အခန်း ၄၅၁၉
Vol. 225 Ch. 4519
အပိုင်း (၄၅၁၉) မြေအောက်ကို သုံးပေအထိ တူးဖော် ရှာဖွေခြင်း
အဘိုးကြီးနဲ့ လူငယ်နှစ်ယောက်က လင်းဟန်ကို ဂရုမစိုက်နိုင်ပဲ ကျွန်းရဲ့ အလယ်ဗဟိုအကျဆုံး နေရာဆီကို အလျင်အမြန် ပြေးသွားကာ သူတို့နဲ့ ဝံပုလွေအုပ် အကြားမှာ အကွာအဝေး တစ်ခု ခြားသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။
လူငယ်က လင်းဟန်ကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီးတော့ ဘာမှမပြောခဲ့ဘူး။ တစ်ဖက်မှာ အမျိုးသမီးက လင်းဟန်ကို ဖြတ်သွားတဲ့ အချိန်မှာ သူမက ကြင်နာစွာ သတိပေးခဲ့တယ်။
“အထဲကို ဆက်သွားပြီးတော့ ပုန်းနေပါ။ ဒီနေရာက အရမ်းကို အန္တရာယ်များတယ်”
လင်းဟန်က ပြုံးပြီးတော့ သူတို့သုံးယောက် အနောက်ကို လိုက်လာခဲ့တယ်။
ဝှစ် ဝှစ် ဝှစ်။ အဖြူရောင် ဝံပုလွေတွေက ကျွန်းရဲ့ အစွန်းနားကို ခြေချလာခဲ့တယ်။ သူတို့က ကျွန်းနဲ့ ပတ်သက်ပြီး အားနာတာ ရှိနေသလိုပဲ။ ဒါပေမဲ့လည်း သူတို့က အဲဒီလောက်နဲ့ ရပ်မသွားခဲ့ဘူး။ အဲဒီအစား သူတို့က ချက်ချင်းပဲ တိုက်ခိုက်မှု တစ်ခုကို လုပ်ကာ အလင်းတန်းတွေ ပစ်ခတ် လာခဲ့တယ်။
ကံကောင်းတာက ဒီဝံပုလွေဖြူတွေဟာ စစ်မှန်ခြင်း ပင်ကိုယ်အဆင့်မှာ ရှိပေမဲ့ အကွာအဝေးကြောင့် အဘိုးကြီးက တည်ငြိမ်စွာနဲ့ ကာကွယ်ဖို့ အခွင့်အရေး ရှိနေခဲ့တယ်။ နောက်ပြီး သူတို့တွေက ကျွန်းရဲ့ အလယ်ဗဟိုကို ရောက်လာတဲ့ အချိန်မှာ ဒီနေရာက သဘာ၀ အကာအကွယ် ရှိနေသလိုမျိုးနဲ့ အလင်းတန်းတွေကို မမြင်ရတဲ့ အရာတစ်ခုက ကာကွယ်တားဆီး သွားခဲ့တယ်။
ဟင်။
လင်းဟန်က အရမ်းကို သိချင်လာခဲ့တယ်။ ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ။
“ကောင်လေး မြန်မြန် ငါ့ရဲ့ အဘိုးကို ကျေးဇူးတင်လေ”
လူငယ်က လင်းဟန်ကို ပြောလိုက်ပြီး သူ့အမူအရာက မောက်မာခြင်းတွေနဲ့ ပြည့်နေတယ်။
အခု သူတို့က ဒီနေရာမှာ ရပ်နေပြီဆိုတော့ အန္တရာယ်ကနေ လွတ်မြောက်သွားပြီလို့ သတ်မှတ်နိုင်ပြီး ဒါကလည်း သူ့ကိုပြန်ပြီးတော့ စိတ်အေးလက်အေး ဖြစ်စေကာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး သူက အလေးထားလာခဲ့တယ်။
လင်းဟန်က ရယ်မောပြီးတော့ အဘိုးကြီးကို ခေါင်းညိတ်ပြလိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
အဘိုးကြီးက လင်းဟန်ကို တစ်ချက်ကြည့်ပြီး သူ့မျက်လုံးတွေထဲမှာ စိတ်ရှုပ်ထွေးမှု အနည်းငယ် ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ သူက လင်းဟန်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ထိုးဖောက် မမြင်နိုင်ခဲ့ဘူး။
