← Chapters

အခန်း ၄၅၂၁

Vol. 225 Ch. 4521

အခန်း ၄၅၂၁

Vol. 225 Ch. 4521

အပိုင်း (၄၅၂၁) ခွေးနက်ကြီးကို ရှာတွေ့ပြီ

မဆိုးဘူး။ သူက ကြီးမြတ်သော အရှင်သခင်အဆင့် အိမ်မွေးတိရစ္ဆာန် တစ်ကောင် ရပြီ။

မဟာဧကရာဇ် ဦးချိုက တကယ်ပဲ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပစ္စည်းပဲ။

လင်းဟန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝံပုလွေ သားရဲကြီးရဲ့ ခေါင်းပေါ်ကို ဖိလိုက်တယ်။

ဒီဝံပုလွေ သားရဲက လင်းဟန်ထက် အများကြီး မြင့်ပါတယ်။ ဒါကြောင့် လင်းဟန်က သူ့လက်ကို ဆန့်ထုတ်လိုက်ရင်တောင် မရောက်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဝံပုလွေသားရဲကြီးက သူ့ဘာသာသူ ခေါင်းကို ငုံ့ပေးပြီးတော့ လင်းဟန်ကို အလွယ်တကူ ထိတွေ့ခွင့် ပြုလိုက်တယ်။

လင်းဟန်က သားရဲကြီးရဲ့ နတ်ဘုရားအာရုံကို ရှာဖွေကြည့်လိုက်တယ်။

ဝံပုလွေသားရဲကြီးက ကြီးမြတ်သော အရှင်သခင်အဆင့် ဆိုပေမဲ့ သူ့မှတ်ဉာဏ်က မယုံနိုင်အောင် ရိုးရှင်းပါတယ်။

သူ မှတ်မိနိုင်တာဆိုလို့ ဒီမြူခိုးထဲမှာ အသက်ရှင်နေထိုင်ပြီး ဒီမြူခိုးက အကောင်းဆုံး အာဟာရ ဖြစ်ကာ သူ့ကျင့်ကြံခြင်း အဆင့်ကို အဆုံးမရှိ တိုးပေးပါတယ်။

ပြီးတော့ ဒီလောက်ပဲ။

လင်းဟန်က အံ့အားသင့် သွားခဲ့တယ်။ အစွမ်းထက် ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲက တချိန်လုံး ဒီမြူခိုးပင်လယ်ထဲမှာ နေထိုင်ပြီး မြူခိုးတွေကို စားသုံးကာ သူ့ကျင့်ကြံခြင်း အဆင့် အဆက်မပြတ် တိုးပွားလာခဲ့တာလား။

ဒါပေမဲ့လည်း သားရဲရိုင်းတွေက တကယ်တော့ သားရဲရိုင်းတွေပါပဲ။ ဒါကြောင့် အပြင်လူတွေ ကျူးကျော်လာတဲ့ အချိန်မှာ သူတို့ရဲ့ မသိစိတ်က အလိုလို တိုက်ခိုက်ကြပါလိမ့်မယ်။

ဒီဝံပုလွေ သားရဲရဲ့ မှတ်ဉာဏ်ထဲမှာ သူ သတ်ခဲ့တဲ့ လူက ရာဂဏန်း အနည်းငယ် ရှိနေပါပြီ။

လင်းဟန်ကို ကျေနပ်အံ့အားသင့် သွားစေတဲ့ အရာတစ်ခုက ဒီဝံပုလွေ သားရိုင်းက မြူခိုးပင်လယ်ထဲမှာ လမ်းပျောက်သွားလိမ့်မှာ မဟုတ်ပါဘူး။

ဒီလိုနည်းနဲ့ ခွေးနက်ကြီးတို့ကို သူက ရှာဖွေနိုင်ဖို့ မျှော်လင့်ချက် ရှိလာပါပြီ။ ကောက်ရိုးပုံထဲ အပ်ပျောက်လို့ လိုက်ရှာနေစရာ မလိုတော့ဘူး။

