အခန်း ၄၅၂၃
Vol. 225 Ch. 4523
အပိုင်း (၄၅၂၃) တိဝူကျိ
လူငယ်က တစ်ချက်ပြုံးလိုက်ပြီးတော့ ပြောလိုက်တယ်။
“ဒီနေရာရဲ့ ပိုင်ရှင်အနေနဲ့ မင်းတို့ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီးတော့ ငါက မေးမြန်းဖို့ ပိုပြီးတော့ သင့်တော်တယ် မဟုတ်လား”
ဘာ သူက ဒီနေရာရဲ့ ပိုင်ရှင်လား။
လင်းဟန်က စိတ်ထဲကနေ ကျိတ်ပြီးတော့ အံ့အားသင့် သွားခဲ့တယ်။ ဒါက ဘယ်လောက် မယုံနိုင်စရာ ကောင်းလိုက်လဲ။
ဒါပေမဲ့လည်း သူ့စကားတွေကို မယုံကြည်လို့ မရပါဘူး။
ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ ဝံပုလွေကြီးရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။
ဒီလူငယ်က ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်ပါတယ်။ ဒါကိုတော့ သူက တစ်ရာရာခိုင်နှုန်း အာမခံတယ်။ ဒါကြောင့် ဝံပုလွေကြီးက ဒီလူငယ်ရဲ့ ခွန်အားကြောင့် အရင်ဆုံး ရပ်တန့်လိုက်တာ မဟုတ်ပဲ သူ့ကို သတိပြုမိတာကြောင့် ဖြစ်တယ်။
ပြဿနာက ဒီလူငယ်နဲ့ ပတ်သက်ပြီး ဝံပုလွေကြီးရဲ့ မှတ်ဉာဏ်ထဲမှာ ဘာသတင်း အချက်အလက်မှ ရှာမတွေ့ခဲ့ဘူး။ ကြည့်ရတာ ဒီဝံပုလွေကြီးက ကြည်ညိုခြင်းကို မသိစိတ်ကနေ ခံစားရမှုသက်သက် ဖြစ်ပါလိမ့်မယ်။
စိတ်ဝင်စားစရာပဲ။
လင်းဟန်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လက်ခနဲ ပေါ်လာခဲ့တယ်။ အရင်က သွေးပင်လယ်နဲ့ ယင်မြစ်လိုမျိုး ထူးဆန်းတဲ့ ကုန်းမြေတွေရဲ့ အုပ်ချုပ်သူတွေ ပေါ်လာခဲ့တယ်။ ဒီနေရာမှာလည်း သူတို့ထဲက တစ်ယောက် ပေါ်လာနိုင်မလား။
“ငါ့နာမည် လင်းဟန်”
သူက အသာလေး ပြုံးလိုက်တယ်။
“လင်းဟန် ဟုတ်လား”
လူငယ်က အံ့အားသင့်တဲ့ အမူအရာတစ်ခု ပေါ်သွားပြီး အဲဒီောနက် သူလည်း ပြုံးလိုက်တယ်။
“ငါ မင်းအကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကောလာဟလတွေ အရတော့ မင်း သေသွားပြီဆို”
လင်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
“ကောလာဟလတွေက ငါက အရမ်းကို မျက်နှာပြောင်လွန်းတယ်လို့လည်း ပြောတာပဲ”
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ မျက်လုံးပြူးသွားတယ်။ မင်းက တကယ်ပဲ အရမ်းကို အရှက်မရှိတဲ့ကောင်လေ။ ဒါက ကောလာဟလတွေနဲ့ လုံးဝကို မဆိုင်ဘူး။
လူငယ်က လင်းဟန်ကို ခေါင်းညိတ်ပြကာ ပြောလိုက်တယ်။
“ငါ့နာမည် တိဝူကျိ”
တိ ဟုတ်လား။
တိ မျိုးရိုးနဲ့ လူတစ်ယောက် တကယ်ပဲ ရှိပြီးတော့ အဲဒါက ဝံပုလွေ နတ်ဆိုး ဧကရာဇ် ဖြစ်ပါတယ်။
