← Chapters

အခန်း ၄၅၁၇

Vol. 225 Ch. 4517

အခန်း ၄၅၁၇

Vol. 225 Ch. 4517

အပိုင်း (၄၅၁၇) သူတော်စင် တစ်ပါးကို အနည်းငယ် နောက်ကောက်ချထားခြင်း

အစ်ကိုမျောက်က ခေါင်းညိတ်လိုက်ပြီး သူ့သံတုတ်ကို တစ်ချက်ဝှေ့ယမ်းပြီး အင်ပါယာသားတော် နှစ်ယောက်ကို နောက်ကို ဆုတ်သွားစေခဲ့တယ်။ အဲဒီနောက် သူက ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးကာ လင်းဟန်ရဲ့ ဘေးနားကို လျင်မြန်စွာ ဆင်းသက်လာတယ်။

သူက လေဟာနယ်ကို စုတ်ဖြဲပြီးတော့ လင်းဟန်နဲ့အတူ ချက်ချင်း ထွက်လာပါတယ်။

လေဟာနယ်ထဲကို မဝင်ခင် လင်းဟန်က ချီမန်ဟန်ကို ပြုံးပြလိုက်တယ်။ သူတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ တုန်လင်း အင်ပါယာ ကလန်မှာ ငါ့ကို စောင့်နေပါ။

ချီမန်ဟန်ကလည်း ခေါင်းညိတ်လိုက်ပြီး သူမရဲ့ အကြည့်တွေက ပြတ်သားလို့ နေပါတယ်။

ချက်ချင်းပဲ လင်းဟန်နဲ့ အစ်ကိုမျောက်က ပျောက်ကွယ်သွားပြီး သူတော်စင် အစွမ်းတစ်ခု ပျံ့နှံ့လာတယ်။ လေဟာနယ်က စုတ်ပြဲသွားကာ ဝတ်စုံစိမ်းနဲ့ အဘိုးကြီး တစ်ဦး လမ်းလျှောက် ထွက်ပေါ်လာခဲ့တယ်။

ကျိေ၀ အင်ပါယာကလန်ရဲ့ နတ်ဘုရားအရည်စက် သူတော်စင်။

သူက ခဏလောက် အာရုံခံကြည့်လိုက်ပြီး သူ့ကို ဘယ်သူကမှ သတိပေးစရာ မလိုခဲ့ပါဘူး။ ချက်ချင်းပဲ သူက လက်တစ်ဖက်ကို အစ်ကိုမျောက်နဲ့ လင်းဟန်တို့ လေဟာနယ်ကို စုတ်ဖြဲသွားတဲ့ နေရာဆီကို ဆန့်ထုတ်လိုက်တယ်။

“ထွက်ပြေးချင်တာလား”

ဝုန်း။ သူ့ဧရာမ လက်ကြီးက လေဟာနယ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပြီး စကြဝဠာထဲကို တန်းရောက်သွားခဲ့တယ်။

ဒါပေမဲ့လည်း ခဏအကြာမှာ သူက မျက်မှောင်ကြုတ်ကာ ဧရာမလက်ကြီးကို ပြန်ရုပ်သိမ်း လိုက်ပါတယ်။ လက်ရဲ့ တစ်ဝက်လောက်က ပျောက်သွားတာကို မြင်ရပါမယ်။

သောက်ကျိုးနည်း။

လူတိုင်းက ဒါကိုမြင်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ နှလုံးသားတွေ တုန်လှုပ်သွားခဲ့တယ်။

သူတော်စင်ရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ကာကွယ်သွားခဲ့တာလား။

နတ်ဘုရားအရည်စက် သူတော်စင်က သူ့ကိုယ်ပွားကို ပြန်ရုပ်သိမ်းလိုက်တော့ သူ့ဘယ်လက်မှာ သွေးစသွေးန တစ်ခုကို တွေ့မြင်ရတယ်။

ဒါက လူတိုင်းကို ပိုပြီးတော့တောင် စိုးရိမ်ပူပန် သွားစေခဲ့ပါတယ်။ သူတော်စင်က တကယ်ပဲ ဒဏ်ရာ ရသွားခဲ့တယ်။

