← Chapters

အခန်း ၄၅၂၀

Vol. 225 Ch. 4520

အခန်း ၄၅၂၀

Vol. 225 Ch. 4520

အပိုင်း (၄၅၂၀) ဖိနှိပ်ခြင်း

ဟင် ဒီကောင် ရူးသွားပြီလား။

နင်ယုဖန်နဲ့ တခြားသူတွေ အားလုံး အံ့အားသင့် သွားခဲ့တယ်။ သူတို့က ဒီလိုမျိုး လူတစ်ယောက်ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ သေမင်းဆီကို ပြေးဝင်သွားတာလား။

သူက နင်ဟိုင်ထောင်ရဲ့ လှောင်ပြောင်ခြင်းကို ခံရတဲ့ အတွက်ကြောင့် လူငယ်တွေရဲ့ မာနကို သွားထိလိုက်သလို ဖြစ်သွားတာကြောင့်များလား။

“သခင်လေးလင်း ဒေါသမထွက်ပါနဲ့”

နင်ယုဖန်က သတိပေးလိုက်တယ်။

လင်းဟန်က ပြုံးရုံသာ ပြုံးလိုက်တယ်။ သူက ဒီသုံးယောက်နဲ့ ရေစက်ပါလို့ တစ်ကြိမ် ဆုံတွေ့ခဲ့ ရပါတယ်။ သူတို့ရဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ကူညီပေးဖို့အတွက် အချိန်မရှိပါဘူး။

သူ့မှာ သူ့ကိုယ်ပိုင် တာဝန် ရှိပါတယ်။ သူက ခွေးနက်ကြီးတို့ကို အရင်ရှာဖွေပြီးတော့မှ တခြားကိစ္စတွေကို စဉ်းစားရပါမယ်။

နင်ယုဖန်က သူ့နောက်ကနေ လိုက်ဖမ်းချင်သေးပေမဲ့ ဝံပုလွေဖြူတွေက တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လာတာကို မြင်လိုက်ရတယ်။ နင်ပိုင်က သူမကို နောက်ကို ပြန်ဆွဲထားလိုက်ပါတယ်။

“ဟမ့် ဒီလိုမျိုး ကျေးဇူးမသိတတ်တဲ့ကောင် သူ့ဘာသာ သေတွင်းတူးတာ တူးပါစေ”

နင်ဟိုင်ထောင်က အေးစက်စွာ ပြောလိုက်တယ်။

သူ စကားပြောလို့တောင် မဆုံးသေးခင်မှာပဲ ဝံပုလွေဖြူတွေရဲ့ တိုက်ခိုက်မှုတွေက လင်းဟန်ပေါ်ကို ကျလာခဲ့တယ်။

ဒါပေမဲ့လည်း နောက်ဆက်တွဲမြင်ကွင်းက နင်ပိုင်နဲ့ တခြားသူတွေကို အံ့အားသင့်ပြီး ကြက်သီးထ သွားစေခဲ့တယ်။

လင်းဟန်က လုံးဝကို မထိခိုက်ခဲ့ဘူး။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ပြီး တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရ သလိုပါပဲ။

လင်းဟန်က အရှေ့ကို ခြေလှမ်းကျဲကျဲ လျှောက်လာခဲ့ပြီး ကျွန်းရဲ့ အစွန်းကို ရောက်လာခဲ့ပါပြီ။ သူက သူတို့ကို တစ်ချက်ကြည့်ပြီးတော့ တည်ငြိမ်စွာနဲ့ မေးလိုက်တယ်။

“မင်းတို့တွေ ထွက်မသွားသေးဘူးလား”

ဒီဝံပုလွေဖြူတွေက လင်းဟန်ရဲ့ အရှိန်အဝါကို အာရုံခံမိပုံ ပေါ်ပြီးတော့ သူတို့အားလုံး ဟိန်းဟောက်သံတွေ အော်လိုက်တယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ သွေးထဲမှာ မာနနဲ့ သီးသန့်ဆန်ခြင်း ရှိနေပုံ ပေါ်ပါတယ်။ သူတို့က လင်းဟန်ဟာ ပြဿနာရှာလို့ မရမှန်း ကောင်းကောင်း သိပေမဲ့ နောက်ကို မဆုတ်ကြသေးဘူး။ သူတို့က သူတို့ရဲ့ လက်သည်းတွေနဲ့ ကုတ်ခြစ်ပြီးတော့ အရမ်းကို စိတ်တိုနေပုံ ပေါ်ပါတယ်။

