အခန်း ၄၅၂၅
Vol. 225 Ch. 4525
အပိုင်း (၄၅၂၅) ကြယ်ခုနစ်ပွင့်ရဲ့ စွမ်းအား
လူတစ်ယောက်ဟာ စိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်ရှိသွားတဲ့ အချိန်မှာ အထူးသဖြင့် ဂိုဏ်းအရှင်သခင်အဆင့် ဒါမှမဟုတ် အထက်မှာဆိုရင် စွမ်းအားရဲ့ အရေးပါမှုက စည်းမျဉ်းဥပဒေ စွမ်းအားလောက် ရှိပါလိမ့်မ်ယ။ စည်းမျဉ်းဥပဒေ စွမ်းအားနဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ကို ဆုံးဖြတ်လိမ့်မယ်။
ဒီလိုဆိုပေမဲ့လည်း တကယ်လို့ စည်းမျဉ်းဥပဒေ စွမ်းအားက အဆင့်တူမှာ ရှိပေမဲ့ စွမ်းအား ကွာဟချက်က ကြီးမြတ်သော အရှင်သခင်အဆင့်နဲ့ ဂိုဏ်းအရှင်သခင် အဆင့် အကြားက ကွာဟချက်နဲ့ ညီမျှနေတာလား။
ဒါက သေချာပေါက် အကြွင်းမဲ့ အနိုင်ယူခြင်း တစ်ခု ဖြစ်ပါတယ်။
လင်းဟန်က တိဝူကျိရဲ့ စွမ်းအားက သူ့ထက် အနည်းဆုံး ကြယ်ဆယ်ပွင့်လောက် သာလွန်နေပြီး ကြီးမြတ်သော အရှင်သခင်အဆင့် တစ်ယောက်က သူ့ကို တိုက်ခိုက်နေသလိုမျိုး ခံစားရတယ်။
ဒါပေမဲ့လည်း ဘယ်လိုလုပ်ပြီးတော့ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်မှာ ဒီလိုမျိုး ခွန်အားကို ပိုင်ဆိုင်ထားနိုင်မှာလဲ။
လင်းဟန်က တိဝူကျိရဲ့ အနောက်က ကြယ်ခုနစ်ပွင့်ဆီကို လှမ်းကြည့်လိုက်တယ်။ သူတို့က လုံးဝကို အကောင်အထည် ဖြစ်ပေါ်နေပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပါတယ်။
ပြဿနာက အဲဒီမှာပဲ ရှိရမယ်။
လင်းဟန်က သူ့အနောက်က ကြယ်ခုနစ်ပွင့်ကို စိုက်ကြည့်နေတာကို မြင်လိုက်တော့ တိဝူကျိက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်တယ်။
“ဒါက ငါ့အဖေက သူ့ရဲ့ အထွတ်အထိပ် အစွမ်းကို သုံးပြီးတော့ ကြယ်ခုနစ်ပွင့်ကို အတင်း သန့်စင်ပြီး ငါ့ခန္ဓာကိုယ်ထဲ ထည့်ပေးထားခဲ့တာပဲ။ သူတို့က ငါ့ကို စွမ်းအားတွေ အဆုံးအစမရှိ ထောက်ပံ့ပေးနိုင်တယ်”
လဗြွတ်။
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ အားလုံးက တပြိုင်နက်တည်း မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်ကုန်တယ်။ ဒါက အရမ်းကို ထူးကဲလွန်းတယ်။
တစ်ခုသိထားသင့်တာက ကြယ်တစ်လုံး ပေါက်ကွဲသွားရင် ကြီးမြတ်သော အရှင်သခင်အဆင့် လက်ရွေးစင်တွေတောင် အတင်းအကျပ် ပျက်စီးသွားရပါလိမ့်မယ်။
ဒါကြောင့် ကြယ်တစ်ပွင့်မှာ ပါဝင်တဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ကောင်းလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။
