းကို သန်မာနေတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူ့ကျင့်ကြံခြင်း အဆင့်က ဝူယွဲ့ထက် အများကြီး မြင့်မားနေလို့ကိုး။ ဒီလိုနှိုင်းယှဉ်ကြည့်တော့ သူ့ပါရမီက တင်းရှူနီးနီး ရှိရင်ရှိ ဒါမှမဟုတ် ပိုပြီးတော့တောင် ဆိုးဝါးကောင်း ဆိုးဝါးနိုင်ပါတယ်။
ဒါက ပိုပြီးတော့ ယုတ္တိရှိတယ်။ ဘယ်လိုလုပ် ဒီကမ္ဘာကြီးထဲမှာ လူထူးလူဆန်းတွေ အများကြီး ရှိနိုင်မှာလဲ။
ဒါတောင်မှ အရမ်းကို အံ့အားသင့်စရာ ကောင်းနေပါပြီ။ လင်းဟန်ရဲ့ ပါရမီက ရွှေရောင်မျိုးဆက်ရဲ့ အထက်မှာ ရှိတယ်ဆိုတာ သေချာပေါက်ပါပဲ။
သူတို့က ဒီလိုတွေးလိုက်မိတဲ့ အချိန်မှာ ရွှေရောင်မျိုးဆက် လက်ရွေးစင်တွေ အားလုံး အမူအရာတွေက အကျည်းတန် သွားခဲ့တယ်။
အစကတော့ သူတို့ဟာ ကမ္ဘာကြီးထဲမှာ အစွမ်းထက်ဆုံး ဆိုတာကို ကိုယ်စားပြုပေမဲ့ အခုတော့ ဘာဖြစ်သွားလဲ။ လူသစ် မျိုးဆက်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ သူတို့တွေ မျက်နှာကို အိုးမည်းသုတ်ကုန်တယ်။ နောက်ပြီး ဝါရင့်တွေလည်း ရှိပါတယ်။ သူတို့အားလုံးက ရှည်လျားတဲ့ သမိုင်းကြောင်း တစ်လျှောက်လုံးမှာ ပျောက်ကွယ်နေပေမဲ့ အခုကျတော့ သူတို့က နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့တယ်။
ဒီမျိုးဆက်မှာ ဧကရာဇ် ဖြစ်ဖို့က အရမ်းကို ခက်ခဲလွန်းတယ်။
အရင်တုန်းကတော့ ရွှေရောင်မျိုးဆက်ဟာ အင်ပါယာ ကလန်တွေရဲ့ နောက်ထပ် ဧကရာဇ် တစ်ယောက်ကို မမွေးထုတ်နိုင်ဘူးဆိုတဲ့ ဒဏ္ဍာရီကို ချိုးဖျက်ပစ်နိုင်တယ်လို့ သူတို့တွေ ပြောခဲ့တယ်။ ဒါပေမဲ့ အခု ကြည့်ရတာတော့ ဟူး။ သူတို့အားလုံး ကျရှုံးတော့မဲ့ ပုံစံပဲ။
ဒါက အင်ပါယာ သားတော်တွေကို သတ်ဖြတ်ခြင်း ဆန္ဒတွေ တောက်လောင်လာစေခဲ့တယ်။ သူတို့က ဒီအခွင့်အရေးကို သုံးပြီးတော့ သူတို့ပြိုင်ဘက် အားလုံးကို ရှင်းလင်း သုတ်သင်ပစ် သင့်လား။
ဝုန်း။
လင်းဟန်နဲ့ ဝူယွဲ့ရဲ့ အကြားက တိုက်ပွဲက လူတိုင်းရဲ့ အာရုံကို ပြန်လည်ဆွဲဆောင် သွားခဲ့တယ်။ လင်းဟန်က လက်သီးတွေ တစ်ချက်ပြီး တစ်ချက် ထိုးနေဆဲ ဖြစ်ပြီးတော့ ကြုံသလို ထိုးနေတဲ့ ပုံစံမျိုး ဖြစ်နေပေမဲ့လည်း လက်သီး အစွမ်းက ကမ္ဘာတုန်လောက်ပါတယ်။
ဝူယွဲ့ကတော့ သူဟာ အရမ်းကို အစွမ်းထက်တဲ့ ဓားသိုင်း တစ်ခုကို ထုတ်ဖော်နေခဲ့တယ်။ ဓားချက် ဖြတ်သွားတဲ့ အခါတိုင်း မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ပျက်စီးသွားတော့မဲ့ အတိုင်းပါပဲ။
ဂိုဏ်းအရှင်သခင် အဆင့်က မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ကနဦး ခွန်အားကို ပိုင်ဆိုင်ထားပါပြီ။ သူတို့လို အထွတ်အထိပ် ဂိုဏ်းအရှင်သခင် တစ်ယောက်ဆိုရင် ပြောနေစရာတောင် မလိုဘူး။