ဟင် ဒီနေရာက ဝံပုလွေတွေနဲ့ ပြည့်နေပြီး ကြီးမြတ်သော အရှင်သခင်အဆင့် သားရဲကြီးတွေတောင် ရှိနေတယ်။ ဒါက နတ်ဆိုးဝံပုလွေ အင်ပါယာကလန်များလား။
“ကျုပ် အရဲစွန့်ပြီးတော့ မေးပါရစေ။ အစ်ကိုတိ ဒါက ဘာနေရာလဲ”
တိဝူကျိက အသာလေး ပြုံးလိုက်တယ်။
“အစ်ကိုလင်းလည်း နည်းနည်းတော့ ခန့်မှန်းမိလောက်မှာပါ။ ဒါပေမဲ့ ဒီနေရာက နတ်ဆိုးဝံပုလွေ အင်ပါယာကလန်တော့ မဟုတ်ပေမဲ့ တခြားနေရာတစ်ခုနဲ့ ပတ်သက်မှုရှိတယ်။ အစ်ကိုလင်းက တကယ်ပဲ ဝံပုလွေ မျိုးနွယ်ကို ဘာကြောင့် ထိန်းချုပ်နိုင်စွမ်း ရှိနေတာလဲ ဆိုတာကို ငါ သိလို့ ရမလား”
သူက သူ့ဝံပုလွေအုပ်ဟာ ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲ ဆိုတာကို သိပါတယ်။ သူတို့ကို ဖိနှိပ်နိုင်တဲ့ သူ့ကိုယ်ပိုင် သွေးမျိုးဆက်ကလွဲရင် တခြားဘယ်သူကမှ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
လင်းဟန်ရဲ့ စိတ်ထဲမှာ အတွေးတွေ ပလုံစီသွားခဲ့တယ်။ ဒါက နတ်ဆိုးဝံပုလွေ အင်ပါယာ ကလန် မဟုတ်ဘူးလား။
ဒါပေမဲ့လည်း ဒီနေရာမှာ ဝံပုလွေတွေက မရေမတွက်နိုင်အောင် ရှိနေပြီး သူတောင်မှ အရပ်မျက်နှာ အာရုံခံနိုင်မှု ဆုံးရှုံးခဲ့ရတယ်။ ဒါဟာ မဟာဧကရာဇ်အဆင့် ဝင်္ကပါ တစ်ခုကြောင့်များ ဖြစ်နိုင်မလား။
အင်ပါယာကလန်ကလွဲရင် တခြားဘယ်နေရာမှာများ ဧကရာဇ်အဆင့် ဝင်္ကပါတွေ ရှိနိုင်မှာလဲ။
နောက်ပြီး သူက မြေကြီးကို တူးဆွခဲ့ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါ တစ်ခုက မြေကြီးထဲက စိမ့်ထွက်လာပြီး သူ့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်ပါတယ။်
ဒါကြောင့် ဒီနေရာက တကယ်ပဲ နတ်ဆိုးဝံပုလွေ အင်ပါယာကလန် မဟုတ်ဘူးလား။
တိဝူကျိက သူ့ကို အကုန်လုံး အမှန်အတိုင်း ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် တစ်ဖက်လူက ဒီခေါင်းစဉ်ကို ရှောင်နေလိမ့်မှာ မဟုတ်ဘူး။
လင်းဟန်က ပြုံးပြီးတော့ ပြောလိုက်တယ်။
“အော် ငါ့မှာ ထူးခြားတဲ့ သဘာ၀ စွမ်းရည်တစ်ခုရှိပြီး သားရဲတွေ အားလုံးကို ထိန်းချုပ်နိုင်တယ်”
သူက တမင်သက်သက် ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးဘက်ကို တစ်ချက် ဝှေ့ကြည့်လိုက်တယ်။ ဒီသုံးကောင်က ဘယ်လိုလုပ် သူ့ရည်ရွယ်ချက်ကို နားမလည်ပဲ နေနိုင်မှာလဲ။ ချက်ချင်းပဲ သူတို့အားလုံးက လေးစားတဲ့ အမူအရာတွေ ပြင်လိုက်တယ်။
“ဝုတ် ဝုတ်”
“အောင်း”
“ဂူး ဂူး”
ခွေးဟောင်သံ၊ နဂါးဟိန်းသံနဲ့ ဝက်တစ်ကောင် အော်မြည်သံက သူတို့တွေ လင်းဟန်ကို အညံ့ခံတာကို ဖော်ပြနေတဲ့ အတိုင်းပါပဲ။
တိဝူကျိ။
“….”