ဒါပေါ့။ ဒါက ပေါက်ကွဲမှုတစ်ခု မဟုတ်ပါဘူး။ အဲဒီအစား စွမ်းအားတွေ အဆက်မပြတ် စီးဆင်းမှု ဖြစ်တာကြောင့် ကြယ်ပေါက်ကွဲတာထက်တော့ အများကြီး အားနည်းပါလိမ့်မယ်။ ဒါပေမဲ့လည်း ကြယ်ခုနစ်ပွင့်တောင် ရှိနေတာကြောင့် စွမ်းအား ထောက်ပံ့မှုက အရမ်းကို ကြောက်မက်ဖွယ်ရာ ကောင်းနေပါလိမ့်မယ်။
လင်းဟန်က တိဝူကျိဟာ ဂိုဏ်းအရှင်သခင်အဆင့် တစ်ယောက်ပဲ ဖြစ်နေသေးတာကြောင့် စွမ်းအား ပမာဏ အကန့်အသတ် တစ်ခုပဲ ထိန်းချုပ်ထားနိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။ မဟုတ်ရင် တကယ်လို့ သူသာ ကြီးမြတ်သော အရှင်သခင် အဆင့်ကို အဆင့်တက်သွားခဲ့ရင် စွမ်းအားတွေ ပိုပြီးတော့တောင် ထိန်းချုပ်ထားနိုင်ပြီး သူ ဖောက်ခွဲပစ်တဲ့ စွမ်းအားက ပိုပြီးတော့ ကြောက်မက်ဖွယ်ရာ ကောင်းပါလိမ့်မယ်။
တကယ်လို့ ငါ့ရဲ့ စည်းမျဉ်းဥပဒေစွမ်းအားက မင်းထက် နည်းနည်းလေး နိမ့်ကျနေတော့ရော ဘာဖြစ်မှာလဲ။ ငါ့ရဲ့ စွမ်းအားက သေချာပေါက် လွှမ်းမိုးဗိုလ်ကျနိုင်စွမ်း ရှိလိမ့်မယ်။
လင်းဟန်က ပြင်းထန်တဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ကို ထုတ်ဖော်လာခဲ့တယ်။ အဆင့်တူ တိုက်ပွဲတစ်ခုမှာ သူက အမြဲတမ်း ပြိုင်ဘက်ကင်း ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ယန်ရီဟွမ်၊ ဖန်မြောင်လင်းနဲ့ တခြားရှေးဟောင်း ပါရမီရှင်တွေ ပေါ်လာခဲ့ပြီး တင်းရှူ၊ မူလရင်းမြစ်နဲ့ တခြား မူလဇစ်မြစ်ကမ္ဘာရဲ့ အုပ်ချုပ်သူတွေ ပါဝင်ယှဉ်ပြိုင်ရင်တောင် သူက သူ့ခေတ်ပြိုင်တွေအထဲမှာ ပြိုင်ဘက်ကင်း ဖြစ်နေဆဲပါပဲ။
တကယ်လို့ တင်းရှူနဲ့ တခြားသူတွေက သူ့ကို တိုက်ခိုက်ချင်တယ် ဆိုရင်တောင် အဆင့်သေး သုံးဆင့် ဒါမှမဟုတ် လေးဆင့် အားသာချက် တစ်ခု မရှိပဲနဲ့ သူတို့တွေက သူနဲ့အတူ တိုက်ကွက်ဖလှယ်နိုင်ဖွယ် မရှိပါဘူး။
ဒါပေမဲ့လည်း အခု တိဝူကျိက လွှမ်းမိုးဗိုလ်ကျတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ သူက လုံးဝကို မယှဉ်နိုင်ပဲ အဲဒီအစား သူ့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ကို လှုံ့ဆော်ပေးလာခဲ့တယ်။
လာစမ်း။
လင်းဟန်က မာန်တစ်ချက်သွင်းလိုက်ပြီး ဖီးနစ်ငှက် အတောင်ပံ နတ်ဘုရား ပျံသန်းခြင်းကို သုံးလိုက်တယ်။ သူ့အမြန်နှုန်းက အရမ်းကို လျင်မြန်လွန်းပြီး တိဝူကျိ အနားမှာ လှည့်ပတ်လို့ နေတယ်။ အဲဒီနောက် သူက လက်သီး တစ်ချက်ပြီး တစ်ချက် ထိုးလိုက်တယ်။
