← Chapters

အခန်း ၄၅၁၈

Vol. 225 Ch. 4518

အခန်း ၄၅၁၈

Vol. 225 Ch. 4518

အပိုင်း (၄၅၁၈) အကူအညီ တောင်းခံခြင်း

ခွေးနက်ကြီးတို့က စကြဝဠာ ကွန်ယက်ကနေ တစ်ဆင့် ဆက်သွယ်လာပေမဲ့ သူတို့ဆက်သွယ်တဲ့ လူက လင်းဟန်ကို မဟုတ်ပါဘူး။ လင်းဟန်က စကြဝဠာ ကွန်ယက် အသုံးပြုခြင်းကို ရပ်လိုက်တာ ကြာပါပြီ။ သူတို့ ဆက်သွယ်တာက ကျိဝူမင်ကို ဖြစ်ပါတယ်။

အရင်တုန်းက လင်းဟန်ဟာ နတ်ဘုရားပင်လယ်ဂြိုလ်ပေါ်ကို ပြန်ရောက်တဲ့ အချိန်မှာ လူတချို့ကို စကြဝဠာ ကွန်ယက် ကိရိယာတွေ ပေးခဲ့တယ်။ ခွေးနက်ကြီးနဲ့ တခြားသူတွေလည်း အဲဒီလူတွေရဲ့ အကောင့်တွေနဲ့ မိတ်ဆွေဖွဲ့ထားပြီး အရေးပေါ် ကိစ္စတွေအတွက် ဆက်သွယ်နိုင်ပါတယ်။

အခု အဲဒါက အသုံးဝင်လာပါပြီ။

လင်းဟန်က ခွေးနက်ကြီးနဲ့ တခြားသူတွေ ချန်ထားတဲ့ သတင်းကို စစ်ဆေးကြည့်လိုက်တယ်။ ဒါက စကားသံ ပို့ဆောင်တာ ဖြစ်ပြီးတော့ အဲဒီနေရာက အချက်ပြစနစ်ဟာ သိပ်ပြီး မကောင်းဘူး ဆိုတာကို ပြသနေပါတယ်။

“လင်းဟန် ငါတို့ ပိတ်မိနေ ဝံပုလွေအုပ် တစ်ခုထဲ”

အသံက မှင်းပေမဲ့ ကံကောင်းထောက်မစွာနဲ့ စကြဝဠာ ကိုသြဒိနိတ် အမှတ်အသားကို မှတ်သားထား နိုင်ပါသေးတယ်။

ဒါက သတင်းစကား တစ်ခုပဲ ဖြစ်တယ်။

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ ခွေးနက်ကြီးတို့ကို ဝံပုလွေ တစ်အုပ်က ဝိုင်းထားတာလား။

သုံးနှစ် လေးနှစ်တောင် ဝိုင်းထားတာလား။

သူက တုံ့ဆိုင်းခြင်း မရှိပဲ စကြဝဠာ ကိုသြဒိနိတ် အမှတ်အတိုင်း ခရီးထွက်လာခဲ့တယ်။

နှစ်လလောက် အချိန်ယူပြီးတဲ့ နောက်မှာတော့ သူက အဲဒီအမှတ်အသားတွေနဲ့ နီးကပ် လာခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက ရှေ့ဆက်သွားလို့ မရနိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီဂြိုလ်ဆီကို တည်နေရာ ရွှေ့ပြောင်းခြင်းက တားမြစ်ထားပါတယ်။

ဘာကြောင့်လဲ။

လင်းဟန်က အကြောင်းရင်းကို မေးကြည့်လိုက်တဲ့ အခါမှာ လွန်ခဲ့တဲ့ လေးနှစ်က အဲဒီဂြိုလ်ကို တည်နေရာ ရွှေ့ပြောင်းသွားတဲ့ လူတိုင်း ပျောက်ကွယ်သွားတယ် ဆိုတာကို သိလိုက်ရတယ်။

