← Chapters

အခန်း ၆၀၁

Vol. 41 Ch. 601

အခန်း ၆၀၁

Vol. 41 Ch. 601

အခန်း ( ၆၀၁ ) မင်း အိပ်မက်ထဲမှာပဲ စားလို့ ရမယ်။

ယုကျစ်ယန်ကတော့ သူ အမှားလုပ်ခဲ့တယ်လို့ မခံစားရဘဲ မကျေမနပ် ပြောလိုက်သည်။ “ ဘာလို့ ငါက မီးနဲ့ ကစားပြီး ကိုယ့်သေတွင်းကိုယ် တူးနေတာ ဖြစ်ရမှာလဲ။ သခင်လေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် သခင်မလေးက အစိုးရိမ်အကြီးဆုံးပဲ။ သူ ခံတွင်းပျက်နေတယ် ဆိုရင်တောင် သခင်လေးက အိုဗာတိုင်တွေ လုပ်လွန်းလို့ ပင်ပန်းပြီး အားနည်းနေတာပါလို့ မင်းတို့က ပြောချင်နေတာလား။ ”

ကုရှောက်ယန် : “ … ”

ကျိုးယန်ပိုင် : “ … ‘”

သူတို့ နှစ်ယောက်လုံး မိနစ်ဝက်လောက်အောင် ကြာအောင် နှုတ်ဆိတ်သွားပြီးမှ ကုရှောက်ယန်က နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ပို့လာခဲ့သည်။

“ သခင်လေး ဒီနေ့ရော စားချင်သောက်ချင်စိတ် ရှိရဲ့လား ၊ ဒါမှမဟုတ် ခံတွင်းပျက်နေသေးလား။ ”

“ … ဒီနေ့တော့ တော်တော်လေး သက်သာနေပါတယ်။ ”

“စားသောက်ဆိုင်ကနေ သခင်မလေး ပို့လိုက်တဲ့ အစားအသောက်တွေကို စားပြီးပြီလား။ ”

“ အေး ၊ အကုန်လုံး စားပြီးသွားပြီ။ ”

“ အိုး … ”

ယုကျစ်ယန် မျက်မှောင်ကြုတ်လိုက်သည်။ “ အိုး ဆိုတာ ဘာသဘောလဲ။ ”

ကုရှောက်ယန်က ဘာမှ မပြောသော်လည်း ကျိုးယန်ပိုင်က မေးလိုက်ပါသည်။ “ သခင်လေးအတွက် သခင်မလေးက စားစရာတွေ အများကြီး ယူလာရင် မင်းက ကျန်တဲ့ ဟာတွေကို စားလို့ ရအောင်လို့ ဒီအခြေအနေကို အမြတ်ထုတ်ဖို့ ကြံနေတာ မဟုတ်လား။ ”

စိတ်ထဲက အကြံအစည်တွေကို ထုတ်ဖော်ခံလိုက်ရသော ယုကျစ်ယန် : “ … ”

“ သခင်မလေးက သခင်လေးအတွက် စားစရာတွေကို သေချာလေး ပြင်လာခဲ့တာ။ သခင်လေးက မင်းနဲ့ မျှပြီး စားချင်မယ်လို့ ထင်နေတာလား။ မင်း အိပ်မက်ထဲမှာပဲ စားလို့ ရမယ်။ ”

ကျိုးယန်ပိုင်သည် ထိုစကားကို ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။

အဲ့ဒီနောက် ယုကျစ်ယန်က သူတို့ နှစ်ယောက်ကို အချိန် အတော် ကြာအောင် ရန်စဖို့ ကြိုးစားနေခဲ့သော်လည်း ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြ‌တော့။ သူ စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ပြီး ဤသတင်းအား ဌာန အသီးသီးရှိ ဝန်ထမ်းများကို ပြောပြလိုက်၏။

