အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) အချစ် တိုကင် ၊ မြင့်မြတ်နယ်မြေ ဆီသို့ ပြန်လည်ရောက်ရှိခြင်း
နေသူတော်စင် ခန္ဓာနှင့် အလွန်တရာ လိုက်ဖက်ညီလှသည့် ကောင်းကင်အဆင့်ကျင့်စဉ်ဖြစ်သော 'မဟာယန်ကျင့်စဉ်' က ဤမျှ အစွမ်းထက်လှသည့် ပေါင်းစည်းမှုမျိုးမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသလို ကြားလည်းမကြားဖူးပေ။
“နေသူတော်စင် ခန္ဓာရဲ့ ကောင်းချီးပေးမှုနဲ့ဆိုရင် နောက်တစ်ကြိမ် မြင့်မြတ်နယ်မြေ ရဲ့ သူတော်စင်ရွေးချယ်ပွဲမှာ သူတော်စင်ရာထူးကို ငါ သေချာပေါက် အရယူနိုင်ရမယ်”
ရှုချွမ်းက စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ စကားလုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။
သူက အခြား တိုက်ရိုက် တပည့်များကို အနိုင်ယူပြီး ထိုက်ယိမြင့်မြတ်နယ်မြေ ၏ သူတော်စင် ဖြစ်လာရန်ပင် အလွန်အမင်း စိတ်အားထက်သန်နေခဲ့ပြီ ဖြစ်သည်။
“သခင်လေးရှု... သိုင်းတာအို မှာ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
ဤခဏ၌ နင်ယို့ချီက လျှောက်လာပြီး ဂုဏ်ပြုစကား ဆိုလိုက်သည်။
ယခုအချိန်တွင် ရှုချွမ်း၏ ခန္ဓာကိုယ်ထက်မှ နေသူတော်စင် ခန္ဓာ၏ အော်ရာ များမှာ လုံးဝ ကွယ်ပျောက်မသွားသေးပေ။
သူမက ရှုချွမ်းအနားသို့ ချဉ်းကပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူက သူမအပေါ် ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
ဤထူးခြားသော ဆွဲဆောင်မှုမှာ ဘယ်ကနေ ရောက်လာသည်ကို သူမ မသိသော်လည်း ၎င်းက ရှုချွမ်းအပေါ်ထားရှိသော သူမ၏ ခံစားချက်များကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။
ဤအခြေအနေ ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းမှာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ် ကြောင့် ဖြစ်သည်။
ထိုက်ယင်နတ်သမီးခန္ဓာကိုယ်နှင့် နေသူတော်စင် ခန္ဓာ၊ ယင်နှင့်ယန်က တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းပေးလျက် လိုက်ဖက်ညီနေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်သာ သူမ ဤကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
ဤခန္ဓာကိုယ် နှစ်ခု ပေါင်းစည်းမိပါက မမျှော်လင့်ထားသော အံ့အားသင့်ဖွယ် အပြောင်းအလဲများပင် ဖြစ်ပေါ်လာနိုင်သည်။
သို့သော်လည်း လက်ရှိအချိန်တွင် သူတို့နှစ်ဦးစလုံးမှာ ဤအချက်ကို သတိမပြုမိကြသေးပေ။
ရှုချွမ်းက သူမ၏ မျက်ဝန်းထဲမှ စစ်မှန်သော ဝုဏ်ပြု မှုများကို မြင်လိုက်ရသဖြင့် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော့် ကို ဒီထိုက်ယင်ဂိုဏ်အပျက်အစီး တွေဆီ ခေါ်လာပေးတဲ့အတွက် မိန်းကလေးနင်ကိုလည်း ကျေးဇူးတင်ရမှာပါ၊ မဟုတ်ရင် နေမူလစွမ်းအားလိုမျိုး အထွတ်အထိပ် အခွင့်အရေးကို ကျွန်တော် ဘယ်လိုလုပ် ရနိုင်ပါ့မလဲ”
“သခင်လေးရှုကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ၊ ဒါတွေအားလုံးက သခင်လေး ရထိုက်လို့ ရတာပါ”
နင်ယို့ချီက ပြောလိုက်သည်။
