← Chapters

အခန်း ၄၅၂၄

Vol. 225 Ch. 4524

အခန်း ၄၅၂၄

Vol. 225 Ch. 4524

အပိုင်း (၄၅၂၄) တိုက်

ခွေးနက်ကြီးရဲ့ အမူအရာက ရိုးသားမှုတွေနဲ့ ပြည့်နေပြီး တိဝူကျိကို သူ့ရဲ့ ညီအစ်ကို တစ်ယောက်လို တကယ်ပဲ သတ်မှတ်ထားတဲ့ ပုံစံမျိုး ပေါက်နေတယ်။

တိဝူကျိအတွက် အကောင်းဆုံး မြင်ကွင်းက သူ့ဝံပုလွေအသွင်သဏ္ဍာန် ပြန်ပြောင်းဖို့ပဲ ရှိတယ်။ သူတို့က နှာခေါင်းကို ကုတ်ပြီးတော့ အမြီးတွေ ဝှေ့ယမ်းနိုင်ပါတယ်။ သူတို့ဟာ တကယ့်ကို သဟဇာတ ဖြစ်လိမ့်မယ်။

တိဝူကျိရဲ့ အမူအရာက အကျည်းတန်သွားတယ်။

သူ့ရဲ့ ရန်လိုမှုက အရမ်းကို နက်ရှိုင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တကယ်တော့ သူဟာ မဟာဧကရာဇ် တစ်ပါးရဲ့ သားဖြစ်တာကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှုက ဘယ်လိုလုပ် အားနည်းမှာလဲ။ နောက်ပြီး သူက တစ်ခေတ်ပြီး တစ်ခေတ် အတွေ့အကြုံတွေ ရရှိထားတာကြောင့် သာမန်အင်ပါယာ သားတော်တွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ဒါပေမဲ့လည်း ဒီအခိုက်အတန့်မှာ သူက ရူးတော့မလို ခံစားရတယ်။

လင်းဟန်နဲ့ ခွေးနက်ကြီးတို့ နှစ်ယောက်စလုံးက သောက်ကျိုးနည်းအောင် ခန့်မှန်းလို့ မရပါဘူး။ သူက အချိန်အကြာကြီး ရှင်သန်နေထိုင်ခဲ့ပေမဲ့ ဒီလိုမျိုး လူတွေကို တစ်ခါမှ မမြင်ဖူးဘူး။

သူက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်တယ်။

“ကြယ်ရှစ်ပွင့် နတ်ဘုရားချီ ဆယ်ခု”

လင်းဟန်က ချက်ချင်းပဲ မကျေမချမ်း ဖြစ်သွားပုံ ပေါ်ပါတယ်။ သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူက ပြောလိုက်တယ်။

“အစ်ကိုတိ မင်းက မင်းအဖေအပေါ်မှာ တကယ့်ကို ကျေးဇူးမသိတတ်တဲ့ သားတစ်ယောက်ပဲ။ ငါ အမုန်းဆုံးက ကျေးဇူးမသိတတ်တဲ့ လူတွေပဲ”

သူက ချာခနဲလှည့်ကာ ခွေးနက်ကြီးတို့ သုံးယောက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်။

“သွားကြစို့”

လဗြွတ်။

တိဝူကျိက နောက်ဆုံးတော့ ဆက်ပြီးတော့ သည်းမခံနိုင်တော့ပဲ သူ့အမူအရာက ပြောင်းလဲသွားကာ သူက ဆက်ပြောလိုက်တယ်။

“အစ်ကိုလင်း မမေ့နဲ့။ အဲဒီပစ္စည်းက အစတုန်းက ငါတို့ တိကလန် ပိုင်ဆိုင်ထားတာ”

“အစ်ကိုတိ မင်းပြောတာ မှားနေပြီ”