ယုက ငါး တစ်ကောင် မဟုတ်ဘူး : အရေးပေါ် သတိပေးချက်။ အရေးပေါ် သတိပေးချက်။ ကျေးဇူးပြုပြ ဌာနတွေ အကုန်လုံး အာရုံစိုက်ပေးကြပါ။ ခဏနေရင် ဘော့စ်ရဲ့ ဇနီးက ပင်မ ကုမ္ပဏီကို စစ်ဆေးဖို့အတွက် ရောက်လာလိမ့်မယ်။ အကုန်လုံး ကိုယ့်ပုံရိပ်နဲ့ အရည်အချင်းကို ဂရုစိုက်ကြပါ။ မပျင်းမရိနဲ့ အလုပ်ကို အာရုံစိုက်ပေးကြပါ။ သခင်မလေးရှေ့မှာ ဟိုပြေးဒီပြေး လုပ်ပြီး သူမကို လန့်အောင် မလုပ်ပါနဲ့။ စည်းကမ်းမလိုက်နာတဲ့ လူတွေကတော့ ချက်ချင်း ပစ္စည်းသိမ်းပြီး အိမ်ပြန်ရမယ်။ ဌာန အကြီးအကဲတွေကလည်း တစ်ချက်လောက် ဂရုစိုက်ပြီး ကိုယ့်ဝန်ထမ်းတွေကို ထိန်းပေးထားကြပါ။ သခင်မလေးကို ဝေးဝေးကနေ ကြည့်လို့ ရပေမဲ့ အနားဝောာ့ ကပ်လို့ မရဘူး။ သေချာ မှတ်ထားပါ ၊ အဝေးကနေ ကြည့်လို့ ရပေမဲ့ အနားဝောာ့ ကပ်လို့ မရပါဘူး။

ယုကျစ်ယန် သတိပေးချက် ပို့ပြီးသွားသည်နှင့် ကုမ္ပဏီ Group Chat တစ်ခုလုံး ချက်ချင်းပဲ ပွက်လောရိုက်သွားသည်။

ဌာန ခေါင်းဆောင် သုံး ၊ လေးယောက်က သူတို့ရဲ့ ဝန်ထမ်းတွေအား သခင်မလေးအပေါ် အမှားမကျူးလွန်မိအောင် သေချာ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြာပြာသလဲ ပြောကြသည်။

တခြား ဝန်ထမ်းတွေကလည်း သူတို့ရဲ့ သစ္စာတရားကို အလျင်အမြန် ဖော်ပြလျက် သခင်မလေး ရောက်လာရင် သူမဆီ ပြေးသွားပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ နာခံမှုရှိစွာ ငြိမ်ငြိမ်လေး နေပါမည်ဟု ပြောခဲ့သည်။

အနည်းငယ် စိတ်လှုပ်ရှားနေသော လူ တချို့ကလည်း မေးခွန်းထုတ်ခဲ့ကြသည်။

နည်းပညာဌာနရဲ့ အစ်ကိုကြီး : အိုး ၊ ငါက သခင်မလေးရဲ့ အမာခံ ပရိသတ်လေ။ သခင်မလေးက ကုမ္ပဏီကို လာတာ ရှားတယ်။ ငါ လူလစ်တဲ့ အချိန်ကို အသုံးချပြီး သခင်မလေးနဲ့ ဓာတ်ပုံတွဲရိုက်လို့ ရလား။ [ ရှက်ရွံ့နေသော ဓာတ်ပုံလေးဖြင့် ]

သူ ထိုစကားကို ပြောလိုက်ဝောာ့ ကုမ္ပဏီ တစ်ခုလုံးက သူ့ကို ဝိုင်းပြီး အပြစ်တင်ကြသည်။

စီမံကိန်းဌာနရဲ့ အစ်မကြီး : မလုပ်သင့်တဲ့ လုပ်ရပ်ပဲ။ နင် ဘာတွေ ပြောနေတာလဲ။ လူလစ်တဲ့ အချိန်မှာ သခင်မလေးနဲ့ နင် ဓာတ်ပုံတွဲရိုက်မယ်လို့ ဘယ်လိုတောင် တွေးရဲရတာလဲ။

