← Chapters

အခန်း ၄၅၁၆

Vol. 225 Ch. 4516

အခန်း ၄၅၁၆

Vol. 225 Ch. 4516

အပိုင်း (၄၅၁၆) ဝူယွဲ့အား သတ်ဖြတ်ခြင်း

အင်ပါယာသားတော်မင်က အစ်ကိုမျောက်ကို အေးစက်စွာ ကြည့်ပြီးတော့ သူ့အမူအရာက ခက်ထန်လို့ နေပါတယ်။

သူက အခုဆို ကြယ်သုံးပွင့် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီးတော့ သူ့ကျင့်ကြံခြင်းအဆင့်က အစ်ကိုမျောက်ထက် နည်းနည်းလေးမှ မနိမ့်ကျတော့ပါဘူး။ ဒီအတွက် သူက လုံးဝကို မကြောက်မိဘူး။

“မျောက်ကောင် မင်းက ဒီကောင်စုတ်လေးကို အကြိမ်ကြိမ် ကာကွယ်ပေးတယ်။ ဒါက မင်း သင်္ချိုင်းကို မင်းဘာသာ တူးနေတယ်ဆိုတာကို နားမလည်ဘူးလား”

အဲဒီအချိန် အစ်ကိုမျောက်က သူ့ကို လက်ခလယ် ထောင်ပြပြီးတော့ မယုံနိုင်အောင် အထင်သေးတဲ့ ပုံစံတစ်ခုနဲ့ ပြောလိုက်တယ်။

“သောက်ရေးမပါတာတွေ ပြောမနေနဲ့။ တကယ်လို့ မင်းတိုက်ခိုက်မယ်ဆိုရင် လာခဲ့”

အင်ပါယာသားတော်မင်က နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ အစ်ကိုမျောက်ဆီကို ပြေးဝင် လာခဲ့တယ်။

လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်ပြီး သူက ဘာလက်နက်မှ အသုံးမပြုပေမဲ့ အေးစက်တဲ့ အလင်းရောင် တစ်ခုက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ခွဲဖွင့်ပစ်နိုင်စွမ်း ရှိနေသလိုပါပဲ။

အစ်ကိုမျောက်က အကြောက်အရွံ မရှိပဲ ဝင်လာတဲ့ တိုက်ခိုက်မှုကို သူ့သံတုတ်နဲ့ ဆီးကြို လိုက်တယ်။

တုတ်ရိပ်တွေက ကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး သူတော်စင်အဆင့် ခွန်အား တချို့ကို ပိုင်ဆိုင်ထားတယ်။

အင်ပါယာ သားတော်မင်က ဘာမှမတတ်နိုင်ပဲ နောက်ဆုတ်လိုက်ရတယ်။ သူက ဘယ်လောက်ပဲ အံ့ချီးဖွယ်ကောင်းနေပါစေ သူတော်စင် လက်နက်ဆီက တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။ ဒါက သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်။

တိုက်ပွဲစတာနဲ့ အင်ပါယာ သားတော်မင်က အရေးနိမ့်နေပါတယ်။

လူတိုင်းက ဒါဟာ အစ်ကိုမျောက်ရဲ့ လက်ထဲက လက်နက်က အံ့ဖွယ်ကောင်းနေတာ တစ်ခုကြောင့် မဟုတ်ပဲ ပိုအရေးကြီးဆုံးက အစ်ကိုမျောက်ရဲ့ စည်းမျဉ်းဥပဒေ စွမ်းအား အသုံးပြုမှုက အင်ပါယာသားတော်မင်ထက် ပိုမိုသာလွန်နေတာကို သေချာတွေ့မြင် နိုင်ကြတယ်။

