အခန်း ၄၅၁၅
Vol. 225 Ch. 4515
အပိုင်း (၄၅၁၅) လူသိသွားခြင်း
လူတိုင်းက ဝူယွဲ့ရဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ ကြောက်စရာကောင်းမှုကြောင့် မှင်သက် နေခဲ့တာပါ။ ဒါပေမဲ့လည်း သူတို့တွေရဲ့ ခေါင်းကို လှည့်လိုက်တဲ့ အခါမှာ ပိုပြီးတော့တောင် ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ်။
လင်းဟန်က တည်ငြိမ်စွာ ရပ်နေတယ်။ သူ့ခေါင်းထက်မှာ တာအိုသစ်သီးပင် မရှိနေခဲ့ဘူး။
လဗြွတ်။ မင်းက ဂိုဏ်းအရှင်သခင်အဆင့်မှာ မဟုတ်တာများ ဖြစ်နိုင်မလား။
မဟုတ်ရင် ဘာကြောင့် မင်းတာအို သစ်သီးပင်ကို ဆွဲထုတ်မခံရတာလဲ။
မင်းကြည့်လေ။ ရွှေရောင်မျိုးဆက် ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင်တောင် ဘာမှမတတ်နိုင်ပဲ ထိန်းချုပ်လို့ မရနိုင်ဘူး။ ဒီတော့ မင်းက ဘယ်လိုလုပ် ဆန့်ကျင်နိုင်ရတာလဲ။
ဒါက စွမ်းရည်တွေနဲ့ မဆိုင်ဘူးလား။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝူယွဲ့က အံ့အားသင့်စွာ ရေရွတ်လိုက်တယ်။ သူ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေနဲ့အတူ ပြူးသွားတယ်။
ဒါက သူ့ရဲ့ ထူးချွန်ထက်မြက်မှုနဲ့ ထူးခြားတဲ့ စွမ်းရည် ဖြစ်ပါတယ်။ တကယ်လို့ သူ့ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်မားနေရင်တောင် သူ့စွမ်းရည်တွေက သန်မာနေဦးမှာ ဖြစ်ပြီးတော့ အသုံးမဝင်ပါဘူး။ သူက သေချာပေါက် တာအိုသစ်သီးပင်ကို ဆွဲထုတ်ယူနိုင်စွမ်း ရှိပါလိမ့်မယ်။
ဒီတိုက်ကွက်နဲ့ သူ့ထက် စွမ်းရည်တွေ သာလွန်တဲ့ လူတွေ အများအပြားကို သူက အနိုင်ယူခဲ့တယ်။
ဒါပေမဲ့ ဒီအကွက်က လင်းဟန်နဲ့ တွေ့တဲ့ အခါမှာ အလုပ်မဖြစ်တာလဲ။
မင်းကိုယ်ပေါ်မှာ ရှားပါးရတနာ တစ်ခုခုများ ရှိနေတာလား။
လင်းဟန်က တစ်ချက်ပြုံးလိုက်တယ်။
“ဘာလဲ။ အရမ်းကို ထူးဆန်းနေလို့လား”
“ဘယ်လိုလုပ် မင်းအပေါ်မှာ သက်ရောက်မှု မရှိနိုင်ရတာလဲ”
ဝူယွဲ့က ဒါကို လုံး၀ လက်ခံနိုင်စွမ်း မရှိပါဘူး။ ဒါက သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီနဲ့ ထူးခြားတဲ့ စွမ်းရည် ဖြစ်ပါတယ်။
လင်းဟန်က ပခုံးကို တွန့်ပြီးတော့ ပြောလိုက်တယ်။
“မင်းက လက်မခံချင်ဘူးဆိုတော့လည်း ငါက မင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးရမှာပေါ့”