“ငါ မင်းကို နာမည် တစ်ခု ပေးမယ်”

လင်းဟန်က ခဏလောက် စဉ်းစားလိုက်ပြီးတော့ ပြောလိုက်တယ်။

“ငါမင်းကို ဓားခုတ်ကောင် ပုရွတ်ဆိတ်လို့ ခေါ်မယ်”

ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေက ဂရုမစိုက်ပါဘူး။ သူ့အသိဉာဏ်က အရမ်းကို နည်းပြီးတော့ ပုရွတ်ဆိတ် တစ်ကောင်နဲ့ ဝံပုလွေ တစ်ကောင် အကြားက ကွာဟချက်ကို နားလည်မှာ မဟုတ်ဘူး။

“ဓားခုတ်ကောင် ပုရွတ်ဆိတ် သွားကြမယ်”

လင်းဟန်က ဝံပုလွေရဲ့ကျောပေါ်ကို ခုန်တက်ပြီးတော့ ဝံပုလွေသားရဲကြီးက သူ့ကို သယ်ဆောင်ကာ ခွေးနက်ကြီးတို့ကို ရှာဖွေဖို့ ထွက်လာကြတယ်။

ဝံပုလွေသားရဲကြီးက ခွေးနက်ကြီးတို့ ဘယ်နေရာမှာ ရှိလဲဆိုတာကို မသိပေမဲ့ အားသာချက်က သူဟာ သေချာပေါက် လမ်းပျောက်လိမ့်မှာ မဟုတ်ပါဘူး။ နောက်တစ်နည်း ပြောရမယ်ဆိုရင် သူတို့တွေ လမ်းမှားစရာ မရှိတော့ဘူး။

ဒါဆိုရင် လုံလောက်တယ်။

လင်းဟန်က ဝံပုလွေကြီးကို စီးနင်းပြီး ဒီမြူခိုးပင်လယ်ထဲ အနီးတစ်ဝိုက် လိုက်လံရှာဖွေ နေခဲ့တယ်။

ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ သူက အထင်ကြီးလာတယ်။

ဒီမြူခိုးပင်လယ်ရဲ့ အကျယ်က သုံးရက်တာ ခရီးရှိပြီးတော့ အရှည်ကလည်း အတူတူလောက်ပါပဲ။ ဒါပေမဲ့လည်း တကယ်လို့ သူက ဧရိယာတိုင်းမှာ ရှာဖွေချင်တယ်ဆိုရင် သုံးရက် ဒါမှမဟုတ် ခြောက်ရက်လောက် အချိန်ယူရမှာ မဟုတ်ပဲ အံ့မခန်း အချိန်အကြာကြီး တစ်ခုတော့ ယူရလိမ့်မယ်။

ခွေးနက်ကြီးတို့တွေ ဟိုဟိုဒီဒီ လျှောက်ပြေးမနေဖို့ သူက မျှော်လင့်ရတာပဲ။

လင်းဟန်က သူ့ဘာသာသူ တွေးလိုက်တယ်။

နှစ်လတိတိ ကြာပြီးတဲ့ နောက်မှာတော့ လင်းဟန်က ခွေးနက်ကြီးတို့ကို နောက်ဆုံးမှာ ရှာတွေ့ သွားခဲ့တယ်။

သူက ခွေးနက်ကြီးကို အဝေးကနေ မမြင်ရသေးတာတောင် ခွေးနက်ကြီးရဲ့ ပျာပျာသလဲ ပြောနေသံကို ကြားလိုက်ရတယ်။

“မင်းတို့တွေက ငါ့ကို အသုံးမဝင်တော့တဲ့ အချိန်ကျရင် ကန်ထုတ်ပစ်ဖို့ စိတ်ကူးနေတာလား”