သောက်ကျိုးနည်း။ လင်းဟန်နဲ့ အစ်ကိုမျောက်က သူတော်စင်တွေကို ဒဏ်ရာရစေနိုင်တဲ့ အစွမ်း ရှိနေပြီပေါ့။ ဒါက ဒဏ်ရာသေးသေးလေး ဆိုရင်တောင် ပေါ့သေးသေး မဟုတ်ပါဘူး။

သူတို့ကို တကယ်ပဲ လျော့တွက်လို့ မရနိုင်ဘူး။ အစ်ကိုမျောက်က ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင်နေပါစေ သူက တကယ်တော့ ကြယ်သုံးပွင့် ကြီးမြတ်သော အရှင်သခင် တစ်ယောက်ပဲ ရှိပါသေးတယ်။ သူက သူတော်စင် အဆင့်နဲ့ မိုင်ပေါင်း သန်းနဲ့ချီအောင် ဝေးကွာလွန်း သေးတာကြောင့် ဘယ်လိုလုပ် သူတော်စင် တစ်ပါးကို ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ။

ဒါက တကယ့်ကို အိပ်မက်တစ်ခုပဲ။

လင်းဟန်က သူတို့ကို သူတော်စင် လိုက်မီလာမယ် ဆိုတာကို သိထားတာကြောင့် သူက ကြိုပြီးတော့ စွမ်းအင်ကျောက်စိမ်းတုံး သုံးတုံးကို ချန်ထားခဲ့တာပါ။ ဒါကြောင့် နတ်ဘုရား အရည်စက် သူတော်စင်က သူတို့နောက်ကို လိုက်လာခဲ့ချိန်မှာ သူက ချက်ချင်းပဲ ကျောက်စိမ်းတုံး သုံးတုံးကို ဖောက်ခွဲပစ်လိုက်ပြီး စကြဝဠာထဲမှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပေါက်ကွဲမှု တစ်ခုကို ဖြစ်စေခဲ့တယ်။

တကယ်လို့ ဒီလူတွေက လင်းဟန်ဆီမှာ စွမ်းအင်ကျောက်စိမ်းတုံး တစ်တုံးကို ပေါက်ကွဲခြင်းက ဂြိုလ်ကြိးတစ်လုံး ပေါက်ကွဲခြင်းနဲ့ ညီမျှတယ်တဲ့ ပေါက်ကွဲခြင်းမျိုး ရှိတယ်ဆိုတာကို သိခဲ့မယ်ဆိုရင် ဒီလိုမျိုး ထူးဆန်းတဲ့ ပစ္စည်းတစ်ခု သူတို့မှာ ရှိဖို့ကို စဉ်းစားမိပါလိမ့်မယ်။

ဒီပေါက်ကွဲခြင်းက ဂြိုလ်ကြီး သုံးလုံး ပေါက်ကွဲတာနဲ့ အတူတူ ဖြစ်ပြီးတော့ တစ်နေရာတည်းမှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။ သူတော်စင်တွေတောင် ဒီအတွက် မျက်မှောင်ကြုတ် သွားခဲ့ ရပါတယ်။

သေချာတာပေါ့။ ဒါက နတ်ဘုရားအရည်စက် သူတော်စင်ကို ကြိုတင်တားဆီး လိုက်တာပါပဲ။

“ဘာ လင်းဟန်က တကယ် မသေသေးဘူးလား”

နတ်ဘုရားအရည်စက် သူတော်စင်ရဲ့ အမူအရာက ချက်ချင်းပဲ မယုံနိုင်အောင် အေးစက်လာတယ်။ သူက ပိုင်လိချွမ်၊ ပိုင်လိယန်နဲ့ သူ့ကလန်က အသတ်ခံလိုက်ရတဲ့ တခြားသူတွေကို ပြန်စဉ်းစားမိ သွားခဲ့တယ်။

သူတို့အထဲမှာ အစ်ကိုမျောက်ရဲ့ ပုံစံလည်း ပါဝင်နေတာကြောင့် ကျန်တဲ့ လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းအရှင်သခင်က လင်းဟန်ပဲ ဖြစ်ရမယ်။

