← Chapters

အခန်း ၆၀၈

Vol. 41 Ch. 608

အခန်း ၆၀၈

Vol. 41 Ch. 608

အခန်း ( ၆၀၈ ) ရှင်က ကျွန်မကို ဂရုစိုက်ပေးမှာတဲ့လား။

“ နင်က တကယ့်ကို အကြင်နာတရား မရှိဘူး။ “ စုယန်ယန်က ခြံဝန်းထောင့်ရှိ သွမ်းသွမ်း ပုန်းနေကျ တွင်းထဲကနေ သွမ်းသွမ်းကို ဆွဲထုတ်နေသော ရိုလီပိုလီကို ရပ်ကြည့်နေမိသည်။ သွမ်းသွမ်းက မြက်ခြောက်တွေ ၊ သစ်ရွက်ခြောက်တွေအောက်မှာ ပုန်းနေတာ ဖြစ်သည်။ သူမ မတင်းမာလွန်းသော လေသံဖြင့် အချိုသတ်ပြီး ဆူပူလိုက်၏။ “ အဘိုးက နင့်ကိုဆို သိပ်ချစ်တာ။ အရင်တုန်းက နင် အိမ်မှာ နေတုန်းက သူက နင့်ကို နေ့တိုင်း လမ်းလျှောက်ထွက်ဖို့ ခေါ်သွားပေးတယ်။ အခု နင်က မိန်းမလည်း ရသွားပြီ ဆိုရော သူ့ကို စွန့်ပစ်လိုက်တော့မယ်ပေါ့လေ။ ”

သွမ်းသွမ်းက ရိုလီပိုလီကို သူ့ခြေတံတိုလေးတွေနှင့် တွန်းကန်ရင်း တဝုတ်ဝုတ် ဟောင်နေသည်။ သူ့ပုံစံက စုယန်ယန်ရဲ့ ဖြေရှင်းချက်ကို နားထောင်ချင်ပုံမရ။

စုယန်ယန်သည် တစ်ချိန်တည်းမှာ ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ နင့်ကိုယ်နင်လည်း ပြန်ကြည့်ပါဦး။ ငါတို့ ဒီကို ဘယ်ဝောာ့မှ ပြန်မလာတော့မှာကျနေတာပဲ။ နင် ဘာလို့ အဲ့လောက် ဆိုးနေတာလဲ။ နင်က ငါ့ကို နင်တို့ နှစ်‌ယောက်ရဲ့ ချစ်ခြင်းကို ခွဲမယ့် အမေဆိုးကြီးနဲ့ တူအောင် လုပ်နေတာ။ ”

“ ဝုတ် ဝုတ် ဝုတ် … ” သူမရဲ့ စကားကို ကြားတော့ ခွေးလေးက ပိုလို့တောင် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သည်။

သွမ်းသွမ်းကို ရိုလီပိုလီ ဆုပ်ကိုင်ထားသော လက်က ချော်ထွက်သွားကာ သွမ်းသွမ်းသည် သူ့လက်ထဲမှ ရုန်းထွက်သွားလေသည်။ သွမ်းသွမ်းက သူ့ခြေတံတိုလေးတွေနှင့် ရိုလီပိုလီကို တွန်းကန်ကာ အိမ်ထဲ ဝင်ပြေးသွားသည်။

ရိုလီပိုလီက သူ့နောက်ကို အမြန် ပြေးလိုက်သွား၏။ ဟောက်ချန်ဟွမ်းက စိတ်မရှည်တော့ပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သွမ်းသွမ်းကို ဖမ်းဖို့ ရိုလီပိုလီနောက်ကို သူပါ လိုက်သွားလိုက်သည်။

စုယန်ယန်က သူမပါ လိုက်ဝင်သွားချင်သော်လည်း ဦးလေးကျန်းက သူမကို တားသည်။

“ ဦးလေးကျန်း။ ” စုယန်ယန်က ဦးလေးကျန်းကို နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

“ ဒီလလယ် မတိုင်ခင်မှာ သခင်လေးရဲ့ မွေးနေ့ ရှိတယ်နော် သခင်မလေး။ ”

စုယန်ယန် အံ့ဩသွားသည်။ ဟောက်ချန်ဟွမ်းရဲ့ မွေးနေ့က ဟောက်မိသားစုထဲမှာ တားမြစ်ထားသော အရာ ဖြစ်သည်။ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေဟာ သူ့မွေးနေ့ပွဲကို ကျင်းပပေးဖို့ အလောတကြီး ပြန်လာချိန်မှာပဲ တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြတာပင်။

ဟောက်ချန်ဟွမ်းအား ထိုစိတ်ဒဏ်ရာထဲမှ လွတ်မြောက်အောင် သူမကို ကူညီပေးစေချင်၍ ဦးလေးကျန်း ဒီလို ပြောတယ် ဆိုတာ စုယန်ယန် နားလည်သည်။ စိတ်ဒဏ်ရာကို ထိပ်တိုက် မရင်ဆိုင်ဘဲ အဝေးကို ရှောင်ပြေးနေခြင်းက သူ့စိတ်ဒဏ်ရာကို ပိုဆိုးစေရုံသာ ရှိလိမ့်မည်။

စိတ်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားသော်လည်း အပြင်ပန်းမှာသာ အနာကျက်သွားပုံပေါ်ကာ အတွင်းထဲမှာတော့ တ‌မြေ့မြေ့ လှိုက်စားနေဆဲ။ ဒဏ်ရာ နက်လေ ၊ နာကျင်မှုကလည်း ပြင်းထန်လေပါပဲ။