ဒါပေမဲ့လည်း လင်းဟန်က အရမ်းကို ငယ်ရွယ်လွန်းပါတယ်။ ဘယ်လိုလုပ် သူ့ထက် သာလွန်တဲ့ စွမ်းရည်တွေ ရှိနိုင်မှာလဲ။
အင်း ဒီလူငယ်က ထူးဆန်းတဲ့ ကျင့်ကြံခြင်း နည်းစနစ် အမျိုးအစား တစ်ခုခုကို ကျင့်ကြံအားထုတ်ထားတာ ဖြစ်ရမယ်။ အဲဒါကြောင့် သူ့ကျင့်ကြံခြင်း အဆင့်ကို ထိုးဖောက် မမြင်နိုင်တာပေါ။ ဒီလိုပဲ ဖြစ်မယ်။
သူက ဒီလိုတွေးလိုက်တဲ့ အချိန်မှာ မာန အရိပ်အယောင် တစ်ခု ပေါ်သွားခဲ့တယ်။
သူက စစ်မှန်ခြင်း ပင်ကိုယ်အဆင့်မှာ ဖြစ်ပြီးတော့ အရမ်းကို သန်မာတယ် မဟုတ်လား။
တစ်ဖက်မှာ အမျိုးသမီးငယ်ကတော့ အရမ်းကို ကြင်နာတတ်ပြီးတော့ ပြောလိုက်တယ်။
“ငါ့နာမည် နင်ယုဖန်ပါ။ ဒါက ငါ့အစ်ကို နင်ဟိုင်ထောင်နဲ့ အဘိုး နင်ပိုင်ပါ။ ဒီက သခင်လေး နာမည်ရော ဘယ်လိုခေါ်လဲ”
လင်းဟန်က သူ့နာမည် အစစ်အမှန်ကို မထုတ်ဖော်ခင်မှာ တစ်ချက်တော့ စဉ်းစားလိုက်ပါတယ်။
ဒါပေမဲ့လည်း နင်ပိုင်နဲ့ တခြားသူတွေကတော့ အံ့အားသင့်သွားတဲ့ ပုံစံမျိုး မပေါ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က လင်းဟန်ရဲ့ နာမည်ကို အရင်က မကြားဖူးတဲ့ အတိုင်းပါပဲ။
ဒါက ပုံမှန်ပါပဲ။ ဒီကမ္ဘာကြီးထဲမှာ နာမည်တူ လူတွေက အရမ်းကို များပြားလွန်းပါတယ်။ သူတို့က ကမ္ဘာကြီ းတစ်ခုလုံးကို တုန်ခါသွားစေနိုင်တဲ့ လင်းဟန်က ဒီလင်းဟန် ဖြစ်နေမယ်လို့ ဆက်စပ်မိမှာ မဟုတ်ဘူး။
ပြောရမယ်ဆိုရင် သူတို့ရဲ့ အဆင့်လောက်နဲ့ သူတို့က လင်းဟန်ရဲ့ တိုက်ပွဲ အကျိုးဆောင်မှုတွေကို သိစရာအကြောင်းမရှိတာကြောင့် သူတို့တွေ မအံ့သြသွားတာကလည်း မထူးဆန်းပါဘူး။
သူတို့ရဲ့ အမြင်မှာ လင်းဟန်က သာမန် လူငယ် တစ်ယောက်ပါပဲ။
“သခင်လေးလင်းက ဒီနေရာကို ဘယ်အချိန်က ရောက်နေတာလဲ”
နင်ယုဖန်က မေးလိုက်တယ်။ အဲဒီနောက် သူမကပဲ အရင်ဆုံး ရှင်းပြတယ်။
“ကျမတို့ သုံးယောက်က အစကတော့ အဆင့်မြင့်ဆုံး ကောင်းကင်ဂြိုလ်ကို သွားချင်တာ။ နှစ်ကြိမ်မက တည်နေရာ ရွှေ့ပြောင်းပြီးပေမဲ့ နောက်ဆုံးမှာ ဒီနေရာရဲ့ ဖရိုဖရဲ အတားအဆီး တချို့နဲ့ ကြုံတွေ့ပြီး တကယ်ပဲ ဒီနေရာမှာ လမ်းဆုံးသွားခဲ့ရတယ်”
ဒါက ဟင်းလင်းပြင် ဆွဲငင်အား တစ်ခု မဟုတ်လား။
လင်းဟန်က စဉ်းစားကြည့်လိုက်တယ်။ ဒါပေမဲ့ သူက ဘာမှမပြောခဲ့ဘူး။ အဲဒီအစား သူက ပြောလိုက်တယ်။
“ငါ့ သူငယ်ချင်း မိတ်ဆွေ တချို့ ဒီမှာ ပျောက်သွားတယ်။ ဒါကြောင့် တစ်ချက် လာကြည့်တာ”