“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်။ ဒီတော့ ငါ့ကို အပြစ်မတင်နဲ့”

လင်းဟန်က သူ့ခေါင်းကို တစ်ချက်ခါပြီးတော့ ပြောလိုက်တယ်။

သူတို့အကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတဲ့ အခြေအနေ တစ်ခုမှာ သူက တခြားသူတွေကို အခွင့်အရေး တစ်ခုပေးရတာကို ခေါင်းထဲ မထည့်ပါဘူး။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင် ဖြစ်နေချိန်မှာပေါ့။

ဒါပေမဲ့လည်း တကယ်လို့ သူတို့သာ ဆက်ပြီးတော့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ သူက နှလုံးသား နူးညံ့သိမ်မွေ့တော့မှာ မဟုတ်ပဲ ရက်စက်ကြမ်းကြုတ်ရဖို့လည်း ဝန်မလေးဘူး။

လင်းဟန်က သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားတွေကနေ ဓားအလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ ဝံပုလွေ တစ်အုပ်လုံး ချက်ချင်းပဲ အမြစ်ပြတ် သုတ်သင်ခံလိုက် ရတယ်။

နင်ပိုင်နဲ့ တခြားသူတွေ အားလုံးက ဘာပြောလို့ ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့တယ်။ ဒါက ဘယ်လိုမျိုး စွမ်းရည်လဲ။

သူက တကယ့်ကို အံ့သြဖွယ်ရာ ကောင်းလွန်းတယ်။

လင်းဟန်က နင်ကလန်ရဲ့ အဖွဲ့ဝင် သုံးယောက်ကို သူတို့ရဲ့ အမှားတွေ ပြင်ဆင်ဖို့ အခွင့်အရေး မပေးခဲ့ဘူး။ သူက ကိုယ်ဖော့သိုင်းကို သုံးပြီးတော့ လျင်မြန်စွာနဲ့ ထွက်လာခဲ့ပါတယ်။

သူက သူတို့ကို တကယ်လည်း နည်းနည်းမှ အလေးမထားခဲ့ဘူး။

နင်ပိုင်တို့ သုံးယောက်က သူတို့ရဲ့ ရင်ဘတ်တွေကို ထုပြီးတော့ နောင်တတွေနဲ့ ခြေထောက်ကို ဆောင့်လိုက်မိတယ်။

ဒါက လူငယ် လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ သူတို့သာ သူ့နောက်ကို လိုက်နိုင်မယ်ဆိုရင် သေချာပေါက် ထွက်ပေါက်ကို ရှာတွေ့နိုင်လောက်တယ်။

“ဟမ့် အစွမ်းသက်သက် ပြနေတာ”

နင်ဟိုင်ထောင်က အသာလေး တီးတိုးရေရွတ်လိုက်တယ်။

သူ့မှာ ဒီလိုမျိုး စွမ်းရည် ရှိရဲ့သားနဲ့ သူတို့နဲ့အတူ ရှောင်တိမ်းနေသေးတယ်။ ဒါက အစွမ်းပြဖို့ မဟုတ်ရင် တခြားဘာများ ရှိမှာလဲ။

ဖြောင်း။ သူက ချက်ချင်းပဲ ခေါင်းကို တစ်ချက် ရိုက်ခံလိုက်ရတယ်။ သူ့ကို ရိုက်လိုက်တဲ့ လူက နင်ပိုင် ဖြစ်ပါတယ်။ အဘိုးကြီးက အရမ်းကို စိတ်တိုနေတယ်။