ဒါတော့ မတတ်နိုင်ပါဘူး။ ဝူယွဲ့က သူ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေပြီး သူက အများဆုံး ခြေဆယ်လှမ်းလောက် လှမ်းနေပါပြီ။ သူက ရွှေရောင်မျိုးဆက်နဲ့ ရင်ဆိုင်နိုင်တယ်။ ဒါ့အပြင် တင်းရှူနဲ့တောင် ယှဉ်နိုင်ပေမဲ့ လင်းဟန်နဲ့ ရင်ဆိုင်ရတော့ ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်။
ဒါကြောင့် သူ့လမ်းကြောင်းက အရမ်းကို အတွေ့အကြုံ နည်းလွန်းသေးပြီး လင်းဟန်ကို ယှဉ်နိုင်တဲ့ အထိတော့ မသန်မာသေးဘူး။ ဒီတော့ ဝူယွဲ့က သူ့ရှေ့လူတွေရဲ့ လျှို့ဝှက်နည်းစနစ်တွေ အစွမ်းကို ငှားယူရုံပဲ တတ်နိုင်တယ်။
ဒါပေမဲ့လည်း သူတို့က ဝူယွဲ့ရဲ့ ဓားသိုင်းကို လုံး၀ သတိမထားမိဘူး။
စစ်နတ်ဘုရား နန်းတော်က တကယ်ပဲ အင်ပါယာ နည်းစနစ်ကို တတ်မြောက်ကျွမ်းကျင် နေတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူတို့က ဘယ်တုန်းကမှ သတ်ဖြတ်သူ ဧကရာဇ် တစ်ပါးကို မမွေးထုတ်ခဲ့ပဲ တကယ်လို့ ဧကရာဇ် မဖြစ်လာဘူးဆိုရင် ဘယ်လိုလုပ် အင်ပါယာ နည်းစနစ်ကို သူတို့တွေ ဖန်တီးနိုင်မှာလဲ။
လင်းဟန်တောင် အနည်းငယ် အံ့အားသင့် သွားခဲ့တယ်။ သူက စစ်နတ်ဘုရား နန်းတော်ရဲ့ အသိုက်အမြုံ နေရာမှာ အရင်က ရှိခဲ့ဖူးပြီး အမွေအနှစ် မျှော်စင်ကိုလည်း ဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့လည်း သူက မျှော်စင်ပေါ်ကို တက်ပြီးတဲ့ နောက်မှာ သူတော်စင် နည်းစနစ်ကိုပဲ သင်ယူခဲ့တယ်။ တန်ဖိုးအရှိဆုံး ပစ္စည်းက ထူးဆန်းတဲ့ အရိပ်ခြေလှမ်း ဖြစ်ပေမဲ့ အင်ပါယာ နည်းစနစ်နဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ဘူး။
ဝူယွဲ့က ဒီအခွင့်အလမ်းကို သူ့ဘာသာသူ ရရှိခဲ့တာများ ဖြစ်နိုင်မလား။
ဥပမာ လင်းဟန်က နေကိုးစင်း မြင့်မြတ်ကုန်းမြေရဲ့ တပည့်တစ်ယောက်လို့ သတ်မှတ်ယူဆ နိုင်ပါတယ်။ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် သူက အင်ပါယာ နည်းစနစ်တွေကို သင်ယူနိုင်မှာ မဟုတ်ပေမဲ့ တကယ်တမ်းမှာ သူက အင်ပါယာ နည်းစနစ်တွေကို သင်ယူထားတဲ့အပြင် အင်ပါယာ စာလိပ်ကိုတောင် ပိုင်ဆိုင်ထားခဲ့တယ်။
ထားလိုက်ပါ။ သူက အင်ပါယာ နည်းစနစ်ကို ဘယ်နေရာကနေ သင်လာသင်လာ ဘယ်သူက ဂရုစိုက်မှာလဲ။ သူ့ကို ညိုမည်းသွားအောင် ထိုးကြိတ်ရမှာပဲလေ။
လင်းဟန်က သူ့တိုက်စစ်ကို စတင်မြှင့်လိုက်တယ်။ သူက လက်သီးတစ်ချက် ထိုးတာနဲ့ စည်းမျဉ်းဥပဒေ စွမ်းအား အလင်း ဆယ့်ခြောက်ခုက မှိန်မှိန်လေး ပေါ်လာခဲ့တယ်။
ဝူယွဲ့လည်း အားမနည်းဘူး။ သူက တိုက်ခိုက်မှု တစ်ခုတည်းမှာ စည်းမျဉ်းဥပဒေ စွမ်းအား အလင်း ဆယ့်လေးခုကို ထုတ်ဖော်နိုင်ပြီး တကယ်တမ်းမှာ အနည်းငယ် နိမ့်ကျပေမဲ့ ချက်ချင်း ရှုံးနိမ့်သွားမဲ့ ပမာဏတော့ မဟုတ်ဘူး။ ပြဿနာက တိုက်ခိုက်မှု တစ်ခုတည်းနဲ့ စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်လေးခု ထုတ်ဖော်နိုင်တာက သူ့တိုက်ပွဲစွမ်းရည်ရဲ့ အကန့်အသတ် ဖြစ်ပြီးတော့ ဘယ်သူမှ သူတို့ရဲ့ အကန့်အသတ်ကို ထာဝရ မထိန်းထားနိုင်ပါဘူး။
