အခန်း ၄၅၂၂
Vol. 225 Ch. 4522
အပိုင်း (၄၅၂၂) ထွက်ခဲ့စမ်း
“သူတောင်းစားတွေ မင်းတို့ အံ့သြသွားပြီလား”
ခွေးနက်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
“အဘိုးခွေးက ဘယ်လိုလူလဲ သိလား။ ခွေးတွေက ဝံပုလွေ မျိုးနွယ်ရဲ့ ခေါင်းဆောင်ပဲ။ ငါ့သွေးမျိုးဆက်က မြင့်မြတ်ပြီးတော့ ဝံပုလွေမျိုးနွယ်ထက် သာတယ်”
မင်းမေကြီးတော်။
အရင်က မင်းလည်း ဝံပုလွေအုပ်စုရဲ့ အမဲလိုက်တာ ခံရပြီးတော့ ဆိုးဆိုးဝါးဝါး ထွက်ပြေးခဲ့ရ သေးတာပဲ မဟုတ်လား။ ဘာဖြစ်လို့ မင်းက အခုချိန်ကျမှ အရမ်းကို မြင့်မြတ်နေသလို ဟန်ဆောင် နေတာလဲ။
ဒါပေမဲ့လည်း လူတိုင်းက ခေါင်းရှုပ်ကုန်တယ်။ ဘာဖြစ်လို့ ဝံပုလွေအုပ်က အခုချိန်မှာ ခွေးနက်ကြီးတို့ကို မတိုက်ခိုက်တာလဲ။
“မင်းတို့လို အမှိုက်တွေက အဘိုးနဂါးကို ခြိမ်းခြောက်ရဲတယ်ပေါ့”
မိုးပြာနဂါးလေးက တခြားသူတွေကို စကားစစ်ထိုးတာနဲ့ ပတ်သက်ပြီးတော့ ချမ်းသာပေးတတ်တဲ့ လူစားမျိုး မဟုတ်ပဲ လူတိုင်းကို လက်ညိုးထိုးလိုက်တယ်။
“အခု အဘိုးနဂါးရဲ့ အလှည့်ရောက်ပြီ”
“လာစမ်း။ အဘိုးနဂါးရဲ့ အရှေ့က ဒီအယုတ်တမာကောငတွေကို သေအောင် ကိုက်စမ်း”
ကံဆိုးတာက ဝံပုလွေအုပ်က ကျွန်းကို ဝိုင်းပဲဝိုင်းထားပြီး ဘယ်သူမှ တိုက်ခိုက်ဖို့ အမိန့်ကို မနာခံ ကြပါဘူး။
မိုးပြာနဂါးလေးက အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီးတော့ ဒေါသချောင်းချောင်း ထွက်သွားတယ်။ ဒါက သူ့ကို အများကြီး အနိုင်ကျင့်တာပဲ။
“ဟားဟား ခြေလေးချောင်းမြွေ မင်း မလုပ်နိုင်ပါဘူး”
ခွေးနက်ကြီးက သရော်လိုက်တယ်။
“မင်းတို့ကောင်တွေ ပြီးပြီလား”
ကျင့်ကြံသူ ဆယ့်တစ်ယောက်ထဲက သက်လတ်ပိုင်းအရွယ် ယောက်ျားက လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
“မင်းတို့ ဘယ်လို လှည့်ကွက်မျိုးတွေ ကစားနေတာလဲ။ ရှင်းအောင်ပြောမယ်။ ဒီလိုလုပ်လို့ ဘာအကျိုးရှိမှာလဲ”
ခွေးနက်ကြီးက နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ ပြောလိုက်တယ်။
“အဘိုးခွေးက ဘယ်တော့မှ အရှုံးကို ကြိတ်ပြီးတော့ ခံစားတတ်တဲ့ လူမဟုတ်ဘူး။ မင်းတို့က ငါတို့ကို ဖိအားပေးပြီးတော့ ထွက်သွားခိုင်းမှတော့ မင်းတို့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို မင်းတို့တွေ ပြန်ခံစားရအောင် လုပ်ပြမယ်”
“ဟားဟားဟားဟား”
ကျွန်းပေါ်က လူဆယ့်တစ်ယောက်လုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြတယ်။
ဝံပုလွေအုပ်က ခွေးနက်ကြီးတို့ကို ဘာဖြစ်လို့ မတိုက်ခိုက်ရလဲ ဆိုတာကို သူတို့ မသိပေမဲ့ သူတို့ ဆယ့်တစ်ယောက် ပေါင်းလိုက်တဲ့ အခါမှာ သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က ခွေးနက်ကြီးတို့ထက် အများကြီး သာလွန်ပါတယ်။ မဟုတ်ရင် သူတို့က ခွေးနက်ကြီးတို့ကို စောစောတုန်းကလို ဖိအားပေးရဲမှာ မဟုတ်ဘူး။
