← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) အားနည်းလွန်းလိုက်တာ၊ အတွင်းစည်းတပည့်တွေက ဒီလောက်ပဲလား

​“မင်းရဲ့ ဓားကို ဆွဲထုတ်စမ်း၊ ငါ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့”

​ချင်းချန်သည်လည်း စိတ်ဆတ်သူတစ်ဦး ဖြစ်သဖြင့် ချက်ချင်းပင် တံခါးချပ်ကြီးတစ်ခုကဲ့သို့ ကြီးမား လှသော သူ၏ ဓားပြားကြီးကို ဆွဲထုတ်ကာ ကုန်းလင်ထံသို့ ချိန်ရွယ်လိုက်သည်။

​သို့သော်လည်း ကုန်းလင်မှာမူ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေခဲ့ပေ။ ဓားဆွဲထုတ်ဖို့ နေနေသာသာ သူက ခုခံကာကွယ်မည့် အနေအထားတစ်ခုကိုပင် မပြုလုပ်ခဲ့ပေ။

​“မင်းက ငါ့ကို ဓားဆွဲထုတ်ခိုင်းချင်တာလား မင်းမှာ အဲဒီလို အရည်အချင်း ရှိလို့လား”

ကုန်းလင်က အထင်မြင်သေးစွာဖြင့် ပြန်လည်၍ လှောင်ပြောင် လိုက်သည်။

​“မင်းကိုယ်မင်း အရှက်ကွဲအောင် လာရှာနေမှတော့ ငါ့ကို လာမအပြစ်တင်နဲ့”

၎င်းကို ကြားလိုက်ရသည့်အခါ ချင်းချန်က ချက်ချင်းပင် ဒေါသထွက်သွားခဲ့ရသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ကုန်းလင်ထံသို့ ဝှေ့ယမ်းခုတ်ပိုင်းလိုက်တော့သည်။

ဤကုန်းလင်က တကယ့်ကို ဘဝင်မြင့်လွန်းလှပေသည်။

​“ဓားသိုင်း - တောင် နှင့် မြစ် ကို ပိုင်း ဖြတ် ခြင်း”

ချင်းချန်က ဟစ်အော်လိုက်ပြီး သူ၏ ထက်မြက်လှသော လှုပ်ရှားမှုဖြင့် ကုန်းလင်ကို လွှမ်းမိုးလိုက်သည်။

လဲ့ယန်တောင်ထိပ်၏ အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် သူ၏ ချီ မှာ အလွန်ပင် ပြင်းထန်လှပေသည်။ ဤလိုက်ဖက်ညီလှသော လှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူက သေမျိုးအဆင့်ကျော်လွန်ခြင်း နယ်ပယ် အဆင့် ၁ ကျင့်ကြံမှုဖြင့် နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၂ ၏ စွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

​သို့သော်လည်း ပြိုင်ဘက်ကင်း ဟု ထင်ရသော ဤအကွက် ကို ရင်ဆိုင်ရသည့်တိုင်အောင် ကုန်းလင်က မျက်တောင်တစ်ချက်မျှပင် မခတ်ခဲ့ပေ။

သူက လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လေထုထဲ၌ပင် ထိုဓားပြားကြီးကို ညှပ်၍ တိုက်ရိုက် တားဆီးလိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် ချင်းချန်က ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

​ထို့နောက်တွင် ကုန်းလင်က သူ၏ ဘယ်ဘက်လက်ကို လက်သီးအဖြစ် ဆုပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ချင်းချန်၏ ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်တော့သည်။

​ဘုန်း...

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ချင်းချန်က သွေး အန်လျက် နောက်သို့ လွင့်စင်သွားခဲ့ရသည်။

သူ၏လက်ထဲမှ ဓားပြားကြီးသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖုန်မှုန့်များကို လွင့်ပျံသွားစေခဲ့သည်။

​လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်

ဒုတိယအချက်ပင် မလိုခဲ့ပေ။

ထိုလက်သီးတစ်ချက်ဖြင့် ချင်းချန်က မြေပြင်ပေါ်တွင် သတိမေ့မြောသွားခဲ့ရတော့သည်။

​“အားနည်းလွန်းတယ်”