လင်းဟန်က လေးနက်တဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တယ်။

“အဲဒီဦးချိုပေါ်မှာ ဧကရာဇ်ရဲ့ မျိုးရိုင်းနာမည်ကို မရေးထားဘူး။ နောက်ပြီး ငါက အဲဒါကို ခိုးလာတာလည်း မဟုတ်သလို လုလာတာလည်း မဟုတ်ဘူး။ ငါ့ကိုယ်ပိုင် စွမ်းရည်တွေနဲ့ ရလာတာ။ ဒါကြောင့် အဲဒါကို ငါပိုင်တယ်”

“အစ်ကိုတိရဲ့ သဘောတရားအရဆိုရင် ငါပိုင်ဆိုင်ထားတဲ့ အရာတွေကို ငါ ပြန်ယူနိုင်တယ်။ ဒါဆိုရင် ငါ မင်းကို ရောင်းလိုက်ရင် ငါပြန်ယူမယ် ပြီးရင် မင်းကို ပြန်ရောင်းမယ်။ ပြီးရင် ပြန်ယူမယ်”

အသက်တစ်ရှိုက်စာ အတွင်းမှာ သူက မင်းကိုရောင်းမယ် ပြီးရင် ပြန်ယူမယ်ဆိုတဲ့ စကားကို အကြိမ်များစွာ ပြောခဲ့တယ်။ အဲဒီနောက် သူက စကားစ ခဏဖြတ်လိုက်ပြီးတော့ ခွေးနက်ကြီးဆီ လှမ်းကြည့်လိုက်တယ်။

“အခုဆို သူ ငါတို့မှာ အကြွေးဘယ်လောက် တင်နေပြီလဲ”

ခွေးနက်ကြီးက ဟိတ်ဟန်တစ်ချက် ထုတ်ပြီးတော့ သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ချိုးပြီးတော့ ရေတွက်လိုက်တယ်။ အဲဒီနောက် သူက ပြောလိုက်တယ်။

“နတ်ဘုရားချီ တစ်သိန်းကျော်လောက် ရှိလိမ့်မယ်”

လင်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။

“ဒါဆိုရင် သူ့ကို လျော့ဈေးတစ်ခု ပေးတာပေါ့။ ပိုနေတဲ့ အစွန်းထွက်တွေကို ဘေးဖယ်ထားပြီးတော့ တစ်သိန်းပဲ ထားလိုက်မယ်”

တိဝူကျိက နောက်ဆုံးတော့ ဒေါသထွက်လာခဲ့တယ်။ သူ့နဖူးပေါ်မှာ သွေးကြောတစ်ခု ထောင်လာတယ်။ ဝုန်း။ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရှိန်အဝါတစ်ခု ပျံ့နှံ့လာပြီး သူ့အနောက်မှာ တကယ်ပဲ ကြယ်ခုနစ်ပွင့် ပုံသဏ္ဍာန်ပေါ်လာကာ ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုကို ထုတ်လွှတ်နေတယ်။

ဒီအင်ပါယာသားတော်က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့လူ မဟုတ်ဘူး။

လင်းဟန်ရဲ့ နှလုံးသားက ချက်ချင်းပဲ မွန်းကျပ်လာခဲ့တယ်။ ဒီကောင်က ယန်ရီဟွမ်၊ ဖန်မြောင်လင်းတို့နဲ့ အဆင့်တူမှာ ရှိတာ သေချာတယ်။ နောက်ပြီး သူက သူတို့ထက်တောင် ပိုပြီးတော့ သန်မာပါလိမ့်မယ်။ သူက ကျင့်ကြံခြင်း အဆင့်တူမှာ တင်းရှူ၊ အသင်္ချေတာအိုနဲ့ တခြားသူတွေနဲ့အတူ ယှဉ်နိုင်စွမ်း ရှိတယ်။

ဒါပေမဲ့လည်း လင်းဟန်ကတော့ လုံးဝကို မကြောက်ပါဘူး။ အခုဆို သူက ကြယ်ခြောက်ပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်နေပြီ။ ဂိုဏ်းအရှင်သခင် အဆင့်တွေ အားလုံးမှာ ပြိုင်ဘက်ကင်းနေပြီလို့ မပြောနိုင်ပေမဲ့ တကယ်တမ်းတော့ သူဟာ သိပ်မဝေးတော့ဘူး။