“မင်းက ငါတို့ကို ဘယ်လို မောင်းထုတ်မှာလဲ”
ဒီလူတွေက စပ်ဖြဲဖြဲ ရယ်မောကာ မေးလိုက်တယ်။
“ငါ့တာဝန်ထား”
ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေရဲ့ ခန္ဓာကိုယ်ကနေ အသံတစ်သံ ထွက်လာတယ်။
ဟင်။
ဒီလူတွေ အားလုံး အံ့အားသင့် သွားခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေ တစ်ကောင်က တကယ်ပဲ အသိဉာဏ် ရရှိလာခဲ့တာလား။
သူ့ရဲ့ အသိဉာဏ် ရင့်ကျက်လာတာနဲ့ သားရိုင်းတိရစ္ဆာန် တစ်ကောင် မဟုတ်တော့ပဲ နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သွားပါပြီ။
နတ်ဆိုးသားရဲတွေနဲ့ ကျင့်ကြံသူတွေက ရန်စ မရှိပါဘူး။ သူတို့တွေက အားကြိုးမာန်တက် ကျင့်ကြံအားထုတ်ပြီး နတ်ဘုရား နည်းစနစ်ကို အသုံးပြုနိုင်တယ်။ နောက်ပြီး သူတို့ရဲ့ အစစ်အမှန် ပုံစံကို ထုတ်ဖော်ပြီးတဲ့ နောက်မှာ သူတို့ရဲ့ ခံစစ်နဲ့ တိုက်ခိုက်မှု စွမ်းအားတွေ အမြန်နှုန်း အားလုံးက ကျင့်ကြံခြင်း အဆင့်တူမှာရှိတဲ့ ကျင့်ကြံသူတွေထက် သိသိသာသာ သာလွန်ကြတယ်။
ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲကြီး တစ်ကောင်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။
အဲဒီနောက် ဝံပုလွေကြီးက သူ့ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး ဝပ်ချလိုက်တယ်။
ဒါက လူတိုင်းကို သိချင်စိတ်တွေ ဖြစ်လာစေခဲ့တယ်။ ဒီဝံပုလွေရိုင်းကြီးက သူတို့ကို ဦးညွှတ်တာများ ဖြစ်နိုင်မလား။
အင်အားမသုံးခင် ယဉ်ကျေးပြတာလား။
အမ်။
ဒါက တကယ့်ကို ထူးဆန်းပြီးတော့ ရယ်စရာကောင်းပါတယ်။ ကြီးမြတ်သော အရှင်သခင် အဆင့် သားရဲကြီး တစ်ကောင်က သူတို့အရှေ့မှာ လေးလေးစားစားနဲ့ ခယဝပ်တွား နေတာလား။
ဒါပေမဲ့လည်း နောက်ဆက်တွဲ မြင်ကွင်းက သူတို့ရဲ့ မျက်လုံးတွေ ပြူးပြီးတော့ ပြုတ်ထွက်လုမတတ် အံ့အားသင့်စေခဲ့တယ်။
ဒီဝံပုလွေကြီးရဲ့ ကျောပေါ်မှာ တကယ်ပဲ လူတစ်ယောက် ထိုင်နေပါတယ်။
ဒီတော့မှ ဝံပုလွေကြီးက အသိဉာဏ် ရရှိထားတာ မဟုတ်ပဲ သူ့ကျောပေါ်မှာ ထိုင်နေတဲ့ လူက ပြောလိုက်တယ် ဆိုတာကို နားလည်သွားတယ်။
ဒါပေမဲ့ ဒါက သူတို့ကို ပိုပြီးတော့တောင် အံ့သြသွားစေခဲ့ပါတယ်။
ဒါက ကြီးမြတ်သော အ၇ှင်သခင်အဆင့် သားရဲတစ်ကောင် ဖြစ်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ ဖြစ်တာကြောင့် ကြည်ညိုလေးစားမှု တစ်ခုခုမှ မရှိနိုင်ပါဘူး။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန် တစ်ကောင်အဖြစ် ယဉ်ပါးအောင်လုပ်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မယုံနိုင်စရာပဲ။
“ဟန်ကလေး”
ခွေးနက်ကြီးတို့ သုံးယောက်စလုံး ပြေးလာကြတယ်။
“ကောင်စုတ်လေး နောက်ဆုံးတော့ မင်း ငါတို့ ပို့လိုက်တဲ့ သတင်းစကားကို ရသွားပြီပေါ့”
