← Chapters

အခန်း ၆၀၂

Vol. 41 Ch. 602

အခန်း ၆၀၂

Vol. 41 Ch. 602

အခန်း ( ၆၀၂ ) ပွက်လောရိုက်နေသော ဝန်ထမ်းများ။

သူတို့သခင်လေးရဲ့ သဝန်တိုတတ်သော စိတ်ကြောင့် တကယ်လို့ ယုကျစ်ယန်သာ လူတွေ အများကြီးကို သူ့ဇနီးနှင့် ဓာတ်ပုံတွဲရိုက်ခွင့်ပြုလိုက်လျှင် သူတို့ရဲ့ ဘဝလေးတွေ အဆုံးသတ်သွားပါလိမ့်မည်။

ကံကောင်းစွာဖြင့် ဒီလူတွေကလည်း အခြေအနေကို နားလည်သည်။ ဘော့စ်ရဲ့ ဇနီးက သူတို့ကုမ္ပဏီရဲ့ ရတနာ တစ်ပါး ဖြစ်ပြီး လူများစွာက သူတို့ရဲ့ ဝန်ထမ်းဘဝ အကျိုးအမြတ်တွေအတွက် သူမကို မှီခိုနေကြတယ် ဆိုတာ သူတို့ နားလည်သည်။

သူတို့ လက်လွတ်စပယ် ပြုမူပြီး သူမကို ကြောက်လန့်အောင် လုပ်လိုက်လျှင် ကုမ္ပဏီထဲကနေ သူတို့ မောင်းထုတ်ခံရတာကလည်း ပြဿနာ အသေးအဖွဲလေးသာ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အလုပ်ထုတ်ခံရတာထက် သူတို့ရဲ့ ဆံပင်တွေ ပါးပြီး ထိပ်ပြောင်လာတဲ့ ပြဿနာကို ဖြေရှင်းလို့ မရတော့တာက သူတို့အတွက် တကယ့်ကို ပိုဝမ်းနည်းစရာကောင်းလိမ့်မည်။

အစတုန်းက ဘော့စ်ရဲ့ ဇနီးလေးနှင့် ဓာတ်ပုံတွဲမရိုက်နိုင်မှာကို စိတ်ပျက်နေခဲ့ကြသော လူများသည် ထိုအတွေးကို တွေးမိသွားတော့ သူတို့ရဲ့ စိတ်ပျက်မှုတွေကို ခေါင်းထဲကနေ ခါထုတ်ပစ်လိုက်၏။ သူတို့က သခင်မလေးအကြောင်းကို Group Chat ထဲမှာ စတင် ကြွားဝါပြောဆိုခဲ့ကြသည်။

အစပိုင်းမှာ လူတိုင်းက သူတို့စိတ်ကို ထိန်းချုပ်ထားကြပေမဲ့ ထိုထိန်းချုပ်မှုက ကြာကြာ မခံလိုက်။ ရုံးချုပ် အဆောက်အအုံရှေ့တွင် နေ့လယ်စာ ထမင်းဘူးလေးကို ကိုင်ထားသည့် စုယန်ယန် ရောက်လာသည်နှင့် သူတို့ရဲ့ ထိန်းချုပ်မှုတွေ အကုန်လုံး ပြိုလဲသွားသည်။

ဧည့်ကြိုစားပွဲက ရှောင်းမိန် : ဌာနတွေ အကုန်လုံး နားထောင်ကြ ၊ ဌာနတွေ အကုန်လုံး နားထောင်ကြ။ သခင်မလေး ရောက်လာပြီ ၊ သခင်မလေး ဒီကို ရောက်လာပြီ ၊ နောက်ဆုံးဝောာ့ သခင်မလေး ရောက်လာပြီ။ အရေးကြီးတဲ့ ကိစ္စတွေဆို သုံးခါ ပြောရမယ်တဲ့။ အကုန်လုံး သေသေချာချာ လိုက်မှတ်ထားကြ။

သူမက ဟောက်ချန်ဟွမ်းကို ယုကျစ်ယန် သတင်းပို့ပြီးပြီလား ဆိုတာ ကြည့်ရန်အတွက် ကုမ္ပဏီ Group Chat ထဲ ဝင်လိုက်သည်။ “ ??? ”

ကုမ္ပဏီ တစ်ခုလုံး ပွက်လောရိုက်နေပုံက မသိလျှင် သူတို့ ကုမ္ပဏီကို အနုကြမ်းစီးဖို့ ဓားပြ တစ်ယောက် ရောက်လာတဲ့အတိုင်း။