ကုန်းလင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော ချင်းချန်ကို မထင်မဲ့မြင် ပြုလျက် ကြည့်လိုက်သည်။

ဤကဲ့သို့သော ခွန်အား မျိုးက သူ့ကို မည်သည့်စိတ်ဝင်စားမှုမျှ ဖြစ်ပေါ်လာစေခြင်း မရှိပေ။

​သူက အရှေ့ဘက်ဒေသ၏ ထိပ်တန်းအင်အားစုမှာ အနည်းငယ် ထူးခြားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤအတွင်းစည်းတပည့်များမှာ တစ်ချက်တည်းဖြင့် ပြိုလဲသွားနိုင်လောက်အောင် အားနည်းလွန်းနေခဲ့သည်။

သူသည် မူလက သူ့ အဆင့် ကို ဖိနှိပ်ထားခြင်းဖြင့် အနည်းဆုံး အကွက် အချို့ကို ဖလှယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကြည့်ရသလောက်တော့ အကယ်၍ သူသာ နောက်ဆုံးအချိန်၌ ခွန်အားကို ပြန်လည်မရုတ်သိမ်း ခဲ့လျှင် သူ့ရှေ့မှောက်ရှိ လူမှာ ဤလက်သီးတစ်ချက်ဖြင့်ပင် အသတ်ခံရပြီး ဖြစ်လိမ့်မည်။

​“ဒါက အတွင်းစည်းတပည့်တစ်ယောက်လား တကယ်ကို ပျင်းစရာကောင်းလိုက်တာ”

“နောက်တစ်ယောက်”

ကုန်းလင်က ရပ်နေရင်း ချင်းချန်ကို အပြင်သို့ ထမ်းထုတ်သွားသည်ကို ကြည့်ကာ အထင်သေးစွာဖြင့် ပြောလိုက်သည်။

​“သူက တကယ့်ကို ဘဝင်မြင့်လွန်းတယ် ဘယ်စီနီယာအစ်ကိုက ဝင်ပြီး သူ့ကို သင်ခန်းစာပေးမှာလဲ”

“ဒါက တကယ့်ကို သည်းခံနိုင်စရာ မရှိတော့ဘူး ငါတို့ သူ့ကို သင်ခန်းစာ သေချာပေါက် ပေးရမယ်”

“လူအများကြီး... ဖယ်ကြပါ ဖယ်ကြပါ ဟုန်ယန်တောင်ထိပ် က စီနီယာအစ်ကို ရောက်လာပြီ”

​ချင်းချန် အပြင်သို့ ထမ်းထုတ်ခံရသည်ကို မြင်လိုက်ရပြီး ကုန်းလင်က အထင်သေးသော စကားများကို ဆက်လက်ပြောဆိုနေခဲ့သဖြင့် ခန်းမအပြင်ဘက်ရှိ တပည့်များအားလုံး ဒေါသထွက်နေကြပြီး ရှေ့သို့ ပြေးဝင်ကာ သူ့ကို အစိမ်းလိုက်ဝါးစားပစ်ချင်စိတ်များ ပေါ်ပေါက်နေခဲ့ကြသည်။

သို့သော်လည်း စည်းမျဉ်းများအရ တစ်ကြိမ်လျှင် တစ်ယောက်သာ တက်ရောက်နိုင်သဖြင့် သူတို့ ဇွတ် မပြုလုပ်ခဲ့ကြပေ။

​နောက်ဆုံးတွင် နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၄ တွင်ရှိသော အတွင်းစည်းတပည့်တစ်ဦးက သတင်းကို ကြားသိရသဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့ပြီး လူအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။

​“ဟုန်ယန်တောင်ထိပ်က ကျောက်ထော့ ... စီနီယာ့ရဲ့ အကွက် တွေကို လာ ဖလှယ် ပါတယ်”

​ကျောက်ထော့က ဟစ်အော်လိုက်ပြီး သူ၏ လက်သီးသိုင်းများကို ချက်ချင်းထုတ်ဖော်လျက် ကုန်းလင်ထံသို့ တိုက်ခိုက်လိုက်တော့သည်။

