← Chapters

အခန်း ၆၀၆

Vol. 41 Ch. 606

အခန်း ၆၀၆

Vol. 41 Ch. 606

အခန်း ( ၆၀၆ ) စကားကို ကြည့်ကြပ် ပြောကြစမ်း။

ညလယ်ခေါင်ကြီး အိုဗာတိုင်ဆင်းနေရသော အလုပ်ကြိုးစားသည့် ဌာနခေါင်းဆောင် သုံး ၊ လေးယောက်သည် အလုပ်မှာ နှိပ်စက်ခံနေရရုံတင် မကဘဲ သူတို့ဘော့စ် အတင်း ကျွေးတဲ့ ခွေးစာတွေကိုပါ စားလိုက်ရလေသည်။

ဟောက်ချန်ဟွမ်းရဲ့ ရုံးခန်းထဲမှ ထွက်လာချိန်မှာ သူတို့မျက်နှာတွေဟာ ဖြူဖျော့နေသည်။

သို့သော်လည်း ဟောက်ချန်ဟွမ်းရဲ့ လက်အောက်မှာ ဒီအချိန်ထိ အလုပ် လုပ်လာပြီး ဌာနခေါင်းဆာင်တွေပါ ဖြစ်လာခဲ့သေးတာမို့ သူတို့က အခြေခံအားဖြင့် အသက်ပြင်းသော လူများပင်။

ထိုလူစုသည် အလွန် အချိန်ခဏလေးအတွင်းမှာပင် အားအင်ပြည့်ဝ တက်ကြွလာခဲ့ကြသည်။ သူတို့က ကုမ္ပဏီ Group Chat ထဲ ဝင်ကာ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်း စတင် ဖောက်သည်ချပါတော့သည်။

စီမံကန်းဌာနက ခေါင်းဆောင် : ငါ အခုလေးတင် ဘော့စ်ရဲ့ ရုံးခန်းထဲက ထွက်လာတာ ၊ ဟီးဟီးဟီး …

ဧည့်ကြိုစားပွဲက ရှောင်းမိန် : ရှင် ဘာလို့ အဲ့ဒီလို မရိုးသားတဲ့ ရုပ်ကြီးနဲ့ ပြုံးနေတာလဲ။ ကျွန်မကို အမှန်အတိုင်း ပြောပြပါ ၊ ရှင် ဘော့စ်ရဲ့ ဇနီးကို သူ့ရုံးခန်းထဲမှာ မြင်ခဲ့တာလား။

ပြည်သူ့ဆက်ဆံရေးဌာန ခေါင်းဆောင် : ငါတို့လည်း မြင်ချင်တာပေါ့ ၊ ဒါပေမဲ့ ဘော့စ်က အရမ်း တင်းကျပ်လွန်းတယ်။ သူက ငါတို့ကို သခင်မလေးရဲ့ ဆံပင်ကိုဝောာင် မြင်ခွင့်မပေးဘူး။

ဥပဒေဌာန ခေါင်းဆောင် : မင်းစကားက အပြည့်အဝဝောာ့ မမှန်ပါဘူး။ ငါတို့ သခင်မလေးရဲ့ ဆံပင်ကို မြင်ခွင့်မရပေမဲ့ သခင်မလေးရဲ့ လက် သွယ်သွယ်လေးတွေကိုတော့ မြင်ခဲ့တယ်လေ။

နည်းပညာဌာန ခေါင်းဆောင် : အား ၊ မင်း အခု ပြောတော့မှ ငါ မှောင်လာသလို ခံစားရတယ်။ သတိထားနော် ၊ ဘော့စ်က မင်းကို သူကိုယ်တိုင် ဆင်းပြီး လာရှာနေဦးမယ်။