သူတို့လို အင်ပါယာသားတော် အတွက်တော့ တိုက်ခိုက်မှု တစ်ခုမှာ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား ဆယ်ခုကို ထုတ်ဖော်နိုင်ပေမဲ့ ဒါဟာ အကန့်အသတ် ဖြစ်ပါတယ်။ အကြိမ်တိုင်း တစ်ထပ်တည်း တူညီအောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့လည်း အစ်ကိုမျောက်က ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား ဆယ်ခုကို အင်ပါယာ သားတော်မင်ထက် အကြိမ်များများ ပိုပြီးတော့ ထုတ်ဖော်နိုင်တာကို တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် လက်နက်မှာ နိမ့်ကျခြင်း၊ စည်းမျဉ်းဥပဒေ စွမ်းအားမှာ နိမ့်ကျခြင်းတို့ကြောင့် အင်ပါယာ သားတော်မင်က အရေးနိမ့်တာဟာ ပုံမှန်ပဲ မဟုတ်ဘူးလား။

အင်ပါယာ သားတော်မင်က ဒါကို လက်ခံနိုင်စွမ်း မရှိခဲ့ဘူး။

သူ့ကျင့်ကြံခြင်းအဆင့်က အစ်ကိုမျောက်နဲ့ အတူတူ ဖြစ်နေရဲ့သားနဲ့ ဘာဖြစ်လို့ သူက အစ်ကိုမျောက်ထက် နိမ့်ကျနေရသေးတာလဲ။

ဒါက သဘာဝပါပဲ။

အစ်ကိုမျောက်က ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးကို စားခဲ့ပြီး သူ့ကျင့်ကြံခြင်းအဆင့် သန်မာလာဖို့ ကြယ်ကိုးပွင့် နတ်ဘုရားချီကို သုံးခဲ့တယ်။ နောက်ပြီး အင်ပါယာသားတော်မင် အလှည့်ကျတော့ အင်ပါယာကလန်ထဲမှာတောင် ကြယ်ကိုးပွင့် နတ်ဘုရားချီက အခွင့်အရေးရမှ တွေ့ကြုံရရှိနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

သူက အဲဒါကို အရင်က ရခဲ့ပေမဲ့ သူ့အခြေခံအုတ်မြစ်တွေ ပြီးပြည့်စုံခြင်းတော့ မရှိခဲ့ဘူး။

ဒါကြောင့် အဆင့်တူ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဒီအားနည်းချက်က သိသာလာတယ်။

ဝုန်း ဝုန်း ဝုန်း။ လူတိုင်းက အစ်ကိုမျောက်ဟာ အရူးအမူး တိုက်ခိုက်နေပြီး အင်ပါယာ သားတော်မင်ကတော့ တိုက်ခိုက်မှုတွေကို ကာကွယ်ရုံပဲ တတ်နိုင်တာကို တွေ့မြင်ရပါတယ်။

“မျောက်စုတ် ငါက မင်းကို ဘာဖြစ်လို့ ကြောက်နေရမှာလဲ”

အင်ပါယာ သားတော်မင်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ မာန်သွင်းသံ တစ်ချက်နဲ့အတူ သူ့မျက်လုံးတွေကနေ ရုတ်တရက် အလင်းတန်း နှစ်ခု ပစ်ခတ်လာပြီး လေဟာနယ်ကိုတောင် ထိုးဖောက်ပစ်နိုင်တဲ့ အတိုင်းပါပဲ။

ဒါက သူ့ရဲ့ ပင်ကိုယ်အရည်အချင်း ဖြစ်တဲ့ လေဟာနယ် မျက်လုံး ဖြစ်ပါတယ်။ လေဟာနယ်ထဲမှာ ပုန်းနေတဲ့ အရာတွေကို ထိုးဖောက်မြင်နိုင်စွမ်း ရှိတဲ့အပြင် ကြီးမားတဲ့ ဖျက်ဆီးခြင်း စွမ်းရည်လည်း ရှိပါတယ်။

အစ်ကိုမျောက်က တစ်ချက် ရယ်မောလှောင်ပြောင်ပြီးတော့ စူးရဲစွာ စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးကနေ ရွှေရောင်အလင်းတန်း နှစ်ခု ပစ်လွှတ်လာခဲ့တယ်။