ဒါကြောင့် အချိန်အများစုမှာ ဝူယွဲ့က စည်းမျဉ်းဥပဒေ စွမ်းအား အလင်း ဆယ့်သုံးခုပဲ ထုတ်ဖော်နိုင်တယ်။ ဒါတော့ မတတ်နိုင်ပါဘူး။ စိတ်ဝိညာဉ်က ပြီးပြည့်စုံခြင်း အဆင့် တစ်ခုကို ရောက်ဖို့ ဖြစ်နိုင်ချေ မရှိတာကြောင့် သေချာပေါက် အားနည်းချက် ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့လည်း လင်းဟန်ကတော့ မတူပါဘူး။ သူက တိုက်ခိုက်မှုတိုင်း စည်းမျဉ်းဥပဒေ စွမ်းအား အလင်း ဆယ့်ခြောက်ခုကို ထုတ်ဖော်နိုင်ပြီး တည်ငြိမ်နေပါတယ်။
ဒါက လူတိုင်းကို အံ့တင်းတင်း ကြိတ်မိသွားစေခဲ့တယ်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မင်းရဲ့ စိတ်ဝိညာဉ်က ဘယ်လိုလုပ် ပြီးပြည့်စုံခြင်း အဆင့် တစ်ခုကို ရောက်ရှိနေနိုင်မှာလဲ။
ဒါက မဖြစ်နိုင်ဘူး။
ဒါကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်း ရှိပါတယ်။ လင်းဟန်ရဲ့ အဆင့်မြင့်ဆုံး တိုက်ပွဲစွမ်းရည်က စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ခြောက်ခုက အကန့်အသတ် မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလိုမျိုး တိုက်ပွဲစွမ်းရည်ကို တချိန်လုံး ထိန်းသိမ်းထားနိုင်တာ ဖြစ်မယ်။
ဝုန်း ဝုန်း ဝုန်း။
စည်းမျဉ်းဥပဒေ စွမ်းအား နှစ်ခုမရှိရင် ခွန်အားမှာ ကြယ်နှစ်ပွင့် ကွာဟချက် ဖြစ်ပါလိမ့်မယ်။ ဂိုဏ်းအရှင်သခင် အဆင့်မှာ ကြယ်တစ်ပွင့် ကွာဟချက်က ချိုးဖောက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ကြယ်နှစ်ပွင့်ဆို ပြောနေစရာတောင် လိုဦးမှာလား။
တကယ်လို့ တခြားပြိုင်ဘက်ဆိုရင် ဝူယွဲ့က အင်ပါယာ နည်းစနစ်ကို အားကိုးပြီးတော့ သူ့ကိုယ်ပိုင် ထူးချွန်ထက်မြက်မှုကိုပါ အားကိုးအားထားပြုကာ တိုက်ပွဲစွမ်းရည်မှာ ဒီကြယ်နှစ်ပွင့် ကွာဟချက်ကို ဖာထေးနိုင်ပေမဲ့ လင်းဟန်နဲ့ ရင်ဆိုင်နေရတော့ ဘာလုပ်နိုင်မှာလဲ။
စိတ်မကောင်းဘူး။
သိုင်းပညာရပ်ရဲ့ သူ့ကိုယ်ပိုင် လမ်းကြောင်းပေါ်မှာ လင်းဟန်က အဝေးကြီးထိ လျှောက်ပြီးပါပြီ။ တကယ်လို့ တင်းရှူ၊ မူလရင်းမြစ်နဲ့ တခြားသူတွေ အားလုံး ပေါင်းရင်တောင် သူတို့တွေ သူ့ကို ယှဉ်နိုင်စွမ်း မရှိပါဘူး။ တိုက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ရင် မူလဇစ်မြစ်ကမ္ဘာရဲ့ အရှင်သခင်က သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲ ဘယ်လောက်တောင်များ တွေ့ကြုံခဲ့ရလဲ။