ဧည့်ကြိုစားပွဲက အစ်မကြီး : “ သခင်မလေးက ဒီနေ့ အဝါဖျော့ရောင် ဂါဝန်လေးကို ဝတ်ထားပြီး နေ့လယ်စာ ထမင်းဘူးကို ကိုင်ထားတယ်။ သူမက အရမ်းကို ချစ်စရာကောင်းတယ်။ ”

ဟောက်ချန်ဟွမ်း : “ … ” နင် ဘာလို့ ငါ့မိန်းမကို အဲ့လောက် အသေးစိတ် လိုက်ကြည့်နေတာလဲ။ ငါ့ကုမ္ပဏီရဲ့ ဧည့်ကြိုစားပွဲမှာ ဝန်ထမ်းတွေ အဲ့‌လောက်တောင် အားယားနေတာလား။

သူတို့အလုပ်ရှင်ဆီမှာ ပစ်မှတ်ထားခံနေရတာကို လုံးဝ မသိသော ဧည့်ကြိုဝန်ထမ်းတွေကတော့ ဘာကြောင့်မှန်းမသိ ကျောချမ်းသလို ခံစားချက်ဖြင့် ကြက်သီးစိမ့်ဖြာသွားလေသည်။

ထိုမက်ဆေ့ခ်ျ နှစ်စောင်က ဆီပူအိုးထဲကို ကျသွားတဲ့ ရေ တစ်စက်လိုပါပဲ။ ချက်ချင်း ဆိုသလိုပဲ Group Chat ထဲမှာ ရှိနေကြသော လူတိုင်းသည် စိတ်အားထက်သန်စွာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ဧည့်ကြိုစားပွဲရှိ မိန်းကလေးအား အခြေအနေကို အမြန်ဆုံး ကြိုတင် အစီရင်ခံဖို့ ပြောလိုက်ကြသည်။

ကံမကောင်းစွာဖြင့် ဧည့်ကြိုစားပွဲမှာ ရှိတဲ့ ဝန်ထမ်းတွေကဝောာ့ ဘော့စ်ရဲ့ ဇနီးလေးကို သူတို့ရဲ့ မျက်လုံးဖြင့် ကိုယ်တိုင် တွေ့လိုက်ရ၍ အပျော်လွန်ကာ အရာ အားလုံးကို မေ့သွားခဲ့သည်။ ဒီလို အချိန်မှာ သူတို့က တခြား လူတွေကို ဘယ်လိုလုပ် သတိတရ သတင်းပေးနိုင်မှာတဲ့လဲ။

ငါးမိနစ်အကြာ နောက်ဆုံးမှာဝောာ့ ပျောက်ဆုံးသွားသော ဧည့်ကြိုဝန်ထမ်း မိန်းကလေး နှစ်ယောက် ပြန်ပေါ်လာကြသည်။

ဧည့်ကြိုစားပွဲက အစ်မကြီး : အား အား အား အား ၊ သခင်မလေးက အရမ်း လှပြီး အရမ်းကို ယဉ်ကျေးသိမ်မွေ့တယ်။ အနီးကပ် ကြည့်မှ သူမရဲ့ အသားအရေကလည်း လှလိုက်တာ ဆိုတာ။ သူမမှာ ချွေးပေါက်ကလေး တစ်ပေါက်တောင် မရှိဘူး။

ပြည်သူ့ဆက်ဆံရေးဌာနက အားကိုးလောက်တဲ့ ဝန်ထမ်းလေး : သခင်မလေးက အခုမှ အသက် နှစ်ဆယ် အစောပိုင်းကာလထဲမှာပဲ ရှိသေးတာလေ။ သူမ အသားအရေ လှတာ သဘာဝပဲ မဟုတ်ဘူးလား။

နည်းပညာဌာနက ပန်းကလေး : နေ့တိုင်း အိုဗာတိုင်ဆင်းရပြီး အိပ်ရာဝင်နောက်ကျလို့ အသားအရေ မလှတဲ့ ၊ အသက် နှစ်ဆယ် အစောပိုင်းကာလထဲမှာပဲ ရှိသေးတဲ့ ကောင်မလေး တစ်ယောက်ကတော့ အစော်ကားခံရသလို ခံစားလိုက်ရတယ် ဆိုတာကို သူ့စကားနဲ့သူ ထုတ်ပြောနေပြီ။

လုံခြုံရေးဌာနက အစ်ကိုကြီး : အမ်။ မင်း ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ရှောင်းမိန် ဘယ်မှာလဲ။