ဘန်း။

အလင်းတန်းတွေ ထိမှန်သွားပြီး အင်ပါယာ သားတော်မင်ရဲ့ မျက်လုံးက အလင်းတန်းဟာ ချက်ချင်း ပျက်စီးသွားတယ်။ အဲဒီအချိန် အစ်ကိုမျောက် ပစ်လိုက်တဲ့ ရွှေရောင် အလင်းတန်းကတော့ ထောပတ်ကို ဓားနဲ့ လှီးဖြတ်လိုက်သလိုပဲ။

ဘာ။

အင်ပါယာသားတော်မင်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူက အသံမထွက်ပဲ အာမေဋိတ်သံ တစ်ချက် ရေရွတ်လိုက်တယ်။

သူ့လျှို့ဝှက်ဆန်းကြယ် စွမ်းအားက တကယ်ပဲ အစ်ကိုမျောက်ထက် နိမ့်ကျနေတယ်။

“ဘိုးဘိုးစွန်းရဲ့ တုတ်ချက်ကို မြည်းစမ်းကြည့်စမ်း”

အစ်ကိုမျောက်က ကျယ်လောင်စွာ အော်လိုက်ပြီး သံတုတ်ကို ကိုင်ကာ ရိုက်ချလိုက်တယ်။

ဘန်း။

တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ အင်ပါယာသားတော်မင်က လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံး သွေးတွေ ပန်းထွက်သွားတယ်။

ဒီတိုက်ခိုက်မှုကို သူက ဘာမှမတတ်နိုင်ပဲ ထိပ်တိုက်ခံယူလိုက်ရတယ်။ သူက ချက်ချင်းပဲ သူတော်စင် လက်နက်ရဲ့ အစွမ်းကို ခံစားလိုက်ရကာ သူ့မိခင်တောင် သူ့ကို မမှတ်မိလောက်အောင် စုတ်ပြတ်သွားတယ်။

အစ်ကိုမျောက်ကတော့ တုတ်ကို ကိုင်ပြီးတော့ အင်ပါယာသားတော်မင် နောက်ကို လိုက်ပြီး ထပ်မံ တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ အင်ပါယာသားတော်ထိုက်က ရှေ့ထွက်လာပြီး သူ့ကို တိုက်ခိုက် လာတာကို မြင်လိုက်တယ်။

ဒီလိုနဲ့ အင်ပါယာသားတော်မင်လည်း အသက်ရှူ ချောင်သွားခဲ့ရတယ်။ အနည်းငယ် အားပြန်ပြည့်လာတဲ့ နောက်မှာတော့ သူက အင်ပါယာသားတော်ထိုက်နဲ့ အတူ ပူးပေါင်းကာ အစ်ကိုမျောက်ကို ဝင်ရောက် တိုက်ခိုက်လိုက်တယ်။

အစွမ်းထက်ဆုံး အင်ပါယာ သားတော် နှစ်ယောက်က ကြယ်သုံးပွင့်ကို အဆင့်တက် ပြီးသားပါ။ ဒါကြောင့် သူတို့ရဲ့ ပူးပေါင်းအစွမ်းက အစ်ကိုမျောက်ထက် သာလွန်နေခဲ့ပါပြီ။

ဒါပေမဲ့လည်း သူတို့က သူတို့ရဲ့ အစွမ်းထက်ဆုံး အခြေအနေကို ထာဝရ ထိန်းထားနိုင်စွမ်း မရှိပဲ သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က အတက်အကျ ရှိနေတယ်။ တစ်ဖက်မှာ အစ်ကိုမျောက်က သူ့တိုက်ပွဲ စွမ်းရည်ကို ခုနစ်ဆယ်ရာခိုင်နှုန်းလောက် တချိန်လုံး အထွတ်အထိပ်မှာ ထိန်းထားနိုင်တယ်။ ဒီလိုနဲ့ အစ်ကိုမျောက်က အနိုင်မယူနိုင်ဘူး ဆိုရင်တောင် သူက အရေးနိမ့်သွားလိမ့်မှာတော့ မဟုတ်ပါဘူး။

တာအိုသားတော်တွေ အားလုံးက မချိတင်ကဲစွာ သက်ပြင်းချလိုက်ကြတယ်။ တကယ်တော့ အင်ပါယာ သားတော်တွေနဲ့ ရွှေရောင်မျိုးဆက်တွေ ပိုင်ဆိုင်ခဲ့တဲ့ ခေတ်ကာလက ကုန်သွားပါပြီ။