ဘာ သူတို့က တစ်ယောက်ကို တစ်ယောက် သိနေတယ်ပေါ့။
နောက်ဆုံးတော့ ဝံပုလွေအုပ်က ခွေးနက်ကြီးတို့ကို ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ ဆိုတာကို နားလည်သဘောပေါက် သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အရမ်းကို ကြမ်းတမ်းပြီးတော့ ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေကြီး တစ်ကောင်ကိုတောင် အိမ်မွေးတိရစ္ဆာန် ဖြစ်အောင် လုပ်ထားတဲ့ လူတစ်ယောက် ရှိနေလို့ပါ။
ရုတ်တရက် သူတို့အားလုံး တုန်လှုပ်သွားကြတယ်။
ဒီလိုမျိုး ကြမ်းတမ်းတဲ့ လူတစ်ယောက်ကို ရန်စပြီးတဲ့ နောက်မှာ သူတို့အတွက် ထွက်လမ်း ဆိုတာ ရှိပါဦးမလား။
လင်းဟန်က ခေါင်းညိတ်ပြီးတော့ အဲဒီနောက် လှောင်ပြောင်သရော်လိုက်တယ်။
“မင်းတို့တွေက အရမ်းကို အစွမ်းထက်နေကြတယ် မဟုတ်လား။ ဘာဖြစ်လို့ ငါ့ကို အကူအညီ တောင်းတာလဲ”
“ဟီးဟီးဟီး”
ခွေးနက်ကြီးတို့ သုံးကောင်လောက် အရှက်မဲ့တဲ့လူ ဆိုတာ ရှိနိုင်ပါ့မလား။ သူတို့က လင်းဟန် ဘယ်လောက်ပဲ သူတို့ကို သရော်သရော် ဘယ်လိုလုပ် ဂရုစိုက်မှာလဲ။ သူတို့အားလုံး အရှက်မရှိတဲ့ အပြုံးကိုယ်စီကို ပြုံးနေကြတယ်။
လင်းဟန်က စကားအဖြစ်သာ ပြောတာ ဖြစ်တာကြောင့် သူက သူတို့ကို ဘယ်လိုလုပ် တကယ် ကြိမ်းမောင်းမှာလဲ။
ဒါပေမဲ့လည်း သူတို့အရှေ့မှာ ဒီလူ ဆယ့်တစ်ယောက်ကျတော့ရော။
လင်းဟန်က သူ့ပါးစပ်ကို ဟပြီးတော့ ပြောလိုက်တယ်။
“မင်းတို့တွေ ထွက်မလာသေးဘူးလား”
ဒီလူတွေက အရမ်းကို စက်ဆုပ်စရာ ကောင်းလွန်းပါတယ်။ သူတို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားတဲ့ လူတွေ ဖြစ်ပေမဲ့ လုံခြုံတဲ့ နေရာကို ပြေးဝင်ပြီးတဲ့ အချိန်မှာ ခွေးနက်ကြီးတို့ကို ကန်ထုတ်ကြတယ်။ သူတို့က ခွေးနက်ကြီးတို့ ပိုင်ဆိုင်ထားတဲ့ အင်ပါယာ နည်းစနစ်ကိုတောင် တပ်မက်နေပြီး ဒီလိုမျိုး လုပ်ရပ်က လင်းဟန်ကို အရမ်းဒေါသ ထွက်လာ စေခဲ့တယ်။
ကမ္ဘာကြီးက မှောင်မိုက်နေပါပြီ။ ဒါကြောင့် အလင်းရောင် နည်းနည်းလေး မရှိသင့်ဘူးလား။
လူဆယ့်တစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီးတော့ သူတို့ခေါင်းတွေကို ခါလိုက်တယ်။
ဘယ်လိုဟာသလဲ။ တကယ်လို့ သူတို့ အခုချိန် ထွက်လိုက်မယ်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေတွေ လက်ချက်နဲ့ တစ်စစီ ဖြစ်သွားလိမ့်မယ် မဟုတ်လား။
အဲဒါက သေကြောင်းကြံတာပဲ။ သူတို့က ငတုံးတွေ မဟုတ်ဘူး။
“မင်း အရမ်းမလွန်လာနဲ့”
“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က သေချာပေါက် ငါတို့ထက် သာမှာ မဟုတ်ဘူး။ မင်းမှာ သားရဲတွေကို ယဉ်ပါးစေနိုင်တဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခု ရှိတာပဲ ဖြစ်မယ်”