ဖူး။ နင်ဟိုင်ထောင်က ချက်ချင်းပဲ တံတွေးသီးလုမတတ် ရယ်မောကာ အထင်သေးတဲ့ အမူအရာ တစ်ခုနဲ့ သူ့ခေါင်းကို ခါလိုက်တယ်။
ဘာလဲဟ။
သူ့မှာ ခွန်အား များများစားစားတောင် မရှိပဲ ဒီနေရာကို ပြေးလာရဲတယ်ပေါ့ ဟုတ်လား။
သူက တစ်ခါမှ ဒီလိုမျိုး တုံးအတဲ့ လူတစ်ယောက်ကို မမြင်ဖူးပါဘူး။
နင်ယုဖန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လက်ခနဲ ပေါ်လာခဲ့တယ်။
“ဒါဆိုရင် သခင်လေးလင်းက ဒီနေရာကို ရောက်တာ မကြာသေးဘူးပေါ့”
“ဟုတ်ပါတယ်”
လင်းဟန်က ခေါင်းညိတ်လိုက်တယ်။
နင်ယုဖန်က ချက်ချင်းပဲ ဝမ်းသာသွားပုံ ပေါ်တယ်။
“ဒါဆိုရင် အပြင်က လူတွေက ဒီနေရာရဲ့ ထူးဆန်းမှုတွေကို သတိထားမိနေလောက်ပြီလား”
“ဟုတ်ပါတယ်”
“ကောင်းလိုက်တာ။ ဒါဆိုရင် ကျမတို့ ကယ်ခံရလိမ့်မယ်”
သူမက လက်ခုပ်တီးကာ ပြောလိုက်တယ်။
နင်ဟိုင်ထောင်ရဲ့ တုံ့ပြန်မှုက အများကြီး နှေးပါတယ်။ တော်တော်ကြာမှ သူက နောက်ဆုံးမှာ ပြုံးပြီးတော့ ပြောလိုက်တယ်။
“လူတွေ အများကြီး အာရုံစိုက်လာပြီဆိုတော့ သေချာပေါက် လက်ရွေးစင်တွေရဲ့ အာရုံစိုက်တာလည်း ခံရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့တွေ ဒီထူးဆန်းတဲ့ ကုန်းမြေကို ထိုးဖောက်ပြီး ထွက်ပြေးနိုင်မယ်”
ဒီနေရာက အဲဒီလောက် ကြောက်စရာကောင်းတယ်လို့ သူက မစဉ်းစားပါဘူး။ သူ သဘောမကျဆုံး အရာက ဝံပုလွေဖြူတွေပဲ ရှိပါတယ်။
လင်းဟန်က ဒီလူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒီလူသုံးယောက်က အတော်လေး ကံကောင်းတယ်လို့ ခံစားရတယ်။
စဉ်းစားကြည့်လေ ခွေးနက်ကြီးတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက် ရှိလဲ။
သူတို့အားလုံးက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အရှင်သခင်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့လည်း ဝံပုလွေ တစ်အုပ်အကြောင်း ပြောထားတယ်ဆိုတော့ ဝံပုလွေအုပ်က ဘယ်လောက်ကြောက်စရာကောင်းပြီး သူတို့ကို ခြိမ်းခြောက်နေတာ သိသာပါတယ်။
ဒါကြောင့် စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့် ဒါမှမဟုတ် ဂိုဏ်းအရှင်သခင်အဆင့် ဝံပုလွေအုပ် တစ်အုပ်တောင် ဒီနေရာမှာ ရှိနိုင်ပါတယ်။
“ဟေ့ဟေ့ဟေ့ အဲဒါက ဘာအမူအရာလဲ”
နင်ဟိုင်ထောင်ရဲ့ မျက်လုံးတွေက အမြင်စူးရှပါတယ်။ လင်းဟန်က သူ့ကို လှောင်ပြုံးနေသလိုမျိုး ပြုံးနေတာကို မြင်လိုက်လို့ ဖြစ်တယ်။