သူက သူ့တာအို သစ်သီးပင်ကို ထုတ်လိုက်ပြီး သူ့ခေါင်းအထက်မှာ မျောလွင့်လို့ နေပါတယ်။
မင်းမေကြီးတော်။
တကယ်လို့ လင်းဟန်က တာအိုသစ်သီးပင်ကို မထုတ်ဖော်ပဲ ဝူယွဲ့နဲ့ ဆက်ပြီးတော့ တိုက်ခိုက်မယ် ဆိုရင် ဝူယွဲ့က လက်မခံနိုင်ဘူးဆိုရင်တောင် သူ့မှာ တခြားမကောင်းတဲ့ ခံစားချက် နည်းနည်းမှ ရှိလိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း အခြေအနေတွေက အခုတော့ ကွဲပြားခြားနား သွားပါတယ်။
လင်းဟန်က တာအိုအသီးပင်ကို သူကိုယ်တိုင် ထုတ်ဖော်လာခဲ့တယ်။ ဒါက သူ့ကို သနားစရာလို့ ထင်မှတ်နေပုံပဲ။
စဉ်းစားကြည့်လေ ဝူယွဲ့က ခေတ်ပေါင်းများစွာ ဆောင်းခိုအိပ်စက်နေပြီး ပါရမီရှင်တွေ ဘယ်လောက်များများ သတ်ခဲ့လဲဆိုတာ မသိပါဘူး။ ဒီမျိုးဆက်ကျမှ သူက ဘာဖြစ်လို့ တခြားသူရဲ့ သနားစဖွယ် ဖြစ်နေရတာလဲ။
လဗြွတ်ပဲ။ ဒါက အရမ်းကို အရှက်ရစေတယ်။
ဝူယွဲ့က အရမ်းကို ဒေါသထွက်လွန်းတာကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားတယ်။ ဒေါသတကြီး မာန်တစ်ချက် သွင်းသံနဲ့အတူ သူ့ဓားရှည်နဲ့ အရူးအမူး ခုတ်ချလိုက်တယ်။
ဝုန်း ဝုန်း ဝုန်း။
သူတို့နှစ်ယောက်က နောက်တစ်ကြိမ် အရမ်းကို ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်တယ်။
စကားပုံတောင် ရှိပါတယ်။ ဘေးလူက ပိုပြီးတော့တောင် မြင်နိုင်တယ်ဆိုတာ။
ဝူယွဲ့က ဒေါသနဲ့အတူ ဘာကိုမှ မစဉ်းစားမိပေမဲ့ သူ့အနားက လူတွေကတော့ ကောင်းကောင်း မြင်နိုင်ပါတယ်။ သူတို့အားလုံး အသက်ကို တစ်ချက်ရှိုက်လိုက်ပြီး တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရသလို အမှုအရာတွေ ဖြစ်နေတယ်။
လင်းဟန်ရဲ့ ကျင့်ကြံခြင်း အသီးပေါ်မှာ ရွှေရောင်မျဉ်းကြောင်း သုံးခုပဲ ရှိပြီးတော့ တတိယမြောက် ရွှေရောင်မျဉ်းကြောင်းက အနည်းငယ် မှိန်နေကာ တခြားနှစ်ကြောင်းလောက် ထင်းနေခြင်း မရှိဘူး။
ဒါက ဘယ်လိုမျိုး ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်လဲ။
ကြယ်သုံးပွင့်၊ ကြယ်သုံးပွင့်။၏
လင်းဟန်က တကယ်ပဲ ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပါတယ်။
လဗြွတ်။
ရွှေရောင်မျိုးဆက် ဖြစ်နေတော့ရော ဘာအရေးလဲ။ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေတယ်။
ဝူယွဲ့ လျှောက်ပြောတာကို နားထောင်နေလို့ ဘာအကျိုး ရှိမှာလဲ။
မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ထက် ပိုမြင့်တယ် ဟုတ်လား။ မင်းရဲ့ သောက်မျက်လုံးတွေကို ဖွင့်ပြီးတော့ တစ်ချက်ကြည့်လိုက်ဦး။ ဒါက ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်လား။
မင်း ဘယ်လို ရေတွက်ရမလဲ ဆိုတာကို နားလည်ရဲ့လား။
တစ် နှစ် သုံး။
ရွှေရောင်သင်္ကေတ သုံးခု၊ ဒါက ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင်ရဲ့ စံသတ်မှတ်နှုန်း ဖြစ်ပါတယ်။ မင်းက တစ် နှစ် သုံးတောင် မရေတွက်တတ်ဘူးလို့ မပြောနဲ့နော်။
“မင်းမေကြီးတော်။ သူက တကယ်ပဲ ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ဟ”
“ငါတော့ ရူးတော့မယ်”
“ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက် နေတယ်ပေါ့။ ဒါက စိတ်ကူးယဉ် ပုံပြင်တစ်ခု ဖြစ်နေပြီ”
“သမိုင်းမှာ ပထမပဲ”
“တစ်ခေတ်မှာ တစ်ယောက်”
လူတိုင်းက သူတို့ရဲ့ အထင်ကြီး လေးစားအားကျမှုကို ဖော်ပြလာခဲ့တယ်။ ဒါက တကယ့်ကို ဘာပြောရမှန်းမသိအောင် သန်မာလွန်းပါတယ်။
ချီးကျူးသံ စကား တော်တော်များများက ဝူယွဲ့ရဲ့ နားထဲကို ဝင်လာခဲ့တယ်။ ပထမတော့ သူက သတိမထားမိပဲ မကြာခင်မှာ မေ့သွားတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုမှာ တကယ်လို့ သူက တခြားအရာတွေကြောင့် အနှောင့်အယှက် ဖြစ်သွားရင် ဒါဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသလို ဖြစ်သွားပါလိမ့်မယ်။
ဒါပေမဲ့လည်း သူက လူအုပ်ကြီးရဲ့ ဆွေးနွေးသံတွေက ပိုပိုပြီးတော့ ပြင်းထန်လာကာ ခဏလောက် မစဉ်းစားမိပဲ မနေနိုင်အောင် ဖြစ်လာခဲ့တယ်။
သူက အံ့အားသင့် သွားခဲ့တယ်။
ဝူယွဲ့က လင်းဟန်ရဲ့ ခေါင်းပေါ်ကို ကြည့်လိုက်တယ်။ ဒါက သူ့ရဲ့ မျက်လုံးတွေကို တစ်ချက်လေး ဝှေ့ကြည့်လိုက်တာပဲ ဖြစ်ပါတယ်။
အဲဒီနောက် သူက အံ့အားသင့်ပြီး မိုးပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားတယ်။
ကြယ်သုံးပွင့်။ ဒါက တကယ်ပဲ ကြယ်သုံးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက်ပါ။
ဝူယွဲ့က ချက်ချင်းပဲ ရှက်စိတ်တွေနဲ့ မျက်နှာနီသွားတယ်။
စောစောက လင်းဟန်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက် သေချာပေါက် မြင့်မားတယ်လို့ ယုံကြည်မှု ရှိစွာနဲ့ ပြောခဲ့ပေမဲ့ အခုကျတော့ ဘာဖြစ်သွားလဲ။