ခွေးနက်ကြီးရဲ့ အသံ ထွက်ပေါ်လာတယ်။

လင်းဟန်က ဒါကို မြင်တော့ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ခွေးနက်ကြီးက အနိုင်ကျင့် ခံနေရတာလား။

ဝံပုလွေ သားရဲကြီးကို စီးနင်းပြီးတော့ သူက ဖြည်းဖြည်းခြင်း အရှေ့ကို လျှောက်လာခဲ့တယ်။

သူတို့အရှေ့တည့်တည့်မှာ ကျွန်းတစ်ကျွန်း ရှိပြီးတော့ ကျွန်းအနားမှာ ဝံပုလွေ အလောင်းတွေ အများအပြား ပြန့်ကျဲနေပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေကတော့ စုံလင်ပြီး ဓားမော့ ဒဏ်ရာ၊ ဓားဒဏ်ရာနဲ့ လက်သည်းကုတ်ရာတွေ ဖြစ်ပါတယ်။ သူတို့တွေက မတူညီတဲ့ လူတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်ဆိုတာ သိသာထင်ရှားတယ်။

ဒါပေမဲ့လည်း ကြမ်းကြုတ်တဲ့ ဝံပုလွေတွေကို လုံး၀ အမြစ်ဖြတ် သုတ်သင်နိုင်ခြင်း မရှိသေးဘူး။ ကျွန်းရဲ့ ဘေးဘက်မှာ ဟိန်းဟောက်နေတဲ့ ခုနစ်ကောင်လောက် ရှိပါသေးတယ်။

ကျွန်းပေါ်မှာ ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့က ကျင့်ကြံသူ ဆယ့်တစ်ယောက်နဲ့ မျက်နှာချင်းဆိုင် နေကြတယ်။ သူတို့တွေကို အဝိုင်းခံထားရပြီး အားလုံး ဒဏ်ရာတွေ ရနေကာ အရမ်းကို ဆိုးဝါးတဲ့ အခြေအနေ တစ်ခု ဖြစ်နေပုံ ပေါ်ပါတယ်။

“မင်းတို့အားလုံး ပိုင်ဆိုင်ထားတဲ့ အင်ပါယာ နည်းစနစ်ကို အပ်စမ်း။ မဟုတ်ရင် မင်းတို့အားလုံး ဝံပုလွေ အစာ ကျွေးပစ်မယ်”

ကျင့်ကြံသူ တစ်ယောက်က အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။

လင်းဟန်က နားလည်သဘောပေါက် သွားပါတယ်။

ဒီလူတွေက ခွေးနက်ကြီးတို့မှာ ရှိတဲ့ အင်ပါယာ နည်းစနစ်တွေကို တပ်မက်နေပါတယ်။ ဒါပေါ့။ အင်ပါယာ နည်းစနစ်တွေက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်။

ဒါပေမဲ့လည်း ခွေးနက်ကြီးတို့ကို အကြီးမားဆုံး ခြိမ်းခြောက်နေတာက ဝံပုလွေအုပ် မဟုတ်ပဲ ဒီနေရာမှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ ဖြစ်နေလိမ့်မယ် ဆိုတာကိုတော့ သူက မျှော်လင့် မထားခဲ့မိဘူး။

လင်းဟန်ရဲ့ အမူအရာက ခက်ထန်လာတယ်။ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ သူ စီးနင်းလာတဲ့ ဝံပုလွေသားရဲကြီးက အသံတိတ် ရွေ့လျားပြီးတော့ မြူခိုးထဲမှာ သူ့ရဲ့ မြင့်မားတဲ့ အရိပ်ကြီး ပေါ်လာခဲ့တယ်။

လင်းဟန်က အပေါ်မှာ ထိုင်နေတဲ့ ရှူထောင့်ကြောင့် ဘယ်သူမှ မမြင်နိုင်ကြဘူး။ ဒါကြောင့် လူတိုင်းက ဧရာမ ဝံပုလွေဖြူကြီး တစ်ကောင် ပေါ်လာတာကိုပဲ မြင်ရပြီးတော့ ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ အရှိန်အဝါ ထုတ်လွှတ်နေတာ မြင်ရတယ်။