သူက သူ့ခွန်အားကို သုံးပြီးတော့ အားနည်းချက်ကို ရှောင်လွှဲလိုက်ပြီး တိဝူကျိကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုခဲ့ဘူး။ အဲဒီအစား သူက သူ့ရဲ့ အမြန်နှုန်းမှာ အားသာချက်ကို သုံးပြီးတော့ စည်းမျဉ်းဥပဒေ စွမ်းအားတွေ ဖောက်ခွဲကာ ဒီအစွမ်းထက်တဲ့ ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ နတ်ဘုရား အလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲတိုက်ခိုက်ခဲ့တယ်။
တိဝူကျိက အံ့အားသင့် သွားခဲ့တယ်။
“အစစ်အမှန် ဖီးနစ်ငှက်ရဲ့ ကိုယ်ဖော့သိုင်းလား။ မင်းက အတော်လေး ကံကောင်းပြီး ဖီးနစ်ငှက် အမွေအနှစ်ကို လက်ခံရရှိခဲ့တာပဲ”
ဒါက သူ့ဖခင် ဖြစ်သူတောင် အရမ်းကို မြင်တွေ့ချင်ခဲ့တဲ့ အဖိုးတန် နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ ကံဆိုးတာက သူ့မှာ ဒါကို မျက်ဝါးထင်ထင် တွေ့မြင်ရဖို့ ကံကြမ္မာ နည်းပါးခဲ့တယ်။
“ဒါပေမဲ့ မင်းက ငါ့ကို အခုလိုမျိုး အနိုင်ယူချင်တာလား”
သူက အသာလေး ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် ပြူးလာခဲ့တယ်။ သူက အသာလေး မာန်သွင်းကာ အော်လိုက်တယ်။
“ခဲသွားစမ်း”
ဝှမ်း။ ကြယ်တာရာ ခုနစ်လုံးက တပြိုင်နက်တည်း တောက်ပလင်းလက်သွားကာ ဖျက်ဆီးခြင်း စွမ်းအား တစ်ခုကို ထုတ်လွှတ်လာခဲ့တယ်။
ချက်ချင်းပဲ သူတို့အနားက လေထုဟာ မယုံနိုင်အောင် လေးလံလာခဲ့တယ်။ အဆုံးအစမဲ့ စွမ်းအားက ပိုပြီးတော့တောင် ဖြစ်တည်လာပါတယ်။
လင်းဟန်ရဲ့အမြန်နှုန်းက လျင်မြန်စွာ လျော့ကျသွားခဲ့တယ်။ ကြယ်ခုနစ်လုံးက တပြိုင်နက်တည်း အစွမ်းပြသလာမှုက သူ့အနားက လေထုကို မယုံနိုင်အောင် အေးခဲသွားခဲ့တယ်။ ဖီးနစ်ငှက် နတ်ဘုရား ပျံသန်းခြင်းကိုတောင် အကြီးအကျယ် သက်ရောက်သွားခဲ့တယ်။
တခြားတတ်နိုင်တာ ဘာမှမရှိဘူး။ တိဝူကျိရဲ့ စွမ်းအားက သေချာပေါက် ကြီးမြတ်သော အရှင်သခင် အဆင့်ကို ရောက်နေပြီး အခုဆို သူ့ရဲ့ လွှမ်းမိုးဗိုလ်ကျတဲ့ စွမ်းအားက လင်းဟန်ရဲ့ ကျင့်ကြံခြင်း အဆင့်ထက် အဓိက အဆင့်ကြီးတစ်ဆင့် သာလွန်နေပါတယ်။ သူက လင်းဟန် အပေါ်မှာ အနိုင်ယူနိုင်စွမ်း ရှိနေတယ်။
“ဟားဟားဟား”
တိဝူကျိက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လင်းဟန်ဆီကို လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်တယ်။