အမှန်တရားက သူ့မျက်နှာကို တည့်တည့်ကြီး ဖြတ်ရိုက်သွားခဲ့တယ်။
ရိုက်ချက်က အရမ်းကို ပြင်းထန်လွန်းတာကြောင့် သူက မြေကြီးထဲကိုသာ ပြေးဝင် ပုန်းချင်နေတယ်။
တကယ်လို့ သူက လင်းဟန်ကို အနိုင်မယူနိုင်ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ တကယ်တော့ ဘယ်ကျင့်ကြံသူကများ အရင်က တစ်ခါမှ မရှုံးဖူးလို့လဲ။ သာမန်ကျင့်ကြံသူတွေ မပြောနဲ့ မဟာဧကရာဇ်တွေတောင် သူတို့တွေ ငယ်ရွယ်စဉ် အချိန်က ရှုံးနိမ့်ဖူးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ဒီလိုမျိုး သူ့ရဲ့ ဆန်းကြယ်တဲ့ ယုံကြည်မှုကလည်း တကယ့်ကို ရှက်စရာကောင်း လွန်းပါတယ်။
ဝူယွဲ့ရဲ့ မျက်နှာက လုံးဝကို နီမြန်းနေပြီး သူ့မျက်လုံးထဲက သတ်ဖြတ်ခြင်းဆန္ဒဟာလည်း ပိုပြီးတော့တောင် ပြင်းထန်လာခဲ့တယ်။
သူက ဒီလိုအရှက်ရမှုမျိုးကို သတ်ဖြတ်ခြင်း ဆန္ဒအဖြစ်ကို ပြောင်းလဲလိုက်တယ်။ သူသာ လင်းဟန်ကို သတ်လိုက်ရင် အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ်။
ဒါပေမဲ့လည်း သူ့တိုက်ပွဲစွမ်းရည်က လင်းဟန်ရဲ့ တိုက်ပွဲစွမ်းရည်ထက် နိမ့်ကျနေပြီး သူ့ရဲ့ ဆန်းကြယ်တဲ့ စွမ်းရည်ကလည်း အစွမ်းမပြခဲ့ဘူး။ သူက ဘယ်လိုလုပ် အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်မှာလဲ။
ဒီအတိုင်း အော်နေရုံပဲလား။
လင်းဟန်က မာန်တစ်ချက် သွင်းလိုက်ပြီး သူ့တိုက်ပွဲစွမ်းရည်ကို အပြည့်အ၀ ထုတ်ဖော်လိုက်တယ်။ လက်သီးချက်တိုင်းဟာ မယုံနိုင်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းလာတယ်။
သူက ဖျက်ဆီးခြင်း စွမ်းအင်ကိုတော့ မသုံးခဲ့ဘူး။ မဟုတ်ရင် ဝူယွဲ့ကို မိနစ် အနည်းငယ် အတွင်းမှာ အနိုင်ယူပစ်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့လည်း ဒါဟာ သူ့ဝှက်ဖဲ ဖြစ်ပြီးတော့ သူ့အကြောင်းကိုလည်း အလွယ်တကူ ပေါ်သွားပါလိမ့်မယ်။
အင်း သူ့ရဲ့လက်ရှိ အခြေအနေကလည်း သူ့အကြောင်း ပေါ်လုနီးပါး ဖြစ်နေပြီ။
“ဒီလူက ဘယ်သူများလဲ”
“ငါ လူတစ်ယောက်ကိုတော့ စဉ်းစားမိတယ်”
“ငါရောပဲ”
“လင်းဟန်”
လူတိုင်းက ပြောလိုက်တယ်။ လင်းဟန်ကလွဲပြီး တခြားဘယ်သူကများ ဒီလောက်ထိ တစ်မူထူးခြားနိုင်မှာလဲ။
ဒါ့အပြင် ဒီကမ္ဘာကြီးထဲမှာ ဒီလိုမျိုး တစ်မူထူးခြားတဲ့ ပါရမီရှင်တွေ ဘယ်လောက်များများ ရှိလို့လဲ။ တင်းရှူ၊ မူလရင်းမြစ်၊ အသင်္ချေတာအိုနဲ့ တခြားသူတွေ ရှိပါတယ်။ သူတို့က တကယ့်ကို အရေအတွက် များတယ်။ သူတို့ထဲက တစ်ယောက်ယောက်က ဘယ်လိုလုပ် တစ်နေရာရာကနေ ခုန်ထွက်လာနိုင်မှာလဲ။