သူက ရုတ်တရက် ရူးတော့မလို ခံစားလိုက်ရတယ်။
မင်းက စည်းကမ်းအတိုင်း ကစားနေတာလည်း မဟုတ်ဘူး။ ဒီသုံးကောင်က သားရဲတွေ ပုစံရှိပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ မဟုတ်ပဲ နတ်ဆိုး သားရဲတွေ ဆိုတာ သိသာနေတာပဲ။
သားရဲ ထိန်းချုပ်မှု ကျွမ်းကျင်တယ်ဆိုတာက တကယ်တော့ မရှိဘူး။
“ဟားဟား ကောလာဟလတွေက မမှားဘူးပဲ။ မင်းက တကယ်ပဲ အရမ်းကို အရှက်မဲ့တာပဲ”
တိဝူကျိက သက်ပြင်းချလိုက်တယ်။
လင်းဟန်က လေးနက်တဲ့ အမူအရာတစ်ခုနဲ့ မှန်ကန်စွာ ကြိမ်းမောင်းလိုက်တယ်။
“ဘယ်သူပြောတာလဲ။ ဒါ ဘယ်သူပြောလဲ။ ငါ သူ့ကို အကြောင်းရင်း ပြောပြချင်တယ်။ ငါ့နောက်ကွယ်မှာ ဘယ်လိုလုပ် ငါ့ကို စွပ်စွဲရတာလဲ”
ခွေးနက်ကြီးတို့ အားလုံးက ရယ်မောလိုက်တယ်။ တကယ်လို့ မင်းမှ အရှက်မရှိတဲ့လူ မဟုတ်ဘူးဆိုရင် ဒီကမ္ဘာကြီးထဲမှာ အရှက်မရှိတဲ့ လူဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
တိဝူကျိက သူ့ခေါင်းကို ခါပြီးတော့ ဒီခေါင်းစဉ်ကို ဆက်ပြီးတော့ ပြောမနေတော့ဘူး။ အဲဒီအစား သူက မေးလိုက်တယ်။
“အစ်ကိုလင်း မင်းမှာ ဦးချိုတစ်ခု ရှိတယ် မဟုတ်လား”
ဟမ်။
လင်းဟန်က တစ်ကိုယ်လုံး တောင့်သွားတယ်။ အပြင်လူတွေက သူ ဦးချိုတစ်ချောင်း ပိုင်ဆိုင်ထားတယ် ဆိုတာကို မသိပါဘူး။
နောက်ပြီး သူက တိလျှိုကို ထိန်းချုပ်ဖို့ ဦးချိုကို အသုံးပြုပြီးတဲ့ နောက်မှာ နတ်ဆိုးဝံပုလွေ အင်ပါယာ ကလန်က အနည်းငယ် ခေါင်းစားနေတုန်း ဖြစ်ပြီးတော့ ဘာတွေ ဖြစ်သွားတာလဲ ဆိုတာကို မသိသေးပါဘူး။
ဒါပေမဲ့ တိဝူကျိကျတော့ သူက ဘာကြောင့် ချက်ချင်းကြီး မှန်မှန်ကန်ကန် ခန့်မှန်းနိုင်တာလဲ။
မဟာဧကရာဇ် ဦးချိုက ဝံပုလွေ ဧကရာဇ်ရဲ့ အရိုးတွေကနေ သွန်းလုပ်ထားတယ်လို့ သံသယ ရှိနေတာ ကြာပါပြီ။ အဲဒါကြောင့်ပဲ ဝံပုလွေမျိုးနွယ်တွေရဲ့ အဖိုးတန် ပစ္စည်း ဖြစ်နေပြီး အင်ပါယာ သားတော်တွေကိုတောင် လွှမ်းမိုးနိုင်တာ ဖြစ်တယ်။
ဒါပေမဲ့လည်း ထူးဆန်းတာက နတ်ဆိုးဝံပုလွေ အင်ပါယာကလန်က မဟာဧကရာဇ် ဦးချို အကြောင်းကို သိပုံမပေါ်ပါဘူး။ အဲဒီအစား နတ်ဆိုးမျိုးနွယ်ကျတော့ စကားတစ်ခွန်းတည်းနဲ့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တယ်။
လဗြွတ်။ တိဝူကျိက ရှေးခေတ်က လာခဲ့တာကြောင့် ဝံပုလွေမျိုးနွယ်ရဲ့ တခြားသူတွေဆီ လက်ဆင့်ကမ်း သင်ပေးထားခြင်း မရှိတဲ့ လျှို့ဝှက်နည်းစနစ် အများအပြားကို နားလည် တတ်ကျွမ်းနေတာလား။
“မရှိပါဘူး”
လင်းဟန်ရဲ့ စိတ်ထဲမှာ အကြံတွေ ထုတ်နေပေမဲ့ သူ့အဖြေကတော့ တုံ့ဆိုင်းခြင်း မရှိပါဘူး။
“အဲဒီဦးချိုက ဘာများအသုံးဝင်လို့လဲ။ ဝံပုလွေမျိုးနွယ်ကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား”