ဝုန်း။ အဆုံးအစမဲ့ စွမ်းအား ပဲ့တင်ထပ်သွားပြီး တစ်လွှာပြီးတစ်လွှာ ဖိနှိပ်လာခဲ့တယ်။ ဒီစွမ်းအားက သာမန်မျက်စိနဲ့တောင် မြင်နိုင်တဲ့ အထိ စုဝေးလာပါတယ်။
လင်းဟန်ရဲ့ အမြန်နှုန်းက အကန့်အသတ် ရှိနေတာကြောင့် သူက ဒီတိုက်ကွက်ကို အလုံးစုံ ရှောင်တိမ်းနိုင်ခြင်း မရှိပါဘူး။ စွမ်းအားရဲ့ ရိုက်ခတ်ခြင်းကို ခံရပြီးတဲ့ နောက်မှာ သူ့တစ်ကိုယ်လုံး ချက်ချင်းပဲ လွင့်ထွက်သွားခဲ့တယ်။
ကြောက်စရာကောင်းလိုက်တာ။
လင်းဟန်က မြေပေါ်ကို ပြုတ်ကျသွားပြီး ဝေါ့ခနဲ သွေးတစ်ချက် အန်ထုတ်လိုက်တယ်။
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးတို့ အားလုံးက စိုးရိမ်ပူပန်သွားပါတယ်။ ကျင့်ကြံခြင်း အဆင့်တူ တိုက်ပွဲတစ်ခုမှာ လင်းဟန်က သေချာပေါက် တိဝူကျိကို အနိုင်ယူနိုင်လိမ့်မယ်လို့ သူတို့တွေ ယုံကြည်ထားခဲ့တယ်။
ဒါပေမဲ့ သူက မဟာဧကရာဇ် တစ်ယောက်ရဲ့ သားဖြစ်နေတယ်။ ကြယ်ခုနစ်လုံးကို သန့်စင်ပြီး သူ့ခန္ဓာကိုယ်ထဲ ထည့်ထားတာတဲ့လား။
တကယ်တော့ တိဝူကျိက သူတော်စင် အဆင့်ကို အဆင့်တက်သွားခဲ့ရင် ဒီလိုမျိုး စွမ်းအားမှာ အားသာချက်က လုံးဝကို ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတော်စင် တစ်ယောက်ဆီက တိုက်ခိုက်မှု တစ်ခုက ကြယ်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါလိမ့်မယ်။ ဒီကွာဟချက်က အရမ်းကို ကြီးမားလွန်းတာကြောင့် ကြယ်ခုနစ်ပွင့်ရဲ့ စွမ်းအားက လုံးဝကို အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။
ဒါပေမဲ့လည်း ဂိုဏ်းအရှင်သခင်အဆင့် ဒါမှမဟုတ် ကြီးမြတ်သော အရှင်သခင်အဆင့်မှာတောင် ဒီကြယ်တာရာတွေက တိဝူကျိရဲ့ စွမ်းအားကို အကြီးအကျယ် တိုးပေးနိုင်ပြီး သူ့ပြိုင်ဘက်ကို အကြွင်းမဲ့ တိုက်ခိုက်မှု တစ်ခု ဖြစ်စေပါတယ်။
လင်းဟန်ကို တိုက်ခိုက်မှု တစ်ခုတည်းနဲ့ တစ်ခါတည်း သေမသွားပေမဲ့ သွေးအန်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ သူက ကောင်းကင်နဂါး ဧကရာဇ်ရဲ့ စာလိပ်ကို ကျင့်ကြံအားထုတ်ထားတဲ့ အတွက်ကြောင့် တိုက်ခိုက်မှုရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ချေဖျက်ပစ်နိုင်ပါတယ်။
တကယ်လို့ တခြားဂိုဏ်းအရှင်သခင်အဆင့်သာဆိုရင် ဟိုးအစောကြီးကတည်းက တစ်ချက်တည်း အသတ်ခံနေရလောက်ပါပြီ။
ဒါကို တိဝူကျိရဲ့ ကိုယ်ပိုင် တိုက်ပွဲစွမ်းရည်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ သူက မဟာဧကရာဇ် တစ်ယောက်ရဲ့ သားဖြစ်နေတာတော့ ဘာများတတ်နိုင်မှာလဲ။