“အန္တရာယ်ကင်းတဲ့ နေရာကနေ ငါတို့တွေ မထွက်လာရင် မင်းမှာ ကြီးမြတ်သော အရှင်သခင် အဆင့် အိမ်မွေးတိရစ္ဆာန် တစ်ကောင် ရှိနေရင်တောင် မင်း ငါတို့ကို ခြိမ်းခြောက်လို့ မရဘူး”
ဒီလူတွေက သူတို့အချင်းချင်း တီးတိုးပြောဆိုပြီး အဲဒီနောက် လင်းဟန်ကို တစ်ယောက်တစ်ပေါက် ပြောလာကြတယ်။
သူတို့တွေက ခေါင်းမာမာနဲ့ ခုခံနေဦးမှာလား။
လင်းဟန်က သူ့ခေါင်းကို ခါလိုက်ပြီးတော့ ကျွန်းရဲ့ အလယ်ဗဟိုဆီကို ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်လာခဲ့တယ်။
ကျွန်းပေါ်က လူဆယ့်တစ်ယောက်စလုံး နိုးနိုးကြားကြား ဖြစ်သွားတယ်။ သူတို့က တကယ်တော့ လင်းဟန်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ထိုးဖောက် မမြင်နိုင်တာကြောင့် သူတို့က အမှုမဲ့အမှတ်မဲ့ မနေရဲခဲ့ဘူး။
လင်းဟန်က သူ့လက်ချောင်းနဲ့ တစ်ချက် တောက်လိုက်တယ်။ ဘန်း။ လူတစ်ယောက်ရဲ့ ခေါင်းက ချက်ချင်းပဲ ပေါက်ကွဲထွက်ပြီး သွေးတွေ လွင့်စဉ်ကုန်တယ်။
လဗြွတ်။
ဒီမြင်ကွင်းကို မြင်လိုက်တော့ ကျန်နေတဲ့ လူဆယ်ယောက်စလုံး ကျောရိုးတွေ အေးစိမ့်လာသလို ခံစားရတယ်။
သောက်ကျိုးနည်း။ ဒါက ဂိုဏ်းအရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်ပဲ။
သူတို့တွေ ဆယ်ယောက် ရှိပေမဲ့ ဂိုဏ်းအရှင်သခင်အဆင့်ကို ရင်ဆိုင်ရမှာလား။
မဖြစ်နိုင်တာ။ သူတို့တွေ သေချာပေါက် တစ်ချက်တည်း အသတ်ခံရလိမ့်မယ်။
လင်းဟန်က သူ့လက်ကို နောက်တစ်ကြိမ် မြောက်လိုက်တာကို မြင်လိုက်ရတဲ့ အချိန်မှာ လူဆယ်ယောက်က သေးထွက်လုမတတ် ကြောက်လန့်သွားပြီး သူတို့အားလုံး ကျွန်းကနေ ပြေးထွက်လာကြတယ်။
သူတို့က လူစုခွဲကာ ထွက်ပြေးကြတယ်။ ဒီနည်းနဲ့ တကယ်လို့ သူတို့တွေ အနောက်ကနေ လိုက်ခံရမယ် ဆိုရင်တောင် အနည်းစုက အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်မှာ သေချာပါတယ်။
ဘယ်သူ ထွက်ပြေးလွတ်မြောက်မလဲ ဆိုတာကတော့ ကံတရားနဲ့ပဲ သက်ဆိုင်တယ်။
ဒါပေမဲ့လည်း သူတို့က ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲတစ်ကောင်လည်း ဒီနေရာမှာ ရှိနေတာကို မေ့နေကြတယ်။
ဝံပုလွေကြီးက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ခုန်အုပ်လိုက်တယ်။ ဆယ်ကြိမ်ပဲ ခုန်အုပ်လိုက်တာနဲ့ သူတို့ဆယ်ယောက်လုံး ကိုက်သတ်ခံလိုက်ရတယ်။
“ဒါမှ တကယ့်ကို ငါ့ဒေါသတွေ ပြေပျောက်တော့တယ်”
ခွေးနက်ကြီးက မုန်းတီးစွာ ပြောလိုက်တယ်။ အရင်က သူတို့တွေဟာ ဒီလူတွေနဲ့ ယှဉ်တွဲကာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတော့ သူတို့တွေကို ပြန်ကိုက်တာ ခံရတယ်။ ဒီအတွက် ဘယ်သူမဆို ဒေါသထွက်မှာပဲ။ ခွေးနက်ကြီးတို့လို အကောင်တွေဆို ပိုဆိုးပေါ့။
“သွားစို့။ ဒီနေရာကနေ ထွက်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်”
လင်းဟန်က လက်ယပ်ခေါ်လိုက်ပြီး ခွေးနက်ကြီးတို့ကို ဝံပုလွေကြီးရဲ့ ကျောပေါ်တက် ထိုင်ဖို့ ခေါ်လိုက်တယ်။