သေစမ်း သေစမ်းကွာ။

နတ်ဘုရားအရည်စက် သူတော်စင်က ဒေါသချောင်းချောင်း ထွက်သွားတယ်။ ဒါပေမဲ့လည်း သူက ဘာများတတ်နိုင်မှာလဲ။ အစ်ကိုမျောက်နဲ့ လင်းဟန်က အဝေးကြီးဆီကို ပျောက်ကွယ်သွား ခဲ့ပါပြီ။ သူက သူတော်စင် တစ်ယောက် ဖြစ်နေရင်တောင် အနန္တ တန်ခိုးရှင် တစ်ယောက် မဟုတ်ပါဘူး။

နောက်ပြီး လင်းဟန်ရဲ့ သေဆုံးခြင်းကို သူတော်စင်တွေ အတည်ပြုထားပြီး တစ်ယောက်တည်းက အတည်ပြုထားခဲ့တာ မဟုတ်ဘူး။

ဒီတစ်ကြိမ်တော့ သူတော်စင်တွေတောင် ကြီးမားတဲ့ အရှက်ကွဲခြင်းနဲ့ ကြုံတွေ့နေရပြီ။ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။

ဒါပေမဲ့လည်း တချိန်တည်းမှာ သူက ဒါဟာ မယုံနိုင်စရာကောင်းတယ် ဆိုတာကို သတိထားမိ ခဲ့ပါတယ်။ အဲဒီအချိန်က သူလည်း ရှိနေပြီး မီးသူတော်စင်က လင်းဟန်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ လင်းဟန်က သေချာပေါက် လေဟာနယ်ကို စုတ်ဖြဲပြီး ထွက်ပြေးသွားခဲ့ခြင်း မရှိဘူးဆိုတာ သေချာတယ်။

သူတော်စင် တစ်ပါးရဲ့ တိုက်ခိုက်မှုကနေ သူက ဘယ်လိုလုပ် အသက်ရှင်သန်နိုင် ရတာလဲ။

နတ်ဘုရားအရည်စက် သူတော်စင်က သူ့ဦးနှောက်ကို သုံးကာ စဉ်းစားပေမဲ့ ဘာကြောင့်လဲ ဆိုတာကို အဖြေမဖော်ထုတ် နိုင်ခဲ့ဘူး။

လင်းဟန်နဲ့ အစ်ကိုမျောက်က စကြဝဠာကို အဆက်မပြတ် ဖြတ်ကာ ခရီးဆက်လာတယ်။ ဂိုဏ်းအရှင်သခင် အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာ လင်းဟန်ရဲ့ စကြဝဠာ ဖိအားအပေါ် ခံနိုင်ကလည်း အဆပေါင်းများစွာ သန်မာလာခဲ့တယ်။ တကယ်လို့ သူက လအနည်းငယ် အဆက်မပြတ် ခရီးသွားမယ် ဆိုရင်တောင် မကြောက်ပါဘူး။

သိပ်မကြာခင် သူတို့က ယာယီစခန်းချတဲ့ နေရာကို ပြန်ရောက်လာခဲ့တယ်။

ဧကရီ ဘုရင်မနဲ့ တခြားသူတွေ အားလုံးက သူ့အနားကို ကပ်လာကြတယ်။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ တစ်နှစ်နီးနီး ရှိနေပါပြီ။

လင်းဟန်က အသာလေး ပြုံးလိုက်တယ်။ သူက ဒီတစ်ကြိမ်တော့ အကျိုးအမြတ် အများအပြား ရရှိခဲ့ပြီး သူ ရလာတဲ့ နတ်ဘုရားချီ ပမာဏကလည်း အံ့အားသင့်စရာပါပဲ။

ဒါက အင်ပါယာကလန်တွေ အားလုံးရဲ့ ပူးပေါင်းအားထုတ်မှု ဖြစ်ပြီးတော့ စကြဝဠာ တစ်ခုလုံးက အရင်းအမြစ်တွေကို စုစည်းထားတာကြောင့် အံ့ဖွယ်ကောင်းနေတာပေါ့။

လင်းဟန်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပြီး တချိန်တည်းမှာ သူက အနည်းငယ်လည်း စိတ်ပျက် သွားခဲ့တယ်။