အဲဒီအချိန် နင်ယုဖန်က အားဖျော့စွာ ပြောလိုက်တယ်။

“အစ်ကို စောစောတုန်းက အစ်ကို့ရဲ့ အပြုအမှုကို အခြေခံပြီး တကယ်လို့ တခြားလူ တစ်ယောက်ဆိုရင် သူတို့တွေ အစ်ကိုကို့ သတ်ပစ်လိုက်တာ ကြာနေပြီ။ ဒီသခင်လေးလင်းက အရမ်းကို စိတ်သဘောထားကောင်းတဲ့ လူဖြစ်လို့ အစ်ကို့အနေနဲ့ ကျေးဇူးတောင် တင်သင့်တယ်”

နင်ဟိုင်ထောင်က ငြင်းချင်သေးပေမဲ့ သူတို့နှစ်ယောက် အကြားက ကွာဟချက်ဟာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး အကြားက ကွာဟချက်လိုမျိုး ဘယ်လောက်တောင် ကွာခြားလဲ ဆိုတာကို ပြန်စဉ်းစားလိုက်မိတော့ စကားစစ်ထိုး တိုက်ခိုက်နေတာက ဘာများအသုံးဝင်မှာလဲ။

လင်းဟန်က ဖြည်းဖြည်းခြင်း လျှောက်လာခဲ့တယ်။ စစ်မှန်ခြင်းပင်ကိုယ်အဆင့် ဝံပုလွေအုပ် မပြောနဲ့ တကယ်လို့ ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေအုပ် ရှိမယ်ဆိုရင်တောင် သူက ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက် တချို့ သူ့မှာ ရှိနေပါတယ်။

ဘာကြောင့်လဲ။

သူ့ဆီမှာ ဝံပုလွေတွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာ အရမ်းကို ထိရောက်မှုရှိတဲ့ မဟာဧကရာဇ် ဦးချို ရှိနေပါတယ်။ အင်ပါယာ သားတော်တွေတောင် ဒါကို ခုခံနိုင်စွမ်း မရှိနိုင်ဘူး။

ဒါကြောင့် သူက ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေတွေတောင် သူ့ခြေထောက်အောက်မှာ ပြားပြားဝပ်ြင်္ပီးတော့ သနားငဲ့ညှာမှုကို တောင်းခံရလိမ့်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်တယ်။

ဒီမြင်ကွင်းကို စဉ်းစားလိုက်တော့ သူက အနည်းငယ် မျှော်လင့်လာခဲ့တယ်။

တော်တော်ကြာအောင် လျှောက်လာပြီးတဲ့ နောက်မှာ သူက နောက်ထပ် ကျွန်းတစ်ကျွန်းကို ရှာတွေ့ပေမဲ့ အရပ်မျက်နှာကိုတော့ နည်းနည်းလေးမှ အာရုံမခံနိုင်သေးပါဘူး။ သူ ခရီးဆက်လာပြီး လမ်းကြောင်းတွေ အတွက်တောင် သူ့ စိတ်ထဲမှာ မြေပုံတစ်ခု ဖြစ်ပေါ်နိုင်စွမ်း မရှိသေးဘူး။ ဘာမှန်းမသိတဲ့ စွမ်းအားတစ်ခုက သူ့ကို သက်ရောက်နေပြီးတော့ သူက ခုခံလို့ မရနိုင်တဲ့ အတိုင်း ရှိနေပါတယ်။

သိပ်မကြာခင် ဝံပုလွေအုပ်တစ်အုပ် နောက်တစ်ကြိမ် ရောက်လာခဲ့တယ်။

ဒါက အဖြူရောင်တွေပဲ ဖြစ်နေသေးပေမဲ့ အရမ်းကို အားနည်းပြီး ဆေးကျိုအိုး သန့်စင်ခြင်းအဆင့်မှာပဲ ရှိပါတယ်။

လင်းဟန်က မလှုပ်ရှားခဲ့ဘူး။ ဒီအဆင့် ဝံပုလွေအုပ်တစ်အုပ်ကို သတ်တာက တိုက်ပွဲစွမ်းရည်ကို မွမ်းမံလို့ မရနိုင်ပါဘူး။

