အခန်း ၆၀၉
Vol. 41 Ch. 609
အခန်း ( ၆၀၉ ) ကလေးအင်္ကျီ သေးသေးလေးများ။
ဟောက်ချန်ဟွမ်း ဆွံ့အသွားသည်။ သို့သော် သူ့ကို ပြောသွားတဲ့ ကိစ္စတွေကို စုယန်ယန်ကိုယ်တိုင်လည်း မလုပ်တတ်ကြောင်း သူ သတိရသွားချိန်မှာဝောာ့ နှစ်ယောက်လုံး C မြို့တော်ကို သွားမယ့် လေယာဉ်ပေါ် ရောက်နေပါပြီ။
A မြို့တော်မှ C မြို့တော်သို့ လေယာဉ်ဖြင့် တစ်နာရီခွဲသာ သွားရသည်။ စုယန်ယန်က တစ်ရေးလောက် ခဏ အိပ်ပျော်သွားပြီး ပြန်နိုးလာဝောာ့ C မြို့တော်ကို ရောက်နေပြီ ဖြစ်သည်။
သူမတို့ကို ချန်ကျွင်းဟောက်က လာကြိုသည်။ အသစ်စက်စက် ကလေးအဖေ ဖြစ်တော့မည့် ချန်ကျွင်းဟောက်သည် ကျန်းမာဖျတ်လတ်ကာ အသွင်အပြင်ကလည်း ရှိရင်းစွဲ အသက်ထက် ပိုနုပျိုနေသည်။
သို့သော်လည်း မျက်ကွင်းတွေကတော့ ညိုကျနေတာမို့ သူ အခုရက်ပိုင်း ကောင်းကောင်း မအိပ်ရသေးတာ သိသာ၏။
“ နင်တို့ ရောက်လာကြပြီပဲ။ သွားကြမယ်။ နင့်ဒေါ်လေးက နင်တို့ နှစ်ယောက်ကို အိမ်မှာ စောင့်နေတာ။ ” ချန်ကျွင်းဟောက်က သူတို့ နှစ်ယောက်ကို တွေ့သည်နှင့် လေဆိပ်အပြင်ဘက်ကို စိတ်လှုပ်ရှားစွာ ဦးဆောင် ခေါ်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေဆာလျက်။
“ ဒေါ်လေးရော ဒီရက်ပိုင်း နေကောင်းရဲ့လားဟင်။ ကလေးကြောင့် ညဆို အိပ်မပျော်တာတို့ ၊ ခန္ဓာကိုယ် မအီမသာ ဖြစ်တာတို့ ၊ အစား စားမဝင်တာတို့ ရှိလား။ ”
“ ရှိတယ်။ ” ချန်ကျွင်းဟောက်ရဲ့ မျက်နှာက သူ့ဇနီးနှင့် ကလေးအကြောင်း ပြောချိန်မှာ တည်ငြိမ်လေးနက်သွားသည်။ “ အဲ့လူဆိုးကောင်လေးက နေ့တိုင်းကို ပြဿနာရှာနေတာ။ သူ့အမေ ဗိုက်ထဲမှာ ဆက်မနေနိုင်ဝောာ့ဘဲနဲ့ စောစောစီးစီး ထွက်လာချင်လို့များလားလို့ ငါတို့ အားလုံး စိုးရိမ်နေကြတာလေ။ ”
“ ဒေါ်လေး မွေးဖို့ နှစ်ပတ် ၊ သုံးပတ်တော့ လိုသေးတယ် မဟုတ်လား။ ”
“ အင်း ၊ ဒါပေမဲ့ အဖေနဲ့ ငါနဲ့က နင့်ဒေါ်လေးရဲ့ ကျန်းမာရေးကို စိုးရိမ်နေတာ။ ဘာပဲပြောပြော နင့်ဒေါ်လေးက အသက်လည်း မငယ်ဝောာ့ဘူး။ အဲ့ဒါကြောင့် ငါတို့က သူမကို နှစ်ပတ်အတွင်း ဆေးရုံတက်စေချင်နေတာ။ တကယ်လို့ စောစော မွေးရင်တောင် ဆရာဝန်တွေရဲ့ လက်ထဲမှာ ဆိုရင် အစစ အရာရာ စိတ်ချရတယ်။ ”
ချန်ကျွင်းဟောက်သည် ကလေးအဖေ ဖြစ်ရတော့မှာကို ပျော်ပေမဲ့ သူ့ဇနီးရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်ပါသည်။ အခုတလော သူ ညဆို အိပ်နေရင်း ရုတ်တရက် နိုး,နိုးလာတတ်သည်။ သူ့ဇနီး အကူအညီ တစ်ခုခု လိုအပ်နေချိန်မှာ သူက အိပ်ပျော်နေပြီး ဘာမှ မသိလိုက်မှာကို ကြောက်သည်။
သူ့စိုးရိမ်မှုတွေကို သိသော စုယန်ယန်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “ ဒေါ်လေးက မငယ်တော့ပေမဲ့ အမြဲတမ်း ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်း သူမကိုယ်သူမ ဂရုစိုက်ထားတယ် ဆိုရင် အဆင်ပြေမှာပါ။ ”
