အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) မြင့်မြတ်နယ်မြေအရှင်၏ ဆုလာဘ်နှင့် ယန်ရှန်း၏ ကံကြမ္မာဇာတ်ညွှန်း
“ငါ မင်းကို အသက်သုံးရှိုက် စာ အချိန်ပေးမယ်။ ဒူးထောက်ပြီး တောင်းပန်စမ်း။ ငါ့ကို အတင်းအကျပ် လှုပ်ရှားရအောင် လာမလုပ်နဲ့”
ရှုချွမ်းက ကုန်းလင်၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အကြည့်များကို လျစ်လျူရှုလျက် တည်ငြိမ်စွာဖြင့် ပြော လိုက်သည်။
“မင်း...”
ကုန်းလင်က သွားကို တင်းတင်းကြိတ်လိုက်ရာ ကျယ်လောင်လှသော အသံပင် ထွက်ပေါ်လာခဲ့သည်။ သူက သူ့ ဘဝသက်တမ်းတစ်ခုလုံးတွင် ဤကဲ့သို့သော ကြီးမားလှသည့် အရှက်ခွဲမှုကို မည်သည့်အခါကမှ ကြုံတွေ့ခဲ့ဖူးပါသနည်း။
ဤလူက သူ့ထက်ပင် ပို၍ ဘဝင်မြင့်နေသေးသည်။
“အသက် တစ်ရှိုက်”
“အသက် နှစ်ရှိုက်”
ရှုချွမ်းက ကုန်းလင်၏ ရှေ့မှောက်တွင်ပင် စတင်၍ ရေတွက်နေခဲ့ပြီ ဖြစ်သည်။
သူက ကုန်းလင်အတွက် မည်သည့်မျက်နှာသာမျှ ပေးမည့် အရိပ်အယောင် ရှိမနေခဲ့ပေ။
ကုန်းလင်က သူ၏ဆရာကိုယ်တိုင်ပင်လျှင် ရှေ့သို့ ထွက်လာပြီး တားဆီးပေးခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ နှလုံးသားထဲ၌ လုံးဝဥဿုံ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရတော့သည်။
ဘုန်း...
နောက်ဆုံးတွင် ကုန်းလင်က ရှုချွမ်း၏ ရှေ့မှောက်၌ တိုက်ရိုက်ပင် ဒူးထောက်ချလိုက်တော့သည်။
“ငါ တောင်းပန်ပါတယ် ...ငါ ဘဝင်မြင့်လွန်းသွားခဲ့ပါတယ်။ ထိုက်ယိမြင့်မြတ်နယ်မြေကို မစော်ကားသင့်ခဲ့ပါဘူး”
သူ့ တပည့်ဖြစ်သူမှာ ရှုချွမ်း၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ဒူးထောက်ကာ တောင်းပန်လိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ခုနတင်ကအထိ ပြုံးရွှင်နေခဲ့သော လျိုယွမ်ရှန်းမှာမူ ယခုအချိန်တွင် သူ၏ တည်ငြိမ်မှုကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။
သို့သော်လည်း ထိုက်ယိမြင့်မြတ်နယ်မြေ၏ ထိပ်သီးသိုင်းပညာရှင်များစွာရှိနေသော ဤနေရာတွင် သူ မည်သည့်အရာမျှ မပြုလုပ်ရဲခဲ့သဖြင့် သူ၏ ဒေါသများကိုသာ အောင့်အည်းမျိုသိပ်ထားလိုက်ရတော့သည်။
ပင်မခန်းမအတွင်းရှိ ထိုက်ယိမြင့်မြတ်နယ်မြေ၏ ထိပ်သီးကျင့်ကြံသူများသည် ရှုချွမ်းက ကုန်းလင်ကို အလွယ်တကူ အနိုင်ယူ နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် အစော ကတည်းက ပျောက်ကွယ်နေခဲ့သော အပြုံးများ ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။