တကယ်လို့ သူတို့ အသက်ရှင်နေသေးရင် သူတို့ရဲ့ အရိပ်အယောင် မမြင်ပါဘူး။ တကယ်လို့ သူတို့ သေပြီဆိုရင်လည်း သူတို့ရဲ့ အလောင်းတွေကို မမြင်ရသေးဘူး။

အဲဒါကြောင့် အဲဒီဂြိုလ်ဆီကို တည်နေရာ ရွှေ့ပြောင်းခြင်းက လုံးဝကို ပိတ်ပင်ထားပါတယ်။

ဟင်။ ခွေးနက်ကြီးနဲ့ တခြားသူတွေက ဒီနေရာကို တည်နေရာ ရွှေ့ပြောင်းလာပြီးတဲ့ နောက်မှာ သူတို့က ဘာနဲ့ ရင်ဆိုင်ရပြီး ရုတ်တရက် ပျောက်သွားတာလဲ။

ဒါပေမဲ့လည်း သူ့အရှေ့က အေးခဲပိတ်ဆို့ဂြိုလ်ဟာ ဘယ်သူမှ ခြေချလို့ မရနိုင်တဲ့ ဂြိုလ်သေ တစ်ခု မဟုတ်ပါဘူး။ တကယ်တမ်းတော့ အဲဒီမှာ လုံးဝကို တည်ငြိမ်နေတာပါ။ တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးလို့ မရနိုင်ဘူးဆိုရင်တော့ သေချာပေါက် တစ်ခုခု ဖြစ်နေတာပဲ။

ဒီမတိုင်ခင် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်က စမ်းသပ် ကြည့်ဖူးတယ်။ သူတို့က အေးခဲပိတ်ဆို့ဂြိုလ်ကို ရောက်အောင် စကြဝဠာ လေဟာနယ်ကို စုတ်ဖြဲဖို့ ကြိုးစားကြည့်ပေမဲ့ အဆုံးသတ် ရလဒ်က ဘာဖြစ်သွားလဲ။

သူက ချက်ချင်းပဲ စကြဝဠာထဲကို ထွက်ပြေးလာပြီး စကြဝဠာထဲမှာ ဘာမှန်းမသိတဲ့ စွမ်းအားတစ်ခု ရှိတယ်လို့ ပြောပါတယ်။ သူက ရှေ့ဆက် မတိုးရဲတော့ပဲ ကြီးကြီးမားမား တစ်ခုခု ဖြစ်မှာကို ကြောက်နေတယ်။

အချိန်တွေ ကုန်လာတာနဲ့အမျှ အေးခဲပိတ်ဆို့ဂြိုလ်ဟာ နာမည်ပိုပိုပြီးတော့ ကြီးလာတယ်။ အခုဆို အင်အားစု တော်တော်များများက စူးစမ်းလေ့လာဖို့ ရောက်လာကြပြီး အကြောင်းရင်းကို ဖော်ထုတ်ချင် နေကြတယ်။

လင်းဟန်က တည်နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါကို မသုံးခဲ့ဘူး။ အဲဒီအစား သူက ပျံသန်းပြီး အေးခဲပိတ်ဆို့ဂြိုလ်ဆီကို ဦးတည်လာခဲ့တယ်။

ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးပြီးတော့ သူက ကြယ်တာရာတွေထဲက စည်းမျဉ်းဥပဒေ စွမ်းအား ကြိုးမျှင်တွေပေါ် ခြေချကာ သူ့အမြန်နှုန်းက ထူးထူးကဲကဲ လျင်မြန်လို့ နေပါတယ်။

ခုနစ်ရက် ကြာပြီးတဲ့ နောက်မှာတော့ သူက အေးခဲပိတ်ဆို့ခြင်းဂြိုလ်ပေါ်ကို ရောက်လာခဲ့တယ်။