ဥပ‌ဒေဌာန ခေါင်းဆောင် : လခွမ်း ၊ မင်း ငါ့ကို ကျိန်စာမတိုက်ဘဲ နေလို့ မရဘူးလား။ ဘော့စ်က အခုအချိန် သခင်မလေးနားမှာ နေရင်းနဲ့ အလုပ်ရှုပ်နေမှာ။ ငါ့ကို အာရုံစိုက်ဖို့ အချိန်မရှိဘူး။

အတွင်းရေးမှူးဌာနက အစ်မကြီး : ရှင်တို့ ကြိုးစားကြည့်လို့ ရပါတယ်။ [ အပြုံးလေးဖြင့် ]

ဧည့်ကြိုစားပွဲက အစ်မကြီး : ပေါက်ကရတွေဟယ် ၊ အဲ့တော့ နင်တို့တွေ ဘော့စ်ရဲ့ ရုံးခန်းထဲမှာ ဘာကို မြင်ခဲ့တာလဲ။

ပြည်သူ့ဆက်ဆံရေးဌာန ခေါင်းဆောင် : ခွေးစာတွေ အများကြီး မြင်ခဲ့တယ်။

ဥပဒေဌာန ခေါင်းဆောင် : ငါနဲ့ မသက်ဆိုင်တဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို ငါ မြင်ခဲ့တယ်။

နည်းပညာဌာန ခေါင်းဆောင် : ငါကတော့ အားကျ မနာလိုစရာကောင်းတဲ့ မြင်ကွင်းလေးကို မြင်ခဲ့တယ်။

အတွင်းရေးမှူးဌာနက အစ်မကြီး : ငါကဝောာ့ သရဲပူးခံထားရတဲ့ ဘော့စ်ကို မြင်ခဲ့တယ်။

ယုကျစ်ယန်သည် ရုံးကို ပြန်လာပြီးနောက် နောက်ထပ် အာဟာရဖြည့်စွက်စာ ဖျော်ရည် ဘူးကြီး တစ်ဘူးကို တဂွပ်ဂွပ် မော့သောက်နေခဲ့သည်။ ထို့နောက် ပေါက်ကရတွေ လျှောက်ပြောထားသော စကားများဖြည့် ပြည့်နှက်နေသည့် ဖုန်းမျက်နှာပြင်ကို ကြည့်ကာ သူ ဆက်လက် သည်းမခံနိုင်တော့ပေ။

ယုက ငါး တစ်ကောင် မဟုတ်ဘူး : စကားကို ကြည့်ကြပ် ပြောကြစမ်း။

အကုန်လုံး စက္ကန့် အနည်းငယ်လောက် ငြိမ်ကျသွားပြီးသောအခါ နောက်ဆုံးတော့ ထိုလူစုသည် အရေးကြီးသော ကိစ္စတွေအကြောင်း စတင် ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့ဆက်ဆံရေးဌာန ခေါင်းဆောင် : ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် ငါတို့ သူ့ရုံးခန်းထဲကို ဝင်ပြီး,ပြီးချင်းမှာပဲ ဘော့စ်က ငါတို့ကို စကားတိုးတိုး ပြောခိုင်းတယ်။

နည်းပညာဌာန ခေါင်းဆောင် : အစတုန်းကတော့ ငါတို့လည်း မသိဘူး။ ဘော့စ် စိတ်မကြည်ဘူးလို့ ထင်လို့ လေသံလျှော့ပြီး အလုပ်အစီရင်ခံစာကို တိုးတိုးလေး တင်ပြနေခဲ့ကြတာ။ ငါတို့ စည်းကမ်းမလိုက်နာရင် အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေခဲ့ကြတာလေ။

ဥပဒေဌာန ခေါင်းဆောင် : သခင်မလေးက ဘော့စ်ရဲ့ ရုံးခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပျော်နေတယ် ဆိုတာကို ခဏကြာဝောာ့မှ ငါတို့ သိသွားကြတာ။ သူမကို စောင်လေးထဲမှာ တင်းတင်းကျပ်ကျပ် ပတ်ထားတာများ သူမရဲ့ ဆံပင်ကိုတောင် ငါတို့ မမြင်ရဘူး။