“ဟားဟား မင်းရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးပဲ”
ခွေးနက်ကြီးတို့က ဝံပုလွေကြီးကိုတောင် နှုတ်ဆက်လိုက်ကြတယ်။
ဝံပုလွေကြီးက သူ့ရဲ့ ကြီးမြတ်သော အရှင်သခင်အဆင့် အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ဝံပုလွေ သားရဲ ခုနစ်ကောင်ကလည်း ချက်ချင်းပဲ ချာခနဲလှည့်ကာ ထွက်ပြေးသွားကြတယ်။
ဝံပုလွေမျိုးနွယ်မှာ တင်းကျပ်တဲ့ ဝါစဉ် တစ်ခု ရှိပါတယ်။ ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေက အဆင့်နိမ့် ဝံပုလွေတွေကို ကိုယ့်ကိုကိုယ် သတ်သေအောင် လုပ်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် ဝံပုလွေ ခုနစ်ကောင်က ခွင့်ပြုချက်ရတာနဲ့ တန်းပြီးတော့ ထွက်ပြေးသွားကြတယ်။
လင်းဟန်လည်း ဝံပုလွေကြီးကို ရှေ့ဆက်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။
သူက အရပ်မျက်နှာ သိစရာ မလိုပါဘူး။ ဒီဝံပုလွေကြီး လမ်းမပျောက်သရွေ့တော့ အဆင်ပြေပါတယ်။ သူတို့က မြူခိုးပင်လယ်ကနေ အရှေ့တည့်တည့်ကို ဦးတည်လာရင်ပဲ အပြင်ကို ထွက်နိုင်မှာ သေချာတယ်။ အဲဒီအချိန်ကျရင် သူတို့က လုံခြုံစွာနဲ့ ထွက်သွားနိုင်စွမ်း ရှိမှာပါ။
ဝံပုလွေကြီးက လေထဲမှာ ဖြတ်ပျံသန်းနေခဲ့တယ်။ သူ့အမြန်နှုန်းက မယုံနိုင်စရာကောင်းပြီး အလင်းတန်း တစ်ခုလိုပဲ။
တကယ်တော့ ဒါဟာ ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက် ဖြစ်ပါတယ်။
ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေက သူတို့အတွက် လမ်းရှင်းပေးတာကြောင့် သူတို့က ချောချောမွေ့မွေ့ ခရီးဆက်လာခဲ့တယ်။ နှစ်ရက်ခန့် ခရီးထွက်လာပြီးတဲ့ နောက်မှာ ဝံပုလွေကြီးက ရပ်သွားခဲ့တယ်။
ဟင်။
လင်းဟန်က အရှေ့ကို ကြည့်လိုက်တော့ အရိပ်တစ်ခုကို ဝိုးတိုးဝါးတား တွေ့လိုက်ရတယ်။
သူက သိချင်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဝံပုလွေကြီးကို ရပ်လိုက်ဖို့ အမိန့် မပေးခဲ့ပါဘူး။
သူတို့အရှေ့မှာရှိတဲ့ လူက အရမ်းကို အစွမ်းထက်လွန်းတာကြောင့် ဝံပုလွေကြီးတောင် စိုးရိမ်ပူပန်မှု ခံစားနေရတာလား။
ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင် တစ်ယောက်လား။
ဒါမှမဟုတ် သူတော်စင် တစ်ယောက်လား။
ဒီအချိန်မှာ သူ့အရှေ့က အရိပ်ဟာ အနားကို ကပ်လာပြီး သိပ်မကြာခင် လင်းဟန်ရဲ့ အရှေ့မှာ လူငယ် တစ်ယောက် ပေါ်လာခဲ့တယ်။
သူ့နေရာကြောင့် သူက လင်းဟန်ကို မော့ကြည့်ရပေမဲ့ သူ့မျက်နှာပေါ်မှာ မယုံနိုင်စရာကောင်းတဲ့ ယုံကြည်မှုရှိခြင်း အမူအရာတစ်ခု ရှိနေတယ်။ သူက ဒီအတွက်ကြောင့် ဘာကိုမှ ခံစားရပုံ မပေါ်ဘူး။
“မင်းဘယ်သူလဲ”
“မင်းဘယ်သူလဲ”
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တပြိုင်နက်တည်း မေးလိုက်ကြတယ်။
Chapter 4522 end