ထို့နောက် သူမက မျက်တောင်လေး ခတ်လိုက်ရင်း ပြုံးလျက် ပြောလာခဲ့၏။ “သခင်လေးရှု... ကျွန်မကို ယို့ချီလို့ပဲ ခေါ်ပါ၊ မိန်းကလေးနင်လို့ ခေါ်နေတာက တစ်ယောက်နဲ့တစ်ယောက် စိမ်းကားနေသလိုပဲ”
“ဒါဆိုရင်လည်း ကျွန်တော် က ရိုသေစွာနဲ့ပဲ လက်ခံခံရမှာပေါ့”
“မင်းကလည်း ကျွန်တော့် ကို သခင်လေးရှုလို့ ခေါ်နေစရာမလိုပါဘူး၊ ရှုချွမ်းလို့ပဲ ခေါ်ပါ”
ရှုချွမ်းက ဤအခေါ်အဝေါ် အပြောင်းအလဲများအပေါ် ဇွဲမသန်နေခဲ့ပေ။
နင်ယို့ချီက ဤကဲ့သို့သော စကားမျိုးကို ပြောလာခြင်းကြောင့် သူတို့၏ ဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားသည်။
“သွားကြစို့”
“ကျွန်တော် တို့ လိုအပ်တဲ့ အခွင့်အရေးတွေကို ရယူပြီးပြီဆိုတော့၊ ဒီနေရာကနေ ထွက်ခွာဖို့ အချိန်တန်ပြီ”
ရှုချွမ်းက စ ပြောလိုက်သည်။
သူတို့ အပြင်သို့ ရောက်နေခဲ့သည်မှာ လုံလောက်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ နတ်ဘုရားစွမ်းအားနယ်ပယ်သို့ တက်လှမ်း ရန် ပြင်ဆင်နိုင်ရေးအတွက် မြင့်မြတ်နယ်မြေ ဆီသို့ ပြန်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။
အပြန်လမ်းတွင် မည်သည့်ပြဿနာမျှ ရှိမနေခဲ့ပေ။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ ယခင်ကျောက်တုံးမျှော်စင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်ရပ်လျက် နင်ယို့ချီက ဘေးရှိ ရှုချွမ်းကို ကြည့်ကာ မေးလိုက်သည်။ “ရှုချွမ်း... နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”
“ကျွန်တော် အပြင်ကို ထွက်လာတာ ကြာပြီဆိုတော့ မြင့်မြတ်နယ်မြေ ဆီကို ပြန်ရတော့မယ်”
“ဒီခရီးက ရလဒ်တွေ အများကြီး ရခဲ့တာဆိုတော့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို စနစ်တကျ တည်ငြိမ်အောင် လုပ်ဖို့ တံခါးပိတ် ကျင့်ကြံခြင်း ဝင်ရမယ်။”
ရှုချွမ်းက ပြောပြီးနောက် ထိုမိန်းမလှလေး ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “မင်းကော ယို့ချီ... ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
“ကျွန်မလည်း ပြန်ရမှာပဲ... ဒါပေမဲ့ ပြန်ရောက်တာနဲ့ မကြာခင်မှာ ကျင်းပမယ့် ဒေသ ငါးခု ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ အသေအလဲ တံခါးပိတ် ကျင့်ကြံခြင်း ဝင်ရလိမ့်မယ်”
နင်ယို့ချီက ဤသို့ပြောလိုက်ပြီးနောက် သူမ၏ မျက်နှာထက်တွင် မခွဲနိုင် မခွာရက်ချင်သည့် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
ထို့နောက် တစ်ခုခုကို သတိရသွားသည့်အလား သူမ၏ သိုလှောင်လက်စွပ်ထဲမှ 'နင်' ဟူသော စာလုံးထွင်းထုထားသည့် ရွှေရောင်တိုကင် တစ်ခုကို ထုတ်ယူကာ ရှုချွမ်းထံသို့ ကမ်းပေးလိုက်သည်။
သူမက ချစ်စနိုးဖြင့် ပြောလိုက်၏။ “မခွဲခွာခင်မှာ ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ အမှန်တော့ ကျွန်မက မဟာဝေဧကရာဇ် မင်းဆက်ရဲ့ လက်ရှိ အကြီးဆုံးမင်းသမီး နင်ယို့ချီပါ”
“မထင်ထားဘူး မဟုတ်လား”