ရုတ်တရက် လူတိုင်းက ပြင်းထန်တဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။

“ကြောက်နေစရာ မလိုဘူး။ ဝံပုလွေရိုင်းတွေက ကျွန်းပေါ်ကို မတက်နိုင်ဘူး”

ဝတ်စုံစိမ်းနဲ့ သိုင်းပညာရှင် တစ်ယောက်က အားလုံးကို နှစ်သိမ့်လိုက်တယ်။

“အချိန်ကိုက်ပဲ။ ဒါက ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲကြီး တစ်ကောင်ပဲ။ ပြီးတော့ သူက စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်တွေကို လွယ်လွယ်လေးနဲ့ တစ်စစီ ဆွဲဖြဲပစ်နိုင်တယ်”

“တကယ်လို့ မင်းတို့တွေ အင်ပါယာ နည်းစနစ် မအပ်ဘူးဆိုရင် ငါတို့တွေ မင်းတို့ကို မောင်းထုတ်ရလိမ့်မယ်”

“ကျွန်းပေါ်ကနေ ထွက်သွားဖို့ မလိုဘူး။ မင်းတို့တွေ ကျွန်းရဲ့ အလယ်ဗဟိုကနေ ထွက်သွားတာနဲ့ ဝံပုလွေရိုင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်”

“ဒီတော့ တကယ်လို့ မင်းတို့တွေ မသေချင်ဘူးဆိုရင် အင်ပါယာ နည်းစနစ်ကို ချက်ချင်း ပေးစမ်း”

ဒီလူတွေရဲ့ မျက်လုံးတွေက လောဘတွေ တောက်လောင်လို့ နေပါတယ်။ အင်ပါယာ နည်းစနစ်ရဲ့ ဆွဲဆောင်မှုက တကယ့်ကို ကြီးမားလွန်းတယ်။ နောက်ပြီး ဒါကို သဘာ၀ လျှို့ဝှက်ဆန်းကြယ်ဘုံ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ နောက်ပိုင်း တကယ်လို့ သူတို့က တိတ်တဆိတ်နဲ့ သတ်ပစ်လိုက်ရင် သူတို့တွေ အင်ပါယာ နည်းစနစ် ရရှိသွားတဲ့ အကြောင်းကို ဘယ်သူ သိမှာလဲ။

ခွေးနက်ကြီးက တံတွေးထွေးလိုက်တယ်။

“ငါတို့တွေ အင်ပါယာ နည်းစနစ်ကို ပေးလိုက်တာနဲ့ မင်းတို့က ငါတို့ကို နှုတ်ပစ်တဲ့ အနေနဲ့ သတ်ပစ်လိုက်မယ် ဆိုတာကို အဘိုးခွေး မသိဘူးလို့ ထင်နေတာလား”

ဝက်ကလေးကလည်း ခေါင်းကို အဆက်မပြတ် ညိတ်လိုက်တယ်။

အဲဒီအချိန် မိုးပြာနဂါးလေးက သူ့ခေါင်းကို မော့ထားပြီးတော့ ပြောလာတယ်။

“အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာရင် ငါတို့တွေ တိုက်ခိုက်ရုံပဲပေါ့။ တကယ်လို့ ငါတို့တွေ ဒဏ်ရာနည်းနည်း ရပြီးတော့ ငါတို့ တိုက်ပွဲ စွမ်းရည် လျော့ကျရုံပေါ့။ တကယ်လို့ မင်းတို့တွေ ငါတို့ကို သတ်ချင်တယ်ဆိုရင် ကြီးမားတဲ့ တန်ရာတန်ဖိုး တစ်ခုကို ပေးရလိမ့်မယ်။ မင်းတို့ထဲက ဘယ်သူကများ ငါတို့နဲ့အတူ သေဖို့ ပြင်ဆင်ထားလဲ ဆိုတာကို သိချင်တယ်”