နည်းပညာဌာနရဲ့ အစ်ကိုကြီး : [ ထိတ်လန့်နေသော ဓာတ်ပုံလေးဖြင့် ] လခွမ်း။ ငါက သခင်မလေးနဲ့ ဓာတ်ပုံလေး တစ်ပုံလောက် တွဲရိုက်ချင်ရုံပါပဲဟ။ ငါ့ကို ရန်မလုပ်ကြပါနဲ့။

ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ဒိုးနတ် ချိုချိုလေး : ဘယ်သူကရော နင့်ကို ရန်လုပ်ချင်နေလို့လဲ။ နင်ပဲ လူလစ်တဲ့ အချိန်ကို ချောင်းပြီး သခင်မလေးနဲ့ ဓာတ်ပုံ တွဲရိုက်မယ်လို့ ပြောခဲ့တာလေ။ နင် သခင်မလေးကို ဉာဏ်များဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် အကုန်လုံးကို သစ္စာဖောက် အမြတ်ထုတ်ပြီး သခင်မလေးကို နင်နဲ့ ဓာတ်ပုံတွဲရိုက်ပေးဖို့‌ တောင်းဆိုမလို့လား။ နင့်ရည်ရွယ်ချက်က ဘာဖြစ်ဖြစ် နင်က မကောင်းတဲ့ ကောင်ပဲ။

နည်းပညာ ဌာနရဲ့ အစ်ကိုကြီး : “ ??? ” သူက လူလစ်တဲ့ အချိန်လေးမှာ သူ့ဘော့စ်ရဲ့ ဇနီးနဲ့ ဓာတ်ပုံ တစ်ပုံလောက် ရိုက်ပြီး သူ့မိသားစုနဲ့ ဆွေမျိုးတွေကို ပြချင်ရုံလေးပါ။ တစ်နှစ်မှာ တစ်ခါလောက်ပဲ တွေ့ရတဲ့ နယ်ဝေးက သူ့ဝမ်းကွဲတွေကိုလည်း ကြွားချင်သည်။ သူတို့က သူ့ရည်ရွယ်ချက်ကို ဘာလို့ နားလည်မှုလွဲသွားကြတာလဲ။

ကိုယ့်စိတ်ကိုယ် ထိန်းချုပ်စွမ်း အားမကောင်းသော ညီငယ်လေးသည် စကား တစ်ခွန်းမှ မပြောလျှင် အဆင်ပြေသော်လည်း တစ်ခွန်းလောက် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူများစွာအပေါ် အမှားကျူးလွန်မိကာ ဘုံရန်သူ တစ်ယောက် ဖြစ်သွားခဲ့လေသည်။

အိမ်သာသွားနေသော ယုကျစ်ယန်က ပြန်ထွက်လာတော့မှ Group Chat ထဲမှာ လူ တစ်ယောက်ကို ဝိုင်းဝန်းရှုံ့ချနေသော မက်ဆေ့ခ်ျတွေကို မြင်တော့ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။

ယုက ငါး တစ်ကောင် မဟုတ်ဘူး : မင်း ဓာတ်ပုံတော့ ရိုက်လို့ ရပါတယ် ၊ ဒါပေမဲ့ သူမရှေ့ကနေ ရိုက်လို့တော့ မရဘူး။ သခင်မလေးကို မင်းနဲ့ ဓာတ်ပုံတွဲရိုက်ပေးဖို့လည်း တောင်းဆိုလို့ မရဘူး။ ဝေးဝေးကနေပဲ ဓာတ်ပုံရိုက်လို့ ရမယ်။ သေချာ မှတ်ထားပါ ၊ ဝေးဝေးကနေပဲ ဓာတ်ပုံရိုက်လို့ ရတယ်။ ”

******

All Chapters