အထူးသဖြင့် ရှုချွမ်း၏ အစစ်အမှန် ခွန်အားကို မြင်တွေ့လိုက်ရပြီးနောက် သူတို့၏ မျက်နှာထက်မှ အပြုံးများမှာ ပိုမို၍ ကျယ်ပြန့်လာခဲ့ကြသည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်ကပင် ပြုံးလျက် လှမ်း၍ ပြော လိုက်သည်။
“မိတ်ဆွေလျို... ငါ တောင်းပန်ပါတယ် ငါတို့ မြင့်မြတ် နယ်မြေရဲ့ တိုက်ရိုက်တပည့် ရှုက နည်းနည်းလေး တဇွတ်ထိုး ဆန်နေသေးလို့ မင်းရဲ့ တပည့်ကို ဒူးထောက်တောင်းပန်ခိုင်းမိသွားတယ်”
ဤအပြန်အလှန် စောင်းမြောင်းသော စကားများကြောင့် လျိုယွမ်ရှန်းမှာမူ လုံးဝ ဆွံ့အသွားခဲ့ရတော့သည်။
ယခင်က သူသည်လည်း ထိုက်ယိမြင့်မြတ်နယ်မြေ၏ ထိပ်သီးကျင့်ကြံသူများကို ဤကဲ့သို့သော စကားမျိုး ပြောခဲ့ဖူးသည်။
ဝဋ်လည်ခြင်းက ဤမျှအထိ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူက အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့ရသည်။
“မြင့်မြတ်နယ်မြေအရှင်... ပညာဖလှယ်ပွဲလည်း ပြီးဆုံးသွားပြီဆိုတော့ ငါ လျိုအနေနဲ့ ငါ့ရဲ့ တပည့်ကို ခေါ်ပြီး အရင်ဆုံး ခေါ်သွား ခွင့်ပြုပါ”
သူက ထိုနေရာတွင် ဆက်နေရန် မည်သည့်မျက်နှာမျှ မရှိတော့ပေ။
ယခင်က မည်မျှအထိ ဘဝင်မြင့်ခဲ့သလဲ၊ ယခုအချိန်တွင်မူ ထိုမျှအထိ အရှက်ရနေခဲ့ရပြီ ဖြစ်သည်။
သူက စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်း၌ ဒူးထောက်နေဆဲဖြစ်သော ကုန်းလင်ကို ဆွဲခေါ်လျက် ထိုက်ယိမြင့်မြတ်နယ်မြေအတွင်းမှ လျင်မြန်စွာပင် ထွက်ခွာသွားခဲ့တော့သည်။
ခန်းမ၏ အပြင်ဘက်ရှိ တပည့်များသည်လည်း ယခုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အောင်ပွဲခံ အော်ဟစ်သံများကို ပေါက်ကွဲထုတ်ဖော်လိုက်ကြတော့သည်။
“တိုက်ရိုက်တပည့် ရှုက တကယ့်ကို အစွမ်းထက်တာပဲ”
“တိုက်ရိုက်တပည့် ရှုက ပြိုင်ဘက်ကင်းပဲ ဟေ့”
“ဘာကုန်းလင်လဲ သူက တကယ့် စက္ကူကျားသက်သက်ပဲ၊ တိုက်ရိုက်တပည့် ရှုရဲ့ သိုင်းကွက် တစ်ချက်ကိုတောင် မခံနိုင်ဘူး”
ရှုချွမ်းက ကုန်းလင်ကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ အနိုင်ယူ ပြခဲ့ပြီး ဒူးထောက်တောင်းပန်ခိုင်းခဲ့ခြင်းက သူတို့၏ နှလုံးသားအတွင်း၌ အစော ကတည်းက ပိတ်ဆို့နေခဲ့သော မကျေနပ်မှုများကို လုံးဝဥဿုံ လွတ်မြောက်သွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှုချွမ်း၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။