ပြီးတော့ အခု ပါရမီရှင်တွေကို ရေတွက်ကြည့်ရင် လင်းဟန်၊ ယန်ရီဟွမ်၊ တင်းရှူ၊ အစ်ကိုမျောက်နဲ့ တခြားလူတွေပဲ ဖြစ်သင့်တယ်။

အစ်ကိုမျောက်က ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် နှစ်ယောက်ကို ယှဉ်ပြိုင် တိုက်ခိုက်နေတယ်။ တစ်ဖက်မှာ လင်းဟန်က အင်အားသုံး ဖိနှိပ်နေပြီးတော့ ဝူယွဲ့လည်း ထပ်ပြီးတော့ ထိန်းထားနိုင်စွမ်း မရှိတော့ဘူး။

ဘန်း ဘန်း ဘန်း။ လင်းဟန်က အစွမ်းထက် တိုက်ကွက်တစ်ခုကို ပြင်ဆင်ထားပြီး တိုက်ခိုက်မှု တစ်ခုတည်းနဲ့ စည်းမျဉ်းဥပဒေ စွမ်းအား အလင်းတန်း နှစ်ဆယ်ကို ပစ်ခတ်လိုက်တယ်။ ဒါက ဝူယွဲ့ရဲ့ ခံနိုင်ရည် အကန့်အသတ်ထက် လုံးဝကို သာလွန်နေခဲ့တယ်။ တိုက်ခိုက်မှု တစ်ခုတည်းနဲ့ သူက အပိုင်းပိုင်းအစစ ဖြစ်အောင် စုတ်ဖြဲခံလိုက် ရပါတယ်။

ဒါပေမဲ့လည်း သူ့အသွေး အသားတွေက ပြန်လည်ဖြစ်ပေါ်လာပြီး သူက ချက်ချင်း ပြန်ကောင်းမွန် လာခဲ့တယ်။

အစားထိုး တံဆိပ်တော်။

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ ဘယ်လိုလုပ် စစ်နတ်ဘုရား နန်းတော်က မဟာဧကရာဇ် တစ်ပါးရဲ့ အမွေအနှစ်ကို ရရှိထားနိုင်မှာလဲ။ မဟုတ်ရင် အင်ပါယာလက်နက် တစ်ခု မရှိပဲ အဆင့်မြင့်ဆုံးအဆင့် စည်းမျဉ်းဥပဒေစွမ်းအား ပါဝင်တဲ့ အစားထိုးတံဆိပ်တော် တစ်ခုကို ဖန်တီးဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။

ဝူယွဲ့က သူ့အသက်ကို ကယ်နိုင်ခဲ့ပြီး ကြမ်းတမ်းတဲ့ စကား တစ်ခွန်းမှတောင် မပြောရဲတော့ဘူး။ သူက အလျင်အမြန်ပဲ လေဟာနယ်ကို စုတ်ဖြဲပြီး ထွက်ပြေးဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့လည်း လင်းဟန်ရဲ့ ဖီးနစ်ငှက်အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းက သူ့ကို လိုက်မီလာခဲ့တယ်။ သူက နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်တဲ့ အချိန်မှာ သူ့လက်သီးပေါ် ဖျက်ဆီးခြင်း စွမ်းအင်က ဆူပွက်လာပါပြီ။

လုံးဝကို ကွဲပြားခြားနားသွားပြီ။

ချက်ချင်းပဲ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက အရောင်မှိန်သွားကာ လေဟာနယ်က တုန်ခါ သွားခဲ့တယ်။

လင်းဟန် ကိုယ်တိုင်တောင် အံ့အားသင့် သွားခဲ့တယ်။ ဘာတွေ ဖြစ်နေတာလဲ။

ဒါက ဖျက်ဆီးခြင်း စွမ်းအင်ရဲ့ စိတ်ဝိညာဉ် ကားချပ်ကို ရရှိပြီးတော့ ပထမဆုံးအကြိမ် ဒီနည်းစနစ်ကို ထုတ်သုံးတာ ဖြစ်ပါတယ်။ တကယ်ပဲ ဒီလိုမျိုး ထူးဆန်းတဲ့ သဘာ၀ ဖြစ်စဉ် တစ်ခု ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။