သူတို့အားလုံး လင်းဟန်ကို လှမ်းကြည့်ပြီးတော့ စောစောတုန်းက လင်းဟန်ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားလိုက်မိတယ်။ ဒီလိုမျိုး နှုတ်သီးကောင်းလျှာပါးတဲ့ အစွမ်းက သေချာပေါက် သူပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးထဲမှာ တစ်မူးထူးခြားမှုနဲ့ စိတ်တိုစရာ နှစ်ခုလုံး ရှိနိုင်တဲ့ ဒုတိယ လူတစ်ယောက်က ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ။
သူတော်စင်တွေတောင် လင်းဟန် သေပြီလို့ အတည်ပြုထားတယ် မဟုတ်လား။
သူတော်စင်တွေက အမြင်မှားတာများ ဖြစ်နိုင်မလား။
သူတော်စင်တွေက အကြွင်းမဲ့ အမှန်တရားကို ကိုယ်စားမပြုပါဘူး။ နောက်ပြီး သူတို့တွေ သေချာပေါက် မှန်ကန်လိမ့်မယ်လို့ မဆိုဘူး။
ချီမန်ဟန်ရဲ့ လှပတဲ့ မျက်လုံးတွေ အရောင်တောက်ပလာပြီး တစ်ကိုယ်လုံး အားတွေ ပြည့်လာသလိုမျိုး ချက်ချင်း တောက်ပလာခဲ့တယ်။
လင်းဟန် မသေဘူး။ လင်းဟန် မသေသေးဘူး။
ဝူယွဲ့က လုံးဝကို အရေးနိမ့်နေတယ်။ တစ်ခုသိထားသင့်တာက လင်းဟန်ဟာ စည်းမျဉ်းဥပေဒ စွမ်းအားမှာ အားသာတဲ့အပြင် သူ့ကျင့်ကြံခြင်း အသီးရဲ့ အရည်အသွေးကလည်း ကြယ်ကိုးပွင့် နတ်ဘုရားချီနဲ့ ဆေးကြောသန့်စင်ထားမှုကြောင့် အဆင့်မြင့်ဆုံး အဆင့်ကို ရောက်ရှိနေပါတယ်။
ဝုန်း ဝုန်း။
ဝူယွဲပက ဆက်ပြီးတော့ တိုက်ခိုက်ဖို့ အစွမ်းကင်းမဲ့နေပါပြီ။ နောက်ပြီးတော့ သူဟာ လင်းဟန် အတွက် ပြိုင်ဘက် လုံး၀ မဖြစ်ခဲ့ဘူး။
“ငါ အရှုံးပေးတယ်”
သူက အံ့ကိုကြိတ်ကာ ပြောလိုက်တယ်။ သူက သုန်မှုန်ပြီး ဒေါသထွက်ကာ ဘာမှမတတ်နိုင်ဘူး။
“အော်”
လင်းဟန်က ခေါင်းတစ်ချက် ညိတ်ပြီးတော့ပဲ တုံ့ပြန်လိုက်တယ်။ ဒါပေမဲ့လည်း သူက သူ့လက်သီးတွေနဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေပါတယ်။
“မင်း”
ဝူယွဲ့က အံ့အားလည်းသင့် ဒေါသလည်း ထွက်လာခဲ့တယ်။ ဟင် မင်းက ဘာဖြစ်လို့ စည်းကမ်းတွေကို မလိုက်နာတာလဲ။
“စစ်နတ်ဘုရား နန်းတော်ရဲ့ အမှိုက်။ မင်းတို့ စစ်နတ်ဘုရား နန်းတော်က လူတွေကို တစ်ယောက်မြင်ရင် တစ်ယောက်ကို ငါ သတ်မယ်”
လင်းဟန်က အေးစက်စွာ ပြောလိုက်တယ်။