လျိုယွမ်ရှန်းနှင့် သူ၏ တပည့် ထွက်ခွာသွားပြီးနောက် ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က ရှုချွမ်းကို ပြုံးရွှင်သော မျက်နှာဖြင့် ကြည့်လျက် ပြော လိုက်သည်။ “ရှုချွမ်း... မင်းရဲ့ ယခုတစ်ကြိမ် စွမ်းဆောင်ရည်က တကယ့်ကို ထူးချွန်လှပါတယ်။ မင်းက ပိုပြီး သန်မာတဲ့ ပြိုင်ဘက်ကို အနိုင်ယူပြခဲ့ပြီး ငါတို့ ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ သိက္ခာကို ပြန်ဆယ်ပေးနိုင်ခဲ့တယ်”
ဘေး တွင်ရှိသော တောင်ထိပ်သခင်များသည်လည်း ရှုချွမ်းကို လေးစားချီးကျူးသော အကြည့်များဖြင့် ကြည့်နေကြပြီး ဆက်တိုက်ဆိုသလိုပင် ချီးမွမ်းစကားများ ပြောနေခဲ့ကြသည်။
သူ၏ ဆရာဖြစ်သူ စစ်တုလင်းမှာမူ ရှုချွမ်း၏ စွမ်းဆောင်ရည်အပေါ် ပိုမို၍ ကျေနပ်အားရနေခဲ့သည်။
၎င်းတို့အနက် တစ်ခုတည်းသော နောင်တရစရာမှာ ရှုချွမ်း၏ အစစ်အမှန် ခွန်အားမှာ မည်မျှအထိ ရှိသလဲဟူသောအချက်ကို အတိအကျ မသိရှိရခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် ခုနတင်က လက်သီးတစ်ချက်တည်းဖြင့်သာ ကုန်းလင်ကို အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။
သူ၏ အကျွမ်းကျင်ဆုံးသော ဓားသိုင်းကွက် များကိုမူ တစ်ချက်မျှပင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ရှုချွမ်းက နှိမ့်ချစွာဖြင့် ပြော လိုက်သည်။ “မြင့်မြတ်နယ်မြေအရှင်... ကျွန်တော့်ကို အလွန်အကျွံ ချီးမွမ်းနေပါပြီ။ မြင့်မြတ်နယ်မြေရဲ့ တိုက်ရိုက်တပည့်တစ်ယောက်အနေနဲ့ မြင့်မြတ် နယ်မြေရဲ့ သိက္ခာကို ထိန်းသိမ်းရမှာက သဘာဝကျလှပါတယ်။ ဒါက ကျွန်တော့်ရဲ့ တာဝန်ဖြစ်တဲ့အပြင် သူ့ရဲ့ အမူအရာကို ကျွန်တော်ကိုယ်တိုင်လည်း ကြည့်မရတာ ကြာပြီဖြစ်လို့ စပြီး တိုက်ခိုက် ချင်နေတာ ကြာပါပြီ”
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်နှင့် တောင်ထိပ်သခင်အသီးသီးတို့က ၎င်းကို ကြားလိုက်ရသည့်အခါ ရှုချွမ်းမှာ တကယ့်ကို အနာဂတ်ရှိသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပိုမို၍ ခံစားလိုက်ရပြီး မြင့်မြတ်နယ်မြေအရှင်က သူ့ကို ' သူတော်စင်သားတော် လောင်းလျာ ' အဖြစ် သတ်မှတ်ရန် ပြင်ဆင်နေခြင်းအပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိကြတော့ပေ။
ဤကဲ့သို့သော ပါရမီရှင်မျိုးနှင့်ဆိုလျှင် ထိုက်ယိမြင့်မြတ်နယ်မြေအနေဖြင့် မည်ကဲ့သို့ ဆက်လက်၍ မထွန်းတောက်ဘဲ နေနိုင်ပါမည်နည်း။
လက်ရှိအချိန်တွင် သူတို့အားလုံး၏ နှလုံးသားအတွင်း၌ ပိုမို၍ ပျော်ရွှင်နေခဲ့ကြသည်။
ထို့နောက်တွင်...