အာကာသထဲကနေ ငုံ့ကြည့်လိုက်တော့ ဒီဂြိုလ်က လုံးဝကို အဖြူရောင် ဖြစ်ပြီးတော့ အဖြူရောင် နှင်းအလွှာ တစ်ခု ဖုံးအုပ်ထားသလိုဖြစ်နေတာကြောင့် အေးခဲပိတ်ဆို့ဂြိုလ်လို့ ခေါ်တာ ဖြစ်မယ်။ ဒါပေမဲ့လည်း အေးခဲပိတ်ဆို့ဂြိုလ်ဟာ တကယ်တော့ မအေးပါဘူး။ ကုန်းမြေအများစုဟာ အဖြူရောင် သဲတွေ ဖုံးလွှမ်းနေတာကြောင့် ဖြူတယ်လို့ မြင်နေရတာ ဖြစ်ပါတယ်။

လင်းဟန်က ဆင်းသက်လာပြီး သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်တယ်။ သူက ချက်ချင်းပဲ လေဟာနယ် ဆုံမှတ်တွေနဲ့ ချိတ်ဆက်မှု စတင်လိုက်ပါတယ်။

သူ့နတ်ဘုရားအာရုံရဲ့ ခွန်အားက နောက်တစ်ကြိမ် တိုးလာခဲ့ပြီး ပြီးပြည့်စုံခြင်း အခြေအနေ တစ်ခုကို ရောက်လာခဲ့တယ်။ လေဟာနယ် ဆုံမှတ်တွေနဲ့ ချိတ်ဆက်ရတာက သူ့အတွက်တော့ အရမ်းကို လွယ်ကူလာပါတယ်။

ချက်ချင်းဆိုသလို အေးခဲပိတ်ဆို့ဂြိုလ်ရဲ့ လေဟာနယ် ဆုံမှတ်တွေက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်လာတယ်။

လင်းဟန်က ဒီဂြိုလ်ကို စူးစမ်းရှာဖွေကြည့်ခဲ့တယ်။ ဒီနေရာမှာ ဘာလက်ရွေးစင်တွေ ရှိပြီးတော့ သူတို့က ဘယ်အဆင့်မှာ ရှိလဲ။ သူ့စိတ်ထဲမှာ အချက်အလက် အမျိုးအစား အားလုံး ချက်ချင်း ပေါ်လာခဲ့တယ်။

ခဏအကြာ သူက ပဟေဠိဆန်တဲ့ အမူအရာ တစ်ခု ပေါ်လာခဲ့တယ်။

ဒီဂြိုလ်က တကယ်ပဲ အရမ်းကို ပုံမှန်ဖြစ်ပြီး အရမ်းလည်း သာမန်ပါပဲ။

သူက စုံစမ်းမေးမြန်းမှု တချို့ကို လုပ်လိုက်တော့ ဒီဂြိုလ်ရဲ့ ကျင့်ကြံခြင်း အဆင့် တစ်ခုလုံးက သိပ်မမြင့်မားပါဘူး။ အစွမ်းထက်ဆုံး လက်ရွေးစင်က စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ပဲ ရှိတယ်။ ဒါပေါ့။ ထူးဆန်းတဲ့အရာတစ်ခု ဖြစ်ပျက်သွားတာကြောင့် ဂိုဏ်းအရှင်သခင်တွေ ဒါမှမဟုတ် ကြီးမြတ်သော အရှင်သခင်တွေတောင် ရောက်လာပြီး အကြောင်းရင်းကို ရှာဖွေ ဖော်ထုတ်ချင် နေကြတယ်။

ဒါပေမဲ့လည်း သူက လေဟာနယ်ကို စုတ်ဖြဲပြီးတော့ မဖွင့်သရွေ့ ဒီနေရာမှာ အရာအားလုံးက ပုံမှန်လိုပဲ ရှိပါတယ်။ သမာရိုးကျ မဟုတ်တာ မရှိဘူး။

လင်းဟန်က တစ်လလောက် နေပြီးတော့ ဘာမှရှာမတွေ့ဘူး။

သူ ဘာလုပ်ရမလဲ။

သူက အရဲစွန့်ကြည့်ဖို့ ဆုံးဖြတ်ပြီး သူ့ကိုယ်သူ တည်နေရာ ရွှေ့ပြောင်းမှု လုပ်လိုက်တယ်။ ဒါဆိုရင် ခွေးနက်ကြီးတို့ ရှိတဲ့ဆီကို သူက တည်နေရာ ရွှေ့ပြောင်းပြီး ရောက်ရှိသွားမလား ဆိုတာကို သိချင်ပါတယ်။