သူက ဓားကျင့်ကြံသူတစ်ဦး မဟုတ်သဖြင့် ဓားရှည်ကို အသုံးမပြုဘဲ သူ၏ လက်သီးနှင့် ခြေထောက်များကိုသာ အသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၄ ကျင့်ကြံမှုဟူသည် ဤအတွင်းစည်းတပည့်များအကြား မြင့်မားသောအဆင့် ဟု သတ်မှတ်နိုင်ပေသည်။

ထို့ပြင် သူက ချင်းချန်ကဲ့သို့ မဟုတ်ဘဲ မွေးရာပါ နတ်ဘုရားစွမ်းအား ကို နိုးထထားနိုင်ခဲ့သော အစစ်အမှန် နတ်ဘုရားစွမ်းအားနယ်ပယ် တပည့်တစ်ဦး ဖြစ်သည်။

​“လက်သီးသိုင်း - တောင်တန်းနှင့် မြစ် ကို ဖိ နှိပ်ခြင်း”

ဒါက သူ၏ မွေးရာပါ နတ်ဘုရားစွမ်းအားဖြစ်ပြီး သူ၏ ချီ များကို လက်သီးအတွင်းသို့ ထည့်သွင်းကာ ၎င်းတို့၏ စွမ်းအား နှင့် အမြန်နှုန်း ကို မြှင့်တင်ပေးခြင်း ဖြစ်သည်။

ဤလက်သီးချက်က တစ်ချက်တည်းဖြင့် အပြတ်အသတ် ချေမှုန်းရန် ရည်ရွယ်ထားသည်။

လက်သီးတစ်ချက်ဖြင့် တောင်တန်းများနှင့် မြစ် များ ပြိုကွဲပျက်စီးသွားလိမ့်မည် ဖြစ်သည်။

​သို့သော်လည်း သူတို့ အပြန်အလှန် လှုပ်ရှားလိုက်ကြသည်နှင့် တစ်ပြိုင်နက် ချင်းချန် မည်သည့်အတွက်ကြောင့် ဤမျှ လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့ရသည်ကို ကျောက်ထော့ သိရှိသွားခဲ့တော့သည်။

ဤကုန်းလင်က စင်ကြယ်သော ဓားနှလုံးသားအဆင့်သို့ ရောက်ရှိထားသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သူ ဓားမဆွဲထုတ်ရသေးသော်လည်း သူ၏ ဓားသိုင်းကွက် များမှာ သူ၏ လှုပ်ရှားမှုတိုင်းတွင် လုံးဝ ဥဿုံ ပေါင်းစပ်နေခဲ့ပြီ ဖြစ်သည်။

လက်သီးနှင့် ခြေထောက်များအားလုံးမှာ ဓားများ ဖြစ်ကြပြီး မြက်ပင်နှင့် သစ်ပင်အားလုံးမှာ လက်နက်များ ဖြစ်နေခဲ့ကြသည်။

​နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၄ တပည့်တစ်ဦးဖြစ်သည့်တိုင်အောင် သိုင်းကွက် တစ်ခုအတွင်း၌ပင် သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

သိုင်းကွက် နှစ်ခုအကြာတွင် ကျောက်ထော့က ခေါင်းကို ရိုက်ခံလိုက်ရသဖြင့် မျက်လုံးများ လည်သွားခဲ့ရပြီး သူသည်လည်း အပြင်သို့ ထမ်းထုတ်ခြင်းကို ခံလိုက်ရတော့သည်။

​“ဒီလောက်ပဲလား ဒါပဲလား မင်းတို့တွေမှာ အရည်အချင်း တကယ်ပဲ မရှိကြတော့ဘူးလား အကယ်၍ မရှိဘူးဆိုရင်လည်း နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့လူကို လွှတ်လိုက်ပါ၊ ဒါမှမဟုတ် အားလုံးပဲ တစ်ပြိုင်နက်တည်း တက်လာခဲ့ကြစမ်း။ ငါ့ရဲ့ အချိန်တွေကို လာပြီး မဖြုန်းတီးကြနဲ့”