“ဒါက ကျွန်မရဲ့ တိုကင် ပဲ၊ ဒီတိုကင် ကို သိမ်းထားပါ၊ နောက်ကျလို့ ရှင့် ဧကရာဇ် မြို့တော်ကို လာဖြစ်ရင် ကျွန်မ သိလိမ့်မယ်၊ အဲဒီအချိန်ကျရင် ရှင့်ကို လာရှာပါ့မယ်”
ရှုချွမ်းက ကြိုတင်သိထားသော်လည်း အံ့ဩသွားသည့် အရိပ်အယောင်ကို ဟန်ဆောင်ပြသလိုက်သည်။
ထို့နောက် ထိုတိုကင် ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
မိန်းကလေးတစ်ဦးက အမျိုးသားတစ်ဦးထံသို့ သူမ၏ တိုကင် ကို ပေးခြင်းက မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို ရှုချွမ်း ကောင်းကောင်း နားလည်သည်။
“စိတ်အေးလက်အေးနဲ့ ကျင့်ကြံပါ၊ အခွင့်အရေးရရင် မင်းဆီကို ကျွန်တော် လာခဲ့ပါ့မယ်”
ရှုချွမ်းက အနည်းငယ် ပြုံးပြရင်း ကတိပေးလိုက်သည်။
“ကတိတည်ရမယ်နော်”
သူမက ဝမ်းသာအားရဖြင့် ပြော၏ ။
“သေချာပေါက်ပေါ့”
ရှုချွမ်းက ပြုံးလိုက်ပြီး “ကျွန်တော် က အမြဲတမ်း ကတိတည်တဲ့လူပါ”
“ဒါ့အပြင် ကျွန်တော် က မဟာဝေဧကရာဇ် မင်းဆက်ရဲ့ မြို့တော်ကို တစ်ခါမှ မရောက်ဖူးသေးဘူး၊ အဲဒီကို ရောက်ရင် နေရာဒေသ စိမ်းနေမှာမို့လို့ မင်းကပဲ ကျွန်တော့် ကို စောင့်ရှောက်ပေးရလိမ့်မယ်”
“ပြဿနာမရှိဘူး၊ အဲဒီအချိန်ကျရင် မြို့တော်မှာ အကောင်းဆုံး ကြေးအိုးဟော့ပေါ့နဲ့ ဧည့်ခံပါ့မယ်”
နင်ယို့ချီက စိတ်ကြည်လင်သွားပြီး သူမ၏ ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝံဝံ အာမ ခံလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးမှာ အပြန်အလှန် ပြုံးပြကြရင်း လမ်းခွဲခဲ့ကြတော့သည်။
.....
သုံးရက် ကြာမြင့်ပြီးနောက် ရှုချွမ်းက တစ်ယောက် တည်း နောက်ဆုံးတွင် မြင့်မြတ်နယ်မြေ ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လမ်းခရီးတွင် သူက မြို့အများအပြား၏ တည်နေရာ ကူးပြောင်း အစီအရင် များကို အသုံးပြုခဲ့ရသည်။
“ဟူး...”
မြင့်မြတ်နယ်မြေ ဆီသို့ ပြန်ရောက်လာသည့်အခါမှသာ ရှုချွမ်းက စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။
အပြင်ကမ္ဘာက မည်မျှပင် ကောင်းမွန်ပါစေ၊မြင့်မြတ်နယ်မြေ ကဲ့သို့ သူ့ကို လုံခြုံမှုမျိုး မပေးနိုင်ပေ။
ယခုတစ်ခေါက် ခရီးစဉ်မှာ အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အကယ်၍ ဆရာပေးလိုက်သော အသက်ကယ်အဆောင် နှင့် ဆေးလုံးများသာ မရှိခဲ့လျှင် သူ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ဤဖြစ်ရပ်က သူ့ကို မည်သည့်အရာမဆို မပြုလုပ်မီ အမြဲတမ်း ကြိုတင်စီစဉ်ရမည်ဟူသော သင်ခန်းစာကို ပေးလိုက်သည်။
မမျှော်လင့်ထားသော အခြေအနေများကို ရှောင်ရှားနိုင်ရန် ကြိုတင်၍ ဆုတ်ခွာမည့်လမ်းကို ပြင်ဆင်ထားရမည် ဖြစ်သည်။
ကျန်းရန်တောင်ထိပ် သို့ ပြန်ရောက်ရောက်ချင်း ရှုချွမ်း ပထမဆုံး ပြုလုပ်သည့်အရာမှာ ဆရာ့ထံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ခြင်း ဖြစ်သည်။
ဒါက တပည့်တစ်ဦးအနေဖြင့် ပြုလုပ်ရမည့် တာဝန် ဖြစ်သည်။
ရှုချွမ်းက ပင်မခန်းမ ကြီး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဆရာ... ကျင့်ကြံနေတာလား”