ခွေးနက်ကြီးနဲ့ တခြားသူတွေက အချက်ပြတစ်ခု ပို့နိုင်တယ်ဆိုမှတော့ သူတို့ဟာ ယာယီအားဖြင့် အဆင်ပြေနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ တစ်ခု မဟုတ်လောက်ဘူး။

သူက ပြောတဲ့အတိုင်း လုပ်ရမယ်။

လင်းဟန်က လေဟာနယ်ကို စုတ်ဖြဲပြီး နည်းနည်းမှ တွန့်ဆုတ်ခြင်း မရှိပဲ ခြေချလာခဲ့တယ်။

ချက်ချင်းပဲ သူက အစွမ်းထက်တဲ့ ဆွဲငင်အား တစ်ခုကို ခံစားရပြီးတော့ သူ့ဆီကို ဘယ်ဘက်ကနေ ဆွဲငင်လာတယ်။

တကယ်လို့ သူက အခုချိန် ထွက်ပြေးမယ်ဆိုရင် လင်းဟန်က ထွက်ပြေးနိုင်ပေမဲ့ သူက ခွေးနက်ကြီးတို့ကို ရှာဖွေဖို့ လေဟာနယ်ထဲကို ဝင်လာခဲ့တာကြောင့် သူ့အတွက်တော့ ဆန့်ကျင်ဘက် အရပ်မျက်နှာကို သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သူက ဦးတည်ချက်အတိုင်း လိုက်လာခဲ့ပြီး ဒီစွမ်းအားက သူ့ကို လမ်းညွှန်ပြသပြီး လေဟာနယ်ထဲမှာ အရှိန်မြင့်တင်ကာ မြန်သထက် မြန်လာခဲ့တယ်။

ဒါက တကယ်ပဲ အရမ်းကို မြန်လွန်းပြီး လင်းဟန်တောင် သူ့ပတ်ဝန်းကျင်ကို သေချာ တွေ့မြင်နိုင်ခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့လည်း စွမ်းအင် စီးကြောင်းက ဖရိုဖရဲ ဖြစ်နေတာကလွဲရင် လေဟာနယ်ထဲမှာ ဘာမှမရှိပါဘူး။ သေချာမြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ဘာမှမကွာခြားပါဘူး။

သိပ်မကြာခင် လင်းဟန်က နောက်ထပ် စွမ်းအားတစ်ခု ပျံ့နှံပလာတာကို ခံစားရပြီး သူ့ကို ရုတ်တရက် လေဟာနယ်ထဲကနေ ပြုတ်ကျသွားစေခဲ့တယ်။

ဟင် ဒါက ဘယ်နေရာလဲ။

လင်းဟန်က အဝေးကို လှမ်းကြည့်လိုက်တယ်။ သူက လက်ရှိမှာ လေဟာနယ်ထဲ ရှိနေတယ်။ ဒါက အလုံပိတ် လေဟာနယ် တစ်ခု ဖြစ်ပုံပေါ်ပြီး သူက အဝေးမှာ ကြယ်တာရာတွေ နည်းနည်းမှ မတွေ့မြင်နိုင်ခဲ့ဘူး။

ဒါပေမဲ့လည်း ဒီနေရာက မှောင်မည်းနေခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဟင်းလင်းပြင် တစ်ခုမှာ ရပ်နေပြီး ဒီဟင်းလင်းပြင်က လက်ရှိမှာ အလင်းရောင် မှိန်မှိန်လေး တစ်ခုကို ထုတ်လွှတ် နေပါတယ်။

ထူးဆန်းတယ်။ ဘာဖြစ်လို့ ဟင်းလင်းပြင်က ဒီလိုမျိုး လေးလံပြီး အစိုအခဲ ပကတိ ခံစားချက် တစ်ခုကို ပေးနေပြီး မြေပြင်တစ်ခုလို ဖြစ်နေတာလဲ။