ကုန်းလင်က တည်ငြိမ်စွာဖြင့် ပြော လိုက်သည်။

​သူ၏ မျက်လုံးထဲတွင်မူ ထိုက်ယိမြင့်မြတ်နယ်မြေ၏ အတွင်းစည်းတပည့်များမှာ ပုပ်ပွနေသော ငါးများနှင့် ပုစွန်ထုပ်များအုပ်စုမျှသာ ဖြစ်ပြီး တစ်ယောက်မျှပင် တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။

သူက သူ့ ဓားကို ဆွဲထုတ်ရန်ပင် အားမစိုက်ထုတ်ခဲ့ပေ။

တစ်ခဏအတွင်းမှာပင် အတွင်းစည်းတပည့်အားလုံး၏ မျက်နှာများမှာ အလွန်ပင် ဆိုးဝါးသွားခဲ့ရတော့သည်။

ဒါက တကယ့်ကို ကြီးမားလှသော အရှက်ခွဲမှု ဖြစ်သည်။

မြင့်မြတ်နယ်မြေ၏ အတွင်းစည်းသို့ ဝင်ရောက်နိုင်ခဲ့သူများမှာ ပြိုင်ဘက်ကင်း ပါရမီရှင်များ မဟုတ်ကြဦးတော့ အနည်းဆုံးတော့ ပါရမီရှင်များအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည်။

သူတို့ မည်သည့်အခါက ဤကဲ့သို့သော အရှက်ခွဲမှုကို ခံခဲ့ရဖူးပါသနည်း။

​သို့သော်လည်း တောင်ထိပ်အသီးသီး၏ တောင်ထိပ်သခင်များနှင့် ထိုက်ယိမြင့်မြတ်နယ်မြေအရှင်တို့မှာမူ အတော်အတန် တည်ငြိမ်နေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိ တိုက်ခိုက်နေသူများမှာ အတွင်းစည်းတပည့်များသာ ဖြစ်ကြပြီး ထိုက်ယိမြင့်မြတ်နယ်မြေ၏ အစစ်အမှန် ထိပ်တန်း သိုင်းပညာရှင် များမှာ အတွင်းစည်းတပည့်များ၏ အထက်တွင်ရှိသော အဓိက တပည့် များနှင့် တိုက်ရိုက်တပည့် များ ဖြစ်ကြခြင်းကြောင့် ဖြစ်သည်။

ဤတပည့်နှစ်မျိုးကသာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ စစ်မှန်သော ခွန်အားကို ပြသနိုင်ကြလိမ့်မည် ဖြစ်သည်။

​နောက်ဆုံးတွင် အဓိက တပည့်တစ်ဦးက လူအုပ်ကြီးကို တိုးဝှေ့လျက် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

​“ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်”

ဤလူမှာ ချင်းယန်တောင်ထိပ်၏ အဓိက တပည့်ဖြစ်ပြီး နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅ ကျင့်ကြံမှုရှိသော ချန်ဝူဟွေ့ ဖြစ်သည်။

သူ၏ ကျင့်ကြံမှုမှာ ကုန်းလင်နှင့် အဆင့်တူတွင် ရှိနေသည်။

​သူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင် ပြုလုပ်လိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သူက ပထမဦးဆုံး ရှေ့သို့ ထွက်လာခဲ့သော အဓိက တပည့်ဖြစ်သဖြင့် ဤတိုက်ပွဲတွင် ကြီးမားလှသော ဖိအားကို ခံစားနေရသည်။

​“ချင်းယန်တောင်ထိပ်က ချန်ဝူဟွေ့... ညီကိုကုန်းထံမှ ပညာလာဖလှယ် ပါတယ်”

ချန်ဝူဟွေ့က တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြော လိုက်သည်။

​သူက သူ့ အော်ရာ ကို ဖြည်းညှင်းစွာ ထုတ်ဖော်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သံကဲ့သို့သော အသံများကို ကြားလိုက်ရသည်။

ဒါက သူ၏ မွေးရာပါ နတ်ဘုရားစွမ်းအားဖြစ်သော 'အဇူရာ ပင်လယ် နယ်မြေ ' ဖြစ်သည်။

ဤနယ်မြေ အတွင်း၌ ရန်သူ၏ လှုပ်ရှားမှုများကို လှိုင်းလုံးများဖြင့် ကန့်သတ်ထားနိုင်မည်ဖြစ်ပြီး သူကိုယ်တိုင်မူ လှိုင်းလုံးများကို အသုံးပြုကာ သူ၏ ချီ များကို ပြန်လည်ဖြည့်တင်းနိုင်လျက် သူ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်နိုင်မည် ဖြစ်သည်။