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က ရှုချွမ်းကို ကြည့်ကာ ပြုံးလျက် ပြော လိုက်သည်။
“ဒီအောင်ပွဲအတွက်... မင်း ဘယ်လိုဆုလာဘ်မျိုးကို လိုချင် လဲ”
“ဘာမှ ဖုံးကွယ်မနေပါနဲ့၊ မင်းအလိုရှိတဲ့ အရာကိုသာ တန်း ပြောလိုက်ပါ”
၎င်းကို ကြားလိုက်ရသည့်အခါ ရှုချွမ်း၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က ရှေးဟောင်းထိပ်သီး သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် သူ၏ လက်ဝယ်တွင် ရတနာများစွာ ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ ယခုအခါ ၎င်းတို့အနက်မှ တစ်ခုကို ရရှိနိုင်မည့် အခွင့်အရေး ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ သူ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
သူက လက်ရှိအချိန်တွင် သူ၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်ရန်နှင့် နတ်ဘုရားစွမ်းအားနယ်ပယ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ရတနာများကို လိုအပ်နေခြင်း ဖြစ်သည်။
“မြင့်မြတ်နယ်မြေအရှင်ရဲ့ လက်ထဲမှာ ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ကူညီပေးနိုင်မယ့် အရာမျိုး ရှိပါသလား ဒါကလွဲရင်တော့ ရှုချွမ်းအနေနဲ့ အခြားတောင်းဆိုစရာ မရှိပါဘူး”
ရှုချွမ်းက ရိုသေစွာဖြင့် ပြော လိုက်သည်။
“မင်းရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ပေးနိုင်မယ့်အရာလား... ငါ ခဏလောက် စဉ်းစားပါဦးမယ်”
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က တစ်ခဏမျှ တွေးတော လိုက်သည်။
ထို့နောက်တွင် သူက တစ်စုံတစ်ခုကို သတိရသွားသည့်အလား ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။
“ဒီအထဲမှာတော့ ငါ ငယ်ငယ်တုန်းက ရရှိခဲ့တဲ့ 'ရွှေကျီးကန်း သွေးအနှစ်သာရ' တစ်စက် ရှိတယ်။ ဒါက မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လုံးဝ ကိုက်ညီလှတယ်”
“ဒီအရာကို သန့်စင်လိုက်မယ်ဆိုရင် နတ်ဘုရားစွမ်းအားနယ်ပယ်ကို တက်လှမ်းဖို့အတွက်ကတော့ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး”
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က သူ၏လက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို ရှုချွမ်းထံသို့ ကမ်းပေးလိုက်တော့သည်။
ရွှေကျီးကန်း သွေးအနှစ်သာရ တဲ့လား
၎င်းကို ကြားလိုက်ရသည့်အခါ ရှုချွမ်းက ပထမဦးဆုံး ဆွံ့အသွားခဲ့ရသော်လည်း နောက်တစ်ခဏ၌မူ သူ၏ နှလုံးသားအတွင်း၌ အတိုင်းအဆမရှိသော ဝမ်းမြောက်မှုများ ပြည့်နှက်သွားခဲ့ရတော့သည်။
ရွှေကျီးကန်းက နေမင်း ထံမှ မွေးဖွားလာခဲ့သော နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက မွေးဖွားစအချိန်မှာပင် ကမ္မနယ်ပယ်၏ ခွန်အားကို ပိုင်ဆိုင်ထားပြီး အရွယ်ရောက်ပြီးသော ရွှေကျီးကန်းတစ်ကောင်မှာမူ ကောင်းကင်ဘုရင်နယ်ပယ် တည်ရှိမှုမျိုး ဖြစ်သည်။
၎င်း၏ သွေးအနှစ်သာရက ရတနာများအကြားမှ ရတနာတစ်ခု ဖြစ်ပြီး အောက်ခြေအဆင့် သုံးခုအတွင်း၌ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်ရန်အတွက် အလွန်တရာ အံ့ဖွယ်ကောင်းသော အာနိသင်များ ရှိပေသည်။ သို့သော်လည်း ၎င်းတို့မှာ အစော ကတည်းက မျိုးသုဉ်းကွယ်ပျောက်သွားခဲ့ပြီဟု ပြောကြသဖြင့် ထိုက်ယိမြင့်မြတ်နယ်မြေအရှင်၏ လက်ဝယ်တွင် ဤသွေးအနှစ်သာရ တစ်စက် ရှိနေသေးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထို့ပြင် သူ၏ 'မဟာနေသူတော်စင် ခန္ဓာကိုယ်' မှာလည်း ဤရွှေကျီးကန်း သွေးအနှစ်သာရနှင့် အလွန်တရာ လိုက်ဖက်ညီလှသဖြင့် ၎င်း၏ အာနိသင်များကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
ဤရွှေကျီးကန်း သွေးအနှစ်သာရ တစ်စက်ကို သန့်စင်ပြီးနောက် သူက ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ကို သေချာပေါက် တည်ဆောက်နိုင်မည်ဖြစ်ပြီး နတ်ဘုရားစွမ်းအားနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ဒါက တကယ့်ကို မျှော်လင့်မထားခဲ့သော အံ့ဩစရာ လက်ဆောင်ကောင်းတစ်ခု ဖြစ်ပေသည်။
“မြင့်မြတ်နယ်မြေအရှင်ကို ကျေးဇူးအထူးတင်ပါတယ်”
ရှုချွမ်းက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် မြင့်မြတ်နယ်မြေအရှင်၏ လက်ထဲမှ ရွှေကျီးကန်း သွေးအနှစ်သာရ ပါသော ကျောက်စိမ်းပုလင်းလေးကို လှမ်း၍ ယူလိုက်တော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က အနည်းငယ် ပြုံးပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
အခြားတစ်ဖက်တွင်မူ...