“ခြေလေးချောင်းမြွေ မင်းကျတော့ ဘာဖြစ်လို့ အရမ်းကို အားနည်းနေရတာလဲ”
ခွေးနက်ကြီးက မိုးပြာနဂါးလေးကို မေးလိုက်တယ်။
မိုးပြာနဂါးလေးက ဘာပြောလို့ ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့တယ်။ သူ့အဖေက သူ မမွေးခင်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဒါက သူ့အမှားလား။
“လင်းဟန် မင်းရဲ့ သဘာ၀ ပါရမီကတော့ တကယ့်ကို အံ့သြစရာပဲ။ ဒါပေမဲ့ မဟာဧကရာဇ် တစ်ပါးရဲ့ စွမ်းအား အရှေ့မှာတော့ မင်းက ဘာမိုလို့လဲ”
တိဝူကျိရဲ့ အမူအရာက ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့အတူ ပြည့်လာခဲ့တယ်။
လင်းဟန်က တစ်ချက်ပြုံးုလိုက်တယ်။
“ဒါက မင်းရဲ့ ခွန်အား မဟုတ်ဘူး။ မဟုတ်ရင် ငါ ရှုံးမှာ မဟုတ်ဘူး”
သူက ရှေ့ကို တက်လာပြီးတော့ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်တယ်။
ဒီတစ်ကြိမ် သူက ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအားကို သုံးလိုက်တယ်။
တိဝူကျိက အေးစက်စွာ ပြက်ရယ်ပြုလိုက်တယ်။ ဒါက တကယ့်ကို ရူးမိုက်လွန်းတာပဲ။ သူ့စွမ်းအားက လွှမ်းမိုးဗိုလ်ကျနေတာကို သိရဲ့သားနဲ့ သူ့ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ချင်နေ သေးတာလား။
မင်းရဲ့ ညံ့ဖျင်းမှုကြောင့် မင်း သေရမှာပဲ။
သူက လက်ဝါးရိုက်ချက်တစ်ချက်ကို ရိုက်ထုတ်လိုက်ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားရဲ့ တိုးမြှင့်မှုနဲ့ ဒီတိုက်ခိုက်မှု အစွမ်းက မယုံနိုင်အောင် သန်မာလို့ နေပါတယ်။
လင်းဟန်က မရှောင်တိမ်းခဲ့သလို နောက်ဆုတ်သွားခြင်း မရှိပဲ ဒီလက်သီးကို ခမ်းနားစွာ ထိုးလိုက်ပြီး ဧရာမ ရွှေရောင် လက်သီးတစ်လုံး အဖြစ်ကို ပြောင်းလဲသွားကာ တိဝူကျိဆီကို မယုံနိုင်အောင် လျင်မြန်တဲ့ အမြန်နှုန်းနဲ့ ဝင်လာခဲ့တယ်။
ဘန်း။
ရွှေလက်သီးက လက်ဝါးရိုက်ချက်ပေါ်ကို ကျသွားခဲ့ပြီး ပြင်းထန်တဲ့ စွမ်းအားကြောင့် ချက်ချင်းပဲ ပျက်စီးသွားခဲ့တယ်။
တကယ်လို့ မင်းက စည်းမျဉ်းဥပဒေ စွမ်းအား တစ်ခုထက်ပိုပြီးတော့ ရှိရင်တောင် ဘာအရေးလဲ။ တကယ်လို့ စွမ်းအား ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေရင် မင်းက လွှမ်းမိုးဗိုလ်ကျ နိုင်ဦးမှာပဲ။
ဒါပေမဲ့လည်း ဧရာမ လက်သီး ပျက်စီးသွားပြီးတဲ့ နောက်မှာ ပျက်စီးသွားတဲ့ အလင်းတန်း တစ်ခုက တိဝူကျိဆီကို ဆက်ပြီးတော့ တိုးဝင်သွားခဲ့တယ်။