နန်းတော် အတွင်းမှ စစ်တုလင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ဝင်ခဲ့ပါ”
ရှုချွမ်း ဝင်လာခဲ့သည့်အခါ စစ်တုလင်းက အမြဲတမ်းအတိုင်း တရားထိုင်နေသည်ကို မြင်လိုက်ရသည်။
သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ ပင်ပန်းဆင်းရဲစွာ ကျင့်ကြံနေခြင်းမှာ အသုံးမဝင်တော့ပေ။
ပြီး ပြည့်စုံသော ကောင်းကင်တာအိုနိယာမ တစ်ခုကို နားလည်သဘောပေါက်မှသာ နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ပြီး ကောင်းကင်ဘုရင်နယ်ပယ် သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။
ရှုချွမ်းက ရိုသေစွာ ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ “တပည့်က ဆရာ့ကို ဂါရဝပြုပါတယ် ”
စစ်တုလင်းက ရှုချွမ်းကို ကြည့်ကာ ပြုံးလိုက်ပြီး မေးလိုက်သည်။ “ဒီတစ်ခေါက် ခရီးစဉ်ကနေ ဘာတွေရခဲ့လဲ ဆရာ ပေးလိုက်တဲ့ အသက်ကယ်အဆောင် က ဘာလို့ အသုံးပြုလိုက်ရတာလဲ”
ရှုချွမ်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း ပြောလိုက်သည်။ “လမ်းမှာ မတော်တဆမှု အနည်းငယ် ရှိခဲ့ပေမယ့် ရလဒ်ကတော့ အလွန်ကြီးမားပါတယ် ”
“ဆရာ... ကျေးဇူးပြုပြီး ကြည့်ပေးပါ”
ထို့နောက်တွင် ရှုချွမ်းက ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ အသစ်စက်စက် ဖန်တီးထားသော နေသူတော်စင် ခန္ဓာ နှင့် အရှိန်အဟုန်ဖြင့် တိုးတက်လာသော သိုင်းတာအိုကျင့်ကြံခြင်းအဆင့် ကို စစ်တုလင်း၏ အရှေ့ တွင် တိုက်ရိုက် ထုတ်ဖော်ပြသလိုက်သည်။
“ဒါ... ဒါက...”
စစ်တုလင်းက ထိုအော်ရာ ကို ခံစားလိုက်ရပြီး ပထမဦးစွာ ဆွံ့အသွားခဲ့ရကာ ထို့နောက်တွင် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် ငါ့ ရဲ့ တပည့်ကောင်းလေး ”
“အပြင်ကို ခရီးတစ်ခု ထွက်တာက ကျင့်ကြံမှုကို လျင်မြန်စွာ မြင့်တက်စေရုံတင်မကဘဲ နေသူတော်စင် ခန္ဓာကိုပါ ဖန်တီးနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
“ငါ မင်းကို ကြည့်တာ တကယ်ကို မမှားခဲ့ဘူးပဲ”
ကျန်းရန်တောင်ထိပ်၏ တောင်ထိပ်သခင်တစ်ဦးအဖြစ်လည်းကောင်း၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ၏ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးအဖြစ်လည်းကောင်း၊ စစ်တုလင်းကို အမြင်ကျယ်သောသူတစ်ဦးဟု သတ်မှတ်နိုင်သည်။
သူက တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ရှုချွမ်း၏ ခန္ဓာကိုယ် မှာ ဒဏ္ဍာရီလာ နေသူတော်စင် ခန္ဓာ ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်နိုင်သည်။
နေသူတော်စင် ခန္ဓာကို နောက်ဆုံး ပိုင်ဆိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်ခံရသူမှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်က နေဧကရာဇ် ဖြစ်သည်။
နေဧကရာဇ်က သာမန်ဘဝမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ သိုင်းတာအိုကျင့်ကြံခြင်း မှာ အရှိန်အဟုန်ဖြင့် တိုးတက်ကာ တစ်ကမ္ဘာလုံးတွင် ပြိုင်ဘက်မရှိဘဲ သူ၏ မျိုးဆက်တစ်ခုလုံးရှိ ပါရမီရှင်အားလုံးကို ဖိနှိပ်ကာ နောက်ဆုံးတွင် ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