၎င်းနှင့်အတူ သူ၏ အကျွမ်းကျင်ဆုံးသော ဆန်းကြယ်အဆင့် ဓားသိုင်းဖြစ်သည့် 'အဇူရာ ပင်လယ်ဓားသိုင်း' နှင့် ပေါင်းစပ်လိုက်သည်။

ဒါက သာမန်ပေါင်းစပ်မှုတစ်ခု မဟုတ်ပေ။

ထိုနှစ်ခု၏ ပေါင်းစပ်မှုက အလွန်တရာ အစွမ်းထက်သော စွမ်းအား ကို ပေါက်ကွဲထွက်လာစေနိုင်သည်။

​“အော်... နောက်ဆုံးတော့ ငါ့ကို စိတ်ဝင်စားမှု ဖြစ်စေနိုင်တဲ့လူတစ်ယောက် ထွက်လာခဲ့ပြီပဲ”

ကုန်းလင်က သူ၏ မျက်ခုံးကို ပင့်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ထို့နောက်တွင် သူက သူ့ ကျင့်ကြံမှုအဆင့်ကို ထပ်မံ၍ ဖိနှိပ်ထားခြင်းမရှိတော့ဘဲ နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅ ကျင့်ကြံမှုကို ပြန်လည်ဖော်ထုတ်လိုက်တော့သည်။

​“လာခဲ့လေ၊ ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ အဓိက တပည့်မှာ ဘယ်လိုခွန်အားမျိုး ရှိလဲဆိုတာ ငါ့ကို ပြစမ်း”

သူက ခေါင်းညိတ်ပြလိုက်ရင်း ချန်ဝူဟွေ့ စတင်နိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

​“အဇူရာ ပင်လယ်ဓားသိုင်း - ပထမ သိုင်းကွက်... ဒီရေတက်ခြင်းနှင့် ဒီရေကျခြင်း”

ချန်ဝူဟွေ့က ဟစ်အော်လိုက်ပြီး သူ၏ ဓားနှင့်အတူ အထက်သို့ ခုန်တက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်အလား ဤအဇူရာ ပင်လယ်ပြင် နယ်မြေ အတွင်း၌ လှုပ်ရှားသွားခဲ့သည်။

ထို့နောက်တွင် သူက ဓားတစ်ချက်ကို လွှဲခုတ်လိုက်ရာ ၎င်းက ပေအနည်းငယ်ရှည်လျားသော ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကုန်းလင်ထံသို့ ပျံသန်းသွားခဲ့တော့သည်။

​ဤဓားချက်ကို ရင်ဆိုင်ရသည့်တိုင်အောင် ကုန်းလင်က ထိတ်လန့်ခြင်း မရှိခဲ့ပေ၊ ထိုအစား သူ၏ မျက်နှာထက်တွင် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။

​“ဒါမှပဲ စိတ်ဝင်စားဖို့ ကောင်းမှာ”

နောက်တစ်ခဏ၌ သူက ခြေနှစ်ဖက်စလုံးဖြင့် မြေပြင်ကို ကန်ကျောက်လိုက်ပြီး မြားတစ်စင်းအလား အရှိန်အဟုန်ဖြင့် ပြေးထွက်ကာ ဓားအလင်းတန်းဆီသို့ တိုးဝင်သွားခဲ့သည်။

သူ နီးကပ်လာသည့်အခါ... သူ၏ လက်မောင်းကို ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ လက်ဝါးဖြင့် အောက်သို့ ခုတ်ပိုင်းလိုက်တော့သည်။

ထိုဓားအလင်းတန်းမှာ တိုက်ရိုက်ပင် ပြိုကွဲပျက်စီးသွားခဲ့ရသည်။

​“ဘာ...”