သူက ဖျက်ဆီးခြင်း စွမ်းအင်ကို ပြီးပြည့်စုံအောင် ကျင့်ကြံအားထုတ်ပြီးကာစ အချိန်မှာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက သတိထားမိသွားပြီး မိုးကြိုးလျှပ်စီး အပြစ်ဒဏ်တစ်ခု ဆင်းသက် လာခဲ့ပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အသီးပေါ်မျာ အချုပ်အနှောင် အလွှာတစ်ခု ပေးထားခဲ့ပြီး အခုချိန်ထိတောင် ဖယ်ရှားလို့ မရနိုင်သေးပါဘူး။ ဒါကလည်း သူ့ကို စိုးရိမ်ပူပန်စေပြီး ဖျက်ဆီးခြင်း စွမ်းအင်ကို ထပ်မသုံးခဲ့ဘူး။

အဲဒါကို သုံးဖို့လည်း တကယ် မလိုအပ်ခဲ့ဘူး။

ဒါပေမဲ့ အခုတော့ အစားထိုး တံဆိပ်တော်ကို အနိုင်ယူဖို့အတွက် သူ့မသိစိတ်က ဖျက်ဆီးခြင်း စွမ်းအင်ကို သုံးလိုက်ပြီး မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို တကယ်ပဲ မှေးမှိန်သွားစေခဲ့တာလား။

မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက သတိမထားမိဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား။

ဘန်း။

ဖျက်ဆီးခြင်း စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဝူယွဲ့ဆီကို ပစ်လွှတ်လိုက်တယ်။

အလင်းတန်းရဲ့ အမြန်နှုန်းကို ဝေခွဲပြလို့ မရနိုင်ပါဘူး။ အလင်းတန်းနဲ့ တိုက်ခိုက်လိုက်တာနဲ့ သူ့ပစ်မှတ်ဆီကို ရောက်သွားတဲ့အထိ မြန်ဆန်ပါတယ်။

ဝူယွဲ့မှာ ရှောင်တိမ်းဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ အချိန်မရခဲ့ဘူး။ သူက လင်းဟန်နဲ့ အချိန်တော်တော် ကြာတဲ့အထိ တိုက်ကွက်တွေ ဖလှယ်ထားခဲ့တာကြောင့် လင်းဟန်ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ အရမ်းကို ရင်းနှီးကျွမ်းဝင် နေပါပြီ။ လင်းဟန်ရဲ့ တိုက်ခိုက်မှု အမြန်နှုန်းက ရုတ်ချည်းဆိုသလို ဒီလိုမျိုး မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

ဘန်း။ ဖျက်ဆီးခြင်း စွမ်းအင် ပျံ့နှံ့သွားပြီး ဝူယွဲ့က ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ် တစ်ဝက်ကို ဆုံးရှုံးသွားကာ မိုးပေါ်ကနေ တိုက်ရိုက် ပြုတ်ကျလာခဲ့တယ်။

စစ်နတ်ဘုရား နန်းတော်ရဲ့ အထူးချွန်ဆုံး ဇကာတင် သေရတော့မယ်။

ဒါက အင်ပါယာသားတော်တွေရဲ့ မျက်လုံး သူငယ်အိမ်တွေကို ကျဉ်းမြောင်းသွား စေခဲ့တယ်။ ဝူယွဲ့ရဲ့ အစားထိုး တံဆိပ်တော်က သေချာပေါက် တစ်ကြိမ်ပဲ သုံးနိုင်တယ်ဆိုတာ မဟုတ်မှန်း သေချာသိပေမဲ့ တကယ်တမ်းမှာ သူက လင်းဟန်ဆီက တိုက်ခိုက်မှု တစ်ခုတည်းနဲ့ အသတ်ခံ လိုက်ရပါတယ်။

ဒီကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအင်က အစားထိုး တံဆိပ်တော်ကိုတောင် အစွမ်းမပြနိုင်တဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားတာများလား။

ဒါက ကြောက်စရာကောင်းတယ်။ ဆိုလိုတာက လင်းဟန်နဲ့ အနာဂတ်မှာ ရင်ဆိုင်ရတဲ့ အချိန်ကျရင် သူတို့မှာ အစကနေ ပြန်စဖို့ အခွင့်အလမ်း မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။

“လင်းဟန် မင်း တကယ် မသေသေးဘူးပဲ”

တင်းရှူနဲ့ တခြားသူတွေ အားလုံးက သူတို့ရဲ့ ခေါင်းတွေကို ခါလိုက်တယ်။ သူတို့က စိတ်သက်သာရာ ရသွားပြီး မချိတင်ကဲလည်း ခံစားရတယ်။ သူတော်စင်တွေတောင် သူ့ကို သတ်ပစ်နိုင်စွမ်း မရှိဘူး။ ဒီကောင်က တကယ်ပဲ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။

“လင်းဟန်”

ချီမန်ဟန်က ပြေးလာတယ်။ စောစောတုန်းက လင်းဟန် တိုက်ခိုက်နေတဲ့ အချိန်မှာ သူမက သူ့ကို အနှောင့်အယှက် မပေးရဲပါဘူး။ ဒါပေမဲ့ အခုတော့ သူမရဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ပျက်အားငယ်ခြင်းနဲ့ အံ့အားသင့်ခြင်းတွေ အားလုံးက ရုတ်တရက် ပေါက်ကွဲလာတယ်။

လင်းဟန်က ပြုံးပြီးတော့ ချီမန်ဟန်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တယ်။ ဒါက သူနဲ့ ချီမန်ဟန်ရဲ့ ဆက်ဆံရေးကို လူပုံအလယ်မှာ ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်း ဖြစ်ပါတယ်။

တကယ်လို့ သူ ဘာတွေးနေလဲဆိုတာကို တစ်ယောက်ယောက်က ခန့်မှန်းမိမယ်ဆိုရင် သူတို့က သေချာပေါက် ဒေါသတကြီးနဲ့ ရူးသွားလိမ့်မယ်။

ဒါက အင်ပါယာသမီးတော် တစ်ယောက် ဖြစ်ပြီးတော့ ရွှေရောင်မျိုးဆက်နဲ့ ယှဉ်နိုင်စွမ်း ရှိသူ ဖြစ်တယ်။ သူမရဲ့ ချစ်ခြင်းမေတ္တာကို ရယူနိုင်စွမ်း ရှိတာက မင်းရဲ့ အတိတ် ရှစ်ဘဝလောက်က ကုသိုလ်ကောင်းမှုတွေ စုဆောင်းထားလို့ပဲ။ ဒါကိုတောင် မင်းက ဆင်ခြေတွေ ပေးနေရဲသေးတာလား။

ဟူး။ သူတို့တွေက လူပုံအလယ်မှာ ချစ်သူရည်းစား အတွဲရဲ့ ချစ်ရည်လူးတာကို ကြည့်ရမှာလား။

အင်ပါယာသားတော်တွေ၊ တာအိုသားတော်တွေနဲ့ တခြားလူတွေ အားလုံးက လင်းဟန်ကို ခုတ်ပိုင်းပစ်ချင် လာကြတယ်။ ထိပ်တန်း အလှပဂေး တစ်ယောက်ကို လင်းဟန်က ခူးဆွတ် ရယူသွားပြီ။ ဒါက အရမ်းကို စက်ဆုပ်ရွံရှာစရာ ကောင်းလွန်းပါတယ်။

ဟမ်။

လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လက်ခနဲ ပေါ်လာပြီး နတ်ဘုရား အာရုံကနေ တစ်ဆင့် အစ်ကိုမျောက်ကို ပြောလိုက်တယ်။

“သူတော်စင် တစ်ပါး ရောက်လာတော့မယ်။ အစ်ကိုမျောက် ကျနော်တို့ နောက်ဆုတ်သင့်ပြီ”

Chapter 4516 end

All Chapters