“ အစတုန်းက သခင်လေးနဲ့ သခင်မလေးတို့တွေ လအလယ်လောက်မှာ မွေးနေ့ဧည့်ခံပွဲ ကျင်းပပြီး အချိန်ကောင်းလေးတွေကို အတူတူ ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ထင်ထားတာ ၊ ဒါပေမဲ့ အခု ကြည့်ရတာတော့ … “

ဦးလေးကျန်းက ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ ခရီးသွားမည့်အကြောင်း ကြားချိန်မှာ ဝမ်းလည်း ဝမ်းသာ ၊ စိုးလည်း စိုးရိမ်မိပါသည်။

နောက်ဆုံးမှာ ဟောက်ချန်ဟွမ်းက စုယန်ယန် ပျော်ရွှင်စေရန် အလို့ငှာ သူမနှင့် ခရီး အတူ သွားချင်စိတ် ရှိတာကို သူ ဝမ်းသာသော်လည်း တားမြစ်ထားသော နေ့က သူတို့ ခဲရာခဲဆစ် တည်ဆောက်ထားရသော ငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်မှာကိုတော့ စိုးရိမ်သည်။

စုယန်ယန်က ဦးလေးကျန်း ဘာကို စိုးရိမ်နေမှန်း သိသည်။ “ မစိုးရိမ်ပါနဲ့။ သူ့ရဲ့ ဒီနှစ် မွေးနေ့ပွဲကို အလှပဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး ဖြစ်အောင် ကျွန်မ ကူပြီး စီစဉ်လိုက်ပါ့မယ်။ သူ့စိုးရိမ်မှုတွေကို သူ မေ့နိုင်သွားတဲ့အထိ နှစ်တိုင်း သူ့ကို ပျော်ရွှင်အောင် ထားမယ်။ ”

“ ဒါဆို ကျွန်တော် သခင်မလေးကိုပဲ အားကိုးလိုက်တော့မယ်နော်။ “ ဦးလေးကျန်းရဲ့ မျက်လုံးတွေက လက်ဖြာတောက်ပသွားကာ စုယန်ယန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ထိုအဖြစ်အပျက်ကို ထွက်ပြေးသွားသော ခွေးလေးနှင့်အတူ ပြန်ရောက်လာတဲ့ ဟောက်ချန်ဟွမ်းက မြင်သွားသည်။ ကားထဲကို ရောက်တော့မှ သူ သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ “ ခုနတုန်းက ဦးလေးကျန်း မင်းကို ဘာပြောနေတာလဲ။ ”

စုယန်ယန်က သူ့မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ ထိုအစား ခွေးလေးရဲ့ ခေါင်းကို ပုတ်လိုက်သည်။ “ ထွက်ပြေးဦးမှာလား ၊ ထွက်ပြေးဦးမှာလား။ ”

ခွေးလေးသည် ဒီတစ်ခေါက်တော့ သူ ထွက်ပြေးလို့ မရတော့မှန်း နားလည်တာကြောင့် အလွန် ကြောက်ရွံ့သွားကာ နည်းနည်းလေးတောင် မလှုပ်ဝောာ့ဘဲ ဟောက်ချန်ဟွမ်းရဲ့ ပေါင်ပေါ်မှာ ငြိမ်နေလေသည်။

စုယန်ယန်က သူ့ကို ဆက်ပြီး မစတော့ဘဲ ဟောက်ချန်ဟွမ်းကို ပြုံးပြလိုက်သည်။ “ တစ်ယောက်သော သူက အိမ်ထဲကနေ အိမ်ပြင် မထွက်တာ နှစ်ချီနေပြီ ဆိုတော့ ဦးလေးက သူ့ကလေးလေး အပြင်မှာ အဆင်မပြေမှာကို စိုးရိမ်နေတာလေ။ အဲ့ဒါကြောင့် သူ့ကလေးလေးကို ဂရုစိုက်ပေးဖို့ ကျွန်မကို တောင်းဆိုနေတာ။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ကိုယ့်စကားကိုယ် ကျေနပ်အားရနေသော ပုံစံလေးကို ကြည့်ကာ နှုတ်ခမ်း တစ်ဖက်ကို တွန့်ချိုး၍ ပြုံးလိုကါမိသည်။ “ မင်းက ကိုယ့်ကို ဂရုစိုက်ပေးရမှာလား ၊ ကိုယ်က မင်းကို ဂရုစိုက်ပေးရမှာလား ဆိုတာရော မင်း သေချာရဲ့လား။ ”

“ ရှင်က ကျွန်မကို ဂရုစိုက်ပေးမှာတဲ့လား။ ” စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ “ ရှင် ဟင်းချက်တတ်လား။ ”

“ မချက်တတ်ဘူး။ ”

“ ပန်းကန် ဘယ်လို ဆေးရမလဲ ဆိုတာရော သိလား။ ”

“ မသိဘူး။ ”

“ ကိုယ့်အခန်းကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာရော သိလား။ ”

“ နိုး။ ”

စုယန်ယန်က အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “ ဒါဆို ရှင် ဘာလို့ ကျွန်မကို ဂရုစိုက်ပေးမယ်လို့ ပြောတာလဲ။ ”

******

All Chapters