နေဧကရာဇ်၏ ကြီးမားသော အောင်မြင်မှုများမှာ နေသူတော်စင် ခန္ဓာကြောင့် အများကြီး ဖြစ်ခဲ့သည်ဟု ပြောနိုင်သည်။
ယခုအခါ သူ၏ တပည့်ဖြစ်သူက ထိုကဲ့သို့သော ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ရာ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မည်နည်း။
“ဆရာ... တပည့်က ခန္ဓာကိုယ်ကို အသားကျ အောင် လုပ်ဖို့ အင်မော်တယ်ဂူ ကို ပြန်ပြီး တံခါးပိတ် ကျင့်ကြံခြင်း ဝင်ပါရစေ”
ရှုချွမ်းက ပြောလိုက်သည်။
“သွား၊ သွား”
စစ်တုလင်းက သူ၏ စိတ်ခံစားချက်ကို ထိန်းညှိလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
ဤတပည့်က သူ့ကို ပိုမို၍ အံ့အားသင့်စရာများ ပေးနေခဲ့ပြီ ဖြစ်သည်။
ရှုချွမ်းက 'သိုင်းတာအိုဝိညာဉ် မျိုးစေ့' ကို ပေါင်းစည်းနိုင်ခဲ့ကြောင်း သတင်းကို သူ ရရှိထားပြီး ဖြစ်သည်။
၎င်းကပင် သူ့ကို အလွန်ဝမ်းမြောက်စေခဲ့ပြီး ကျန်းရန်တောင်ထိပ်တွင် ဆက်ခံသူ ရှိပြီဟု ခံစားရစေခဲ့သည်။
ရှုချွမ်းက ဤမျှအထိ ကြီးမားသော အံ့အားသင့်စရာကို ယူဆောင်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
၎င်းက သူ၏ မျှော်လင့်ချက်များထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ယခုအချိန်တွင် သူက ရှုချွမ်းကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေခဲ့ရသည်။
ရှုချွမ်း ပင်မခန်းမထဲမှ လှမ်းထွက်သွားတော့မည့်အချိန်၌ စစ်တုလင်းက သူ့ကို လှမ်း၍ ခေါ်လိုက်ပြန်သည်။
“အော်... ဒါနဲ့၊ အဲဒီအဆောင် က ကုန်သွားပြီ မဟုတ်လား ဆရာ တပည့် ကို နောက်ထပ်တစ်ခု ပေးမယ်၊ သေသေချာချာ အသုံးပြုဖို့ သတိရပါ”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ယခင်အဆောင် နှင့် ထပ်တူထပ်မျှတူညီသော အဆောင် တစ်ခုက ရှုချွမ်း၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။
ရှုချွမ်းက ၎င်းကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဂရုတစိုက် ထည့် လိုက်သည်၊ ဒါက အရေးကြီးသော အချိန်တွင် သူ့အသက်ကို ကယ်တင်ပေးနိုင်မည့် အရာ ဖြစ်သည်။
“ဒါဆိုရင် တပည့်ကို ခွင့်ပြုပါဦး ”
“သွားတော့၊ အော်... နောက်ထပ် တစ်ခုရှိသေးတယ်၊ တံခါးပိတ် ကျင့်ကြံခြင်းကို အကြာကြီး မလုပ်နဲ့ဦး၊ မကြာခင်မှာ တပည့်ကို ခိုင်းစရာ ကိစ္စတစ်ခု ရှိသေးတယ်”
စစ်တုလင်းက ညွှန်ကြားလိုက်သည်။
ထို့နောက်တွင် ရှုချွမ်းက ပင်မခန်းမထဲမှ ထွက်ခွာသွားခဲ့တော့သည်။
ရှုချွမ်း၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားပြီးနောက် စစ်တုလင်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြောလိုက်၏။ “ငါ့ရဲ့ ဒီတပည့်က တကယ့်ကို ထူးခြား လွန်းတယ်၊ မဖြစ်ဘူး... ငါ မြင့်မြတ်အရှင် ဆီကို သွားပြီး သူ့အတွက် သူတော်စင် နေရာ ရအောင် သွားပြောရမယ်”
ထို့နောက်တွင် သူက ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့ပြီး မြင့်မြတ်နယ်မြေ ၏ ပင်မတောင်ထိပ်ဆီသို့ ဦးတည်သွားခဲ့တော့သည်။