ကုန်းလင်၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသော ယန်ရှန်းက ထိုနေရာတွင် ရပ်နေခဲ့သည်။
သူက မြင့်မြတ်နယ်မြေအရှင်နှင့် သူ၏ ဂိုဏ်းတူညီအစ်ကိုများက ရှုချွမ်းအပေါ် အာမေဍိတ်သံများစွာဖြင့် ချီးမွမ်းပြောနေကြသည်ကို ကြားသိနေခဲ့ရပြီး ရှုချွမ်းက မြင့်မြတ်နယ်မြေအရှင်၏ ဆုလာဘ်ကို လက်ခံရရှိနေသည်ကို စောင့်ကြည့်နေခဲ့ရသည်။
မသိစိတ်၏ စေ့ဆော်မှုကြောင့်...
သူသည် ယခင်က ရှုချွမ်းနှင့် မည်သည့်အခါကမျှ မသိကျွမ်းခဲ့ဖူးသလို မည်သည့် ရန်ငြိုးရန်စမျှလည်း ရှိမနေခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ သူ၏ နှလုံးသားအတွင်း၌ ရှုချွမ်းအပေါ် ထူးဆန်းလှသော မုန်းတီးလိုစိတ်တစ်ခု ပေါ်ပေါက်လာခဲ့ရသည်။
ရှုချွမ်းက တိုက်ရိုက်တပည့် ဖြစ်လာသည်မှာ သူ့ထက် အများကြီး နောက်ကျလှသော်လည်း သူ၏ ခွန်အားမှာမူ သူ့ထက် အများကြီး ပိုမို၍ သန်မာနေခဲ့သည်။
ဒါက သူ့ကို အလွန်ပင် မကျေမနပ် ဖြစ်လာစေခဲ့သည်။
“ဘာလို့လဲ ဘာလို့ သူက ဒီလောက်အထိ သန်မာနေရတာလဲ”
သူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ နှလုံးသားအတွင်းမှ မုန်းတီးလိုစိတ်နှင့် မနာလိုဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရသည်။
သို့သော်လည်း သူ၏ စိတ်ခံစားမှုများမှာ အကြောင်းပြချက်မရှိဘဲ လှုပ်ရှားရုန်းကန်နေခဲ့ရသည်။
....
ရှုချွမ်းက ဤရန်လို စိတ် ကို အာရုံခံမိလိုက်သည်။
၎င်းက သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း ဤရန်လိုမှု၏ အရင်းအမြစ်ကို ရှာဖွေလိုက်သည်။
သူက မလှမ်းမကမ်းတွင်ရှိသော ယန်ရှန်းကို မြင်တွေ့လိုက်ရသည့်အချိန်အထိ ဖြစ်သည်။
ဤလူမှာ မီးလျှံဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော တိုက်ရိုက်တပည့်ဖြစ်ကြောင်း သူ ယခင်ကတည်းက ကြားသိထားခဲ့ဖူးသည်။
စနစ် ၏ စစ်ဆေးမှုနှင့်အတူ ယန်ရှန်း၏ အချက်အလက်များမှာ သူ၏ အရှေ့ တွင် ထွက်ပေါ်လာခဲ့တော့သည်။
[နာမည် : ယန်ရှန်း ]
[ကျင့်ကြံမှုနယ်ပယ်: သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် အဆင့် ၅]
[ပါရမီ: ပြိုင်ဘက်ကင်း ဘုရင် ]
[ကံကြမ္မာ : ကံကြမ္မာ၏ သားတော် (ရွှေရောင်)၊ မလျော့သောဇွဲ (ရွှေရောင်)၊ မီးလျှံဝိညာဉ်ခန္ဓာကိုယ် (ခရမ်းရောင်)၊ အဆင်မပြေမှုတိုင်းတွင် ပိုမိုသန်မာလာခြင်း (ခရမ်းရောင်)၊ မနာလိုစိတ်ရှိခြင်း (အဖြူရောင်)]
[ကံကြမ္မာဇာတ်ညွှန်း : “သိုင်းပညာဖြင့် ကောင်းကင် ကို ဆုတ်ဖြဲခြင်း” ဇာတ်လမ်း၏ အမျိုးသားဇာတ်ဆောင် ]