သူ့အကြောင်းက မြန်မြန်ဆန်ဆန်နဲ့ ပေါ်သွားခဲ့ပြီ။

မင်းကြည့်လေ သူက သေပြီဆိုပြီးတော့ ကောင်းကောင်း ဟန်ဆောင်နေပေမဲ့ သူ့ရဲ့ ပထမဆုံး လူရှေ့ထွက်တဲ့ အချိန်မှာ သူ ရုပ်ဖျက်ထားတာ ပေါ်သွားတယ်။ ဒါက မယုံနိုင်စရာပဲ။

သူက တကယ်ပဲ ဟန်ဆောင်တဲ့ နေရာမှာ အားနည်းနေတာလား။

လင်းဟန်က သူ့လုပ်ရပ်တွေကို ပြန်စဉ်းစားပြီးတော့ သူ့ခေါင်းကိုခါပြီး သက်ပြင်းချလိုက်တယ်။

သူက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခေါင်းထဲ မထည့်တော့ဘူး။ သူ့မှာ နတ်ဘုရားချီတွေ အများကြီး ရလာတယ်ဆိုတော့ သူ့ကျင့်ကြံခြင်းအဆင့်ကို အရူးအမူး တိုးလာအောင်လုပ်ဖို့ အားသာချက် ရလာပြီ။

လင်းဟန်က မှော်ဆေးလုံးတွေကို အဆက်မပြတ် ဖော်စပ်ပြီး နတ်ဘုရားချီတွေကို နောက်တစ်ကြိမ် အဆင့်တိုးမြင့်လိုက်ပါတယ်။

ဒါက သူ့ကို နှစ်နှစ်နဲ့ ခုနစ်လတိတိ အချိန်ယူခဲ့ရပေမဲ့ သူက မှော်ဆေးပညာမှာ အချိန်ပေးခြင်း အတွက်ကလည်း သူ့ရဲ့ အကျိုးအမြတ်တွေ ပိုမိုကြီးမားလာတဲ့ အဓိပ္ပါယ်ပါပဲ။

အဲဒီနောက် သူနဲ့ အစ်ကိုမျောက်တို့က မှော်ဆေးလုံးတွေကို သုံးပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို တိုးမြင့်လိုက်တယ်။

ကြယ်လေးပွင့်၊ ကြယ်ငါးပွင့်၊ ကြယ်ခြောက်ပွင့်။

လင်းဟန်က တစ်ချက်တည်းနဲ့ အဆင့်သေး သုံးဆင့် တိုးလာပြီး သူ့ကိုတောင် အံ့ကြိတ်မိ သွားစေခဲ့တယ်။ ဒီလိုမျိုး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ရုတ်တရက် တိုးလာတာက ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူး။ သူက အခြေခံအုတ်မြစ် အားနည်းမှာကို သတိထားရမယ်။ မဟုတ်ရင် သူ့ကျင့်ကြံခြင်း အဆင့်ကို မထိန်းနိုင်တဲ့ အချိန်တစ်ခုကို ရောက်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်။

ဒါကြောင့် ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင် အဆင့်ကို ရောက်သွားတဲ့ အချိန်မှာ မစားရသေးတဲ့ ဧကရာဇ်ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံးတချို့ ကျန်သေးပေမဲ့ လင်းဟန်ကတော့ အချိန်ယူဖို့ စိတ်ကူးထားပါတယ်။ အရင်ဆုံး သူ့ကျင့်ကြံခြင်း အဆင့်ကို ခိုင်မာအောင် လုပ်ရပါမယ်။

တစ်ဖက်မှာ အစ်ကိုမျောက်ရဲ့ တိုးတက်မှုက အနည်းငယ် နှေးပါတယ်။ သူက ကြယ်လေးပွင့် ကြီးမြတ်သော အရှင်သခင်အဆင့်ကို အဆင့်တက် လာခဲ့တယ်။

အရင် သူပြန်ရောက်လာတဲ့ အချိန်မှာ ပြဿနာကောင် သုံးကောင်ကို မတွေ့ရပေမဲ့ သူက စိတ်ထဲ မထည့်ထားပါဘူး။ အခု သူက မှော်ဆေးလုံးတွေ ဖော်စပ်ပြီး တံခါးပိတ် ကျင့်ကြံအားထုတ်တာ သုံးနှစ်နီးပါး ရှိနေပြီး ဒီသုံးကောင်ရဲ့ အရိပ်အယောင်ကို မမြင်ရသေးတာက သူ့ကို အနည်းငယ် သိချင်စိတ်နဲ့ စိုးရိမ်မှု နှစ်ခု ဖြစ်လာခဲ့တယ်။