ဘာ။
တိဝူကျိက လန့်ဖျပ်သွားကာ အံ့အားသင့်ပြီး မျက်လုံးတွေ ပြူးကုန်တယ်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လင်းဟန်ရဲ့ စွမ်းအားက မပြောင်းလဲပဲ စည်းမျဉ်းဥပဒေ စွမ်းအား အရေအတွက်က ဆယ့်ကိုးခု ရှိနေသေးတယ်။ ဒီတော့ ဘာဖြစ်လို့ သူ့လက်သီးရဲ့ စွမ်းအားက တစ်ဟုန်ထိုး မြင့်တက် သွားတာလဲ။ ဘာကြောင့် သူ့တိုက်ခိုက်မှုကို ထိုးဖောက်နိုင်စွမ်း ရှိရတာလြ။
လက်သီးက ရောက်လာခဲ့ပါပြီ။
သူက လုံးဝကို မပြင်ဆင်ထားမိပဲ အရမ်းကို ယုံကြည်မှု ရှိလွန်းနေခဲ့တာ ဖြစ်တယ်။ ဒါကြောင့် သူက အချိန်မီ မရှောင်တိမ်းနိုင်ပဲ တိုက်ရိုက်ထိမှန် သွားခဲ့တယ်။
“ဝေါ့”
သူက ခပ်အုပ်အုပ် အသံတစ်ချက် ထွက်သွားပြီး သူ့ပါးစပ်ကိုဟကာ ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်တယ်။ သူ့ဝမ်းဗိုက် အောက်ပိုင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် သွေးတွေ ထွက်နေတဲ့ အပေါက်တစ်ခု ပေါ်လာပြီး ဒါဟာ လင်းဟန်ရဲ့ လက်သီးကနေ ပျက်စီးနေတဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။
လင်းဟန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တော့ ပြင်းထန်တဲ့ စွမ်းအားကြောင့် သူလည်း လွင့်ထွက်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရတာကို မြင်တွေ့ရပါတယ်။
ဒီတိုက်ကွက် ဖလှယ်မှုက နှစ်ဖက်စလုံးကို ဒဏ်ရာရစေခဲ့တယ်လို့ သတ်မှတ်နိုင်တယ်။
“အရမ်းမိုက်တယ်”
ခွေးနက်ကြီး၊ မိုးပြာနဂါးလေးနဲ့ ဝက်ကလေးလတို့ အားလုံးက ကျယ်လောင်စွာ အော်ဟစ် အားပေးလိုက်ပြီး ချက်ချင်းပဲ စိတ်လှုပ်ရှား လာခဲ့တယ်။
မင်း တိဝူကျိဆိုတဲ့ကောင် မဟာဧကရာဇ်ရဲ့ စွမ်းအားကို မှီခိုနေပေမဲ့ လင်းဟန်က တကယ့်ကို စွမ်းဆောင်နိုင်တဲ့လူပဲ။
ဒီလိုနှိုင်းယှဉ်လိုက်တော့ ဘယ်သူက သာလွန်လဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
တိဝူကျိရဲ့ မျက်လုံးတွေက တောက်ပလာခဲ့တယ်။ သူ့ခေါင်းကို ငုံ့ပြီးတော့ ဒဏ်ရာကို လှမ်းကြည့်ပြီး သုန်မှုန်စွာ ပြောလိုက်တယ်။
“လက်စသတ်တော့ မင်းက တကယ်ပဲ ကြယ်ခုနစ်ပွင့် စည်းမျဉ်းဥပဒေ စွမ်းအား နည်းနည်းကို တတ်မြောက်ထားတာပဲ”
တကယ်တော့ စည်းမျဉ်းဥပဒေ စွမ်းအားရဲ့ အဆင့်က မြင့်မားလွန်းတာကြောင့် အနည်းငယ်ပဲ ရှိတယ် ဆိုရင်တောင် သူ့တိုက်ခိုက်မှုကို ထိုးဖောက်ကာ သူ့ကို ထိခိုက်အောင် လုပ်နိုင်တာပဲ ဖြစ်ပါတယ်။
Chapter 4525