ဝူယွဲ့ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် လင်းဟန်ရဲ့ ဖိနှိပ်ခြင်းကို သူက ခံနေရဆဲ ဖြစ်ပြီးတော့ သူက အခြေအနေကို နည်းနည်းလေးမှ ပြောင်းလဲနိုင်မဲ့ပုံစံ မမြင်ပါဘူး။
“သေစမ်း”
ဝူယွဲ့က နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ သူ့အကြည့်တွေက စူးရှလာကာ အာကောင်းတဲ့ လူသတ် အရှိန်အဝါ တစ်ခု ထုတ်လွှတ်လာတယ်။
သူက ကျယ်လောင်စွာ တစ်ချက် မာန်သွင်းလိုက်တယ်။ ဝှမ်း။ သူ့စိတ်ထဲကနေ တာအိုသစ်သီးပင်က သူ့ခေါင်းအထက်မှာ ယိမ်းနွဲ့ကာ ပေါ်ထွက်လာခဲ့တယ်။ ကျင့်ကြံခြင်းရဲ့ အသီးပေါ်မှာ ရွှေရောင်သွေးကြောသင်္ကေတ ခြောက်ခုက ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေတယ်။
ဟင်။
ဂိုဏ်းအရှင်သခင်အဆင့်တွေ အားလုံးက သူတို့ရဲ့ တာအိုသစ်သီးပင်က ထိန်းချုပ်လို့ မရပဲ စိတ်ထဲကနေ ထွက်ပေါ်လာကာ သူတို့ရဲ့ ခေါင်းအထက်မှာ ယိမ်းနွဲ့နေတာကို တွေ့လိုက်ရတယ်။
ဒါ။
သောက်ကျိုးနည်း။ ဒါက ဘာလဲဟ။
“ဒီလူက သူ့ပြိုင်ဘက်ရဲ့ တာအိုအသီးပင်ကို အတင်း ဆွဲထုတ်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအား အမျိုးအစား တစ်ခုခုကို တတ်မြောက်ထားတာ ဖြစ်မယ်”
“တာအိုအသီးပင်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ အကာအကွယ် ဆုံးရှုံးသွားပြီ။ သူ့ကို တစ်ကြိမ် ထိသွားတာနဲ့ သေချာပေါက် ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာပဲ”
“ဒါပေမဲ့ သူ့ရဲ့ ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားက နှစ်ဖက်ဓားသွား တစ်ချောင်းနဲ့တူတယ်။ သူ့ကိုယ်ပိုင် တာအို အသီးပင်တောင် ထွက်လာရတာပဲ”
“မဟုတ်ဘူး။ အဲဒါက သူ့တာအိုအသီးပင်က ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ပိုင်ဆိုင်ထားတာ ဖြစ်လောက်တယ်။ ဒါကြောင့် သူက အဲဒါကို ဆင့်ခေါ်ရုံ ဆင့်ခေါ်နိုင်တာ”
အင်ပါယာသားတော်တွေတောင် အံ့အားသင့်စွာ ရေရွတ်ကြတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းပါတယ်။ တကယ်လို့ သူတို့သာ ထိပ်တိုက် ရင်ဆိုင်ရမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်း အသီးက မသန်မစွမ်း ဖြစ်သွားကာ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း လျော့ကျသွားလိမ့်မယ်။
တကယ်လို့ သူတို့မှာ အစားထိုး တံဆိပ်တော် ရှိနေတော့ရော ဘာဖြစ်လဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ကို ပြန်လျော့ကျသွားမယ်။ ဒါဆိုရင် တကယ်လို့ မင်းမှာ အသက် အနည်းငယ် ရှိနေမယ်ဆိုရင်တောင် ဂိုဏ်းအရှင်သခင် တစ်ယောက်က အားလုံးကို ယူသွားလိမ့်မယ်။
“သူ့ ပြိုင်ဘက်ကို ကြည့်လိုက်စမ်း”
အင်ပါယာသားတော် တစ်ယောက်ရဲ့ မျက်လုံးတွေက အံ့အားသင့်ကာ ပြူးလာခဲ့တယ်။
ဘာ။
Chapter 4514 end