ဒါတော့ မတတ်နိုင်ဘူး။ ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေ အဆင့်တစ်ဆင့်တက်ဖို့ အရင်းအမြစ် ပိုမိုလိုအပ် လာပါတယ်။ နောက်တစ်ဆင့် အဆင့်တက်ဖို့က အရမ်းကို ခက်ခဲပြီးတော့ အဲဒါကြောင့် လင်းဟန်က အစ်ကိုမျောက်အတွက် အရင်းအမြစ်တွေ ပိုမိုသုံးစွဲခဲ့တယ်။

“ခွေးနက်ကြီးနဲ့ ဟိုကောင်တွေ ဘယ်ရောက်နေလဲ”

လင်းဟန်က တံခါးပိတ် ကျင့်ကြံအားထုတ်ရာကနေ ထွက်လာပြီးတော့ ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ကို မမြင်တဲ့အတွက် မေးလိုက်တယ်။

“နင် ရဲ့ဟီဂြိုလ်ကို သွားပြီး သိပ်မကြာခင် သူတို့ သုံးယောက်လည်း ထွက်သွားကြတယ်။ သူတို့လည်း လေလံပွဲကို သွားမယ်လို့ ပြောသွားပြီး အဲဒီနောက်ပိုင်း သူတို့ဆီက ဘာသတင်းမှ မရတော့ဘူး”

ဧကရီ ဘုရင်မက ပြောလိုက်တယ်။

ဟင်။

လင်းဟန်က ဒါကို ကြားလိုက်တော့ လန့်သွားတယ်။ ဒီငတုံး သုံးကောင်ကလည်း ရဲ့ဟီဂြိုလ်ကို သွားတာလား။ ဒါပေမဲ့ သူက သူတို့ကို မမြင်မိပါဘူး။

နောက်ပြီး လေလံပွဲပြီးတာ ကြာပါပြီ။ သုံးနှစ်တောင် ရှိပြီဆိုတော့ သူတို့တွေ ဘယ်လောက်ပဲ နှေးနှေး အခုလောက်ဆို သူတို့တွေ ပြန်ရောက်သင့်ပြီ။

တစ်ခုခုများ ဖြစ်နေကြတာလား။

ဒါပေမဲ့လည်း စကြဝဠာကြီးက ကျယ်ပြောလွန်းတာကြောင့် ဒီသုံးကောင်ကို ဘယ်မှာ သွားရှာရမလဲ။

လင်းဟန်က စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ ဒီသုံးကောင် နောက်ထပ် တစ်နှစ် အတွင်းမှာ ပြန်မရောက်လာဘူးဆိုရင် သူက ရဲ့ဟီဂြိုလ်ကို နောက်တစ်ကြိမ် ခရီးထွက် ရမယ်။

သူက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းကြောင်းကို ဆက်ပြီးတော့ ဆင်ခြင်နေပြီး သူ့ကျင့်ကြံခြင်း အဆင့် တိုးလာရင်းနဲ့ နောက်ထပ် ခြေလှမ်းတွေ ထပ်လျှောက်လာခဲ့တယ်။

အစ်ကိုမျောက်ရဲ့ တိုးတက်မှုကလည်း အရမ်းကို သိသာပါတယ်။ သူက အောင်အောင်မြင်မြင်နဲ့ သူ့ကိုယ်ပိုင် လမ်းကြောင်းကို ဖန်တီးခဲ့တယ်။

တိုက်ပွဲ သူတော်စင် ဧကရာဇ်ရဲ့ မျိုးဆက်အနေနဲ့ တာအိုကို တိုက်ပွဲကနေ တစ်ဆင့် အောင်မြင် ရရှိခဲ့တယ်။ အစ်ကိုမျောက်ကလည်း အရမ်းကို ဉာဏ်ကောင်းသူ ဖြစ်တာကြောင့် သူ့အတွက် သူ့ကိုယ်ပိုင် လမ်းကြောင်းလျှောက်ဖို့ ဆိုတာက အရမ်းကို လွယ်ပါတယ်။