တိဝူကျိက ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။
“ဒီဦးချိုက ငါ့အဖေ သူကိုယ်တိုင် အရိုးတစ်ချောင်းကို ထုတ်ပြီးတော့ လုပ်ထားတာ။ ဝံပုလွေ မျိုးနွယ်ကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိတာက သဘာဝပါပဲ”
ငါ့အဖေ။
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ အားလုံးက တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိတယ်။
ဒီကောင်က ဝံပုလွေ ဧကရာဇ်ရဲ့ သားလား။
သောက်ကျိုးနည်း။
ရွှေရောင်မျိုးဆက်က အတိတ်တုန်းက မဟာဧကရာဇ်ရဲ့ အဆင့်နဲ့ နီးကပ်တယ်လို့ ပြောဆိုကြပေမဲ့ သူတို့အားလုံး နောက်ပိုင်းကျ အထိုးကြိတ်ခံရတာပါပဲ။ သူတို့တွေက ယန်ရီဟွမ်နဲ့ တခြား ပါရမီရှင်ဟောင်းတွေရဲ့ အထင်အမြင်သေးခြင်းကိုတောင် ခံရပြီး သူတို့ကိုယ်သူတို့ မြှောက်ပင့် နေတယ်လို့ တွေးထင်ခံရပါတယ်။ သူတို့ဟာ အတိတ်တုန်းက မဟာဧကရာဇ်တွေထက် အများကြီး နိမ့်ကျပါတယ်။
ဒါပေမဲ့ အခုတော့ သူတို့အရှေ့မှာ ရပ်နေတဲ့လူက မဟာဧကရာဇ် တစ်ယောက်ရဲ့ သား ဖြစ်နိုင်ချေ ရှိနေတာလား။
ဒါက မိုးပြာနဂါးလေးနဲ့ ငှက်နီလေးတို့နဲ့ အဆင့်အတန်း တူညီတဲ့ လူတစ်ယောက် ဖြစ်တယ်။ နောက်ပြီး သူ့ပုံစံက တချိန်လုံး လျှို့ဝှက်စွာနဲ့ ပြောင်းလဲတိုးတက်နေပုံ ပေါ်ပြီးတော့ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာပဲ နေခဲ့တယ်။ မိုးပြာနဂါးလေးလို သူ မွေးလာတာတော့ သူ့အဖေကို ဆုံးရှုံးလိုက်ရပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေ မရှိတဲ့ လူနဲ့ မတူပါဘူး။
လင်းဟန်က ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်တယ်။
“ဒီတော့ မင်းက မဟာဧကရာဇ်ရဲ့ သားပေါ့”
တိဝူကျိက မငြင်းဆန်ပဲ ဖြေရမဲ့အစား မေးလိုက်တယ်။
“အစ်ကိုလင်း ဦးချို ငါ့ကို ပြန်ပေးနိုင်မလား။ ဒါပေါ့။ ငါ အစ်ကိုလင်းအတွက် လျော်ကြေးအနေနဲ့ ရတနာတချို့ကို ထုတ်ပေးပါမယ်”
“ဘာရတနာလဲ”
လင်းဟန်က တဲ့တိုးပဲ မေးလိုက်တယ်။
အခြေအနေတွေက ဒီအထိ ရောက်လာမှတော့ သူ့မှာ မဟာဧကရာဖ် ဦးချို မရှိဘူးလို့ ဆက်ပြီးတော့ ပြောနေရင် တကယ့်ကို အနိုင်ကျင့်သလို ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် သူက သူ့ရပ်တည်ချက်ကို တိုက်ရိုက်ပဲ ဖော်ပြလိုက်တယ်။
တိဝူကျိက ခဏလောက ်စဉ်းစားလိုက်တယ်။
“အစ်ကိုလင်းက လက်ရှိ ဂိုဏ်းအရှင်သခင် တစ်ယောက်ဆိုတော့ အစ်ကိုလင်းကို ကြယ်ရှစ်ပွင့် နတ်ဘုရားချီ ခုနစ်ခုပေးမယ်လေ။ ဘယ်လိုသဘောရလဲ”
နတ်ဘုရားချီက တကယ်ပဲ လင်းဟန် အတွက်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ကြယ်ရှစ်ပွင့် နတ်ဘုရားချီ ဖြစ်မယ်ဆိုရင် သူက ဆေးလုံးသန့်စင်ပြီးတော့ ကြယ်ကိုးပွင့် အဖြစ်ကို တိုးမြှင့်နိုင်စွမ်း ရှိပါတယ်။