ချန်ဝူဟွေ့ ဆွံ့အသွားခဲ့ရသည်။

ကုန်းလင်က သူ၏ ဓားချက်ကို လက်ဗလာဖြင့် တိုက်ရိုက် တားဆီးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူသည် မူလက ကုန်းလင်အနေဖြင့် ဤဓားချက်ကို ရှောင်လွှဲလိမ့်မည် သို့မဟုတ် သူ၏ ကိုယ်ပိုင်ဓားကို ဆွဲထုတ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကုန်းလင်က ဓားအလင်းတန်းကို လက်ဗလာဖြင့် အမှန်တကယ် ဖျက်ဆီး ပစ်လိမ့်မည်ဟု သူ လုံးဝ စိတ်ကူးမယဉ်ခဲ့ဖူးပေ

ဒါက တကယ့်ကို မဖြစ်နိုင်တဲ့အရာပဲ။

​သူက လျင်မြန်စွာပင် နောက်သို့ ဆုတ်ခွာလိုက်ပြီး ကုန်းလင်နှင့် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက်တွင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူ၏ အဇူရာ ပင်လယ်ပြင် နယ်မြေ ကို အပြည့်အဝ အသက်သွင်းလိုက်တော့သည်။

​“အဇူရာ ပင်လယ်ဓားသိုင်း ပင်လယ်ပြင်မှ ဒီရေလှိုင်းများ ထွက်ပေါ်လာခြင်း”

ချန်ဝူဟွေ့က သွားကို တင်းတင်းကြိတ်လျက် အဇူရာ ပင်လယ်ဓားသိုင်း၏ အစွမ်းထက်ဆုံးသော သတ်ကွက် ကို ထုတ်ဖော်လိုက်သည်။

လက်ရှိအချိန်တွင် သူ၏ ခွန်အားအားလုံးကို အသုံးမပြုပါက နောက်ထပ် အခွင့်အရေး ရှိတော့မည်မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

​ဘုန်း...

အဇူရာ ပင်လယ်ပြင် နယ်မြေ အတွင်း၌ ကြီးမားလှသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့ပြီး ကုန်းလင်၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်ကြသည်။

'ပင်လယ်ပြင်မှ ဒီရေလှိုင်းများ ထွက်ပေါ်လာခြင်း' ကို ထုတ်ဖော်လိုက်သည်နှင့်အမျှ ဓားအလင်းတန်းများမှာ လှိုင်းလုံးကြီးများအလား ဆက်တိုက်ဆိုသလို အဆုံးမရှိ ထွက်ပေါ်လာခဲ့ပြီး တစ်လွှာပြီးတစ်လွှာ ပိုမို၍ အစွမ်းထက်လာခဲ့ကြသည်။

​သို့သော်လည်း ကုန်းလင်က အလွန်ပင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြလိုက်သည်။

​“ဒါ မင်းရဲ့ အစွမ်းထက်ဆုံး သိုင်းကွက် လား အားနည်းလွန်းတယ်၊ တကယ့်ကို အားနည်းလွန်းပါတယ်”

“တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်”

“အဲဒီလိုဖြစ်နေမှတော့... ဒါကို အဆုံးသတ်လိုက်ကြစို့”

​ကလန်...

ကုန်းလင်၏ ဓားရှည်မှာ ဆွဲထုတ်ခြင်း ခံလိုက်ရပြီး စူးရှလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဓားတစ်ချက်တည်းဖြင့်ပင် သူ့ကို တိုက်ခိုက်နေသော ပြင်းထန်လှသည့် လှိုင်းလုံးကြီးများမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရပြီး အလယ်တည့်တည့်မှ နှစ်ခြမ်း ကွဲအက်သွားခဲ့တော့သည်။

​ဖူး...

ချန်ဝူဟွေ့က သွေးတစ်လုတ်ကို အန်လိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့ရသည်။

ကုန်းလင်၏ ဓားဦးချွန်မှာလည်း သူ၏ လည်ပင်းထံသို့ တိုက်ရိုက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဓားက ရှေ့သို့ အနည်းငယ်မျှ ဆက်လက်တိုးဝင်သွားပါက သူသည် ထိုနေရာ၌ပင် အသက်ပျောက်သွားရလိမ့်မည် ဖြစ်သည်။

ထင်ရှားလှသည်မှာ... သူ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်

သူ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်ပေသည်။

​

All Chapters