“လင်းဟန် ဒါက မင်းအတွက် နောက်ဆုံး သတိပေးခြင်းပဲ။ ငါ့ကို ဖိအားမပေးနဲ့”

တိဝူကျိက ဒါကိုမပြောခင် သူ့ဒေါသကို မျိုသိပ်ထားမှန်း သိသာပါတယ်။

“ညီအစ်ကို မင်းဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ မင်းက ဒေါသထွက်နေတာလဲ။ ဟူး။ တကယ်လို့ မင်းမှာ ပြဿနာ ရှိတယ်ဆိုရင် ပြောလိုက်တယ်။ ငါတို့တွေက သွေးသားရင်းချာတွေပဲ။ အဘိုးခွေး မင်းကို သေချာပေါက် ကူညီမှာပေါ့။ ဒါပေမဲ့ မင်းက ပြောချင်သလိုလို မပြောချင်သလိုလိုနဲ့ အဘိုးခွေး ဘယ်လိုလုပ် နားလည်မှာလဲ”

“မင်းက အဘိုးခွေးကို ဒီလိုမျိုး မျက်လုံးပြူးပြီးတော့ ကြည့်နေပေမဲ့ မင်း အသံထွက်ပြီးတော့ ပြောမှပဲ ငါသိမှာပေါ့”

“တကယ်လို့ မင်းမပြောဘူးဆိုရင် အဘိုးခွေးက မင်းရဲ့ စိတ်ကို ဘယ်လိုလုပ် ဖတ်နိုင်မှာလဲ။ ငါ ဘယ်လိုလုပ် သိမှာလဲ”

“ဒီတော့ မင်းပြောမှာလား မပြောဘူးလား”

ခွေးနက်ကြီးရဲ့ ပါးစပ်က အဓိပ္ပါယ်မဲ့တဲ့ စကာေးတွနဲ့ ပြည့်နေပြီးတော့ အရမ်းကို လျှာသွက်ပါတယ်။

တိဝူကျိရဲ့ မျက်နှာက နီလာလိုက် စိမ်းသွားလိုက် မည်းသွားလိုက်နဲ့ အဆက်မပြတ် ပြောင်းလဲ နေခဲ့တယ်။

အခု သူက တစ်ယောက်ယောက်ကို သတ်ချင်နေတယ်။ မဟုတ်ဘူး။ ခွေးတစ်ကောင်ကို သတ်ချင်နေတာ။

“ဟမ့်။ မင်းတို့ကောင်တွေက သေချင်နေတာပဲ”

သူက တိုးတိုးလေး အော်လိုက်ပြီး သူ့သွေးမျိုးဆက်ရဲ့ အရှိန်အဝါက ပျံ့နှံ့လာကာ ကြီးမြတ်သော အရှင်သခင်အဆင့် ဝံပုလွေကြီးကို သက်ရောက်သွားတယ်။

သူ့သွေးမျိုးဆက်က ဝံပုလွေမျိုးနွယ်ရဲ့ ဘယ်အဖွဲ့ဝင်ကိုမဆို သဘာဝအရ ဖိနှိပ်နိုင်ပါတယ်။ ဒါက မဟာဧကရာဇ် သားတော်ရဲ့ စွမ်းရည် ဖြစ်တယ်။

ဒါပေမဲ့လည်း ဒီဝံပုလွေကြီးက မဟာဧကရာဇ် ဦးချိုရဲ့ ထိန်းချုပ်ခြင်းကို ခံရတာ ဖြစ်ပါတယ်။ ဒါက အထွတ်အထိပ် ထိန်းချုပ်မှုနဲ့ အတူတူပါပဲ။

ဝံပုလွေ ဧကရာဇ် အသက်ပြန်ရှင်မလာသရွေ့ ဒီထိန်းချုပ်မှု အမျိုးအစား နှစ်ခု အကြားမှာ ဘယ်သူက ပိုမိုသန်မာလဲ ဆိုတာကို ဆုံးဖြတ်ဖို့က ခက်ပါတယ်။