သူက တိုက်ရိုက်ပဲ ဖြတ်ကျော်လာခဲ့တယ်။ ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးလိုက်ပြီးရင် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်တောင် သူ့ကို လိုက်မီနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။ အများဆုံး သူ့ကို အမြန်နှုန်းချင်း အတူတူလောက်ပဲ ရှိပါလိမ့်မယ်။

ခွေးနက်ကြီးတို့တွေ ဘယ်မှာများရောက်နေလဲ။

လင်းဟန်က ဟိုဟိုဒီဒီ လျှောက်သွားနေပေမဲ့ အရပ်မျက်နှာကိုတော့ အာရုံခံလို့ မရပါဘူး။ သူက မျက်နှာမူရာကို လျှောက်သွားတာပဲ ရှိပါတယ်။

ရက်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာတော့ သူက နင်ပိုင်တို့နဲ့ နောက်တစ်ကြိမ် ပြန်ဆုံခဲ့တယ်။

သူတို့သုံးယောက်က ကံမကောင်းပါဘူး။ ဝံပုလွေအုပ်ရဲ့ အမဲလိုက်ခြင်းကို နောက်တစ်ကြိမ် ခံနေရပြီး ဒီတစ်ကြိမ် သူတို့က ပိုပြီးတော့တောင် ကံဆိုးတယ်။ ဝံပုလွေအုပ်က စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်တွေ ဖြစ်ပြီးတော့ သူတို့က မရှောင်တိမ်းနိုင်ပဲ ချက်ချင်း အသတ်ခံ ရပါတော့မယ်။

ဒါပေမဲ့လည်း သူတို့ဟာ ကံကောင်းထောက်မစွာနဲ့ ဒီတစ်ကြိမ်လည်း လင်းဟန်နဲ့ လာဆုံခဲ့တယ်။

လင်းဟန်က တုံ့ဆိုင်းခြင်း မရှိခဲ့ဘူး။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ဝံပုလွေအုပ်ကို အပြတ်ရှင်း ပစ်လိုက်တယ်။

နင်ပိုင်တို့ သုံးယောက်က ကပ်ဘေးကနေ ရှင်သန်သွားပြီးတော့ လင်းဟန်ရဲ့ ခွန်အားကြောင့် ပိုပြီးတော့တောင် အံ့သြသွားခဲ့တယ်။

ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းပါတယ်။

ဒါက လှုပ်ရှားမှု တစ်ခုပဲ ဖြစ်ပြီးတော့ တစ်ချက်လေး လှုပ်ရှားလိုက်တာနဲ့ သူက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့် သားရဲ တစ်ဒါဇင်ကျော်ကို တစ်ချက်တည်း သတ်ပစ်ခဲ့တယ်။ ဒီခွန်အားက ယုတ္တိမတန်ဘူး။

မင်းက အရမ်းကို ငယ်လွန်းတယ်။ ဒီတော့ ဘယ်လိုများ ကျင့်ကြံအားထုတ်တာလဲ။

“ကျေးဇူးပါ”

နင်ယုဖန်က စကားတစ်ခွန်းပဲ ပြောလိုက်နိုင်ပါတယ်။ လင်းဟန်က အဝေးကို ပျံထွက်သွားပြီ။

ဒီနေရာက အရမ်းကို ကြီးမားလွန်းပြီးတော့ လူတစ်ယောက် အတွက် အရပ်မျက်နှာ အာရုံခံမှု အားလုံး ဆုံးရှုံးနေပါတယ်။ ဒါကြောင့် ခွေးနက်ကြီးတို့ကို ရှာတွေ့ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခက် ဘာဖြစ်လဲ။ သူက သူတို့ကို ရှာမတွေ့နိုင်ဘူးလား။

ခွေးနက်ကြီးတို့မှာ မဟာဧကရာဇ် ဦးချို မရှိပါဘူး။ တကယ်လို့ သူတို့တွေ ဂိုဏ်းအရှင်သခင် အဆင့် ဝံပုလွေ တစ်အုပ်နဲ့ ရင်ဆိုင်ကြုံတွေ့ပြီး နားခိုစရာ ကျွန်းနည်းနည်းမှ မရှိဘူးဆိုရင် သူတို့အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာ ပြောနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