ဧည့်ကြိုစားပွဲက အစ်မကြီး : အခုလေးတင် သခင်မလေးက ရှောင်းမိန် နဲ့ လက်ဆွဲ နှုတ်ဆက်သွားတာလေ ၊ ရှောင်းမိန် ကို အိုဗာတိုင်ဆင်းရတာ ပင်ပန်းမှာပဲနော်လို့တောင် ချိုချိုသာသာလေး ပြောသွားသေးတယ်။ ရှောင်းမိန် တစ်ယောက်တည်း ဧည့်ကြိုစားပွဲမှာ အရူးလို ရယ်နေတာ တော်တော် ကြာပြီ။ ဒီတစ်ပတ်လုံး လက်မဆေးတော့ဘူးလို့လည်း ပြောနေသေးရဲ့။

ပြည်သူ့ဆက်ဆံရေးဌာနက အစ်မကြီး : သေစမ်း။ ဧည့်ကြိုစားပွဲမှာ အလုပ် လုပ်ရတဲ့ ဝန်ထမ်းတွေက ဒီလောက် ကောင်းတဲ့ အကျိုးအမြတ်တွေကို ရနေတာလား။ [ လက်ညိုးထိုးနေသော အီမိုဂျီလေးဖြင့် ] ငါလည်း သခင်မလေးနဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်။

နည်းပညာဌာနက အစ်ကိုကြီး : တကယ်လို့ ငါသာ ဘော့စ်ရဲ့ ဇနီးနဲ့ လက်ဆွဲ နှုတ်ဆက်ရမယ် ဆိုရင် တစ်လလောက် လက်မဆေးတော့မှာ သေချာတယ်။ [ ရူး‌သလို ပေါသလို မျက်နှာလေး လုပ်နေသော အီမိုဂျီဖြင့် ]

ဧည့်ကြိုစားပွဲက အစ်မကြီး : နင် သေချင်နေတာလား။ သခင်မလေးကို နင်က ရာရာစစ စိတ်ကူးယဉ်ရဲတယ်ပေါ့လေ။ ဘော့စ်ဆီမှာ အပြစ်ပေးခံရမှာ မကြောက်ဘူးလား။

နည်းပညာဌာနက ပန်းကလေး : ဟုတ်တယ်။ သခင်မလေးက လက်ဆဲ နှုတ်ဆက်မယ် ဆိုရင်တောင် ငါတို့လို့ မိန်းကလေးတွေနဲ့ပဲ လက်ဆွဲ နှုတ်ဆက်မှာပေါ့။ နင်တို့လို အနံ့အသက်မကောင်းတဲ့ ယောက်ျားလေးတွေက ဘေးဖယ်နေသင့်တယ်။

ပြည်သူ့ဆက်ဆံရေးဌာနရဲ့ အားကိုးလောက်တဲ့ ဝန်ထမ်းလေး : ဘာလို့လဲ။ ဒါက ယောက်ျား ၊ မိန်းမ ခွဲခြားဆက်ဆံတာနော်။

အတွင်းရေးမှုူးဌာန ခေါင်းဆောင် : ဘာလို့လဲ ဆိုတော့ သခင်မလေးက ဘော့စ်ရဲ့ ဇနီး ဖြစ်နေလို့ပဲ။ နင့်မှာ အရည်အချင်းရှိရင် သခင်မလေးနဲ့ လက်ဆွဲနှုတ်ဆက်ချင်လို့ပါ ဆိုပြီး ဘော့စ်ကို သွားပြောလေ။ မနက်ဖြန် နေထွက်တာကို နင် မြင်နိုင်ပါ့မလား ဆိုတာ ကြည့်ကြတာပေါ့။

အမျိုးသား ဝန်ထမ်းများ : “ … ”

တခြား လူတွေ စကားပြောနေတုန်း အခွင့်အရေးကို မိမိရရ အသုံးချပြီး Group Chat ထဲ ချောင်းကြည့်လိုက်သော ယုကျစ်ယန် : “ … ” ဒီလူတွေကို သခင်မလေးနား အကပ်မခံဖို့ သခင်လေး သေသေချာချာ မှာထားတာ အံ့ဩစရာ မရှိပါ။ သူတို့ကိုသာ စိတ်ရှိတိုင်း လုပ်ခွင့်ပေးလိုက်လျှင် သခင်မလေးဆီ ပြေးသွားပြီး ဝိုင်းအမဲဖျက်ကြပါလိမ့်မည်။

******

All Chapters