ဒါကြောင့် ဝံပုလွေကြီးက ခက်ခဲတဲ့ နေရာတစ်ခုမှာ ရှိနေတယ်။

သူ ဘယ်သူ့စကားကို နားထောင်သင့်လဲ။

ကံဆိုးတာက သူဟာ ကြီးမြတ်သော အရှင်သခင်အဆင့်မှာ ရှိပေမဲ့ သူ့အသိဉာဏ်က ငါးနှစ်သား ကလေးတစ်ယောက် အရွယ်မှာပဲ ရှိပါတယ်။ ဒါက တကယ့်ကို ဆုံးဖြတ်ဖို့ ခက်ခဲတယ်။

တိဝူကျိက ဒါကို မြင်လိုက်တဲ့ အချိန်မှာ သူက မျက်မှောင်ကြုတ် သွားခဲ့တယ်။

သူက တကယ်ပဲ ဒီဖြစ်နိုင်ချေကို တွေးထားပေမဲ့ သူ့ကိုယ်ပိုင် မျက်လုံးနဲ့ မျက်ဝါးထင်ထင် မမြင်ရသေးခင်ထိ သူက အမြဲတမ်း တစ်ချက်လောက် ကြိုးစားကြည့်ချင်နေခဲ့တယ်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီးတော့ လင်းဟန်ကို ဖမ်းဆွဲလိုက်တယ်။

ဝှမ်း ဝှမ်း ဝှမ်း။ တစ်ခုပြီး တစ်ခု စည်းမျဉ်းဥပဒေ စွမ်းအားတွေ ထွက်ပေါ်လာပြီး စုစုပေါင်း ဆယ့်ရှစ်ခု ရှိပါတယ်။

အထင်ကြီးစရာပဲ။

တကယ်လို့ ဒီကောင်က ကြယ်ကိုးပွင့် ဂိုဏ်းအရှင်သခင် တစ်ယောက် ဖြစ်နေရင်တောင် ကျင့်ကြံခြင်းမှာ သူ့သဘာ၀ ပါရမီက မယုံနိုင်အောင် မြင့်မားနေဆဲပါပဲ။ သူက တကယ်ပဲ တင်းရှူတို့ကို ယှဉ်နိုင်စွမ်းရှိတယ်။

တိုက်ပွဲစွမ်းရည်နဲ့ ပတ်သက်လာရင် ဒါက လင်းဟန်အတွက် မြင်တွေ့ရတာ ရှားပါးတဲ့ အစွမ်းထက်ဆုံး ဂိုဏ်းအရှင်သခင် ဖြစ်ပါတယ်။

ကံမကောင်းတာက သူ့ပြိုင်ဘက်ဟာ လင်းဟန် ဖြစ်နေတာပါပဲ။

လင်းဟန်က အသာလေး ပြုံးပြီးတော့ သူ့လက်သီး တစ်ချက်နဲ့ တုံ့ပြန်လိုက်တယ်။

ဝုန်း။

လက်သီးတစ်ချက်နဲ့အတူ စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ကိုးခု ဖြစ်ပေါ်လာခဲ့တယ်။

ဘာ။

တိဝူကျိရဲ့ မျက်လုံးတွေက ချက်ချင်းပဲ အံ့အားသင့်မှုကြောင့် ပြူးသွားခဲ့တယ်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကြယ်ခြောက်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား ဆယ့်ကိုးခုလား။ ဒါက မယုံနိုင်စရာပဲ။

သူက ကြယ်ကိုးပွင့် ဂိုင်္ဏးအရှင်သခင် တစ်ယောက် ဖြစ်တာကြောင့် တကယ်လို့ လင်းဟန်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူနဲ့အတူတူ ဖြစ်နေရင်တောင် သူ့ထက် စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုပဲ ပိုတာပါ။

နောက်တစ်နည်း ပြောရမယ်ဆိုရင် လင်းဟန်ရဲ့ ကျင့်ကြံခြင်းမှာ သဘာ၀ ပါရမီက သူ့ထက် ပိုမြင့်နေတယ်။

