← Chapters

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း ( ၆၁၀ ) ငါး တစ်ကောင်ကြောင့် ဖြစ်တဲ့ ပြဿနာ။

စုယန်ယန်လည်း ပြုံးလိုက်သည်။ “ သမီးရဲ့ အမေကတော့ မွေးကင်းစ ကလေးလေးတွေ ဆိုတာ အကုန်လုံး တစ်ပုံစံတည်းပဲတဲ့။ ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာကို အပေါ်ယံ ကြည့်ရုံနဲ့ ခွဲလို့ မရတော့ ယောက်ျားလေးအင်္ကျီ ၊ မိန်းကလေးအင်္ကျီရယ်လို့ ခွဲနေစရာလည်း မလိုပါဘူးတဲ့။ သမီးရဲ့ အစ်ကို ငယ်ငယ်တုန်းကဆို အမေက သူ ဝတ်ဖို့ ဂါဝန်လေး တစ်ထည်တောင် ဝယ်ပေးခဲ့သေးတယ်။ ”

အတိတ်ဆိုးကို ပြန်လည် တူးဖော်ခံလိုက်ရသော အစ်ကိုစုန့် : “ … ” နင် အဲ့လို ရှက်စရာကောင်းတဲ့ အကြောင်းတွေ မပြောဘဲ နေလို့ မရဘူးလား။ ငါ မျက်နှာဝောာင် ဘယ်ထားရမှန်း မသိတော့ဘူး။

ချင်ရွယ်ရူက စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ ဂါဝန် ဝတ်ထားတဲ့ စုယွီရွှမ်းရဲ့ ပုံစံကို စိတ်ကူးထဲမှာ ကြိုးစားပုံဖော်ကြည့်ရင်း နောက်တစ်ခေါက် ရယ်ချင်သွားပြန်သည်။

“ ဟုတ်ပါပြီ ၊ ငါ ခဏနေ သူတို့ကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောလိုက်မယ်။ ”

“ ဟုတ် ဟုတ်။ ” စုယန်ယန်က ချင်ရွယ်ရူကို ခန်းမထဲသို့ တွဲခေါ်လာပြီးနောက် ခန်းမထဲကို ဝေ့ဝဲကြည့်ကာ မေးလိုက်၏။ “ အဘိုးရော ဘယ်မှာလဲဟင်။ အဘိုးကို မတွေ့ပါလား။ ”

“ သူ အိမ်အနောက်ဘက် ဥယျာဉ်ထဲမှာ ငါးမျှားနေတယ်။ သူ့သူငယ်ချင်း အဘိုးကြီးတွေနဲ့ ဥယျာဉ်ထဲမှာ ငြင်းခုံနေကြတာကို ငါ အခုလေးတင် ကြားထားတာ။ အနီးအနားမှာ ရှိတဲ့ အိမ်အကူတွေ ပြောတာတော့ သူတို့တွေ ငြင်းခုံရင်းနဲ့ ရန်တောင် ဖြစ်တော့မလိုပဲတဲ့။ ”

“ ရန်ဖြစ်တော့မလိုပဲ … ” ဟောက်ချန်ဟွမ်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သခင်ကြီးချန် တစ်ယောက်ယောက်နှင့် ငြင်းခုံနေတာကို အံ့အားသင့်တာတော့ မဟုတ် ၊ ဥယျာဉ်ထဲမှာ တစ်စုံတစ်ယောက်နှင့် ငြင်းခုံရင်း ရန်ဖြစ်တော့မလို ဖြစ်နေတာကိုဝောာင် သူ့မိသားစုက စိတ်အေးလက်အေး ပြုံးနေသေးတာကြောင့် ဖြစ်သည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စိတ်ကို ဖတ်မိသကဲ့သို့ ရယ်ချင်စိတ်ကို ထိန်းမရဝောာ့ပေ။ “ ဥယျာဉ်ထဲမှာ ငါးဖမ်းဖို့ အဘိုး ဖိတ်ခေါ်ထားတဲ့ လူတွေက များသောအားဖြင့် ဒီနားတစ်ဝိုက်မှာ နေတဲ့ လူကြီးတွေချည်းပါပဲ။ ကျွန်မ အဘိုးနဲ့ သူတို့နဲ့ ခင်လာတာ နှစ်တွေ ဆယ်ချီနေပြီ။ သူတို့ စကားများကြ ငြင်းခုံကြတာ ပုံမှန်ပါပဲ ၊ ပြီးတော့ တကယ်လည်း ရန်ဖြစ်ကြမှာ မဟုတ်ပါဘူး။ ”