ဒီစကားတွေက အရမ်းကို ပြတ်သားပါတယ်။ သူတို့နှစ်ဖက်စလုံး သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးရင် ဒီလူဆယ့်တစ်ယောက် အကြားက ဆက်ဆံရေးကိုလည်း အငြင်းပွားစရာ ဖြစ်အောင် မီးစာထည့်လိုက်တာပဲ။

သေသွားရမဲ့ လူတွေက ဘာအကျိုးအမြတ်မှ မရပဲ သေရလိမ့်မယ်။

ဘယ်သူက ဒီလိုမျိုး အရူးတစ်ယောက် ဖြစ်ခံမှာလဲ။

ဒါပေမဲ့လည်း ဒီလူ ဆယ့်တစ်ယောက်က သဘောတူညီချက်တစ်ခု ရထားတဲ့ ပုံစံပါပဲ။ ဒီလိုမျိုး ရန်စခြင်းနဲ့ ရင်ဆိုင်ရတာတောင် ဘယ်သူမှ လှုပ်လှုပ်ရှားရှား ဖြစ်မသွားခဲ့ဘူး။

ဒီကိစ္စကို အလွယ်တကူ ရင်ဆိုင်လို့ မရဘူးပဲ။

ဟင်။

ခွေးနက်ကြီးတို့ သုံးယောက်သား တပြိုင်နက်တည်း လန့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က နတ်ဘုရားအာရုံကနေ တစ်ဆင့် သတင်းစကား တစ်ခုကို လက်ခံရရှိလိုက်တယ်။ ချက်ချင်းပဲ သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်အံ့အားသင့်မှု တစ်ခု ပေါ်လာပြီး သူတို့ရဲ့ နတ်ဘုရား အာရုံနဲ့ ချက်ချင်း တုံ့ပြန်လိုက်တယ်။

“တကယ်လိုပ ငါ သေရမယ် ဆိုရင်တောင် မင်းတို့တွေ အောင်မြင်ခွင့် မပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ”

ခွေးနက်ကြီးက ရုတ်တရက် တရားမျှတတဲ့ လူတစ်ယောက် လေသံမျိုးနဲ့ ပြောလိုက်တယ်။

“သွားစို့”

မိုးပြာနဂါလေးကလည်း တင်းမာတဲ့ အမူအရာနဲ့ ပြောလိုက်တယ်။

“ဟွမ်း ဟွမ်း”

ဝက်ကလေးက အထင်သေးနေတယ်။ မင်းတို့ကောင်တွေ အားလုံးက သရုပ်ဆောင်ချည်းပဲ။

ခွေးနက်ကြီးနဲ့ မိုးပြာနဂါးလေးက ချာခနဲလှည့်လိုက်တယ်။ အဲဒီနောက် ဝက်ကလေးကို ဖမ်းဆွဲပြီး ကျွန်းရဲ့ အပြင်ဘက်ကို ဦးတည်လိုက်ပါတယ်။

ဘာတွေ ဖြစ်နေတာလဲ။

လူတိုင်းက မှင်သက်အံ့သြ သွားခဲ့တယ်။ သူတို့ရဲ့ အမြင်မှာ ခွေးနက်ကြီးတို့ သုံးကောင်က သေရမှာကို အရမ်းကြောက်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဖြစ်လို့ သူတို့က ရုတ်တရက် ဆုံးဖြတ်ချက် ပြတ်သားသွားတာလဲ။

“သူတို့ သွားပါစေ”

သူတို့ထဲက တစ်ယောက်က အေးစက်စွာ လှောင်ပြောင်သရော် လိုက်တယ်။

“ဝံပုလွေတွေ တိုက်ခိုက်တဲ့ အချိန်ကျမှပဲ သူတို့တွေ ဝရုန်းသုန်းကား ထွက်ပြေးပြီးတော့ သနားဖို့ အတွက် တောင်းပန်လာမလား ဆိုတာကို ကြည့်တာပေါ့”