သူက ဒါကို မယုံနိုင်ဘူး။

သူက ဘယ်သူလဲ။

သူက ဝံပုလွေ ဧကရာဇ်ရဲ့ သားဖြစ်ပြီးတော့ မဟာဧကရာဇ် ငယ်ရွယ်စဉ် အချိန်ကတည်းက အထူးတလည် အာရုံစိုက်ခြင်းကို လက်ခံရရှိခဲ့တယ်။ နောက်ပြီး သူက သူ့ကံကြမ္မာကိုတောင် ပြောင်းလဲခဲ့တယ်။

ဒါကြောင့် ကျင့်ကြံခြင်းအဆင့်တူ တိုက်ပွဲတစ်ခုမှာ သူက ပြိုင်ဘက်ကင်း ဖြစ်သင့်တယ်။

ပြီးတော့ အခု သူ့ထက် အနည်းငယ် ပိုပြီးတော့တောင် တစ်မူထူးခြားနေတဲ့ လူတစ်ယောက် ရှိနေတယ်။ ကြယ်တစ်ပွင့် ကွာဟချက်ပဲ ရှိပေမဲ့ နိမ့်ကျခြင်းဟာ နိမ့်ကျခြင်း ဖြစ်ပြီးတော့ ဒီအတွက် ဆင်ခြေပေးစရာ မရှိပါဘူး။

ချက်ချင်းပဲ သူ့ရဲ့ သတ်ဖြတ်ခြင်း ဆန္ဒက အရူးအမူး တောက်လောင်လာခဲ့တယ်။

သူ လင်းဟန်ကို သေချာပေါက် သတ်ပစ်ရမယ်။

စည်းမျဉ်းဥပဒေ စွမ်းအားနဲ့ ပတ်သက်လာရင် သူက လင်းဟန်ထက် အနည်းငယ် နိမ့်ကျပေမဲ့ တိုက်ပွဲစွမ်းရည်က စည်းမျဉ်းဥပဒေ စွမ်းအား အရေအတွက်နဲ့ လုံး၀ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကျင့်ကြံသူ တစ်ယောက်ရဲ့ အရေးအကြီးဆုံး စွမ်းရည်က စွမ်းအား ဘယ်လောက်ရှိလဲ ဆိုတာ ဖြစ်တယ်။

“နတ်ဆိုးဝံပုလွေ လမင်းကို ဝါးမျိုခြင်း”

တိဝူကျိက ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာတယ်။ အဲဒီနောက် သူက သူ့ဧရာမ ပါးစပ်ကြီးကို ဟလိုက်ပြီး လင်းဟန်ကို ဝါးမျိုဖို့ ပြင်လိုက်ပါတယ်။

လင်းဟန်က ဒါကိုမြင်တော့ နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။ မင်းရဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ့လက်သီးက ပြိုင်ဘက်ကင်းပဲ။ ငါ့လက်သီးက အားလုံးကို ချေမွဖျက်ဆီးပစ်နိုင်တယ်။

ဝုန်း။

သူက သူ့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်နေပါပြီ။ လက်သီးချက်တိုင်းနဲ့ ခြေကန်ချက်တိုင်းက အင်ပါယာ နည်းစနစ်ကို ယှဉ်နိုင်ပါတယ်။

လက်သီးရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားက ပျံ့နှံ့သွားပြီး စည်းမျဉ်းဥပဒေ စွမ်းအားက မရေမတွက်နိုင်တဲ့ နတ်ဘုရား ပစ္စည်းတွေ အဖြစ်ကို ပြောင်းလဲကာ ဧရာမ ပါးစပ်ကြီးကို အတင်းအကျပ် ဖျက်ဆီးပစ်လိုက်တယ်။

တိဝူကျိက သူ့မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ သွေးစသွေးန တချို့ ရှိနေပါတယ်။