စုယန်ယန်က ချင်ရွယ်ရူဘက် လှည့်ပြီး မေးလိုက်သည်။ “ သူတို့ ဒီနေ့ ဘာလို့ စကားများကြပြန်တာလဲ။ ”

ချင်ရွယ်ရူက စုယန်ယန်ကို လှည့်ကြည့်ကာ သူမအနားသို့ တစ်လက်မလောက် တိုးကပ်သွားလိုက်သည်။ “ သူတို့တွေ တစ်မနက်လုံး ငါးမျှားနေခဲ့ကြတာလေ။ ကျန်တဲ့ လူတွေ အကုန်လုံးက ငါး တစ်ကောင် ၊ နှစ်ကောင် ဖမ်းမိပေမဲ့ သခင်ကြီးကဝောာ့ အခုထိ တစ်ကောင်မှ မဖမ်းမိဘူး။ ”

အခြေအနေကို စုယန်ယန် ချက်ချင်း နားလည်သွားသည်။ သခင်ကြီးချန်ရဲ့ သူငယ်ချင်း အဘိုးကြီးတွေထဲမှာ သခင်ကြီးချန်နှင့် ခင်မင်သိကျွမ်းလာတာလည်း အကြာဆုံး ဖြစ်ပြီး သခင်ကြီးချန်နှင့် စကားများရတာကိုလည်း သဘောကျတဲ့ အဘိုးလီ ဆိုတာ ရှိသည်။ ပုံမှန်အားဖြင့် သူက တစ်ခုခုဆို သခင်ကြီးချန်နှင့် ငြင်းခုံလေ့ရှိသည်။

သခင်ကြီးချန်က တစ်မနက်လုံး ငါးလေး တစ်ကောင်တောင် မဖမ်းမိခဲ့သဖြင့် ထိုအဘိုးကြီးက သူမရဲ့ အဘိုးကို လှောင်ပြောင်နေတာ ဖြစ်ရမည်။

သူမရဲ့ အဘိုးကလည်း အစကတည်းက ဒေါသထွက်လွယ်တော့ ဒီကိစ္စကြောင့် စပြီး စကားများကြတာလား။

သူမတို့ နှစ်ယောက် စကားပြောနေရင်း နောက်ဖေးဥယျာဉ်ထဲမှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ “ မလိုဘူးကွ။ ငါ ဒီမှာ ထမင်းငတ်နေလို့လား။ မင်း ဖမ်းထားတဲ့ လက်မလောက် အရွယ် ငါး သေးသေးလေးကို ငါက ဂရုစိုက်စရာ လိုမှာတဲ့လား။ ”

“ မင်း အဲ့လိုတော့ ပြောလို့ မရဘူးလေ အဘိုးချန်ရာ။ မင်းပဲ ပြောဝောာ့ မင်းရဲ့ အဖိုးတန် မြေးမလေးက ဒီမနက် ပြန်လာမှာမို့လို့ သူမရဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် ငါး အကြီးကြီး တစ်ကောင် ဖမ်းပေးချင်တယ်ဆို။ မင်း ဒီတစ်မနက်လုံး ငါး တစ်ကောင်မှ မဖမ်းမိလို့ ငါက ငါ ဖမ်းမိထားတဲ့ ငါးတွေထဲက တစ်ကောင်ကို ခွဲပေးချင်တာလေ။ ကျေးဇူးသိတတ်စမ်းပါကွာ။ ”