ပြဿနာ ရှိတာက နတ်ဘုရားချီရဲ့ အရည်အသွေးကို တိုးမြှင့်နိုင်စွမ်း ရှိတာက လင်းဟန်ရဲ့ စွမ်းရည် ဖြစ်ပါတယ်။ အဲဒီနောက် ကြယ်ရှစ်ပွင့် နတ်ဘုရားချီ ခုနစ်ခုကို မဟာဧကရာဇ် တစ်ယောက် ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ်ထားတဲ့ ရတနာ တစ်ခုနဲ့ လဲလှယ်ရမှာလား။
လင်းဟန်က သေချာပေါက် အကျိုးအမြတ် နည်းပြီးတော့ ကြီးကြီးမားမားကို အကျိုးအမြတ် နည်းပါလိမ့်မယ်။
သူ့အမူအရာက လေးနက်လာပြီးတော့ သူက ပြောလိုက်တယ်။
“အစ်ကိုတိ မင်းက အရမ်းကို မမျှမတ လုပ်လွန်းတယ်”
ဟင် အဖြစ်အပျက်တွေ အပြောင်းအလဲက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ်။
တိဝူကျိရဲ့ မျက်နှာက တစ်ချက် ရှုံ့မဲ့သွားတယ်။ အဲဒီနောက် သူက တီးတိုးရေရွတ်လိုက်တယ်။
“ငါက ဘယ်နေရာမှာ မမျှမတ လုပ်လို့လဲ”
“အဲဒီဦးချိုက အစ်ကိုတိရဲ့ အဖေ ချန်ထားခဲ့တယ်ဆိုမှတော့ ကိုယ်တိုင်က ရတနာတစ်ခု ဖြစ်တဲ့အပြင် အဲဒါက အမွေအနှစ်တစ်ခုပဲ။ ဒီတော့ အစ်ကိုတိက အဲဒီပစ္စည်းအတွက် လဲလှယ်ဖို့ အရာအားလုံး သုံးသင့်တယ်”
လင်းဟန်က လေးနက်စွာ ပြောလိုက်ပြီး သူ့မျက်နှာက ဒေါသတွေနဲ့အတူ ပြည့်လာခဲ့တယ်။
“ဒီအမွေအနှစ် ပစ္စည်းအတွက် အစ်ကိုတိက ပိုပြီးတော့ သုံးလေ အစ်ကိုတိရဲ့ အဖေ့အပေါ် လေးစားမှုက ပိုပြီးတော့ များလေပဲ။ ဒါကို သဘောတူတယ် မဟုတ်လား”
တိဝူကျိက ဘာပြောလို့ ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့တယ်။
ဘယ်လိုလုပ် သူက ဒါကို ရင်ဆိုင်ကိုင်တွယ်ရမလဲ။
တကယ်လို့ သူက သဘောတူလိုက်ရင် လင်းဟန်က ကြီးကြီးမားမား တောင်းဆိုမှုတစ်ခု လုပ်မှာကို စောင့်နေရလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ သူက သဘောမတူဘူးဆိုရင် ကျေးဇူးမသိတတ်တဲ့ သားတစ်ယောက်အဖြစ် သူက နာမည်ကြီးသွားမယ်။
သူက ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။
“အစ်ကိုလင်း မင်းရဲ့ စကားပြောဆို ကျွမ်းကျင်မျုကတော့ တကယ့်ကို အထင်ကြီးစရာပဲ”
ဟုတ်တယ်လေ။
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ အားလုံးက စိတ်ထဲကနေ ကျိတ်ပြီးတော့ ခေါင်းညိတ်လိုက်ကြတယ်။ ဒါပေမဲ့လည်း ခွေးနက်ကြီးက ချက်ချင်းဆိုသလို ဝင်စွက်ဖက်ကာ ပြောလာတယ်။
“အစ်ကိုကြီး ဒီဘဝမှာ ကျေးဇူးသိတတ်တဲ့ သားတစ်ယောက် ဖြစ်ဖို့က အရေးအကြီးဆုံး အရာပဲ”
အစ်ကိုကြီး ဟုတ်လား။
တိဝူကျိရဲ့ မျက်နှာက တစ်ချက် ရှုံ့မဲ့သွားတယ်။ သူက ဝံပုလွေမျိုးနွယ် အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့ သူက သံမဏိ အတွင်းခံလိုမျိုး ဝတ်ဆင်ထားပြီး တစ်ချက်ကြည့်လိုက်တာနဲ့ ဆိုးယုတ်တဲ့ ပုံစံမျိုးရျိတဲ့ ခွေးတစ်ကောင်နဲ့တော့ မိသားစုချင်း မတူပါဘူး။ ဟုတ်တယ်မလား။
Chapter 4523 end