သူ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်က လင်းဟန်ဆီက လက်သီးတစ်ချက်တည်းနဲ့ ပျက်စီး သွားခဲ့ရတယ်။ ဒါကြောင့် သူ့ကို တန်ပြန်ထိခိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက အတော်လေးကို သန်မာတာကြောင့် သူ့ကို ထိခိုက်ဒဏ်ရာ သေးသေးလေးပဲ ဖြစ်စေခဲ့တယ်။

ဒါက သူ့ကို အံ့အားသင့် သွားစေခဲ့တယ်။

နတ်ဆိုးဝံပုလွေ လမင်းဝါးမျိုခြင်းက အင်ပါယာ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ သူက သူ့ပစ်မှတ်ကို ဝါးမျိုလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကနေ သွေးအဆီအနှစ် အများအပြားကို ဝါးမျိုပစ်ကာ သူ့တိုက်ပွဲ စွမ်းရည်ကို လျော့ကျသွားစေလိမ့်မယ်။ သူက ဒါကို အကြိမ်အနည်းငယ် လုပ်နိုင်ပြီး သေချာပေါက် လင်းဟန်ကို အဆုံးသတ်စေလိမ့်မယ်။

ဒီတိုက်ကွက်ကို တစ်ကြိမ်ပြီး တစ်ကြိမ် စမ်းသပ်ပြီးသားလို့ ပြောနိုင်ပါတယ်။ အစွမ်းထက်တဲ့ ပြိုင်ဘက်တွေ ဘယ်လောက်များများကို ဒီတိုက်ကွက်နဲ့ သတ်ဖြတ်ခဲ့လဲဆိုတာ မမှတ်မိတော့ဘူး။

ဒါပေမဲ့လည်း လင်းဟန်နဲ့ ရင်ဆိုင်ရတော့ ဒီအင်ပါယာ နည်းစနစ်က အလွယ်တကူ ဖြေရှင်းခံ လိုက်ရပါတယ်။

“ငါ မင်းကို လျော့တွက်မိသွားပြီ”

တိဝူကျိက ခေါင်းညိတ်လိုက်တယ်။ သူက လင်းဟန်ကို ဒီလိုမျိုး ရိုးရှင်းတဲ့ တိုက်ကွက်တစ်ခုနဲ့ အနိုင်ယူလို့ မရနိုင်တဲ့ ပုံစံပါပဲ။

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးတော့ လင်းဟန်ဆီကို နောက်တစ်ကြိမ် ပြေးဝင်လာခဲ့တယ်။ သူ့နောက်မှာ ကြယ်ခုနစ်ပွင့်က ထွက်ပေါ်နေပြီး ကောင်းကင်ဘုံတွေနဲ့ လှုံ့ဆော်ကာ သူ့စွမ်းအားကို တိုးမြှင့်ပေးနေတယ်။

ဘန်း။

လင်းဟန်က တိဝူကျိနဲ့ တိုက်ကွက်တစ်ကွက် ဖလှယ်ပြီးတော့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအား တစ်ခုက သူ့ကို ရိုက်ခတ်လာပြီး ချက်ချင်းပဲ သူ့ကို လွင့်ထွက်သွားစေခဲ့တယ်။

သောက်ကျိုးနည်း။ ဘယ်လောက် အားကောင်းတဲ့ စွမ်းအားလဲ။

လင်းဟန်က သူ့ခြေထောက်ကို မြဲမြံအောင် ထောက်ပြီးတော့ သူ့ရင်ဘက်ထဲမှာ သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရတယ်။ သူက သွေးအန်လုနီးပါး ဖြစ်သွားပါတယ်။

သူက အံ့အားသင့် သွားခဲ့တယ်။ တကယ်လို့ သူ့ကျင့်ကြံခြင်း အဆင့်က တိဝူကျိရဲ့ ကျင့်ကြံခြင်း အဆင့်ထက် နိမ့်ကျနေရင်တောင် အများဆုံး အဆင့်သေး သုံးဆင့် ကွာဟချက် တစ်ခုပဲ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုမှာ စွမ်းအား ကွာဟချက်က အနည်းဆုံး ကြယ်ဆယ်ပွင့် အထက်မှာ ရှိနေပါတယ်။

Chapter 4524 end

All Chapters