“ ငါ အဲ့လို ကြားရလို့ စိတ်အေးသွားပြီ။ ” ချန်ကျွင်းဟောက်က ပြုံးရုံသာ ပြုံးပြီး ဘာမှ ဆက်မပြောဝောာ့။
သူတို့ နှစ်ယောက်ကို ချန်အိမ်တော်သို့ ချန်ကျွင်းဟောက် ခေါ်သွားချိန်မှာ အချိန်က နေ့လယ် ရောက်တော့မည် ဖြစ်သည်။ ချန်အိမ်တော်က ရှေးခေတ် တရုတ်နန်းတွင်းကားတွေထဲမှာ မြင်နေကျ ရိုးရာ ခြံဝင်းအိမ်ကလေးနှင့် ဆင်တူသည်။ စုမိသားစုနှင့် ဟောက်မိသားစုရဲ့ ဗီလာတွေလောက် မခမ်းနားသော်လည်း ရှေးဆန်သော ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။
ချင်ရွယ်ရူကို ချန်ကျွင်းဟောက် ဖုန်းလှမ်းဆက်ချိန်မှာ သူမက ခန်းမကြီးထဲတွင် ကြိုစောင့်နေပါပြီ။
အပြင်ဘက်က စကားသံတွေကို ကြားဝောာ့ သူမက ချက်ချင်းပဲ နေရာမှ ထကာ အပြင်ထွက်လာခဲ့သည်။
ကိုယ်ဝန် ကိုးလ ရှိနေပြီမို့ သူမရဲ့ ဗိုက်က မို့ဖောင်းလုံးဝန်းကာ မနည်း လမ်းလျှောက်နေရ၏။
စုယန်ယန်နှင့် ကျန်လူတွေက သူမကို မြင်သည်နှင့် ချက်ချင်း ပြေးသွားခဲ့ကြသည်။
“ ဖြည်းဖြည်း ၊ ဖြည်းဖြည်း။ ” စုယန်ယန်က ချင်ရွယ်ရူဆီ ခပ်သွက်သွက်လေး ပြေးသွားပြီး သူမကို ထိန်းကိုင်ပေးလိုက်သည်။ “ ဒေါ်လေးရဲ့ ဗိုက်က ဒီလောက် ထွက်နေတာကို ဘာလို့ ပြေးလာတာလဲ။ ”
“ ငါ နင်တို့အသံတွေကို ကြားဝောာ့ အရမ်း ပျော်သွားပြီး နင်တို့ကို မြင်ချင်လို့။ ” ချင်ရွယ်ရူက ဟောက်ချန်ဟွမ်းကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။ “ ချန်ဟွမ်းလည်း ပါလာတာပါပဲ။ ဘာမှ စိတ်ထဲ မကြောင့်ကြနဲ့နော်။ ကိုယ့်အိမ်ကိုယ်ရာလို သဘောထားပြီး လွတ်လွတ်လပ်လပ်သာ နေ။ ”
ဟောက်ချန်ဟွမ်းက ခေါင်းညိတ်ပြပြီး သူ့လက်ဂေ့ဂ်ျနှင့် ဟောက်ချန်ဟွမ်းရဲ့ လက်ဂေ့ဂ်ျကို အိမ်အကူတွေထံ ပြောင်းပေးလိုက်သည်။ သွမ်းသွမ်းကို ထည့်ထားသော လှောင်အိမ် သေးသေးလေးကိုသာ သူ သယ်ထားသည်။
ထို့နောက် ချင်ရွယ်ရူက သူတို့နောက်မှာ ချထားတဲ့ စက္ကူပုံးကြီးတွေကို ကြည့်ကာ မျက်လုံးပြူးသွားသည်။ “ နင်တို့ ဘာတွေ ယူလာတာလဲ။ စက္ကူပုံးတွေ များလိုက်တာ။ ”
“ သမီးနဲ့ ချန်ဟွမ်းရဲ့ အဝတ်အစားတွေက စက္ကူပုံး နှစ်ပုံး ၊ ကျန်တာတွေကဝောာ့ သမီးရဲ့ အမေ ဝယ်ထည့်ပေးလိုက်တာတွေ။ ကလေးဒိုက်ပါတွေ ပါတယ် ၊ နို့မှုန့်နဲ့ ကလေးအင်္ကျီ သေးသေးလေးတွေလည်း ပါတယ်။ တခြား ဘာတွေ ကျန်သေးလဲ မသိပေမဲ့ အမေ ထည့်ပေးလိုက်တာတွေကတော့ အများကြီးပဲ။ ”
“ ခွီး … ” ချင်ရွယ်ရူက ထိုစကားကို ကြားဝောာ့ အံ့ဩကြောင်အသွားပြီးမှ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိပါသည်။ “ အဲ့ပစ္စည်းတွေ အကုန်လုံး ငါတို့မှာ ရှိပြီးသားပါ။ ငါတို့အတွက်နဲ့ အဲ့လောက် ပစ္စည်းတွေ အများကြီးကို ဟိုးအဝေးကြီးကနေ တကူးတက ဒုက္ခခံပြီး ယူလာရတယ်လို့ကွယ်။ ပြီးတော့ ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာလည်း မသေချာသေးဘူး။ ဘာလို့ အခုကတည်းက ကလေးအင်္ကျီတွေ ကြိုဝယ်နေတာလဲ။ ”
******