[ဘဝလမ်းကြောင်း : မူလက မဟာဝေ မြို့တော်ရှိ ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုမှ သခင်လေးတစ်ဦး ဖြစ်သော်လည်း ထိုက်ယိမြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦး၏ အမှတ်မထင် သတိပြုမိခြင်းကို ခံခဲ့ရသဖြင့် မြင့်မြတ် နယ်မြေအတွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူ၌ ရှားပါးလှသော မီးလျှံဝိညာဉ်ခန္ဓာကိုယ် ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ကျိယန်တောင်ထိပ်၏ တောင်ထိပ်သခင်က သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သည်။ ထို့နောက်တွင် သူသည် ယောင်ရှန်းဓားဂိုဏ်းမှ ကုန်းလင်နှင့် ပညာဖလှယ်ရာတွင် ရှုံးနိမ့်ခဲ့ရသဖြင့် မကျေမနပ် ဖြစ်သွားခဲ့ရကာ အဆင်မပြေမှုတိုင်းတွင် ပိုမိုသန်မာလာခဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ၎င်းနောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။]
[အခွင့်အရေး (၁) : ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်းမှ လက်စွပ်တစ်ကွင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုလက်စွပ်အတွင်း၌ ကျန်ရှိနေသော ဝိညာဉ်အကြွင်းအကျန်တစ်ခု ကိန်းအောင်းနေခဲ့သည်။]
[အခွင့်အရေး (၂) : ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်း၌ အထွတ်အထိပ်အရိုး တစ်ခုကို လုယူနိုင်ခဲ့သည်။ ၎င်းနှင့် ပေါင်းစပ်ပြီးနောက် သူသည် ဧကရာဇ်အရှင်နယ်ပယ် ၏ သိုင်းတာအို အတွေ့အကြုံများနှင့် အမွေအနှစ်များကို ရရှိခဲ့သည်။]
[အခွင့်အရေး (၃) : ရွှေရောင်ရှေးဟောင်းနန်းတော်သခင်၏ အမွေအနှစ်ကို ရရှိခဲ့သည်။]
......
ရွှေရောင်ကံကြမ္မာ နှစ်ခုနှင့် ခရမ်းရောင်ကံကြမ္မာ နှစ်ခုတို့က ရှုချွမ်းကို အနည်းငယ် ဆွံ့အသွားစေခဲ့သည်။
သူ့အပေါ်တွင် ရန်လိုစိတ် ရှိနေသော ယန်ရှန်း၌ ဤကဲ့သို့သော ကံကြမ္မာမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထို့ပြင် သူက “သိုင်းပညာဖြင့် ကောင်းကင် ကို ဆုတ်ဖြဲခြင်း” ဟုခေါ်သော ဇာတ်လမ်း၏ အမျိုးသားဇာတ်ဆောင်လည်း ဖြစ်နေခဲ့သေးသည်။
ဒါဟာ ရှုချွမ်း ယခင်က တစ်ကြိမ်မျှ မကြုံတွေ့ခဲ့ဖူးသော အမျိုးသားဇာတ်ဆောင်အဖြစ် ရှင်းလင်းစွာ ဖော်ပြခြင်းခံထားရသူ ဖြစ်သည်။
ဤကဲ့သို့သော ဇာတ်ဆောင်မျိုးမှာ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ယခင်က ကံကြမ္မာ သားတော်ဖြစ်သော ကဲ့သို့သောလူမျိုးနှင့် နှိုင်းယှဉ်နိုင်စရာ မရှိပေ။
သူပိုင်ဆိုင်ထားသော အခွင့်အရေးများကလည်း ရှုချွမ်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးနေခဲ့သည်။
“ငါ ဒီအခွင့်အရေးတွေကို သေချာပေါက် လုယူရမယ်”
“မင်းက ဇာတ်ဆောင် ဟုတ်မဟုတ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ အကယ်၍ မင်းသာ ငါနဲ့ ယှဉ်ပြိုင်ဖို့ ဝံ့ရဲမယ်ဆိုရင်တော့ မင်း သေရလိမ့်မယ်”
ဤအချက်ကို တွေးလိုက်မိသည်နှင့်အမျှ ရှုချွမ်း၏ မျက်လုံးများအတွင်း၌ ထက်မြလှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့တော့သည်။