အတွင်းရေးမှူးဌာနက အစ်မကြီး : တကယ်လို့ သခင်မလေးသာ ရုတ်တရက် အိပ်ရာနိုးမလာရင် ဆိုဖာပေါ်မှာ တစ်ယောက်ယောက် ရှိနေမှန်း ငါတို့ သိခဲ့မှာ မဟုတ်ဘူး။ အိုး ၊ ဟုတ်တာပေါ့။ သခင်မလေးက အိပ်ရာနိုးလာတော့ နည်းနည်းလေး အိမ်မှုန်စုံမွှား ဖြစ်နေတဲ့ ပုံလေးနဲ့ ဆိုဖာနောက်ဘက်ကို လက်နဲ့ လိုက်စမ်းနေတာ။ ဘော့စ်က သူမကို မြင်တော့ တအား စိုးရိမ်သွားပြီး ငါတို့ အကုန်လုံးကို နောက်မှာ ချန်ခဲ့တယ် ၊ သခင်မလေးဆီ ချက်ချင်း ပြေးသွားပြီးတော့ သခင်မလေးရဲ့ လက်ကို စောင်ထဲ ပြန်ထည့်လိုက်တာ။ ငါ လိမ်ပြောနေတာ မဟုတ်ဘူးနော် ၊ သူ သခင်မလေးရဲ့ လက်ကို စောင်ထဲ တကယ် ပြန်ထည့်လိုက်တာ။ ငါတို့ရဲ့ ဘော့စ် အဲ့လောက် သည်းသည်းလှုပ်နေတာကို နင်တို့ အရင်တုန်းက မြင်ဖူးကြလား။ ငါကဝောာ့ မမြင်ဖူးဘူး။

လူတိုင်းသည် တစ်ဖက်ရှိ အတွင်းရေးမှူးမလေးဟာ သူတို့ကို မျက်လုံးလှိမ့်ပြနေမှန်း ဖုန်းမျက်နှာမှ တစ်ဆင့် အာရုံခံနိုင်ကြသည်။ ဒါပေမဲ့ သူတို့ အဲ့အကြောင်း သေချာ စဉ်းစားကြည့်တော့မှ သူတို့ရော ဘာလို့ သခင်မလေးကို အရမ်း အူတိုနေရတာလဲ။

HR ဌာန ခေါင်းဆောင် : ဘော့စ်က သခင်မလေးရဲ့ လက်ကို စောင်အောက်မှာ ဝှက်ထားလိုက်ရုံတင် မဟုတ်ဘူး။ သူမကို ပြန်အိပ်ဖို့ နူးနူးညံ့ညံ့လေး ချော့မော့ ပြောနေတာလည်း ငါးမိနစ်လောက် ကြာလိုက်သေးတယ်။ ဘော့စ်ရဲ့ အသံက နူးညံ့‌လွန်းလို့ သူ သရဲဝင်ပူးခံနေရတာလားလို့တောင် ငါ ထင်လိုက်သေးတယ်။

ပြည်သူ့ဆက်ဆံရေးဌာန ခေါင်းဆောင် : ငါလည်း အဲ့လို ထင်သွားတာ။

နည်းပညာဌာန ခေါင်းဆောင် : ငါလည်း အဲ့လို ထင်သွားတာ။ +၁

ဥပဒေဌာန ခေါင်းဆောင် : ငါလည်း အဲ့လို ထင်သွားတာ။ +၂

အတွင်းရေးမှူးဌာနက အစ်မကြီး : ငါလည်း အဲ့လို ထင်သွားတာ။ +၁၀၀၈၆

HR ဌာန ခေါင်းဆောင်ရဲ့ စကားကို မရေမတွက်နိုင်သော လုပ်ဖော်ကိုင်ဖက်တွေကလည်း ထောက်ခံကြသည်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ တုံ့ပြန်စကားက Group Chat တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့လေသည်။

******

All Chapters