“အစ်ကိုရယ် အခု အားလုံးက တစ်လှေတည်းစီး တစ်ခရီးတည်း သွားတွေ ဖြစ်နေပြီ။ တစ်ယောက်ကို တစ်ယောက် ရန်မလုပ်သင့်ဘူး”
နင်ယုဖန်က အလျင်အမြန်ပဲ အကြံပြုလိုက်တယ်။
နင်ဟိုင်ထောင်က သူ့ညီမရဲ့ စကားကိုတော့ အတော်လေး နားထောင်ပါတယ်။ သူက လင်းဟန်ကို နှာခေါင်း တစ်ချက် ရှုံ့ပြလိုက်ပြီးတော့ ဘာမှဆက်မပြောတော့ဘူး။
လင်းဟန်က ဒီလိုမျိုး ဘာမဟုတ်တဲ့ လူတစ်ယောက်ကို ခေါင်းထဲ မထည့်ပါဘူး။ သူက သိချင်တာ ရှိတယ်။ ဝံပုလွေတွေက ဒီနေရာမှာ ဟိုဟိုဒီဒီ လျှောက်သွားနေပေမဲ့ အန္တရာယ်ကနေ ရှောင်တိမ်းဖို့ အသုံးပြုနိုင်တဲ့ ကျွန်းတွေက ဘာကြောင့် အများကြီး ရှိနေတာလဲ။
ဒါတွေက လူလုပ်ကျွန်းတွေလား။
အတွေးတစ်ချက်နဲ့ သူက စတင် တူးဆွပါတယ်။
“ဟေ့ မင်းဘာလုပ်တာလဲ”
နင်ပိုင်နဲ့ တခြားသူတွေက လန့်ဖျပ်သွားခဲ့တယ်။ အထူးသဖြင့် နင်ဟိုင်ထောင် ဖြစ်ပြီးတော့ သူက ချက်ချင်းပဲ ထခုန်ကာ လင်းဟန်ကို ဒေါသတကြီး လက်ညိုးငေါက်ငေါက် ထိုးလိုက်တယ်။
လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။
“တကယ်လို့ ဝံပုလွေတွေက ဘာဖြစ်လို့ ဒီကျွန်းပေါ်ကို ခြေမချရဲလဲ ဆိုတာကို ဖော်ထုတ်နိုင်ရင် ဒီနေရာမှာ အတားအဆီးမရှိပဲ လျှောက်သွားလို့ ရနိုင်လောက်တယ်”
ဒါကိုကြားလိုက်တော့ နင်ပိုင်နဲ့ ကျန်တဲ့လူတွေ အားလုံးက အံ့အားသင့် သွားခဲ့တယ်။ အော် ဟုတ်သားပဲ။ ဒါက အရမ်းကို ရိုးရှင်းတဲ့ သဘောတရား တစ်ခု ဖြစ်ပြီးတော့ သူတို့က ဘာကြောင့် မစဉ်းစားမိတာလဲ။
အကျင့်ကြောင့် သူတို့ဟာ ဒီနေရာကနေ ထွက်လမ်းတစ်ခုကို ရှာဖွေနေချိန်မှာ ဝံပုလွေအုပ် တစ်အုပ်နဲ့ ကြုံတွေ့ရရင် သူတို့ဟာ ပြေးပြီးတော့ ပုန်းခိုဖို့ နေရာတစ်ခု ရှာဖွေ့ပါလိမ့်မယ်။
ဒါကြောင့် နင်ဟိုင်ထောင်လည်း ချက်ချင်းပဲ တူးဆွကြည့်တယ်။ တကယ်လို့ ဒီလိုမျိုး ရတနာ တစ်ခု ရှိနေမယ်ဆိုရင် လင်းဟန်ရဲ့ လက်ထဲကို ကျရောက်သွားခွင့် မပြုနိုင်ပါဘူး။
သူတို့က တူးနေပေမဲ့ မီတာသုံးရာနီးနီး တူးပြီးတဲ့နောက်အထိ သူတို့ဟာ ဘာမှ ရှာမတွေ့သေးဘူး။
နင်ဟိုင်ထောင်က ပထမဆုံး လက်လျော့သူ ဖြစ်လာတယ်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်။
“ဒီနေရာက ထူးဆန်းတယ်။ မင်းထင်သလို ရိုးရိုးလေး မဟုတ်ဘူး”
တကယ်လို့ မြေပြင်ကို တူးဆွပြီး ရတနာတွေ ရယူကာ ဝံပုလွေအုပ်ကို ခြောက်လှန့်နိုင်မယ် ဆိုရင် အဲဒါက အရမ်းကို လွယ်ကူလွန်းပါလိမ့်မယ်။
လင်းဟန်က ဂရုစိုက်မနေပဲ ဆက်ပြီးတော့ တူးနေခဲ့တယ်။