လင်းဟန်ကို စိတ်သက်သာရာရစေတဲ့ တစ်ခုတည်းသော အချက်က ဒီသုံးကောင်က ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို ကျင့်ကြံအားထုတ်ထားပြီး သူတို့ရဲ့ အမြန်နှုန်းက သူတို့ထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ ကျင့်ကြံသူတွေနဲ့ သားရဲတွေကို ယှဉ်နိုင်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အသက်ရှင်သန်နိုင်ဖို့ စွမ်းရည်က အကြီးအကျယ် တိုးလာလိမ့်မယ်။

သူတို့က သေချာပေါက် သူရောက်လာတဲ့ အချိန်ထိ ထိန်းထားနိုင်လိမ့်မယ်။

ရက်အနည်းငယ်လောက် ထပ်ပြီးတော့ ဦးတည်ချက်မဲ့စွာ လျှောက်သွားပြီးတဲ့ နောက်မှာတော့ လင်းဟန်က နောက်ဆုံးမှာ ဂိုဏ်းအရှင်သခင် အဆင့် ဝံပုလွေအုပ်နဲ့ ကြုံတွေ့သွားခဲ့တယ်။

သူတို့က အရေအတွက် သိပ်မများပဲ ခုနစ်ကောင်သာ ရှိပေမဲ့ ဒါဟာ ဂိုဏ်းအရှင်သခင်အဆင့် ခုနစ်ယောက် ပူးပေါင်းထားတာနဲ့ အတူတူပါပဲ။ ဒါက ကြောက်စရာကောင်းဖို့ လုံလောက်နေပါပြီ။

လင်းဟန်ရဲ့ စိတ်ဝင်စားမှုက တိုးလာပြီးတော့ သူ့လက်သီးကို မြှောက်ကာ ဝင်လာတဲ့ တိုက်ခိုက်မှုကို ဆီးကြိုလိုက်တယ်။

ဒါပေမဲ့လည်း သူက အရမ်းကို စိတ်ပျက်သွားခဲ့တယ်။ ဝံပုလွေ ခုနစ်ကောင်က သူ့အတွက် တိုက်ခိုက်ဖို့ လုံးဝကို မလုံလောက်ပါဘူး။ လက်သီးချက် အနည်းငယ်နဲ့ ခြေကန်ချက် အနည်းငယ် အတွင်းမှာ သူက အားလုံးကို ရှင်းပစ်လိုက်တယ်။

အရမ်းကို အားနည်းမနေဘူးလား။

မဟုတ်ဘူး။ သူက အရမ်းကို သန်မာလွန်းနေတာပါ။

လင်းဟန်က သက်ပြင်းချပြီးတော့ ရှေ့ကို ဆက်လာခဲ့တယ်။

ဒါက အရမ်းကို ရှုပ်ထွေးတဲ့ ဝင်္ကပါ တစ်ခု ဖြစ်တယ်။ အရပ်မျက်နှာ ဘယ်မှာပဲဖြစ်ဖြစ် အတားအဆီး မရှိပဲ သူ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားကြိုးစား အပြင်ကို မထွက်နိုင်ခဲ့ဘူး။

နောက်ထပ် သုံးရက် ကုန်သွားပြီးတော့ လင်းဟန်က ရုတ်တရက် အစွမ်းထက်တဲ့ အရှိန်အဝါ တစ်ခု နီးကပ်လာတာကို ခံစားလိုက်မိတယ်။

ဒါက ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲကြီး တစ်ကောင်ဖြစ်တယ်။

လင်းဟန်ရဲ့ နှလုံးသားက ချက်ချင်းပဲ မွန်းကျပ်လာခဲ့တယ်။ သူက သူ့ညာဘက်ကို ကြည့်လိုက်တော့ မြူခိုးထဲမှာ အရိပ်တစ်ခု ပေါ်လာခဲ့တယ်။ အဲဒီနောက် ဖြည်းဖြည်းခြင်း ပြတ်သားလာကာ ကိုးမီတာလောက်ရှည်တဲ့ ဝံပုလွေဖြူ တစ်ကောင် ထွက်ပေါ်လာပါတယ်။

ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်။

ဒါပေမဲ့လည်း လင်းဟန်က သိပ်ပြီးတော့ စိတ်မလှုပ်ရှားပါဘူး။ တကယ်လို့ ကြီးမြတ်သော အရှင်သခင် အဆင့် သားရဲတစ်ကောင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူက ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးလိုက်တာနဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲ တစ်ကောင်တောင် သူ့အနောက်မှာ ဖုန်မှုန့်တွေ စားရုံပဲ တတ်နိုင်လိမ့်မယ်။

ဒါက တစ်ကောင်ပဲ ဖြစ်ပေမဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲကြီး တစ်ကောင်က မလုံလောက်ဘူးလား။

ဒီသားရဲကြီးက လင်းဟန်ကို စိုက်ကြည့်ပြီးတော့ သူ့ပါးစပ်ကို ဖြည်းဖြည်းခြင်း ဟလိုက်ပြီး နတ်ဘုရားဓားသွားတွေနဲ့တူတဲ့ အစွယ်တွေ ထွက်လာတယ်။

လင်းဟန်က ပြုံးလိုက်တယ်။

“ခွေးပေါက်လေး ထိုင်စမ်း”

ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေက ဒေါသထွက်လာတယ်။ သူက ကြမ်းကြုတ်တဲ့ သားရဲ တစ်ကောင် ဆိုပေမဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ကောင် ဖြစ်လာနိုင်စွမ်း ရှိမှတော့ အသိဉာဏ် တချို့ ရှိနေပါသေးတယ်။ လင်းဟန်ရဲ့ အထင်သေးခြင်းနဲ့ လှောင်ပြောင်ခြင်းကို လုံး၀ နားလည်နိုင်ပြီးတော့ သူ့မာနကို ထိခိုက်လာသလို ခံစားရတယ်။

ဒါကြောင့် သူက ချက်ချင်းပဲ သူ့လက်သည်းတွေကို ဝှေ့ယမ်းပြီးတော့ လင်းဟန်ဆီကို လက်သည်းနဲ့ တစ်ချက် ပုတ်လိုက်တယ်။

လင်းဟန်က သူ့ခြေထောက်ကို တစ်ချက်ဆောင့်နင်းကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်တယ်။ အဲဒီနောက် သူက မဟာဧကရာဇ် ဦးချိုကို ထုတ်ပြီးတော့ အားကောင်းကောင်းနဲ့ မှုတ်လိုက်တယ်။

သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားလည်း ရုတ်တရက် လျော့ကျသွားပေမဲ့ အသံမဲ့ အားလှိုင်း တစ်ခုလည်း ပျံ့နှံ့သွားခဲ့တယ်။

သားရဲကြီးရဲ့ လက်သည်းက ချက်ချင်းပဲ လေထဲမှာ အေးခဲသွားကာ အဲဒီနောက် ပြန်ရုပ်သိမ်း သွားခဲ့တယ်။ သူက လင်းဟန်ရဲ့ ခြေထောက်နားကို လျင်မြန်စွာ ခုန်သွားပြီး သူ့ခေါင်းနဲ့ လင်းဟန်ရဲ့ ခြေထောက်ကို ပွတ်သပ်လိုက်တယ်။ ဝုန်း။ ကြီးမြတ်သော အရှင်သခင်အဆင့် စွမ်းအား ပဲ့တင်ထပ် လာခဲ့တယ်။

တကယ်လို့ ဒါက တခြားဂိုဏ်းအရှင်သခင် ဖြစ်နေမယ်ဆိုရင် ဒီကြမ်းကြုတ်တဲ့ သားရဲရဲ့ ပွတ်သပ်တဲ့ လုပ်ရပ်ကြောင့် တန်းပြီးတော့ တစ်စစီ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း လင်းဟန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာလိုက်လဲ။ သူက ဒါကို အေးအေးလူလူ ခံနိုင်ရည် ရှိပါတယ်။

ဒါပေမဲ့လည်း ဒါက တကယ်တော့ နည်းနည်း နာကျင်ပါတယ်။

Chapter 4520 end

All Chapters