စစ်နတ်ဘုရား နန်းတော်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပြီးတော့ သူတို့က တခြားသူတွေကို စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့နဲ့ ပတ်သက်ပြီး ပြောချင်နေတာလား။
ဆုတောင်းလေ။
ဝူယွဲ့က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ထွက်ပြေးဖို့ အလျင်အမြန်ပဲ ချာခနဲ လှည့်လိုက်တယ်။
ဒါပေမဲ့လည်း ကျင့်ကြံခြင်း အဆင့်တူတဲ့ တစ်စုံတစ်ယောက်က လင်းဟန်ကို နောက်ကောက်ကျ ဖြတ်ချန်ထားခဲ့ချင်တာလား။
ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းက ကမ္ဘာနံပတ်တစ် ကိုယ်ဖော့သိုင်းဆိုတဲ့ နာမည်နဲ့ မတန်ဘူးလို့ မင်းထင်နေတာလား။
ဝုန်း။ မီးလျှံတရဲရဲ တောက်လောင်နေတဲ့ အတောင်ပံကို လေထဲမှာ တစ်ချက် ခတ်လိုက်တယ်။ လင်းဟန်က သူ့ကို တားဆီးလိုက်တော့ ဝူယွဲ့က လုံးဝကို လွတ်မြောက်အောင် ထွက်မပြေး နိုင်တော့ဘူး။
ဒီတစ်ကြိမ်တော့ လင်းဟန်ရဲ့ အကြောင်းက သံသယ ရှိစရာမလိုအောင် အတည်ပြုမိ သွားခဲ့တယ်။
အင်ပါယာသားတော်မင်က ချက်ချင်းပဲ ခက်ထန်တဲ့ လေသံတစ်ခုနဲ့အတူ ပြောလိုက်တယ်။
“လင်းဟန် ဒီနေရာမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ဒါက အင်ပါယာကလန် အသီးသီးရဲ့ ပူးပေါင်း ဆုံးဖြတ်ချက်တစ်ခုပဲ။ မင်းက မလိုက်နာဘူးဆိုရင် စည်းကမ်းကို ထိန်းသိမ်းဖို့အတွက် ငါ မင်းကို နေရာမှာတင် သတ်ပစ်ရလိမ့်မယ်”
သူက ပြောပြောဆိုဆိုနဲ့ ချက်ချင်းပဲ လှုပ်ရှားကာ လင်းဟန်ကို ဖမ်းဆွဲလိုက်တယ်။
ဝှစ်။ တုတ် အရိပ်တစ်ခု ဖြတ်သွားပြီး ကြယ်တာရာ ထောင်ပေါင်းများစွာက သူ့ဆီကို တပြိုင်နက်တည်း ကြွေကျလာသလိုမျိုး မယုံနိုင်အောင် ကြောက်စရာကောင်းပါတယ်။
အင်ပါယာသားတော်မင်က ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ရဲတာကြောင့် သူက ရှောင်တိမ်းလိုက်တယ်။ သူ့ရဲ့ တိုက်ခိုက်မှု ဦးတည်ချက်ကလည်း သူ့အလိုလို ပျက်ပြယ် သွားပါတယ်။
အစ်ကိုမျောက်က လေထဲမှာ ဝင့်ကြွားစွာ ရပ်ပြီးတော့ ပခုံးပေါ်မှာ သံတုတ်ကို တင်ထားတယ်။ သူက လက်တစ်ဖက်ကို နားအနားမှာ ကပ်လိုက်တယ်။
“မင်းက ဘိုးဘိုးစွန်းရဲ့ ညီလေးကို အနိုင်ကျင့်ချင်နေတာလား။ ဘိုးဘိုးစွန်းရဲ့ တုတ်ကို အရင်ဆုံး မေးကြည့်လိုက်ဦး”
သူက အားလုံးကို ငုံ့ကြည့်လိုက်ပြီး သူ့ရဲ့ လွှမ်းမိုးဗိုလ်ကျခြင်းက ပြိုင်ဘက်ကင်းပါပဲ။
Chapter 4515 end