ဟင်းလင်းပြင်ပေါ်မှာ လေဟာနယ်ဆုံမှတ်တွေ မရှိနိုင်ပါဘူး။ လင်းဟန်က ခဏလောက် အာရုံခံကြည့်ပြီးတော့မှ သူ့ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်တယ်။

ဒါပေမဲ့လည်း တကယ်လို့ ဒီလိုဖြစ်နေရင်တောင် သူက အလွယ်တကူ ထွက်သွားနိုင်စွမ်း ရှိလောက်တယ်။

ခွေးနက်ကြီးတို့တွေက ဘာများဖြစ်လို့လဲ။

သူတို့က ဘာဖြစ်လို့ ပိတ်မိနေတာလဲ။

လင်းဟန်က အရှေ့ကို လှမ်းကြည့်လိုက်တယ်။ ဟင်းလင်းပြင်ထဲမှာ မြူခိုးတွေ ရှိနေပြီး အမြင်အာရုံနဲ့ နတ်ဘုရားအာရုံကို ပိတ်ဆို့ထားတာကြောင့် သူက အနီးနား တစ်ဝိုက်ကိုပဲ အာရုံခံနိုင်ပါတယ်။

သူက ခဏလောက် တုံ့ဆိုင်းပြီးတော့မှ ဟင်းလင်းပြင်ရဲ့ အတွင်းဘက်ဆီကို ဦးတည်လိုက်တယ်။

သူက ခွေးနက်ကြီးတို့ကို လာရှာတာ ဖြစ်ပြီးတော့ အခုချိန်ကျမှ ဘာဖြစ်လို့ လက်လျော့ရမှာလဲ။

သူက လျှောက်လာရင်းနဲ့ လင်းဟန်က မြူခိုးတွေထဲ နက်နက်ရှိုင်းရှိုင်း ဝင်လာခဲ့ပြီး ဘယ်အရပ် မျက်နှာက အရှေ့ ဘယ်အရပ်မျက်နှာက အနောက် ဘယ်အရပ်မျက်နှာက ဘယ် ညာ ဆိုတာကို ဝေခွဲရ ခက်စေတယ်။

လင်းဟန် အတွက်တောင် သူက မကြာခင်မှာ လမ်းပျောက်နေပြီ ဆိုတာကို ဝန်ခံလိုက်ရတယ်။

ဒါက အံ့အားသင့်စရာ ကောင်းလွန်းပါတယ်။ သူက ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပြီးတော့ တကယ်ပဲ လမ်းပျောက်နေတာလား။

လင်းဟန်က မိုးပေါ်ကို ပျံတက်ချင်ပေမဲ့ မီတာသုံးထောင်လောက် လေပေါ်ကို တက်ပြီးတဲ့ နောက်မှာ သူ့နောက်ကျောဘက်က လေးလံလာခဲ့တယ်။ သူက တကယ်ပဲ ပျံသန်းနိုင်စွမ်း မရှိဘူး။

“ဒီနေရာမှာ စည်းမျဉ်းဥပဒေ စွမ်းအား အများကြီး ပျောက်နေတယ်။ ဒါကြောင့် ငါ ပျံလို့ မရဘူး”

လင်းဟန်က တီးတိုးရေရွတ်လိုက်တယ်။

သူက ကြောက်စိတ်မွှန်ထူခြင်း မရှိပါဘူး။ အဲဒီအစား သူက ရှေ့ကို ဆက်တိုးလာခဲ့တယ်။

ဒီမြူခိုးတွေက ပင်လယ်လိုမျိုး ပြောင်းလဲလာခဲ့တယ်။ ခဏအကြာမှာ သူက ကုန်းမြေကို ရှာတွေ့သွားခဲ့ပေမဲ့ ဒါက မြူခိုးပင်လယ် တစ်ခုထဲက ကုန်းမြေတစ်ခုလိုပဲ။

သိပ်မကြီးပါဘူး။ အရှည်ဆုံးက ဝ.၅ ကီလိုမီတာပဲ ရှိပြီးတော့ အကျဉ်းဆုံးက မီတာ သုံးဆယ်ပဲ ရှိတယ်။