သူ့စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ပြီးသွားရင် သူက နံရံကို ဝင်ဆောင့်မိမယ် ဆိုရင်တောင် ပြန်လှည့်လိမ့်မှာ မဟုတ်ပါဘူး။
မီတာ နှစ်ထောင်၊ မီတာ သုံးထောင်၊ မီတာလေးထောင်။ နင်ပိုင်နဲ့ နင်ယုဖန်လည်း ရပ်သွားပြီး လင်းဟန် တစ်ယောက်တည်းပဲ ဆက်လက်တူးဆွ နေပါသေးတယ်။
နောက်ထပ် မီတာ တစ်ထောင့်ငါးရာ တူးပြီးတဲ့ နောက်မှာ လင်းဟန်က ရုတ်တရက် ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရှိန်အဝါ တစ်ခုကို ခံစားလိုက်မိတယ်။ အဲဒီအရှိန်အဝါက မယုံနိုင်အောင် စူးရှပြီး မြေကြီးထဲကနေ ပစ်လွှတ်လာတယ်။ သူက အချိန်မီ ရှောင်တိမ်း လိုက်နိုင်ပေမဲ့ သူ့အင်္ကျီအဝတ်အစား ထောင့်တစ်နေရာကို လှီးထုတ်သွားခဲ့တယ်။
သူတို့အကြားမှာ အကွာအဝေး အနည်းငယ် ရှိနေသေးပြီး သူ့ခန္ဓာကိုယ်ကို လှီးဖြတ်သွားတာ မဟုတ်ဘူး ဆိုရင်တောင်မှ သူ့အရေပြားက နာကျင်မှုနဲ့အတူ လောင်မြိုက်နေဆဲ ဖြစ်ပါတယ်။
သောက်ကျိုးနည်း။ မြေအောက်မှာ ဘာကို မြုပ်နှံထားတာလဲ။
လင်းဟန်က ထပ်ပြီးတော့ မတူးရဲတော့ဘူး။ တကယ်လို့ ဒီအရှိန်အဝါက လုံးဝကို ပေါက်ကွဲလာမယ် ဆိုရင် သူက သေချာပေါက် ဒုက္ခရောက်ရပါလိမ့်မယ်။
သူ့အမြင်မှာတော့ အစွမ်းထက်တဲ့ လူတစ်ယောက် ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ လက်နက် တစ်ခု ဖြစ်ရင်ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အရှိန်အဝါ အနည်းငယ် ပေါက်ကွဲ ထွက်လာတာတောင် မယုံနိုင်အောင် ကြောက်စရာကောင်းနေတာ ဖြစ်ပါတယ်။
သူက ခဏလောက် စဉ်းစားလိုက်ပြီး အဲဒီနောက် အပေါ်ကို ပြန်တက်လာခဲ့တယ်။
ဒါက သူ့ကို သေလောက်တဲ့ ကပ်ဘေးတစ်ခု ဖြစ်စေနိုင်တာကြောင့် သူက ဆက်ပြီးတော့ မတူးနိုင်ပါဘူး။
လင်းဟန်က လက်ဗလာနဲ့ ပြန်လာတာကို မြင်တော့ နင်ဟိုင်ထောင်က လှောင်ပြောင်မိတယ်။
ဟမ့်။ သူက ဘယ်လိုမျိုး ဉာဏ်အလင်းပွင့်နေလို့လဲ။ အခုကြည့်လေ သူ့ကိုယ်သူ အရှက်ရစရာ အဖြစ်ကို ပြောင်းသွားပြီ မဟုတ်လား။
လင်းဟန်က ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူ့အနားမှာ အုပ်စုမခွဲသေးတဲ့ ဝံပုလွေအုပ်ကို မြင်သွားခဲ့တယ်။
သူက ဆက်ပြီးတော့ စောင့်မနေပဲ ရှေ့ဆက်သွားဖို့ကို ဆုံးဖြတ်လိုက်ပါတယ်။
စစ်မှန်ခြင်းပင်ကိုယ်အဆင့် ဝံပုလွေ တစ်အုပ်က သူ့ကို တားဆီးနိုင်မှာတဲ့လား။
လင်းဟန်က အရှေ့ကို ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်လာခဲ့တယ်။
Chapter 4519 end