“ တော်စမ်းပါ။ မင်း ဘယ်လို လူမျိုးလဲ ဆိုတာ ငါ မသိဘူးများ ထင်နေလား။ အဲ့ဒီ ငါး သေးသေးလေး နှစ်ကောင်နဲ့ ငါးစွပ်ပြုတ် တစ်ခွက် ချက်လို့တောင် မရဘူး။ မင်း ဘာပြောပြော ငါ ဂရုမစိုက်ဘူး။ ”

နောက် တစ်မိနစ် ၊ နှစ်မိနစ်လောက် ကြာတော့ သခင်ကြီးချန်သည် လက်ထဲမှာ ငါးမျှားတံကို ကိုင်ထားလျက် နောက်ဖေး ဉယျာဉ်ထဲကနေ ခြေလှမ်းကျဲတွေဖြင့် ဒေါသတကြီး ထွက်လာခဲ့သည်။

ခန်းမထဲမှာ ရပ်နေသော စုယန်ယန်နှင့် တခြား လူတွေကို မြင်ချိန်မှာ သခင်ကြီးရဲ့ မျက်နှာ အမူအရာက အေးခဲသွားလေသည်။ သူ အဟမ်း အဟမ်းဟု လည်ချောင်းရှင်းပြီး မေးလိုက်၏။ “ ဘယ် … ဘယ်တုန်းက နင်တို့ ရောက်တာလဲ။ ”

“ သမီး အခုလေးပဲ ရောက်တာပါ။ ” စုယန်ယန်က ခပ်သွက်သွက် ပြန်ဖြေကာ ပြုံးစိစိ မျက်နှာလေး ဖြစ်သွားသည်။ “ အဘိုး ငါးသွားမျှားနေပြန်တာလား။ ”

သခင်ကြီးချန်က သူ့ကိုယ်သူတောင် သတိမထားမိဘဲ လက်ထဲက ငါးမျှာတံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ရှက်ရွံ့သလို ပုံစံ ဖြစ်သွားသည်။ “ နင်တို့တွေ ပြန်လာတာ ရှားတယ် ဆိုဝောာ့ ပြန်လာတုန်းလေး ငါးဟင်း ချက်ကျွေးရအောင်လို့ ဥယျာဉ်ထဲက ရေကန်ဘေးမှာ ငါးသွားမျှားတာလေ။ အဘိုး ဒီနေ့ ကံမကောင်းမှန်း ဘယ်သူ သိမှာလဲ။ ”

သခင်ကြီးချန်က ခဏ စကားရပ်လိုက်သည်။ တကယ်ဝောာ့ သူ ဒီနေ့ ကံမကောင်းတာ မဟုတ်ဘဲ သူ့ရေကန်ထဲက ငါးတွေကို သူ့သူငယ်ချင်း အဘိုးကြီးတွေက တစ်ကောင်မကျန် မျှားသွားကြလို့ သူ့ရဲ့ အဖိုးတန် မြေးမလေးကို ငါးဟင်း ချက်ကျွေးလို့ မရတာပဲလို့ ခံစားလိုက်ရသည်။

ထိုအကြောင်းကို တွေးမိသည်နှင့် သူ နောင်တရသွားမိသည်။ ဒီလို ဖြစ်မယ်မှန်းသာ သိလျှင် သူ တစ်ယောက်တည်း ငါးမျှားခဲ့ပါသည်။ အဲ့လို ဆိုလျှင် ရေပုံး တစ်ပုံးလုံး ပြည့်လျှံသွားတဲ့အထိ သူ ငါးမျှားလို့ ရနိုင်သည်။

******

All Chapters