အားလုံးက ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့် ဝံပုလွေ ခုနစ်ကောင်ပဲ ရှိတယ်ဆိုရင်တော့ ခွေးနက်ကြီးတို့မှာ အသက်ရှင်သန်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့လည်း အခုတော့ နောက်ထပ် ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေ တစ်ကောင် ရှိနေတယ် မဟုတ်လား။

ဟာသပဲ။ ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲတစ်ကောင်ရဲ့ မျက်စိအောက်ကနေ ထွက်ပြေး လွတ်မြောက်နိုင်ဖို့ ဆိုတာက စိတ်ကူးယဉ် ပုံပြင်တစ်ခုပဲ မဟုတ်လား။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။ ခွေးနက်ကြီးတို့က အလယ်ဗဟိုကနေ အဝေးကြီးထိ လျှောက်လာခဲ့ ပြီးပေမဲ့ ဝံပုလွေတွေ အားလုံးက ထိုင်ပြီးတော့ ကြည့်နေကာ ဘယ်သူမှ မတိုက်ခိုက်လာခဲ့ဘူး။

ဟင် ဘာတွေ ဖြစ်နေတာလဲ။

ကျွန်းရဲ့ အလယ်ဗဟိုင်က လူဆယ့်တစ်ယောက်လုံး အံ့အားသင့်ကုန်တယ်။ သူတို့တွေက ဒါကို လက်မခံနိုင်အောင် ဖြစ်နေပါတယ်။

ဒီသုံးကောင်လည်း တိရိစ္ဆာန်တွေ ဖြစ်တာကြောင့် မတူညီတဲ့ ဆက်ဆံမှုမျိုး ခံရတာလား။

ဒါပေမဲ့လည်း ဟိုခွေးကို မေ့လိုက်။ ဝံပုလွေတွေက ဝက်တွေကို စားတယ် မဟုတ်လား။

သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲသွားပြီး သူတို့က အသီးအရွက်စားတဲ့ အကောင်တွေ ဖြစ်လာတာလား။

ကမ်းစပ်ကို ရောက်လာတဲ့ အချိန်မှာ ခွေးနက်ကြီးက ရပ်ပြီးတော့ အဲဒီနောက် ချာခနဲ လှည့်လိုက်တယ်။

“သူတောင်းစားကောင်တွေ မင်းတို့တွေ အဘိုးခွေးရဲ့ အင်ပါယာ နည်းစနစ်ကို လိုချင်သေးလား”

ဒါ။

လူတိုင်းက အံ့ကိုကြိတ်လိုက်တယ်။ သူတို့က ဒီအမှန်တရားကို လက်မခံနိုင် ဖြစ်နေတုန်းပါ။

သူတို့ထဲက တစ်ယောက်က လမ်းလျှောက်ထွက်ဖို့ ကြိုးစားကြည့်ုလိက်ပေမဲ့ အန္တရာယ်ကင်းတဲ့ နေရာကနေ ထွက်လိုက်တာနဲ့ ဝံပုလွေ တစ်ကောင်က သူ့ပါးစပ်ကို ဟပြီးတော့ ငွေရောင် အလင်းတန်း တစ်ခုကို ထွေးထုတ်ကာ သူ့ကို တိုက်ခိုက်လာတာ မြင်လိုက်တယ်။

အဲဒီလူက အလျင်အမြန်ပဲ နောက်ဆုတ်ကာ အန္တရာယ်ကင်းတဲ့ နေရာကို ပြန်ဝင်သွားတယ်။

သူက လုံးဝကို မှင်သက်သွားတယ်။

ဝံပုလွေအုပ်က အသီးအရွက်စား သတ္တဝါတွေ အဖြစ်ကို ပြောင်းလဲသွားတာ မဟုတ်ရင် ဘာဖြစ်သွားတာလဲ။

Chapter 4521 end

All Chapters