လင်းဟန်က အဲဒီပေါ်ကို ခြေချလိုက်ပြီး ခဏလောက် သေချာဂရုတစ်စိုက် ရှာဖွေကြည့်ပေမဲ့ ဘာမှမတွေ့ပါဘူး။

သူက ထွက်သွားဖို့ ပြင်နေတုန်းမှာ ခြေသံတွေကို ကြားလိုက်ရတယ်။ အဲဒီနောက် အရမ်းကို ဆိုးဆိုးဝါးဝါး အခြေအနေ တစ်ခုနဲ့ ကျွန်းဆီကို ပြေးလာတဲ့ လူသုံးယောက်ကို မြင်လိုက် ရပါတယ။်

ဒီလူသုံးယောက်က အဘိုးကြီး တစ်ယောက်နဲ့ လူငယ်တစ်ယောက်၊ မိန်းမပျို တစ်ယောက် ဖြစ်တယ်။

သူတို့အားလုံး ဒဏ်ရာရနေပြီး သူတို့ရဲ့ အဝတ်အစားတွေလည်း အနည်းငယ် ထိခိုက်ပျက်စီး နေတယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှာ သွေးစသွေးနတွေ ရှိပြီးတော့ အမဲလိုက်ခံနေရသလိုပဲ။

လူတစ်ယောက်က သူတို့အရှေ့မှာ ရပ်နေတာကို မြင်လိုက်ရတဲ့ အချိန်မှာ သူတို့သုံးယောက် လန့်ဖျပ်သွားကြတယ်။ ဒါပေမဲ့လည်း သူတို့က ချက်ချင်းပဲ လင်းဟန်ကို လျစ်လျူရှူကာ ကျွန်းရဲ့ အလယ်ဗဟိုဆီကို အလျင်အမြန် ပြေးသွားကြတယ်။

ဟင်။

လင်းဟန်က သူတို့သုံးယောက်ရဲ့ အနောက်ကို ကြည့်လိုက်တော့ အရိပ်မည်းတွေ တော်တော်များများ ရွေ့လျားနေတာကို ဝိုးတိုးဝါးတား တွေ့မြင်လိုက်ပါတယ်။

ဝံပုလွေတွေ။

ဒီအနက်ရောင် အရိပ်တွေက လျင်မြန်စွာနဲ့ သူတို့ရဲ့ အစစ်အမှန် ပုံရိပ်တွေ ပေါ်လာခဲ့တယ်။ လက်စသတ်တော့ သူတို့က အဖြူရောင် ဝံပုလွေတွေပဲ။

ဒီနေရာမှာ တကယ်ပဲ ဝံပုလွေတွေ ရှိနေတာလား။

လင်းဟန်က ခွေးနက်ကြီးတို့တွေ ဝံပုလွေ တစ်အုပ်ကြားမှာ ပိတ်မိနေတယ်လို့ ပြောတဲ့ သတင်းကို ပြန်စဉ်းစားမိသွားခဲ့တယ်။ အခု ဝံပုလွေ တစ်အုပ်က တကယ်ပဲ ပေါ်လာပါတယ်။

သူက မျက်စိတစ်ချက်ဝှေ့ကြည့်လိုက်တယ်။ စုစုပေါင်း အဖြူရောင်ဝံပုလွေ ဆယ့်ကိုးကောင် ရှိပြီးတော့ အားလုံးက စစ်မှန်ခြင်း ပင်ကိုယ်အဆင့်တွေ ဖြစ်ပါတယ်။

ဒါပေါ့။ သူက ဒီလောက်ကို အလေးမထားပေမဲ့ အဘိုးကြီးနဲ့ လူငယ် နှစ်ယောက်ကတော့ အလေးမထားလို့ မရပါဘူး။ အစွမ်းထက်ဆုံး အဘိုးကြီးတောင် စစ်မှန်ခြင်း ပင်ကိုယ် အဆင့်မှာပဲ ရှိပါတယ်။

Chapter 4518 end

All Chapters