ဒါပေမဲ့လည်း အစ်ကိုမျောက်က အခုမှ အနည်းငယ် ထိတွေ့နိုင်ရုံပဲ ရှိသေးတာကြောင့် သူက တံခါးပိတ် ကျင့်ကြံအားထုတ်မှုကို စတင်လိုက်တယ်။ သူက ဒီခြေလှမ်းကို ခိုင်မြဲအောင် လုပ်ရပါမယ်။ မဟုတ်ရင် သူ့ကျင့်ကြံခြင်းရဲ့ လမ်းကြောင်းက ပြိုလဲပျက်စီး သွားနိုင်တယ်။

တစ်နှစ်ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က သူ့ကျင့်ကြံခြင်း အဆင့်ကို အနည်းနဲ့အများ ဆိုသလို ခိုင်မာစေခဲ့တယ်။ သူက လက်ကျန် ဧကရာဇ် ကိုးပါး သစ်ရွက်ဆယ်ရွက် ဆေးလုံး အနည်းငယ်ကို သုံးလိုက်ပေမဲ့ ပမာဏ အရမ်းကို နည်းလွန်းတာကြောင့် နောက်တစ်ဆင့် တက်အောင် သူ့ကို ကူညီမပေးနိုင်ပါဘူး။

သူ့ခန္ဓာကိုယ် အတွင်းမှာ မရေမတွက်နိုင်တဲ့ ဒိုင်မန်းရှင်းတွေက နတ်ဘုရားချီရဲ့ အားဖြည့်ပေးခြင်း ခံရပြီးတော့ မယုံနိုင်အောင် အစွမ်းထက်ကာ အသက်အားတွေ ပြည့်ဝလာခဲ့တယ်။ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို ခြေချနိုင်တဲ့ သက်ရှိတွေကလည်း ဆယ်ဆလောက် ပိုမိုများပြားလာပြီး နတ်ဘုရားဘုရင်လို လက်ရွေးစင်တွေလည်း အဆပေါင်းများစွာ တိုးလာခဲ့တယ်။

ဒါပေမဲ့လည်း ကောင်းကင်ဘုံ အရှင်သခင် အဆင့်ကတော့ အတားအဆီး တစ်ခု ဖြစ်ပြီးတော့ ဖြတ်ကျော်နိုင်တဲ့ အရေအတွက်က အရမ်းကို ရှားပါပြီး မပြောင်းလဲသေးပါဘူး။

လင်းဟန်က သူ့ခေါင်းကို ခါလိုက်ပြီး ခွေးနက်ကြီးတို့ သုံးကောင်ကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နှစ် ကုန်သွားပြီး သတင်းအစအနတောင် မရသေးပါဘူး။

လင်းဟန်က ထွက်လာခဲ့တယ်။ ဒီတစ်ကြိမ် သူတစ်ယောက်တည်း ခရီးထွက်လာတာကြောင့် သူ့အမြန်နှုန်းက အနည်းငယ် နှေးပါတယ်။ ဒါပေမဲ့လည်း သူက တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါကို အဆက်မပြတ် အသုံးပြုနိုင်တာကြောင့် သူ့အမြန်နှုန်းက အံ့မခန်း လျင်မြန်လို့ နေပါသေးတယ်။

သူက ရဲ့ဟီဂြိုလ်ပေါ်ကို ရောက်လာခဲ့တယ်။ အကြိမ်အနည်းငယ် လှည့်ပတ်သွားလာပြီးတဲ့ နောက်အထိ သူက ခွေးနက်ကြီးတို့ သုံးကောင်ရဲ့ သဲလွန်စ နည်းနည်းမှ ရှာမတွေ့သေးပါဘူး။

ဘာမှမတတ်နိုင်ဘူး။ သူက ပြန်ရုံပဲ ရှိတော့တယ်။

ဒါပေမဲ့ သူ ပြန်ဖို့ ပြင်တုန်းမှာပဲ ခွေးနက်ကြီးတို့ သုံးယောက်ဆီက အကူအညီတောင်းဆိုတဲ့ သတင်းကို လက်ခံရရှိပါတယ်။

Chapter 4517 end

All Chapters